Use of Child Soldier

ကလေးစစ်သားဆိုသည်ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း (Child Soldier) (က) နိုင်ငံတကာ ဥပဒေအရ ကလေးစစ်သားတဦးအဖြစ် သတ်မှတ်သည့် အင်္ဂါရပ်များကား အဘယ် နည်း။ ကလေးစစ်သား အဖြစ်သတ်မှတ်၍ လူ့အခွင့်အရေးချိုးဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန် အ တွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် (၃) ခု ထင်ရှားကြောင်း ဖော်ပြရပါမည်။ – တပ်သားသစ်စုဆောင်းခြင်း၊ သို့မဟုတ် စစ်တပ်အတွင်း ပါဝင်ဆောင်ရွက်ခြင်း – အသက် ၁၈ နှစ်အောက် အရွယ်ကလေးများဖြစ်နေခြင်း – လက်နက်ကိုင်တပ်ဖွဲ့များအတွင်း၊ လက်နက်ကိုင် အုပ်စုတခုအတွင်း သို့မဟုတ် စစ်ပွဲများအတွင်းသို့ ပါဝင်စေခြင်းတို့ ဖြစ်သည်။