မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ပွားနေသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီဖြစ်သည်။ ထို့အပြင် တိုင်းပြည်၏ အချုပ်အခြာအာဏာအားလည်း စစ်တပ်မှ အတင်းအဓမ္မသိမ်းယူခဲ့သည်မှာ ၃ ကြိမ် ရှိပြီဖြစ်ပြီး စစ်အာဏာရှင်စနစ်အောက်သို့ နှစ်ပေါင်းများစွာ ကျရောက်ခဲ့သည်မှာ ယခုအချိန်ထိ တိုင်ပင်ဖြစ်သည်။

ပြည်တွင်းစစ် တလျှောက်လုံးနှင့် ယခု နောက်ဆုံး ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလတွင် စစ်အာဏာ သိမ်း ခဲ့ချိန်အထိ စစ်တပ်နှင့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကြား ဖြစ်ပွား သည့် တိုက်ပွဲများတွင် စစ်တပ်မှ ဒေသခံ တိုင်းရင်းသား ပြည်သူများအပေါ် နှစ်ပေါင်းများစွာ လူ့ အ ခွင့်အရေး ကျူးလွန်ချိုးဖောက်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ချိုးဖောက် မှု အချို့ရှိသည်ဆိုသည့် သတင်းများလည်း တွေ့ရသည်။ သို့သော်လည်း ယနေ့တိုင်အောင် စစ်တပ် မှ ကျူးလွန်ချိုးဖောက်သူများအား အပြစ်ပေးအရေးယူခြင်းမရှိပဲ စနစ်တကျ ဆက်လက် ကျူးလွန် လျှက်ရှိသည်။

ထို့အတူ နိုင်ငံရေးအရ သဘောထားကွဲလွဲသူများ၊ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကန့်ကွက် သူ များအပေါ်လည်း မတရားဖမ်းဆီး အကျဥ်းချခြင်းများ ခေတ်အဆက်ဆက် ရှိခဲ့သည်။

ပြည်တွင်းစစ်တလျှောက်လုံး စစ်တပ်၏ တိုင်းရင်းသား ပြည်သူများအပေါ် ကျူးလွန်ခဲ့မှုများနှင့် နိုင် ငံရေးအရ သဘောထားကွဲသူများ အပေါ် အပြင်းအထန် နှိပ်ကွပ်မှုများကို မှတ်တမ်းတင်၍ စစ်မှန် သည့် အသွင်ကူးပြောင်းရေး ဖြစ်ပေါ်လာသည့်အခါ အတိတ်မှ ကျူးလွန်ခဲ့မှုများအား အသွင်ကူး ပြောင်းရေးကာလဆိုင်ရာ တရားမျှမှု ယန္တရားများဖြင့် ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်သည်။

ထို့ကြောင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ အရပ်ဖက်အဖွဲ့ အစည်း များအနေဖြင့် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ တရားမျှတမှု သင်တန်းများတွင် အသုံးပြုနိုင်ရန် အတွက် သင်တန်း သင်ရိုးညွှန်းတမ်းများပြုစုထုတ်ပြန်လိုက်ပါသည်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတန်း (UDHR) ၇၅ နှစ်ပြည့်နေ့ ဖြစ်သည်။ သို့သော် လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ တိုင်းပြည်အချုပ်အခြာအာဏာကို အတင်းအဓမ္မလုယူခဲ့ ပြီးနောက် ယခင်ကတည်း က ဆိုးရွားနေသည့် လူ့အခွင့်အရေးအခြေအနေသည် ပို၍ စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်ရှိလာသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတန်း အပိုဒ် (၃) မှ (၇) အထိသည် လူသားတိုင်း အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နှင့် အသက်မွေးဝမ်းကျောင်းပိုင်ခွင့်၊ ကျွန်ပြုခြင်း မရှိစေရန်၊

ညှဥ်းပန်းနှိပ်စက်ခြင်း မခံရစေရန်၊ ဥပဒေရှေ့မှောက်တွင် ညီတူညီမျှ ခံစား၊ ကာကွယ်ပိုင်ခွင့်များကို ဖော်ပြ ထားသည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လူ့အခွင့် အရေး ချိုးဖောက်မှုများသည် အထက်ပါ ကြေငြာစာတန်းပါ အချက်များကို ပြင်းပြင်းထန်ထန် ချိုးဖောက် ဖြစ်ပေါ်နေသည်ကို တွေ့ရှိရ သည်။

ထို့အပြင် လက်နက်ကိုင် ပဋိပက္ခအတွင်း လိုက်နာကျင့်သုံးရမည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (IHL) ပါ အခြေခံမူများကိုလည်း ချိုးဖောက်နေသည်ကို တွေ့ရသည်။

IHL မှာ စစ်ပွဲကာလအတွင်း လူသားဆန်မှု၊ ကာကွယ်စောင့်ရှောက် ပေးရမည့်သူများကို ကာကွယ်စောင့်ရှောင်ရန်နှင့် လက်နက်ကိုင် ပဋိပက္ခနှင့် မသက်ဆိုင်သည့် အရပ်သားနှင့် အရပ်သား ဆိုင်ရာ ပစ်မှတ်များ ကို တိုက်ခိုက်ခြင်းမပြုရန် ဖော်ပြထားသည်။ သို့သော်လည်း စစ်အာဏာရှင်တို့သည်

စစ်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားများနှင့် အရပ်သားဆိုင်ရာ ပစ်မှတ်များကို ခွဲခြားခြင်းမရှိပဲ ပစ်ခတ်တိုက်ခိုက် သည့်အပြင် အရပ်သားများအား စစ်တပ်၏ စားနပ်ရိက္ခာ၊ လက်နက်ပစ္စည်းများ အတင်းအကြပ် သယ်ဆောင်ပေးရခြင်း၊ လမ်းပြရခြင်းနှင့် လူသားဒိုင်းအဖြစ် အသုံးချနေခြင်း သည် IHL ၏ အခြေခံမူများကိုလည်း ချိုးဖောက်ရာ ရောက်သဖြင့် စစ်ရာဇတ်မှုများ ကျူးလွန်ခြင်းလည်း ဖြစ်နိုင်သည်။

မြန်မာနိုင်ငံအတွင်းရှိ အရပ်သားပြည်သူများအပေါ် စစ်အာဏာရှင်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု များကို Spring Archive က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလကတည်းက ဆိုရှယ်မီဒီယာများမှ တဆင့် စောင့်ကြည့် လေ့လာ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သည်။ ရရှိလာသော အချက်အလက်များထဲမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ မှ နိုဝင်ဘာလအတွင်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးရာ ဒေသတလျှောက်ရှိ အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ လူသားဒိုင်း များကို နှိပ်စက်သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့သည်များကို စုစည်းကာ ခွဲခြမ်းစိတ်ဖြာ ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်ကို ပိတ်ပင်တား မြစ်ခြင်း (Obstruction of Freedom of Expression Assembly)

(က) နိုင်ငံတကာ ဥပဒေအရ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်ကို ပိတ်ပင်တား မြစ်ခြင်းကို မည်သည့် အင်္ဂါရပ်များဖြင့် သတ်မှတ်ထားသနည်း။          လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် လွတ်လပ်စွာစုဝေးခွင့်ကို ပိတ်ပင်တားမြစ်ခြင်းကို လူ့အခွင့်အရေးချိုး ဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန် အတွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် (၃) ရပ် ထင်ရှားကြောင်း သက်သေတင်ပြရပါမည်။

၁။ လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် လွတ်လပ်စွာ စုဝေးခွင့်ကို ကြားဝင်နှောင့်ယှက်ခြင်း

၂။ တရားမဝင် ဆောင်ရွက်မှု

၃။ အစိုးရ၏ ဆောင်ရွက်မှု တို့ ဖြစ်သည်။

(ခ) မည်သည့်အချက်များက ကြားဝင် နှောက်ယှက်မှု မြောက်ပါသနည်း။          လွတ်လပ်စွာ ဖော်ပြပြောဆိုခွင့်နှင့် စုဝေးခွင့်အပေါ် ဖိနှိပ်ရန်အလို့ဌာ အစိုးရဌာန၊ အဖွဲ့အစည်းတခုခုက ပြုလုပ်သော မည်သည့် ဆောင်ရွက်မှုမဆို “ကြားဝင်နှောက်ယှက်ခြင်း”အဖြစ် နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေများအရ လူ့အခွင့်အရေးချိုးဖောက်မှု မြောက်စေပါသည်။ “ကြားဝင်နှောက်ယှက်ခြင်း” ၏ပမာဏ အတိုင်းအဆ အနဲအများနှင့် သက်ဆိုင်မှုမရှိပါ။ လွတ်လပ်စွာ ဖော်ပြခွင့်နှင့်စုဝေးခွင့် အခွင့်အရေးများကို တနည်းနည်းဖြင့် အနဲအကျဉ်း အနှောက်အယှက် ဖြစ်စေသည်ဖြစ်စေ၊ လုံးလုံးလျားလျား တင်းကြပ် ကန့်သတ်သည်ဆိုသည့် အတိုင်းအတာဖြစ်စေ ကြားဝင်နှောက်ယှက်ခြင်းမြောက်သည်။ “ကြားဝင် နှောက်ယှက်ခြင်း” ပုံစံသည်လည်း အလားတူ သက်ဆိုင်မှုမရှိပါ။ကန့်သတ်ထားသော ဥပဒေများ၊  ဒီဂရီများ၊ အမိန့်များ၊  တရားရုံးဆုံးဖြတ်ချက်များနှင့်  ရုပ်ဝတ္ထုပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များစသဖြင့် အားလုံးပါဝင်သည်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်ထဲက ကျောက်တိုင်၊ အာမခံ၊ ဇီးဖြူပင်၊ မိဿလင်ကျင်း၊ ကြို့ကုန်း၊ မြိုင်ဇေယျာ၊ ချယားကုန်းနဲ့ ကျောက်စရစ်ကုန်းရွာတွေကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက်မှာ စစ်ကြောင်း၀င်လာတာကြောင့် ဒေသခံ တစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဝန်းသိုဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကောလင်းမြို့ကို ထိန်းချုပ်ထားပြီးနောက် ကောလင်းမြို့နယ်နဲ့ ထိစပ်နေတဲ့ ဝန်းသိုမြို့နယ်ထဲကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

ဝန်းသိုဘက်နေ ထွက်ပြီးတော့မှ ကောလင်းကိုပြန်ပြီးတော့မှ တိုက်ဖို့စီစဉ်ထားတာ

ထွက်ပြေးကြရသူတွေဟာ စစ်ကောင်စီတပ်က လမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ရွာအနီးနားက ယာခင်းတွေထဲမှာပဲ တဲထိုးပြီးနေထိုင်ကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်းသိုဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရှောင်ပြေးစရာ နေရာမရှိဘူးဗျ။ ရှောင်ပြေးလို့ မရဘူး။ ချောင်ပိတ်နေသလိုဖြစ်တာ။ လမ်းပေါက်တွေ၊ ထွက်ပေါက်တွေ ပိတ်နေတာ။ သွားလို့လာလို့ကို မရတာ။ ရွာခံတွေကျတော့ ဘယ်မှာနေကြလဲဆိုတော့ စိုက်ခင်းတွေရှိတယ် မဟုတ်လား။ အဲဒီစိုက်ခင်းတွေထဲမှာ တဲထိုးပြီးနေကြရတာ။ အိမ်တွေ မီးရှို့တာဗျ။ ဝါးတစ်လုံးတောင် ရှာရခက်တဲ့ အခြေအနေမှာ ဒါကို သူတို့က လုပ်ရက်ကြတယ်”

အဲဒီရွာတွေက နေအိမ်တွေပါ မီးရှို့ခံရပေမယ့် ဒေသခံတွေအားလုံး ထွက်ပြေးနေရတာကြောင့် အရေအတွက် အတိအကျကို မသိရသေးဘူးလို့ ဆိုပါတယ်။

တောင်သူတွေအတွက် အရေးပါတဲ့ အခုလိုစပါးရိတ်သိမ်းချိန်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် လယ်ယာလုပ်ငန်းတွေပါ ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်းသိုမြို့ခံတစ်ဦးကတော့ ဒေသခံတွေဟာ ဝန်းသိုမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာမှာကို စိုးရိမ်နေကြရတယ်လို့ RFA ကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီတပ်နဲ့ PDF) အုပ်စုရှိတဲ့ နေရာတွေကြတော့ မနေကြရဲတော့ဘူး။ ဘာလို့တုန်းဆိုတော့ တစ်ခုခုဖြစ်သွားရင်ဆိုတဲ့ အတွေးကရှိတာလေ။ ဒီဘက် (စစ်ကောင်စီတပ်) ကလည်း သူ့ဘာသူချထား (တပ်စွဲ) ထားတယ်။ ဟိုဘက် (PDF) တွေကလည်း သူ့ဟာနဲ့သူချထား (တပ်ချ) တယ်။ အဲလိုဆိုတော့ လူတွေက မနေရဲတော့ဘူး။ နည်းနည်းဝေးတဲ့သူကတော့ သိပ်ပြီး ပြဿနာမရှိဘူးပေါ့။ ဥပဒေ မစိုးမိုးတော့တာပေါ့နော်။ ပြောရမယ်ဆိုရင်။ အခုအချိန်တစ်ခုခုဖြစ်သွားရင် အဖေလည်း ကယ်လို့မရဘူး။ အမေလည်း ကယ်လို့မရဘူး”

ကောလင်းမြို့ကို (NUG) ဘက်က ထိန်းချုပ်ခဲ့ပြီးနောက် ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၁၁၁) နဲ့ ခမရ (၁၂၀) တပ်တွေကနေ ကောလင်းမြို့ထဲကို လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်‌နေတယ်လို့လည်း ဝန်းသိုဒေသခံတွေက ပြောပါတယ်။

လက်ရှိ အင်အားတစ်ရာနီးပါးပါ စစ်‌ကြောင်းဟာ ဝန်းသိုမြို့နယ် ဇီးဖြူပင်ရွာအနီးမှာ တပ်စွဲထားပြီး ကောလင်းဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေသလို စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ ဝန်းသိုမြို့နယ်ရဲ့ စစ်ရေးအခြေအနေသိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ (စစ်ကောင်စီတပ်) က လောလောဆယ် ဇီးဖြူပင်မှာပဲ ထိုင်နေတာလေ။ ဝန်းသိုဘက်နေ ထွက်ပြီးတော့မှ ကောလင်းကိုပြန်ပြီးတော့မှ တိုက်ဖို့စီစဉ်ထားတာ။ အင်အားများများနဲ့ တက်ပစ်တဲ့အခါကျတော့ ကိုယ့်ဘက် (PDF) က ပြန်ကာရတာ။ ဇီးဖြူပင်ကနေကို ပစ်နေတာ ဇီးဖြူပင်နဲ့ ကောလင်းက ဘာမှမဝေးတော့ဘူး။ ကိုယ့်ဘက် (PDF ဘက်) က ကောလင်းဘက်က တော်တော်လေး ကာနိုင်တဲ့အတွက် သူတို့ အရှေ့မတိုးရဲဘူး”

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်သို့ အဝင်လမ်း တစ်နေရာအား တွေ့ရစဉ်။ (Photo: Citizen Journalist)
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်သို့ အဝင်လမ်း တစ်နေရာအား တွေ့ရစဉ်။ (Photo: Citizen Journalist)

ဒီဇင်ဘာ ၉ ရက်မနေ့ညကလည်း ဝန်းသိုမြို့နယ် ကျောက်စရစ်ကုန်းရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဝန်းသိုမြို့နယ်ရဲ့ စစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ The Guys Of Wuntho အမည်နဲ့ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာက ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် နှစ်သန်းကျော်လာပြီ ဖြစ်ပါတယ်။

RFA News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်မှ (၇)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ

ဒီဇင်ဘာ (၁)ရက်မှ (၇)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဒီဇင်ဘာ ၂ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်မှ ပြည်သူ (၁၁)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။ Facebook

တွင် ရခိုင်သတင်းများ မျှဝေသည့် စစ်တွေဒေသခံ ၂ ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီးအမှုဖွင့်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်မှ ပရဟိတသမား ၁ ဦးကိုလည်း စစ်အာဏာရှင်တပ်က ဖမ်းဆီးခဲ့သည်။

စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၅)ဦး သေဆုံးခဲ့ပြီး (၁၈)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၄)ဦး ဒဏ်ရာရရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့ရသည်။ တပတ်အတွင်း စစ်အာဏာရှင်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် (၁၂)ဦး သေဆုံးခဲ့ပြီး ပြည်သူ (၃၂)ဦးကျော် ဖမ်းဆီးခံခဲ့ရသည်။

စစ်ကောင်စီသည် ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး ၂၄ နာရီအတွင်း ထောင်ကျစစ်သားဟောင်း ၁ သောင်းကျော်ကို ထောင်ထဲမှ စစ်တပ်ထဲသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း အကျဉ်းဦးစီးဌာန၏ သတင်းအရင်းအမြစ်များထံမှ သိရသည်။

အကျအဆုံးများပြီး တပ်သားသစ်များလိုနေသည့် ထောင်ကျစစ်သားဟောင်းများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ စစ်တပ်ထဲသို့ ပြန်လည်ခေါ်ယူမည့်အစီအစဉ်ကို ဒီဇင်ဘာ ၇ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီက ယူနီဖောင်းဝတ်၊ သေနတ်ပေးကာ ရှေ့တန်းစခန်းများဆီ ပြန်ပို့မည်ဟု Myanmar Now က နားလည်ထားသည်။

စစ်ကောင်စီတပ်၏ တပ်သားသစ်စုဆောင်းရေးစခန်းတစ်ခု။

ထိုအစီအစဉ်တွင် အကျဉ်းထောင်များထဲမှ တပ်သား၊ ဒုတပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ တပ်ခွဲတပ်ကြပ်ကြီး အဆင့်တို့ ထောင်ထဲမှ စစ်ထဲ ပြန်ဝင်ရမည်ဖြစ်သည်။ အခြားအဆင့် ထောင်ကျအရာရှိများကတော့ အကျဉ်းထောင်များထဲ ဆက်လက်ထိန်းသိမ်းခံရမည်ဖြစ်သည်။

နိုင်ငံအလယ်ပိုင်း မန္တလေးအိုးဘိုထောင်မှ ထောင်ကျစစ်သား ၁၂၅ ဦးနှင့် ထုံးဘိုရဲဘက်စခန်းမှ ၈ ဦးကို ယမန်နေ့က ထောင်ထဲမှ စစ်တပ်ထဲ ပြန်ခေါ်ထုတ်သွားသည်ဟု Myanmar Now က မေးမြန်းခွင့်ရခဲ့သည့် စစ်ကောင်စီအကျဉ်းဦးစီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

အောက်ခြေစစ်သားများကို ထောင်ထဲမှ စစ်တပ်ထဲ ပြန်ပို့နေသည့် စစ်ကောင်စီ၏လုပ်ရပ်ကို အခြားသတင်းဌာနများမှတစ်ဆင့်လည်း အတည်ပြုနိုင်သည်။

မြေလတ်အသံသတင်းဌာနက ပဲခူးတိုင်းအတွင်းရှိ ပြည်ထောင်မှ စစ်သားဟောင်း ၄၀ နှင့် ပေါင်းတည်ထောင်မှ စစ်သားဟောင်း ၁၇ ဦးတို့ကို ယမန်နေ့က စစ်ကောင်စီက လာခေါ်သွားသည်ဟု ရေးသားသည်။ မြေလတ်အသံသည် ပြည်၊ ပေါင်းတည်နှင့် မြေလတ်ဒေသသတင်းများကို အဓိကရေးသားသည့် သတင်းဌာနဖြစ်သည်။

တောင်ငူထောင်မှ အကျဉ်းကျစစ်သား ၆၂ ဦးကို စစ်ကောင်စီတပ်က ယမန့်နေ့က တပ်ထဲ ပြန်ခေါ်ခဲ့သည်ဟု ဒေသခံတော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးထောင်မှ အကျဉ်းကျစစ်သား ၁၆ ဦးကိုလည်း စစ်တပ်က ယမန်နေ့က အလွှတ်ပြပြီး ထောင်ဘူးဝတွင် စောင့်ကာ စစ်တပ်ထဲ ပြန်ခေါ်သွားသည်ဟု Mandalay Free Press သတင်းဌာနက ရေးသားသည်။

အလားတူ ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်ထဲသို့ ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ထောင်ထဲမှ စစ်ပြေး၊ ရဲပြေး အပါအဝင် အကျဉ်းသား ၁၀၀ ကျော်ကို မျက်နှာဖုံးစွပ်ကာ ခေါ်ထုတ်သွားခဲ့သည်ဟု မျက်မြင်များကို ကိုးကားပြီး DVB သတင်းဌာနက ရေးသားသည်။

ရုရှားနည်းလမ်းလိုက်သည့် စစ်ကောင်စီ

နိုင်ငံတကာအသိုင်းအဝိုင်း၏ အပယ်ခံအထီးကျန်စစ်ကောင်စီ၏ ထောင်ကျများကို စစ်တပ်ထဲသို့ပို့သည့်အစီအစဉ်ကို သူ၏မဟာမိတ် ရုရှားတို့ကလည်း ယူကရိန်းစစ်ပွဲတွင် ကျင့်သုံးနေသည်။

စစ်သားရှားပါးလာသည့် ရုရှားတို့သည် ထောင်ကျနေသူများ၊ အငြိမ်းစားစစ်မှုထမ်းများကို စစ်တပ်ထဲ ပြန်ထည့်ကာ ရှေ့တန်းပို့ခဲ့သည်ဟုBBC သတင်းဌာနက ဇွန်လအတွင်းက စုံစမ်းဖော်ထုတ်ရေးသားခဲ့သည်။

အလားတူပင် စစ်ကောင်စီသည် ဒီဇင်ဘာ ၄ ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ကာ စစ်ပြေးများကို တပ်ထဲ ပြန်ဝင်ခွင့်ပေးမည်ဟု ကြေညာသည်။ အငြိမ်းစားစစ်သားများ၊ စစ်ပြေးများက ထိုသို့တောင်းဆိုလာခြင်းဖြစ်ကြောင်း စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ပြောကြားခဲ့သည်။

သို့သော် အာဏာမသိမ်းမီ ၂၀၂၀ ဒီဇင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲတွင် မည်သည့်နိုင်ငံနှင့် တပ်မတော်မှ တပ်ပြေးများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကာ ခွင့်လွှတ်ရိုးထုံးစံမရှိဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပင် ပြောခဲ့ဖူးသည်။

၃ နှစ်အတွင်း စစ်ကောင်စီ၏ မူဝါဒဆန့်ကျင်ဘက်ပြောင်းသွားခြင်းက တပ်သားလိုအပ်ချက် မြင့်မားနေသည်ကို ပြသနေသည်။

၁၉၅၉ စစ်တပ်အက်ဥပဒေအရ စစ်ပြေးမှုနှင့် အားပေးကူညီမှုများကို အရေးယူရန် ပုဒ်မ ၃၇၊ ခွင့်မဲ့ပျက်ကွက်မှုကို အရေးယူရန် ပုဒ်မ ၃၈ စသည်ဖြင့် ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။ စစ်ပြေးမှုကို ထောင်ဒဏ် ၇ နှစ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ စီရင်နိုင်ပြီး၊ စစ်ပြေးမှုကျူးလွန်ရန် အားထုတ်ပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည်။

ထို့ပြင် စစ်ပြေးကို လက်ခံပါက ထောင် ၇ နှစ်နှင့် ၎င်းကိစ္စကို မျက်ကွယ်ပြုပြီး တိုင်ကြားခြင်းမရှိပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်ကြောင်း၊ ပုဒ်မ ၃၈ အရ ခွင့်မဲ့ပျက်ကွက်ပါက ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည်ဟုလည်း ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီသည် တရားဝင်သတင်းထုတ်ပြန်မှုများ မပြုလုပ်ခင်ကတည်းက ထောင်ကျစစ်သားများကို တိုက်ပွဲတချို့တွင် အသုံးပြုခဲ့သည်ဟု စစ်တပ်မှ အငြိမ်းစားယူထားသည့် အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်မှုကို ခံခဲ့ရသည့် လွိုင်ကော်ထောင် (ဓာတ်ပုံ – Myanmar Now)

“လွိုင်ကော်အကျဉ်းထောင် အတိုက်ခံရတဲ့အချိန်မှာ ထောင်ထဲမှာ ထောင်ကျနေတဲ့ အရာရှိဟောင်းကို သေနတ်ပေးပြီး ဝင်တိုက်ခိုင်းတယ်။ အကျဉ်းထောင်ဝန်ထမ်းတွေထက်တော့ အရာရှိဟောင်းက စစ်နည်းဗျူဟာနဲ့ တိုက်ခိုက်ရေးမှာ ပိုကျွမ်းကျင်မှာပေါ့ဗျာ။ ဒီအကြောင်းက တပ်အသိုင်းအဝိုင်းမှာ တော်တော် ပြောစရာဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

ကရင်နီပြည် လွိုင်ကော်အကျဉ်းထောင်ကို ကရင်နီတော်လှန်ရေးတပ်များက နိုဝင်ဘာ ၁၁ ရက်နေ့ကတည်းက သိမ်းပိုက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

Myanmar Now News