ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၁၅)ရက်မှ (၂၁) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဒီဇင်ဘာ (၁၅)ရက်မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ရခိုင်ပြည်နယ် ကျောက်ဖြူတွင် စစ်အာဏာရှင်တပ်က ရေကြောင်းသွားလာခွင့်ကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် နောက်ထပ် ၂လ ထပ်မံပိတ်ပင်ခဲ့သည်။ Facebook တွင် Comment ရေးသား ခဲ့သည် မွန်ပြည်နယ် သထုံမှ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ အမျိုးသမီး တဦးကို စစ်အာဏာရှင်တပ်သားများက ဖမ်းဆီးခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ဦးကျော် သေဆုံးခဲ့ပြီး (၃၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် အသက်မပြည့်သူ (၂)ဦး ဒဏ်ရာရရှိခဲ့ပြီး (၃)ဦး သေဆုံးခဲ့ရသည်။ တပတ်အတွင်း စစ်အာဏာရှင်တပ်က ပြည်သူ (၄၀)ကျော်ကို ဖမ်းဆီးခံခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ရခိုင်ပြည်နယ်မှ ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Infogram
မတ္တရာမှာ ရွာလေးရွာ မီးရှို့ခံရပြီး ဒေသခံတစ်ထောင်ကျော် တိမ်းရှောင်
မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာ၀တီမြစ်ဘေးက ရွာတွေကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ စစ်ကောင်စီတပ်က ကုန်းကြောင်းနဲ့ ရေကြောင်းကနေ ဝင်ရောက်စီးနင်းပြီး ရွာလေးရွာက နေအိမ် သုံးဆယ်ခန့်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒင်္ဂါးကျွန်းရွာက နေအိမ် ၁၉ လုံးအပါအဝင် ဆူးလေကုန်း၊ ရွှေဘောင်နဲ့ ရွှေဘိုးကြီးရွာတွေက စုစုပေါင်း နေအိမ် သုံးဆယ်နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။
ဒီဇင်ဘာလ ၂၁ ရက် ဒီနေ့မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေလို့ မီးရှို့ခံရတဲ့ရွာတွေအပါအဝင် ဘိုကုန်း၊ ကြိမ်တော၊ ဘုရားမကုန်း၊ သဖန်းဒေါင့်၊ ငယ်တိုးနဲ့ သနပ်ကုန်း စတဲ့ရွာတွေက အရပ်သား တစ်ထောင်ကျော် ထပ်မံထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကတော့ မြစ်အတွင်း ရေယာဉ်တွေနဲ့လာတဲ့ စစ်ကြောင်းက ကမ်းပေါ်တက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး သလို ရွာမှာရှိတဲ့ လူအသုံးအဆောင်ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သံခွန်(ရေယာဉ်)တွေနဲ့ တက်လာပြီး ရွှေဘိုးကြီးရွာရဲ့ အနောက်ဘက် မြစ်ဟိုဘက် ကျွန်းပေါ်ကအိမ်တွေကို မီးအရင် စရှို့တယ်။ ရှို့ပြီးတော့ ပစ္စည်းတွေ၊ မီးစက်တွေ တင်တယ်ပေါ့”
စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဉ် မတ္တရာအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု တွေလည်း ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေနဲ့တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေး ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့နဲ့ မိုင် နှစ်ဆယ်နီးပါးသာ ဝေးကွာတဲ့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအကြား ပြီးခဲ့တဲ့ နိုဝင်ဘာလက စလို့ တိုက်ပွဲတွေ ပြင်းထန်လာကြောင်း PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးအရှိန် ပြင်းထန်လာတာနဲ့အမျှ စစ်ကောင်စီတပ်က PDF တွေ ရှိနိုင်တယ်လို့ယူဆတဲ့ ကျေးရွာတွေကို ရဟတ်ယာဉ်နဲ့ရော၊ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်မှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းအရ နိုဝင်ဘာလတစ်လတည်းမှာတင် မတ္တရာမြို့နယ်မှာ ဒေသခံ ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ဒဏ်ရာရသူ သုံးယောက် ရှိခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်နေ့လည်း လက်နက်ကြီးကြောင့် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီးသုံးဦး သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဒီဇင်ဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံမှာ တိုက်ပွဲတွေဖြစ်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၆ သန်းကျော် ရှိလာပြီလို့ ဖော်ပြထားပါတယ်။
အာဏာသိမ်းကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ အရပ်သားနေအိမ် ရှစ်သောင်းနီးပါး (၇၇,၂၇၄ လုံး) မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Data For Myanmar အဖွဲ့က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
RFA Burmese
ကိုးကန့်တပ်ဖွဲ့ အဓမ္မစစ်သားစုဆောင်းမှု ဥပဒေနဲ့မညီကြောင်း HRW ဝေဖန်
ရှမ်းပြည်နယ်တိုက်ပွဲတွေကနေ ထွက်ပြေးလာရတဲ့ အရပ်သားတွေကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က အဓမ္မ စစ်သားစုဆောင်းနေတာဟာ ဥပဒေနဲ့မညီတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ အစီရင်ခံစာထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။
အရပ်သားတွေကို အဓမ္မစစ်သားစုဆောင်းပြီး အန္တရာယ်ဖြစ်စေတဲ့ (MNDAA) ရဲ့ လုပ်ရပ်ဟာ စစ်ဥပဒေကို ချိုးဖောက်နေတာကြောင့် ချက်ချင်းရပ်တန့်ပြီး တတ်နိုင်သလောက် အကာအကွယ်ပေးသင့်တယ်လို့ HRW ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။
အရပ်သားပြည်သူတွေဟာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အဓမ္မ စစ်သားစုဆောင်းခံရ လိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်ကင်းဝေးပြီး တိုက်ပွဲတွေကနေ ဘေးကင်းလုံခြုံရာကို ရှာဖွေခွင့် ရသင့်တယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာစစ်တပ်မှာလည်း အရွယ်ရောက်ပြီးသူတွေကို အဓမ္မ အလုပ်စေခိုင်းတာနဲ့ ကလေးစစ်သား စုဆောင်းခဲ့တဲ့ နောက်ကြောင်းရာဇဝင်တွေ ရှိခဲ့ပေမဲ့ ဒီလိုဥပဒေနဲ့မညီတဲ့ လုပ်ရပ်တွေကို လက်ရှိ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နေရာတွေမှာ အတိအကျ သတင်းအချက်အလက်ရဖို့ ခက်ခဲတယ်လို့လည်း HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA)နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ဟာ ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း တွေကို ပစ်မှတ်ထားထိုးစစ်ဆင်တိုက်ခိုက်မယ့် စစ်ဆင်ရေး (၁၀၂၇) ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက် နေ့မှာ စတင်ခဲ့ပါတယ်။
အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး မြန်မာစစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်က လူဦးရေ တစ်သိန်းနီးပါး အပါအဝင် စုစုပေါင်း လူခြောက်သိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ HRW ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
RFA Burmese
စစ်ရာဇဝတ်မှုနဲ့ စစ်ကောင်စီကို စစ်ဆေးသင့်ကြောင်း AI တိုက်တွန်း
မြန်မာစစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI) က ဒီဇင်ဘာ ၂၁ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းနဲ့ အနောက်ပိုင်းမှာ စစ်ကောင်စီက ဆင့်ကဲပေါက်ကွဲစေတဲ့ Cluster ဗုံးတွေကို လေကြောင်းကကြဲပြီး တရားလက်မဲ့ သတ်ဖြတ်တာ၊ အရပ်သားတွေကိုလည်း ဖမ်းဆီးတာတွေရှိနေတယ်လို့ AI က စွပ်စွဲပြီး ဒါတွေကို စစ်ဆေးဖို့တိုက်တွန်းတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှာ လေကြောင်းကနေ ဒီဇင်ဘာလဆန်းက ညဘက်မှာတိုက်ခိုက်ချိန်တုန်းက နိုင်ငံတကာကတားမြစ်ထားတဲ့ ဆင့်ကဲပေါက်ကွဲဗုံး သုံးနိုင်ဖွယ်ရှိတယ်လို့ AI က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ နမ့်ခမ်းမြို့နယ်မှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တွေက Cluster ဗုံးတွေကို လေကြောင်းကနှစ်ကြိမ်ကြဲချတဲ့အတွက် အရပ်သားတစ်ယောက်သေဆုံးပြီး ငါးယောက်ဒဏ်ရာရတဲ့အကြောင်းနဲ့ အိမ် ၁၂ လုံး ပျက်စီးသွားတဲ့အကြောင်း ဖော်ပြထားတယ်လို့လည်း AI အစီရင်ခံစာမှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာလည်း အရပ်သားတွေနဲ့ အရပ်သားတွေရှိတဲ့နေရာတွေကို စစ်ကောင်စီက တရားလက်လွန်တိုက်ခိုက်တယ်လို့ AI က ပြောပါတယ်။
AI ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ဒါကြောင့် အရပ်သားတွေကို တိုက်ခိုက်တာနဲ့ နိုင်ငံတကာက တားမြစ်ထားတဲ့ Cluster ဗုံးတွေကို သုံးနေတဲ့အတွက် စစ်ရာဇဝတ်မှု ကျူးလွန်တာအဖြစ် စစ်ကောင်စီကို စုံစမ်းစစ်ဆေးသင့်တယ်လို့ AI က ပြောပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလ (၈)ရက်မှ (၁၄) ရက်နေ့ထိ)
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၈)ရက်မှ (၁၄)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဒီဇင်ဘာ(၈)ရက်မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ Social Media တွင် စစ်အာဏာရှင်တော်လှန်ရေးနှင့် သက်ဆိုင်သည့် သတင်း များကို Like၊Share ပြုလုပ်မိသည့် ရခိုင်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးမှ ကလေးငယ် တဦး အပါအဝင် ပြည်သူ (၇)ဦးကို စစ်အာဏာရှင်တပ်က ဖမ်းဆီး အမှုဖွင့်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက ဒီဇင်ဘာ (၁၂)ရက် နေ့တွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်ထဲမှ ဒေသခံ (၈)ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင် တပ်က ဧရာ၀တီတိုင်းဒေသကြီးတွင် တောင်သူများကို နေကြာစိုက်ပျိုးရန် အဓမ္မခိုင်းစေခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၁၆)ဦး သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှုများကြောင့် အသက်မပြည့်သူ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး (၅)ဦး သေဆုံးခဲ့ရသည်။ တပတ်အတွင်း စစ်အာဏာရှင်တပ်က ပြည်သူ (၃၀)ကျော်ကို ဖမ်းဆီးညှင်းပန်း နှိပ်စက်ခဲ့ပြီး (၈၀)ကျော် ဖမ်းဆီးခံခဲ့ရသည်။
Infogram
မြန်မာပြည်သူဆန္ဒကိုအလေးထားဖို့ တရုတ်ကို အဖွဲ့အစည်း ၂၅၀ ကျော် တောင်းဆို
စစ်ကောင်စီသက်ဆိုးရှည်စေမယ့် အားပေးထောက်ခံတဲ့ လုပ်ရပ်တွေမလုပ်ဖို့ လူထုအခြေပြုအဖွဲ့ ၂၅၅ ဖွဲ့က တရုတ်ပြည်သူ့ သမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ထံကို ဒီဇင်ဘာလ ၁၇ ရက် မနေ့က အိတ်ဖွင့်ပေးစာတစ်စောင် အီးမေးလ်ကနေတစ်ဆင့် ပေးပို့တောင်းဆိုလိုက်ပါတယ်။
အဲဒီအိတ်ဖွင့်ပေးစာမှာ ပြည်သူတစ်ရပ်လုံး ပါဝင်နေတဲ့ တော်လှန်ရေးမှာ မြန်မာ ပြည်သူတွေနဲ့ အတူရပ်တည်ဖို့၊ ဒီတော်လှန်ရေးဟာ တရုတ်အပါအဝင် အိမ်နီးချင်း နိုင်ငံတွေရဲ့ အကျိုးစီးပွား ထိခိုက်တာမျိုး ဖြစ်လာမှာ မဟုတ်သလို စစ်ကောင်စီရဲ့ အာဏာသက်ဆိုးရှည်ဖို့ နိုင်ငံရေး၊ စစ်ရေးအရ အားပေးထောက်ခံတာမျိုး မလုပ်ဖို့နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အကျပ်ကိုင် ဖိအားပေးတာမျိုး မလုပ်ဖို့ စတဲ့အချက်တွေပါ ဝင်ပါတယ်။
အိတ်ဖွင့်ပေးစာပေးပို့တဲ့ ၂၅၅ ဖွဲ့ထဲမှာ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး)၊ အထွေထွေ သပိတ်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (GSC)၊ မြန်မာနိုင်ငံ အလုပ်သမား တပ်ပေါင်းစု၊ မန္တလေးသပိတ် အင်အားစုတို့အပြင် တကသ ကျောင်းသားဟောင်းများ အင်အားစု စတဲ့အဖွဲ့တွေ ပါဝင်ပါတယ်။
တော်လှန်ရေးနဲ့ပတ်သက်တဲ့ ပြည်သူလူရဲ့ အသံနဲ့ သဘောထားဆန္ဒတွေကို တရုတ် နိုင်ငံဘက်က အလေးထားစေချင်တာကြောင့် အခုလို အိတ်ဖွင့်စာပေးပို့လိုက်တာလို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာစန်းက RFA ကို ပြောပါတယ်။
“မြန်မာ ပြည်သူလူထု တစ်ရပ်လုံး ဖော်ဆောင်ဆင်နွှဲနေကြတဲ့ ပြည်သူ့ တော်လှန်ရေးကြီးရဲ့ မြန်မာ ပြည်သူတွေရဲ့ အသံနဲ့ သဘောထား ဆန္ဒတွေကို အလေးထား ဂရုပြုစေချင်တာပဲ။ ကျွန်တော်တို့ အနေနဲ့ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအပေါ် မြန်မာပြည်သူတွေရဲ့ သဘောထားကတော့ ဒီလိုရှိတယ်ဆိုတာကို ကျွန်တော်တို့ အနေနဲ့ ထပ်မံပြီးတော့ လေးလေးနက်နက် အသိပေးတာအိတ်ဖွင့်ပေးစာ ပေးပို့တာပေါ့။ ဒါတွေကလည်း အိတ်ဖွင့်ပေးစာ ပေးရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ တရုတ်နိုင်ငံရဲ့ ဆက်လက်ပြီး ပြုမူဆောင်ရွက်မှုတွေပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ မြန်မာပြည်သူတွေအနေနဲ့လည်း မိမိတို့ ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်တဲ့ ကိစ္စတွေကို ပြတ်ပြတ်သားသား ရွေးချယ်ဆောင်ရွက်သွားမယ်ဆိုတာကိုလည်း တစ်ပါတည်း အိတ်ဖွင့်ပေးစာမှာလည်း ထည့်သွင်းဖော်ပြထားပြီးသား ဖြစ်ပါတယ်”
မြန်မာ-တရုတ်နယ်စပ် တစ်လျှောက်မှာ နှစ်နိုင်ငံချစ်ကြည်ရေး၊ အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်တည်ငြိမ်ရေးတွေ ကို ထိခိုက်ပျက်စီးစေတဲ့ ကျားဖြန့် အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်း၊ လူကုန်ကူးမှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဟာလည်း စစ်ကောင်စီရဲ့ လက်ကိုင်တုတ် ပြည်သူ့စစ်တွေရဲ့ လက်ချက်ဖြစ်နေတာကြောင့် စစ်အုပ်စုဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံးသာမက တရုတ်နိုင်ငံအတွက်ပါ ဘုံရန်သူဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ တောင်းဆိုချက်တွေကို အလေးမထားဘဲ စစ်ကောင်စီကို ထောက်ခံပံ့ပိုးတာတွေ ဆက်လုပ်နေမယ်ဆိုရင် ပြည်သူလူထုအနေနဲ့ တုံ့ပြန်ဆောင်ရွက် သင့်တာတွေ ဆက်လုပ်သွားမယ်လို့ အိတ်ဖွင့်စာပေးပို့ရာမှာ ပါဝင်တဲ့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။
“တရုတ်နိုင်ငံကို မြန်မာနိုင်ငံက အလေးထားသလို အိမ်နီးချင်းကောင်း အဖြစ်လည်း ကျွန်တော်တို့ မြင်ချင်ပါတယ်။ ဒါကြောင့် ဒီလိုတွေ တောင်းဆိုတာဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ လူထုရဲ့ တောင်းဆိုချက်နဲ့ ရပ်တည်ချက်တွေ ကို လျစ်လျူရှုပြီးတော့ စစ်ကောင်စီကို ပံ့ပိုးနေမယ်။ စစ်ကောင်စီ သက်ဆိုးရှည်ဖို့ ကြားဝင်နေမယ်ဆိုရင် လူထုရဲ့ဒေါသ မကျေနပ်မှုတွေကို ဆက်ပြီးတော့ ရင်ဆိုင်ရပါမယ်။ ဒီလိုဆိုရင် နှစ်နိုင်ငံ ဘုံအကျိုးစီးပွားတွေကိုလည်း မတည်မငြိမ်ဖြစ်နိုင်တယ်လို့ မြင်ပါတယ်။ အဲဒီလိုအခြေအနေကို မရောက်စေချင်ဘူး။ အခုချိန်မှာ လူထုဟာ အင်အားချည့်နဲ့နေတဲ့ စစ်ကောင်စီ အလုံးစုံ ပျက်သုဉ်းရေးမှတစ်ပါး ကျန်တာမလိုဘူး”
ဒီအိတ်ဖွင့်ပေးစာနဲ့ပတ်သက်လို့ တုံ့ပြန်ချက်သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းပြန်လာတာ မရှိသေးပါဘူး။ အလားတူ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဒီဇင်ဘာလ ၄ ရက်နေ့ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံဟာ ငြိမ်းချမ်းစွာအတူယှည်တွဲ နေထိုင်ရေး မူငါးရပ်ကို စောင့်ထိန်းထားကြတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် ပြောဆိုခဲ့ပါတယ်။
“တရုတ်-မြန်မာ နှစ်နိုင်ငံအနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စတွေကို ရင်းနှီးချစ်ကြည်စွာ လက်တွဲဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ နှစ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မှုကြီး ငါးရပ်ကို နှစ်ပေါင်းများစွာ အစဉ်တစိုက် စောင့်ထိန်းလာတဲ့ နိုင်ငံတွေဖြစ်တယ်။ ပြည်သူလူထုချင်း၊ အစိုးရချင်း၊ တပ်မတော်ချင်း ရင်းနှီးစွာ ဆက်ဆံရေး ရှိနေတဲ့ နိုင်ငံတွေဖြစ်ပါတယ်”
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံက မကြာသေးခင်က ကြားဝင်စေ့စပ်ပေးထားပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုမှာလည်း ရလဒ်ကောင်းထွက်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Mao Ning က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနဲ့ပတ်သက်လို့ အာဏာရအင်အားစုကိုသာ ထောက်ခံ အားပေးလေ့ရှိတာကြောင့် အခုအိတ်ဖွင့်ပေးစာကနေ တရုတ်ဘက်က ထိရောက်တဲ့ တုံ့ပြန်မှုတွေ မရနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ရှုမြင်ပါတယ်။
“အဲဒီတင်ပြမှုတွေဟာ တရုတ်အစိုးရရဲ့ မြန်မာပြည်ဆိုင်ရာပေါ်လစီ အပြောင်းအလဲ မဖြစ်ပေါ်စေဘူး။ ဆိုလိုတာကတော့ ငြိမ်းချမ်းရေးကိစ္စ ကြားမဝင်ဖို့ဆိုတဲ့ တောင်းဆိုချက်တွေက ဘယ်တော့မှ အကောင်အထည်ပေါ်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ တရုတ်က အာဏာရနေတဲ့ အင်အားစုနဲ့ သူ့တိုင်းပြည်ရဲ့ အကျိုးစီးပွားကိုသာကြည့်နေတဲ့ အင်အားစုဖြစ်တဲ့အတွက် ဒီလိုလုပ်ဆောင်မှုတွေဟာ လိုအပ်တယ်။ ကောင်းမွန်တယ်၊ ဆက်လက်ပြီး လုပ်ဆောင်ရမှာ ဖြစ်သော်ငြားလည်း ထိရောက်တဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်မထင်ဘူးလို့ သုံးသပ်ပါရစေ”
တရုတ် – မြန်မာ အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း တရုတ်နိုင်ငံအနေနဲ့ အခု အိတ်ဖွင့်ပေးစာအပေါ် နားထောင်ရုံ သက်သက်ပဲရှိမှာလို့ မြင်ကြောင်း RFA ကို ပြောပါတယ်။
“ကျွန်မက သိပ်မထင်ဘူး။ တရုတ်က ဒီလိုစာမျိုးတွေရတာ တစ်နေ့၊ တစ်နေ့ နည်းတာမှ မဟုတ်တာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ သေနင်္ဂဗျူဟာအရ နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ မကြိုက်တဲ့လူတွေလည်းရှိတယ်၊ ကြိုက်တဲ့သူတွေလည်းရှိတယ်။ အဲဒီတော့ မကြိုက်တဲ့သူတွေက ဒီလိုပဲပေးနေတာပဲ အိတ်ဖွင့်ပေးစာ။ နောက်ပြီး တိုက်ရိုက်ပို့တာလည်း မဟုတ်၊ အိတ်ဖွင့်ပေးစာဆိုတာ သူတို့ရဲ့ စိတ်နေစိတ်ထား သူတို့ရဲ့ သဘောထားကို သိစေချင်တော့ နားထောင်ထားလိုက်မှာပဲ ထင်တယ်။ သီးခြား ဒါကို ပြန်လိမ့်မယ် မထင်ဘူး။ သူတို့က သူတို့ မူဝါဒ (policy) သူတို့ လုပ်စရာရှိတာ ဆက်လုပ်လိမ့်မယ် ထင်တယ်”
တရုတ်-မြန်မာ ဆက်ဆံရေး ကာလတစ်လျှောက်မှာ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းတွေကြောင့် နစ်နာခဲ့ရတဲ့ ပြည်သူလူထုတွေက ပေးခဲ့တဲ့ အိတ်ဖွင့်ပေးစာတွေ ရှိခဲ့ပေမယ့် တရုတ်ဘက်က စီမံကိန်းတွေအပေါ် လက်လျှော့တာမျိုး မရှိခဲ့ဘူးလို့လည်း သူက ထောက်ပြပါတယ်။
လူထုအခြေပြုအဖွဲ့တွေရဲ့ အိတ်ဖွင့်စာမှာတော့ စစ်အာဏာရှင်တွေ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မြန်မာ့နိုင်ငံရေးပြဿနာရဲ့အဖြေ မဖြစ်နိုင်သလို ပြည်သူတွေ လက်မခံတဲ့ အဲဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရှိနေသမျှ မြန်မာ့နိုင်ငံရေးပြဿနာပြေလည်ရေးနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး အပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဖော်ဆောင်နိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
RFA Burmese