မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဘေးကင်းလုံခြုံရေးနှင့် အကာကွယ်ပေးရေးဆိုင်ရာ ယန္တရားအတွက် မြေပြင်မှ တိုက်တွန်းတောင်းဆိုမှုများ

လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း ထုတ်ပြန်

၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် – မြန်မာနိုင်ငံ (ND-Burma) မှ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ လှည့်ကွက်နှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထုတ်ဖော်ထားသော အစီရင်ခံစာအကျဉ်း (Briefing Paper) အသစ်ကို ယနေ့ ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ် စစ်တပ်၏ အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းမှစ၍ စစ်တပ်သည် တရားဝင်မှု ရရှိရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖြားရန် အစဉ်တစိုက် ကြံစည်လာခဲ့သည်။ နိုင်ငံ တကာနှင့် ဒေသတွင်း အရေးပါသည့် သက်ဆိုင်သူများအနေဖြင့် စစ်အုပ်စုခေါင်းဆောင်များကို မည် သည့်နည်းနှင့်မျှ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုခြင်း သို့မဟုတ် လက်ခံအသိအမှတ် ပြုခြင်း မပြုသင့်ပေ။

ND-Burma မှ ထုတ်ပြန်လိုက်သော ဤအစီရင်ခံစာအကျဉ်းသည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ကိုယ့်ကိုယ်ကိုယ် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ကြေညာပြီးနောက်ပိုင်း အရပ်သား ပြည်သူများအပေါ် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေကြောင်းကို ထပ်မံသက်သေပြခြင်းလည်း ဖြစ် သည်။

ND-Burma အဖွဲ့ဝင်များသည် မြေပြင်တွင် ပိုမိုဆိုးရွားလာနေသော လူ့အခွင့်အရေး အခြေ အနေများကို ဆက်လက်မှတ်တမ်းတင်လျှက်ရှိသည်။ ဤအစီရင်ခံစာအကျဉ်းတွင် အဖွဲ့ဝင်များ စုဆောင်းထားသည့် အချက်အလက်များနှင့် မီဒီယာများတွင် ဖော်ပြထားသည့် လေကြောင်းတိုက် ခိုက်မှုများ၊ မြေပြင်ထိုး စစ်များကို ထည့်သွင်းဖော်ပြထားသည်။

စစ်အုပ်စုသည် အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ခြင်း မရှိ သကဲ့သို့ လျော့နည်းသွားခြင်းလည်း မရှိပေ။ မြန်မာနိုင်ငံတစ်ဝန်း စစ်ဘေး စစ်ဒဏ်သင့်နေသော ပြည်သူလူထုသည် အမိုးအကာ၊ ဆေးဝါး၊ အစားအစာနှင့် သန့်ရှင်းသော သောက်သုံးရေ စသည့် အခြေခံ အသက်ရှင်သန် ရေးအတွက် အကူအညီများ အရေးပေါ်  လိုအပ်လျှက်ရှိသည်။

ထောင်ပေါင်းများစွာသော ပြည်သူများသည် ၎င်းတို့၏ လူ့ဂုဏ်သိက္ခာနှင့် အခြေခံအခွင့် အရေးများ ဆုံးရှုံးနေချိန်တွင်၊ ယုံကြည်ကိုးစားထိုက်မှု မရှိသည့် စစ်အုပ်စုသည် ၎င်းတို့ကိုယ်ကို တရားဝင် အုပ်ချုပ်သူများအဖြစ် အမွှန်းတင်လျှက်ရှိသည်။

ထိခိုက်ခံစားရသော ပြည်သူများအတွက် လိုအပ်သည့် အကူအညီပေးရေး ကွာဟချက်မှာ ရန်ပုံငွေ အကြပ်အတည်းကြောင့် ပိုမိုကျယ်ပြန့်လာလျှက်ရှိပြီး၊ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲ ပြည်သူများထံ အရေးပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်စွမ်းမှာလည်း ပိုမို ကန့်သတ်ခံ နေရသည်။

မြန်မာစစ်တပ်သည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်သဖွယ် အသုံး ချလျှက်ရှိပြီး၊ အသက်ကယ်ဆယ်ရေးအတွက် အရေးပါသော အထောက်အပံ့ပစ္စည်းများ ဘေးကင်း လုံခြုံစွာ ပို့ဆောင်နိုင် ရေးအတွက်လည်း ခက်ခဲကြန့်ကြာစေရန် လုပ်ဆောင်နေသည်။

သို့သော်လည်း တော်လှန်ရေးခေါင်းဆောင်များနှင့် ရပ်ရွာအခြေပြု လူ့အခွင့်အရေး ကာကွယ် သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်းနှင့် ဇွဲလုံ့လမှာ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ အပြောင်းအလဲ ဖော် ဆောင်သူများအဖြစ်သာမက စစ်အာဏာရှင်စနစ် ကင်းစင်သော ရေရှည်တည်တံ့သည့် ငြိမ်းချမ်း ရေးကို တည်ဆောက်ရန် ကြိုးပမ်းနေသူများအဖြစ်လည်း ၎င်းတို့၏ အသံကို နားထောင် အသိအမှတ် ပြုရမည်ဖြစ်သည်။

စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ယူမှုရှိစေရန် ပိုမိုထိ ရောက်သော ဖိအားပေးမှုများ လိုအပ်နေသည်။ ထိလွယ်ရှလွယ်သော အုပ်စုများသည် ၎င်း တို့၏ အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ငြင်းပယ်ခံရကာ ဖိနှိပ်မှုများကို ခံစားနေရပြီး၊ အကြပ် အတည်း ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ ယင်းအခြေအနေများကို ဆက်လက်ကြုံတွေ့နေရမည် ဖြစ် သည်။

မိမိတို့အနေဖြင့် နိုင်ငံတကာမှ သက်ဆိုင်သူ အင်အားစုများအား အကြမ်းဖက်စစ်အုပ်စုနှင့် ဆက်နွှယ်မှု အားလုံးကို ဖြတ်တောက်ရန် တိုက်တွန်းအပ်သည်။ အထောက်အပံ့များ၊ အရင်းအမြစ် များနှင့် ရန်ပုံငွေများကို ဒီမိုကရေစီအရေး လှုပ်ရှားမှုများနှင့် အပြုသဘောဆောင်သော အပြောင်း အလဲများကို ဦး ဆောင် အကောင်အထည်ဖော်နေသည့် လူ့အခွင့်အရေး ကာကွယ်သူများထံ ဦးစားပေး ပံ့ပိုးသင့်သည်။

အထူးသဖြင့် နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး အစီအစဉ်များအပါအဝင် ဒေသခံ ပြည်သူများအတွက် လူမှုဝန်ဆောင်မှုများ ပံ့ပိုးပေးနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ပိုမို ထောက်ပံ့ကူညီရန် လိုအပ်သည်။

ဆက်သွယ်ရန်

အမည် – နိုင်အဲမွန်
Signal – +66 86 1679 741

အမည် – ဆန်ထွယ်
Signal – +66 657549336

လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း ထုတ်ပြန်

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်–မြန်မာနိုင်ငံ (ND-Burma) သည် တိုင်းရင်းသား လူမျိုးစုများ အမျိုးသမီးနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများကို ကိုယ်စားပြုသည့် အဖွဲ့အစည်း ၁၃ ခုဖြင့် ဖွဲ့စည်း ထားသည်။ ၂၀၀၄ ခုနှစ်မှစ၍ ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများသည် လူ့အခွင့်အရေးချိုးဖောက် မှုများကို မှတ်တမ်းတင်လာခဲ့ပြီး ထိခိုက်နစ်နာခဲ့သော ပြည်သူများအတွက် တရားမျှတမှုရရှိစေရန် လှုပ်ရှားဆောင်ရွက်နေပါသည်။ ကွန်ရက်တွင် အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့ဝင် ၄ ဖွဲ့ ပါဝင်သည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းစဥ်အတွင်း မြန်မာနိုင်ငံအတွင်း ရှင်သန်ရပ်တည်ခံရပုံအကြောင်း ရေးသားထားတဲ့ Finding Our Voice စာအုပ်ကို ရေးသားသူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် အာဒမ် ကက်စတီလို (Adam Castillo)ကို စစ်အာဏာပိုင်တွေက ဇွန်လ ၁၁ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

သူရေးတဲ့စာအုပ်နဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတချို့မှာ သွားရောက်ဟောပြောအပြီး ရန်ကုန်ကို ပြန်လာစဥ် လေဆိပ်မှာ ဖမ်းဆီးခံရတာလို့ ဒီအကြောင်း သိရှိတဲ့ သတင်းအရင်းအမြစ် နှစ်ဦးကို ကိုးကားပြီး ရိုက်တာ သတင်းက ဇွန်လ ၁၂ ရက်နေ့မှာ ရေးသားပါတယ်။

ရန်ကုန်အခြေစိုက် လုံခြုံရေးကုမ္ပဏီတစ်ခုကို ဦးစီးလုပ်ကိုင်နေတဲ့ မစ္စတာကက်စတီလိုဟာ မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများအသင်းရဲ့ အကြီးအကဲဟောင်းလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမြန်မာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တာနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာနကို ရိုက်တာက မေးမြန်းရာမှာ “မြန်မာနိုင်ငံတွင် အမေရိကန်တစ်ဦး ဖမ်းဆီးခံရသည့် သတင်းများကို သိရှိသော်လည်း “ကိုယ်ရေးကိုယ်တာလုံခြုံရေး” အရ အသေးစိတ်မှတ်ချက်မပေးနိုင်ကြောင်း” ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ရေးသားချက်တွေအရ မစ္စတာ ကက်စတီလိုဟာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းအပြီး မြန်မာနိုင်ငံမှာ နေထိုင်ရပ်တည်ရတဲ့အကြောင်းတွေကို ရေးသားထားတဲ့ Finding Our Voice စာအုပ်ထုတ်ဝေ အပြီး ဒီစာအုပ်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအများအပြားမှာ သွားရောက်ဟောပြောနေခဲ့ပါတယ်။

အမေရိကန်ရေတပ်သားဟောင်းတစ်ဦးဖြစ်တဲ့ မစ္စတာကက်စတီလိုဟာ ပြီးခဲ့တဲ့နှစ်ကလည်း အမေရိကန် သမ္မတအိမ်တော်ကို သွားရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်က ထွက်ရှိတဲ့ မြေရှားသတ္တုများ အမေရိကန်က တိုက်ရိုက်ဝယ်ယူနိုင်ဖို့အတွက် ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးအနေနဲ့ ပါဝင် ဆောင်ရွက်နိုင်ကြောင်း အမေရိကန်အစိုးရအရာရှိတွေကို အကြံပြုတင်ပြခဲ့ဖူးတယ်လို့ ရိုက်တာ သတင်းက ရေးသားထားပါတယ်။

ဒါ့အပြင် သူရဲ့စာအုပ်ထဲမှာလည်း ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြတာတွေကို စစ်တပ်က အကြမ်းဖက် နှိမ်နင်းခဲ့တာတွေကို မှတ်တမ်းတင်ရေးသားသလို တစ်ဖက်မှာလည်း မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရနဲ့ အနောက်နိုင်ငံကြီးတွေက ပိတ်ဆို့အရေးယူ ထားတာတွေကို ထိရောက်မှုမရှိကြောင်း၊ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ ပိုပြီး လုပ်ဆောင်သင့်ကြောင်း ရေးသားချက်များ ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ – ၂၀၂၆ ခုနှစ် မေလ ၁၄ ရက်နေ့က ရန်ကုန်အမေရိကန်စင်တာမှာ အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့် ဟောပြောပွဲမှာ အမေရိကန်မှ မြန်မာနိုင်ငံကို ရောက်ရှိပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင် ခေါင်းဆောင်နှင့် စာရေးသူအဖြစ် အာဒမ်ကက်စတီလို တက်ရောက်ဟောပြောနေစဥ်။ (Adam Castillo via LinkedIn)

RFA News

မကွေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ကန့်သတ်တာတွေ ပြင်းထန်နေပြီး ရေသောက်ခွင့်အထိ ကန့်သတ်ခံထားရတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘုန်းမြင့်အောင်က RFA ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော်ရှိတဲ့ မကွေးအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေရဲ့ ခြုံစောင်တွေ၊ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထောင်အာဏာပိုင်တွေက သိမ်းယူတာ၊ သောက်သုံးရေ ကန့်သတ်တာနဲ့ ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေတယ်လို့ နွေဦးနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံးရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘုန်းမြင့်အောင်က ပြောပါတယ်။

“အခုထောင်ထဲမှာ အခြေအနေတွေက တော်တော်ဆိုးနေပါတယ်။ အကျဉ်းသားတွေရဲ့ ပစ္စည်းတွေကို သိမ်းယူထားသလို ရေသောက်ခွင့်တွေကိုလည်း ကန့်သတ်ထားပါတယ်။ ပုံစံခဏခဏထိုင်ခိုင်းပြီး ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိနေပါတယ်”

အဲဒီလို ဖိနှိပ်တာတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ၄၂ ဦးဟာ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ်ပို့ခွင့်တွေ ပိတ်ပင်ခံထားရတဲ့အပြင် တိုက်ပိတ်အရေးယူခံထားရတယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၁၂ ဦးဟာ ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်းခံထားရပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်တပ်ခန့် မကွေးတိုင်း တာဝန်ရှိသူတွေဆီ RFA က ဆက်သွယ်လို့ မရသေးပါဘူး။

အဲဒီထောင်မှာ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညိုလည်း ထိန်းသိမ်းခံနေရပြီး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ပြောဆိုချက်အရ မကွေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ညှဉ်းပန်းလေ့ရှိပြီး နာမည်ဆိုးတဲ့ကျော်ကြားတဲ့ ထောင်ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆေးဝါးကုသခွင့် မလုံလောက်မှုတွေကြောင့် သုံးနှစ်အတွင်း နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၈၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က မေလ ၃၁ ရက်နေ့က အစီအရင်ခံစာ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း ငါးနှစ်ကျော်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ သုံးသောင်းကျော်(၃၁,၁၆၂ ဦး) အဖမ်းခံထားရပြီး အဲဒီအထဲက ၁၄,၃၀၆ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ခုနှစ် ဇွန်လ ၁၂ ရက်အထိ စာရင်းမှာ တွေ့ရပါတယ်။

—–

ဓာတ်ပုံ – ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် မကွေးတိုင်း ဗဟိုအကျဉ်းထောင်အား စစ်တပ်ခန့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော် သွားရောက်စဉ်။ (MOI)

RFA News

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အကြံပေးအဖွဲ့ (Think Tank) တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့ (Institute for Strategy and Policy – Myanmar or ISP Myanmar) ရဲ့ တည်ထောင် သူနဲ့ အမှုဆောင် ဒါရိုက်တာဖြစ်တဲ့ ဦးမင်းဇင်ကို တရုတ်နိုင်ငံရဲ့ သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး ကို ထိပါးစေမှု သံသယတွေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဇွန်လ ၁၂ ရက်နေ့က အတည်ပြုပြောကြားလိုက်ပါတယ်။

“ဦးမင်းဇင်ကို သူလျှိုလုပ်ငန်းမှာ ပါဝင်ပတ်သက်မှုနဲ့ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အန္တရာယ် ဖြစ်စေတယ်လို့ သံသယရှိတဲ့အတွက် တည်ဆဲ ဥပဒေအရ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးထားတယ် လို့ သိရပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းက ဇွန်လ ၁၂ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောပါတယ်။

သူ့ကို ဖမ်းဆီးထားကြောင်းလည်း တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးချုပ် ကို အကြောင်းကြားထားပြီးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန်နိုင်ငံသား ခံယူထားသူဖြစ်ပြီး တရုတ်-မြန်မာဆက်ဆံရေး၊ မြန်မာ့နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ အကြောင်းတွေကို လေ့လာသူ ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးမင်းဇင်ကို ယူနန်ပြည်နယ် ကူမင်းလေဆိပ်မှာ တရုတ်အစိုးရအာဏာပိုင်တွေက ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ယူနန်တက္ကသိုလ် ပညာရှင်တစ်ဦးက ဖိတ်ကြားတဲ့အတွက် သွားရောက်စဥ် လေဆိပ်မှာ အဖမ်းခံရတာလို့ ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဌာန ရေးသားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ “တရုတ်နိုင်ငံမှာ အမေရိကန်နိုင်ငံသားတစ်ဦး ဖမ်းဆီးထိန်း သိမ်းခံ ထားရတယ် ဆိုတာကို သိရှိထားကြောင်း၊ အမေရိကန်နိုင်ငံသားတဦး ဖမ်းဆီးခံရတဲ့အခါတိုင်း ကောင်စစ်ဆိုင်ရာ ကူညီပံ့ပိုးမှုတွေပေးဖို့ ဆောင်ရွက်ထားကြောင်း” အမေရိကန်နိုင်ငံသားတစ်ဦးကို တရုတ်အစိုးရက အခုလို ဖမ်းဆီးလိုက်တာနဲ့ပတ်သက်လို့ နယူးယောက်တိုင်းစ် (The New York Times) သတင်းစာရဲ့ မေးမြန်းချက်ကို ဖြေကြားထားပါတယ်။

ဦးမင်းဇင်တရုတ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ISP Myanmar ရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးအောင်သူငြိမ်းကို RFA က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောကြားတာ မရှိသေးပါဘူး။

ဦးမင်းဇင်ဟာ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ်နှောင်းပိုင်းတွေက ဧရာဝတီသတင်းဌာနမှာ အယ်ဒီတာ၊ ၂၀၀၃ ကနေ ၂၀၀၈ အထိ လွတ်လပ်တဲ့ အာရှအသံ (RFA) အကြီးတန်းအသံလွှင့်သတင်းထောက် လုပ်ဆောင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် တက္ကသိုလ်( ဘာကလေ)မှာ သတင်းစာပညာနဲ့ နိုင်ငံရေးသိပ္ပံဘာသာရပ်တွေကို တက်ရောက်လေ့လာခဲ့သူဖြစ်ပါတယ်။

မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ့(Institute for strategy and policy – Myanmar( ISP Myanmar)ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ဒီအဖွဲ့ဟာ မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ ခေါင်းဆောင်မှုဆိုင်ရာ ပါဝင်ဆောင်ရွက်မှု၊ ပြင်ပဆက် သွယ်ရေးအစီအစဉ်တွေ၊ ငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်လေ့လာထားတဲ့ သုတေသနအစီရင်ခံစာတွေ ထုတ်ပြန်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

ဓာတ်ပုံ – ၂၀၁၉ ဇန်နဝါရီလက ရန်ကုန် ဟောပြောပွဲတစ်ခုတွင် ISP ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင် အား တွေ့ရစဉ် (RFA)

RFA News