လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity)
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှု (CAH) ကို ကျူးလွန်ခြင်း သည် ကြီးလေးသည့် နိုင်ငံတကာရာ ဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။
ကြီးလေးသော နိုင်ငံတကာရာဇ၀တ်မှုဆိုသည်မှာ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၊ လူမျိုးပြုန်းစေမှု အပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်သည့် ပြစ်မှုများ ဖြစ်သည်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများတွင် လူသတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှု၊ မုဒိမ်းမှု၊ လိင်ပိုင်း ဆိုင်ရာနှင့် ဂျင်ဒါအခြေပြု ရာဇ၀တ်မှုများ၊ နိုင်ငံတွင်းမှ နှင်ထုတ်ခြင်းနှင့် အတင်းအကြပ်လွှဲ ပြောင်းခြင်း၊ သို့မဟုတ် အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျ ကျုးလွန် သည့် ရာဇ၀တ်မှုများ ပါဝင်သည်။
ကျူးလွန်မှုဖြစ်ပွားသည့် နယ်မြေအကျယ်အဝန်း၊ အချိန်အပိုင်းအခြားနှင့် ပစ်မှတ်ထားခံရသူ အရေအတွက်တို့သည် တိုက်ခိုက်မှုတစ်ခု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်းရှိ၊ မရှိ စဉ်းစားဆုံးဖြတ် ရာ၌ အခရာကျသည်။ တိုက်ခိုက်မှုတစ်ခုသည် တသီးတခြားစီ ဖြစ်ပွားခြင်းမျိုး မဟုတ်ဘဲ အစီအစဥ်တ ကျ တိုက်ခိုက်မှုမျိုးဖြစ်နေပါက စနစ်တကျတိုက်ခိုက်မှုဟု သတ်မှတ်နိုင်သည်။ ဥပမာ – လုံခြုံရေးတပ် ဖွဲ့များက တစ်နိုင်ငံလုံးအနှံ့ တိုက်ခိုက်မှုများကို ညှိနှိုင်းဆောင်ရွက်သည့်အခါမျိုး ဖြစ်သည်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုသည် နိုင်ငံအဆင့် မူဝါဒ၏ အစိတ်အပိုင်းတရပ်အဖြစ် မကြာခန ကျူးလွန်သည်ကိုတွေ့ရသည်။ အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ (Non-state armed group) (သို့မဟုတ်) ပြည်သူ့စစ်များမှလည်း ကျူးလွန်ကြသည်ကို တွေ့ရသည်။ စစ်ရာဇဝတ်မှုနှင့် မတူသည်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုကို စစ်မဖြစ်သည့် (ငြိမ်းချမ်းသော) အခြေအနေတွင် ကျူးလွန်ကြသည်။ လူမျိုးတုန်းသတ်ဖြတ်မှုနှင့်လည်း ကွဲလွဲစွာပင် သီးသန့် နိုင်ငံသားတမျိုးမျိုး၊ တိုင်းရင်းသား အုပ်စုတစုစု (သို့မဟုတ်) ဘာသာရေးအုပ်စု တခုအပေါ် ဦးတည်၍ကျူးလွန်ခြင်းလည်း မဟုတ်ပေ။
လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုကို ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ နူရင်ဘတ် ပဋိညာဥ်စာ တမ်း (1945 Nuremberg Charger) တွင် ပထမဦးစွာ ဖော်ပြခဲ့သော်လည်း အဓိပ္ပါယ် သတ်မှတ်မှုမှာ ယနေ့ခတ် ဖွင့်ဆိုမှုနှင့် ကွာခြားသည်။
၁၉၉၀ ခုနှစ်များမှစ၍ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုကို နိုင်ငံတကာ စာချုပ်များတွင် စနစ်တကျ ထည့်သွင်းအသုံးပြုလာသည်။ ဥပမာအနေဖြင့် ယခင်ယူဂိုစလားဗီးယားနိုင်ငံအတွက် နိုင်ငံတကာခုံရုံး ဥပဒေ (၁၉၉၃)၊ ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာခုံရုံး ဥပဒေ (၁၉၉၄)နှင့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ၏ ရောမဥပဒေ (၁၉၉၈) တို့တွင်ဖြစ်သည်။ ရောမဥပဒေတွင် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုတွင် ပါဝင်နိုင်သော မကြာမီက ဖြစ်ပွားခဲ့သည့် ရာဇဝတ်မှု ဥပဒေ စာရင်းများကို တိတိကျကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။







