မကွေးတိုင်း၊ ပေါက်မြို့နယ်မှ PDF ထောက်ပံ့သူ အမျိုးသမီးကို လက်နက်ကိုင်အမျိုးသား ၂၀ က ဖမ်းဆီးပြီး ပစ်သတ်ခဲ့ကြောင်း ပျူစောထီးအဖွဲ့ဝင်တစ်ဦးက ပြောပြသည်။

(ဤဆောင်းပါးတွင် စိတ်မချမ်းမြေ့ဖွယ် အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်)

စက်တင်ဘာ ၁၄ သန်းခေါင်ယံတွင် မကွေးတိုင်း၊ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့အတွက် ရန်ပုံငွေရှာဖွေထောက်ပံ့သူ ဒေါ်စန္ဒာဝင်းကို လက်နက်ကိုင်လူတစ်စုက တောင်ဘက်ကျေးရွာရှိ နေအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းသွားရာတွင် လက်ထိတ်ခတ်ခြင်း၊ ကြိုးတုပ်ခြင်းမရှိသဖြင့် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမည်ဟု ယူဆခဲ့ကြောင်း၊ သို့သော်လည်း ၄၂ နှစ်အရွယ် ဇနီးဖြစ်သူကို နောက်ဆုံးအကြိမ် တွေ့လိုက်ရသည့် မြင်ကွင်းပင်ဖြစ်ကြောင်း ခင်ပွန်းသည်က ပြောပြသည်ဟု ရွာသားများထံမှ သိရသည်။

ဒေါ်စန္ဒာဝင်း အဖမ်းခံရပြီး နာရီအနည်းငယ်အကြာတွင် သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။

“သူ့ကို ခေါ်သွားပြီး သေနတ်သံကြားတော့ ဒီလူတွေသွားရင်းလာရင်း ဖောက်တာပဲလို့ ထင်ကြတာ။ အရင်ကလည်း ဒီလိုဝင်လာပြီး ပြန်သွားရင် လျှောက်ပစ်ကြတာလေ” ဟု အမည်မဖော်လိုသော ရွာသားတစ်ဦးက ပြောသည်။

နံနက်စောစော ယာခင်းထဲ ကျွန်းပင်စိုက်နိုင်ရန် နေအိမ်တွင် ပြန်အိပ်သည့် ဒေါ်စန္ဒာဝင်း အဖမ်းခံလိုက်ရကြောင်း ခင်ပွန်းသည်က ရွာထဲမှ အသိမိတ်ဆွေများကို ချက်ချင်း လိုက်လံအကြောင်းကြားခဲ့သည်။ မိုးလင်းလျှင် ရဲစခန်းတွင် သွားရောက်စုံစမ်းရန်၊ ရွာမြောက်ဘက် ၃ ဖာလုံအကွာရှိ တာဝါတိုင်ကုန်းပေါ် ဓာတ်မီးထိုး တက်သွားသူများရှိသည် ဆိုသဖြင့် ထိုနေရာတစ်ဝိုက်ကိုလည်း ရှာဖွေရန် စီစဉ်တိုင်ပင်ကြသည်။

ဒေါ်စန္ဒာဝင်း သတ်ဖြတ်ခံလိုက်ရခြင်းလည်း ဖြစ်နိုင်သည်ဟု သူတို့က ယူဆကြသည်။

နံနက် ၅ နာရီခွဲခန့်တွင် အုပ်စု ၃ စုခွဲပြီး ရွာမြောက်ဘက်ပိုင်းကို ၇ နာရီခွဲခန့်အထိ တောနင်းရှာဖွေကြသည်။ ညက မိုးရွာထားသောကြောင့် ခြေရာများမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်ဟု ဆိုသည်။

၈ နာရီတွင် ထပ်မံရှာဖွေကြရာ နံနက် ၉ နာရီခန့်တွင် တာဝါတိုင်ကုန်းမြောက်ဘက် ချိုင့်ထဲတွင် ဒေါ်စန္ဒာဝင်း၏ ရုပ်အလောင်းကို ရွာသားများ တွေ့လိုက်ရသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

“အလောင်းက ဦးနှောက်တွေ ထွက်နေတာ။ နောက်စေ့က သေနတ်နဲ့ ပစ်ထားတော့ ဝမ်းလျားမှောက်ကျသွားတာ။ ပြီးတော့ ဆွဲသွားတော့ ဦးနှောက်တွေက အတန်းလိုက်ကြီးဖြစ်နေတာ။ သွားတွေ ဘာတွေလည်း တစ်စစီပဲ။ ဘာမှမရှိတော့ဘူး”ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်နက်ကိုင်များ ထပ်ရောက်လာမည်ကို စိုးရိမ်သည့် ရွာသားများက နံနက် ၁၀ နာရီခန့်တွင် ရုပ်အလောင်းကို တောင်ဘက်ရွာသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကြသည်။

သေဆုံးသူ၏ ခင်ပွန်းသည်က ငိုယိုနေသည့် လူမမည် ကလေး ၃ယောက်ကို အဖော်လုပ်ပေးနေရသဖြင့် ရုပ်အလောင်းရှာဖွေမှုတွင် လိုက်ပါနိုင်ခြင်းမရှိဘဲ မီးသင်္ဂြိုဟ်ချိန်တွင် သွားရောက်ကြည့်ရှုခဲ့သည်ဟု ရွာသားနောက်တစ်ဦးက ပြောသည်။

ထို့နောက် ကျန်ရစ်သူမိသားစု ဘေးလွတ်ရာ တိမ်းရှောင်နေထိုင်ခဲ့ပြီး သေဆုံးမှု တစ်လပြည့်နေ့မှသာ ဇနီးဖြစ်သူ အသတ်ခံရသည့်နေရာ၌ ဆွမ်းသွပ်နိုင်ခဲ့သည်ဟု ရွာသားတစ်ဦးက ဝမ်းနည်းစွာ ပြောပြသည်။

“သတ်ထားတဲ့နေရာမှာ မှောက်လျက်အနေအထားပဲ တွေ့ရတာဆိုတာပဲ ရှာတဲ့သူတွေပြောမှ သူသိရတာ”ဟု အဆိုပါ အမျိုးသားက ပြောသည်။

အသတ်ခံရသူသည် သေမည်ကို မကြောက်သော်လည်း “တော်လှန်ရေးမပြီးခင် မသေချင်သေးဘူး” ဟု ပြောခဲ့ဖူးကြောင်း၊ လူမမည် ကလေး ၃ ဦးကို ဖခင်ဖြစ်သူက ဂရုစိုက်စောင့်ရှောက်ပေးနေသဖြင့် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ကိုင်ခဲ့သည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

ဒေါ်စန္ဒာဝင်းက အားလုံး၏ လုံခြုံရေးမထိခိုက်စေရန် မိသားစုနှင့် ခွဲပြီး နေလေ့ရှိသည်ဟု ဆိုသည်။

သတ်ဖြတ်မှု မျက်မြင်သက်သေ

အောက်တိုဘာလလယ်ပိုင်းတွင် ဒေသတွင်းရှိ PDF ခေါ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က နွားကျောင်းသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာ ထိုသူထံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များ၏ ဒေသတွင်းလှုပ်ရှားမှုကို သိခဲ့ရသည်ဟု ဆိုသည်။

ထိုနွားကျောင်းသားမှာ ၂၃ နှစ်အရွယ် ဇီးတောရွာဇာတိ ကိုဆွေမောင်ဦးဖြစ်ပြီး သူပြောပြသည့် လှုပ်ရှားမှုများထဲတွင် ဒေါ်စန္ဒာဝင်းကို ဖမ်းဆီးသတ်ဖြတ်မှုလည်း ပါဝင်သည်။

Myanmar Now က ထိုသူ၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်းဖိုင် ၅ ခုကို ကြည့်ခွင့်ရထားသည်။

မျက်နှာစည်းထားသော ထိုသူ့ကို စစ်ဆေးနေစဉ် PDF အဖွဲ့ဝင်နှစ်ဦးက တစ်ချက်စီ ကန်ကျောက်ထိုးကြိတ်ကြပြီး အခြားသူများက ဆဲဆိုမေးမြန်းသည်ကို ရုပ်သံဖိုင်တစ်ခုတွင် တွေ့ရသည်။

ဒေါ်စန္ဒာဝင်းကို ရှာဖွေဖမ်းဆီးသည့် အဖွဲ့တွင် ကိုင်းလယ်ရွာရဲစခန်းမှူး ရာဇူးမောင်နှင့် ရဲတပ်သား ၂ ဦး၊ ပျူစောထီးအဖွဲ့ဝင် ၁၇ ဦးတို့ ပါဝင်ကြောင်း၊ ပျူစောထီးအုပ်စုထဲတွင် အလယ်တန်းပြကျောင်းဆရာ အသက် ၄၀ အရွယ် ဦးမောင်ဦး၊ ရွာသစ်ကျေးရွာမှ ဦးဗသိန်းတို့မှာ ဦးဆောင်သူများဖြစ်ကြောင်း ထိုသူက ပြောဆိုထားသည်။

ဒေါ်စန္ဒာဝင်းကို ဖမ်းဆီးနိုင်ရန် ရွာအတွင်းမှ ဒလန်တစ်ဦးက ကူညီခဲ့သည်ဟု ထိတ်လန့်နေဟန်ရှိသည့်၊ ပျူစောထီးအဖွဲ့ကပေးသည့် ၁၄ ရက် စစ်သင်တန်းတက်‌ဖူးသော ထိုလူငယ်က ပြောပြသည်။

“တောင်ဘက်ရွာက ဦးဇော်ဝင်းဆိုတဲ့သူက (ဒေါ်စန္ဒာဝင်း) ဘယ်နားမှာ နေတယ်၊ ဘယ်မှာ ရှိတယ်ဆိုတာ လက်ထောက် အကုန်လုံးချတယ်ခင်ဗျ၊ လိုက်ပြတယ်ခင်ဗျ” ဟု ကြိုးချည်ခံထားရသော ထိုလူငယ်က ထွက်ဆိုခဲ့သည်။

ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များက ဒေါ်စန္ဒာဝင်းကို အနိုင်ကျင့် နှိပ်စက်ကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခဲ့သည်ဟု ထိုလူငယ်က ဆိုသည်။

“နို့အုံကြီးကို ဓားနဲ့ လှီးတယ်၊ လှီးပြီးမှ သတ်လိုက်တာ” ဟု ဟိန်းဟောက် စစ်ကြောနေသူများအလယ်တွင် ကြောက်ရွံ့တုန်လှုပ်နေသော ထိုလူငယ်က ပြောပြသည်။

ပျူစောထီးခေါင်းဆောင် ဦးမောင်ဦးက ရင်သားကို လှီးဖြတ်သည်၊ ပင်တောင်ရွာမှ ဦးမင်းခိုင်က ဦးခေါင်းကို ပစ်ခတ်သည်ဟု ဆိုသည်။

ထိုလူငယ်ထွက်ဆိုချက်တွင် အမည်ပါဝင်နေသူတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိခဲ့ပါ။

ဒေါ်စန္ဒာဝင်းကို နေအိမ်တွင် သွားရောက်ဖမ်းဆီးစဉ်က ယူဆောင်ခဲ့ကြသည့်ထဲတွင် (ရွှေ) လက်ကောက် နှစ်ကွင်း၊ လက်စွပ်တစ်ကွင်း၊ ဆွဲကြိုးတစ်ကုံးနှင့် ငွေသား သိန်း ၁၈၀ ပါဝင်သည်ဟု ထိုလူငယ်က ထွက်ဆိုသည်။

သူအပါအဝင် ပျူစောထီးအဖွဲ့ဝင်များ တစ်ယောက်လျှင် ငွေကျပ် ၃၈၀,၀၀၀ စီ ရကြကြောင်း၊ လက်ဝတ်ရတနာများနှင့် ကျန်သည့် ငွေသားများကို ဒုရဲအုပ် ရာဇူးမောင်နှင့် ပျူစောထီးခေါင်းဆောင် ဦးမောင်ဦးတို့က ယူဆောင်သွားကြောင်း ထိုလူငယ်က ပြောသည်။

ထိုလူငယ်၏ ထွက်ချက်များနှင့် ပတ်သက်၍ မေးမြန်းလိုသော်လည်း ဒုရဲအုပ် ရာဇူးမောင်နှင့် ပျူစောထီးခေါင်းဆောင် ဦးမောင်ဦးတို့ကို ဆက်သွယ်နိုင်ခြင်းမရှိသေးပေ။

ပျူစောထီးအဖွဲ့

နိုင်ငံရေးပါတီများ အားပြိုင်ရာမှ ၁၉၅၂ ခုနှစ်တွင် အာဏာရပါတီ၏ လက်ကိုင်တုတ်ဖြစ်သည့် ပျူစောထီးအဖွဲ့ ပေါ်ပေါက်လာခဲ့ပြီး ထိုအဖွဲ့သည် လက်နက်ကိုင်ပြီး ရမ်းကားသည့်အဖွဲ့ ဖြစ်လာသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထိုအမည်ဖြင့် အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာသည်။

ပြည်သူ့လက်နက်ကိုင်ခုခံမှု အားကောင်းသည့် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ စစ်တပ်နောက်ခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အားကောင်းသည့် ကျေးရွာများတွင် ဇွန်လအစောပိုင်းကတည်းကပင် ပျူစောထီးအင်အား စုဆောင်းသည့် လှုပ်ရှားမှု အားကောင်းလာသည်ဟု ဒေသခံများ၊ PDF အဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်များက Myanmar Now ကို ပြောသည်။

စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၁၅ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပျူစောထီးဖွဲ့စည်းထားခြင်း မရှိကြောင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ သင်တန်းပေးခြင်းများလည်း မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

မကွေးတိုင်း ဂန့်ဂေါခရိုင်ရှိ ပြည်ခိုင်ဖြိုးပါတီအားကောင်းသည့် ဆီးတောကျေးရွာ ဥက္ကဋ္ဌကို ဂန့်ဂေါမြို့နယ် ရဲစခန်းက ဇွန်လအစောပိုင်းတွင် ဆက်သွယ်လာပြီး ပျူစောထီးအမာခံ ၂၀၊ အရန်အင်အား ၄၀ အမည်စာရင်းကောက်ယူခဲ့သည်ဟု ပြည်ခိုင်ဖြိုးပါဝင်တစ်ဦးလည်းဖြစ်သူ ပျူးစောထီးအဖွဲ့ဝင် ဦးဝင်းထိန်က ပြောသည်။

“ဒလန်ဆိုပြီးတော့ တခြားရွာတွေမှာ ဝင်ပြီးတော့ သတ်နေကြတော့ ကျွန်တော်တို့က စိုးရိမ်သွားကြတာ။ ကျွန်တော်တို့ရွာကိုလည်း ပျူစောထီးရွာ၊ ဒလန်ရွာဆိုပြီးတော့ လိုင်းပေါ်မှာ ရောက်လာတော့ ကျွန်တော်တို့က ကြောက်လို့ ပါသွားတာ” ဟု ၎င်းက ပြောသည်။

ထို့နောက် စစ်ကောင်စီက ကျေးရွာလုံခြုံရေးအကြောင်းပြချက်ဖြင့် တူမီးသေနတ် ၄၀ ကို ၂ ကြိမ်ခွဲပေးခဲ့ကြောင်း၊ စစ်သင်တန်းမတက်ရသေးကြောင်း ဦးဝင်းထိန်က ဆက်ပြောသည်။

ယောဒေသကာကွယ်ရေးတပ်ဖွဲ့-YDF ( ထီးလင်း) ထံတွင် သူအပါအဝင် ဆီးတောကျေးရွာမှ ပျူးစောထီးအဖွဲ့ဝင် ၃၀ ဦးခန့်သည် လက်လုပ်တူမီးသေနတ် ၂၅ လက်နှင့်အတူ အညံ့ခံပူးပေါင်းခဲ့သည်ဟု ဦးဝင်းထိန်က ပြောသည်။

ယောဒေသတွင် ပျူစောထီးအဖွဲ့ အင်အားစုတချို့ ပဲ့ထွက်သွားသော်လည်း ဒေါ်စန္ဒာဝင်း ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပေါက်မြို့နယ်ဘက်တွင် ပျူစောထီးတပ်ဖွဲ့ဝင်တို့က စစ်ကောင်စီတပ်နှင့် ပူးပေါင်းလှုပ်ရှားမှု အားကောင်းနေဆဲဖြစ်သည်။

ပေါက်ဒေသခံ ပြောက်ကျားအဖွဲ့၏ ငွေကိုင်အမျိုးသမီး ဒေါ်စန္ဒာဝင်းကို ပစ်သတ်သည့် ပျူစောထီးအဖွဲ့သည် လက်နက်အင်အား လူအင်အားကောင်းနေဆဲဖြစ်သည်။

ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များ ပေါက်မြို့နယ် တောင်ဘက်ကျေးရွာ အပြင်ဘက်တွင် သတ်ဖြတ်လိုက်သည့် အမျိုးသမီး၏ ရုပ်အလောင်း ရှာဖွေတွေ့ရှိခဲ့သည့် နေရာ (ဓာတ်ပုံ - PDF) ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များ ပေါက်မြို့နယ် တောင်ဘက်ကျေးရွာ အပြင်ဘက်တွင် သတ်ဖြတ်လိုက်သည့် အမျိုးသမီး၏ ရုပ်အလောင်း ရှာဖွေတွေ့ရှိခဲ့သည့် နေရာ (ဓာတ်ပုံ – PDF)

ရုပ်ပျက်ဆင်းပျက် ရုပ်အလောင်း

ဒေါ်စန္ဒာဝင်းကို တောနင်းရှာဖွေရာတွင် ပါဝင်ခဲ့သူတစ်ဦးက မိုးရေစိုရွှဲနေသည့် ဒေါ်စန္ဒာဝင်း၏ ရုပ်အလောင်းကို မှောက်လျက်အနေအထားဖြင့် တွေ့ရကြောင်း၊ နောက်စေ့မှ ဝင်သွားသည့် ကျည်ဆန်ကြောင့် မျက်နှာပွင့်ထွက်သွားပုံရသည်ဟု သူက ပြန်လည်ပြောပြသည်။

“မျက်နှာကတော့ တစ်ခုလုံး စုတ်ပြတ်သတ်သွားတာ။…စုတ်ပြတ်ပြီး လွှင့်စင်ကုန်တာ။ သူတို့ ဆွဲရင်းနဲ့ ပြတ်ကျန်ခဲ့တာတွေလည်း တွေ့တယ်။ မျက်လုံး၊ သွားတွေ ဘာမှ မရှိတော့ဘူး။ ထွက်ကျနေတဲ့ ဦးနှောက်တွေလည်း သေချာမကောက်တော့ဘူး။ အလောင်းကိုပဲ ကောက်လာတာ”ဟု ထိုအမျိုးသားက ပြောပြသည်။

Myanmar Now က  ကြည့်ခွင့်ရသည့် မှတ်တမ်းဓာတ်ပုံများတွင်လည်း ရုပ်အလောင်းသည် သူပြောသည့်အတိုင်း ဖြစ်နေသည်။

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားအဖွဲ့ဝင်တစ်ဦးက ထိုပျူစောထီးလူငယ်၏ ထွက်ဆိုချက်နှင့် ပတ်သက်၍ မိသားစုကို ဆက်သွယ်ပြောပြခြင်း မရှိသေးပေ။ ဖြစ်ရပ်မှာ ဆိုးရွားလွန်းသောကြောင့် မိသားစုကို ဖွင့်မပြောရက်ဟု ဆိုသည်။

ဒေါ်စန္ဒာဝင်း သတ်ဖြတ်ခံရခြင်းသည် ဒေသတွင်းလှုပ်ရှားမှုအတွက် လွန်စွာအထိနာသည်ဟု ပြောသည်။

“သူ မရှိတော့ ကျွန်တော်တို့မှာ လက်တစ်ဖက်ပြတ်တဲ့အတိုင်းပဲ နေရတော့တာ။ သူရှိတုန်းကဆိုရင် သူပဲ ထောက်ပံ့နေတာ”ဟု အထက်ပါအဖွဲ့ဝင်က ပြောလိုက်သည်။

Myanmar Now

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာ)နိုင်ငံမှ ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် အပြစ်မဲ့ပြည်သူများအား စစ်အာဏာရှင်တို့မှ ဆက်လက် အကြမ်းဖက်မှုကို ရှုံ့ချထားသည်

ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့

ဆယ်စုနှစ်များနှင့်ချီ၍ မြန်မာစစ်တပ်မှ စနစ်တကျ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကို မြန်မာပြည်သူများသည် လက်မခံဘဲ ဆန့်ကျင်ခဲ့ကြသည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ ထုတ်ပြန်သည့် “ဒီမိုကရေစီလမ်းကြောင်းပေါ်မှ လမ်းချော်ခဲ့သောမြန် မာ” အစီရင်ခံစာတွင် အာဏာသိမ်းစစ်အုပ်စုက မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းအား မည်သို့ ဟန့် တားနှောင့်ယှက်နေသည်ကို တင်ပြထားသည်။

မြန်မာစစ်တပ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်တွင် အာဏာသိမ်း၍ တိုင်းပြည်အာဏာကို မတ ရား ရယူပြီးနောက် အလွန်စိုးရိမ်ဖွယ် လူသားချင်းစာနာသည့် အရေးပေါ်အကူအညီများ လိုအပ်ခြင်း နှင့်အတူ လူမှုရေး စီးပွားရေး ချွတ်ခြုံချ ဆိုးရွားလာသည်။ ပြင်းထန်သည့် ပြည်တွင်းစစ်ကြောင့် ပြည်သူ ၃ သန်းခန့်မှာ စားရေ ရိက္ခာ၊ ရေနှင့် နေထိုင်စရာ အပါအဝင် လူ့ဘဝအသက်ရှင်သန်ရေး အ တွက် လိုအပ်သည့်အထောက်အကူပစ္စည်းများ ကင်းမဲ့ ချို့တဲ့လျှက်ရှိပြီး စစ်ဗိုလ်ချုပ်ကြီးများသည် ထိခိုက်နစ်နာ အလွယ်ဆုံးသူများအားလည်း မေ့လျော့ပစ်ထားကြသည်။

စစ်အုပ်ချုပ်ရေးဥပဒေအောက်ရှိ ရွာသားများမှာ ခရီးသွားလာခွင့်နှင့် သတင်းအချက်အလက်ရရှိမှု အပေါ် တင်းကြပ် ကန့်သတ်ခံရခြင်းကြောင့် နေ့စဥ် အသက်ဆက် ရှင်သန်ရေးအတွက် အခက်အခဲ များနှင့် ကြုံတွေ့ရသည်။

ND-Burma မှ တွေ့ရှိချက်အရက် ကျေးလက်နှင့် မြို့ပြများတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများ၊ သတင်းလွတ်လပ်မှုအပါအဝင် အခြေခံလွတ်လွပ်ခွင့်များကို ဖိနှိပ်ခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ မကိုင်တွယ် မဖြေရှင်းနိုင်တို့က စစ်အာဏာရှင်တို့သည် ကြမ်းကြုတ် ရက်စက်ပြီး ၄င်းတို့ရပ်တည်မှုကို ဆန့်ကျင်သည့် မည်သူ့ကိုမဆို သုတ်သင်ချေမှုန်း ဖျက်ဆီးမည်ကို ပြသ နေသည်။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းနှင့် ချင်းလူ့အခွင့်အရေးအဖွဲ့အပါအဝင် ND-Burma အဖွဲ့ဝင်များမှ သက်သေအထောက်အထားများ မှတ်တမ်းတင် စုဆောင်းမှုအရ စစ်တပ်သည် ကာလကြာရှည် အသုံးပြုနေသည့် အပြစ်ရှိသူများအပေါ် အပြစ်ပေး အရေးယူခြင်းမရှိမှုကြောင့် နိုင်ငံနှင့်ချီ၍ ကျယ်ပြန့်သည့် ကြမ်းကြုတ်ရက်စက်မှုများကို ဆက်လက်ကျူးလွန်နေသည်မှာ ထင်ရှားသည်။

မည်သည့်အစိုးရမဆို အခြေခံအခွင့်အရေးနှင့် လွတ်လပ်ခွင့်များအပေါ် အကြမ်းဖက် ချိုးဖောက် လာပါက အပြင်းထန်ဆုံး စကားလုံးများဖြင့် ပစ်တင်ရှုံ့ချရမည်ဖြစ်သည်။ ကြမ်းကြုတ် ရက်စက်ပြီး စစ်အင်အား တိုးချဲ့ချထား တပ်လွှမ်းမိုးသည့် ပြည်တွင်းစစ်ကြောင့် ပြည်သူများသည် ၄င်းတို့ဘဝ ဘေးကင်း လုံခြုံစိတ်ချရရေးအတွက် စိုးရိမ်ပူပန်နေရသည်မှာ လက်ခံနိုင်စရာ အကြောင်းမရှိပေ။ ၄င်းတို့ဘဝ လုံခြုံစိတ်ချရရေးအတွက် ကာလကြာရှည် တောင်းဆိုနေမှုကို မဖြစ်မနေ နားထောင်ရ မည်ဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မှာလည်း နိုင်ငံသားအခွင့်အရေးမှ လမ်းချော်သွားရမည် မဟုတ်ပေ။

 

အစီရင်ခံစာအား ရယူလိုပါက

[wpdm_package id=’5572′]

 

အသေးစိတ်သိလိုပါက

NDBoffice@protonmail.com

ND-Burma အကြောင်း

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ၂၀၀၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ND-Burma တွင် အောက်ပါ အဖွဲ့ဝင် ၉ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၄ ဖွဲ့ပါဝင်သည်။

 

အဖွဲ့ဝင်အဖွဲ့အစည်းများ

၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး

၂။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း

၃။ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့

၄။ အနာဂါတ်အလင်းတန်းဆုံမှတ်

၅။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း

၆။ ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ

၇။ တအာင်းအမျိုးသမီးအဖွဲ့အစည်း

၈။ တအာင်းကျောင်းသားလူငယ်များ အဖွဲ့

၉။ ထားဝယ် အမျိုးသမီးသမဂ္ဂ

 

ဆက်စပ်အဖွဲ့ဝင်းများ

၁။ ချင်းလူ့အခွင့်အရေးအဖွဲ့

၂။ ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်

၃။ ပအိုဝ်းလူငယ်များအစည်းအရုံး

၄။ ရှေ့ပြေးအသံ

 

အာဏာသိမ်းစစ်အုပ်စုက မြန်မာ့ဒီမိုကေရစီ အကူးအပြောင်းအား ဟန့်တားနှောင့်ယှက်မှုများ

မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ပြည် တွင်းစစ်နှင့်  ငြိတွယ်ခဲ့ရသည်။  နှစ်ပေါင်း  ၇၀ ကျော်ပြည် တွင်းစစ်တလျှောက်   စစ်အာဏာရှင်များသည်  အရပ်သားပြည်သူများအပေါ် ထိန်းချုပ်သည့် ဗျူဟာများချမှတ်ကျင့်သုံးခဲ့သည်။  ၁၉၆၂  ခုနှစ်တွင် စစ်တပ်မှ ပထမဆုံးအကြိမ် အာ ဏာ သိမ်းခဲ့ပြီးနောက်  တပါတီ အာဏာရှင်စနစ်ကို ဖန်တီး၍တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ ၁၉၈၈ခုနှစ်  အထွေထွေအရေးတော်ပုံကြီးကြောင့် ၂၆ နှစ်ကျော် စစ်ဗိုလ်ချုပ်များအုပ်ချုပ်ခဲ့သည့် မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကြီး နိဂုံးချုပ်သွားခဲ့သည်။ တဖန် ၁၉၈၈  ခုနှစ်တွင် စစ်တပ်မှ အာဏာသိမ်းပြီး  ၂၀၁၁ ခုနှစ်အထိ  တိုင်းပြည်ကိုအုပ် ချုပ်ခဲ့သည်။  ထို့ နောက် ၂၀၁၀ ရွေးကောက်အပြီး သမ္မတဦးသိန်းစိန် အာဏာရလာခဲ့သည်။ မြန်မာစစ်ဗိုလ်ချုပ်များ သည် ၎င်းတို့ အားဆန့်  ကျင်တွန်းလှန်သည့်  ပြည်သူများအပေါ်အကြမ်းဖက် ဖြိုခွင်းပြီး တိုင်းရင်းသားများအပေါ် လည်း သြဇာလွှမ်းမိုးနိုင်ရန် အခိုင်အမာ လုပ်ဆောင်ဆောင် ခဲ့သည်။   အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ်သည်  ၂၀၁၅  ခုနှစ်ရွေးကောက်ပွဲတွင်  အပြတ်အသတ်  အောင်မြင်ခဲ့သော် လည်း စစ်တပ်မှာ  အရပ်သားအစိုးရနှင့်  အာဏာခွဲဝေယူ ရန် အပြင်းအထန်  ကြိုးပမ်းခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ပုံမှန်ချိုးဖောက် လျှက်ရှိသည်။ နိုင်ငံတကာမှ ရှုံ့ချပြော ဆိုနေသော်လည်း မြန်မာစစ်အာဏာရှင်တို့သည်၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တာဝန်ယူ၊ တာ ဝန်ခံမှုမရှိပေ။ စစ်တပ်မှ မူကြမ်းရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့ စည်းပုံ  အခြေခံဥပဒေသည်  စစ်တပ်အတွက်  ရက်ရက် စက်စက် အကြမ်းဖက်ခွင့်နှင့်  အရပ်သား ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်သည့် စစ်သားများ အား လွတ်ငြိမ်းချမ်းသာခွင့် ပေးထားသည်။ ၂၀၂၁ ခု နှစ်တွင် မတရား အာဏာရယူထားသူ အများစုမှာ မြန်မာစစ်တပ်မှ တပ်မှူးများဖြစ်သည်။ နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း တပ်မတော်မှ တိုင်းပြည် အာဏာကို ထိန်းချုပ်ရန် ကြိုးပမ်းရာတွင် ထောင်နှင့် ချီအသတ်ခံရသည့် ပြည်သူများအတွက် အဓိပ္ပါယ်ရှိသော အသွင်ကူး ပြောင်းရေးကာလဆိုင်ရာ  တရားမျှတမှု   ရှာဖွေနိုင်မည့် နည်းလမ်းများကို ဟန့်တား ပိတ်ပင်ထား သည်။ 

မြန်မာစစ်အာဏာရှင်တို့၏ အာဏာရှင်အုပ်ချုပ်ရေးစနစ် နောက်ပိုင်း ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ(USDP) အား မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ် ပြီး နေအိမ်အကျယ်ချုပ်ဖြင့် နှစ်ပေါင်းများစွာ နေခဲ့ရသူ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြင်း အထန်ဖိနှိပ်ခံခဲ့ရသည့် NLD ပါတီဝင်များအတွက်အောင် ပွဲဖြစ်သည်။ အရပ်သားတစိတ်တပိုင်း အစိုးရလက်ထက်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ နှေးကွေးသော်လည်းတည်ငြိမ်မှုရှိသည်။ ရွေးကောက်တင်မြှောက် ခြင်းခံရသူ  မဟုတ်သည့် စစ်တပ်မှ  ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် လွှတ်တော်ကိုယ်စားလှယ်များအဖြစ် လွှတ်တော်တွင် တက်ရောက်နိုင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့်   ဗီတိုအာဏာရထားသည့်   စစ်တပ်ရှိနေ သည့်အတွက် ဥပဒေပြုရေး အထူးသဖြင့် စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် အခက်အခဲ စိန်ခေါ်မှုများဖြင့် ကြုံတွေ့ရသည်။ 

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်ကို ဖမ်းဆီးစဉ် သူ၏ သမီးငယ်လည်း စစ်ကြောရေးစခန်းတွင် စစ်ကြော မေးမြန်းခံရသည်ဟု မိသားစုနှင့် နီးစပ်သူတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားတို့က ရန်ကုန်မြို့မှ သတင်းသမား မထက်ထက်ကို ဖမ်းဆီးရာတွင် သူ၏ ၇ နှစ်အရွယ် သမီးဖြစ်သူကိုပါ နှစ်ညတိတိ ခေါ်ယူထားကာ စစ်ဆေးခဲ့ကြောင်း ရန်ကုန်သတင်းရင်းမြစ်တချို့ထံမှ သိရသည်။

စက်တင်ဘာ ၁၁ ရက်နေ့က သင်္ဃန်းကျွန်းပို့စ်သတင်းဌာန အယ်ဒီတာ မထက်ထက်၊ သူ၏သမီး၊ သတင်းထောက် ကိုဝေလင်းယုတို့ကို ဖမ်းဆီးစဉ် ကလေးကိုပါ ထိုသို့ စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း မိသားစု၏ မိတ်ဆွေတစ်ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောပြသည်။

အမှုဖွင့်ထားသည့် သာကေတမြို့နယ် ရဲစခန်းက ၎င်းတို့ကို ဖမ်းဆီးစဉ် ဖောက်ခွဲရေးပစ္စည်းများကို ဖမ်းမိခဲ့သည်ဟု မိသားစုဝင်များကို ပြောဆိုခဲ့သည်ဟု သိရသည်။

“သတင်းထောက်တစ်ယောက်အနေနဲ့ သတင်းပုံစံမဟုတ်ဘဲနဲ့ ဖောက်ခွဲရေးနဲ့ စွဲထားတာကိုတော့ သဘောမကျဘူး မိသားစုက ပြောတယ်၊ စိတ်ထဲမှာ ဘဝင်မကျဘူး” ဟု  မိသားစုနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ကလေးကို စစ်ကြောရေးဝင်စဉ်ကလည်း လက်နက်နှင့် ပတ်သက်ပြီး မေးမြန်းခံရသည်ဟု ကလေးက ပြန်လည်လွတ်မြောက်လာပြီးနောက် ပြောပြကြောင်း သိရသည်။

“သမီးအမေကြီးက သေနတ်တွေဝယ်တာ တွေ့လားလို့ ကလေးကိုမေးတယ်၊ ကလေးကတော့ သူလည်း မမြင်ဖူးဘူး၊ သူ့အမေကလည်း အဲဒါတွေ မလုပ်ဘူး၊ သမီးအမေကြီးက သမီးကို သေနတ်ကစားစရာ မဝယ်ပေးဘူးလို့ပဲ ပြောလိုက်တယ်လို့ ကလေးက အိမ်ရောက်တော့ အဲလိုပြန်ပြောပြတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မထက်ထက်၊ ကိုဝေလင်းယုတို့ကို စစ်ကြောရေးစခန်းမှ အင်းစိန်ထောင်သို့ပို့ခဲ့သည်ဟု သိရသည်။

သူတို့နှစ်ဦးကို အနိမ့်ဆုံး ထောင်ဒဏ် ဆယ်နှစ်မှ တစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်သည့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ဥပဒေ ပုဒ်မ ၅ ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်ဟု သိရကြောင်း  မထက်ထက်၏ မိသားစုနှင့် နီစပ်သော အဆိုပါ သတင်းရင်းမြစ်က Myanmar Now ကို ပြောသည်။

သင်္ဃန်းကျွန်းပိုစ့်သတင်းဌာန၏ အွန်လိုင်းစာမျက်နှာတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သော ဆန္ဒပြမှုသတင်းများ စက်တင်ဘာလဆန်းပိုင်းအထိ ဖော်ပြခဲ့သည်ကို တွေ့ရသည်။

မဲပေးသူအမည်စာရင်း အားနည်းချက်ရှိသည်ဟု အကြောင်းပြပြီး ဗိုလ်ချုပ်ကြီးများက အာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း သတင်းသမား တစ်ရာကျော် ဖမ်းဆီးခံခဲ့ရပြီးဖြစ်သည်။

၎င်းတို့ထဲမှ အများအပြားသည် အောက်တိုဘာလနှောင်းပိုင်း အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ပြန်လွတ်လာသည်။

တစ်ပြိုင်တည်းမှာပင် ဆက်လက် ဖမ်းဆီးခံထားရသည့် သတင်းသမားများထဲမှ တချို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနှင့် အမှုဖွင့်ခံလိုက်ရသည်။

မန္တလေးမြို့အခြေစိုက် Channel Mandalay သတင်းဌာနတွင် သတင်းထောက်ချုပ်တာဝန်ယူခဲ့သူ ကိုဝင်းနိုင်ဦး၊ ရပ်နားထားသည့် စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်းမ်သတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သူ ၂၅ နှစ်အရွယ် ကိုဒီမြတ်ငြိမ်း၊ အသက် ၃၀ အရွယ် ကိုပြည့်ဖြိုးအောင်တို့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ  ပုဒ်မ ၅၂ (က)နှင့် စွဲဆိုခံထားရသည်ဟု ရှေ့နေများက ပြောသည်။

ထောင် ၃ နှစ်အထိ ချမှတ်နိုင်သော ထိုပုဒ်မကို  အာဏာသိမ်းစစ်ဗိုလ်ချုပ်များက  ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း ဗိုလ်ချုပ်ကြီးများက အပြောင်းအလဲလုပ်ခဲ့သည်။  ဥပဒေကျွမ်းကျင်သူများက ထိုအပြောင်းအလဲသည် ပြည်သူများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်လိုသောကြောင့်ဖြစ်သည်ဟု ယူဆကြသည်။

သတင်းမီဒီယာသမားများကို ပုဒ်မ ၅၀၅-က အပြင် အကြမ်းဖက်ပုဒ်မများဖြင့်ပါ တရားစွဲဆိုခြင်းသည် ဖမ်းထားသည့်သတင်းသမားများကို ဆက်လက် ထိန်းသိမ်းထားလိုသောကြောင့်ဖြစ်နိုင်ကြောင်း သတင်းစာဆရာ ဦးမြင့်ကျော်က သုံးသပ်သည်။

“ဒီဟာကတော့ မီဒီယာကို ထပ်ပြီးတော့ ဖိအားနောက်တစ်ဆင့် ထပ်ပေးတဲ့သဘောလို့မြင်တယ်၊ မီဒီယာသမားတွေကို ၅၀၅-ကနဲ့တင် မဟုတ်ဘဲနဲ့ နောက်ထပ် တချို့သောအခြေအနေတွေမှာ လွှတ်ပေးတဲ့အခြေအနေတွေမှာ မပါနိုင်ဘူးပေါ့” ဟု ပြောသည်။

နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးရှေ့တွင် NLD ပါတီ နာယက ဦးဝင်းထိန် ရုံးထုတ်ကို သတင်းယူနေသော မဇ္ဈိမအယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်သည် မတ်လ ၁၉ ရက်နေ့က ဖမ်းဆီးခံထားရသည်။

သတင်းသမား ကိုသန်းထိုက်အောင်သည် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း သူ၏ လူမှုကွန်ရက်ပေါ်တွင် လက်သုံးချောင်းထောင်ထားသည့် ပုံနှင့်တကွ စာရေးကာပို့စ်တင်ခဲ့ခြင်း၊ ဝန်ထမ်းများ အာဏာဖီဆန်ကြရန် လှုံ့ဆော်ခြင်းများကြောင့် ဟုဆိုကာ အာဏာပိုင်များက ပုဒ်မ ၅၀၅ – ကဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

ကိုသန်းထိုက်အောင်သည် ထိန်းသိမ်းခံရသူ အများစုနည်းတူ စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသည်ဟု ထောင်တွင်းသတင်းရင်းမြစ်တချို့ထံမှ သိရသည်။

ပုဒ်မ ၅၀၅ -က ဖြင့် အမှုရင်ဆိုင်ကာ ဖမ်းဆီးခံရသူ ပြစ်ဒဏ်ကျခံရသူ သတင်းသမားများကို စစ်အုပ်စုက လွှတ်ပေးခဲ့သော်လည်း ကိုသန်းထိုက်အောင်ပါဝင်ခဲ့ခြင်းမရှိဘဲ နေပြည်တော်အချုပ်ထောင်တွင်သာ ချုပ်နှောင်ခံထားရဆဲဖြစ်သည်။

ရပ်ဝေးတွင်နေထိုင်သော မိဘများက အသက်ခြောက်ဆယ်ကျော်အရွယ်များ ဖြစ်ကြပြီး ဝင်ငွေအရနည်းသည့် အဝတ်လျှော်သည့် လုပ်ငန်းကို လုပ်ကိုင်ကြသည်။ ကုန်ကျစရိတ်ကြီးလွန်းလှသော်လည်း နေပြည်တော်သို့ တစ်ကြိမ်လာရောက်ကာ ရုံးချိန်းတွင် တွေ့ဆုံခွင့်ရခဲ့သည်။

၎င်းတို့၏ တစ်ဦးတည်းသောသားကို နောက်တစ်ကြိမ် ရုံးထွက်ရက်တွင် တွေ့ဆုံခွင့်ရရန် မျှော်လင့်နေသော်လည်း အာဏာပိုင်များက အွန်လိုင်းရုပ်သံစနစ်ဖြင့် ရုံးထုတ်စစ်ဆေးသည်ဟု ကိုသန်းထိုက်အောင်၏ ဖခင်ဖြစ်သူထံမှ သိရသည်။

“ကျွန်တော့်သားလေးက အခုထိ အသက်ရှင်လျက်ရှိတယ်ဗျာ၊ တိုင်းပြည်မှာ လူတွေအများကြီး သေနေကြတယ်။ ကျွန်တော်တို့ဖြေသိမ့်နိုင်တယ်။ လူတွေ ထောင်နဲ့သောင်းနဲ့ချီပြီး သေနေကြတယ်။ ကျွန်တော့်သားလေး အသက်ရှင်နေသေးတယ်” ဟု ကိုသန်းထိုက်အောင်၏ အဖေက ပြောသည်။

“ကျွန်တော့သားလေးက အမှန်တရားကိုလုပ်တယ်။ မှန်တဲ့ဒဏ်ကို ခံတယ်။ အဲတော့ မှန်တဲ့တစ်နေ့ ပြန်ထွက်လာလိမ့်မယ်”

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် ရွှေဖီမြေသတင်းအေဂျင်စီတွင် ရုပ်သံသတင်းထောက်အဖြစ် တာဝန်ယူခဲ့ဖူးသူ လွေးအမ်ဖောင်သည် စက်တင်ဘာ ၂၆ တွင် ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅ – ကနှင့် အမှုဖွင့်ခံထားရသည်။    မေလအတွင်းကလည်း စစ်အုပ်စုက ရွှေဖီမြေသတင်းဌာနရုံးခန်းကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက mizzima,7 Day,Myanmar Now, DVB နှင့် Yangon Khit Thit  စသည့်သတင်းဌာန ၅ ခုကို တရားမဝင်ဟုဆိုကာ ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသောသတင်းသမားများထဲတွင် အမြင့်ဆုံးထောင်ဒဏ်ချမှတ်ခံခဲ့ရသူမှာ အမေရိကန်သတင်းသမား ဒန်နီဖန်စတာ ဖြစ်သည်။

မျှမျှတတ စစ်ဆေးခြင်း မရှိဘဲ ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင်း သတင်းသမားများ အတိဒုက္ခရောက်နေသည့် အခြေအနေကို ဖော်ညွှန်းပြသခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး မစ်ရှဲလ် ဘတ်ချလတ်က ပြောလိုက်ပြီး သတင်းသမားများအားလုံးကို ပြန်လွှတ်ရန် နို၀င်ဘာ ၁၂ တွင် တောင်းဆိုလိုက်သည်။

ဒန်နီဖန်းစတာကို  အမိန့်ချပြီး သုံးရက်အတွင်း ဗိုလ်ချုပ်ကြီးများက  ပြန်လွှတ်ပေးခဲ့သည်။

ဂျပန်သတင်းသမား ယူခိခီတဇုမိ၊ အမေရိကန်နိုင်ငံသားခံယူထားသူ သတင်းသမား ကိုနေသန်မောင်တို့ကို စစ်ကောင်စီက လွှတ်ပေးခဲ့သည်။

Myanmar Now News

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ်က သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူတွေကို ထင်သလို ဖမ်းဆီးမှုတွေ တိုးလာနေသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ လုပ်နေသူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာအတွက် ကုလသမဂ္ဂက အထူးစိတ်ပူကြောင်း အတွင်းရေးမှုးချုပ် ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ထင်သလို ဖမ်းဆီးမှုတွေ တိုးလာတာအတွက် ကုလသမဂ္ဂက အထူးစိုးရိမ်ပါတယ်။ NLD အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ဆက်နွယ်နေသူတွေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ လုပ်နေသူတွေဟာ သူတို့ရဲ့ အခြေခံရပိုင်ခွင့်ကို ကျင့်သုံးတာကနေ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတာတွေအထိ သူတို့ရဲ့ လုပ်ဆောင်မှုတွေကြောင့် ပစ်မှတ်ထားတာကို ခံနေရကြောင်းနဲ့ ဒီလို ထင်ရာဖမ်းဆီးမှုတွေကို ရပ်ပစ်ရမှာ ဖြစ်ကြောင်း ပြောပါတယ်။

သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို ထင်သလိုဖမ်းဆီးနေတာအတွက် စိတ်ပူကြောင်း မတ်လတုန်းက လုံခြုံရေးကောင်စီကထုတ်ပြန်ထားသလို အခု ရက်ပိုင်းအတွင်း NLD ရုံးတွေ အတိုက်ခိုက်ခံနေရတာ အတွက် ကုလသမဂ္ဂက စိုးရိမ်နေကြောင်းလည်း ပြောပါတယ်။ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးလာတာ အပါအဝင် အဖမ်းခံနေရသူတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေ၊ ဆန္ဒပြပြည်သူတွေ အပေါ်ခြေမှုန်းမှုတွေဖြစ်ပွါးနေတာနဲ့ ပတ်သက်ပြီးလည်း ကုလသမဂ္ဂက စိုးရိမ်နေရဆဲ ဖြစ်ကြောင်း ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း စစ်တပ်ဖမ်းဆီးထားစဉ် သေဆုံးရသူက ၁၇၅ ဦးထက်မည်းရှိနေပြီး ဒီအထဲမှာ အောက်တိုဘာ အစောပိုင်းကစပြီး အဖမ်းခံနေရစဉ် သေဆုံးရသူ ၅၀ ပါပါဝင်ကြောင်းနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ နှိပ်စက်ညှင်းပမ်းထားတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ အဖွဲ့အားလုံးကလည်း အကြမ်းဖက်မှုတွေကို ရပ်တံ့ဖို့ပါ ကုလသမဂ္ဂက ထပ်မံတောင်းဆိုခဲ့ပါတယ်။

VOA News

နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ရဲ့ ခေါင်းဆောင်ပိုင်းသစ်ကို ရွေးချယ်ဖို့ ဒီသီတင်းပတ် အတွင်းမှာဘဲ တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့မှာ စည်းဝေးကြဖို့ ရှိနေပါတယ်။ ဒါပေမယ့်လည်း Interpol ရဲ့ သြဇာကြီးတဲ့ ကမ ္ဘာတဝန်း ရဲဝန်ထမ်းများရဲ့ ကွန်ရက်ဟာ အာဏာရှင် အစိုးရတွေရဲ့ လက်အောက်ကို ကျရောက်သွားနိုင်ကြောင်းလည်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်နိုင်ငံတွေက လွှတ်တော် အမတ်တွေက သတိပေးနေကြပါတယ်။

ပြင်သစ် အခြေစိုက် Interpol ရဲ့ အထွေထွေညီလာခံကို တူရကီမှာ အင်္ဂါနေ့ ကျင်းပမှာဖြစ်ပြီး အဖွဲ့ကြီးရဲ့ ထိပ်ပိုင်း ရာထူးတွေ အတွက် ယှဉ်ပြိုင်နေကြသူတွေထဲမှာ တရုတ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု တို့လို နိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံရေး အတွက် အသုံးချခံမှာ မဟုတ်ဘူးလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol က ပြောပါတယ်။

ဒါပေမယ့်လည်း ဒီ ကိုယ်စားလှယ်တွေသာ အနိုင်ရသွားရင်တော့ မူးယစ်မှောင်ခိုတွေ၊ လူမှောင်ခိုတွေ၊ စစ်ရာဇဝတ်မှု သံသယ ရှိသူတွေ၊ အစွန်းရောက်ဝါဒီတွေလို့ စွပ်စွဲခံရသူတွေကို ဖော်ထုတ် ဖမ်းဆီးမယ့် အစား ပြည်ပမှာ တိမ်းရှောင်နေတဲ့ အတိုက်အခံတွေ၊ ပြည်တွင်းက နိုင်ငံရေး အတိုက်အခံတွေကို ဖမ်းဆီးရေး နိုင်ငံတကာ ရဲတပ်ဖွဲ့ Interpol ရဲ့ ကမ ္ဘာတလွှား ချိတ်ဆက်မှုကို သူတို့ နိုင်ငံတွေက အသုံးပြုလာမယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

အထူးသဖြင့် ဝေဖန်ခံနေရတဲ့ ကိုယ်စားလှယ်လောင်း ၂ ဦးကတော့ Interpol အကြီးအကဲ အဖြစ် ၄ နှစ်သက်တမ်း အတွက် ရွေးကောက်ခံရရေး ကြိုးစားနေတဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စု UAE ရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနမှာ စုံစမ်းရေးမှူးချုပ် ဖြစ်တဲ့ ဗိုလ်ချုပ် Ahmed Aaser al-Raisi နဲ့ Interpol ရဲ့ အမှုဆောင် ကော်မတီဝင် ကိုယ်စားလှယ်လောင်း ဖြစ်တဲ့ တရုတ် ပြည်သူ လုံခြုံရေး ဝန်ကြီးဌာနက အရာရှိ Hu Binchen တို့ ဖြစ်ပါတယ်။

အင်တာပိုလ်ရဲ့ ခေါင်းဆောင်ပိုင်းသစ်ကိုတော့ ကြာသပတေးနေ့မှာ မဲပေးကြမယ်လို့ ခန့်မှန်းထားကြပါတယ်။

VOA News