ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (၂၀၂၁ ခုနှစ် နို၀င်ဘာလ ၁၅ ရက်နေ့ မှ ၂၁ ရက်နေ့အထိ)
၆ လကြာ ဖမ်းဆီးထိမ်းသိမ်းခံရပြီးနောက် အမေရိကန်သတင်းစာဆရာ Danny Fenster သည် ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် US သံတမန်ဟောင်း Bill Richardson ၏ အကူအညီဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ပြည်လည်လွတ်မြောက်သည့် နေ့မတိုင်မီ နို၀င်ဘာလ ၁၂ ရက်နေ့တွင် ၎င်းကို ပြည်နှင်ဒဏ် ပေးခဲ့သည့် စစ်ကောင်စီမှ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မတို့ဖြင့် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခဲ့သည်။ Danny Fenster အလုပ်လုပ်သည့် Frontier Myanmar သတင်းဌာနမှ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် အမှုအပေါ် အခြေအမြစ်မရှိ၊ တရားမျှတမှုမရှိဘဲ ဥပဒေအောက်တွင် ပြင်းထန်လွန်းကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ထောင်တွင်းတရားရုံးတွင် လအတန်ကြာ စစ်ဆေးပြီးနောက် အစကတည်းမှ ဖမ်းဆီးထိန်းသိမ်းခြင်းမပြုသင့်သော သတင်းသမားများနှင့် နိုင်ငံရေးအကျဥ်းသားကို ခြွင်းချက်မရှိ ပြန်လွတ်ပေးရန် တောင်းဆိုမှုများ ထွက်ပေါ်လာပြီးနောက် ပြန်လွတ်လာခြင်းဖြစ်သည်။
Danny သည် မေလ ၂၄ ရက် မိသားစုရှိရာ အမေရိကန်နိုင်ငံသို့အပြန် မြန်မာသတင်းမီဒီယာဌာန ဖြစ်သော Myanmar Now တွင် ရေးသားဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ကြောင်း စွပ်စွဲမှုဖြင့် လေဆိပ်တွင် လုံခြုံရေးတပ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဖမ်းဆီးခံရခြင်းနှင့် နောက်ဆက်တွဲလွတ်မြောက်လာခြင်းတို့သည် အာဏာသိမ်းစစ်တပ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ထားကြောင်း မီးမောင်းထိုးပြနေသည်။ မြန်မာနိုင်ငံတွင် ဒါဇင်နှင့်ချီ အကျဉ်းကျနေဆဲဖြစ်သော သတင်းသမားများလွတ်မြောက်ရေးအတွက် တက်နိုင်သလောက် လုပ်ဆောင်သွားမည်ဟု Danny မှ ပြောကြားခဲ့သည်။ သတင်းသမားများသည် ပြင်းထန်သောစွဲချက်များရင်ဆိုင်နေရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံနိုင်သည့် အမှုကိုရင်ဆိုင်နေရသည်။
Danny ပြန်လည်လွတ်မြောက်လာသည့်သတင်းကို တခဲနက်ကြိုဆိုကြသော်လည်း မြန်မာသတင်းမီဒီယာများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် မတရား ဖမ်းဆီးချုပ်နှောင် ခံထားရသော အရပ်သားများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် နှင့် ပြန်လည်လွတ်မြောက်ရန်အတွက် ၎င်းတို့ကိုယ်စား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန်လည်း အရေးကြီးသည်။
အာဏာသိမ်းစစ်တပ်သည် မြန်မာပြည်တစ်၀ှမ်းရှိ သတင်းမီဒီယာအပေါ် အတင်းအကျပ် ဖိနှိပ်ရန် သိသာထင်ရှားသော လုပ်ရပ်များကို လုပ်ဆောင်နေပြီး လွတ်လပ်သော သတင်းမီဒီယာ လောကကို လုံးလုံးလျားလျား ချေမှုန်းပစ်ရန် လုပ်ဆောင်နေသည်။ ဖေဖော်၀ါရီလကတည်းမှ စတင်၍ သတင်းမီဒီယာများအား “အာဏာသိမ်းအစိုးရ”ဟု သုံးနှုန်းခြင်းမပြုရန် သတိပေးခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို မှတ်တမ်းတင် သတင်းရယူမှုကြောင့် သတင်းထောက်များစွာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဒါဇင်နှင့်ချီ ထွက်ပြေး ပုန်းရှောင်နေခဲ့ရသည်။ အများစုသည် ဖမ်း၀ရမ်းစာရင်းထဲတွင် ကျန်နေဆဲဖြစ်ပြီး ၎င်းတို့၏ မိသားစု၀င်များသည် ဓားစာခံအဖြစ် ပစ်မှတ်ထားခံရကာ ဖမ်းဆီးခံနေရသည်။ စိုးရိမ်စရာအခြေအနေနှင့် သိသိသာသာ ဆိုး၀ါးစွာ ကျဆင်းနေသည့် မြန်မာ့သတင်း လွတ်လပ်ခွင့်အခြေအနေသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ ကမ္ဘာပေါ်တွင် အဆိုးဆုံး ဖြစ်နေသည်။
မြန်မာနိုင်ငံရှိ သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုကို ရပ်တန့်ရန်နှင့် မတရား အကျဥ်းချခံထားရသော သတင်းထောက်များ ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်ရန် အရေးတကြီးလိုအပ်သည်။ ဒီမိုကရေစီ အသိုင်းအ၀ိုင်းတိုင်းအတွက် အမှတ်အသားဖြစ်သော သတင်းလွတ်လပ်ခွင့်ကို အကြမ်းဖက် စစ်ကောင်စီမှ အကျိုးမရှိအောင် အကြမ်းဖက်လုပ်ဆောင်နေပြီး တားမြစ်ပိတ်ပင်မှုများကို အလေးထား ဖိနှိပ်လုပ်ဆောင်နေသည်။ စစ်ကောင်စီ လျှောက်လှမ်းခဲ့သည့် အန္တရာယ်ရှိသော လမ်းစဥ်ကိုပြောင်းပြန်လှန်ရန် လိုအပ်သည်။ ထိုသို့မလုပ်ပါက သတင်းမီဒီယာ၏ တန်ဖိုးသည် ယုတ်လျော့ကျဆင်းသည်သာမက သတင်းထောက်များ အတွက်လည်း ပို၍ အန္တရာယ်ရှိပေသည်။ ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ထိန်းချုပ်ခံနေရသော ကျွမ်းကျင် အတက်ပညာရှင်တို့၏ အရည်အချင်း နှင့် ဂုဏ်သိက္ခာ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်ရန် လိုအပ်သည်။
တိုင်းရင်းသားဒေသများရှိပဋိပက္ခများ
ချင်းပြည်နယ်
ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်စီးနင်းစဥ် အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲမှုများရှိနေသည်။ အဓမ္မပြုကျင့်ခံခဲ့ရသူ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး၏ ခေါင်းကို သေနတ်ဖြင့်ချိန်ရွယ်ကာ သူမ၏ ခင်ပွန်းရှေ့တွင် အဓ္ဓမပြုကျင်ခဲ့ကြောင်း ဒေသခံများမှ သိရှိရသည်။ သူမသည် မကြာသေးမီကပင် ကလေးမွေးဖွားထားသူတစ်ဦးဖြစ်သည်။ သူမ၏ ကိုယ်၀န်ဆောင် ယောင်းမ သည်လည်း ထိုညတွင်ပင် အဓ္ဓမပြုကျင်ခံခဲ့ရသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့CHRO မှ ဒါရိုက်တာ သင်းယုမွန်မှ အဆိုပါဖြစ်ရပ်သည် စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး အလွန်တရာမှ လူမဆန်ကြောင်း မှတ်ချက်ပြုခဲ့သည်။
စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများတိုးလာခြင်းနှင့် စစ်အင်အားတိုးချဲ့လာခြင်းသည် အရပ်သားများအတွက် အန္တရာယ်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီ မှ ချင်းပြည်တယ်တွင် အ
စစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများတိုးလာခြင်းနှင့် စစ်အင်အားတိုးချဲ့လာခြင်းသည် အရပ်သားများအတွက် အန္တရာယ်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီမှ မြန်မာပြည်၏ လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ “ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်မှ စပါးများကိုလုယူခြင်း၊ လယ်ယာများနှင့် အိမ်မွေးတရိစ္ဆာန်များကို ဖျက်ဆီးသတ်ဖြတ်ခြင်းဖြင့် ဒေသခံများကို အစာရေစာငတ်မွတ် ခေါင်းပါးရန် လုပ်ဆောင်နေသည်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း တဝှမ်းမှ ပြည်သူများသည် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေပါသည်ဟု ပြောဆိုခဲ့သည်။”
ကရင်ပြည်နယ်
ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဒေသခံ အရပ်သားများ လုံခြုံရေးအတွက် စိုးရိမ်နေကြရသည်။။ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အဆိုအရ နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ တိုက်ပွဲများအတွင်း မြန်မာစစ်တပ်မှ တပ်သား ၃၂ ဦး ကျဆုံးကာ ၅၆ ဦး ဒဏ်ရာရရှိခဲ့သည်။ လာမည့် ခြောက်သွေ့ရာသီကို အခွင့်ကောင်းယူကာ ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ပို့ဆောင်ရန် စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်လာခြင်းကြောင့် တိုက်ပွဲများ တိုးလာရခြင်းဖြစ်သည်ဟု KNU မှ သတင်းထုတ်ပြန်ခဲ့သည်။
နို၀င်ဘာလ ၁၁ ရက်နေ့ မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မာထောကျေးရွာတွင် အခြေစိုက်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၈) လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ(၄၀၆) နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ကြား တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU မှ သတင်းထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှ ကျေးရွာတစ်ရွာတွင် နေအိမ် သုံးဒါဇင်ကျော်ကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည်။ နေအိမ်အများအပြားကို စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တာ၀န်ရှိသူမှ ပြောကြားခဲ့သည်။ အိုးအိမ်များ မီးရှို့ဖျက်ဆီးခံရပြီးနောက် စစ်တပ်မှ ထိုဒေသတွင် စခန်းချသောကြောင့် ဒေသခံများသည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ နေအိမ်များအပြင် ဘုရားကျောင်းတစ်ကျောင်းသည်လည်း လက်နက်ကြီးကြောင့် ပျက်ဆီးခဲ့သည်။
Fortify Rights မှ ထုတ်ပြန်သော “Access Denied” အစီရင်ခံစာအသစ်တွင် ကယားပြည်နယ်တွင် အသက်ကယ်ဆယ်ပေးရေး အကူအညီများ ပိတ်ပင်ခြင်း အပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားသည်။
အစီရင်ခံစာပါ မှတ်တမ်းများအရ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဝင်ရောက်စီးနင်းခြင်းနှင့် ကျေးရွာများကို မီးလောင်ပျက်ဆီးစေခြင်း စသည့်ချိုးဖောက်မှုများ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ တိုးမြင့်လာခဲ့သည်။ စစ်ဘေးရှောင်များကို ကူညီနေသော စေတနာ့၀န်ထမ်းများ ပစ်မှတ်ထားခံနေရပြီး မတရားဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပွားနေသည်။
ဆေးဝါးရိက္ခာ အပူတပြင်းလိုအပ်နေတဲ့ ချင်းစစ်ဘေးရှောင် လူနာများ
ချင်းပြည်နယ် မတူပီမြို့နယ်က တောတောင်ထဲမှာ ပုန်းရှောင်နေကြတဲ့ ရာနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ ဖျားနာနေကြပြီး တော်တော်များများ ကိုဗစ်ရောဂါလက္ခဏာတွေ ပြနေပေမဲ့ စစ်ဆေးနိုင်ခြင်း မရှိကြပါဘူး။ ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည်တွေထဲက ဖျားနာနေသူ ၄၀၀ လောက်ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဆေးဝါးနဲ့ အစားအသောက် အလွန်အမင်း လိုအပ်နေတဲ့ ဒုက္ခသည်တွေ ဖျားနာနေတဲ့ အခြေအနေ ရန်ကုန်ကလာတဲ့ သတင်းကို ဦးသိန်းထိုက်ဦး ပြောပြပါမယ်။
ချင်းပြည်နယ်ထဲမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တဲ့ နေရာတဝိုက် စစ်တပ်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေတာကြောင့် တောတောင်ထဲ ထွက်ပြေးနေကြရတဲ့ မတူပီမြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တော်တော်များများ ဖျားနာနေကြပါတယ်။ မတူပီမြို့နယ် ရမ်တိန်ကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၄၀၀ လောက် ဖျားနာချောင်းဆိုးနေကြပြီး တချို့မှာ ကိုဗစ်ရောဂါလက္ခတွေပြနေပေမဲ့ စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ စစ်ပြေးဒုက္ခသည်တစ်ဦးက VOA ကို ပြောပါတယ်။
“ရမ်တိန်အုပ်စုမှာက လူဦးရေက ဟိုဟာ ၇၀၀ ကျော်ထဲမှာ ၄၀၀ နီးနီးလေးပေါ့နော်၊ ၄၀၀ လောက်ပေါ့ နေမကောင်းသူလေ။ ရာသီတုပ်ကွေးဖြစ်တဲ့သူ နှာစေး ချောင်းဆိုးဖြစ်တဲ့သူတွေ ရှိတယ်။ တယောက်နဲ့ တယောက်ကူးတာပဲဖြစ်မယ်။ ကျနော်တို့က အတူတူစား၊ အတူတူသောက်၊ အတူတူအိပ်ဆိုတော့လေး တယောက်နဲ့ တယောက်ကူးစက်တာပဲ ဖြစ်မှာ။ ရမ်တိန်မှာ။ တနေရာမှာဆိုရင် အနံ့ မရတဲ့သူတွေလည်း ရှိတယ်။ ကိုဗစ်ဖြစ်နိုင်တဲ့ အခြေအနေ။ စစ်ဆေးဖို့က ကိရိယာတွေ ကျနော်တို့မှာ မရှိဘူး။”
ချင်းပြည်နယ် မတူပီမြို့နယ် မတူပီ-မင်းတပ် လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ ကျေးရွာတွေအပေါ် စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ရမ်တိန်ရွာ၊ ခြန်ပြန်းကရွာ၊ ခြန်ပြန်းခရွာ စတဲ့ ကျေးရွာတွေ ရွာလုံးကြွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
နိုဝင်ဘာ ပထမပတ်လောက်က ခြန်ပြန်းကျေးရွာ ကျေးရွာအုပ်စုက အဖျားပြင်းတဲ့ စစ်ဘေးရှောင် အသက်ကြီးပိုင်း အမျိုးသားတဦးကို မတူပီဆေးရုံကြီးကို ပို့တော့မှ ကိုဗစ်ကပ်ရောဂါ ဖြစ်နေတယ်ဆိုတာ စစ်ဆေးတွေ့ရှိတယ်လို့ ခြန်ပြန်းက ကျေးရွာအုပ်စုက ဒေသခံတဦးက ပြောပြပါတယ်။
ခြန်ပြန်းကျေးရွာအုပ်စုက စစ်ဘေးဒုက္ခသည် ၅၀၀ လောက်ရှိပါတယ်။ အဲ့ဒီထဲက သုံးပုံ နှစ်ပုံလောက်ဟာ ဖျားနာ ချောင်းဆိုးနေကြပေမယ့် ကိုဗစ်ဟုတ်၊ မဟုတ် စစ်ဆေးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ အခုလို ပြောပါတယ်။
“ရာသီတုပ်ကွေးဖြစ်တာပဲ ရှိတယ်။ ဟိုတခေါက်တုန်းက ရွာက အဖိုးကြီးတယောက် ဒီမှာစစ်ဘေးရှောင်ရင်းနဲ့ ဖျားတယ်။ ဖျားပြီးတော့ ကျနော်တို့ တောလမ်းကနေ မြို့ပေါ်ကို ပေါ့နော်၊ ဆေးရုံကို ပို့ကြတယ်။ အဲ့ဒါ ဆေးရုံတင်တဲ့အချိန်မှာ သူတို့က ဆေးရုံမှာ စစ်လိုက်တော့ ကိုဗစ်ရောဂါရှိတယ်ဆိုပြီးမှာ အဲ့ဒါ ကိုဗစ်တွေလည်း ဖြစ်နေတယ်ထင်တယ်။ အဲ့ဒါကျနော်တို့ကလည်း မစစ်နိုင်တဲ့ တောထဲမှာ မစစ်နိုင်တဲ့အခါကျတော့ ကျနော်တို့ကိုဗစ်ဖြစ်လည်း ကျနော်တို့က မသိဘူး။ အဲ့လိုပဲ ဆေးရှိတဲ့ဟာ မရှိတဲ့ဟာ ဆေးတွေလေ။ အဲ့လိုမျိုးတွေ ကုပြီးတော့ နေနေကြတာဆိုတော့ အခုက ကိုဗစ်ဖြစ်မှန်းကို ကျနော်တို့ မသိရဘူး။”
စစ်ဘေးဒုက္ခသည် ကိုယ်ဝန်ဆောင်အမျိုးသမီး တဦးလည်း ဖျားနာ၊ ချောင်းဆိုးပြီး တကိုယ်လုံးကိုက်ခဲ နာကျင်တယ်လို့ ပြောပါတယ်။ လသားအရွယ် ကလေးငယ်တွေလည်း အသက်ရှူကြပ်ပြီး ဖျားနာနေကြတယ်လို့ ပြောပါတယ်။
“ရာသီတုပ်ကွေးက ချောင်းဆိုးတယ်၊ နှာချေတယ်။ ပြီးတော့ ဘယ်လိုလဲ အန်လည်းအန်ချင်တယ်။ တကိုယ်လုံးကိုက်ခဲတယ်။ ဟို အဆစ်တွေ အကုန်လုံး နာတယ်။ ကိုယ်ဝန်သည်ဆိုတော့နော် ယောင်လည်း ယောင်တယ်ပေါ့။ ကိုယ်ဝန်သည်ဆိုတော့နော် တအား အားပြတ်တယ်။ စစ်ရှောင်ဆိုတော့ အဟာရတွေလည်း မရှိ။ အဟာရဆိုတာ ထန်လျက်ခဲတောင်မှ လုံးလုံး မစာနိုင်တော့ဘူး။ လက်ရှိ ကျမရဲ့ ဘေးပတ်ဝန်းကျင်မှာလေး ညီမတွေ ကိုယ့်အစ်ကိုတွေ အစ်မတွေရဲ့ ကလေးတွေ တစ်လအောက် တွေ ရှိတယ်။ သုံးလအောက်တွေ ရှိတယ်။ အဲ့ဒါ နှာစီးလို့ အသက်မရှူနိုင်တဲ့ ကလေးတွေ အများကြီးရှိတယ်။ လေး၊ ငါး ယောက် လောက်ရှိတယ်။”
ဖျားနာ နေမကောင်းတဲ့ သူတွေအတွက် တောတောင်ထဲမှာ ကျန်းမာရေးကုသမှု၊ ဆေးဝါးနဲ့ အစာအဟာရ ရရှိမှု အတော်ခက်ခဲရှားပါးနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ဗွီအိုအေ ကို ပြောပါတယ်။ သူနာပြုဆရာဝန်တွေ၊ ဒေသခံ ဆေးအကြောင်း နားလည်တဲ့သူတွေဆီက အကူအညီတောင်းခံပြီး အဆင်ပြေသလို ကုသနေရတယ်လို့ ပြောပါတယ်။ ချင်းပြည်နယ်မှာ ဆောင်းတွင်းကာလ ရာသီဥတုအေးတဲ့အတွက် အနွေးထည်၊ စောင်တွေ လိုအပ်သလို ဆေးဝါးနဲ့ အစားအသောက်တွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ ပြောကြပါတယ်။
VOA News
ကန်သတင်းသမားကိုလွှတ်ပေးသလို ထိန်းသိမ်းခံ မြန်မာသတင်းသမားတွေ အတွက်လဲ စဉ်းစားသင့် (မီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှူး)
အမေရိကန် သတင်းစာဆရာ ကို လွှတ်လိုက်ပေမဲ့ မြန်မာ သတင်းစာဆရာ ၄၀ ဝန်းကျင် ကတော့ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ ဒီ အပေါ် မှာ မြန်မာ သတင်းစာဆရာတွေ က ဘယ်လို မြင်ပါသလဲ။ အာဏာ မသိမ်းမီ က မီဒီယာ ကောင်စီ ရဲ့ တွဲဘက် အတွင်းရေးမှူး ဦးမြင့်ကျော် ကို ဦးတင်မောင်သန်း က မေးမြန်းထားပါတယ်။
ဦးတင်မောင်သန်း။ ။ အမေရိကန်သတင်းသမား လွတ်မြောက်သွားပြီဆိုတော့ ဒါနဲ့ ပတ်သက်လို့ ကိုမြင့်ကျော် ဘယ်လိုများ ပြောချင်ပါသလဲ ခင်ဗျ။
ဦးမြင့်ကျော်။ ။ ဟုတ်ကဲ့။ သူလွတ်မြောက်သွားတာ ကျနော်တို့ ဝမ်းသာတယ်။ နဂိုကတည်းက ဒီလိုအဖမ်းခံရဖို့၊ ပြစ်ဒဏ်ချမှတ်ခံရဖို့ မသင့်ဘူး။ ဒီလိုချမှတ်ခံရတာတွေက မီဒီယာလွတ်လပ်ခွင့်ရော၊ ကျန်တဲ့သတင်းသမားတွေအပေါ်မှာရော ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်။ ဒီလိုမျိုး ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရတယ်ဆိုတဲ့ အစဉ်အလာမျိုးတွေသာ သတင်းလွတ်လပ်ခွင့် ရော၊ ကျန်တဲ့ သတင်းသမားတွေအပေါ်မှာ သက်ရောက်မှု မကောင်းဘူး။ အခုလို အမေရိကန်နိုင်ငံသားအနေနဲ့ လွတ်မြောက်တာ၊ သတင်းသမားအနေနဲ့ လွတ်မြောက်တာ ကျနော်တို့ ဝမ်းသာတယ်။ ဒါပေမဲ့ ကျန်တဲ့ မြန်မာသတင်းသမားတွေလည်း သတင်းအလုပ်ကို လုပ်ပြီးတော့ ထောင်ထဲမှာ ဖမ်းခံနေရတဲ့၊ တရားစွဲခံနေရတဲ့၊ ပြစ်ဒဏ်ကျခံနေရတဲ့ လူတွေအတွက်လည်း လွတ်မြောက်သင့်တယ်လို့ ကျနော်တို့တော့ ထင်ပါတယ်။
ဦးတင်မောင်သန်း။ ။ စုစုပေါင်း မြန်မာသတင်းသမား ဘယ်နှစ်ယောက်လောက်များ အဖမ်းအဆီးခံနေရလဲ။
ဦးမြင့်ကျော်။ ။ အခုလက်ရှိ အထဲမှာ ကျန်နေတာက မှတ်သားထားတဲ့ စာရင်းအရ (၃၇)ယောက်၊ (၃၈)ယောက်ရှိပါတယ်။
ဦးတင်မောင်သန်း။ ။ များသောအားဖြင့် ဘယ်လိုစွဲချက်တွေနဲ့ အမှုတင်ခံရတာများလဲ ခင်ဗျ။
ဦးမြင့်ကျော်။ ။ အများဆုံးကတော့ ၅၀၅-က ပေါ့။ ဒီအသစ်ပြဌာန်းတဲ့ ဥပဒေ။ သတင်းမှား ထုတ်လွှင့်တယ်တို့၊ တပ်မတော်ကို အထင်အမြင်မှားအောင်၊ နောက်တခု နိုင်ငံ့ဝန်ထမ်းတွေ CDM လုပ်အောင် သွေးဆောင်တယ်တို့၊ ဒီပုဒ်မနဲ့ စွဲဆိုတဲ့ ၅၀၅-က အများစု၊ ဒါပေမဲ့ နောက်ပိုင်း သတင်းသမားတွေမှာတော့ ၁၇ (၁) လိုမျိုး ပြည်ပရောက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ဟာမျိုးရှိလာသလို၊ နောက်တခုက အကြမ်းဖက် ပုဒ်မတို့၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းပုဒ်မတို့၊ အဲဒါတွေနဲ့ စွဲခံရတဲ့ လူအနည်းငယ်လည်းရှိတယ်။
ဦးတင်မောင်သန်း။ ။ မကြာခဏဆိုသလိုပဲ သတင်းသမားတွေကို တရားစွဲဆိုတဲ့အခါမှာ ဆူပူလှုံဆော်မှုပြုတယ်လို့ ပြောပါတယ်။ အဲတော့ သတင်းရေးသားခြင်းနဲ့ ဆူပူလှုံဆော်မှု ကွဲပြားခြားနာပုံ ဘယ်လိုများရှိလဲ။
ဦးမြင့်ကျော်။ ။ စစ်ကောင်စီဘက်က သူတို့က ယူဆတာက ဒီဆန္ဒပြတဲ့ကိစ္စတွေကို သတင်းဖေါ်ပြတဲ့ဟာကလည်း ဆူပူလှုံဆော်မှုကို အားပေးတယ်။ လှုံဆော်တယ်လို့ သူတို့က ယူဆတယ်။ တကယ်တမ်းကြတော့ နိုင်ငံရေးပြဿနာက ဒီလိုဟာမျိုးတွေဖြစ်နေတဲ့ဟာကို ဖေါ်ပြတဲအခါမှာ သတင်းမီဒီယာက လှုံဆော်တာမဟုတ်ဘူး။ အဖြစ်အပျက်ဘက်က ဖြစ်နေတာ။ သို့သော်လည်း ဒီလိုအဖြစ်အပျက်မျိုးတွေ မဖေါ်ပြရဲအောင်၊ လက်ရှောင်အောင်လို့ ဖိအားပေးတယ်လို့ ကျနော်က ယူဆပါတယ်။
ဦးတင်မောင်သန်း။ ။ အခုလို Danny Fenster ကို လွှတ်လိုက်တဲ့အခါမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ လူသားချင်းစာနာထောက်ထားမှု အခြေခံပေါ်ကနေ စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။ ဆိုတော့ အမေရိကန်သတင်းသမားက ပဲ လူသားဖြစ်ပြီး မြန်မာ သတင်းသမားတွေက လူသားမဖြစ်ဘူးလို့ များ ဆိုလိုသလို ဖြစ်မသွားဘူးလား။
ဦးမြင့်ကျော်။ ။ မှန်ပါတယ်။ တကယ်တမ်း သတင်းစာဆရာ အားလုံး ကိုယ်သတင်းအလုပ် ကိုယ်လုပ်တဲ့ဟာတွေကို တရားစွဲတာ ဖမ်းဆီးတာ ထောင်ချတာ၊ ပြစ်ဒဏ်ပေးတာတို့ လုပ်တာဟာ သင့်လျော်တဲ့ကိစ္စမဟုတ်ဘူး။ ဒီဟာက တိုင်းပြည်ရဲ့အနာဂတ်အတွက်ရော၊ သတင်းလွတ်လပ်ခွင့်အတွက်ရော၊ လူနေမှုအသိုင်းအဝိုင်းအတွက်ရော အားလုံးအတွက် မကောင်းတဲ့ အကျိုးဆက်ကို ဖြစ်စေမှာပါ။ တကယ်တမ်းကျတော့ သတင်းဖေါ်ပြမှုတခုက ပြစ်မှုနဲ့ မညီဘူးလို့ ယူဆတယ်ဆိုရင် ကျနော်တို့ တလျောက်လုံးပြောခဲ့သလိုပဲ complaint mechanism ဟာမျိုးပဲ သုံးရမယ်။ ဘယ်အချက်အလက်က သတင်းကျင့်ဝတ်နဲ့ မညီဘူးဆိုတဲ့ဟာနဲ့ တိုင်ကြားတာမျိုး၊ ဒီစနစ်မျိုးကိုပဲ သုံးသင့်ပါတယ်။ ဒါပေမဲ့ ဖေဖေါ်ဝါရီလ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒီယန္တရားတွေ၊ ဒီစနစ်တွေက အသုံးချမခံရတော့ပဲ၊ ပျက်ပြားသွားပြီးတော့၊ လွတ်လပ်တဲ့ အဖွဲ့အစည်း မရှိတော့ပဲနဲ့ အခုလိုမျိုး ဖမ်းဆီး ထောင်ချခံရတဲ့နည်းနဲ့ မီဒီယာကို နှုတ်ဆိတ်အောင်လုပ်တဲ့နည်းဖြစ်လာတာပါ။
VOA News
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် နို၀င်ဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ
မြန်မာစစ်တပ်သည် တရား၀င်ဖြစ်ရေးအတွက် အပြစ်မဲ့အရပ်သားပြည်သူများကို နိုင်ငံရေး လက်နက်အဖြစ် အသုံးချနေသည်။ ပြီးခဲ့သည်ံ့ ရက်သတ္တပတ်အတွင်းတွင် ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ရပ်တည်ချက်ကို လျော့ပါးထိခိုက်စေရန် ထင်ရှားသော NLD ခေါင်းဆောင်များကို ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းခြင်း (သို့) နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကျော်မင်းယု (ခ) ကိုဂျင်မီသည် အောက်တိုဘာ လကုန်ပိုင်းတွင်အဖမ်းခံခဲ့ရပြီး စစ်ကြောရေးတွင် အကြမ်ဖက်စစ်ဆေးခံခဲ့ရသည်။ ထို့နောက် ကိုဂျင်မီကို ပြင်းထန်သည့် နိုင်ငံတော်သစ္စာဖောက်မှုနှင့် အကြမ်းဖက်မှုပုဒ်မတို့ဖြင့် တရားစွဲခဲ့သည်။ ကိုဂျင်မီရင်ဆိုင်ရသော စွဲချက် ၆ မှုသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ် ၃၀ အပြင် သေဒဏ်ပါကျခံနိုင်သည်။
NLD ကရင်၀န်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် အသက် (၆၇) နှစ် အရွယ်ကို စစ်ခုံရုံးတွင် သီးခြားပြစ်မှု ၅ မှုအတွက် အပြစ်ရှိကြောင်း အမိန့်ချခဲ့သည်။ တစ်မှုလျှင် ထောင်ဒဏ် ၁၅ နှစ် နှုန်းဖြင့် စုစုပေါင်းထောင်ဒဏ် ၇၇ နှစ် ချခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးချို့တဲ့နေသော NLD ပါတီ နာယကအဖွဲ့ဝင် ဦး၀င်းထိန်ကို သွေးထိုးလှုံ့ဆော်မှုကြောင့် စစ်ကောင်စီမှ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပြီး နေပြည်တော်ထိန်းသိမ်းရေးစခန်းမှ မန္တလေး အိုးဘိုထောင်သို့ ပြောင်းရွေ့ခဲ့သည်။
စွဲချက်တင်မှုများ ပိုမိုများပြားလာသည်နှင့်အမျှ ဖြုတ်ချခံရသော နိုင်ငံရေးသမားများသည် ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၎င်းတို့ကိုယ်စား မိသားစု၀င်များသည် ဓားစာခံအဖြစ် ဖမ်းဆီးခံ နေရသည်။ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် လွတ်တော်ကိုယ်စားလှယ်ဟောင်း အသက် ၅၁ နှစ်အရွယ် ဦးဝင်းမြင့်လှိုင် နှင့် အတူ ညီဖြစ်သူကို နို၀င်ဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသည့်နေ့မှစ၍ ၎င်းနှင့်ပတ်သက်သည့် မည်သည့်သတင်းမှ မကြားသိရပါ။
အာဏာသိမ်းရန်ကြိုးပမ်းသည့်အချိန်မှစ၍ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ NLD အပေါ် သစ္စာစောင့်သိသော အစိုးရအရာရှိဟောင်းများကို စစ်ကောင်စီမှ ဆက်လက်နှိမ်နှင်းခဲ့သည်။ လွန်ခဲ့သော ရက်ပေါင်း ၉၀ အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သို့မဟုတ် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် ဆက်စပ်သော NLD လွတ်တော်ကိုယ်စားလှယ်များ နှင့် တစ်ခြားပါတီ၀င်တို့၏ ပိုင်ဆိုင်မှု ၇၀ ခန့်ကို ချိတ်ပိတ်ခဲ့သည်။
စစ်ကောင်စီသည် ခုခံတော်လှန်ရေးလှုပ်ရှားမှုနှင့် နွေဦးတော်လှန်ရေးကို အားပျော့သွားရန် ကြိုးပမ်းခဲ့သော်လည်း စစ်ကောင်စီကို ဖြိုခွင်းရန် ကြိုးပမ်းတွန်းလှန်မှုများမှာ ယိမ်းယိုင်သွားခြင်းမရှိပါ။ စစ်ကောင်စီမှ ပြည်သူတို့၏ လွတ်လပ်ခွင့်အပေါ် ပစ်မှတ်ထားကာ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်းဖြင့် ခုခံတွန်းလှန်မှုများကို ဖယ်ရှားရာတွင် ပိုမိုအားကောင်းကြောင်းပြသရန် အပြင်းအထန် ကြိုးပမ်းမှုများသည် ၎င်းတို့ အားနည်းကြောင်းကိုသာ ကိုယ်စားပြုနေသည်။ လူထုမှလည်း စစ်တပ်၏ ရပ်တည်ချက်မှန်သမျှကို တခဲနက်ဆန့်ကျင်နေသည်။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ချင်းပြည်နယ်
ဂြိုလ်တုမှရိုက်ကူးထားသောပုံရိပ်များတွင် ချင်းပြည်နယ်ရှိ နေအိမ်များနှင့် ဘုရားကျောင်းများသည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် မီးလောင်ပျက်ဆီးခဲ့ရသည်ကို တွေ့ရသည်။ အကြမ်းဖက်စစ်ကောင်စီမှ ၎င်းတို့ပါ၀င်ပတ်သက်မှုမရှိကြောင်း ငြင်းဆိုထားသော်လည်း ဓါတ်ပုံများနှင့် အသက်ရှင်ကျန်ရစ်သူများ၏ သက်သေထွက်ဆိုချက်များသည် အမှန်တရားကို ဖော်ပြနေသည်။
ခုခံတော်လှန်ရေးတပ်များသည် မိမိတို့ဒေသကို ကာကွယ်ရန် ဆက်လက်ခုခံတိုက်ပွဲ၀င်နေကြပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ – CDF (မင်းတပ်)၏ အဆိုအရ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ နီးပါး သေဆုံးခဲ့သည်ဟုသိရှိရသည်။
ချင်းပြည်နယ်တွင် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများသည် စစ်ကောင်စီ ချန်ခဲ့သော စစ်လမ်းကြောင်းဆိုင်ရာ သက်သေအထောက်အထားများကို မှတ်တမ်းတင်ရန် စိန်ခေါ်မှုများ ဖြစ်စေခဲ့သည်။ အင်တာနက်ဆက်လက်ပိတ်ဆို့ထားသောကြောင့် မှတ်တမ်းရယူရန် ပို၍ အဟန့်အတားဖြစ်စေသည်။ အဖွဲ့အစည်းများသည် သက်သေအထောက်အထားများကို အန္တရာယ်အတားအဆီးများကြားတွင် ရယူနေကြရသည်။
ကချင်ပြည်နယ်
ကချင်ပြည်နယ်မှ ဒေသခံများသည် လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခံရသည့် နောက်ဆက်တွဲ ပြသနာများကိုကြုံတွေ့နေရသည်။ စစ်တပ်များချထားခြင်းကြောင့် အကြောက်တရားနှင့် မသေချာမရေရာမှုကို ဖြစ်ပေါ်စေပြီး အသက်မွေး၀မ်းကြောင်းဆိုင်ရာ လုပ်ငန်းများကို ဖိအားပေးရပ်ဆိုင်းခံထားရသည်။ မတ်လကတည်းမှစတင်၍ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် လူထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံရမည်ကိုစိုးရိမ်သောကြောင့် စစ်ဘေးရှောင်များသည် IDP စခန်းကိုစွန့်ခွာ၍ နေရပ်သို့ပြန်နေကြသည်။ ပဋိပက္ခနှင့် ကူးစက်ရောဂါအပြင် ငွေကြေးဖောင်းပွမှုကြောင့် ဒေသခံများထံသို့ အခြေခံလိုအပ်ချက်များ မရသကဲ့သို့ ရောက်ရှိခြင်းလည်းမရှိပါ။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်သည် တစ်ခြားသောဒေသများကဲ့သို့ပင် အကြမ်းဖက်စစ်တပ်၏ အသက်ရှင်သန် နိုင်ရေးကို ခြိမ်းခြောက်သည့် ရက်စက်ကြမ်းကြုတ်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရင်ဆိုင် နေရသည်။ ပြီးခဲ့သည့် နှစ်ရက်အတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး မြေလှန်နည်းဗျူဟာကြောင့် ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေထိုင်သူ ၄၀,၀၀၀ နီးပါးထွက်ပြေးခဲ့ရသည်။ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ရွာပေါင်း ၂၀ မှ ဒေသခံ ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အကြမ်းဖက်စစ်သားများမှ အစားအသောက်များ ယူပြီးနောက် သက်ကြီး အမျိုးသမီးတစ်ဦးအဓမ္မပြုကျင့်ခဲ့သည်။ အသက် ၆၂ အရွယ် အမျိုးသမီးကြီးသည် တစ်ခြားအဖော်အမျိုးသမီးနှင့် အတူနေအိမ်တွင်နေထိုင်စဥ် စစ်သား ၃ ဦးမှ လာရောက်ခဲ့ပြီး ပြန်သွားခဲ့သည်။ အဖော်အမျိုးသမီးမှ ၀က်စာသွားယူနေစဥ် စစ်သားတစ်ဦးမှ ပြန်လာပြီး အဓမ္မပြုကျင့်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် (၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၇ ရက်)
ချင်းပြည်နယ်တွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပိုမို ဆိုး၀ါးလာခြင်းကြောင့် ဒေသခံများ ထောင်နှင့်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးရကာ အစားအသောက်နှင့် ခိုလှုံစရာ အလုံအလောက်မရှိဘဲ နေထိုင်နေကြရသည်။ ချင်းပြည်နယ်တွင် လက်နက်နှင် တပ်အင်အားအလုံးအရင်း ဖြည့်တင်းမှုကြောင့် အရပ်သားတို့၏ ဘေးကင်းလုံခြုံစွာ အသက်ရှင်နေထိုင်ရေးကို ထိခိုက်ဆုံးရှုံးစေသည်။ ခရစ်ယာန်ဘာသာ၀င်အများစု နေထိုင်သည့် လူနည်းစု ချင်းပြည်နယ်တွင် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ ပစ်မှတ်ထားခံရကာ ၀တ်ပြုကိုးကွယ်ဆောင်များ အပါအ၀င် ဘုရားကျောင်းများ မီးရှို့ဖျက်ဆီး ခံနေရသည်။ နို၀င်ဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီကျူးလွန်နေသော ထိတ်လန့်ဖွယ်ကောင်းသည့် ချိုးဖောက်မှုများနှင့် စစ်ရာဇ၀တ်မှုမြောက်သော ချိုးဖောက်မှုများကို တင်ပြကာ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)- ND-Burma အပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်တို့မှ တောင်းဆိုခဲ့သည်။
လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကြောင့် ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့၀င် များသည် အမိမြေကိုကာကွယ်ရန် ရပ်တည်ခဲ့ကြသည်။ ချင်းပြည်သူနှင့် နယ်မြေကိုကာကွယ်ရန် သတ္တိရှိရှိပြန်လည် ပြန်လည်တွန်းလှန်တိုက်ခိုက်ခဲ့ကြသည်။ ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စစ်ကောင်စီ၏ အဆင့်မြင့်လက်နက်များဖြင့် ရင်ဆိုင်တိုက်ခိုက်နေရသောကြောင့် အသေအပျောက်များရှိသော်လည်း ၎င်းတို့၏ ခုခံတော်လှန်ရေးကို မဟန့်တားနိုင်ပါ။ ND-Burma ၏ ဆက်စပ်အဖွဲ့၀င်အဖွဲ့စည်းဖြစ်သော ချင်းလူ့အခွင့်အရေအဖွဲ့ (CHRO) မှ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့်အခြေအနေများနှင့် ပတ်သက်၍ မှတ်တမ်းပြု ထုတ်ပြန်ပေးနေသည်။ အသက်အရွယ်မရွေး သတ်ဖြတ်ခြင်းနှင့် မသေရုံတမယ် ဒဏ်ရာများစွာဖြင့် အတောမသတ် ညှဉ်းပမ်းနှိပ်စက်ခံနေရသည်။ နို၀င်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်း မင်းတပ်မြို့ပစ်ခတ်မှုတွင် လက်နက်ကြီးကျည်ကြောင့် အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းဆရာတစ်ဦးသေဆုံးခဲ့သည်။ ပေါက်ကွဲမှုကြောင့် အခြား အရပ်သား ၃ ဦးသည်လည်း ထိခိုက်ဒဏ်ရာရှိခဲ့သည်။
စစ်အာဏာသိမ်းသည့်အချိန်မှစ၍ ဆိုး၀ါးလှသည့် ၉ လတာကာလအတွင်း အရပ်သားပြည်သူ ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မတရားဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပွားနေပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေးစခန်းမှ လွတ်မြောက်လာသူ အနည်းစုသာ ၎င်းတို့ကြုံတွေ့ခဲ့ရသော တပ်မတော်၏ ရက်စက်ကြမ်းကြုတ်လှသည့် တရားလက်လွတ် စစ်ကြောရေး နည်းဗျူးဟာများကို ပြန်လည်ဖော်ထုတ်မျှ၀ေနိုင်ခဲ့သည်။ နည်းမျိုးစုံသောအကြမ်းဖက်မှုများဖြင့် ပြည်သူကိုထိန်းချုပ်သည့် လုပ်ရပ်သည် အာဏာသိမ်းစစ်တပ်မှ တစ်ခုတည်းသော လုပ်ဆောင်နေကျ နည်းလမ်းဖြစ်သည်။ ထို့အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းအား အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် ဆက်လက်တောင်းဆိုနေကြသည်။ အာဏာသိမ်းစစ်ကောင်စီသည် အများပြည်သူတို့၏ ယုံကြည်လက်ခံမှု မရရှိသည်သာမက အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများကို ကာကွယ်ပေးရန် ပျက်ကွက်သည့်အပြင် ထိလွယ်ခိုက်လွယ်သောပြည်သူများသာ တိုးလာနေသည်။
ထို့ကြောင့် မြေပြင်မှ အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် ပြည်သူလူထုများ တောင်းဆိုသည့် အသံကို နားစွင့်ရန် အရေးကြီးဆုံးဖြစ်သည်။
လူ့အခွင့်အရေးအဖွဲ့များသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည့် နေရာ၊ဖြစ်စဥ်များကို သက်သေအထောက်အထားနှင့်တကွ အစီရင်ခံစာများကို စဥ်ဆက်မပြတ် ထုတ်ပြန်လျက်ရှိသည်။ များပြားလှသော သက်သေအထောက်အထားများသည် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာ၀န်ယူမှု၊ တာ၀န်ခံမှုရှိစေရန် တွန်းအားဖြစ်စေခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းသည့်နေမှစ၍ ရခဲ့သောသင်ခန်းစာများအနက် အဆိုး၀ါးဆုံးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အရေးယူတုန့်ပြန်ဆောင်ရွက်မှု အလွန် နှေးကွေးခြင်းဖြစ်သည်။ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကြောင့် ပြည်သူလူထုကိုကာကွယ်ရန်နှင့် အကြမ်းဖက်စစ်ကောင်စီမှ တာ၀န်ခံမှုရှိရန် တောင်းဆိုနေကြသည်။
တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ
ချင်းပြည်နယ်
ချင်းပြည်နယ်တွင် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှုများ များပြားလာနေသည်။ ဖမ်းဆီးခံထားရစဥ် သေဆုံးသည့်အရေအတွက် တိုးလာနေသောကြောင့် အရပ်သားတို့၏ ဘေးကင်းလုံခြုံရေးကို ထပ်မံခြိမ်းခြောက်နေသည်။ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ အစီရင်ခံစာအရ နို၀င်ဘာလ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသူ (၇) ဦးတွင် (၁) ဦး သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ မေလအတွင်း ဟာခါးမြို့နယ်တွင် ဓားစာခံ အဖြစ်ဖမ်းဆီးခံခဲ့ရသည့် အရပ်သား (၂) ဦး သတ်ဖြတ်ခြင်းခံခဲ့ရသည်။
ထန်တလန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂၀၀ ကျော် မီးလောင်ကျွမ်း ပျက်ဆီးခဲ့သည်ကို အကြမ်းဖက်စစ်ကောင်စီဘက်မှ ငြင်းဆိုခဲ့ပြီး ဒေသခံများမှ မိမိတို့၏နေအိမ်ကို မီးရှို့ခြင်းသာဖြစ်သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။ ထန်တလန်မြို့တိုက်ခိုက်ခံရမှုသည် ချင်းကာကွယ်ရေးတပ် CDF စခန်းများ လျော့နည်းစေရန်နှင့် အပြစ်မဲ့အရပ်သားများ စိတ်ဓါတ်ကျစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ဆောင်ရွက်ခဲ့ကြောင်း သိသာထင်ရှားသည်။
ဆက်လက်ဖြစ်ပွားနေသည့်အကြမ်းဖက်မှုများကြောင့် အမေရိကန်နှင့် ဆွီဒင် အပါ၀င် သံရုံးတော်တော်များများမှ အကြမ်းဖက်မှုများဖြစ်ပွားနေသောဒေသများအတွက် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ပြောဆိုချက်များနှင့် လက်တွေ့လုပ်ဆောင်ချက်များ ကိုက်ညီရန် အရေးကြီးသည်။
ကယားပြည်နယ်
လူသားဒိုင်းအသုံးပြုခြင်းကို Geneva Conventions ၏ Protocol 1 မှ တားမြစ်ထားသော်လည်း အကြမ်းဖက်စစ်ကောင်စီသည် နယ်မြေမကျွမ်းကျင်သောဒေသတွင် အရပ်သားများကို ပစ်မှတ်ထားကာ တိုက်ပွဲတွင် လူသားဒိုင်းအနေဖြင့်အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ ကယားပြည်နယ်တွင် ဒေသခံများကို လူသားဒိုင်းအဖြစ် ၄ကြိမ် ထက်မနည်း အသုံးချခဲ့သည်။ ကျေးရွာများမှ မတရားဖမ်းဆီးခံရသောသူများ၏ နေရာအခြေအနေနှင့်ပတ်သက်သော မည်သည့်အချက်အလက်တစ်စုံတစ်ရာမှ မိသားစုဝင်များ မကြားသိရပါ။
တပ်မ ၆၆၊ ၇၇ နှင့် ၈၈ တို့သည် ကရင်နီလက်နက်ကိုင်တပ်ဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF မှ ပြောကြားခဲ့သည်။ ဒေသခံခုခခံကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့၏ တပ်သားတစ်ဦး မျက်မြင်တွေ့ရှိချက်အရ စစ်ကောင်စီတပ်သည် ကရင်နီဒေသခံ ၁၉ ဦးအားဖမ်းဆီး၍ ရှေ့တွင် သွားခိုင်းကာ လူသားဒိုင်းအဖြစ် ခိုင်းစေခဲ့သည်။ တော်လှန်မှုတိုင်းသည် တရားမျှတမှုအတွက် ဦးတည်ကြောင်း သေချာစေရန် အမျိုးသားညီညွတ်ရေးအစိုးရ NUGမှ “ပြည်သူ့တော်လှန်ရေး အင်အားစုများအတွက် လမ်းညွှန်ချက်ကို ထုတ်ပြန်ခဲ့သည်။
ရှမ်းပြည်နယ်
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီမှ နေအိမ်များကို မီးရှို့မှုကြောင့် ဒေသခံ ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။ ကယားပြည်နယ်အခြေစိုက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ကြား ၃ နာရီကြာဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် ဒေသခံ အများစုသည် နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် ဘုရားကျောင်းများတွင် ခိုလှုံနေရသည်။
ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးရှောင်များသည် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေး၀ါးများ ပြတ်လပ်မှုကြောင့် အသက်ရှင်နေထိုင်ရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေကြရသည်။ အကူအညီအထောက်အပံ့ပြတ်လတ်မှုကြောင့် စစ်ဘေးရှောင်များသည် အနာဂတ်အတွက် မျှော်လင့်ချက်မဲ့ကာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရသည်။ သျှမ်းသံတော်ဆင့် သတင်းဌာန၏ အဆိုအရ ရှမ်းလက်နက်ကိုင်အဖွဲ့များဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ တအာင်းအမျိုးသားလွတ်မြောက်ရေး ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ မိုင်းတင်း၊ဗြိန်းခါး၊ နားမွန်း၊ နမ့်ဆော့၊ ကြူရှော၊မန်ခါ၊ မိုင်းငေါ့နှင့် ဟူးဆွန် စသည့်စစ်ဘေးရှောင်စခန်များတွင် စစ်ဘေးရှောင်သူ ၃၀၀၀ ကျော်ရှိနေကြောင်း သိရသည်။
အနောက်မြောက်တိုင်းစစ်ဒေသသို့ စစ်သည်အင်အားရာချီ ရဟတ်ယာဉ်များဖြင့် ထပ်မံပို့ဆောင်
အနောက်မြောက်တိုင်းစစ်ဒေသထဲက ယောဒေသ၊ ဒီပဲယင်း၊ ပုလဲ၊ ကောလင်း၊ ကျွန်းလှမြို့နယ်တွေမှာ စစ်ကောင်စီက တပ်သားအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေရာမှာ နိုဝင်ဘာ ၈ ရက် ဒီကနေ့မာ ဒီပဲယင်းမြို့နယ်၊ အင်ဘုတ်ကျေးရွာမှာတော့ ရဟတ်ယာဉ်တွေနဲ့ စစ်သားအင်အား ၁၀၀နီး ပါးထပ်တိုးပြီး နယ်မြေထိန်းချုပ်ဖို့ကြိုးစားနေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
မကွေးတိုင်း၊ ယောနယ်မှာ ဒီမနက်ပိုင်းအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီလမ်းကြောင်းဟာ ဂန့်ဂေါမြို့နဲ့ တဖြေးဖြေးနီးကပ်လာပြီလို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။
နိုဝင်ဘာ ၇ ရက်မနေ့ကတော့ ကလေးမြို့နယ်ကနေ ဂန့်ဂေါမြို့နယ်ဘက်ကို စစ်ကောင်စီက စစ်ကားအစီး ၃၀ ကျော်၊ ၊ စစ်သားအင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းစထိုးခဲ့တာပါ။
စစ်ကောင်စီလမ်းကြောင်းကို ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF က ကန်ရွာတံတားအနီးမှာ မနက် ၇ နာရီခွဲအချိန်လောက်ကတစ်ကြိမ်၊ ကျောက်ဂူတောရတောင်ဘက်နေရာမှာ မနက် ၁၁ နာရီအချိန်လောက်ကတစ်ကြိမ် စုစုပေါင်း ၂ ကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်သေဆုံးပြီး ၁၅ ယောက်ကျော် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ YDF ကထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်လည်း YDF က ကြားဖြတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေပေမယ့် စစ်ကောင်စီက ဂန့်ဂေါမြို့ဆီဆက်လက်တိုးဝင်နေတာဖြစ်ပါတယ်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာနဲ့ မိတ္ထီလာမြို့တွေမှာ စစ်ကောင်စီက စစ်သားအင်အားထပ်မံစုဆောင်းနေပြီး အနော်ရထာစစ်ဆင်ရေးကို ဖိဖိစီးစီးဆောင် ရွက်လာတာတွေ့ရတယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ် YDF ခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။
စစ်ကိုင်းတိုင်း ဒီပဲယင်း၊ ပုလဲ၊ ကောလင်း၊ ကျွန်းလှမြို့နယ်တွေမှာ စစ်ကောင်စီလမ်းကြောင်းတွေကို ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တာတွေဆက်တိုက်ပြုလုပ်နေသလို စစ်ကောင်စီကလည်း လေကြောင်းကိုပါအသုံးပြုတိုက်ခိုက်တာတွေ လူအင်အားထပ်တိုးချထားတာ တွေပြုလုပ်နေပါတယ်။
ဒီပဲယင်းမြို့နယ် အင်ဘုတ်ကျေးရွာမှာ ဒီနေ့မွန်းလွဲပိုင်းက စစ်သားအင်အား ၁၀၀ နီးပါးကို ရဟတ်ယာဉ် ၃ စီးနဲ့ နေရာချပြီး နယ်မြေထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးစားနေတယ်လို့ ဒီပဲယင်း၊ အင်ဘုတ်ကျေးရွာ PDF တစ်ဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာလည်း တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က အင်အား ၂၀၀ ကျော်သုံးပြီးဖိအားပေး ထိုးစစ်ဆင်နေတယ်လို့ ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ဒီဗွီဘီကို ပြောပါတယ်။
နိုဝင်ဘာ ၇ရက်နေ့ က ပုလဲမြို့နယ်၊ မင်းတိုင်ပင်နဲ့ ကမ်းထောင့်ကြား နေရာသုံးခုမှာ ဒေသတွင်း PDF တွေပူးပေါင်း မိုင်းခွဲတိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က စစ်သား ၂၀ ထက်မနည်းသေဆုံးခဲ့ပါတယ်။
စစ်ကောင်စီက လေကြောင်းအင်အားပါသုံးပြီး စစ်ကိုင်းတိုင်းကို ဖိအားပေးလာပေမယ့် စစ်ရေးအရ ဒေသခံ PDF တွေအပေါ်အသာစီးမရသေးဘူးလို့ ဗိုလ်နဂါးက ပြောပါတယ်။ စစ်တပ်က နေအိမ်တွေကိုမီးရှို့တာ၊ ရမ်းသန်းပစ်ခတ်တာတွေကြောင့် ပြည်သူတွေကတော့ ထိခိုက်နစ်နာနေရပါတယ်။
စစ်ကောင်စီက အနောက်မြောက်တိုင်းစစ်ဒေသကို ထိန်းချုပ်ဖို့ နေပြည်တော်က ဗိုလ်ချုပ်ကြီး ၂ယောက်က ကွပ်ကွဲကာ သာလွန်အင်အားအသုံးပြုနေပေမယ့် ဒေသခံ PDF တွေက ကြားဖြတ်တိုက်ခိုက်တာကြောင့် ထိန်းချုပ်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။
အနောက်မြောက်တိုင်းစစ်ဒေသထဲမှာ သိန်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး PDF တွေကို ရှာမတွေ့တဲ့အခါမှာ စစ်သားတွေဟာ ရွာသားတွေကိုဖမ်းဆီး နှိပ်စက်သတ်ဖြတ်တာတွေလည်းပြုလုပ်နေပါတယ်။
DVB News