ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

အကြမ်းဖက်မှုရပ်ပြီး ဒီမိုကရေစီလမ်းကြောင်း ပြန်သွားဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ မြန်မာစစ်တပ်ကို အထွေထွေရွေးကောက်ပွဲ တစ်နှစ်ပြည့်တဲ့ ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကင်က တောင်းဆိုလိုက်ပါတယ်။
စစ်တပ်ရဲ့ နောက်ဆက်တွဲလုပ်ဆောင်နေတဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေဟာ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုတွေကို ပိုမိုထိပါးနှောင့်ယှက်နေသလို မြန်မာပြည်သူလူထုက ပြတ်ပြတ်သားသားနဲ့ ဒီနေ့အထိ တောင်းဆိုနေဆဲဖြစ်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်တစ်ရပ်ဆီသွားနေတဲ့ ဆယ်စုနှစ်တစ်ခုစာတိုးတက်မှုတွေကို နောက်ကြောင်းပြန်လှည့်စေခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေးနဲ့ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းရင်း သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၃၀၀ ကျော်ကို ဂုဏ်ပြုတယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီဖိနှိပ်ချိုးဖောက်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးအတွက် တိုးမြှင့်လုပ်ဆောင်သွားဖို့ အမေရိကန်ပြည်ထောင်စုက ကတိကဝတ်ပြုပြီးဖြစ်သလို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင်ကို တောင်းဆိုတယ်လို့ အန်တိုနီဂျေဘလင်ကင်က ပြောပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ သူတို့ဟာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ ကတိပြုပြီးဖြစ်တာကြောင့် ဘယ်သူမှတိုက်တွန်းနေဖို့ မလိုအပ်ဘူးလို့ တုံ့ပြန်ပါတယ်။
“ ဒီမိုကရေစီစနစ်ကို ပြန်သွားဖို့ဆိုတာ သူတို့တိုက်တွန်းစရာကိုမလိုဘူး။ ပြန်သွားမယ်လို့ ကျွန်တော်တို့ အာမခံပြီးဖြစ်တယ်။ သို့သော် သူတို့လိုချင်တဲ့ပုံစံတော့ ဖြစ်လာစရာအကြောင်းတော့မရှိဘူးဗျ။ ကျွန်တော်တို့သွားမှာက စစ်မှန်စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆိုတဲ့ဟာကို သွားမှာဖြစ်တယ်” လို့ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၈၂ ရာခိုင်နှုန်းအထိ အနိုင်ရရှိခဲ့ပေမယ့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ပါတယ်။
ရွေးကောက်ပွဲဟာ အငြင်းပွားစရာအချို့ရှိခဲ့ပေမယ့် အများကယုံကြည်လက်ခံပြီး ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုသန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုခဲ့တယ်လို့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ လေ့လာစောင့်ကြည့်သူတွေက အစီရင်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ကတော့ မဲမသမာမှုရှိတယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ခဲ့ပါတယ်။
စစ်တပ်ဟာ ၂၀၂၃ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပြီး အနိုင်ရရှိတဲ့သူကို အာဏာပြန်လွှဲပေးမယ်လို့ ပြောဆိုထားပါတယ်။ အခုတော့ စစ်တပ်က ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံပြီး အချိုးကျကိုယ်စားပြုတဲ့ ရွေးကောက်ပွဲစနစ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။
RFA News
မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေး
တစ်နေ့တခြား ပိုပြီးဆိုးလာနေတဲ့ မြန်မာနိုင်ငံအတွင်းက ပဋိပက္ခတွေနဲ့ စီးပွားရေး ကျဆင်းမှုတွေကြောင့် လူသုံးသန်းကျော်အတွက် အကူအညီတွေ သေရေးရှင်ရေး လိုအပ်နေတယ်လို့ ကုလသမဂ္ဂရဲ့ ကူညီမှုဆိုင်ရာအကြီးအကဲ Martin Griffiths က မနေ့က သတိပေးလိုက်တဲ့အကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေဟာ ဆိုးသထက်ဆိုးလာနေတယ်လို့လည်း ဆိုပါတယ်။
မနေ့က ၂ဝ၂ဝ ခုနှစ်ရွေးကောက်ပွဲ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့မှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တံခါးပိတ်ဆွေးနွေးမှု လုပ်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံရဲ့ မေတ္တာရပ်ခံချက်နဲ့ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ စစ်ရေးတိုးမြင့်မှုတွေအပေါ် အထူးစိုးရိမ်မှုတွေ ရှိနေပြီး ဒီလုပ်ရပ်တွေက လွန်ခဲ့တဲ့လေးနှစ် ရခိုင်ဒေသမှာ ရိုဟင်ဂျာတွေ ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရတာတွေကို ပြန်မြင်ယောင်စေတယ်လို့ ဗြိတိန်နိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ လက်ထောက်သံအမတ်က သတင်းသမားတွေကို ပြောခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ ကူညီမှုဆိုင်ရာအကြီးအကဲ Martin Griffiths ကလည်း ချင်းပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ မြင့်တက်လာနေတာ အလွန်အမင်း စိုးရိမ်စရာကောင်းနေတယ်လို့ပြောပါတယ်။ ချင်းပြည်နယ်မှာ လူနေအိမ်တွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး ရုံးတစ်ခုအပါအဝင် အဆောက်အဦး ၁၆ဝကျော် မီးရှို့ခံခဲ့ရပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် လူပေါင်း သုံးသောင်းခုနှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့လည်း ကုလအကြီးအကဲက ပြောပါတယ်။
အရပ်သားပြည်တွေကို တိုက်ခိုက်မှု၊ လူသားချင်းစာနာမှုအကူအညီပေးသူတွေနဲ့ ရုံးတွေကို တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေက ကန့်ကွက်ထားတာဖြစ်တဲ့အတွက် ဒီလုပ်ရပ်တွေကို ချက်ချင်းရပ်ပစ်ရမယ်လို့ ဆိုပါတယ်။
RFA News
စဉ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူး အသတ်ခံရသည့်ရွာကို စစ်တပ်က စီးနင်းလုယက်
ဧရာဝတီမြစ်ကမ်းဘေးရှိ ဟင်္သာမကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အနီးကပ်လုပ်ကြံခံရပြီးနောက် စစ်သားများ ရောက်ရှိလာကာ နေအိမ်လေးလုံးကို ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းများအပါအဝင် ဆန်၊ ဆီ၊ စက်သုံးဆီနှင့် ဈေးဆိုင်တစ်ခုမှ ရောင်းရငွေများနှင့် မော်တော်တစ်စင်းကိုပါ ယူဆောင်သွားသည်ဟု ဆိုသည်
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် အုပ်ချုပ်ရေးမှူးအသတ်ခံရသည့် ကျေးရွာကို စစ်သား ၅၀ ခန့်က ယနေ့ (နိုဝင်ဘာ ၈) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းကာ ဖျက်ဆီးလုယက်ခဲ့ကြောင်း ဒေသခံနှစ်ဦးထံမှ သိရသည်။
ဧရာဝတီမြစ်ကမ်းဘေးရှိ စဉ့်ကူးမြို့နယ် ဟင်္သာမကျေးရွာတွင် ယမန်နေ့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်မောင်သန်း သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရပြီး ယနေ့တွင် စစ်သားများက နေအိမ်လေးလုံးအပါအဝင် ဈေးဆိုင်များနှင့် မော်တော်များကိုပါ ဖျက်ဆီးလုယက်ခဲ့သည်ဟု ဆိုသည်။
“အုပ်ကြီး(အသတ်ခံရသူ) ရဲ့ မိန်းမက ခေါ်လို့ နေ့လယ် ၁၁ လောက်မှာ စကစ (စစ်ကောင်စီ) တွေ မော်တော်တွေနဲ့ ရောက်လာတယ်။ ရောက်ရောက်ချင်း လူလေးဦးကို ဖမ်းပြီး ရှေ့ကပြေးခိုင်း၊ နောက်ကနေမှ ဆိုင်ကယ်တွေနဲ့ သွားကြတယ်။ ပြီးတော့မှ အုပ်ကြီးမိန်းမက သူတို့နဲ့အဆင်မပြေတဲ့ အိမ်တွေကို လက်ညှိုးထိုးပြတယ်၊ ပြတဲ့အိမ်တွေကို လိုက်ဖျက်တာ” ဟု ဟင်္သာမကျေးရွာသူတစ်ဦးက Myanmar Now ကို ပြောသည်။
နေအိမ်လေးလုံးကို ဖျက်ဆီးစဉ် ဆိုင်ကယ်နှင့် ပရိဘောဂပစ္စည်းများအပါအဝင် တွေ့သမျှပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးသည့်အပြင် တွေ့ရှိသမျှ တန်ဖိုးရှိပစ္စည်းများကိုပါ ယူဆောင်သွားကာ နေအိမ်တစ်လုံးမှာ မြေပေါ် ပုံကျသည်အထိ ပျက်စီးသွားသည်ဟု ၎င်းက ပြောသည်။
စစ်သားများက နေအိမ်လေးလုံးကို ဖျက်ဆီးပြီးနောက် ရွာအတွင်းရှိ ဈေးဆိုင်တစ်ခုမှ ဆန်၊ ဆီနှင့် စက်သုံးဆီအပါအဝင် ဈေးရောင်းရငွေများကို ယူဆောင်သွားကာ ရွာမှ ပြန်အထွက်တွင် ဧရာဝတီမြစ်ဆိပ်ရှိ ရွာသားတစ်ဦးပိုင် မော်တော်တစ်စင်းကိုပါ ယူဆောင်သွားသည်ဟု ဆိုသည်။
ထို့ပြင် မြစ်ဆိပ်တွင် ဆိုက်ကပ်ထားသည့် တံငါလုပ်ငန်းသုံးစက်လှေများမှ အင်ဂျင် ၉ လုံးကို ဖြုတ်ယူသွားကာ ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် မော်တော်များ၊ စက်လှေများကိုလည်း ပစ်ခတ်ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ဟင်္သာမကျေးရွာကို ဝင်ရောက်စီးနင်းသည့် စစ်တပ်က ထိုသို့ဖျက်ဆီးလုယက်ခြင်းနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
ယမန်နေ့က အသက် ၅၀ အရွယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှာ သေနတ်ဖြင့် အနီးကပ်လုပ်ကြံခံရစဉ် နေရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်။
အိမ်ခြေ ၁၂၀၀ ခန့်ရှိ ဟင်္သာမကျေးရွာတွင် အုပ်ချုပ်ရေးမှူးဖြစ်သူ အသတ်ခံရပြီးနောက် စစ်သားများ ရောက်လာမည်ကို စိုးရိမ်၍ ဒေသခံအများစုမှာ ယမန်နေ့တွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယမန်နေ့ညပိုင်းတွင် ရွာသို့ပြန်လာခဲ့ကြသည်ဟု သိရသည်။
ထိုကျေးရွာတွင် ယခင်ကလည်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက စစ်သားများ ခေါ်လာကာ ရွာအတွင်း မွှေနှောက်ဖျက်ဆီးမှုများရှိခဲ့ကြောင်း ဟင်္သာမရွာသားတစ်ဦးက ပြောသည်။
“စကစခန့် အုပ်ကြီးက သူ့အရင်က ရွာက ရွေးထားတဲ့အုပ်ကြီးအိမ်ကို စကစတပ်သားတွေခေါ်ပြီး ဖျက်ဆီးခိုင်းနေကျ၊ နွားကျွေးတဲ့စားကျင်းကအစ ဖျက်ဆီးခံရတာ။ ရွာကိုလည်း ဒုက္ခ ခဏခဏပေးနေကျ။ ရွာကလည်း ခဏခဏပြေးကြရတာ ၅ ခါလောက်ရှိပြီ” ဟု ၎င်းက ပြောသည်။
ယမန်နေ့က လုပ်ကြံသတ်ဖြတ်ခံရသည့် ဦးခင်မောင်သန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရာ အရွေးမခံခဲ့ရဘဲ စစ်ကောင်စီလက်ထက်ရောက်မှ အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သည်ဟု ဆိုသည်။
Myanmar Now News
ဟိုပင်မြို့ လက်ဖက်ရည်ဆိုင်ပစ်ခတ်ခံရမှုတွင် ကလေးနှစ်ဦးအပါအဝင် ၆ ဦး သေဆုံး
လူစည်ကားရာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်မှုမှာ ပျူစောထီးဟု နာမည်ထွက်နေသူတစ်ဦး ရှင်းလင်းခံရသည့်အပေါ် လက်တုံ့ပြန်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က ယူဆနေသည်
ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ယနေ့ (နိုဝင်ဘာ ၇) နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း ပစ်ခတ်မှုဖြစ်ပွားရာ ကလေးငယ်နှစ်ဦးနှင့် ရဟန်းတစ်ပါး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။
နံနက် ၈ နာရီခန့်တွင် ထူးထိုက်စံအမည်ရ လက်ဖက်ရည်ဆိုင်သို့ မျက်နှာဖုံးစွပ် လူ ၅ ဦး ကားဖြင့် ရောက်လာပြီး ဆိုင်အတွင်းဝင်ရောက်ကာ အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားမှုကို မြင်တွေ့ခဲ့သူ ဟိုပင်မြို့ခံ အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ကားနဲ့ရောက်လာပြီးတော့ လူ လေးငါးယောက်လောက် ဆင်းလာတယ်။ မျက်နှာဖုံးတွေလည်း စွပ်ထားတယ်။ AK-47 (မောင်းပြန်ရိုင်ဖယ်) တွေလို့ထင်တယ်၊ အချက် ၅၀ လောက်ကို ပစ်သွားတာ။ ကျည်ဆန်တွေ မွစာကျဲနေတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ်နှင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦး၊ ရဟန်းတစ်ပါးအပါအဝင် နေရာ၌ပင် သေဆုံးခဲ့သူ ၆ ဦး ရှိကာ လက်ဖက်ရည်ဆိုင်အတွင်း ထိုင်နေသူ ၁၃ ဦးနှင့် လက်ဖက်ရည်ဆိုင်၏ မုန့်ဆရာ အမျိုးသားတစ်ဦး ထိမှန်ခဲ့သည်ဟုလည်း အထက်ပါ အမျိုးသားက ဆိုသည်။
ဒဏ်ရာရသူ ၈ ဦးကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသော်လည်း သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
လက်ဖက်ရည်ဆိုင်အတွင်း ထိုသို့ဝင်ရောက်ပစ်ခတ်မှုမှာ အောက်တိုဘာ ၂၉ ရက်က ပျူစောထီးအဖွဲ့ဝင်ဟု သတင်းထွက်နေသူ အသက် ၄၈ နှစ်အရွယ် ဦးထွန်းထွန်းဝင်းဆိုသူ လုပ်ကြံသတ်ဖြတ်ခံရသည့်အပေါ် စစ်တပ်ထောက်ခံသူ ပျူစောထီးများက လက်တုံ့ပြန်ခြင်း ဖြစ်နိုင်သည်ဟု ဟိုပင်မြို့ခံများက ယူဆသည်။
“ဒီဟာကို လုပ်တာက ပျူစောထီးတွေပဲ၊ ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့အဖွဲ့ထဲက သတင်းပေးဒလန်၊ ပျူစောထီးဆိုပြီး နာမည်ကြီးတဲ့သူ ရှင်းခံလိုက်ရတာကို မကျေနပ်လို့ လုပ်တယ်ပဲထင်တယ်” ဟု ဟိုပင်ဒေသခံ နောက်တစ်ဦးက ပြောသည်။
ဟိုပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ရှင်းလင်းခဲ့သည်ဆိုသော ကိုထွန်းထွန်းဝင်းဆိုသူမှာ စစ်ကောင်စီသတင်းပေး ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟူသော ပြောဆိုမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယနေ့ဖြစ်ပွားသည့် ထူးထိုက်စံလက်ဖက်ရည်ဆိုင် ပစ်ခတ်မှုမှာ ၎င်းတို့အဖွဲ့လုပ်ဆောင်ခြင်း မဟုတ်ဘဲ ပျူစောထီးအဖွဲ့ဝင်များ၏ လက်ချက်ဖြစ်သည်ဟု KPDF (Hopin) က ထုတ်ပြန်ထားသည်။
အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ ထို့အတူ Myanmar Now အနေဖြင့်လည်း စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
“ဒီဆိုင်ကလေးက NLD အမာခံတွေ အမြဲထိုင်လေ့ရှိတဲ့ လက်ဖက်ရည်ဆိုင်ဖြစ်တယ်၊ ဆန္ဒပြစဉ်ကာလတွေတုန်းကလည်း ဆန္ဒပြခေါင်းဆောင်ပိုင်းက လူကြီးတွေ လာထိုင်နေကျ၊ ပညာတတ် လူကြီးလူကောင်းတွေ အမြဲထိုင်လေ့ရှိတဲ့ ဆိုင်လေးပါ၊ ဒါကြောင့်လည်း လုပ်တယ်လို့ မြင်တယ်” ဟု အထက်ပါ ဟိုပင်မြို့ခံ အမျိုးသားက ဆက်ပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ဒေသ တပ်မဟာ (၈) နယ်မြေအတွင်းရှိ ဟိုပင်မြို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများ အားကောင်းခဲ့ရာ မြို့နယ်တစ်ခုဖြစ်သည်။
Myanmar Now News
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဥ်ထုတ်ပြန်ချက် ၂၀၂၁ ခုနှစ် အောက်တိုလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ
အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN သည် အာဏာသိမ်းခေါင်းဆောင်မပါ၀င်ဘဲ ၃ ရက်တာ အာဆီယံထိပ်သီးအစည်းအ၀ေးကို ကျင်းပခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အား တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုပြီးနောက် ယုတ္တိကျသော ခြေလှမ်းကို လှမ်းရန် အာဆီယံအား အရပ်ဘက်အဖွဲ့အစည်းများမှ တိုက်တွန်းထားသည်။ အာဏာသိမ်းခေါင်းဆောင်အား အစည်းအ၀ေးတက်ရောက်ခွင့်ကို ပိတ်ပင်ထားသော်လည်း ASEAN သည် အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံကာ ၎င်းတို့ဘက် ရပ်တည်နေဆဲဖြစ်သည်။ NUG အစိုးရ၏ အာဆီယံဆိုင်ရာသံတမန် ဦးဘိုလှတင့်မှ မြန်မာနိုင်ငံဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
စစ်ကောင်စီ၏ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေခြင်းကြောင့် စိုးရိမ်စရာအခြေအနေတစ်ခု ဆက်ဖြစ်နေသည်။ ပြည်တွင်းစစ်များ နက်ရှိုင်းစွာတိုးလာနေသောကြောင့် နိုင်ငံတကာအသိုင်းအ၀ိုင်းမှ မြန်မာနိုင်ငံအပေါ် လက်မလျော့ရန် မျှော်လင့်ကြောင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း Christine Schraner Burgener မှ ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးရေးအတွက် မြန်မာနိုင်ငံထဲသို့ ၀င်ရောက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း စစ်ကောင်စီမှ သူမအား ပြည်၀င်ခွင့်ပိတ်ပင်ခဲ့သည်။ Christine Schraner Burgener ၏နေရာကိုအစားထိုး၀င်ရောက်မည့်သူမှာ 2010 ခုနှစ် နာဂစ် မုန်တိုင်း အရေးပေါ် တုံ့ပြန်ရေး၊ ညှိနှိုင်းရေး အပါအဝင် မြန်မာနိုင်ငံတွင် အလုပ်အတွေ့အကြုံ ရှိသူ Noeleen Heyzer ဖြစ်သည်။ စိန်ခေါ်မှုများစွာရှိသော်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် စစ်ကောင်စီကို အဆုံးသတ်ရေးအတွက် သူမနှင့်လက်တွဲလုပ်ဆောင်ရန် စိတ်အားထက်သန်နေသော NUG နှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများမှ သူမအား ကြိုဆိုလျှက် ရှိသည်။
တိုင်းရင်းသားဒေသများရှိပဋိပက္ခများ
ချင်းပြည်နယ်
စက်တင်ဘာလကတည်းမှ စတင်၍ ချင်းပြည်နယ်တွင် အကြမ်းဖက်စစ်ဆင်ရေးများ တိုးချဲ့လာပြီး စစ်ကောင်စီကြောင့် အရပ်သားပြည်သူတို့၏ နေအိမ် ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်။ ရွာများကိုမီးတင်ရှို့မှုအပြင် အိမ်မွေးတိရိစ္ဆာန်များနှင် ပစ္စည်းဥစ္စာများလည်း လုယူဖျက်ဆီးခြင်း ခံခဲ့ရသည်။ မြန်မာစစ်တပ်သည် မီးတင်ရှို့မှုနှင့် ခိုးယူလုယက်မှုများအားလုံးကို ငြင်းဆိုထားပြီး ဒေသခံများမှ ၎င်းတို့၏နေအိမ်များကို မီးရှို့ခြင်းသာဖြစ်သည်ဟု စွပ်စွဲပြောဆိုထားသည်။ သြဂုတ်လမှစတင်၍ နေအိမ် ၃၀၀ ကျော်ကိုမီးရှို့ခြင်းအပါ၀င် စစ်ကောင်စီကျူးလွန်ခဲ့သော ရာဇ၀တ်မှုများသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)မှ ထုတ်ပြန်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ချင်းပြည်နယ်တွင် အကြမ်းဖက်ဖြိုခွဲမှုများ ပြင်းထန်လာနေသည်။ ချင်းပြည်နယ်တွင် လူဦးရေ ၉၀% ကျော်သည် ခရစ်ယာန်များဖြစ်ကြပြီး စစ်ကောင်စီသည် ဘုရားကျောင်းများကို မီးရှို့ခြင်းနှင့် လက်နက်ကြီးများပစ်ခတ်ခြင်းဖြင့် လူထုကို စိတ်ဒဏ်ရာပေးနေသည်။ ဖလန်းတွင် ချင်းအမျိုးသားတပ်ဦး (CNF)နှင့် အကြမ်းဖက်စစ်တပ်ကြား တိုက်ပွဲများကြောင့် အခြေအနေများ မဆိုး၀ါးလာမီ ဒေသခံများ စတင်ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် ထန်တလန်မြို့ရှိ ဘာသာရေး အဆောက်အဦးများအပါအ၀င် အိမ်ခြေ ၁၀၀ ကျော်မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ ဖလန်းတွင် စစ်ကောင်စီတပ်၏ စစ်အင်အားဖြည့်တင်းမှုကြောင့် အရေးပေါ်အစည်း၀ေးခေါ်ယူရန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို CHRO မှ တောင်းဆိုခဲ့သည်။
ရှမ်းပြည်နယ်
စစ်ကောင်စီသည် အရပ်သားပြည်သူများကို ဆက်လက်အကြမ်းဖက်တိုက်ခိုက်ခြင်းအားဖြင့် ပြည်သူတို့၏ အခြေခံလွတ်လပ်ခွင့်များကို ချိုးဖောက်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းဒေသတွင် တိုက်ပွဲအတွင်းပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသည် ကျည်ထိမှန်ကာ ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး စိုးရိမ်ရသောအခြေအနေတွင် ရှိနေသည်။ လက်နက်ကိုင်အချင်းချင်းကြားနှင့် မြန်မာစစ်တပ်ကြား တိုက်ပွဲများပုံမှန်ဖြစ်ပွားနေသည်။ ကျောက်မဲတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးနှင့် ၎င်း၏ မြေးဖြစ်သူ ၁၈ နှစ်အရွယ် လူငယ်တစ်ဦး လက်နက်ကြီးကျည်ထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့သည်။
အကြမ်းဖက်စစ်ကောင်စီသည် တရား၀င်ဖြစ်ရေးအတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တပ်မတော် ထောက်ခံပွဲသို့ တက်ရောက်ရန် အရပ်သားများကို ဖိအားပေးခဲ့သည်။ တပ်မတော်ထောက်ခံပွဲသို့ တက်ရောက်သူတစ်ဦးလျှင် ၅၀၀၀ ကျပ်ရရှိခဲ့သည်။
ကရင်ပြည်နယ်
ယခုလအစောပိုင်းတွင် သံလွင်မြစ်ကမ်းနားဘေးရှိ စစ်တပ်မှ အရာရှိနှင့်စစ်သားများသည် ကရင်ပြည်နယ်တွင်းရှိ စစ်ဘေးရှောင်များအတွက် အရေးပေါ်ကာကွယ်ရေးပစ္စည်းများကို သယ်ဆောင်လာသော ကုန်တင်ရေယာဥ်တစ်စီးကို တိုက်ခိုက်လုယူခဲ့သည်။ ပရမ်းပတာ ရမ်းသမ်း ပစ်ခတ်သံများကိုလည်း ကြားနေရသည်။ ဤအတောအတွင်း ကရင်ပြည်နယ်အတွင်း စစ်အင်အားအလုံးအရင်းတိုးချဲ့ဖြည့်တင်းမှုကြောင့် ကြောက်ရွံ့နေသော ဒေသခံအရပ်သားများကို အကြမ်းဖက်စစ်ကောင်စီမှ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
အကြမ်းဖက်စစ်ကောင်စီသည် ကရင်ကျေးရွာသားများကို လူသားဒိုင်းအဖြစ် ဆက်လက်အသုံးပြုနေပြီး ထွက်ပြေးရန်ကြိုးစားပါက ရွာများကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ရွာသစ်ကျေးရွာတွင် ခမရ ၅၅၆ နှင် ၅၆၀ မှ စစ်တပ်အင်းအား ၆၀ ခန့်သည် တပ်စွဲထားသည်။ အကြမ်းဖက်စစ်တပ်သည် နေ့ရောညပါ ပရမ်းပတာပစ်ခတ်နေပြီး ဒေသခံတို့၏ အိမ်မွေးတိရိစ္ဆာန်များကိုလည်း စားသုံးရန် ခိုးယူခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါအတွက် အထောက်အပံ့များကို နယ်စပ်ဖြတ်ကျော်ခွင့်ပေးရန် ထိုင်းအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ တောင်းဆိုခဲ့သည်။
အာဏာသိမ်း ကိုးလအတွင်း ပြည်သူတွေရဲ့ လုံခြုံမှု ပိုဆိုးလာ