မြန်မာနိုင်ငံတွင် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ လျော့ပါးသွားသည့် အရိပ်အယောင်များ မရှိသေးပါ။ ဆန့်ကျင်ဘက်အားဖြင့် မတည်ငြိမ်သော အခြေအနေသည် နေ့စဉ်နှင့်အမျှ ပို၍ဆိုးလာသည်။ ဒီဇင်ဘာ ၅ ရက် တနင်္ဂနွေနေ့ ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူကို တပ်မတော်ယာဉ်များဖြင့် အကြမ်းဖက် ၀င်တိုက်ခိုက်ခဲ့ရာ အသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့သည်။ အာဏာသိမ်းစစ်တပ်ပိုင် မီဒီ​ယာ၀ါဒဖြန့်မှုတွင် မည်သို့သော အမှားအယွင်းလုပ်ရပ်များမလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့သည်။​

ရက်အတန်ကြာပြီးနောက် စစ်အာဏာရှင်ကို ပိုမိုပြင်းထန်စွာ အံတုပြီး ဆန့်ကျင်ဆန္ဒပြခဲ့သည်။

စစ်အာဏာရှင်မှ ထိန်းချုပ်ရန် ကြိုးပမ်းနေချိန် လူငယ်များသည် အသက်ကိုစွန့်၍ နွေဦးတော်လှန်ရေး အောင်မြင်စေရန် အတွက် မားမားမတ်မတ် ရပ်တည်နေကြသည်။ အာဏာရှင်၏ လုပ်ရပ်နှင့် အရပ်သားတို့၏ ဘ၀ကို လျစ်လျူရှုခြင်းအတွက် နောက်ကွယ်တွင် ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြပွဲများကို အရှိန်အဟုန်ဖြင့်လှုံ့ဆော်ပေးနေခြင်းသာဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လက်နက်ကိုင် ခုခံတော်လှန်ရေး လှုပ်ရှားမှုများကို စစ်အာဏာရှင်မှ ပစ်မှတ်ထားခဲ့သည်။ အရပ်သားများကို ပစ်မှတ်ထားသော   ရက်စက်ကြမ်းကြုတ်မှုများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သည်။ မကြာသေးမီက  အရပ်သား ၁၁ ဦးသည် ကြိုးဖြင့် တုပ်နှောင်ခံရကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။ အသတ်ခံရသူအများစုမှာ အသက် ၃၀ နှစ်အောက် လူငယ်များဖြစ်ပြီး ငါးဦးသည် အသက် ၁၈ နှစ်အောက်များဖြစ်သည်။ ၎င်းတို့၏အလောင်းများသည် အာဏာသိမ်းစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို တာဝန်ခံမှုမရှိဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်များရနေသည့် နောက်ထပ် သက်သေအထောက်အထားဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုထဲတွင်ပင် အရပ်သား ၁၄ ဦး မီးရှို့ခံရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေကြောင်းတိုက်ခိုက်မှုများ တိုးလာသည့်အပြင် လက်နက်ကြီးများနှင့် အမြောက်များဖြင့်တိုက်ခိုက်မှုကြောင့် အောက်ဖော်ပြပါ ကျေးရွာများဖြစ်သည့် အောင်စည်မြေ၊ အောင်သာယာ၊ ဘော်ကုန်း၊ လယ်ပြင်ကျယ်နှင့် မြကန်သာကျေးရွာများမှ အရပ်သားများ ထွက်ပြေးခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများကြောင့် စိုးရိမ်ထိတ်လန့်မှုများကြားမှ ထွက်ပြေးတိမ်းရှောင်လာသော အရပ်သားတစ်ဦးမှ ပြည်တွင်းမီဒီယာတစ်ခုဖြစ်သော Myanmar Now ကို  ကျွန်တော်တို့အခုပြေးနေရတယ် ဒါပေမဲ့ ကျွန်တော်တို့ရွာ မီးရှို့ခံခဲ့ရရင်တောင် ဂရုမစိုက်ဘူး။ အဟောင်းကို အသစ်နဲ့အစားထိုးနိုင်တယ်။  ကျွန်တော်တို့အသစ်ကပြန်စနိုင်တယ်။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်က အာဏာရှင်ကို အမြစ်ဖြတ် ဖြုတ်ချဖို့ဖြစ်တယ်”ဟုပြောကြားခဲ့သည်။

စစ်အာဏာရှင်သည် လူထုအား ထိန်းချုပ်ရန်၊ အရပ်သားတို့၏ သဘောထားကွဲလွဲမှုများကို လုံးဝ ချေမှုန်းပစ်ရန်နှင့်  ၎င်းတို့၏ စစ်အာဏာသိမ်းမှုပန်းတိုင်အောင်မြင်ရန် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပါ၀င်ကျူးလွန်နေသည်။ ထိုသို့သော ပန်းတိုင်သည် ပြင်းထန်သော ၀ေဖန်ရှုံ့ချခြင်းကို ခံထိုက်ပေသည် ။ ကုလသမဂ္ဂ အဖွဲ့များ၏ အားနည်းသည့် ဆုံးဖြတ်ချက်များနှင့် ဒေသတွင်း အစည်းအဝေးများမှ ချန်လှပ်ထားရုံဖြင့် အာဏာသိမ်းစစ်တပ်အား အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်ခြင်းမှ ရပ်တန့်ရန် မလုံလောက်ပါ။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကလေးသူငယ်များ အသတ်ခံခဲ့ရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့၀င်တစ်ဦး ပစ်သတ်ခံခဲ့ရသည်။ အကျဉ်းချခံထားရသော အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် နှောင့်ယှက်ခံရသည့်သက်သေများသည် အာဏာသိမ်းစစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့် အရပ်သားများ၏ အသက်ကို လျစ်လျူရှုခြင်း၏ သာဓကများဖြစ်သည်။ ထိတ်လန့်တုန်လုပ်ဖွယ်ကောင်းသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံရှိ ပြည်သူများသည် ထိုရက်စစ်ကြမ်းကြုတ်မှုများကြောင့် ၎င်းတို့၏ စိတ်ဓာတ်ကို ရိုက်ချိုးခွင့်မပြုဘဲ  စစ်အာဏာရှင်အား ဆက်လက်ဆန့်ကျင်နေကြသည်။​ စိုးရိမ်ထိတ်လန့်ဖွယ်ရာကြား ပြည်သူများသည် စစ်အာသိမ်းမှုကို ဆန့်ကျင်နေကြသောကြောင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက်တောင်းဆို ဆန္ဒပြမှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ

ထောက်ခံပံ့ပိုးရန် ပျက်ကွက်ခဲ့မှုသည် လက်ခံနိုင်ဖွယ်ရာမရှိပါ။​ ကမ္ဘာ့ဇာတ်ခုံပေါ်ရှိ အုပ်ချုပ်ရေးအဖွဲ့များသည် ၎င်းတို့လုပ်ပိုင်ခွင့်အာဏာကို အသုံးချ၍ ကာကွယ်ပေးရန် လိုသည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO မှတ်တမ်းအရ အကြမ်းဖက်စစ်တပ်ထောင်ထားသည့် မြေမြုပ်မိုင်းကြောင့် အသက် ၄၅ နှစ်အရွယ် မိခင်တစ်ဦးသေဆုံးခဲ့ပြီး သူမ၏ ၂ နှစ်အရွယ်ကလေး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။ နို့စို့အရွယ်ကလေးငယ်လေး၏ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာ ရခဲ့ပြီး ခြေတောက်နှစ်ဖက်ဆုံးရှုံးခဲ့ရသည်။ ထိုသို့ရက်စက်ယုတ်မာသော တိုက်ခိုက်သည့် လုပ်ရပ်များသည် နောက်ထပ် ရှင်းလင်းသောသတိပေးချက်ဖြစ်ပြီး အရပ်သားပြည်သူများ နေ့စဥ် ကြုံတွေ့နေရသည့် ဖြစ်ရပ်ဖြစ်သည်၊။​

 

ကရင်ပြည်နယ်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၏ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများတိုးချဲ့မှုကြောင့် ထိတွေ့တိုက်ပွဲများ ပုံမှန်တိုးလာလျက်ရှိသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် နို၀င်ဘာလအတွင်း အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲပေါင်း  ၃၃၅ ကြိမ်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအားလုံးလိုလိုတွင် ကျေးရွာများ၊ လယ်ယာမြေများနှင့် စိုက်ပျိုးမြေများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သောကြောင့် တိုက်ပွဲများအတွင်း အရပ်သားသည် သေဆုံးနိုင်ချေရှိသော ဆိုး၀ါးသည့် အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

မကြာသေးမီမှ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KSPN မှထုတ်ပြန်သော “မူတြော်တခွင် လက်နက်ကြီးဖြင့် ဒဏ်ခတ်ခြင်း” အစီရင်ခံစာတွင် မူတြော်ခရိုင်အတွင်း  လေကြောင်းနှင့် မြေပြင် ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် အရပ်သား ၈၀,၀၀၀ ကျော်မှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။​

 

ကယားပြည်နယ်

ကယား(ကရင်နီ) ပြည်နယ်တွင် ပိုမိုဆိုးရွားလာသောအခြေအနေများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးခဲ့ရသည်။ IDP စခန်းများတွင် ဘေးကင်းလုံခြုံရေးအတွက် ထွက်ပြေးခိုလှုံသူများလည်း  စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့် အလားအလာ အပါအဝင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။​ အရပ်သားများကို အိုးမဲ့အိမ်မဲ့ဖြစ်စေသည့် အကြမ်းဖက်မှုများသည် စားနပ်ရိက္ခာပြတ်လပ်မှု ဖြစ်စေကြောင်း ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းမှ ထုတ်ဖော်ပြောဆိုခဲ့သည်။ အခြေအနေ တည်ငြိမ်မှု တစ်စုံတစ်ရာ မတွေ့ပါက တစ်လ သို့မဟုတ် နှစ်လအတွင်း စားနပ်ရိက္ခာ ပြတ်သွားနိုင်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် နှောင့်နှေးပါက မြေပြင်ပေါ်ရှိ IDP များ၏ ဒုက္ခကို ပိုမိုဆိုးရွားလာစေမည်။ တချိန်တည်းတွင် ဖရူဆိုနှင့် ဒီးမော့ဆိုမြို့နယ်များမှ လူငယ်များကို အကြမ်းဖက်စစ်တပ်မှ ဆက်လက် ပစ်မှတ်ထားနေသည်။ Karenni Civil Society Network ၏ အဆိုအရ ထွက်ပြေးတိမ်းရှောင်သူဦးရေ ၁၅၀,၀၀၀ ကျော်သည် ကယားပြည်နယ် လူဦးရေ၏ ထက်ဝက်ကျော်ရှိသည်။ အရပ်ဘက်အဖွဲ့အစည်းများသည် ၎င်းတို့၏ အခြေခံ ကုန်စည်နှင့် ဝန်ဆောင်မှုများ လက်လှမ်းမီမှု မရှိသူများအတွက် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အသက်ရှင် ရပ်တည်ရေး ပစ္စည်းများ ပံ့ပိုးပေးရန် မမောမပန်း လုပ်ဆောင်လျက်ရှိသည်။ ဤကဲ့သို့သောကြိုးပမ်းမှုများကို နိုင်ငံတကာအသိုင်းအဝိုင်းမှ  ထောက်ပံ့ရမည် ဖြစ်သည်။


မန္တလေးမြို့ခံ ခြောက်ဦးကို ဆက်သွယ်မေးမြန်းချက်အရ ပစ်ခတ်မှုသုံးခုအတွင်း ပွဲချင်းပြီးသေဆုံးသူ လေးဦးနှင့် ဒဏ်ရာရသူ လေးဦးရှိသည်။ 

မန္တလေးမြို့ပေါ်တွင် ယမန်နေ့ညပိုင်းမှ ယနေ့ (ဒီဇင်ဘာ ၁၂) နံနက်ပိုင်းအတွင်း ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားရာ လေးဦးသေဆုံးကာ ဒဏ်ရာရသူလည်း လေးဦးရှိကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည့် မြိုခံခြောက်ဦးထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း ကျုံးတောင်ဘက် ၂၈ လမ်းပေါ်တွင် ယမန်နေ့ ၁၀ နာရီဝန်းကျင်တွင် စားသောက်ဆိုင်မှ ပြန်လာသည်ဟု ယူဆရသည့် လူငယ်လေးဦးမှာ ဆိုင်ကယ်စီးနင်းလာစဉ် စစ်သားများက လိုက်ပစ်သဖြင့် တစ်ဦးသေဆုံးကာ ကျန်သုံးဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ၂၈ လမ်းအနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“အိမ်နားတင်၊ ပတ်လည်မှာ သေနတ်သံတွေ ပစ်ခတ်နေတာ၊ အချက်ရေလည်း အတော်များပြီးတော့ နှစ်ခါလောက်ကြားရတာ။ ညတုန်းက ထင်တာက ဒီနားက ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှစ်ခုကို ဝိုင်းချနေပြီလို့ ထင်လိုက်တာ။ မနက်ကျမှ လူလေးယောက်ကို စစ်သားတွေ လိုက်ပစ်တာလို့ သိရတာ” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာနှင့် မနီးမဝေးရှိ ၂၆ လမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း သေနတ်သံရှစ်ချက်ခန့် ကြားရသည်ဟု ဆိုသည်။

ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တွင်လည်း ယနေ့ နံနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားသည့် ပစ်ခတ်မှုအချို့တွင် သေဆုံးသုံးဦးနှင့် ဒဏ်ရာရသူတစ်ဦးရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်နယ်မြေ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၄၀ အရွယ် ဦးစိုးငြိမ်းဆိုသူမှာ မုန့်ဆိုင်တစ်ဆိုင်တွင် နံနက်စာစားနေစဉ် သေနတ်ဖြင့် ပစ်ခံရ၍ ဦးခေါင်းထိမှန်ကာ ပွဲချင်းပြီးသေဆုံးကြောင်း မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြောသည်။

“အုပ်ကြီးရုံးနဲ့ မျက်နှာချင်းဆိုင်မှာက ပျံကျဈေးလေးလည်းရှိတယ်။ အဲဒီမှာ ရှမ်းခေါက်ဆွဲဆိုင်တွေလည်း များတယ်။ သူက ရှမ်းခေါက်ဆွဲစားနေတုန်း ပစ်ခံရတာ၊ ခေါင်းထိပြီး ပွဲချင်းပြီးပဲ၊ သူ့တပည့်ကတော့ မသေဘူး၊ ရင်ဘတ်ကိုထိတယ်ဆိုတော့ သေမှာပဲထင်တယ်”ဟု ၎င်းက ပြောသည်။

ဦးစိုးငြိမ်းသည် ထိုရပ်ကွက်ရှိ ကျူးကျော်တဲတစ်ခုတွင် နေထိုင်သူဖြစ်ပြီး ကြက်ခြေနီ၊ အရံမီးသတ်အဖွဲ့များတွင် ပါဝင်လှုပ်ရှားဖူးကာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာသည်ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သူက အရင်နှစ်တွေတုန်းက အုပ်ချုပ်ရေးမှူးရုံးမှာ ပြာတာ (ရုံးအကူ) လိုနေတာ။ ဘာမှ မဟုတ်ဘူး။ ဟိုလူခိုင်း၊ ဒီလူခိုင်းပဲ၊ အာဏာသိမ်းပြီးတော့ အရပ်သားအစိုးရက ခန့်ထားတဲ့ အုပ်ကြီးတွေမရှိတော့မှ အုပ်ချုပ်ရေးမှူးဖြစ်လာတာ၊ ရပ်ကွက်ကိုလည်း အနိုင်ကျင့်နေကြလူ” ဟု အထက်ပါ အမျိုးသမီးက Myanmar Now ကို ပြောသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် စက်မှုနယ်မြေ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်း။ ဓာတ်ပုံ − ပေးပို့မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် စက်မှုနယ်မြေ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်း။ ဓာတ်ပုံ − ပေးပို့

ထိုဖြစ်စဉ်နှင့် တစ်ချိန်တည်းဆိုသလိုပင် ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်ရှိ ခုတင်(၃၀၀) ဆေးရုံအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၃၀ ဝန်းကျင် ဇနီးမောင်နှံ သေနတ်ပစ်ခံရ၍ သေဆုံးသည်။

သေနတ်ပစ်ခံရသဖြင့် သေဆုံးသည့်ဇနီးမောင်နှံမှာ အဆိုပါမြို့နယ်ရှိ အောင်သာယာရပ်ကွက်နေအိမ်မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ လုပ်ငန်းခွင်ဝင်မည့် မချမ်းမြငြိမ်း၊ ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးသူ ခင်ပွန်းသည် ကိုအာကာဖြိုးတို့ဖြစ်ကြောင်း သေဆုံးသူတို့နှင့် ရင်းနှီးသူတစ်ဦးက မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ပြောသည်။​

“သူ့မိန်းမကိုယ်ဝန်နဲ့မို့ အလုပ်လိုက်ပို့တာ။ အမျိုးသားက ဦးနှောက်တွေကိုထွက်လို့ ပွဲချင်းပြီးပဲ။ အမျိုးသမီးက ဆေးရုံအထိ အသက်ပါလာသေးတယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ကိုအာကာဖြိုးမှာ ဦးခေါင်း၌ သေနတ်ဒဏ်ရာနှစ်ချက်၊ မချမ်းမြငြိမ်းမှာ ခေါင်းတွင် သေနတ်ဒဏ်ရာ တစ်ချက်ရခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က အတည်ပြုသည်။

ခုတင် ၃၀၀ ဆေးရုံတွင် လုံခြုံရေးယူထားသည့် စစ်သားများက ဆိုင်ကယ်တားသည်ကို မရပ်၍ ပစ်သတ်သည်ဟုဆိုသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုဇနီးမောင်နှံကို ဆိုင်ကယ်စီးနင်းလာသည့် သေနတ်သမားများက လိုက်လံပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီတာဝန်ရှိသူက ပြောကြောင်း ဒေသအခြေစိုက်သတင်းဌာနတချို့က ရေးသားသည်။

သေဆုံးသူ ကိုအာကာဖြိုး၏ မိတ်ဆွေအမျိုးသားတစ်ဦးကမူ ပုဂ္ဂိုလ်ရေးလုပ်ကြံမှုဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ရပ်မပေးလို့ ပစ်လိုက်တယ်ဆိုတာမျိုး မဖြစ်နိုင်ဘူး။ စနစ်တကျ အနီးကပ်လုပ်တာ။ ခေါင်းတွေချည်းပဲလေ။ ခုက လှမ်းပစ်တဲ့ ပုံစံမဟုတ်ဘူး။ အနီးကပ်ကို သတ်သွားတာ” ဟု ၎င်းက ပြောသည်။

ထိုဇနီးမောင်နှံ မေလအတွင်း မင်္ဂလာဆောင်စဉ်ကလည်း ဗုံးထည့်ထားသည့် လက်ဖွဲ့ထုပ်တစ်ခု ပါဆယ်ဖြင့် ရောက်လာခဲ့ကြောင်း၊ ထိုစဉ်က ပေါက်ကွဲမှုကြောင့် လက်ဖွဲ့ပစ္စည်းများ လက်ခံရယူသော နေရာတွင်ရှိသော အမျိုးသားတစ်ဦး လက်တွင် ဒဏ်ရာရခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

“ခုတင်နေကြတာက (သေဆုံးသူ ဇနီးမောင်နှံကို ) ဒလန်ဆိုပြီးတော့ပေါ့။ တကယ်တမ်း အနီလည်း မဟုတ်ဘူး။ အစိမ်းလည်း မဟုတ်ဘူး။ ယောက်ျားဖြစ်သူက သူမှန်တယ်ထင်ရင် တွန်းလုပ်တဲ့စိတ်ကလေးရှိတယ်။ လူအမုန်းခံတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

“စစ်တပ်က သတ်တယ်ဆိုလည်းသတ်တယ်။ PDF က သတ်တယ်ဆိုလည်း သတ်တယ်။ ဘယ်အဖွဲ့လက်ချက်လည်းဆိုတာ တာဝန်ယူမှုလေးရှိစေချင်တယ်၊ ဘယ်အဖွဲ့မှမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးသတ်တာဆိုလည်း ဒါ လူသတ်သမားက တော်လှန်ရေးထဲအသုံးချပြီး လူသတ်သွားတာ”ဟု ထိုသူက ဆက်ပြောသည်။

ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါဇနီးမောင်နှံ သေနတ်ဖြင့် ပစ်ခံရသည့်နေရာမှာ စစ်သားများက လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးလေ့ရှိရာ အကာအရံများချထားသည့် ခုတင် ၃၀၀ ဆေးရုံရှေ့ ဂိတ်တစ်ခုအနီးတွင် ဖြစ်ကြောင်းတွေ့ရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ ခုတင်(၃၀၀) ဆေးရုံအနီး ဆိုင်ကယ်စီးနင်းလာသည့် အသက် ၃၀ ဝန်းကျင် ဇနီးမောင်နှံ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက်မြင်ကွင်း။ ဓာတ်ပုံ − ပေးပို့မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ ခုတင်(၃၀၀) ဆေးရုံအနီး ဆိုင်ကယ်စီးနင်းလာသည့် အသက် ၃၀ ဝန်းကျင် ဇနီးမောင်နှံ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက်မြင်ကွင်း။ ဓာတ်ပုံ − ပေးပို့

မန္တလေးမြို့ပေါ်တွင် ယမန်နေ့မှ ယနေ့ (ဒီဇင်ဘာ ၁၂) နံနက် ၁၀ နာရီအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ဒေသခံတို့က ခုခံခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေသည့် နိုင်ငံအနှံ့ ဒေသများအတွင်း မန္တလေးမြို့လည်း ပါဝင်သည်။

ထိုကာလအတွင်း စစ်ကောင်စီ၏ ရမ်းကားပစ်ခတ်မှုများလည်း တိုးလာနေပြီး ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၌ ဒီဇင်ဘာ ၆ ရက်ညနေပိုင်းက ၅နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဦးခေါင်း သေနတ်မှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။ ထိုဖြစ်စဉ်ကို ရပ်ကွက်ရုံးသို့ ဗုံးဖြင့်လာပစ်သူများ လက်ချက်ဟု စစ်ကောင်စီက ငြင်းဆိုထားသည်။

Myanmar Now News

အသံတိတ်သပိတ် သတ်မှတ်ချိန်ကုန်ဆုံးပြီးနောက် ပြည်သူတို့ လမ်းပေါ်ပြန်ထွက်၊ ဈေးဆိုင်များပြန်ဖွင့်ရာတွင် စစ်ကောင်စီက တစ်နေရာတစ်မျိုး ရန်ရှာ နှိပ်ကွပ်နေသည်။

အချိန် ၆ နာရီကြာ တိတ်ဆိတ်ခြင်းဖြင့် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ပြခဲ့သည့် ယမန်နေ့ (ဒီဇင်ဘာ ၁၀) အသံတိတ်သပိတ်တွင် နိုင်ငံအနှံ့ ညီညွတ်စွာ ပါဝင်ခဲ့သည့် ပြည်သူများကို စစ်ကောင်စီက နည်းလမ်းမျိုးစုံ သုံး၍ နှိပ်ကွပ်နေသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် သပိတ်အင်အားစုများက သုံးရက်ကြိုတင် တိုက်တွန်းချက်အတိုင်း အလွှာစုံပြည်သူတို့က ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဈေးဆိုင်များပိတ်၊ လမ်းသွားလမ်းလာမရှိ ပါဝင်ခဲ့ကြသည်။

တစ်နိုင်ငံလုံး အသံတိတ်သပိတ်ဆင်နွှဲနေချိန်တွင် ပိတ်ထားသည့် ဆိုင်ခန်းများကို စာရင်းလိုက်လံကောက်ယူခြင်း၊ ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ထိုဆိုင်ခန်းများရှေ့တွင် ရှိသည့် ဆိုင်းဘုတ်၊ ခုံကဲ့သို့သော အသုံးအဆောင်များ၊ လမ်းဘေးဈေးသည်တို့၏ ဈေးဆိုင်ခုံများ သိမ်းယူခြင်းတို့ကို စစ်ကောင်စီက လုပ်ဆောင်သည်။

သတ်မှတ်ချိန်ကုန်ဆုံးပြီးနောက် လမ်းများပေါ်သို့ ပြည်သူတို့ ပြန်ထွက်၊ ဈေးဆိုင်များ ပြန်ဖွင့်ချိန်တွင် စစ်ကောင်စီက တစ်နေရာတစ်မျိုး ရန်ရှာ၊ ပညာပြခဲ့ကြောင်း Facebook တွင် ရေးသားပြောဆိုနေကြပြီး ထိုဖြစ်စဉ်များထဲမှ အချို့ကို Myanmar Now က အတည်ပြုနိုင်သည်။

ရန်ကုန်မြို့လယ်နှင့် ဒေါပုံ၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ သန်လျင်တို့ကို ချိတ်ဆက်ထားသည့် မဟာဗန္ဓုလတံတားပေါ်တွင် ယမန်နေ့ ညနေ ၄ နာရီ နောက်ပိုင်း၌ ဖြတ်သန်းသွားလာသည့် ယာဉ်တစ်စီးချင်းစီကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးသဖြင့် အချိန် သုံးနာရီနီးပါး ယာဉ်ကြောပိတ်ဆို့ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူတစ်ဦးက ပြောသည်။

“မနက်က သပိတ်ချိန်မတိုင်မီ ရုံးရောက်အောင်သွားပြီး ညနေကျတော့ အိမ်ပြန်တာ၊ လက်ကိုင်ဖုန်းတွေကအစ စစ်တယ်။ ဘယ်ကပြန်လာတာလဲ၊ ဘာလဲစသဖြင့် မေးတယ်။ သက်သက်မဲ့ ညစ်တာထင်တယ်”ဟု ယုဇနဉယျာဉ်မြို့တော်တွင် နေထိုင်သည့် အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသားတစ်ဦးက ပြောသည်။

မဟာဗန္ဓုလတံတားအဆင်း ပုဇွန်တောင်မြို့နယ် Ocean Supercenter အနီး၊ ဒေါပုံမြို့နယ် သာကေတတံတား(ဂျပန်တံတား) အဆင်း၊ ဒေါပုံမြို့နယ် ရွှေပုဇွန် အအေးနှင့် ကိတ်မုန့်ဆိုင်ရှေ့ သုံးနေရာခွဲ၍ ပိတ်ဆို့စစ်ဆေးခြင်းဖြစ်သည်ဟု ထိုဖြစ်စဉ်များကို သွားရောက်လေ့လာခဲ့သည့် လူငယ်တစ်ဦးက ပြောသည်။

သာကေတမြို့နယ်တွင် စစ်သားနှင့် ရဲတို့က အနှေးယာဉ်မောင်းနှင်သူများ၊ တစ်နေကုန် ပိတ်ထားပြီးမှ ပြန်လည်ဖွင့်လှစ်သည့် ဈေးဆိုင်ခန်းများရှိရာသို့ သွားရောက်ပြီး ရန်ရှာကြသည်ဟု ထူပါရုံရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ရပ်ကွက်နားမှာ ဆိုက္ကားသမားတစ်ယောက်ကို ပါးရိုက်သွားတယ်။ ဘာလို့ အခုမှ ထွက်လာလဲဆိုပြီးတော့” ဟု ဆယ်ကျော်သက် ထိုလူငယ်က မျက်မြင်သက်သေကို ကိုးကား၍ ပြောသည်။

ညနေ ၄ နာရီကျော်မှ ပြန်ဖွင့်သည့် ဈေးဆိုင် ၃ ဆိုင် ဖျက်ဆီးခံရသည်ဟု ကြားကြောင်း ထိုသူက ဆက်ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အသံတိတ်သပိတ်ပြုလုပ်သည့် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွေ့ရသည့် ရန်ကုန်မြို့လယ်မြင်ကွင်း။ ဓာတ်ပုံ − Myanmar Nowအသံတိတ်သပိတ်ပြုလုပ်သည့် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွေ့ရသည့် ရန်ကုန်မြို့လယ်မြင်ကွင်း။ ဓာတ်ပုံ − Myanmar Now

ယနေ့ (ဒီဇင်ဘာ ၁၁) တွင်မူ နိုင်ငံအနှံ့ မြို့ရွာအချို့ရှိ ဈေးများတွင် အသံတိတ်သပိတ်ပြုလုပ်သည့် ယမန်နေ့က ပိတ်ထားသည့် ဆိုင်ခန်းများကို စစ်ကောင်စီက ရက်အတန်ကြာ မဖွင့်ရဟု အကြောင်းအမျိုးမျိုးပြ၍ တားမြစ်နေသည်။

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် ယနေ့ နံနက် ၅ နာရီခွဲခန့်မှစ၍ စစ်သားတို့က သေနတ်ပစ်ဖောက်ကာ ဈေးဆိုင်၊ လဖက်ရည်ဆိုင်များကို ပိတ်ခိုင်းခြင်း၊ ဒေသခံတို့ကို အိမ်ထဲတွင်သာ နေရန် ကြိမ်းမောင်းဆဲဆိုခြင်း စသည့် နည်းများဖြင့် ရန်ရှာ သောင်းကျန်းခဲ့ကြကြောင်း လုံခြုံရေးအရ အမည်နှင့် နေထိုင်ရာ ရပ်ကွက်ကို မဖော်ပြလိုသည့် ဒေသခံတစ်ဦးက ပြောသည်။

သူတို့ တောက်လျှောက်အော်ပြောနေတာ၊ မင်းတို့ အိမ်တံခါးတွေပိတ်ထား၊ မနေ့ကလိုပဲနေကြ၊ တစ်ယောက်မှမထွက်နဲ့ဆိုပြီး၊ အိမ်တံခါးတွေလည်း ပိတ်ထားကြ၊ အိမ်ပြင်လည်း ထွက်မထိုင်နဲ့ဆိုပြီး အော်ပြောနေကြတာ” ဟု ၎င်းက ပြောသည်။

ထို့အတူ ကျပန်းနှင့် လမ်းဘေးဈေးသည်များအပါအဝင် တွံ့တေးမြို့မဈေးမှ စျေးသည်များကို ရောင်းခွင့် တစ်ပတ်ပိတ်မည်၊ မြို့အဝင်အထွက်တွင် ထောက်ခံစာနှင့် မှတ်ပုံတင်ပါမှ ဖြတ်သန်းခွင့်ပြုမည်ဆိုသော သတင်းများ ထွက်နေကြောင်း ထိုသူက ဆက်ပြောသည်။ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်တွင် အချက်အချာကျသည့် ဇဗ္ဗူသီရိမြိုနယ် သပြေကုန်းညဈေးရှိ ပျံကျဈေးဆိုင်ခန်းများ ယနေ့ (ဒီဇင်ဘာ ၁၁) မှစ၍ သုံးရက်ပိတ်ရမည်ဟု ဈေးတာဝန်ရှိသူ စည်ပင်သာယာ ဝန်ထမ်းက ယနေ့ နံနက်ပိုင်းတွင် အသိပေးကြောင်း ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“ဆေးဖျန်းမလို့လို့ ပြောတာပဲ။ လမ်းဘေးမှာရောင်းရင်လည်း ဖမ်းမယ်လို့ ကြားတယ်။ သုံးရက်လို့ ပြောပေမဲ့ သူတို့ပါးစပ်ထဲမှာပဲ”ဟု ၎င်းက ပြောသည်။

ထိုဈေးတွင် အစားအသောက်၊ အဝတ်အထည်၊ အသား၊ ငါး နှင့် မီးဖိုဆောင်သုံးကုန်ပစ္စည်း အဓိကရောင်းချသည့် ပျံကျဈေးသည် ၂၀၀ ခန့်ရှိသည်ဟု အစားအသောက်ရောင်းသည့် အထက်ပါ အမျိုးသမီးက ပြောသည်။

အသံတိတ်သပိတ်တွင် ဈေးလုံးကျွတ်ပါဝင်ခဲ့သည့် ပျဉ်းမနားဈေး၊ မြို့လယ်ဆိုင်ခန်းများနှင့် ပိတ်သိမ်းထားသည့် ဈေးဆိုင်စာရင်း ယမန်နေ့က ကောက်ယူခဲ့သည့် ဗုဗ္ဗသီရိဈေးတို့တွင် စစ်ကောင်စီဘက်က ပိတ်ပင်မှု မရှိသေးဟု သက်ဆိုင်ရာ သတင်းရင်းမြစ်အချို့က မွန်းလွဲပိုင်းတွင် အတည်ပြုသည်။

“(ပျဉ်းမနား)မြို့ထဲ အတိုင်းအတာမှာတော့ မရှိသေးဘူးခင်ဗျ။ ပျဉ်းမနားဈေးကြီးမှာ စာရင်းလိုက်ကောက်တယ်လို့တော့ ကြားတယ်။ ဒီနေ့တော့ ဆိုင်တွေအကုန်ပြန်ဖွင့်နေပါပြီ။ ခြိမ်းခြောက်တာတော့ မကြားသေးဘူး”ဟု ပျဉ်းမနားဈေးအနီး လူစည်ကားရာနေရာတွင်ရှိသည့် ဆိုင်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

အသံတိတ်သပိတ်ပြုလုပ်သည့် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွေ့ရသည့် မန္တလေးမြို့လယ်မြင်ကွင်း။ ဓာတ်ပုံ − Myanmar Nowအသံတိတ်သပိတ်ပြုလုပ်သည့် ဒီဇင်ဘာ ၁၀ ရက် နံနက်ပိုင်းအချိန်တွေ့ရသည့် မန္တလေးမြို့လယ်မြင်ကွင်း။ ဓာတ်ပုံ − Myanmar Now

မန္တလေးမြို့တွင်မူ ဈေးဆိုင်များနှင့် ပတ်သက်၍ ပိတ်ပင်မှုများ မကြားရသေးသော်လည်း အဓိကလမ်းမများပေါ်တွင် ယနေ့ (ဒီဇင်ဘာ ၁၁) နံနက်မှစ၍ စစ်ကောင်စီက အင်အားအလုံးအရင်းသုံးကာ ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံ သတင်းရင်းမြစ် သုံးဦးထက်မနည်းက အတည်ပြုသည်။

သိပ္ပံလမ်းရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးရှေ့၊ ၂၆လမ်း၊ ၆၂လမ်း၊ ၇၈လမ်း၊ ၂၉x၃၀ ကြား၊ ၃၅ လမ်းနှင့် ၆၅ လမ်းကြား၊ စက်မှုရပ်ကွက် ရန်ကုန်−မန္တလေး လမ်းဟောင်းတစ်ဝိုက်တွင် စီးနင်းလာသည့် ယာဉ်များကို ပိုက်စိပ်တိုက်ရှာဖွေရုံမက လက်ကိုင်ဖုန်းကိုပါ စစ်ဆေး၍ ငွေတောင်းနေကြောင်း ၎င်းတို့က ဆိုသည်။

ယမန့်က ဆိုင်ခန်းများပိတ်၍ သပိတ်တွင်ပါဝင်သည့် ပဲခူးတိုင်း ဒိုက်ဦးမြို့မဈေးကို ကိုဗစ်နိုင်တင်းကပ်ရောဂါ ထိန်းချုပ်ရန် အကြောင်းပြချက်ဖြင့် ဒီဇင်ဘာ ၁၁ ရက်မှစ၍ ၅ ရက်ပိတ်မည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ထိုးထားသည့် စာတစ်စောင်ကို Myanmar Now က ရရှိထားသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပဲခူးတိုင်း ဒိုက်ဦးမြို့မဈေး ၅ ရက်ပိတ်ရန် ညွှန်ကြားစာ။ ဓာတ်ပုံ − ပေးပို့ပဲခူးတိုင်း ဒိုက်ဦးမြို့မဈေး ၅ ရက်ပိတ်ရန် ညွှန်ကြားစာ။ ဓာတ်ပုံ − ပေးပို့

အသံတိတ်သပိတ်တွင် တက်ကြွစွာပါဝင်ခဲ့သည့်  စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ သာစည်ဈေးနှင့် စက်မှုဇုန်ဈေးတို့ရှိ ဆိုင်ခန်းများကို ယနေ့(ဒီဇင်ဘာ ၁၁) တွင် စစ်တပ်က ဖျက်ဆီးကာ ဈေးသည်အချို့ကို ပါးရိုက်၊ ဆဲဆိုကြိမ်းမောင်းသည်ဟု Regional News Agency ၏ သတင်းက ဆိုသည်။

လူထုမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ ဖေဖော်ဝါရီ ၁ ၌ စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်လကျော်အကြာ မတ် ၂၄ တွင် စစ်ကောင်စီကို ဆန့်ကျင်ကြောင်းပြသသည့် ထိုသို့သော အသံတိတ်သပိတ်ကို ပထမအကြိမ် နိုင်ငံအနှံ့ အောင်မြင်စွာဆင်နွှဲခဲ့ကြဖူးသည်။

ဒုတိယအကြိမ် နိုင်ငံအနှံ့ အောင်မြင်စွာပြုလုပ်ပြီးချိန်တွင် မြန်မာပြည်သူတို့၏ ရဲစွမ်းသတ္တိနှင့် အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ကို အသိအမှတ်ပြုကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုထားသည်။

အသံတိတ်သပိတ်မှာ အကြမ်းဖက်လှုံ့ဆော်မှုဖြစ်သည်ဟု တုံ့ပြန်သည့် စစ်ကောင်စီ၏ သတင်းဌာနများကမူ ဒီဇင်ဘာ ၁၀ ရက်က နိုင်ငံအနှံ့ ပုံမှန်သာဖြစ်ကြောင်း ဓာတ်ပုံ၊ ရုပ်သံများနှင့်တကွ သတင်းတင်ဆက်နေကြသည်။ သို့သော် ထိုနေ့ည ၈ နာရီ ရုပ်သံသတင်းကြေညာချက်တွင် အသံတိတ်သပိတ်သတ်မှတ်ချိန် ညနေ ၄ နာရီနောက်ပိုင်း လူထုက အပြင်ထွက်သွားလာသည့် မြင်ကွင်းများကိုပါ အသုံးပြုထားကြောင်း တွေ့ရသည်။

ထိုသို့ လိမ်ညာဝါဒဖြန့်မှု၊ ဈေးဆိုင်ခန်းများကို ပိတ်သိမ်းစေကာ စစ်သားနှင့် ရဲတို့က ကိုယ်ထိလက်ရောက် ရန်ရှာသည်ဟု အရပ်သားတချို့က ပြောဆိုမှုတို့နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ရန်ကုန်မြို့၊ လှည်းတန်းလမ်းမပေါ်ရှိ ပိတ်သိမ်းထားသည့် ဆိုင်ခန်းများမှ ပစ္စည်းသိမ်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၁၀ မွန်းလွဲပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့ရန်ကုန်မြို့၊ လှည်းတန်းလမ်းမပေါ်ရှိ ပိတ်သိမ်းထားသည့် ဆိုင်ခန်းများမှ ပစ္စည်းသိမ်းယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီဇင်ဘာ ၁၀ မွန်းလွဲပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

Myanmar Now News

စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ဆန္ဒပြကြသော လူငယ်များကို စစ်ကောင်စီက ကားဖြင့် တိုက်သတ်ကာ အကြမ်းဖက် ဖြိုခွဲစဉ်အတွင်း ဦးခေါင်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သော Myanmar Pressphoto Agency (MPA) ၏ ရုပ်သံ သတင်း ထောက် မမှူးရတနာခက်မို့မို့ထွန်း သည် ယခုအထိ သတိပြန်မရသေးကြောင်း မိသားစုဝင်တဦးက ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် မမှူးရတနာခက်မို့မို့ထွန်းသည် ရန်ကုန်မြို့ရှိ အမှတ် ၂ စစ်ဆေးရုံတွင် ဆေးကုမှု ခံယူနေလျက်ရှိပြီး ဦးခေါင်းဒဏ်ရာကို ချုပ်ပေးထားပြီးဖြစ်သော်လည်း ယခုအထိ သတိပြန်မရသေးသလို လူနာနှင့်လည်း တွေ့ခွင့်မရသေး ကြောင်း ၎င်းက ဆိုသည်။

၎င်းက “အခုအချိန်အထိကတော့ စောင့်ကြည့်နေရတုန်းပဲ။ ကျမတို့အခု စစ်ဆေးရုံမှာ စောင့်နေကြတယ်။ ဘာမှ ထပ်မသိရသေးဘူး” ဟု က ပြောပြသည်။

ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်တွင် ပြုလုပ်သော စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို စစ် ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့် တိုက်သတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ် အကြမ်းဖက် ဖမ်းဆီးမှုကြောင့် လူငယ် ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၁၅ ဦးခန့် ဖမ်းဆီးခဲ့ရသည်။

သပိတ်ဖြိုခွင်းခံရပြီး ဒဏ်ရာများနှင့် တွေ့ရသည့် မမှူးရတနာခက်မို့မို့ထွန်း (ဓာတ်ပုံ – CJ)

ထိခိုက်ဒဏ်ရာရှိသူများထဲတွင် Myanmar Pressphoto Agency ၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းသည် ခါးနှင့် ခြေထောက်ကျိုး ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

MPA အယ်ဒီတာ ကိုဂျေပိုင် က “ကောင်းမလေး (မမှူးရတနာခက်မို့မို့ထွန်း) အခြေအနေက စိုးရိမ်ရတဲ့ အနေအထားလို့ ပဲပြောလို့ရမှာပေါ့။ ခုတော့ ခွဲစိတ်ထားတဲ့အခြေအနေပါ။ ကိုကောင်းဆက်လင်းကတော့ အောက်ပိုင်းထိထားတာပါ” ဟု ဧရာဝတီသို့ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်ကမူ အမျိုးသား ၈ ဦး အမျိုးသမီး ၃ ဦး စုစုပေါင်း ၁၁ ဦး ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲတွင် အမျိုးသား ၂ ဦးသည် မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ၁ ဦးမှာ စိုးရိမ်ရ ဒဏ်ရာရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။

ယမန်နေ့ ဆန္ဒပြပွဲတွင် ပုံမှန်ဆန္ဒပြနေသော လူငယ်များအပြင် အလုပ်ပိတ်ရက်ဖြစ်ခြင်းကြောင့် ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့သော ပြည်သူများနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ စမ်းချောင်းပင်မ သပိတ်စစ်ကြောင်း၊ ကြည့်မြင်တိုင်ပင်မ သပိတ်စစ်ကြောင်း၊ LGBTQ အဖွဲ့ နှင့် တက္ကသိုလ်ကျောင်းသား သမဂ္ဂသပိတ်အဖွဲ့ ပေါင်းစုံ ပါဝင်ခဲ့ခြင်းကြောင့် ပုံမှန်ဆန္ဒပြပွဲများကဲ့သို့ မည်သူများ ပါဝင်ခဲ့သည်ကို အတိအကျ သိရှိရန် ခက်ခဲနေလျက်ရှိ ကြောင်း ဆန္ဒပြတွင် ပါဝင်ခဲ့သူတဦးက ဧရာဝတီသို့ ပြောသည်။

MPA ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်း

၎င်းက “ကျနော်တို့ ပုံမှန်လုပ်နေကျလူတွေ ရှိတယ်။ အဲဒီလူတွေဆိုရင် ဘယ်သူတော့ ပါသွားပြီ၊ အဆက်အသွယ် မရတော့ ဘူးဆိုရင် ချက်ချင်း သိတယ်။ အဖမ်းခံရတဲ့ ကြက်ခြေနီက ကောင်မလေးဆိုရင် မနေ့က ပွဲမှာမှ အားလို့ လာကြတဲ့ လူတွေ၊ အဲဒီလိုဆိုတော့ အတိအကျ ပြောဖို့ တော်တော်ခက်သွားတယ်” ဟု ဆိုသည်။

အကြမ်းဖက် ဖြိုခွင်းခံရသည့် ဖြစ်စဉ်အတွင်း မျက်မြင်တွေ့ရှိခဲ့ရသည့် ထိခိုက်ဒဏ်ရာရရှိသူများ အခြေအနေနှင့် လမ်းသွား လမ်းလာသူများကိုပါ ဖမ်းဆီးသွားခြင်းကြောင့် စစ်ကောင်စီ၏ ထုတ်ပြန်သည့် ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသည့် အရေအတွက်ထက် ပိုများနိုင်ကြောင်း ထိုဖြစ်စဉ်အတွင်း ထွက်ပြေး လွတ်မြောက်ခဲ့သည့် ၎င်းက ရှင်းပြသည်။

လတ်တလော အခြေအနေများအရ ဖမ်းဆီးခံရသည့် လူများထဲတွင် Myanmar Pressphoto Agency မှ သတင်းထောက် ၂ ဦး၊ အင်းစိန်မြို့နယ် ကြက်ခြေနီအဖွဲ့မှ မမြကြူကြူသင်း၊ မယဉ်မေအောင်နှင့် မောင်အာကာကျော်တို့ သူငယ်ချင်း သုံး ယောက်ကိုသာ အတည်ပြုနိုင်သေးသည်။

သပိတ်ဖြိုခွင်းခံရပြီးနောက် မမှူးရတနာခက်မို့မို့ထွန်းနှင့် ကိုကောင်းဆက်လင်းတို့ကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားစဉ် (ဓာတ်ပုံ – AFP)

ဖမ်းဆီးခံလိုက်ရသည့် မမြကြူကြူသင်းတို့ကို မည့်သည်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မိသားစုက လက်ရှိ အချိန်ထိ မရှိရသေးကြောင်း ၎င်းတို့၏ မိတ်ဆွေတဦးက ပြောသည်။

ကားဖြင့် အကြမ်းဖက်ဖြိုခွင်းခံရသည့် ဖြစ်စဉ်အပြီး ထွက်ပေါ်လာသော သတင်းဓာတ်ပုံတခုတွင် လူငယ် ၃ ဦး အထိ လမ်းမ ပေါ်တွင် မလှုပ်နိုင်ဖြစ်ကာ အပြင်းအထန် ဒဏ်ရာရရှိနေသည်ကို မြင်တွေ့ရပြီး ထိုသူများသည် မည်သူမည်ဝါဖြစ်သည်ကို ယခုအထိ အတည်မပြုနိုင်သေးပေ။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူငယ်များကို ကားဖြင့် တိုက်သတ်ကာ အကြမ်းဖက် ဖြိုခွင်းမှုခဲ့သည့် ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကမ္ဘာ့ကုလသမဂ္ဂ (UN)၊ အမေရိကန် သံရုံးနှင့် ပြင်သစ်သံရုံးတို့က ရှုတ်ချကြ ကြောင်း ထုတ်ပြန်ထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကကလည်း စစ်ကောင်စီ၏ ထို အကျည်းတန် သော အကြမ်းဖက် ဖြစ်စဉ်များကို မှတ်တမ်းတင်ထားပြီး နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုများနှင့် ပတ်သက်၍ နိုင်ငံတ ကာ ခုံရုံးများတွင် အပြစ်ပေး စီရင်နိုင်ရန် ကြိုးပမ်းနေမှုများအား ယဉ်ကျေးသည့် လူ့အဖွဲ့အစည်း စံချိန်စံနှုန်းများကို လေးစား လိုက်နာသည့် နိုင်ငံတကာအသိုက်အဝိုင်း တခုလုံးက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် တောင်းဆိုထားသည်။

Irrawaddy News

စစ်အာဏာသိမ်းရန်ကြိုးပမ်းခဲ့သည်မှာ ၁၀ လတာကြာခဲ့ပြီဖြစ်သည်။  အာဏာသိမ်းခဲ့သော အချိန်ကာလအတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်ခုခံခဲ့သော ပြည်သူများအပေါ် ထိတ်လန့်ဖွယ်ကောင်းသော ချိုးဖောက်မှုများကျူးလွန်ကာ ဖိနှိပ်ခဲ့သည်။​ အာဏာသိမ်းစစ်တပ်သည် လက်နက်များကို ကိုင်ဆောင်၍  အကြောက်တရားကို နှိမ်နှင်းသည့် နည်းဗျူဟာအဖြစ် အကြမ်းဖက်နေသည်။ ပြည်သူများတွင် စစ်တပ်အားနည်းသောအရာကို ပိုင်ဆိုင်ထားသည်။​၎င်းမှာ လက်တွေ့တွင်အခက်အခဲများရှိနေသော်လည်း အရပ်သားပြည်သူများကို ရှေ့ဆက်ရန် တွန်းပို့နေသည့် စိတ်ဓါတ်တို့ရှိနေသည်။

ပြည်သူ့အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရသည် အာဏာသိမ်းစစ်တပ်အား တရား၀င်မှု သို့မဟုတ် အသိအမှတ်မပြုရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား နည်းလမ်းမျိုးစုံဖြင့် တွေ့ဆုံဆွေးနွေးရန် နှင့် အပြန်အလှန်ဖလှယ်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ ကုလသမဂ္ဂတွင် အာဏာသိမ်းစစ်တပ်၏ ကိုယ်စားလှယ်အား အသိအမှတ်ပြု နေရာမပေးရန် NUG နှင့်အတူ အရပ်ဘက်အဖွဲ့အစည်းများသည် တောင်းဆိုနေကြသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင် ကုလသမဂ္ဂ ကိုယ်စားလှယ်များအား အတည်ပြုရန် တာ၀န်ယူထားသည့် အထွေထွေညီလာခံ၏ အရည်အချင်းစစ်ကော်မီတီ အဖွဲ့ဝင် ၉ ဦးသည် မြန်မာနိုင်ငံနှင့် အာဖဂန်နစ္စတန်တို့အတွက် ကိုယ်စားလှယ်များကို ရွေးချယ်အတည်ပြုရန် ရွှေ့ဆိုင်းလိုက်သည်။​ ယင်းသို့ သံတမန်ခန့်အပ်ရေးကို ရွှေ့ဆိုင်းခြင်းကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခန့်အပ်ထားသည့် ဦးကျော်မိုးထွန်းသည် လက်ရှိအချိန်အထိ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို NUG မှ လက်ခံကြိုဆိုခဲ့သော်လည်း အာဏာသိမ်းစစ်တပ်မှ ခါတိုင်းကဲ့သို့ပင် ကုလသမဂ္ဂကို ၀ေဖန်ခဲ့သည်။

အာဏာသိမ်းစစ်တပ်အား အသိအမှတ်မပြုရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)အား ဆက်လက်ဖိအားပေးမှုများရှိနေသည်။ ကမ္ဘောဒီးယားမှ လာမည့် ၂၀၂၂ ခုနှစ်တွင် ဥက္ကဌအဖြစ် တာ၀န်ယူမည်ဖြစ်သည်။​ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟူဆန်သည် အာဏာသိမ်းကောင်စီ ခန့်အပ်ထားသော နိုင်ငံခြားရေးရာ၀န်ကြီး ဦးဝဏ္ဏမောင်လွင်အား လာမည့်သီတင်းပတ်တွင် ပြုလုပ်မည့် အစည်းအ၀ေးအား ဖိတ်ကြားခဲ့သည်။ ထိုသို့ ဖိတ်ကြားရန် ဆုံးဖြတ်ချက်ကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အကြမ်းဖက် ဖိနှိပ်မှုများကို တင်းမာသော သဘောထားမျိုး မရှိကြောင်း သံသယ ဖြစ်စေခဲ့သည်။ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) မှ ထုတ်ပြန်သည့် အစီရင်ခံစာသစ်တွင် အတိုက်အခံပါလီမန်အမတ်များအပေါ် တိုက်ခိုက်မှုများ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရှိရပြီး မြန်မာနိုင်ငံသည် အာယီယံဒေသတွင်း ဒီမိုကရေစီလမ်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ခံရသော အဆိုး၀ါးဆုံးနိုင်ငံ ဖြစ်နေသည်။​

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အဖွဲ့ကော်မတီ (CWC) ၏ ကောက်ယူရရှိသော စာရင်းများအရ အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များ အပါအဝင် ပါတီဝင် စုစုပေါင်း (၅၇၃) ဦး ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ ပြန်လည်လွတ်မြောက်လာသူ (၁၂၈) ဦးသာရှိပြီး ၄၃၂ ဦးမှာ ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်သည်။

ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်တားဆီးရေး စသည့် အရေးယူဆောင်ရွက်မှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှ အရေးပေါ်ကြား၀င်ဆောင်ရွက်ရန် လိုအပ်သည်။

 

တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများ

ချင်းပြည်နယ်

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ ထုတ်ပြန်ချက်အရ နို၀င်ဘာလ ၂၅ ရက်မှ ၂၉ ရက် ငါးရက်တာကာလအတွင်း အိမ်ခြေ ၂၀၀ ကျော် မီးလောင်ကျွမ်းပျက်ဆီးခဲ့သည်။ ထန်တလန်မြို့နယ်ရှိ အဆောက်အဦးပေါင်း ၄၇၃ ခုကို စစ်တပ်မှ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ၏ ဂြိုလ်တုရုပ်ပုံနှင့် မှတ်တမ်းများအရ ပြီးခဲ့သည့်လအတွင်း ထန်တလန်တွင် နေ့ရောညပါ ၁၀ ရက်ထက်မနည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။​ သက်သေအထောက်အထားအရ မီးလောင်ကျွမ်းမှုသည် အာဏာသိမ်းစစ်တပ်၏ မီးရှို့မှုကြောင့်ဖြစ်သည်ကိုတွေ့ရှိရသည်။ အွန်လိုင်းတွင်ပျံနှံ့နေသောပုံများအရ​ နေအိမ်များ၊ ကျေးရွာများနှင့် မြေယာများကို ရည်ရွယ်ချက်ရှိရှိမီးတင်ရှို့မှုကြောင့် တောင်တန်းမြို့လေး ပျောက်ကွယ်လုနီးပါး ဖြစ်သည်ကိုတွေ့ရှိရသည်။

အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ စစ်ရာဇ၀တ်မှုကို ချိုးဖောက်နေသော အကြမ်းဖက် စစ်တပ်ကြောင့် ဘာသာရေးလွတ်လပ်ခွင့်၊ လွတ်လပ်စွားလှုပ်ရှားသွားလာခွင့်နှင့် ဘေးကင်းလုံခြုံခွင့်၊ ခိုလှုံခွင့်နှင့် အကာအကွယ်ရပိုင်ခွင့် အားလုံး ချိုးဖောက်ခံနေရသည်။

 

ကချင်ပြည်နယ်

ကချင်ပြည်နယ်တွင်း စစ်အာဏာရှင်တပ်များတည်ရှိနေမှုသည် အရပ်သားတို့၏ လုံခြုံရေးကို ထိပါးစေသည်။ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ကချင်ပြည်နယ် မိုးမောက်မြို့ရှိ စစ်ပြေးဒုက္ခသည်စခန်းနှင့် ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် မြို့တွင်းကင်းလှည့်စဥ် အရပ်သားပြည်သူ ၃၀ ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ လူ့အခွင့်အရေး ထပ်မံချိုးဖောက်ခဲ့သည်။ အကြမ်းဖက်စစ်တပ်သည် ၎င်းတို့အားလမ်းပြရန် ဒေသခံများကို စျေး၊​ကျောင်း နှင့်ဆေးရုံများမှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။​ ဖမ်းဆီးမှုတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များလည်း ပါ၀င်ခဲ့သည်။​ဖမ်းဆီးသူများအားလုံးကို ညနေပိုင်းတွင် ပြန်လွတ်ပေးခဲ့သည်။​

ကချင်ပြည်နယ်တွင် မကြာသေးမီရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ ဖားကန့်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း၀င်းတွင် ကျောင်းကားတစ်စီး မိုင်းထိမှန်ပေါက်ကွဲမှုကြောင့် လူခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ဒေသတွင်း မတည်ငြိမ်မှုများနှင့်  စိုးရိမ်ကြောက်ရွံ့မှုများကြောင့် ကျောင်းသားအနည်းငယ်သာ ကျောင်းပြန်တက်ဝံ့ကြသည်။   စာသင်ခန်းများအတွင်းသို့လည်း အကြမ်းဖက်စစ်သားများ  လှည့်လည်ကာ ကင်းစောင့်လျက်ရှိသည်။

နို၀င်ဘာလ ၃၀ ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။  အကြမ်းဖက်စစ်သား အနည်းဆုံး ၇ ဦးသေဆုံးခဲ့သောကြောင့် အကြမ်းဖက်စစ်တပ်သည် ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကြောင့် နေအိမ် ၃ လုံးပျက်ဆီးခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များ သေဆုံးခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ကျေးရွာပေါင်း ၁၅ ရွာမှ ဒေသခံ ၃ သောင်းကျော်သည် အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို တိုက်ခိုက်ရန် အကြမ်းဖက်စစ်တပ်မှ  ရဟတ်ယာဉ်ငါးစင်းကို အသုံးပြုပြီး စစ်အင်အား ထပ်မံဖြည့်တင်းခဲ့သည်။ အကြမ်းဖက်စစ်တပ်မှ  အသေအပျောက် ပြင်းထန်မှုအတွက် ထိုသို့လက်တုံ့ပြန် တိုက်ခိုက်ခြင်း ဖြစ်သည်။ ရဟတ်ယာဉ်များမှ မြင်သူတိုင်းကို ပစ်ခတ်ခဲ့သည်ဟု  သက်သေများ၏ ပြန်လည်ပြောကြားချက်အရ သိရှိရသည်။

ကလေးမြို့နယ်အတွင်းရှိ အိမ်ခြေ ၂၀ နှင့် နွားစာတိုက် ၂ လုံးကို အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သည်။ PDF နှင့်ဆက်စပ်သည် ဟုထင်သည့်အိမ်များကို ပစ်မှတ်ထားကာ မီးရှို့ခဲ့သည်။

ထို့အပြင် ရာနှင့်ချီထွက်ပြေးတိမ်းရှောင်နေရသော ဂန့်ဂေါမြို့နယ်မှ ကျေးရွာများနှင့် စစ်ဘေးရှောင်များခိုလှုံသည့်နေရာများကို အကြမ်းဖက်စစ်တပ်၏ ၀င်ရောက်စီးနှင်းမှုကြောင့် စစ်ဘေးရှောင် ၅ ဦးသေဆုံးခဲ့သည်။ ညှဉ်းပန်း နှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် မီးရှို့မှု အပါအဝင် ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။ စစ်အင်အားတိုးချဲ့မှုကြောင့် အပြန်အလှန်ပစ်ခတ်မှုကြား အပြစ်မဲ့ အရပ်သားပြည်သူတို့၏ အခြေအနေကို ပို၍ ဆိုး၀ါးစေသည်။ လက်နက်တင်ပို့ရောင်းချမှုကို ပိတ်ပင်တားမြစ်ရန် ချက်ခြင်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။​


စစ်ကောင်စီ စွပ်စွဲထားသည့် အမှုများအနက် ဆူပူစေရန်လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှုဖြင့် ပထမဆုံးပြစ်ဒဏ်ချလိုက်ခြင်းဖြစ်ကာ သမ္မတနှင့် အတိုင်ပင်ခံကို အကျဉ်းထောင်သို့ ပို့ရန်ရှိမရှိ မသိရသေးပေ။

သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆူပူစေရန်လှုံ့ဆော်မှု၊ ကိုဗစ်စည်းကမ်းဖောက်ဖျက်မှု နှစ်မှုဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံစေရန် နေပြည်တော်ကောင်စီဝင်းရှိ သီးသန့်တရားခွင်၌ ဇဗ္ဗူသီရိမြို့နယ် တရားသူကြီး ဦးမောင်မောင်လွင်က ယနေ့(ဒီဇင်ဘာ ၆) ရက်တွင် အမိန့်ချသည်။

လူထုဆန္ဒမဲဖြင့် အုပ်ချုပ်နေသည့် အရပ်သားအစိုးရကို ဖြုတ်ချ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး အာဏာသုံးရပ်စလုံး ထိန်းချုပ်လိုက်ပြီဟု ဖေဖော်ဝါရီ ၁ တွင် ကြေညာကာ အာဏာသိမ်းပြီး ၁၀ လ ကျော်အတွင်း နိုင်ငံတော်အကြီးအကဲနှစ်ဦးကို စစ်ကောင်စီက ပထမဆုံးအကြိမ် ပြစ်ဒဏ်ချခြင်းဖြစ်သည်။

ဖမ်းခံရပြီးမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်သည့် စစ်ကောင်စီ တရားမဝင်ကြောင်း စာနှစ်စောင်ကို အကြောင်းပြု၍ ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမြင့်ဆုံးချနိုင်သည့် ထောင်ဒဏ် ၂နှစ်၊ ကိုဗစ်ကာလအတွင်း မဲဆွယ်ယာဉ်တန်းကြိုဆိုမှုဖြင့် ၃ နှစ်အထိ ချနိုင်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ ဖြင့် ၂ နှစ် သီးခြားစီချမှတ်ခံရခြင်းဖြစ်သည်။

သို့သော် NLD ဥက္ကဋ္ဌ အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယဥက္ကဋ္ဌတစ်ဦးဖြစ်သူ အသက် ၇၀ အရွယ် ဦးဝင်းမြင့်ကို မည်သည့်နေရာတွင် ထားရှိမည်ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲအထိ အတည်မပြုနိုင်သေးဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

တရားရုံးနှင့် ရဲတပ်ဖွဲ့ လုပ်ထုံးလုပ်နည်းများအရ အကျဉ်းထောင်သို့ မပို့ဘဲ သီးသန့်ချုပ်နှောင်နိုင်သည့် နည်းလမ်းရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အိမ်မှာထားလို့တော့ ရပါတယ်။ ကျန်တဲ့အမှုတွေရှိသေးတော့ သူတို့(စစ်ကောင်စီ) ချက်ချင်း ထောင်ပို့မှာ မဟုတ်သေးဘူး” ဟု တရားရုံးနှင့် နီးစပ်သူက သုံးသပ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၉ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အလားတူကြုံခဲ့ရစဉ်ကမူ ပြစ်ဒဏ်တစ်ဝက်ကို ဆိုင်းငံ့ထောင်ဒဏ်သတ်မှတ်ကာ ကျန်တစ်ဝက်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင်သာ ပြစ်ဒဏ်ကျခံရသည်။

ထိုစဉ်က ရန်ကုန်ရှိ နေအိမ်သို့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တော ခိုးဝင်ရာတွင် အကျယ်ချုပ်ချထားသည့် စည်းကမ်းကို ဖောက်ဖျက်သည်ဟုဆိုကာ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း BBC သတင်းဌာနက ရေးထားသည်။

လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တာဝန်ထမ်းဆောင်စဉ်ကတည်းက နေအိမ်တွင် အတူရှိနေသည့် အခြား ၈ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ အတည်မပြုနိုင်သည့် တစ်နေရာ၌ စစ်ကောင်စီက ထိန်းသိမ်းထားသည်။ သမ္မတဦးဝင်းမြင့်မှာမူ မည်သို့နေထိုင်နေရသည်ကို မသိရပေ။

ယနေ့တရားရုံးချိန်းအတွင်း ပုဒ်မ ၅၀၅ (ခ) အမှုတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နှင့်အတူ ပူးတွဲရင်ဆိုင်ရပြီး ထောင် ၂နှစ် ချခံရသည့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးမှာ ကျန်းမာစွာဖြင့် တည်တည်ငြိမ်ငြိမ်ရှိနေသည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။

နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က ဦးဝင်းမြင့် နိုင်ငံတော်သမ္မတရာထူးလက်ခံသည့် အခမ်းအနားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းမည့် စစ်ခေါင်းဆောင်များ ခြံရံလျက် တွေ့ရစဉ်။ (ဓာတ်ပုံ-သမ္မတရုံးဝက်ဆိုက်)နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၂၀၁၈ ခုနှစ် မတ်လ ၃၀ ရက်နေ့က ဦးဝင်းမြင့် နိုင်ငံတော်သမ္မတရာထူးလက်ခံသည့် အခမ်းအနားအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းမည့် စစ်ခေါင်းဆောင်များ ခြံရံလျက် တွေ့ရစဉ်။ (ဓာတ်ပုံ-သမ္မတရုံးဝက်ဆိုက်)

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် အဂတိဆိုင်ရာ စွပ်စွဲချက်များ အပါအဝင် စုစုပေါင်း ၁၂ မှု စွပ်စွဲထားပြီး NLD က အပြတ်အသတ် ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုလုပ်သည်ဆိုကာ အမှုဖွင့်မည်ဟုလည်း ကြေညာထားသေးသည်။

ဦးဝင်းမြင့်ကိုမူ အထက်ပါနှစ်မှုအပြင် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် အသုံးပြုရန် ငှားရမ်း၊ ဝယ်ယူသည့် ရဟတ်ယာဉ်ကိစ္စဖြင့် အဂတိမှု၊ မဲမသမာမှု နှစ်မှုဖြင့် စစ်ကောင်စီက စွပ်စွဲထားသည်။

နိုင်ငံတော်အကြီးအကဲနှစ်ဦးစလုံးကို နေပြည်တော်ကောင်စီဝင်းအတွင်း သီးသန့်ဖွင့်ထားသည့် တရားခွင်၌ပင် စစ်ကောင်စီက အပတ်စဉ် ရုံးထုတ်စစ်ဆေးနေသည်။

အာဏာသိမ်းပြီးနောက် ခေါင်းဆောင်အများအပြား ဖမ်းဆီးခံထားရသည့် NLD ၏ ဗဟိုအလုပ်ကော်မတီခေါင်းဆောင် ဦးအောင်ကြည်ညွန့်ကမူ စစ်ကောင်စီ၏ ထိုလုပ်ရပ်များမှာ ပြည်တွင်းပြည်ပထောက်ခံမှု အမှန်တကယ်ရထားသည့် နိုင်ငံ့ခေါင်းဆောင်များကို အကြောင်းမဲ့ အပြစ်တင်နေခြင်းသာဖြစ်ကြောင်း ပြောသည်။

“ပြည်သူလူထုက တကယ်ထောက်ခံထားတဲ့ နိုင်ငံ့ရဲ့ခေါင်းဆောင်တွေကို ဖယ်ထုတ်ပြီးတော့ သွားချင်တယ်ဆိုတဲ့ အခင်းအကျင်းမျိုး တစ်ဖက်သတ်ဆောင်ရွက်နေတဲ့ အနေအထားမျိုးလို့ပဲ မြင်ပါတယ်” ဟု ဦးအောင်ကြည်ညွန့်က နိုဝင်ဘာလကုန်ပိုင်းတွင် Myanmar Now ကို မှတ်ချက်ပြုထားသည်။

NLD က ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်၏ ထိုအပြုအမူများမှာ တရားဝင် နိုင်ငံ့အာဏာရရှိထားသည့် ခေါင်းဆောင်များကို စွပ်စွဲပြစ်တင်၍ ၎င်းတို့ကျူးလွန်ထားသည့် နိုင်ငံတော်ပုန်ကန်မှုကြီးကို ဖုံးကွယ်ရန်သာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီး ဦးသိန်းဦးကလည်း ပြောသည်။

“(အာဏာသိမ်းထားသည့် စစ်တပ်က ) နိုင်ငံရေးနဲ့ ပတ်သက်ပြီး စွဲဆိုထားတဲ့ အမှုတွေအားလုံးဟာ မူလကတည်းက ပျက်ပြယ်တဲ့ကိစ္စတွေ ဖြစ်တဲ့အတွက် ဒီအမှုတွေအပေါ် တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ လုံးဝတရားမဝင်ဘူး” ဟု ၎င်းက ယနေ့ (ဒီဇင်ဘာ ၆) တွင် မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် ချမှတ်လိုက်သည့် ထောင်ဒဏ်အမိန့်နှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ၏ ဥက္ကဋ္ဌ Charles Santiago ကလည်း “အတုအယောင်တရားစီရင်မှု” ဟု ဝေဖန်လိုက်သည်။

“ဒီထောင်ဒဏ်ချမှတ်မှုနဲ့ ဘယ်သူ့ကိုမှ လှည့်ဖြားလို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားလွှတ်တော်အမတ်တွေအပေါ် စွပ်စွဲထားတဲ့ ပြစ်မှုတွေဟာ စစ်တပ်က သူတို့ရဲ့ တရားမဝင်အာဏာသိမ်းလိုက်မှု မှန်ကန်ကြောင်းပြသဖို့ အားထုတ်မှုတွေသာ ဖြစ်တယ်ဆိုတာ စစ်အာဏာသိမ်းလိုက်တဲ့နေ့ကတည်းက အထင်အရှားဖြစ်ပါတယ်” ဟု Charles Santiago က ဆိုသည်။

ယခုကဲ့သို့ စီရင်ချက်မျိုး ချမှတ်ကာ အာဏာသိမ်းစစ်တပ်သည် အာဏာတည်မြဲရန် မည်သို့ပင်ကြိုးစားစေကာမူ မြန်မာပြည်သူများသည် စစ်တပ်ကို လက်မခံကြောင်း အသက်နှင့်ရင်း၍ ဆက်လက်ပြသနေဆဲဖြစ်သည်ဟု မလေးရှားလွှတ်တော်အမတ်တစ်ဦးလည်းဖြစ်သည့် Charles Santiago က ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် ယခုစီရင်ချက်သည် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာစစ်တပ်က ဆက်လက်ဖီဆန်နေမှုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဘုံသဘောတူညီချက် ၅ ရပ်အနက် တစ်ချက်မှာ မြန်မာနိုင်ငံတွင်း အခြေအနေများကို ဖြေရှင်းရန် သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့အစည်းအသီးသီးနှင့် အပြုသဘောဆွေးနွေးရန်ဖြစ်သော်လည်း စစ်တပ်သည် ယခုကဲ့သို့ သက်ဆိုင်သူတစ်ဦးကို ထောင်သွင်းအကျဉ်းချလိုက်ခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် စစ်တပ်ကိုယ်စားလှယ်အားလုံးကို ဒေသတွင်းအစည်းအဝေးများတွင် တက်ရောက်ခွင့်မပြုခြင်း၊ စစ်ဗိုလ်ချုပ်များကို ဒေသတွင်း ခရီးသွားလာခွင့်ပိတ်ပင်ခြင်းနှင့် ရွေးကောက်ခံအစုအဖွဲ့ကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရနှင့် ဆက်ဆံဆောင်ရွက်ရန် အာဆီယံအဖွဲ့ကို APHR ဥက္ကဋ္ဌက ဆက်လက်တောင်းဆိုလိုက်သည်။

အာဏာသိမ်းပြီးနောက်တွင် တရားစီရင်ရေးအာဏာကို ချုပ်ကိုင်ထားသည့် စစ်ကောင်စီက နိုင်ငံရေးရန်ဘက်များ၊ အာဏာဖီဆန်သူများကို ထောင်ဒဏ်များ ဆက်တိုက်ချမှတ်နေသည်။

အဂတိမှု ၅ မှု တပ်ခံရသည့် NLD ဗဟိုအလုပ်အမှုဆောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို နိုဝင်ဘာ ၉ ရက်က အမိန့်ချရာတွင် အမြင့်ဆုံးပြစ်ဒဏ်ကို တစ်မှုချင်းအလိုက်ခွဲ၍ စုစုပေါင်း ထောင် ၇၅ နှစ်အထိ စစ်ကောင်စီက ချမှတ်ခဲ့သည်။

ထိုသို့ပုံစံမျိုးဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ချမည်ဆိုပါက လက်ရှိစွပ်စွဲခံထားရပြီးဖြစ်သည့် အမှု ၁၂ မှု၏ အမြင့်ဆုံးပြစ်ဒဏ် စုစုပေါင်းကာလမှာ ၁၁၆ နှစ်အထိ ရှိနေသည်။

Myanmar Now News