AA နဲ့ပတ်သက်မှုရှိသည်ဟုစွပ်စွဲခြင်းခံနေရသူရဲ့ ဇနီးသည်အား တပ်မတော်က ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ရာမှ ဒဏ်ရာပြင်းတဲ့အတွက် ဆေးရုံတက်ခဲ့ရ
(အမ်းမြို့ – ၁၄၊ ၀၁၊ ၂၀၂၀) AA နဲ့ပတ်သက်မှုရှိသည်ဟုစွပ်စွဲခြင်းခံနေရသူရဲ့ ဇနီးသည်အား ရခိုင်ပြည်နယ် အမ်းမြို့တွင်အခြေစိုက်လျှက် ရှိသော အနောက်ပိုင်းတိုင်းစစ်ဌာလက်အောက်ခံတပ်က ဖမ်းဆီးချုပ်နှောင်ကာ ပြင်းထန်စွာ အမျိုးမျိုးညှင်းပန်း နှိပ်စက်ရာမှ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံတက်ခဲ့ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။ အမ်းမြို့မှ (၁၆)မိုင်လောက်ကွာဝေးတဲ့ ခမောင်းတောကျေးရွာသား အသက်(၅၁)နှစ်အရွယ် ဦးတင်ထွန်းကို တပ်မတော်က AA အဖွဲ့နဲ့ပတ်သက်နေသည်ဟုစွပ်စွဲကာ သူခရီးလွန်နေတဲ့အချိန် ၀၄၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် ၎င်းနေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် ဇနီးဖြစ်သူ အသက်(၄၄)နှစ်အရွယ် ဒေါ်မလှနှင့် သားဖြစ်သူ အသက်(၂၁)နှစ်အရွယ် မောင်ကျော်တို့ကို ဖမ်းဆီးပြီး ရွာ၏စာသင်ကျောင်းခန်းထဲတွင် ချုပ်နှောင်ထားခဲ့ကြကာ နည်းပေါင်းစုံဖြင့် ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေါ်မလှရဲ့ ပြောပြချက်ကို ကိုးကားပြီး အဆိုပါဒေသခံကပြောဆိုပါသည်။ “စစ်တပ်တွေက အမ်းမြို့ကဖြစ်တယ် ခလရ(၃၇၁)လာ […]
