ပြင်ပဆက်ဆံရေး တာဝန်ခံ လျှောက်လွှာခေါ်ယူခြင်း
အလုပ်လျှောက်လွှာ ခေါ်ယူခြင်း
သို့/
လူကြီးမင်းများ
အကြောင်းအရာ။ ။ အလုပ်လျှောက်လွှာ ခေါ်ယူခြင်း
အထက်ပါအကြောင်းအရာ ကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ ပြင်ပဆက်ဆံရေး တာဝန်ခံ လျှောက်လွှာခေါ်ယူခြင်း
နေရာ – ရန်ကုန်
အလုပ်ချိန် – အချိန်ပြည့်
လျှောက်လွာတင်ရန် -၂၀၂၀၊ ဇန်န၀ါရီလ(၃၀)ရက်နေ့ နောက်ဆုံး ပေးပို့ရန်
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) သမိုင်းကြောင်း
မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် Network for Human Rights Documentation – Burma (လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်) ကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။
ကွန်ရက်၏အဖွဲ့(၇)ဖွဲ့နှင့် ဆက်စပ်ဖွဲ့အစည်း (၅) ဖွဲ့တို့သည် မြန်မာနိုင်ငံရှိ လူမှု့အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံအကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များအတွက်လည်း ကြိုတင်ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်သည် ကွင်းဆင်းအချက်အလက် စုဆောင်းရေး လုပ်ငန်းများအတွက် သင်တန်းများလည်း ပေးပါသည်။ Benetech မှ တီထွင်ထားသော လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များ ပေးသော သတင်းအချက် အလက်များကို ညှိနှိုင်းပြီး၊ ဘုံ အချက်အလက် ဘဏ်မှာ ထည့်သွင်း ပါသည်။
လိုအပ်သည့် အရည်အချင်းနှင့် အတွေ့အကြုံများ
၁။ အစိုးရမဟုတ်သော အဖွဲ့အစည်းတွင် လုပ်သက်အနည်းဆုံး ၂ နှစ်အတွေ့အကြုံ ရှိရမည်။
၂။ အင်္ဂလိပ်၊ မြန်မာ ပြောဆို၍ ရေးသား နိုင်ရမည်။
၃။ ကွန်ပျူတာ အရည်အချင်း (Microsoft word, Excel, Email/ Internet နှင့် အခြား applications) များ အသုံးပြုနိူင်ရမည်။
၄။ အဖွဲ့အစည်းဆိုင်ရာ သတင်းအချက်အလက် ဖိုင်နှင့်မှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းနိူင်ရမည်။
၅။ အစည်းအဝေးအတွက် မိမိနှင့်သက်ဆိုင်သော လုပ်ငန်းများအတွက် လိုအပ်သည့် ပြင်ဆင်မူများနှင့် မှတ်တမ်း မှတ်ရာ လုပ်ငန်းများကို စစ်တကျ လုပ်ဆောင်နိူင်ရမည်။
၆။ အစီအစဉ်ချခြင်း၊ အဆိုပြုလွှာရေးသားခြင်းနှင့် အစီရင်ခံစာရေးသားခြင်းများ ဆောင်ရွက်နိူင်ရမည်။
၇။ အလုပ်ပေါ်တွင် စိတ်ဝင်စားမူ စိတ်အားထက်သန်မူရှိရမည်။
၈။ လူအများနှင့် ဆက်ဆံရေး ပြေပြစ်ပြီး အသင်းအဖွဲ့နှင့် လုပ်ကိုင်နိူင်ရမည်။
၉။ အကျင့်စာရိတ္တကောင်းမွန်ရမည်။
၁၀။ သတ်မှတ်ထားသည့်အတိုင်း လိုက်နာဆောင်ရွက်နိူင်ရမည်။
ပြင်ပဆက်ဆံရေး တာဝန်ခံ၏ တာဝန်နှင့် ဝတ္တရားများ
၁။ ကွန်ရက်၏ လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးရန်။ သာဓကအားဖြင့် ညှိနှိုင်းဆောင်ရွက်ရေးမှူး (သို့မဟုတ်) အလုပ်အဖွဲ့များ(သို့မဟုတ်) စီမံအဖွဲ့၏ တာဝန်ပေးအပ်ချက်ဖြင့် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ ဖိုရမ်အစည်းအဝေးများ၊ စည်းရုံးလှုံ့ဆော်မှုများ၊ မှတ်တမ်းတင်လုပ်ငန်းများတွင် ပါဝင် ကူညီပေးခြင်း
၂။ ကွန်ရက်အဖွဲ့ဝင်များ၊ အထူးသဖြင့် ကွန်ရက်အဖွဲ့ဝင်သစ်များအား ကွန်ရက်၏ မှတ်တမ်းတင်ခြင်းစနစ်၊ သင်တန်း သင်တန်းများတက်ရောက်နိုင်ရန်အတွက် ကူညီပေးခြင်း
၃။ ကွန်ရက်အဖွဲ့ဝင်မဟုတ်သော အဖွဲ့အစည်းများနှင့်ကွန်ရက်လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ခြင်း
၄။လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်သော တခြားကွန်ရက်ပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရေး တည်ဆောက်ခြင်း၊ ကွန်ရက်၏လုပ်ငန်းများတွင် ပါဝင်အားဖြည့်ဆောင်ရွက်နိုင်သော၊ အကျိုးခံစားခွင့်ရရှိနိုင်သော အခွင့်အလမ်းများ ဖန်တီးပေးခြင်း
၅။ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မီးမောင်းထိုးပြသော လှုပ်ရှားမှုများတွင် ကွန်ရက်ပြင်ပအဖွဲ့အစည်းများ ပါဝင်လာစေရန် လံှု့ဆော်စည်းရုံးခြင်း
၆။ ရုံး စာဝင်စာထွက်သိမ်းဆည်းခြင်းစနစ်အတိုင်း ပရောဂျက်ဖိုင်များကို စနစ်တကျ သိမ်းဆည်းခြင်း
၇။ လိုအပ်သလို ကွန်ရက်ကိုယ်စားပြုအစည်းအဝေးများ တက်ရောက်ခြင်း
၈။ ကွန်ရက်၏ စီမံကိန်းများရေးဆွဲခြင်း၊လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း၊ အဆိုပြုလွှာ ရေးသားခြင်း၊ အစီရင်ခံစာရေးသားခြင်းများတွင် ပါဝင်အားဖြည့်ဆောင်ရွက်ခြင်း
၉။ ကွန်ရက်၏ စည်းရုံးတိုက်တွန်းရေးအဖွဲ့၏ လုပ်ငန်းများကို ကူညီပေးခြင်း
အခြားတာဝန်နှင့် ဝတ္တရားများ
၁။ ရုံးတွင်းအစည်းအဝေးများ နှင့် ဝန်ထမ်းအစည်းအဝေးများ တက်ရောက်ခြင်း
၂။ လိုအပ်သလို ကွန်ရက်က ဆောင်ရွက်သော လုပ်ငန်းများအားလုံးတွင် ပါဝင်ကူညီခြင်း
၃။ ကွန်ရက်က အတည်ပြုပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းအားလုံးကို လိုက်နာခြင်း
လျှောက်လွှာတင်ရန်
- CV ဖောင်
- ဆက်သွယ်ရန် အမေဲလ်း နှင့် ဖုန်းနံပတ်
- ထောက်ခံပေးမည့်သူ နှစ်ဦး၏ အီးမေဲလ်း နှင့် ဖုန်းနံပတ်
ND – Burma ရုံးသို့ ဆက်သွယ်လိုပါက
- ရုံးအီးမေဲလ်း – office@nd-burma.org
- Coordinator – ဟန်မင်းစိုး (ကိုဟန်ကြီး)
- ဖုန်းနံပတ် + ၀၉ ၂၅၈ ၅၃၅ ၀၈၂ (or) hangyi@nd-burma.org သို့ ဆက်သွယ်နိူင်ပါသည်။



