မြိုင် ၁၂ ဦးအသတ်ခံရမှု ကျူးလွန်သူဖော်ထုတ်ရေး NUG နှင့် UN အထိ တိုင်ကြားမည်
ပါခွီး ၊ (အောက်တိုဘာ ၅) မဇ္ဈိမ ။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ဖမ်းဆီးခံရပြီးနောက် ပျောက်ဆုံးနေခဲ့သည့် အမျိုးသား ၁၂ ဦး၏ ရုပ်အလောင်းများကို မြေကျင်းနှစ်ခုအတွင်းမှ ပြန်လည်တူးဖော်တွေ့ရှိခဲ့ပြီး အဆိုပါဖြစ်စဉ်အတွက် တာဝန်ရှိသူများကို ဖော်ထုတ်ကာ တရားမျှတမှုရရှိရေး “အစွမ်းကုန်” ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင် အဖွဲ့တာဝန်ရှိသူ ဆရာထွေးက ပြောသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်တွင် မြိုင်မြို့နယ် စက်မှု(၂) ဝဲတူးဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းက ဂွေးကုန်ရွာမှ ကိုးဦး၊ မကျီးကုန်းရွာမှ တဦး၊ သံချောင်းရွာမှ တဦးနှင့် မကျည်းကန်ရွာမှ တဦး စုစုပေါင်း အမျိုးသား ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်က […]
