ND-Burma မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာ အကြောင်း သတင်းထုန်ပြန်ချက်
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဖွဲ့အစည်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်နေခြင်းနှင့်အတူ ဖြစ်ပွားနေသည်။ ရက်စွဲ – မတ်လ (၂၇) ရက်၊ ၂၀၂၀ ပြည့်နှစ်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် အသေးစိတ် တွေ့ဆုံမေးမြန်းထားမှုများနှင့် အရပ်သားများ၏ ဘဝလုံခြုံမှု အားနည်းကျ ဆင်းနေမှုတို့ကို သုံးသပ်တင်ပြထားသည်။ ယခုအစီရင်ခံသည့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ လူ့အခွင့်အရေးချိုး ဖောက်မှု ၁၀၂ ခုနှင့်အတူ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စိုးရိမ်ဖွယ် အနေ အထားဖြင့် တိုက်ပွဲများ ဖြစ်နေသည်ကို ND-Burma အဖွဲ့ဝင်များက မှတ်တမ်းတင်ထားသည်။ ထို့အတူ မြန်မာနိုင်ငံတဝှန်းတွင် အခြခံ အခွင့်အရေးနှင့် လွတ်လပ်မှုများ သိသိသာသာ ကျဆင်းနေသည်။ လွတ်လပ်၊ တရားမျှတသည့် […]
