Entries by ndb14

ကိုဗစ်-၁၉ ကူးစက်ရောဂါအား ရင်ဆိုင်နေရသည့်အချိန်တွင် မြန်မာစစ်တပ်အနေနှင့် ကမ္ဘာလုံးဆိုင်ရာ (အကြွင်းမဲ့) အပစ်အခတ်ရပ်စဲရေးကို လိုက်နာ၍ တိုက်ခိုက်မှုများကို ချက်ခြင်းရပ်စဲရမည်

ကိုဗစ်-၁၉ ကူးစက်ရောဂါအား ရင်ဆိုင်နေရသည့်အချိန်တွင် မြန်မာစစ်တပ်အနေနှင့် ကမ္ဘာလုံးဆိုင်ရာ (အကြွင်းမဲ့) အပစ်အခတ်ရပ်စဲရေးကို လိုက်နာ၍ တိုက်ခိုက်မှုများကို ချက်ခြင်းရပ်စဲရမည် ၂၀၂၀ ခုနှစ် ဧပြီလ ၁၀ ရက်။ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေမှုကို အကြောင်းပြ၍ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်း သားဒေသများတွင် မြန်မာစစ်တပ်မှ ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့်တည်ရှိနေမှုကို အခွင့်ကောင်းယူ အသုံး ချနေမှုအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) အနေနှင့် စိုးရိမ်မကင်းဖြစ်မိပါ သည်။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား တင်းမာမှုကို ပိုမိုဆိုးရွားစေသကဲ့သို့ ပဋိပက္ခ များကြီးထွားလာခြင်းအတွက် ၎င်းတို့တွင် အဓိကတာဝန်ရှိပါသည်။ ပြည်သူလူထုအတွက် အရေးပေါ်ကယ် ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရေးထက် စစ်တပ်၏ လိုလားချက်များကို ရှေ့တန်းတင်ဆောင်ရွက်နေမှု များကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ရှုတ်ချပါသည်။ မြန်မာအစိုးရအနေနှင့် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးအစီအမံများကို […]

တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန် ND-Burma တောင်းဆို

ဧပြီလ ၁၀ ရက်၊ ၂၀၂၀ ပြည့်နှစ်။ စအိုင်ဆူး Covid-19 ကပ်ရောဂါ ရင်ဆိုင်နေရချိန်တွင် မြန်မာ့တပ်မတော်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲ ရေးကို လိုက်နာ၍ တိုင်းရင်းသားဒေသများ၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ချက်ချင်းရပ်စဲရန် လူ့အခွင့် အရေး မှတ်တမ်းကွန်ယက်(ND-Burma)က ယနေ့ (ဧပြီ ၁၀ရက်) ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုလိုက် သည်။ တပ်မတော်အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာနှင့် တည်ရှိနေမှုကိုအခွင့်ကောင်းယူ အသုံးချ၍ လက်နက် ကိုင် ပဋိပက္ခဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် ပြည်သူလူထုအတွက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းထက် စစ်တပ်၏ လိုလားချက်ကို ရှေ့တန်းတင် ဆောင်ရွက်နေမှုအပေါ် ရှုတ်ချကြောင်း ND-Burma ကွန်ယက်က ဆိုသည်။ ကွန်ယက်၏ ပြောခွင့်ရ ဒေါ်သက်သက်အောင်က “ဒီအချိန်သည် ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ […]

မြန်မာ့တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုအပေါ် တအင်းအရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံ မိဘပြည်သူတစ်ရပ်လုံးသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်သော ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကို တုန်လှုပ်စွာ ရင်ဆိုင်နေရချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တအာင်းမိဘပြည်သူများသည် မြန်မာ့တပ်မတော်၏ မတရားဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သေဆုံးခြင်း စသည့်လူ့အခွင့်အရေးများ ကျူးလွန် ချိုးဖောက်ခံနေရသောကြောင့် တစ်ချိန်တည်းတွင် ကပ်အန္တရာယ် နှစ်ခုကို ခါးစည်းစွာ ရင်ဆိုင်ခံစားနေရပါသည်။ ၂။ မတ်လ တစ်လတည်းတွင်ပင် မြန်မာ့တပ်မတော်သည် ရှမ်းပြည်နယ် မြောက်ပိုင်း တွင် တအာင်းပြည်သူများအား မတရားဖမ်းဆီးချုပ်နှောင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်ချိုးဖောက်ခံရသူပေါင်း (၁၈) ဦး၊ သေဆုံးသူ (၁)ဦး ရှိခဲ့ပါသည်။ ဖြစ်စဉ်များမှာ- (က) မတ်လ ၂၅ ရက်နေ့တွင် မြန်မာ့တပ်မတော် တပ်ရင်း (၂၇၆)မှ မိုးမိတ်မြို့နယ် ဟဲထင်ရွာသူ (၁)ဦး၊ ပန်တင်ကျေးရွာ ဥက္ကဌနှင့် […]

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ အချက်အလက်များနှင့် ပတ်သက်၍ စုစုပေါင်း (၄၃)ခုမှ တွေ့ရှိချက်များအား ဖော်ပြ ထားပါသည်။

Burma Monitor ၏ 2020 Jan မှ 2020 Feb အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများနှင့် ပဋိပက္ခများအတွင်း မြေမြုပ်မိုင်းများ ကြောင့် သေဆုံးဒဏ်ရာရသူများအား ဖော်ပြထားပါသည်။ အချက်အလက်များနှင့် ပတ်သက်၍ အစိုးရ သတင်းမီဒီယာ စာမျက်နှာများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ သတင်းစာမျက်နှာများ၊ တိုင်းရင်းသား ဒေသတွင်းရှိ မီဒီယာများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာများနှင့် ပြည်တွင်းသတင်းမီဒီယာများ စုစုပေါင်း (၄၃)ခုမှ တွေ့ရှိချက်များအား ဖော်ပြ ထားပါသည်။   ရခိုင်ပြည်နယ် ၂၀၂၀ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (ULA/AA) တို့အကြား တိုက်ပွဲ […]

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ

Burma Monitor ၏ ၂၀၂၀ မတ်လ ၁ ရက်နေ့မှ ၃၁နေ့အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော လက်နက်ကိုင် ပဋိပက္ခများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများနှင့် ပဋိပက္ခများအတွင်း မြေမြုပ်မိုင်းများ ကြောင့် သေဆုံးဒဏ်ရာရသူများအား ဖော်ပြထားပါသည်။ အချက်အလက်များနှင့် ပတ်သက်၍ အစိုးရ သတင်းမီဒီယာ စာမျက်နှာများ၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ သတင်းစာမျက်နှာများ၊ တိုင်းရင်းသား ဒေသတွင်းရှိ မီဒီယာများ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သတင်းမီဒီယာများနှင့် ပြည်တွင်းသတင်းမီဒီယာများ စုစုပေါင်း (၄၃)ခုမှ တွေ့ရှိချက်များအား ဖော်ပြထားပါသည်။ ပုံတစ်ပုံချင်းစီအောက်တွင် သက်ဆိုင်ရာအကြောင်းအရာများကို ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။ ရခိုင်ပြည်နယ်၂၀၂၀ခုနှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း ရခိုင် ပြည်နယ်ရှိ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ […]

,

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက်ပိုင်း မည်သည့်အခြေအနေ ရှိပါသလဲ။

မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများဟာ စစ်အာဏာရှင်လက်အောက်တွင် တရားလက်လွတ်ဖမ်းဆီးခံရပြီး လူမဆန်စွာညှင်းပန်းနှိပ်စက်ခံရခဲ့သူများ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို တရားဝင် အသိအမှတ်ပြုဖို့ လိုအပ်သလို၊ ၎င်းတို့၏ဂုဏ်သိက္ခာကို မြှင့်တင်ပြီး ပြန်လည်ကုစားပေးလျော်မှုများကို ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ND-Burma, AAPPနှင့် AJAR တို့မှ ပူးပေါင်း စီစဉ် တင်ပြသည်။

ND-Burma မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာ အကြောင်း သတင်းထုန်ပြန်ချက်

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဖွဲ့အစည်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်နေခြင်းနှင့်အတူ ဖြစ်ပွားနေသည်။ ရက်စွဲ – မတ်လ (၂၇) ရက်၊ ၂၀၂၀ ပြည့်နှစ်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် အသေးစိတ် တွေ့ဆုံမေးမြန်းထားမှုများနှင့် အရပ်သားများ၏ ဘဝလုံခြုံမှု အားနည်းကျ ဆင်းနေမှုတို့ကို သုံးသပ်တင်ပြထားသည်။ ယခုအစီရင်ခံသည့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ လူ့အခွင့်အရေးချိုး ဖောက်မှု ၁၀၂ ခုနှင့်အတူ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စိုးရိမ်ဖွယ် အနေ အထားဖြင့် တိုက်ပွဲများ ဖြစ်နေသည်ကို ND-Burma အဖွဲ့ဝင်များက မှတ်တမ်းတင်ထားသည်။ ထို့အတူ မြန်မာနိုင်ငံတဝှန်းတွင် အခြခံ အခွင့်အရေးနှင့် လွတ်လပ်မှုများ သိသိသာသာ ကျဆင်းနေသည်။ လွတ်လပ်၊ တရားမျှတသည့် […]

,

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ (၂၀၁၉ ဇူလိုင်လမှ ဒီဇင်ဘာလထိ)

ND-Burma အဖွဲ့ဝင်များနှင့် ၎င်းတို့၏ လုံခြုံရေးကို ပဓာနမထားပဲ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေ အထောက်အထားများအား ကြိုးပမ်းစုဆောင်းပေးမှု မရှိဘဲနှင့် ယခုအစီရင်ခံစာ ဖြစ်မြောက်လာမည် မဟုတ်ပါ။ ယခုအစီရင်ခံစာပါ ကျူးလွန်ခံရသူများ၏ သတိပေးချက်အရ မြန်မာပြည်ငြိမ်းချမ်းရေးရရှိရန်မှာ ဝေး ကွာနေသေးသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ အပြောင်းအလဲအတွက် မျှော် လင့်ချက်ကို လျော့ပါးစေသူများကို ဆန့်ကျင်၍ အမှန်တရားအတွက် ထုတ်ဖော်ပြောဆိုမှုက လှုံ့ဆော်မှုကို ဖြစ် စေသည်။ အစီရင်ခံစာရယူရန်

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မတ် ၁၈ “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် […]

ပလက်ဝ၊ မင်းပြားမြို့နယ်တိုက်ပွဲကြောင့် အရပ်သားနှစ်ဦး သေဆုံး၊ ကိုးဦး ဒဏ်ရာရ

တိုက်ပွဲဆက်တိုက်ပြင်းထန်နေတဲ့ ပလက်ဝမြို့နယ်က ပွီဝုန်းရွာကို မနေ့တုန်းက မတ်လ ၉ ရက်နေ့မှာ ရွာထဲကို လက်နက်ကြီးကျလို့ အရပ်သား နှစ်ယောက် သေဆုံးပြီးတော့၊ လေးယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့မနက်မှာ ပြောပါတယ်။ တောင်ယာကို မှီခိုအားထားလုပ်ကိုင်တဲ့ ပွီဝုန်းရွာဟာ အိမ်ခြေ ၄၀ ဝန်းကျင်ပဲ ရှိပါတယ်။ နေအိမ် ၁၅ လုံးနဲ့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတယ်လို့ ပွီဝုန်းရွာခံက ပြောပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ပွီဝုန်းဒေသတစ်ဝိုက် တိုက်ပွဲပြင်းထန်နေတာ အခုဆိုရင် ရက်ပေါင်း ၂၀ ကျော်လာပါပြီ။ တစ်နေ့တည်းမှာပဲ မင်းပြားမြို့နယ်က ဖားပြိုရွာထဲကို လက်နက်ကြီးကျလို့ အရပ်သား ငါးယောက်ဒဏ်ရာရတယ်လို့ ဖားပြိုရွာခံတစ်ယောက်က RFA ကို ပြောပါတယ်။ လက်နက်ကြီးကြောင့် […]