မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ ဂျာကာတာမှာ သတင်းစာရှင်းမည်
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ထုတ်မယ့် မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေ အကြောင်း အစီရင်ခံစာ အပါအဝင် မြန်မာ့ အရေး အခုနောက်ဆုံး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။ ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman က ဦးဆောင်မှာ ဖြစ်ပြီး အဖွဲ့ဝင် ဖြစ်တဲ့ Christopher Sidoti လည်း ပါဝင်မှာပါ။ ဂျာကာတာ စံတော်ချိန် နေ့ခင်း ၁၂ နာရီ မြန်မာစံတော်ချိန် နေ့ခင်း ၁၁ နာရီခွဲမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ […]
