ရုံးအုပ်ချူပ်ရေးမှူး အလုပ်လျှောက်လွှာခေါ်ယူခြင်း
အလုပ်လျှောက်လွှာခေါ်ယူခြင်း ခေါင်းစဉ် – ရုံးအုပ်ချူပ်ရေးမှူး နေရာ – ရန်ကုန် အလုပ်ချိန် – အချိန်ပြည့် လျှောက်လွာတင်ရန် – ၂၀၂၀၊ ဇန်န၀ါရီလ (၃၀) ရက်နေ့နောက်ဆုံး
This author has not written his bio yet.
But we are proud to say that ndb14 contributed 1381 entries already.
အလုပ်လျှောက်လွှာခေါ်ယူခြင်း ခေါင်းစဉ် – ရုံးအုပ်ချူပ်ရေးမှူး နေရာ – ရန်ကုန် အလုပ်ချိန် – အချိန်ပြည့် လျှောက်လွာတင်ရန် – ၂၀၂၀၊ ဇန်န၀ါရီလ (၃၀) ရက်နေ့နောက်ဆုံး
ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ရမယ့် အမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ခုခံ ချေပမယ့် ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားဆိုတဲ့အပေါ် သဘောထားအမြင် ကွဲပြားနေပါတယ်။ နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ့် ဆုံးဖြတ်ချက်အပေါ် မတူကွဲပြားတဲ့အမြင်တချို့ကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူများအရေးနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများကိုယ်စား ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာပါ။ မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် […]
ICC ခေါ် နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကိုအခွင့်အာဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ရှေ့နေ Fatou Bensouda က သူ့ရဲ့ ကြေညာချက်မှာ ဘယ် ရာဇဝတ်မှုခင်း တွေအပေါ်မှာ ဘယ်လို စုံစမ်း စစ်ဆေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြမှာပါ။ ICC တရားရုံး ရှေ့နေ Fatou Bensouda က၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အခြေအနေကို ICC က […]
နေပြည်တော်၊ ဒီဇင်ဘာလ ၉ ရက် ————————————- ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အား ယနေ့ မွန်းလွဲ ၁ နာရီ ခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ပြန်လည်ကုစားရေးဆိုင်ရာ အကြံပြု ချက်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ လျော့နည်းသွားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော်
အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၁၀.၁၂.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်ကော်မတီအစည်းအဝေး၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) အမှုဆောင်ကော်မတီဝင် ဦးအောင်မျိုးကျော်နှင့်အဖွဲ့က ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာမူဝါဒ(မူကြမ်း)နှင့်စပ်လျဉ်း၍ မိတ်ဆက်ခြင်းနှင့် အကြံပြုချက်များတောင်းခံခြင်းကို ဆွေနွေးညှိနှိုင်းခဲ့ကြရာ ကော်မတီဝင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၁၄:၃၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အမျိုးသားလွှတ်တော်
အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) အပါအဝင် မြန်မာနိုင်ငံကို ခုံရုံးတွေ တင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကို မြန်မာနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ စက်တင်ဘာ ၂၈ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မိန့်ခွန်းပြောကြားရာမှာ ကန့်ကွက်လိုက်တာပါ။ “မြန်မာနိုင်ငံကို ခုံရုံးများတင်ဖို့အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအသစ် တည်ထောင်မှုကိုလည်း ကျနော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီအထဲမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး(အိုင်စီစီ) လည်း အပါအဝင်ဖြစ်ပါတယ်။ အိုင်စီစီနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ အိုင်စီစီဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင်ပိုင်ခွင့် မရှိပါဘူး”လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ စင်မြင့်ထက်ကနေ ပြောသွားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ […]
ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်လာခြင်းနှင့် ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ သိသိသာသာ များပြာလာသည်ကို ND-Burma မှတ်တမ်းများအရ တွေ့ရသည်။ သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်
ND-Burma မှ ယနေ့ထုတ်ပြန်သည့် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် အင်တာနက်စာမျက်နှာ တွင် ရယူ၊ ဖတ်ရှုနိုင်ပါသည်။ အစီရင်ခံစာတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ချိုးဖောက်မှုများကို မိမိတို့ အဖွဲ့ဝင်များမှ အသေးစိတ် မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ မိမိတို့၏ တွေ့ရှိချက်အရ ၂၀၁၈ ခုနှစ် တနှစ်လုံးနှင့် နှိုင်းယှဉ်လ ျှင် ၂၀၁၉ ခုနှစ် ပထမ ၆ လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၃၆၀ ရာခိုင်နှုန်း များပြားလာသည်ကို မှတ်တမ်းတင်နိုင်ခြင်းဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ရှမ်းမြောက် အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းများ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HTS-NSS) နှင့် လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်း (၂၆) ဖွဲ့၏ ပူးတွဲ သဘောထားထုတ်ပြန်ချက်
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
