Entries by ndb14

AA ကို ဒုတိယအစိုးရလို့တောင် ထင်ခဲ့တာ နောက်တော့ ရွာအားလုံး ထွက်ပြေးရတာပဲ (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၈၊ ၂၀၂၀ ၂၀၁၅ ခုနှစ်ကတည်းက ဘင်္ဂလားနယ်စပ်နဲ့ အိန္ဒိယနယ်စပ်မှာ မြန်မာတပ်မတော်နဲ့ AA စစ်တပ် နှစ်ဘက်တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်ပေါ်က ချင်း၊ ရခိုင်ရွာတွေဟာ ပျက်ဆီးသွားခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့ မီးဇာကျေးရွာထဲကို စစ်ရှောင်ဒုက္ခသည် ထောင်နှင့်ချီ ထွက်ပြေးလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဒုက္ခသည်တချို့ မီးဇာရွာကနေ တခြားရွာတွေကို ပြောင်းရွှေ့သွားကြပါတယ်။ အခုလက်ရှိ မီးဇာရွာမှာ စစ်ရှောင်ဒုက္ခသည်ပေါင်း ၅၀၀ ကျော် ရှိနေပါတယ်။ အင်တာဗျူး – နန်းလွင်နှင်းပွင့်၊ ငြိမ်းဇော် ရိုက်ကူး/တည်းဖြတ် – ငြိမ်းဇော်

ရွာနားလက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အမျိုးသမီးငယ်တဦး ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးဝါးကုသနေ

အမ်းမြို့ – ၀၅၊ ၀၃၊ ၂၀၂၀) ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးနားမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ရာ အမျိုးသမီးငယ်တစ်ဦး ပြင်းထန်စွာဒဏ်ရာရတဲ့အတွက် အမ်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိကြောင်း ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါ သည်။၀၂၊ ၀၃၊ ၂၀၂၀ရက်နေ့ ညနေ(၅)နာရီအချိန်လောက်တွင် အမ်းမြိ့မြို့နယ် ကစုကိုင်းကျေးရွာအုပ်စု ဂျိတ်ချောင်းကျေးရွာနေ အသက်(၁၈)နှစ်အရွယ် မစိုးစိုးရီသည် အိမ်ထဲထမင်းဟင်းချက်ပြုပ်နေစဉ် ရွာအနား လက်နက်ကြီးကျည် ကျနောက်ပေါက်ကွဲတဲ့အတွက် ယခုလို ဒဏ်ရာပြင်းထန်စွာရရှိခဲ့ခြင်း ဖြစ်ကြောင်း ထိုသူကဆက်ဆိုသည်။ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် မစိုးစိုးရီဟာ ညာဖက်ဝမ်းဗိုက်မှာ ထိခိုက်ဒဏ်ရာ ရပြီး အစာအိမ်ကိုလည်းထိမှန်တဲ့အတွက် အရေးပေါ်လူနာအဖြစ် ချက်ချင်းခွဲစိပ်ကုသနေရကြောင်းနှင့် ယခုအခါ အမ်းမြို့ ပြည်သူဆေးရုံမှာ ဆေးဝါးကုသမှုဆက်လက်ခံယူနေလျှက်ရှိကြောင်း သိရပါသည်။ “လက်နက်ကြီးက ဘယ်သူဖက်ကပစ်တာလဲဆိုတာတော့ တိတိကျကျပြောလို့မရဘူး၊ သူတို့ရွာရဲ့ အနားအနားတဝှက်မှာ စစ်တပ်စခန်းလည်းမရှိဘူးပေါ့ […]

ရခိုင်ပြည် လွတ်လပ်ရေး ရရင် တောင်ယာတွေ မလုပ်ခိုင်းတော့ဘူးတဲ့

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်မှာ ၂ နှစ်ကျော်ပြီ ဖြစ်သည်။ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် စစ်ရှိန် ပိုမြင့်လာခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ပလက်ဝဒေသတွင်း ကုန်းလမ်း၊ ရေလမ်းကြောင်းများ ပြတ်တောက်ကာ စားနပ်ရိက္ခာများပင် အခက်အခဲ ဖြစ်လာကြသည်။ ပလက်ဝမြို့နယ်တွင်းရှိ ရခိုင်နှင့် ခူမီးမျိုးနွယ်စုများ နေထိုင်ကြရာ ရွာများတွင် ရာချီသည့် AA စစ်သားများ လက်နက် များဖြင့် ဝင်ထွက်သွားလာနေကြသဖြင့် အရပ်သားများအကြား ကြောက်ရွံ့စိတ်များ ရှိနေကြသည်ကိုလည်း တွေ့ရ သည်။ AA စစ်သားများ ဝင်ထွက်သွားလာရာ ကျေးရွာများနှင့် အရပ်သားများနှင့် ပြေလည်သည့် ရွာများ ရှိသလို ဆက်ဆံရေး မပြေလည်သည့် ရွာများရှိသည့်အပြင် ခြိမ်းခြောက်ခြင်း၊ […]

,

ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများကို တပ်မတော် ဝင်ရောက်စစ်ဆေး

တပ်မတော်က ရခိုင်မြောက်ပိုင်းတွင် မြို့ပေါ်စစ်ရှောင်စခန်းများကို ပထမဆုံးအကြိမ် ဝင်ရောက်စစ်ဆေးခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများနှင့် မြို့အဝင်အထွက်လမ်းမများကို တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက်စစ်ဆေးနေသည်ဟု ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။ ယနေ့မနက် ၉ နာရီခန့်က အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ကြောင်းက ရသေ့တောင်မြို့ပေါ် ဓညဝတီဘုန်းကြီးကျောင်းရှိ စစ်ရှောင်စခန်းတစ်ခုနှင့် ပြိန်းတော စစ်ရှောင်စခန်းတို့ကို ဝင်ရောက်စစ်ဆေးနေသည်ဟု ၎င်းက ဆိုသည်။ “လတ်တလောတော့ စစ်ရှောင်စခန်းတွေကို ဝင်စစ်နေတယ်။ မြို့ထဲမှာလည်း နည်းနည်းပါးပါး စစ်နေတာရှိတယ်” ဟု ဦးခင်မောင်လတ်က ပြောသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြာရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ […]

ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို မော်ဒိုက်က ICJ တွင် ကြားဖြတ်တရားစွဲဦးမည်

သဟိတ်ဂ်၊ ဖေဖော်ဝါရီ ၂၆ ICJ သို့ ရခိုင်ပြည်နယ် မွတ်ဆလင်အရေး မြန်မာနိုင်ငံကို တရားစွဲဆိုခြင်း ကြားဖြတ်ကြေညာချက်တစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း မော်ဒိုက်နိုင်ငံခြားရေး ဝန်ကြီးအဗ္ဗဒူလာရှာဟစ်က ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီတွင် ကြေညာလိုက်သည်။ မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီးက ၄၃ ကြိမ်မြောက် UNHRC အစည်းအဝေး ဂျီနီဗာတွင် ကျင်းပစဉ် ကြေညာခဲ့ခြင်း ဖြစ်သည်။ ICJ တွင် တရားရင်ဆိုင်သွားမည့် မော်ဒိုက်နိုင်ငံဘက်မှ ရှေ့နေမှာ မင်းသားကြီးဂျော့ကလူနီ၏ ဇနီး လူ့အခွင့်အရေးရှေ့နေ အေမယ်ကလူနီဖြစ်ကြောင်းလည်း မော်ဒိုက်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။ “ရိုဟင်ဂျာပြည်သူများကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူများအား အပြစ်ဒဏ်ခံရစေဖို့ ပြီးခဲ့တဲ့နှစ် မက္ကာမှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ OIC က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့အညီ လတ်တလောဆောင်ရွက်ချက်များကို မော်ဒိုက်က ထောက်ပံ့ပါဝင်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ရှာဟစ်က […]

ဆိုင်အကူလုပ်သား အသက် ၁၃ နှစ်အရွယ်ကလေးအား မီးရှို့ခဲ့သည့် ဆိုင်ရှင်အမျိုးသမီး ဖမ်းဆီးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှာ အသက် ၁၃ နှစ်အရွယ် ဆိုင်အကူလုပ်သား ကလေးငယ်အား ဆီလောင်းမီးရှို့ခဲတဲ့ဆိုင်ပိုင်ရှင်ဒေါ်ချိုချိုစန်းကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီလို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။ “ဆိုင်က အလုပ်သမားကလေးကို နှိပ်စက်မှုနဲ့ ဆိုင်ရှင် ဒေါ်ချိုချိုစန်းကို မနေ့က ညပိုင်းမှာ ဖမ်းဆီး လိုက်ပါပြီ။ ရဲလုပ်ငန်းစဉ်အတိုင်း လိုအပ်တဲ့ သက်သေစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာပါ၊ လောလောဆယ်တော့ လပွတ္တာမြို့မရဲစခန်းမှာ သူ့ကို စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်”လို့ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုရဲမှူးကြီး ထွန်းရွှေက ဒီဗွီဘီကိုပြောပါတယ်။ အသက် ၁၃ နှစ်အရွယ် ဆိုင်အကူကလေးငယ်အား ဆီလောင်းမီးရှို့ခဲ့တဲ့ ဒေါ်ချိုချိုစန်းဆိုသူကို ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးရဲ့ တရားလိုပြုလုပ်တိုင်တန်းမှုနဲ့ လပွတ္တာမြို့မရဲစခန်းမှာ ရာဇသတ်ကြီး […]

ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့ (RWG) မှ ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ၂ ရက်ကြာကျင်းပ

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက် ပြန်လည်ကုစားပေးလျော်မှုအလုပ်အဖွဲ့ (RWG) မှ ကြီးမှူးပြီး ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၁ နှင့် ၂၂ ရက်တို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲတွင် ဖိလစ်ပိုင်နိုင်ငံမှ လူ့အခွင့်အရေးရှေ့နေ မိုဟာမက် ဂျမာလူ ဂျေ ဂီဒူကော့စ် (Mohammad Jamalul J. Giducos) မှ ဖိလစ် ပိုင်နိုင်ငံ အာဏာရှင် သမ္မတဟောင်း မားကို့စ် လက် ထက် (Ferdinand Marcos) ချမှတ်ခဲ့သည့် စစ်အုပ်ချုပ်ရေးကာလအတွင်း လူ့အခွင့်အရေးချိုး ဖောက်ခံရသူများအတွက် ပြန်လည်ကုစားပေး လျော်မှုဆိုင်ရာ ဥပေဒဖြစ်သည့်  Republic Act 10368 ပေါ်ပေါက်လာစေရန် အရပ်ဖက်အဖွဲ့အစည်းများမှ တိုတ်တွန်း စည်းရုံးခဲ့မှုများ၊ ဥပဒေပါပြ […]

မင်းပြားတွင် တပ်မတော်၏စစ်ဆေးမှုခံရသည့် အရပ်သားမှာ ဒဏ်ရာများရ

နှင်းနွယ် ၊ မျိုးသီရိကျော် | DMG ဖေဖော်ဝါရီ ၁၅၊ မင်းပြား တပ်မတော်က စစ်ဆေးခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာက အရပ်သားတစ်ဦးမှာ မျက်နှာများတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု အမည်မဖော်လိုသည့် ဒေသခံများက ပြောသည်။ ဒဏ်ရာရရှိသူမှာ အသက် (၃၀)နှစ်အရွယ် ကိုဌေးလှိုင်ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ ညနေ ၃ နာရီခန့်က တပ်မတော်စစ်ကြောင်းတစ်ခု၏ ခေါ်ယူစစ်ဆေးမှုခံရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။ “သူက ဖားပြိုရွာနားက ဓာတ်မီးတိုင်စက်ရုံမှာ အလုပ်လုပ်နေတာ။ တိုက်ပွဲဖြစ်သံကြားလို့ သူက ရွာထဲကိုဝင်ပြေးလာတာ။ အဲဒီအချိန်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ခေါ်ပြီးတော့ ရိုက်နှက်စစ်ဆေးတာ” ဟု ၎င်း ကဆိုသည်။ ထို့ကြောင့် ၎င်းမှာ မျက်နှာအပြင် ဦးခေါင်း၊ခြေ၊လက်များတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားပြီး ဆေးကုသရန်လိုအပ်နေသော်လည်း တပ်မတော်က […]

မူလတန်းကျောင်းအတွင်း လက်နက်ကြီး ကျရောက်မှု တပ်မတော်နှင့် AA အပြန်အလှန် စွပ်စွဲ

ဖေဖော်ဝါရီ ၁၄ ။                  ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခမီးချောင်းကျေးရွာ (အမက) မူလွန် စာသင်ကျောင်း အတွင်းသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုနှင့် ပတ်သက်၍ တပ်မတော်နှင့် AA အဖွဲ့တို့ မိမိတို့ မပစ်ကြောင်း ငြင်းကာ အပြန်အလှန် စွပ်စွဲ ပြစ်တင်နေကြသည်။ ဘူးသီးတောင်မြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၃ ရက်က တပ်မတော်နှင့် ရခိုင့်တပ်(AA)တို့ တိုက်ပွဲ ဖြစ်ပွားစဉ် AA အဖွဲ့သည် ခမီးချောင်းကျေးရွာ၏ အနောက်ဘက်သို့ ဝင်သွားစဉ် တပ်မတော်က လိုက်လံ နယ်မြေ ရှင်းလင်းရာ တပ်မတော်ဘက်သို့ လက်နက်ကြီး ဖြင့် ပစ်ခတ်ရာမှာ စာသင်ကျောင်းအတွင်းသို့ ကျရောက်သွားခြင်းဖြစ်သည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ […]

စုပြုံမြှုပ်နှံထားတဲ့ နေရာ ၅ ခု ရခိုင်မြောက်ပိုင်းမှာတွေ့

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နောက်ထပ်နေရာ ၅ ခုကို အတည်ပြုနိုင်ကြောင်း AP သတင်းဌာနရဲ့ ဖေါ်ပြချက်နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် စုံစမ်းစစ်ဆေးခွင့်ပြုဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂအဖွဲ့တွေကို အဲဒီဒေသကို သွားခွင့်ပြုဖို့ ကြာသပတေးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric ကပြောကြားခဲ့ပါတယ်။ “ဒီသတင်းက အစုလိုက်အပြုံလိုက် မြှုပ်နှံထားပုံရတယ်လို့ ပြောတဲ့အတွက် အတော့်ကို စိတ်အနှောက်အယှက်ဖြစ်စရာပါ။ ဒီသတင်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက သိပ်စိတ်ပူ ပါတယ်။ ဒီလို ဖြစ်နေတဲ့ သတင်းမျိုး ရခိုင်ပြည်နယ်မှာ တွေ့ရတာကြောင့် ဒါဟာ ရခိုင်ပြည်နယ်ထဲကို ကုလသမဂ္ဂ သွားခွင့် ရဖို့ လိုနေပြီဆိုတာကို ပြလိုက်တာ […]