ကျန်းမာရေးသည် လူ့အခွင့်အရေးပင်ဖြစ်သည်။ မြန်မာစစ်အာဏာရှင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကို တုန့်ပြန်ရာတွင် လူသားချင်းစာနာမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်နေခြင်း
နိုင်ငံရှိ စစ်တပ်၊ ရဲအစရှိသည့် လက်နက်ကိုင်တပ်ဖွဲ့များက လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်း ထန်ထန် ကျူးလွန်နေသည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်း လူအသေအပျောက် များပြားလာခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကလည်း ခြိမ်းခြောက်နေပြန်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် လူနာများကို ကုသပေးသည့် ကျန်းမာရေး လုပ်သားများအား စစ်အာဏာရှင်များက ဖိနှပ်ချုပ်ခြယ် ထိန်းချုပ်ထားသည်။ ကျန်းမာရေးလုပ်သားများ၏ ကျွမ်းကျင်မှုက ပြည်သူလူထု၏ အသက်ကယ်ဆယ်ရေးအတွက် သေ ရေးရှင်ရေးတမျှ အရေးကြီးသည်။ တိုင်းပြည်၏ သူရဲကောင်းများဖြစ်သည့် ကျန်းမာရေးနယ်ပယ်တွင် ကျွမ်း ကျင်သူများ ကို ကူညီရမည့်အစား စစ်တပ်သည် ၎င်းတို့၏ အကျိုးစီးပွားကိုသာ ရွေးချယ် ဦးထိပ်ပန်ဆင် လျှက်ရှိသည်။ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်မှစပြီး စစ်တပ်၏ တရားမဝင် ထင်ရာစိုင်း အုပ်စိုးမှုကြောင့် ပရမ်းပတာ၊ ဝရုန်းသုန်း […]
