မြင်းခြံမှအကျဉ်းသားသေဆုံးမှု ကိုဗစ်ကြောင့်မဖြစ်နိုင်ဟု မိသားစုပြော
စစ်ကောင်စီတပ်က ဖမ်းဆီးထားသူကို မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားသလို သေဆုံးသွားသည့်အခါတွင်လည်း ရုပ်အလောင်းကို အနီးကပ်ကြည့်ခွင့် မပြုခဲ့ပေ စစ်ကောင်စီတပ်ဖွဲ့က တစ်လကြာ ဖမ်းဆီးထားသော မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျွဲခြံရွာသား ၅၅ နှစ်အရွယ် ဦးမောင်ဌေးသည် ယနေ့(ဩဂုတ် ၉) နံနက်ပိုင်းက မြင်းခြံထောင်တွင်း သေဆုံးသွားသည်။ နှလုံးနှင့်ပတ်သက်သည့် ရောဂါကြောင့် သေဆုံးသည်ဟု မြင်းခြံအကျဉ်းထောင်က ယနေ့ မနက် ၈ နာရီတွင် ဖုန်းဖြင့် ဖြေကြားကြောင်း၊ မြင်းခြံပြည်သူ့ဆေးရုံ၊ ရင်ခွဲရုံသို့ ရုပ်အလောင်းပို့ထားစဉ် ထောင်ဝန်ထမ်းများက ကိုဗစ်အကြောင်းပြပြီး အခန်းအပြင်ဘက်မှသာ ကြည့်ခွင့်ပြုကြောင်း သေဆုံးသူ၏ သမီးက ပြောသည်။ ရင်ခွဲရုံထဲသို့ ဝင်ရောက်သည့် ဆရာဝန်များ၊ အကျဉ်းထောင်အရာရှိများ၊ နာရေးအသင်းများမှာ ကူးစက်ရောဂါအကာအကွယ်ဝတ်စုံ(PPE) မဝတ်ကြကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ကျွန်မတို့ကို စောစောစီးစီး ကြိုအကြောင်းကြားသင့်တာပေါ့လို့။ အရင်နေ့ကတည်းက ဆေးရုံတင်ခွင့်ရရင် ဒီရောဂါ သေရမယ့် ရောဂါမဟုတ်ဘူးလို့ အဲလို […]
