စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် (သြဂုတ်လ ၂-၈)၂၀၂၁
မြန်မာပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့၏ တရားမဝင်စစ်အာဏာသိမ်းမှုကို ငြင်းပယ်နေကြသည်။ တရားဝင်အစိုးရဖြစ်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီမှ အိမ်စောင့်အစိုးရအဖြစ် အသွင်ပြောင်းခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ လှည့်စားနိုင်ခြင်း မရှိခဲ့ပါ။ ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အထူးသဖြင့် ၈၈၈၈ အရေးတော်ပုံနှစ်ပတ်လည်နေ့အထိမ်းအမှတ်နေ့တွင် ဒီမိုကရေစီရေးအတွက်တောင်းဆို ဆန္ဒပြခဲ့ကြသည်။ အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဉ်းချုပ်တွင်ရှုပါ။





