စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက် သြဂုတ်လ (၂၃-၂၉) ၂၀၂၁
တရားမ၀င် စစ်အာဏာသိမ်းသည့် အချိန်မှစ၍ ၇ လတာအတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေသည် ဆက်လက် ယိုယွင်းနေသည်။ တက်ကြွလှုပ်ရှားသူများနှင့် သတင်းစာနယ်ဇင်းသမားများသည် အကြမ်းဖက်သည့် နည်းဗျူဟာများနှင့် မတရားဖမ်းဆီးခံရခြင်း စသည့် နည်းများဖြင့် ဖိနှိပ်ခံနေရသည်။ စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် အပြစ်မဲ့ပြည်သူ ၁၀၀၀ ကျော်သေဆုံးခဲ့ရသည်။ ပဋိပက္ခနှင့် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများကြောင့် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေသော်လည်း အကြမ်းဖက်စစ်တပ်သည် တိုင်းရင်းသားဒေသများဖြစ်သော ကရင်၊ ကချင် နှင့် ကယားပြည်နယ်တို့တွင် စစ်အင်အားတိုးချဲ့လျက်ရှိသည်။ တိုက်ပွဲများသည် နေရပ်စွန့်ထွက်ပြေးနေရသော အရပ်သားပြည်သူများအား ပို၍ ဆိုးကျိုးသက်ရောက်စေမည်ဖြစ်သည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ လျှပ်တပြတ် အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် သြဂုတ်လ ၁၆ ရက်နေ့တွင် ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၁၈၉,၀၀၀ ရှိသည်။ တိုင်းပြည်၏ […]
