မင်းကင်းမြို့တွင် အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ်
ကွမ်းဝါးနေသော အမျိုးသားတစ်ဦးကို နှာခေါင်းစည်းမတပ်သည်ကို ရန်ရှာလျက် လူလယ်ကောင်တွင် နားထင်ကို သေနတ်ဖြင့် တေ့ပစ်သတ်ခဲ့သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူက ဆိုသည် စစ်ကိုင်းတိုင်း မင်းကင်းမြို့တွင် ယနေ့ (ဩဂုတ် ၁၇) မွန်းလွဲပိုင်း၌ အရက်မူးနေသော စစ်သားများက လူတစ်ဦးကို အနီးကပ်ပစ်သတ်ခဲ့ပြီး အခြားအမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သူနှင့် မင်းကင်းဒေသခံများထံမှ သိရသည်။ ချင်းတွင်းမြစ်ပေါ်ရှိ မင်းကင်းမြို့တွင် မုံရွာ − မင်းကင်း ပြေးဆွဲသည့် အမြန်ရေယာဉ်များဆိုက်ကပ်ရာ ဆိပ်ကမ်း၌ အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေနတ်ဖြင့် အနီးကပ်ပစ်ခံရမှုကြောင့် ဆိပ်ကမ်းအုတ်ခုံပေါ် ထိုင်နေသူ အသက် ၃၉ နှစ်အရွယ် ကိုဇော်မျိုးမြင့် ပွဲချင်းပြီးသေဆုံးပြီး အနီးအနားရှိ အမျိုးသမီးတစ်ဦးလည်း သေနတ်ကျည်ဆန်ထိမှန်ခဲ့သည်။ ကိုဇော်မျိုးမြင့် ဆိပ်ကမ်းအုတ်ခုံပေါ်ထိုင်လျက် ကွမ်းစားနေစဉ် အရက်မူးနေသော စစ်သားများက နှာခေါင်းစည်းမတပ်သည်ကို ရန်ရှာလျက် အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု […]
