ဖျက်ဆီးခံရခြင်းနှင့်ရွှေ့ပြောင်းခံရခြင်း မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေးအတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်း
အကျဥ်းချုပ် နှေးကွေးသော်လည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အရပ်သားအစိုးရ အုပ်ချုပ်မှုသို့ မှန်မှန် လျှောက်လှမ်းနေသည့် အသွင်ကူးပြောင်းရေး ၁၀ နှစ်အကြာတွင် စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာရုဏ်ဦးချိန် အာဏာသိမ်းလိုက်သည်။ အကျိုးဆက်အနေဖြင့် နိုင်ငံရေး ခေါင်းဆောင်များ နှင့် တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီး ထိန်းသိမ်းလိုက်သည်။ ပါလီမန်သစ် မစတင်မီမှာပင် အာဏာသိမ်းလိုက်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ အထွေထွေရွေး ကောက်ပွဲမှ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စစ်တပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ဦးစွာပြသလိုက်ခြင်းဖြစ်သည်။ ခိုင်မာ သည့် သက်သေမရှိပဲ မဲသမာမှုများရှိသည်ဟု စစ်တပ်မှ စွပ်စွဲကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်အားလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး စောဒကတက်ခဲ့သည်။ […]
