Entries by ndb14

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အပတ်စဉ်ထုတ်ပြန်ချက်(ဇွန် ၂၈ မှ ဇူလိုင် ၄) ၂၀၂၁

စစ်ဏာသိမ်းမှုနှင့် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေသော ပြည်သူတို့၏ ကြိုးပမ်းအားထုတ်မှု အရှိန်သည် လျော့နည်းသွားခြင်းမရှိပါ။ ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေပြီး နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသူများ အတွက် အကူအညီများပေးရန် နှင့် စစ်ကောင်စီမှ ကျူးလွန်သော ရာဇ၀တ်များအတွက် ပို၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုနေကြသည်။ အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်ခွင့်ရနေမှု အဆုံးသတ်ရမည်။ အပတ်စဉ်နောက်ဆုံးအခြေအနေ ကျဉ်းချုပ်တွင်ရှုပါ။

ယာဉ်ထိန်းရဲ အသတ်ခံရမှုဖြင့် ဖမ်းခံရသည့်မိသားစုတွင် ၁၅ နှစ်သား ပါဝင်

အသတ်ခံရသည့် ယာဉ်ထိန်းရဲအိမ်ဘေးမှ ၁၅ နှစ်သားနှင့် အိမ်သား ၅ ဦး အဖမ်းခံနေရပြီး ကျန်မိသားစု၀င်များ အဖမ်းခံရန်လည်း ရဲက ဖိအားပေးနေသည်ဟု ဆိုသည် မန္တလေးတိုင်း၊ မြင်းခြံတွင် ယာဉ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရပြီး နာရီပိုင်းအတွင်း သူ၏ အိမ်နီးချင်းမိသားစုတစ်စုမှ ၆ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းသွားရာတွင် ထိုအထဲတွင် အသက်မပြည့်သေးသူတစ်ဦး ပါဝင်နေသည်။ ဇွန် ၁၈ ရက်နေ့က ဖမ်းဆီးခံရသူများအနက် ကိုရဲသူရဇော်မှာ အသက် ၁၅ နှစ်သာရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၂ ဦး ဖမ်းဆီးခံနေရခြင်း ဖြစ်သည်။ ထိုကလေး မြင်းခြံရဲစခန်းတွင် ထိန်းသိမ်းခံနေရပြီး ကျန်  ၅ ဦးမှာ မြင်းခြံထောင်တွင် ရှိနေသည်ဟု ဆိုသည်။ “အာမခံနဲ့လာထုတ်ဆိုပြီး ရဲစခန်းက လှမ်းဖုန်းဆက်တာ။ (ဇွန် […]

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဇွန်လ ၂၀ -၂၇) ရက်နေ့ထိ

အာဏာသိမ်းစစ်ကောင်စီစည် အရပ်သားပြည်သူများကို အကြောင်းမဲ့ ပရမ်းပတာပစ်ခတ်ခြင်းနှင့် အကြောင်းပြချက် တစ်စုံတစ်ရာမရှိဘဲ  မတရားဖမ်းဆီးချုပ်နှောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်လုပ်ဆောင် နေသည်။ မြန်မာပြည်သူများသည် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်လျက်ရှိသည်။ ကချင်ပြည်နယ်တွင် ပဋိပက္ခများ တိုးလာသောကြောင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင် ကြရသည်။ အကူအညီများလိုအပ်လျက်ရှိပြီး  အထိခိုက်လွယ်ဆုံးသောသူများကို ကာကွယ်ပေးရန် လိုအပ်သည်။ အပြည်အစုံကို အပတ်စဥ်နောက်ဆုံး အခြေအနေ အကျဥ်းချုပ်တွင်ရှုပါ။

,

ကမာရွတ်မီဒီယာ နေသန်မောင်နဲ့ စကားပြောခြင်း

စစ်အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍဘယ်လို ပြောင်းလဲသွားလဲ။ လူသားဆန်တဲ့ သတင်းစာပညာရဲ့ ရပ်တည်မှု မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ ဘယ်လောက်အထိအရေးပါသလဲ။ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ စံနှုန်းဖြစ်တဲ့ လူ့အခွင့်အရေးသတင်းစာပညာဆိုတာ ဘာလဲ။ အမေရိကန်ပြည်ထောင်စုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ-အမေရိကန်သတင်းသမား နေသန်မောင်ကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ ကိုနေသန်မောင်ဟာ စစ်တပ်ရဲ့ အပြင်းအထန်ညှင်းပန်းနှိပ်စက်မှုခံခဲ့ရပြီး အင်းစိန်ထောင်မှာ သုံးလ ထိန်းသိမ်းခံခဲ့ရပြီးနောက် ပြန်လည် လွတ်မြောက်လာသူဖြစ်ပါတယ်။

စစ်ကောင်စီကို ICC တွင် တရားစွဲမည်ဟု NUG တရားရေးဝန်ကြီးပြော

Crime Against Humanity၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ဇွန်လ ၂၅ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ Crime Against Humanity၊ စစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့သက်သေတွေရှိနေပြီဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွက်ကတော့ ပိုပြီးခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ တင်ပြနိုင်ဖို့လိုတယ်လို့ ဆိုပါတယ်။ ICC ကို အမှုသက်သေတွေတင်သွင်းတဲ့အခါ အာဏာသိမ်းပြီး စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုသာမက အရင်တုန်းက စစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ နိုင်ငံတကာတရားရုံးကို ပူးတွဲတင်ပြနိုင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးသိန်းဦးက ပြောပါတယ်။ “စစ်တပ်က အရင်က ကျူးလွန်တဲ့ပြစ်မှုတွေကိုပါ ပူးတွဲတင်သွားဖို့ရှိပါတယ်။ စစ်တပ်က ကျူးလွန်ပြီး အရေးမယူနိုင်ခဲ့တဲ့ အမှုတွေကိုပါ ပူးတွဲတင်သွားမှာ ဖြစ်ပါတယ်။” အာဏာသိမ်းပြီးနောက်ပိုင်း […]

,

ညှဉ်းပန်းနှိပ်စက်မှုများ ချက်ချင်းရပ် (မြန်မာပြည်ထဲက ညှဉ်းပန်းနှိပ်စက်မှုများ)

မြန်မာနိုင်ငံအတွင်းရှိ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ AJAR နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပိုင်း ၅ ပိုင်းပါသော ရုပ်သံမှတ်တမ်း          

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့

ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ မြန်မာစစ်တပ်၏ ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်ခြင်းသည် နိုင်ငံတကာ ရာဇဝတ်မှုတစ်ခုဖြစ်သည်-  ထိုလုပ်ရပ်အား လုံး၀ ရပ်တန့်ရမည်။ ဇွန်လ ၂၆ ရက်၊  ၂၀၂၁ ခုနှစ် ယနေ့ကျရောက်သော ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့တွင် မိမိတို့အနေဖြင့် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်လှသော ညှဉ်းပန်းနှိပ်စက်မှုများကို အမြန်ဆုံးရပ်တန့်ရန်နှင့် တရားမျှတမှုအတွက် ကျူးလွန်သူများကို အပြစ်ပေး အရေးယူရန် တောင်းဆိုပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ AJAR နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပိုင်း ၅ ပိုင်းပါသော ရုပ်သံဇာတ်လမ်းတွဲကို ထုတ်လွှင့်မည်ဖြစ်သည်။ (AJAR ၏ YouTube channel ((click here))၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၏ Website/Facebook တို့တွင် […]

မန္တလေး တိုက်ခိုက်မှုအတွက် ကုလနဲ့ နိုင်ငံတကာ သတိပေး

မန္တလေးမြို့မှာ အင်္ဂါနေ့က စစ်ကောင်စီတပ်တွေနဲ့ မန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF-Mdy တို့ကြား အပြန်အလှန်ပစ်ခတ်ခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချကြောင်း ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရုံးရဲ့ပြောခွင့်ရ Stephane Dujarric က- ”ဒီကနေ့ ထိတ်လန့်စရာကောင်းတဲ့ မန္တလေးက အကြမ်းဖက်မှုသတင်းကို ကျနော်တို့ ကြားသိ တွေ့မြင်ခဲ့ရပါတယ်။ အကြမ်းဖက်မှု ပုံစံအားလုံးကို ထပ်ပြီး ရှုတ်ချပါတယ်။ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်မြန်မာပြည်သူတွေရဲ့လှုပ်ရှားမှုတွေအပေါ် ကုလသမဂ္ဂရဲ့ မဆုတ်မနစ်ထောက်ခံမှုကို ထပ်လောင်းအတည်ပြုပါတယ်။” လို့ပြောသွားပါတယ်။ ဒါအပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံအတွင်း မြန်မာ့အရေးဆွေးနွေးတင်ပြရာမှာ ကြီးမားတဲ့ […]

နောက်ဆုံးရ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ (ဇွန်လ ၁၄ -၂၀) ရက်နေ့ထိ

အကြမ်းဖက်စစ်ကောင်စိ၏ မီးတင်ရှို့မှုကြောင့် သက်ကြီးလင်မယား စုံတွဲ အသက်ဆုံးရှုံးခဲ့ရသည်။ ကမ္ဘာ့ဒုက္ခသည်များနေ့ နှင့် ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာ/ နိုင်ငံတကာနေ့တွင် ထိခိုက်နိုင်ချေများသော အားနည်းသောလူအုပ်စုကိုကာကွယ်ရန် လုံခြုံမှုနှင့် တာ၀န်ခံမှုကို လိုအပ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းတို့၏ တောင်းဆိုခဲ့မှုများကို တင်ပြထားပါသည်။ ပြည်သူတို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှား ဆက်လက် ပြုလုပ်နေကြသည်။ အပြည့်အစုံကို အပတ်စဉ်နောက်ဆုံးအခြေအနေ ကျဉ်းချုပ်တွင်ရှုပါ။

ဖျက်ဆီးခံရခြင်းနှင့်ရွှေ့ပြောင်းခံရခြင်း မြန်မာနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပြီးနောက် လူထုဘဝလုံခြုံရေးအတွက် အာမခံမှုမရှိသည့် အန္တရာယ် အနေအထားတွင် ရောက်ရှိနေခြင်း

အကျဥ်းချုပ် နှေးကွေးသော်လည်း ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အရပ်သားအစိုးရ အုပ်ချုပ်မှုသို့ မှန်မှန် လျှောက်လှမ်းနေသည့် အသွင်ကူးပြောင်းရေး ၁၀ နှစ်အကြာတွင် စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာရုဏ်ဦးချိန် အာဏာသိမ်းလိုက်သည်။ အကျိုးဆက်အနေဖြင့် နိုင်ငံရေး ခေါင်းဆောင်များ နှင့် တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီး ထိန်းသိမ်းလိုက်သည်။ ပါလီမန်သစ် မစတင်မီမှာပင် အာဏာသိမ်းလိုက်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာ အထွေထွေရွေး ကောက်ပွဲမှ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို စစ်တပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်း ဦးစွာပြသလိုက်ခြင်းဖြစ်သည်။ ခိုင်မာ သည့် သက်သေမရှိပဲ မဲသမာမှုများရှိသည်ဟု စစ်တပ်မှ စွပ်စွဲကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်အားလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး စောဒကတက်ခဲ့သည်။ […]