အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြပွဲနှင့်ပတ်သက်၍ အရေးပေါ်ထုတ်ပြန်ချက်
၂၃၊ ဇူလိုင်၊ ၂၀၂၁ ယနေ့ ဇူလိုင် (၂၃) ရက် နံနက် ၈ နာရီခန့်အချိန်တွင် အင်းစိန်အကျဉ်းထောင်တွင်းမှ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့်ပတ်သက်သော ကြွေးကြော်သံများဟစ်ကြွေး၍ ထောင်တွင်းဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ကြောင်း ကြားသိရသည်။ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းသိမ်း ထားသူများနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်အတွက် ဖမ်းဆီးခံထားရသူများကို ထိန်းသိမ်းထားသော အင်းစိန်သီးသန့်ထောင်၏ အမျိုးသမီးဆောင်မှ စတင်၍ ဆန္ဒပြပွဲ ဖြစ်ပေါ်ခဲ့ပြီးနောက် အကျဉ်းထောင်တစ်ခုလုံး ပူးပေါင်းပါဝင်ကာ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့လည်း အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ကြသည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် အကျဉ်းထောင်အတွင်းသို့ စစ်ကားများ ဝင်ရောက်၍ ထောင်ကို စီးနင်းမှုပြုလုပ်ကာ ထောင်ရှိလက်နက်များအားလုံးကိုလည်း သိမ်းဆည်းခဲ့ကြောင်း အကျဉ်းဦးစီးဌာန၏ ဝန်ထမ်း တချို့က အတည်ပြုပြောဆိုခဲ့သည်။ အင်းစိန်ထောင်၏ အမျိုးသမီးအဆောင် နှစ်ဆောင်တွင် COVID-19 ရောဂါ […]
