ရဲစခန်းဝင်စီးခံရသည့် မြောင်မြို့နယ် ကျောက်ရစ်ရွာကို စစ်တပ်က မီးရှို့
ပြည်သူ့တော်လှန်ရေး စတင်ကြောင်း NUG က ကြေညာပြီးနောက် မြောင်မြို့နယ်တောင်ပိုင်း ချင်းတွင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၈ တွင် ကျောက်ရစ်ရဲစခန်းကို ဒေသခံ PDF အဖွဲ့များက ဝင်ရောက်စီးနင်းခဲ့သည် စစ်ကိုင်းတိုင်း မြောင်မြို့နယ်တောင်ပိုင်းရှိ ကျောက်ရစ်ရွာကို စစ်ကောင်စီတပ်က ယမန်နေ့ (စက်တင်ဘာ ၁၂) တွင် မီးရှို့ခဲ့ပြီး မီးငြှိမ်းသတ်ရန် ကြိုးပမ်းသူများကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်နှင့် ဒေသခံတစ်ဦးက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ တွင် ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာပြီးနောက် မြောင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများကြောင့် ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေစဉ် အိမ်ခြေ ၃၀၀ ရှိ ကျောက်ရစ်ရွာကို စစ်တပ်က […]
