ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ပင်လယ်ပြင်မှာ ရိုဟင်ဂျာ ၁၇ ဦး သေဆုံးမှု တုန်လှုပ်မိကြောင်း UNHCR ပြော
ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းကိုလာရင်း ပင်လယ်မှာစက်လှေမှောက်ခဲ့တဲ့အတွက် ရိုဟင်ဂျာ ၁၇ ဦး သေဆုံးခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီး အံ့သြတုန်လှုပ်မိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောလိုက်ပါတယ်။
တိမ်းမှောက်သွားတဲ့စက်လှေဟာ ရခိုင်ပြည်နယ် စစ်တွေကနေ ကြာသပတေးနေ့က ထွက်ခွာလာတာဖြစ်ပြီး၊ စနေနေ့က ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေအနီးမှာ မုန်တိုင်းကြောင့် တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
အနည်းဆုံး ၁၇ ဦးသေဆုံးပြီး၊ ဒီအထဲမှာ ကလေးတချို့ပါဝင်တယ်လို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။ ရုပ်အလောင်းတွေကို မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီးဖြစ်ပါတယ်။
“နောက်ဆုံးဖြစ်ခဲ့တဲ့ ဒီအဖြစ်ဆိုးက မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ဆင်းရဲအားငယ်မှုကို နောက်တစ်ကြိမ် ပြလိုက်တာပဲ” – လို့ UNHCR ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Indrika Ratwatte က ပြောလိုက်ပါတယ်။
“ဒီလိုအန္တရာယ်များလှပြီး၊ နောက်ဆုံးမှာ သူတို့အသက်တွေတောင် ဆုံးရှုံးရတဲ့ ခရီးကြမ်းတွေကို ရွေးချယ်သွားကြတဲ့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ ယောကျာ်းတွေ အရေအတွက် များလာနေတာကို မြင်ရတာ ထိတ်လန့် တုန်လှုပ်မိတယ်။”
သေနိုင်တဲ့ ခရီးကြမ်းတွေကို သွားကြရတဲ့ အကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ လိုအပ်ကြောင်းနဲ့ ပင်လယ်ပြင်မှာ ဒုက္ခရောက်နေသူတွေအားလုံးကို ကယ်ဆယ်ရေးနဲ့ ကမ်းကပ်ခွင့်ပေးရေး ဒေသတွင်းမှာရှိတဲ့ နိုင်ငံတွေအားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း သူက တိုက်တွန်းသွားခဲ့ပါတယ်။
မေလ ၂၁ ရက် စနေနေ့က ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားခဲ့တဲ့ မုန်တိုင်းကြောင့် ပင်လယ်ထဲ နစ်မြုပ်ခဲ့တဲ့ စက်လှေပေါ်မှာ ရိုဟင်ဂျာအနည်းဆုံး ၉ဝ လောက် ပါနိုင်တယ်လို့ အသက်ရှင်ကျန်ရစ်သူတွေကို ကိုးကားပြီး ဒေသခံတွေက ပြောပါတယ်။
ပင်လယ်ပြင်ကနေ ရုပ်အလောင်းတွေဟာ ရွှေသောင်ယံကမ်းခြေကို မျောလာခဲ့တာဖြစ်ပြီး၊ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အများစုဖြစ်ပါတယ်။
အသက်ရှင်လျက် မျောလာတဲ့ ရိုဟင်ဂျာ ၂ဝ လောက်ကိုတော့ ရွှေသောင်ယံရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက RFA ကို ပြောဆိုခဲ့ပါတယ်။
RFA Burmese
အပတ်စဉ်ထုတ်ပြန်ချက် ၂၀၂၂ ခုနှစ် မေလ ၁၆ မှ ၂၂ ရက်နေ့ထိ
အပြစ်မဲ့အရပ်သားများအပေါ် ထိတ်လန့်ဖွယ်ကောင်းသော ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် နိုင်ငံတကာအသိုက်အဝန်းမှ တာဝန်ခံမှုကို တောင်းဆိုနေသည်။ စစ်အာဏာရှင်များသည် ပစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထကို ကာလကြာရှည် ကျင့်သုံး ခံစားနေသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှ အသက်ရှင်ကျန်ရစ်သူများအတွက် တရားမျှတမှုရရှိရန် နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများ လိုအပ်သည်။
ရန်ကုန်မှ NLD ထောက်ခံသည့်မိသားစု ပစ်ခတ်ခံရပြီး ကျောင်းသူတစ်ဦး သေဆုံး
သေနတ်သမားများက သာကေတမြို့နယ်မှ အထည်ဆိုင်တစ်ခုသို့ ဝင်ပြီး ပစ်ခတ်ရာ ၂၂ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူ သေဆုံးပြီး မိသားစုဝင်တချို့လည်း ထိခိုက်ခဲ့သည်။
ယမန်နေ့ (မေ ၁၉) တွင် ရန်ကုန်၊ သာကေတမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသည့် မိသားစုဝင် ၃ ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံရပြီး တက္ကသိုလ်ကျောင်းသူ သေဆုံးသွားသည်ဟု ထိုမိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
မွန်းလွဲ ၃ နာရီဝန်းကျင်တွင် သာကေတမြို့နယ်၊ ၇ ရပ်ကွက်၊ အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်ရှိ အထည်ဆိုင်ရှေ့သို့ ကားနှင့် ရောက်လာသည့် လက်နက်ကိုင်နှစ်ဦးက ဆိုင်အတွင်းသို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အသက် ၂၂ နှစ်အရွယ် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးသည် နားထင်ကို ၂ ချက် တေ့ပစ်ခတ်ခံရသည်၊ မိခင်နှင့် ၎င်း၏ ဦးလေးတော်စပ်သူ အသက် ၄၀ နှစ်အရွယ် ဦးရဲနိုင်အောင်တို့လည်း ပစ်ခတ်ခံရသည်ဟု လူမှုရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။
“ကားနဲ့ နှစ်ယောက်လာပြီးတော့ အဲဒီထဲကို ဝင်ပစ်သွားတယ်။ ပစ်သွားတဲ့အခါကျတော့ သုံးယောက် ထိသွားတယ်။ အဲဒီလာက်ပဲ သိရတယ်။ အပစ်ခံရတဲ့မိသားစုက NLD လို့ သိရတယ်” ဟု သာကေတမြို့နယ် လူမှုကူညီရေးအသင်းဝင်တစ်ဦးက Myanmar Now ကို ယနေ့ ပြောသည်။
မဟန်နီဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုမင်းသူရိန်က ပြောသည်။
သေနတ်သမားတစ်ဦးက ဦးလေးဖြစ်သူ ရှိမရှိ ဦးစွာ မေးမြန်းခဲ့ကာ ဦးလေးဖြစ်သူ ထွက်လာချိန်၌ စတင်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် မဟန်နီဦးနှင့် မိခင်ကို ပစ်ခတ်ခဲ့ကြောင်း ၎င်းက မျက်မြင်များကို ကိုးကား၍ ပြောသည်။
“ကိုရဲ ရှိတယ်ဆိုပြီး ထွက်လာတဲ့အနေအထားမှာ ကိုရဲကို ပစ်တယ်။ ကိုရဲက ကြောက်အားလန့်အားနဲ့ ထွက်ပြေးတော့ အနီးအနားမှာရှိတဲ့ မဟန်နီဦးကို ပစ်သွားတယ်။ မဟန်နီဦးအပြင် မိခင်ကိုပါ ပစ်သွားတာ” ဟု ၎င်းက ဆိုသည်။
ဒဏ်ရာရရှိထားသော မိခင်နှင့် ဦးလေးတော်သူ ဦးရဲနိုင်အောင်မှာ စစ်ဆေးရုံသို့ ရောက်ရှိနေသည်ဟု သိရပြီး ဦးလေးဖြစ်သူမှာ သေနတ်ဒဏ်ရာ ၄ ချက်ဖြင့် ယမန်နေ့ညက စစ်ဆေးရုံ၌ သေဆုံးသွားသည်ဟု ကြားသိရကြောင်း ကိုမင်းသူရိန်က ပြောသည်။
ပစ်ခတ်ခံရသူများမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး ဦးရဲနိုင်အောင်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များတွင် တက်တက်ကြွကြွပါဝင်သူတစ်ဦးဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
လုပ်ကြံသတ်ဖြတ်သည့်နေ့မှာ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထောက်ခံသည့်ဆန္ဒထုတ်ဖော်မှုကို လုံခြုံရေးတင်းတင်းကျပ်ကျပ်ချကာ ပြုလုပ်ခဲ့ကြသည့်နေ့လည်း ဖြစ်သည်။
မဟန်နီဦးနှင့် မိသားစုကို ပစ်ခတ်မှုမှာ “သွေးသောက်” ဟု အမည်ခံကာ သတ်ဖြတ်နေသူတို့၏ လက်ချက်ဖြစ်နိုင်ကြောင်း ဒေသခံများနှင့် ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံက ယူဆနေသည်။
သွေးသောက်အဖွဲ့နှင့် ဆက်စပ်သည်ဟု ယူဆရသည့် လုပ်ကြံသတ်ဖြတ်မှုများမှ ဒဏ်ရာရရှိသူများကို ပြည်သူ့ဆေးရုံသို့ မပို့ဘဲ စစ်ဆေးရုံများကိုသာ ပို့လေ့ရှိကြောင်း ၎င်းက ဆိုသည်။
“သွေးသောက်အဖွဲ့ကလည်း စစ်အုပ်စုပါပဲ။ အဲဒီအကြမ်းဖက်စစ်အုပ်စုက သူတို့ကို ဆန့်ကျင်သည်ဖြစ်စေ မဆန့်ကျင်သည်ဖြစ်စေ ပြည်သူတွေကို ပစ်မှတ်ထားတာပေါ့။ ဒါဟာ မတရားသောကိစ္စတွေဆိုတာ အားလုံးအသိပါပဲ” ဟု ကျောင်းသူတစ်ဦးနှင့် မိသားစုဝင်များ ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ၎င်းက မှတ်ချက်ပြုသည်။
သွေးသောက်အဖွဲ့လက်ချက်ဖြစ်နိုင်သည်၊ ဦးရဲနိုင်အောင် သေဆုံးသွားသည် ဟူသော အချက်များကို Myanmar Now အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
သို့သော် သွေးသောက်အဖွဲ့ (YGN) အမည်ဖြင့် ဖွင့်လှစ်ထားသည့် တယ်လီဂရမ်စာမျက်နှာတွင် NLD ပါတီနှင့် ဆက်နွှယ်သူများ၊ စစ်ကောင်စီကို ဆန့်ကျင်နေသည့် သရုပ်ဆောင်အချို့၏ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်မည်ဟု ခြိမ်းခြောက်ထားသည်။
သွေးသောက်အဖွဲ့ (MDY) ကလည်း NLD ပါတီဝင်နှင့် ထောက်ခံသူများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်နွှယ်သူများကို လုပ်ကြံသတ်ဖြတ်သွားမည်ဟု ဧပြီ ၂၁ တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၂၈ က ရန်ကုန်တွင် သရုပ်ဆောင်ဟိန်းထက်၏ အဘိုးတော်စပ်သူ ၇၄ နှစ်အရွယ် ဦးတင်ဝင်းကို သေနတ်သမားများက ၈ ချက်ပစ်ခတ်ကာ သတ်ဖြတ်သွားခဲ့သည်။
သွေးသောက်အဖွဲ့နောက်ကွယ်တွင် စစ်တပ်ရှိနေသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်နေကြသော်လည်း စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီးကမူ စစ်တပ်က ပြည်သူ့စစ်အဖွဲ့များကိုသာ တရားဝင်ဖွဲ့စည်းပြီး အခြားဖွဲ့စည်းမှု မရှိကြောင်း ဧပြီ ၂၇ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
Myanmar Now News
ပင်းတယ NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် သားအမိ အဖမ်းခံရ
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (NLD) ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်မမလေးနဲ့ သားဖြစ်သူကို မေလ ၁၄ ရက်နေ့ ညပိုင်း စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ပင်းတယဒေသခံက RFA ကို ပြောပါတယ်။
ဒေါ်မမလေးနဲ့ သားဖြစ်သူ ကိုနေမျိုးထက်ဟာ သူတို့နေအိမ်ဖြစ်တဲ့ ပင်းတယမြို့ ဖော့တော အနောက်ရပ်ကွက်နေအိမ်မှာ ရှိနေချိန် အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သားတွေ အိမ်စီးကား ငါးစီးနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ ပြောပါတယ်။
ဒေါ်မမလေးဟာ ပင်းတယမြို့ NLD ပါတီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် နှစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရထားသူဖြစ်ပြီး အာဏာ သိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုတွေပါ ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရ တာကြောင့် ရှောင်တိမ်းနေရသူလို့ ဒေသခံက ပြောပါတယ်။
ကိုနေမျိုးထက်ကတော့ သမဝါယမဌာနကနေ CDM လုပ်ထားသူဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကို ရှမ်းပြည်တောင်ပိုင်း တောင်လေးလုံး အကျဉ်းထောင်ကို ပို့မယ်လို့ သတင်းတွေ ကြားနေရပေမယ့် လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံက ပြောပါတယ်။
ပင်းတယမြို့မှာရှိတဲ့ အခြား NLD လွှတ်တော်ကိုယ်စားလှယ်အချို့လည်း အခုလိုပဲ စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ပင်းတယမြို့မှာ အဖမ်းခံထားရသူ အနည်းဆုံး ၅၀ ဝန်းကျင်လောက်အထိရှိနေပြီး တချို့ကတော့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားကြရတယ်လို့ ဖမ်းဆီးထောင်ချခံထား ရသူတွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
RFA Burmese
ရေစကြို ရေလယ်ကျွန်းဒေသ ရွာလေးရွာက နေအိမ် ၇၀ ကျော် မီးရှို့ခံရ
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက ရွာလေးရွာကို မေလ ၁၆ ရက် ဒီနေ့ မနက်ပိုင်း စစ်ကောင်စီ တပ်သားတွေ မီးရှို့ခဲ့တာကြောင့် လေးရွာပေါင်း နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၅ ရက် မနေ့ကတည်းက အင်အား ၁၀၀ ခန့် မိုးကွဲရွာမှာ စခန်းချ ညအိပ်ပြီး ဒီနေ့မနက် ပြန်အထွက်မှာ ရွာတွေကို မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေလယ်ကျွန်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမနက် မိုးကွဲရွာ မီးရှို့တယ်။ အဲဒီကနေတစ်ဆင့် ကံဦးရွာကို မီးရှို့တယ်။ ပြီးရင် တောင်ကုန်း ရောက်တော့လည်း မီးထပ်ရှို့တယ်။ သူတို့သွားတုန်းက ဝင်ခဲ့တဲ့ မဲကုန်းရွာကိုလည်း နောက် တစ်ခါ ဝင်ပြီး မီးရှို့တယ်ဗျ။ အားလုံးပေါင်း ဒီနေ့မနက်ကို ရွာလေးရွာ မီးရှို့ထားတယ်။ ဒီတစ်ခါရှို့တာ တော်တော်များတယ်။ အနိမ့်ဆုံး မရှိဘူးဆိုရင် ၇၀ ဝန်းကျင်တော့ အနည်းဆုံး ရှိတယ်”
လက်ရှိစာရင်းရထားသလောက် မိုးကွဲရွာက နေအိမ် ၁၈ လုံးနဲ့ ပဲမှော်စင် ၁၃ လုံး၊ ကံဦး ရွာက နေအိမ်အလုံး ၂၀၊ မဲကုန်းရွာက နေအိမ် ၁၅ လုံးနဲ့ တောင်ကုန်းရွာက နေအိမ် ကိုးလုံး အကြမ်းဖျင်း သိထားရပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရေလယ်ကျွန်းဒေသမှာ PDF တွေ အားကောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရွာတွေကို ဆက် တိုက် မီးရှို့နေသလို စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေလည်း မကြာခဏ တိုက်ပွဲဖြစ်နေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ရေလယ်ကျွန်းကို စတင်ဝင်ရောက်လာတဲ့ မေလ ၇ ရက်နေ့ ကနေ ၁၆ ရက်နေ့အထိ ရွာပေါင်း ၁၇ ရွာက လူနေအိမ် ၁၃၉ လုံးကို မီးရှို့ခဲ့တယ်လို့ သိမ်းငှက်ပြောက်ကျား တပ်ဖွဲ့က ဒီကနေ့မှာပဲ ထုတ်ပြန်ထားပါတယ်။
ရွာပေါင်း ၄၀ ကျော်ရှိတဲ့ ရေလယ်ကျွန်းဒေသကို တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့နေတာ တစ်ပတ်ကျော်လာနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။
ရွာတွေကို မီးဆက်တိုက်ရှို့နေတာနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းခေါ်ဆိုနေပေမယ့် ညနေပိုင်းအထိ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။
RFA Burmese
စစ်ကိုင်းတိုင်းမှာ လေးရက်အတွင်း လူ ၃ဝ ကျော် အသတ်ခံရ
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ပုလဲမြို့နယ်တွေမှာ မေလ ၁၀ ရက်ကနေ ၁၃ ရက်နေ့အထိ လေးရက်အတွင်း သံဃာနဲ့ ကိုရင် လေးပါး အပါအဝင် ၃၄ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီအထဲ က ၂၈ ဦးရဲ့ ရုပ်အလောင်းကိုတော့ မီးရှို့ခံထားရတဲ့ အိမ်တွေနဲ့အတူ တွေ့ရှိခဲ့ရတာပါ။
မေလ ၁၀ ရက် မနက်အစောပိုင်းမှာ ရေဦးမြို့နယ် မုန်တိုင်ပင်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ချိန် ရွာပြင်မှာ ကင်းစောင့်နေတဲ့ PDF ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ မုန်တိုင်ပင်ရွာကို ဆက်လက်စီးနင်း ဝင်ရောက်ခဲ့ပြီးနောက် မေလ ၁၂ ရက်နေ့မှာ နေအိမ်တွေနဲ့အတူ မီးရှို့ခံထားရတဲ့ ရုပ်အ လောင်း ၂၈ လောင်းကို တွေ့ရှိခဲ့ရတာလို့ ရွာသားတွေက ပြောပါတယ်။
အသတ်ခံရသူတွေဟာ စစ်ကောင်စီတပ်က ရွာကို စီးနင်းချိန် ဘုန်းကြီးကျောင်းမှာ ပိတ်မိနေတဲ့သူတွေ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုန်တိုင်ပင် ရွာသားတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးတွေနဲ့ အကုန်လုံးအပြည့်အစုံနဲ့ လှမ်းပစ်ပြီးတော့မှ ကျနော်တို့ ရွာထဲ ကိုဝင်တယ်။ ရွာထဲကို ဝင်ပြီးတော့ ကင်းတွေ အကုန်ချပြီးတော့ ဘုန်းကြီးကျောင်းကို ထွက်ပြေးတဲ့ လူတွေရောက်တော့ အကုန်လုံး ဖမ်းပြီးတော့ ကြိုးနဲ့တုပ်တယ်ဗျ ယောက်ျားသားတွေကို။ အဲဒီမှာ ရိပ်သာဆောင်ထဲကနေပြီးမှ ၁၀ ယောက် တစ်တွဲ၊ ခြောက်ယောက်တစ်တွဲ၊ ရှစ်ယောက်တစ်တွဲ၊ ၁၂ ယောက်တစ်တွဲ၊ ၁၈ ယောက်တစ်တွဲ အဲဒီလိုတွေ တွဲတွဲထုတ်ပြီးတော့ သူတို့က ရိုက်သတ်ပြီးတော့ အိမ်အောက်ကိုထည့်၊ ထည့်ပြီးတော့ သူတို့က အပြင်ကနေ မီးရှို့ထားခဲ့တာ။ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ ရက်ရက်စက်စက်ကို၊ ကျူးကျူးလွန်လွန်ကို လုပ်တာလို့ပဲ ကျနော်တို့ ပြည်သူကို သူတို့ အမုန်းကြီးပြီးတော့ကို တမင်သက်သက်ကို လုပ်တယ်ထင်တာပါပဲ”
သေဆုံးခဲ့ရတဲ့ မုန်တိုင်ပင်ရွာသား ၂၈ ဦးထဲက ၁၈ ဦးရဲ့ ရုပ်အလောင်းတွေကို မုန်တိုင်ပင် ရွာထဲမှာ တွေ့ရတာ ဖြစ်ပြီး နောက်ထပ် ၁၀ ဦးကတော့ မုန်တိုင်ပင်ရွာနဲ့ ကပ်လျက်မှာရှိတဲ့ အင်ပင်ရွာထဲက မီးရှို့ခံထားရတဲ့ အိမ်တွေမှာ တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။
အသတ်ခံရသူတွေဟာ အမျိုးသားတွေဖြစ်ပြီး အငယ်ဆုံးက အသက် ၂၀ အရွယ်ဖြစ်ပြီး အသက် ၆ဝ ကျော် နှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းထိုးခဲ့ရတဲ့ မုန်တိုင်ပင်ရွာနဲ့ ကပ်လျက်မှာရှိတဲ့ အင်ပင်နဲ့ ဆီဆုံရွာတွေမှာလည်း နေအိမ်တချို့ မီးရှို့ခံခဲ့ရပြီး အနီးဝန်းကျင်မှာရှိတဲ့ ရွာ ၁၀ ရွာလောက်က ဒေသခံ တစ်သောင်းလောက်ဟာလည်း ထွက်ပြေးနေကြရတယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့ အစည်းတွေက ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူတွေရဲ့ စာရင်းတွေကောက်ယူတာ၊ မီးရှို့ခံရတဲ့ နေအိမ်တွေကို ကူညီရှင်းလင်းပေးတာတွေ လုပ်ဆောင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကူအညီပေးနေသူတစ်ဦးက ပြောပါတယ်။
“ဒီနေ့တော့ ကျနော်တို့ အစုလိုက် အပြုံလိုက်အသတ်ခံရတဲ့ စာရင်းတွေ ကျနော်တို့ စုနေပြီ။ အခုလောလောဆယ် မီးလောင်သွားတဲ့အိမ်တွေ အဲဒါတွေကို သန့်ရှင်းရေးတွေ လုပ်နေတယ်။ အဓိကတော့ နေထိုင်ရေးပေါ့နော်၊ အိမ်တွေက မီးလောင်ပျက်စီးသွား တယ် ဆိုတော့ အဲဒါလေး လိုက်ပြီးတော့ လုပ်ပေးဖို့ရှိမယ်။ ထောက်ပံ့ကြေးတွေ လောလောဆယ် နေရေး၊ စားရေးအဆင်ပြေအောင် လုပ်ပေးဖို့ရှိတယ်။ အခက်အခဲ ကတော့ လောလောဆယ်မှာလည်း ပြန့်ကျဲနေတာဆိုတော့ အဓိကတော့ အလှူငွေတွေ လိုအပ်ပါမယ်”
တောထဲမှာ ပြေးနေရတဲ့လူတွေမှာလည်း မိုးတွင်းကာလရောက်လာပြီဖြစ်လို့ အမိုးအကာ တွေ အရေးပေါ် လိုအပ်နေတယ်လို့ သူက ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ရေဦးမြို့ပေါ်မှာ အင်အားတိုးချထားပြီး နောက်ထပ် စစ်ကြောင်း ထပ်ထိုးနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံတွေ ကိုယ့်ရွာကိုယ် မပြန်ရဲကြဘဲ ဖြစ်နေတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“စစ်ရေးအခြေအနေကတော့ လောလောဆယ် ကျနော်တို့ ကြားသလောက်တော့ ရေဦး မြို့ထဲမှာ အင်အား အတော်လေးကို စုထားတဲ့သဘောမျိုးတော့ရှိတယ်။ ဘာလိုလုပ် ကြမယ် သူတို့ရဲ့ ဘာလုပ်မယ်ဆိုတာတော့ မသိရသေးဘူး။ ရပ်ရွာနေတဲ့သူတွေကတော့ ဆိုက်ဝါးသတင်းခေါ်တာပေါ့ ဘေးကလူတွေရဲ့ ဝါဒဖြန့်တာ၊ သတင်းမှားတွေလွှင့်တာ။ အဲဒါတွေနဲ့ စိုးရိမ်ကြောင့်ကြဖြစ်ပြီးတော့မှ အခု ကိုယ့်ရွာကိုယ် ပြန်ကပ်လို့ရတဲ့ အခြေ အနေမျိုးမှာတောင်မှ မကပ်ရဲကြဘူးဖြစ်နေတယ်။ စစ်ရေးတင်းမာနိုင်သလားကတော့ ကြိုတင်သုံးသပ်မှု တော့ မရှိသေးဘူး။ ရပ်ရွာထဲမှာရှိနေတဲ့ ပြည်သူလူထုတွေကို ဘယ် လို စိတ်ဓာတ်တက်ကြွအောင် ဘယ်လို ခွန်အားပေးရမလဲ၊ ဘယ်လိုဝိုင်းကူရမလဲ ဒါတွေပဲ ဦးစားပေးလုပ်နေရတယ်”
ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ပုလဲမြို့လယ်မှာရှိတဲ့ မြသိန်းတန်ဘုန်းကြီးကျောင်းက သံဃာနှစ်ပါးနဲ့ ကိုရင်နှစ်ပါး ပျံလွန်သွားတယ်လို့ ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ကိုဖိုးသားက ပြောပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရေဦးမြို့နယ်ထဲမှာ PDF စခန်း တစ်ခုကို လက်နက်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုသာရှိပြီး အရပ် သားသေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေကတော့ လုပ်ကြံပြောဆို စွပ်စွဲချက်တွေ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
“ဒါတွေက လုပ်ကြံပြောဆိုနေတာပဲဖြစ်တယ်။ သူတို့ဘက်က တစ်ခုအရေးသာလို့ရှိရင် ဒါသည် PDF လို့ပြောတယ်။ သေပြီဆိုလို့ရှိရင် ရွာသူ၊ ရွာသားလို့ပြောတယ်။ ဒါသူတို့ရဲ့ လုပ်ကြံဖန်တီးမှုပဲဖြစ်တယ်။ တိုက်ပွဲဖြစ်လာပြီဆိုရင်တော့ သေပြီ၊ ကြေပြီဆိုရင်တော့ ရွာသူ၊ ရွာသားသေသလိုမျိုးပြောတာ ဖြစ်တယ်။ ဒါတွေကတော့ သူတို့ရဲ့ထုံးစံအတိုင်းပဲ၊ ကျနော်တို့ ဓာတ်ပုံတွေ၊ သက်သေအထောက်အထားတွေနဲ့လည်း ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်”
ရေဦးမြို့နယ် ဆီကုန်းရွာအနီးက PDF စခန်းတစ်ခုကို မေလ ၁၁ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီတိုက်ပွဲမှာ PDF ၁၀ ဦးကျော် သေဆုံးခဲ့သလို လက်လုပ်မိုင်းတွေ၊ လက်လုပ်စိန်ပြောင်းတွေ၊ သေနတ်တွေနဲ့ အဲဒီလက်နက်တွေ ထုတ်လုပ်မယ့် ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်းရမိတဲ့ ဖြစ်စဉ်တွေပဲ ရှိတယ်လို့ သူက ဆိုပါတယ်။
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ကို မြို့နယ်အဆင့်ကနေ ခရိုင်အဆင့်ကို တိုးမြှင့်လိုက်တဲ့ အကြောင်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေကနေ မေလ ၁ ရက် နေ့မှာ ကြေညာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ဗျူဟာမှူးအဆင့်က စီမံကွပ်ကဲပြီး သံချပ်ကာကား လေးစီးအပါအဝင် စစ်ကောင်တပ်ရဲ့ လက်နက်အင်အား၊ လူအင်အားအများအပြား ရေဦးမြို့ပေါ်ကို တိုးချခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီနောက် မေလဆန်းပိုင်းကစလို့ ရေဦးမြို့နယ်က ရွာတချို့ကို အင်အားသုံးပြီး နယ်မြေရှင်းလင်းရေးတွေ ပိုလုပ်လာတာကြောင့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရ တာတွေလည်း ပိုများလာတာလို့ ရေဦးမြို့နယ်က NLD ပါတီရဲ့ စစ်ကိုင်းတိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွေးက ပြောပါတယ်။
“ခရိုင်အဆင့်လည်းတိုးသလို ကျနော်တို့ ရေဦးက တန့်ဆည်ကို ဆက်သွားလို့ရတယ်။ ဒီပဲယင်း သွားလို့ရတယ်။ ခင်ဦးသွားလို့ရတယ်။ လမ်းဆုံလမ်းခွလည်း ဖြစ်တာပေါ့နော်။ ဒီဘက်တစ်ခြမ်းရဲ့ လမ်းဆုံလမ်းခွ နယ်မြေဆက်သွယ်မှုဖြစ်တော့ တပ်ပိုထိုင်တဲ့သဘော ရှိတယ်။ ရေဦးမှာ အခုမှတိုးပြီး ဖြစ်လာတာတော့ အခုမှပြောသလို ခရိုင်မြို့ရဲ့ အကျိုး သက်ရောက်မှုလို့ ကျနော်ထင်တယ်။ ဒါပေမဲ့ ဖြစ်တာတော့ ကျနော်ထင်ပါတယ်။ တော်လှန်ရေးထိတွေ့မှုအားကောင်းနေတဲ့ ချင်း၊ ကချင်၊ စစ်ကိုင်းကတော့ ပိုများတယ် ထင်တာပဲ ကျနော်ပြောချင်တယ်”
စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အားကောင်းသလို စစ်ကောင်စီတပ်က နှိမ်နင်းမှုတွေကလည်း ပြင်းထန်နေပါတယ်။ နှစ်ဖက်တိုက်ပွဲတွေ၊ မီးရှို့ဖျက်ဆီးခံရမှုတွေနဲ့ သတ်ဖြတ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။
RFA Burmese