ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာ – ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများ မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့် ကိစ္
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံ ပေးပို့သောစာ
မစ္စတာ အန်တိုနီယိုဂူတာရတ်စ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံး
၄၂ လမ်း၊ နယူးယော့ခ်၊ NY 10017
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်
အကြောင်းအရာ ။ ။ ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများ မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံနေသည့် ကိစ္စ။
ကုလသမဂ္ဂအဖွဲ့အစည်းများသည် မြန်မာစစ်အုပ်စုကို တရားဝင်မှုရရှိစေရေး လုပ်ဆောင်နေမှုများကို ရပ်တန့်ရမည်ဖြစ်ပြီး ယင်းအစား ရာထူးခန့်အပ်လွှာများ ပေးအပ်ခြင်း၊ သဘောတူစာချုပ်များနှင့် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းတို့ကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သော အမျိုးသားညီညွတ်ရေး အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် လုပ်ဆောင်ရမည်။
လေးစားအပ်ပါသော ဂုဏ်သရေရှိ လူကြီးမင်းခင်ဗျား/ရှင့်
အောက်တွင်လက်မှတ်ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်း ၆၃၈ ဖွဲ့အနေဖြင့် ကုလသမဂ္ဂ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြသော အခြားအစုအဖွဲ့ အသီသီးတို့မှ မကြာသေးမီက တရားဝင်မှုမရှိနေသည့် မြန်မာစစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ ထပ်မံချုပ်ဆိုခြင်း နှင့် ခန့်အပ်လွှာများပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည့်အပေါ် အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်။ မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် အခြေခံမူများအပေါ် ရပ်တည်သော ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ကုလသမဂ္ဂ၏ တုံ့ပြန်ဆောင်ရွက်မှုကို လူကြီးမင်းကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးပါရန် မိမိတို့မှ တိုက်တွန်းသည်။ ထို့အပြင် လူကြီးမင်းနှင့် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် တရားမဝင် လူသတ်စစ်အုပ်စုအား တရားဝင်မှု ရရှိစေမည့် မည်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် ထိတွေ့ဆက်ဆံမှု ပုံစံအားလုံးကို ချက်ချင်းရပ်ဆိုင်းပြီး ယင်းအစား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများထံသို့ ခန့်အပ်လွှာနှင့် သဘောတူစာချုပ် တင်ပြမှုများ လုပ်ဆောင်ရန် မိမိတို့က တိုက်တွန်းတောင်းဆိုသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၂၅၆ ဖွဲ့တို့မှ ကုလသမဂ္ဂအဖွဲ့အစည်းများကို စစ်အုပ်စုအား တရားဝင်မှု ရရှိစေမည့် မည်သည့်ထိတွေ့ဆက်ဆံမှုမဆို မလုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုခဲ့ပြီး ဖြစ်သည်။ မြန်မာပြည်သူများနှင့် အရပ်ဘက်လူထု အဖွဲ့အစည်းများက တောက်လျှောက် တောင်းဆိုခဲ့သည့်တိုင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) အားလုံးတို့သည် ၂၀၂၂ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများအတွင်း စစ်အုပ်စုနှင့် သဘောတူ စာချုပ်အသစ်များ လက်မှတ်ရေးထိုးခဲ့သကဲ့သို့ ရာထူးခန့်အပ်လွှာများကိုလည်း သွားရောက်အပ်နှင်းခဲ့သည်။ အဆိုပါ လူသိရှင်ကြား အခမ်းအနားများနှင့် ဓါတ်ပုံများကို စစ်အုပ်စုက ၎င်း၏တရားဝင်မှုရရှိရေး ဆက်လက်ကြိုးပမ်းမှုတွင် ဝါဒဖြန့်ချိရေးလက်နက်အဖြစ် အသုံးချခဲ့သည်။ မြန်မာပြည်သူများသည် စစ်အုပ်စု၏ အာဏာသိမ်းရန် ကြိုးပမ်းမှုကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကပင် မပျက်မကွက် ငြင်းဆန်တော်လှန်လာခဲ့ကြသည်။
တစ်နှစ်ခွဲနီးပါးကာလအတွင်းတွင် မြန်မာပြည်သူများသည် နိုင်ငံရေးအာဏာဖီဆန်မှုအတွင်း ပါဝင်၍ ဒီမိုကရေစီနှင့် ၎င်းတို့၏ ရပိုင်ခွင့်များကို ခုခံကာကွယ်ရန် အသက်သွေးချွေးနှင့် ဘဝရပ်တည်မှုများကို စတေးခဲ့ကြသကဲ့သို့ မတတ်သာသည့်အဆုံးတွင် လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို နောက်ဆုံးအဆင့် ရွေးချယ်ခဲ့ကြရသည်။ မြန်မာပြည်သူတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့အပေါ် ကြီးမားသော အတိဒုက္ခများ ဖန်တီးကာ နိုင်ငံထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်အုပ်စုကို လုံးဝအုပ်ချုပ်ခွင့် မရစေရန် ကာကွယ်တားဆီးခြင်းပင် ဖြစ်သည်။
မကြာသေးခင်က ကုလသမဂ္ဂအဖွဲ့အစည်းများ လုပ်ဆောင်ခဲ့သော လုပ်ရပ်များသည် စစ်အုပ်စုနှင့် အတူရပ်တည်လိုက်ခြင်းဖြစ်သည့်အပြင် မြန်မာပြည်သူများအပေါ် စစ်အုပ်စု၏ နိုင်လိုမင်းထက်ပြုမှုများ အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေးအတွက် ယနေ့ထိတိုင် တစ်စုတစ်စည်းတည်း ခုခံတော်လှန်နေကြသည့် ပြည်သူတို့၏ ကြိုးစားအားထုတ်မှုနှင့် အနစ်နာခံစတေးမှုများကို မှေးမှိန်ထိခိုက် စေသည်။ ထိုလုပ်ရပ်များသည် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ မဖြစ်မနေလိုက်နာရမည့်အပြင် ၎င်းတို့ကိုယ်တိုင်အား တာဝန်ယူ တာဝန်ခံမှု ရှိစေရန် ကုလသမဂ္ဂ၏ ပူးတွဲစီမံဆောင်ရွက်မှုဆိုင်ရာ စံသတ်မှတ်များနှင့် ထိတွေ့လုပ်ဆောင်မှုဆိုင်ရာ မူဘောင်တို့တွင် ပြဌာန်းပါရှိသည့် ဘက်မလိုက်ရေး၊ ကြားနေရေး၊ အမှီအခိုကင်းရေးနှင့် “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရေး” ဟူသော ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူများကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။
ထို့အပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စစ်အုပ်စုကို နိုင်ငံကိုယ်စားပြုခွင့် ငြင်းပယ်ထားပြီး မြန်မာပြည်သူတို့၏ တရားဝင်အစိုးရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုသော တာဝန် ထမ်းဆောင်နေသူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ၎င်း၏ ရာထူးနေရာတွင် ဆက်လက်ထားရှိရန် တိုက်တွန်းထားသော ကုလသမဂ္ဂ အထောက်အထားစိစစ်ရေး ကော်မတီ၏ အကြံပြုတင်ပြချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုသည့်ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်ခဲ့သည်။ သို့ဖြင့် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များနှင့် အစီအစဥ်များသည် အဆိုပါ ဆုံးဖြတ်ချက်ကို လမ်းညွှန်အဖြစ် ထားရှိသင့်ပြီး စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်း မပြုဘဲ NUG နှင့်သာ ထိတွေ့ဆက်ဆံသင့်သည်။
မြန်မာစစ်အုပ်စုသည် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးတရားဝင်မှု မရှိရုံသာမက နယ်မြေအုပ်စိုးမှုလည်း မရှိပေ။ ဤအချက်ကို မြန်မာနိုင်ငံအရေး ကျွမ်းကျင်သူများနှင့် ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်အပ်နှင်းထားသော မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကိုယ်စားလှယ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် လွတ်လပ်အမှီအခိုကင်းသော မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ မကြာသေးမီက ထွက်ရှိသော သုံးသပ်ချက်စာတမ်းအရ NUG နှင့် ခုခံတော်လှန်ရေးအဖွဲ့အစည်းများသည် မြန်မာနိုင်ငံ၏ နယ်မြေ ၅၂ ရာခိုင်နှုန်းကျော်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ချိန်တွင် စစ်အုပ်စုသည် ၂၃ ရာခိုင်နှုန်းသောနယ်မြေကို ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရသည့်သဖြင့် အမှန်စင်စစ်မှာ စစ်အုပ်စုက သေချာထိန်းချုပ်ထားနိုင်သည့် နယ်မြေပမာဏသည် မြန်မာနိုင်ငံနယ်မြေအားလုံး၏ ၁၇ ရာခိုင်နှုန်းကျော်သာ ရှိနေသည်။
ထို့အပြင် စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်သဖွယ် အသုံးချနေပြီး ပြည်သူများအတွက် အကူအညီများကို စိတ်ပါတက်ကြွစွာ ဖျက်ဆီး၊ ကန့်သတ်နေသည့်အပေါ် စိုးရိမ်ပူပန်ကြောင်းကို ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခံရသူများက အကြိမ်ကြိမ် ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်စေရန် ဖန်တီးခဲ့သည့် လက်သည်တရားခံစစ်စစ်နှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းသည် အမှန်တကယ် လိုအပ်နေသော ပြည်သူများထံ ရောက်ရှိရေးနှင့် ပတ်သက်သော ကုလသမဂ္ဂ၏ ထိရောက်မှုကို အဆိုပါ အမှန်တရားများက မေးခွန်းထုတ်နေသည်။ ထို့အပြင် ဤအချက်က NUG၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးရန် အရေးကြီးပုံ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးပို့ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ရှိ လုပ်ဆောင်နေသူများ အပါအဝင် ဒေသခံ လူသားချင်းစာနာထောက်ထားမှု အရေး လုပ်ဆောင်နေသူများနှင့် တိုက်ရိုက်ပူးပေါင်းလုပ်ဆောင်ရန် အရေးတကြီးလိုအပ်နေမှုကိုလည်း ထုတ်ဖော်ပြသ နေသည်။
အာဏာသိမ်းရန် ကြိုးပမ်းသည့် ၅၉၈ ရက်အတွင်း မြန်မာစစ်အုပ်စုသည် ကလေးသူငယ် ၁၉၂ ဦး အပါအဝင် အနည်းဆုံးပြည်သူပေါင်း ၂,၃၁၁ ဦးကို သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ မတရား ဖမ်းဆီးခံခဲ့ရသူ ပေါင်း ၁၅,၄၀၀ ကျော်ရှိခဲ့ပြီး အနည်းဆုံး ၁၂,၄၆၂ ဦးတို့မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်ကာ အများအပြားသည် ညှဥ်းပန်းနှိပ်စက်မှုများကို ပုံမှန်လိုလို ရင်ဆိုင်နေကြရသည်။ အမှန်တကယ် သေဆုံးသူနှင့် ဖမ်းဆီးခံထားရသူ အရေအတွက်သည် တကယ့်မြေပြင်တွင် ထို့ထက်ပို၍များနိုင်ဖွယ် ရှိသည်။ မြန်မာစစ်အုပ်စုသည် အိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ရွာများကို မီးရှို့ခြင်း၊ ပစ္စည်းဥစ္စာများကို ခိုးယူလုယက်ခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မုဒိမ်းမှုနှင့် အုပ်စုဖွဲ့မုဒိမ်းကျင့်မှုကို ကျူး လွန်ခြင်း၊ တွေ့ရာနေရာ၌ ပစ်ခတ်ခြင်း၊ နှင့် မြို့များရွာများကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ဖြင့် အရမ်းကာရော ပစ်ခတ်ခြင်းများမှတစ်ဆင့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ အပါအဝင် ကြီးလေးသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လျက်ရှိနေပေသည်။ အတိတ်တွင် ရိုဟင်ဂျာနှင့် အခြား တိုင်းရင်းသားလူနည်းစုများ အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုသာမက လွန်ခဲ့သော ၁၉ လတာ ကာလအတွင်း စစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် ကုလသမဂ္ဂက မှတ်တမ်းတင်ကောက်ယူထားပြီး ဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံရှိ အကျပ်အတည်းကို ဖြေရှင်းရာတွင် ရှေ့နောက်မညီညွတ်သော၊ ထိရောက်မှုအားနည်းသော ချဥ်းကပ်မှုကို လုပ်ဆောင်သည်သာမက မြန်မာစစ်အုပ်စုနှင့် နားလည်မှု စာချွန်လွှာများ၊ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးမှုများက မြန်မာပြည်သူများအပေါ် အကြမ်းဖက်ပြီး ကြီးလေးသည့် နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိနေသော အဖွဲ့အစည်းတစ်ရပ်ကို ကုလသမဂ္ဂက အသိအမှတ်ပြုသည် ဆိုသည့်သတင်းစကားအမှားကို စစ်အုပ်စုနှင့် ကမ္ဘာကြီးတစ်ခုလုံးကိုပါ ပေးပို့နေခြင်းပင် ဖြစ်သည်။ ယင်းအချက်က စစ်အုပ်စုကို ပြဏ်ဒဏ်ကင်းလွတ်စွာြဖင့် နောက်ထပ်သော ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို ထပ်မံကျူးလွန်စေရန် အားပေးအားမြှောက်ေနေရုံသာမက ကုလသမဂ္ဂသည် တကယ့်လက်တွေ့တွင် အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီနှင့် လုံခြုံရေးကောင်စီ ဥက္ကဌမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်တစ်စောင် အပါအဝင် ၎င်း၏ ဆုံးဖြတ်ချက်များနှင့် ထုတ်ပြန်ကြေညာချက်များတွင် ပြဌာန်းထားသည့်အတိုင်း မြန်မာပြည်သူများ၏ ဆန္ဒကို အမှန်တကယ် လေးစားခြင်း မရှိကြောင်းကိုလည်း ဖော်ပြနေသည်။ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ကိုင်တွယ်ဖြေရှင်းရာတွင် တစ်စုတစ်စည်းသော ချဥ်းကပ်မှုတစ်ခု ဖော်ဆောင်ပေးရန် ပျက်ကွက်ခဲ့သည့် ကုလသမဂ္ဂ၏ “စနစ်ပိုင်းဆိုင်ရာနှင့် အဆောက်အအုံပိုင်းဆိုင်ရာ အလုပ်မဖြစ်ခဲ့မှုများ” ကို ၂၀၁၉ ခုနှစ် Rosenthal အစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြခဲ့ပြီးသည့်နောက်တွင်ပင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ၏ ချဥ်းကပ်မှုများတွင် ထိုပြဿနာများ ဆက်လက်တည်ရှိနေသည်မှာ အထင်အရှားပင် ဖြစ်သည်။
မြန်မာပြည်သူများသည် ၎င်းတို့၏ တရားဝင်အစိုးရဖြစ်သော NUG နှင့် ၎င်းတို့၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ကို ကုလသမဂ္ဂတွင် ကိုယ်စားပြုစေလိုကြောင်း ကျယ်ကျယ်လောင်လောင်၊ ရှင်းရှင်း လင်းလင်း ထုတ်ဖော်ပြီးသား ဖြစ်သည်။ မြန်မာပြည်သူများ၏ ၎င်းတို့အစိုးရ ရွေးချယ်လိုမှုနှင့် ကုလသမဂ္ဂတွင် ၎င်းတို့ကိုယ်စားလှယ်အား ရွေးချယ်လိုသည့်ဆန္ဒအပြင် မြန်မာနိုင်ငံအတွင်း ဖက်ဒရယ် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ၎င်းတို့၏ ရုန်းကန်ကြိုးစားနေမှုများကို ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများက အပြည့်အဝ အသိအမှတ်ပြု လေးစားရမည် ဖြစ်သည်။
သို့ဖြင့် မိမိတို့ မြန်မာပြည်သူများနှင့် အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းလုံးရှိ အဖွဲ့အစည်းများက ကုလသမဂ္ဂအေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားသောအဖွဲ့အစည်းအားလုံးတို့အနေဖြင့် တရားမဝင် လူသတ်စစ်အုပ်စုကို တရားဝင်မှုပေးနေခြင်း အထူးသဖြင့် သဘောတူစာချုပ်အသစ်များ ချုပ်ဆိုခြင်းနှင့် စစ်အုပ်စုထံ အသိအမှတ်ပြုမှုများ တင်ပြနေခြင်း တို့ကို ချက်ချင်းရပ်တန့်ရန်အပြင် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ညှိနှိုင်းပူးပေါင်းထားသော တုံ့ပြန်လုပ်ဆောင်ချက်တစ်ရပ်ကို ဂုဏ်သရေရှိလူကြီးမင်းမှ ဦးစီးလုပ်ဆောင် ပေးပါရန် လေးနက်စွာ တိုက်တွန်းအပ်ပါသည်။ ကုလသမဂ္ဂ၏ အေဂျင်စီများ၊ ရန်ပုံငွေအဖွဲ့များ၊ အစီအစဥ်များနှင့် အခြားအဖွဲ့အစည်းများကိုလည်း မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် NUG၊ ERO များ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် မိမိတို့မှ တိုက်တွန်းတောင်းဆိုသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၂၃၉ ဖွဲ့အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၆၃၈ ဖွဲ့မှ လက်မှတ်ရေးထိုးထားပါသည်။
နောက်ထပ်သော ၂၃၉ ဖွဲ့သည် အမည်မဖော်ဘဲ ပါဝင်ထားပါသည်။
English version.
ရခိုင်မြောက်ပိုင်း ၆ မြို့နယ်ကို ထောက်ပံ့မှုရပ်ရန် စစ်ကောင်စီညွှန်ကြား
ရခိုင်ဒေသတိုက်ပွဲနယ်မြေအတွင်း ကူညီရေးလုပ်ငန်းများ ရပ်ထားရတော့မည်ဟု ကုလသမဂ္ဂက ပြောသည်၊ တိုက်ပွဲများပြင်းထန်နေသော စစ်ကိုင်း၊ ကရင်နီ၊ ကရင်ပြည်နယ်တို့ကိုလည်း မကူနိုင်သေးပေ။
ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင် ဆောင်ရွက်နေသော လုပ်ငန်းများ ရပ်ဆိုင်းထားရန် စစ်ကောင်စီက ညွှန်ကြားထားကြောင်း ကုလသမဂ္ဂ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော United Nation OCHA Myanmar (UNOCHA) က ယမန်နေ့ (စက်တင်ဘာ ၂၁) တွင် ထုတ်ပြန်သည်။
“ရခိုင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်အတွင်း အကူအညီပေးရေးလုပ်ငန်းတွရပ်ဆိုင်းထားဖို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေကို စက်တင်ဘာလ ၁၅ ရက်နေ့မှာ တပ်မတော်ဘက်က ညွှန်ကြားထားပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
လုံခြုံရေးအကြောင်းပြကာ ထောက်ပံ့ကူညီမှုများရပ်ဆိုင်းထားရမည့်မြို့နယ်များမှာ တိုက်ပွဲပြင်းထန်နေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့ဖြစ်သည်။
UNOCHA ၏ ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ကြား ဖြစ်နေသည့် တစ်ကျော့ပြန်တိုက်ပွဲများကြောင့် လုံခြုံရေးအခြေအနေမှာ အကဲဆတ်နေသည်ဟု ပါရှိသည်။
ထို့ပြင် မြို့နယ်အများအပြားတွင် ညမထွက်ရအမိန့်၊ ရှာဖွေစစ်ဆေးမှုများနှင့် ဖမ်းဆီးမှုများအပါအဝင် အသွားအလာကန့်သတ်ချက်များနှင့် လုံခြုံရေးအစီအမံများ ရှိနေကြောင်း ဖော်ပြထားသည်။
“လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေနဲ့ အကူအညီတွေကို ဘေးကင်းစွာနဲ့ အတားအဆီးမရှိ ဖြတ်သန်းပို့ဆောင်နိုင်ရေးအတွက် တိုက်တွန်းစည်းရုံးတာတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်” ဟု ဖော်ပြထားသည်။
ယခင်ကတည်းက တိုက်ပွဲများ၊ ပဋိပက္ခများကြောင့် ရခိုင်မြောက်ပိုင်းသည် အကူအညီထောက်ပံ့မှုများစွာ လိုအပ်နေသလို ယခင်စစ်ပွဲကာလ စစ်ရှောင် သိန်းဂဏန်းခန့် နေရပ်မပြန်နိုင်သေးချိန်တွင် စစ်ကောင်စီသည် လူသားချင်းစာနာမှုအကူအညီများ ဖြတ်တောက်နေခြင်း ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၊ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF)၊ UNHCR, FAO,,UNOCHA,UNDP, WHO အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်း ၁၀၀ ကျော်က ပြည်နယ်မြောက်ပိုင်းဒေသခံများကို စားနပ်ရိက္ခာအပါအဝင် အဝတ်အထည်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပုံမှန်ပေးနေသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၁၆ ကလည်း တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းသို့ နိုင်ငံတကာအဖွဲ့အစည်းများကို သွားလာခွင့် ခေတ္တပိတ်ပင်ခဲ့သည်။
လက်ရှိတွင် မောင်တောမြို့နယ်မြောက်ပိုင်း မီးတိုက်၊ သင်္ဘောလှ၊ သာယာကုန်း၊ တူရိန်း၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ဖားဝပ်ချောင်းနှင့် ကြိမ်ချောင်းမှ ဒေသခံ ထောင်ဂဏန်းသည် မောင်တောမြို့ပေါ်သို့ ထွက်ပြေးခိုလှုံနေရသည်။
Img_8357.Jpg
စစ်ရှောင်နေသော ရခိုင်အမျိုးသမီးတစ်ဦးအား တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now)
မြို့ပေါ်ရှိ သာသနာ့ဗိမာန်၊ အားကစားခန်းမနှင့် အောင်ဗလ ဘုန်းတော်ကြီးကျောင်းတို့တွင် ခိုလှုံနေကြသူ စုစုပေါင်း ၁၀၀၀ ကျော်ရှိကြောင်း မြို့ခံများထံမှ သိရသည်။
မောင်တောမြောက်ပိုင်းသို့ ကူညီရေးသွားမည့် နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း စစ်ကောင်စီက သွားလာခွင့်ကို တားမြစ်ထားသည်ဟု ကြားသိရကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။
“ဒီမြို့ပေါ်မှာ ရောက်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက်အလည်း အကူအညီအများကြီးလိုအပ်ပါတယ်။ တချို့ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်တွေကို လက်ခံဘူး။ သာသနာ့ဗိမာန်မှာနေတဲ့ စစ်ဘေးရှောင်တွေဆိုရင် ရေအခက်အခဲဖြစ်ကြတယ်” ဟု ၎င်းမြို့ခံက ဆိုသည်။
“(ဒေသမှာ) ကျန်ရှိနေတဲ့ လူတွေကလည်း စားဝတ်နေရေးအခက်အခဲကြုံနေရတယ်လို့ သိရတယ်။ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ICRC ကလည်း မြောက်ပိုင်းမှာ ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေး ပေးဖို့ သွားရောက်ဖို့ စီစဉ်ခဲ့တာကို မြို့နယ်အာဏာပိုင်တွေက ခွင့်မပြုလို့ မသွားရဘူးလို့ ကြားသိရတယ်”
လတ်တလောတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မှ ဒေသခံများမှာ နေရပ်စွန့်ခွာသူ ထောင်နှင့်ချီရှိလာပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရသည်ဟု စစ်ဘေးရှောင် ဒုက္ခသည်များက ဆိုသည်။
“အစားအသောက်က အဆင်မပြေမှုတွေများတယ်။ နောက်ပြီးတော့ ရသေ့တောင်မြို့နယ်မှာက အလုပ်အကိုင်တွေ ရှားတော့ အလုပ်မလုပ်ကြရတဲ့သူတွေ များတယ်” ဟု ရသေ့တောင်မြို့ပေါ်ရှိ စစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက ပြောသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူကယ်ပြန်က လစဉ်ထောက်ပံ့နေသည့် ဆန် ရိက္ခာမရရှိသည်မှာ ၃ လခန့် ကြာမြင့်နေပြီဖြစ်သည်ဟုလည်း သိရသည်။
“ကျွန်မတို့ စခန်းမှာက လိုအပ်တာတွေအများကြီးပဲ။ ဒီနှစ်မှာ ချက်ပြုတ်စားသောက်ဖို့ အိုးတွေပေးတာ မရှိဘူး။ ခြင်ထောင်တွေလည်း ပေးတာမရှိဘူး။ ဝယ်သုံးမယ်ဆိုလည်း မိသားစု စားစရိတ်တောင် မဖူမလုံဖြစ်နေတာ” ဟု ထို စစ်ရှောင်ဒုက္ခသည်အမျိုးသမီးက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်ရှောင် သိန်းချီရှိသော စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယား) ဒေသတို့ကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ သွားလာထောက်ပံ့ခွင့် ပိတ်ပင်ထားသည်။
Myanmar Now News
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ စစ်အာဏာရှင် ကျူးလွန်နေသာ အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းနိုးဆော်လိုက်သည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ စစ်အာဏာရှင် ကျူးလွန်နေသာ
အကြမ်းဖက်မှုများကို ရှုတ်ချလိုက်ပြီး ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို
ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းနိုးဆော်လိုက်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၁ ရက်
ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်- မြန်မာနိုင်ငံ (ND-Burma ) မှ အကြမ်းဖက်စစ်အာဏာရှင်၏ အရပ်သားပြည်သူများအား အဓိက ပစ်မှတ် ထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ချက်ခြင်းရပ်တန့်ရန် တောင်းဆိုလိုက်သည်။ ဆယ်စုနှစ် များစွာကြာ စစ်တပ်သည် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း လျစ် လျူရှုကာ ချိုးဖောက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး သည့်နောက် အကြမ်းဖက်စစ်တပ်သည် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ဖြင့် ပို၍ ရဲရဲတင်းတင်း ကျူးလွန်လာကြသည်။ ND-Burma သည် စစ်အာဏာရှင်ကြောင့် ဖြစ်ပေါ်လာသော ဆုတ်ယုတ်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများကို ရှုတ်ချပြီး စနစ်တကျ မှတ်တမ်းတင်ထား သော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ချက်ခြင်း စုံစမ်းစစ် ဆေးရန် တောင်းဆိုလိုက်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် စစ်ဗိုလ်ချုပ်ကြီးများ၏ လက်ချက်ဖြင့် ခံစားနေကြရသော ပြည်သူ များ၏ အသံကို စတင်နားထောင်၍ နိုင်ငံသားများ၏ ကောင်းကျိုးချမ်းသာကို ဖော်ဆောင်ရမည့်အစား မိမိတို့၏ အကျိုးစီးပွား တိုးပွားစေခြင်းကိုသာ ပိုမိုအလေးထား ဆောင်ရွက်နေသည်။
“ငြိမ်းချမ်းရေးဆိုသည်မှာ လွတ်လပ်မှု၊တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို ဆိုလိုခြင်းဖြစ်သည်။ ဤအရာများသည် လူသားတိုင်းအတွက် မရှိမဖြစ်တန်ဖိုးများဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်မှု အကြောင်း ပြောသည့်အခါ ဖယ်ဒရယ်စနစ်သည် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံအတွက် တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံ ကြည်မှုတည်ဆောက်ရေးတို့ လိုအပ်ပါသည်။ ဤနေရာတွင် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ စာနာမှုများ မျှ ဝေခြင်းသည် ငြိမ်းချမ်းရေးကို တိုးတက်စေမည်ဖြစ်သည်။ အဓိကပြဿနာမှာ စစ်အာဏာရှင်တို့တွင် ငြိမ်းချမ်းရေးတည်ဆောက်ရာ၌ မရှိမဖြစ်လိုအပ်သော အဆိုပါတန်ဖိုးများ ကင်းမဲ့နေခြင်းပင်ဖြစ်သည်” ဟု
နိုင်အဲမွန်- မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) မှ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုသမိုင်းကြောင်းတွင် အမျိုးသမီးတို့၏ အသံကို ဖယ်ထုတ် ထားပြီး ၎င်းတို့၏ ဖြည့်သွင်းတင်ပြချက်များကို လျော့ပါးစေရန် လုပ်ဆောင်ခဲ့သည်။ အမျိုးသမီးများ သည် လူဦးရေ၏ ထက်ဝက်ကို လွှမ်းခြုံထားပြီး စစ်တပ်၏ မအောင်မြင်သော ငြိမ်းချမ်းရေး ညှိနှိုင်းမှု များ၏ နောက်ဆက်တွဲ ပဋိပက္ခများတွင် အကြမ်းဖက်မှုများကို ခံနေရသည်။ အမျိုးသမီးများ ပါဝင်လာ သည့်အခါ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု အောင်မြင်ရန် အလားအလာ ပိုများသည်ဟု အထောက်အထား များ အခိုင်အမာ ရှိနေပါသည်။
“အမျိုးသမီးထုရဲ့ အသံမပါတဲ့ ငြိမ်းချမ်းရေးဟာ ဘယ်တော့မှ မတည်မြဲနိုင်ဘူး၊ စစ်မှန်ပြီး ရေရှည်တည် တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ဆိုရင် အမျိုးသမီးထုရဲ့ အသံတွေ ပါဝင်မှုတွေကို မဖြစ်မနေ ထည့်သွင်းရပါ မယ်။ ရှုထောင့်စုံကအသံကို လေးစားစွာနားထောင်ပြီ: ထည့်သွင်းခြင်းက ဖယ်ဒရယ်နိုင်ငံ တည်ဆောက် ရေးမှာဘဲဖြစ်ဖြစ် စစ်မှန်ပြီးတည်ငြိမ်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့အခါမှာဘဲဖြစ်ဖြစ် ကောင်းမွန် တဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်တယ်” လွေးပိုးကမေဲးခြိုဝ်း
– တအာင်းအမျိုးသမီးအဖွဲ့ အစည်း (TWO)
မြန်မာစစ်အာဏာရှင်သည် ၎င်းတို့၏ အကျိုးစီးပွားကို မြှင့်တင်ရန်သာ စိတ်ပါဝင်စားကြောင်း တစိုက် မတ်မတ်သက်သေပြခဲ့သည်။ ငြိမ်းချမ်းရေးအတွက် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲများသည် စစ်အစိုး ရဦးဆောင်သည့် စေ့စပ်ညှိနှိုင်းရေးကြောင့် စဉ်ဆက်မပြတ် ကျရှုံးခဲ့သည်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများက ၎င်းတို့ ပြည်သူများ၏ အခွင့်အရေးကို ကာကွယ်ရန် ကြိုးပမ်းစဉ် အကြမ်းဖက် စစ်တပ်၏ရှည်လျားပြီး နက်ရှိုင်းသော အပစ်အခတ်ရပ်စဲရေးပျက်ပြားမှု၊ တာဝန်များနှင့် ကတိကဝတ် များကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် သမိုင်းကြောင်းကြောင့် စစ်တပ်၏ ရည်ရွယ်ချက်များကို ထုံးစံ အတိုင်း မေးခွန်းထုတ်စေခဲ့သည်။ တပ်မတော်၏ ‘ငြိမ်းချမ်းရေး’ လမ်းကြောင်းသည် လိမ်လည်လှည့် ဖြားမှုနှင့် အကြမ်းဖက်မှုများဖြင့်သာ ခင်းကျင်းထားသည်။
“မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးခရီးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်မှာ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရ မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးအစီအစဉ်ဖြစ်သည်။ မြန်မာနိုင်ငံကဲ့သို့သော ယဉ်ကျေးမှုပေါင်းစုံရှိသည့် လူ့အဖွဲ့အစည်း အတွက် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး၏ အကြီးကျယ်ဆုံး စမ်းသပ်မှုမှာ အစိုးရသည် တိုင်းရင်းသား လူနည်းစုများအား လူများစုနည်းတူ တန်းတူ ဆက်ဆံခြင်းပင်ဖြစ်သည်။”
ကိုအောင်ဇော်ဦး -လူ့အခွင့် အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို ကြိုးပမ်းဆောင်ရွက်ရာတွင် အခြေခံမှ လုပ်ဆောင်ရမည်ဖြစ်သည်။ အရပ် ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တို့သည် နိုင်ငံတကာ တာဝန်ခံမှု ယန္တရားများမှတဆင့် စစ်အာဏာရှင်တို့အား တာဝန်ခံရန် ခြေလှမ်းများလှမ်းခဲ့ကြသည်။ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မြေပြင်မှ ပြည်သူတို့၏ အသံကို ကြားနိုင် ရန်အတွက် လူ့အခွင့်အရေးအခြေပြုအဖွဲ့များ ပါ၀င်မှုကို တိုးမြှင့်ရန် ND-Burma မှ တိုက်တွန်းတောင်း ဆိုလိုက်သည်။ စစ်အာဏာရှင်သည် လမ်းကြောင်းလွဲကာ ငြိမ်းချမ်းရေးအလားအလာအားလုံးကို ဖျက် စီးပစ်ရုံမှတပါး မည်သည့်အရာကိုမျှ လုပ်ဆောင်ခဲ့ခြင်းမရှိသောကြောင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော် ဆောင်မှုတွင် နေရာမရှိပါ။
ဆက်သွယ်ရန်
နိုင်အဲမွန်
+၆၆ ၈၆ ၁၆၇၉၇၄၁
auemon@rehmonnya.org
ဒိုင်းမွန်းထူး
+၆၆-၉၆ ၇၅၉၅၀၈၂
outreachofficer@nd-burma.org
လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma)
မြန်မာနိုင်ငံလူ့အခွင့်အရေးအဖွဲ့များ လူ့အခွင့်အရေးမှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင် ဆောင် ရွက်ရေးအတွက် နည်းလမ်းတရပ်ဖြည့်ဆည်းပေးသော အားဖြင့် (၂၀၀၄) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ)ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများ နှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုသည်။
ကွန်ရက်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည့်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံအကြောင်း အဖြစ်မှန်အမှန်တရားကို စုပေါင်းအသုံးပြုကာ၊ လောလောဆယ် စည်းရုံး တိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်း စိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။
လွတ်လပ်စွာ အခမဲ့သုံးနိုင်သော Open-Source Software ကို အသုံးပြုလျက် အဖွဲ့ဝင်များပေးသော သတင်းအချက်အလက်များကို ညှိုနှိုင်းပြီး၊ ဘုံအချက်အလက် ဘဏ်မှာထည့်သွင်းပါသည်။ ထို့ အပြင် ပူးတွဲအစီရင်ခံတင်ပြခြင်းနှင့် စည်းရုံလှုံ့ ဆော်တိုက်တွန်းခြင်း လှုပ်ရှားမူများကိုလည်း ဆောင်ရွက်ပါသည်။ အခွင့်သင့်ပါက မိမိ၏လုပ်ငန်း နယ်ပယ်မှန်သမျှတွင် အခြားသော လူ့အခွင့် အရေး အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။
တင်းပြည့်အဖွဲ့ဝင်များ
၁) နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
၂) လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
၃) ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး(ရ၊က၊လ၊စ)
၄) အနာဂါတ်အလင်းတန်းဆုံမှတ်
၅) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
၆) ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ
၇) တအာင်းအမျိုးသမီးအဖွဲ့အစည်း
၈) တအာင်းကျောင်းသားလူငယ်များ အဖွဲ့
၉) ထားဝယ် အမျိုးသမီးသမဂ္ဂ
ဆက်စပ်အဖွဲ့ဝင်းများ
၁) ချင်းလူ့အခွင့်အရေးအဖွဲ့
၂) ပအိုဝ်းလူငယ်များအစည်းအရုံး
၃) ပဲခူး အရှေ့ – နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်
၄) ရှေ့ပြေးအသံ
ဒီပဲယင်း လက်ယက်ကုန်းရွာ တိုက်ခိုက်ခံရမှု သေဆုံးသူ ကလေး ခုနစ်ဦးအပါ ၁၃ ဦးအထိရှိလာ
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာ စာသင်းကျောင်းကို သောကြာနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ဒီနေ့အထိ အတည်ပြုချက်အရ ကလေးငယ် ခုနစ်ဦး အပါအဝင် စုစုပေါင်း ၁၃ ဦးအထိ ရှိနေတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
သေဆုံးရတဲ့ ကလေးတွေဟာ အသက် ၇ နှစ်အရွယ် မောင်ဘုန်းတေဇ၊ မစုရတီလှိုင်၊ အသက် ၉ နှစ်အရွယ် မဇင်နွယ်ဖြိုး၊ အသက် ၁၁ နှစ်အရွယ် မဝင်းဝင်းခိုင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဇင်ကိုဦး၊ အသက် ၁၃ နှစ် မောင်စိုးမင်းဦး၊ အသက် ၁၆ နှစ်အရွယ် မောင်အောင်အောင်ဦးတို့ ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ အသက် ၃၄ နှစ်အရွယ် ကိုအောင်စောထွေး၊ အသက်၂၂ နှစ် အရွယ် ကိုအောင်ချစ်မိုး၊ အသက် ၄၉ နှစ်အရွယ် ဦးကျော် ထွန်း၊ အသက် ၃၁ နှစ်အရွယ် ကိုတင်စိုးခိုင်၊ အသက် ၃၇ နှစ်အရွယ် မယုတို့ ဖြစ်ပြီး နောက်တစ်ယောက်ရဲ့ နာမည်နဲ့ အသက်ကိုတော့ RFA က အတည်မပြုနိုင်သေး ပါဘူး။
စစ်ကောင်စီတပ်တွေဟာ စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ လက်ယက်ကုန်းရွာကို ရဟတ်ယာဉ် လေးစင်းနဲ့ ရောက်သွားပြီး၊ အဲဒီထဲက နှစ်စင်းဟာ မဟာဓမ္မံရံသီ ဘုန်းကြီးကျောင်းဝန်းထဲက အလယ်တန်းကျောင်းကို ပစ်ခတ်ခဲ့တာလို့ ပြောကြပါတယ်။ ကျန်တဲ့နှစ်စင်းပေါ်ကနေ စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင် ဆင်းလာပြီး လက်ယက်ကုန်း ရွာထဲကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှစ်စင်း တစ်နာရီနီးပါး ကြာအောင် စာသင်ကျောင်းကို တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ မျက်မြင်ကြုံတွေ့ခံရတဲ့ ကျောင်းသားမိဘ တစ်ယောက်က RFA ကို ပြောပါတယ်။
“လက်နက်ကြီးတွေနဲ့ ထုတယ်၊ စက်သေနတ်နဲ့ပစ်တယ်၊ ပစ်တယ်၊ ထုတယ် တစ်နာရီ လုံးလုံး အဲဒါလုပ်တာ။ တစ်ချိန်လေးမှကို မနားဘူး၊ လေယာဉ်နှစ်စင်း ဟိုဘက်က ပတ်ပစ်လိုက်၊ ဒီဘက်က ပစ်လိုက်နဲ့ အဲလိုကို ဝဲပြီးပစ်တယ်။ အဲလို တစ်နာရီလုံးလုံး ကျမတို့အောက်မှာ အလူးအလဲခံနေရတယ်။ ခဏနေတော့ ခြင်းကျားတွေ လွယ်ထားတဲ့ စစ်သားတွေဝင်လာတယ် ကျမတို့ကျောင်းထဲကို။ အဲဒီလို ဝင်လာတဲ့ အချိန်မှာ သေနတ်တွေ တအားပစ်ပြီး ဝင်ချလာတာ။ ရပ်ရပ်ဆိုပြီး လှမ်းပြောသံလည်း ကြားလိုက်တယ်။ ကျမတို့ကိုလည်း အကုန် ခေါင်းငုံ့နေတဲ့၊ မော့လာရင် ပစ်သတ် ပစ်မယ်တဲ့။ ကျမ အသာလေးချောင်းပြီး မော့ကြည့်လိုက်တော့ သူငယ်တန်း ကျောင်းဆောင်ဘက် ကလေးလေးတွေ ထွက်လာကြတယ်။ တချို့ကလည်း ထော့ နင်းထော့နင်း တချို့ကလည်းသွေးတွေရွှဲ၊ ကျမရှေ့မှာလည်းသွေးတွေ တစ်ကိုယ်လုံးရွှဲနေ တဲ့ကလေးတွေ အများကြီးပဲ”
တိုက်ခိုက်ပြီးနောက် ကျောင်းကိုရောက်လာတဲ့ စစ်သားတွေက စစ်ဝတ်စုံအပြည့်အဝနဲ့ မဟုတ်ဘဲ အားကစား ဘောင်းဘီတွေ၊ ဘောင်းဘီတိုတွေ ဝတ်ဆင်ထားတယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။ နောက်ပိုင်းသိရတာက ဒီစစ်သားတွေဟာ ခမရ – ၃၆၈ ကဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းမှာ ကျောင်းသား၊ ကျောင်းသူ ၂၄၂ ယောက်နဲ့ ဆရာ၊ ဆရာမ ၃၁ ယောက်ရှိတယ်လို့ အဲဒီကျောင်းသားမိဘက ပြောပါတယ်။ ဒီတိုက်ခိုက်မှု အတွင်း ကလေးငယ်လေးယောက် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ အဲဒီကလေးငယ် လေးယောက်ရဲ့ ရုပ်အလောင်းတွေအပြင် ဒဏ်ရာရခဲ့တဲ့ ကျောင်းသူ ကျောင်းသား ကိုးယောက်၊ ဆရာဆရာမ သုံးယောက်နဲ့ နောက်ထပ်ဒေသခံ သုံးဦး စုစုပေါင်း ၁၅ ယောက် ကို စစ်တပ်က ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဖမ်းခံထားရသူတွေ အားလုံး ဒီနေ့အထိ ပြန်လွတ်မလာကြသေးဘူးလို့လည်း ပြောကြပါတယ်။
“ကျမရှေ့မှာလည်းသွေးတွေ တစ်ကိုယ်လုံးရွှဲနေ တဲ့ကလေးတွေ အများကြီးပဲ”
ဖမ်းဆီးခံရသူတွေထဲက ကလေးနှစ်ယောက် ထပ်ပြီး သေဆုံးခဲ့တာကြောင့် စာသင်ကျောင်း ပစ်ခတ်ခံရမှုအတွင်း သေဆုံးရတဲ့ ကလေးခြောက်ယောက်အထိရှိလာပြီး အဲဒီ ကလေးတွေ ရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီ တပ်က မိသားစုတွေကို ပြန်မပေးဘဲရေဦးမြို့ပေါ်မှာပဲ သင်္ဂြိုဟ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကလေးငယ်တစ်ဦးနဲ့ ဒေသခံခြောက်ဦးကိုတော့ စစ်ကောင်စီတပ်က ရွာထဲကို ဝင်ရောက်စီးနင်းချိန် ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အသက်ရှင် ကျန်ခဲ့တဲ့ကလေးတွေလည်း စိတ်ဒဏ်ရာတွေ ရနေတယ်လို့ လက်ယက်ကုန်း ရွာက အမည်မဖော်လိုတဲ့ ကျောင်းသားမိဘ တစ်ယောက်က ပြောပါတယ်။
“ကျမကလေးတွေက ညကျရင် မိဘကသေချာချော့သိပ်မှ အိပ်ရဲတဲ့ အခြေအနေ ဖြစ်နေတယ်။ ခါတိုင်း ကျမသားသမီးတွေက အဲဒီလိုမဟုတ်ဘူး။ အခုကျတော့ အသာထိုင်ပြီး အိပ်ပျော်တာ သေချာပြီဆိုမှ ကျမမယ် ထရဲတယ်။ အဲဒီလိုမဟုတ်ရင် ကျမသားသမီးတွေ လန့်လန့်ပြီး ထထငိုတယ်။ မိဘတိုင်းကလည်း ပြောတယ်၊ ညကျရင် အိပ်လို့မပျော်ကြဘူး။ လန့်လန့်ပြီးငိုတယ်၊ လန့်လန့်ပြီးထအော်တယ်။ အဲဒီလိုတွေပဲ မိဘတိုင်းက ကျမကိုလာပြောတယ်”
တိုက်ခိုက်ခံလိုက်ရတဲ့ ကျောင်းလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားသလို သွေးညှိနံ့တွေ လှိုင်နေတဲ့အတွက် ဘယ်သူမှမသွားတော့ဘဲ ပိတ်ထားလိုက်ပြီလို့ ဒေသခံတွေပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကို လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့် အရေးဝန်ကြီးဋ္ဌာန၊ ပညာရေး ဝန်ကြီးဋ္ဌာန၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတွေက စက်တင်ဘာ ၁၈ ရက်မှာ ကြေညာချက်ထုတ်ပြီး ရှုတ်ချခဲ့ပါတယ်။
ဒါဟာ စစ်ကောင်စီတပ်ရဲ့ လူခွင့်အရေး ချိုးဖောက်မှုတွေထဲက နောက်ထပ်ဆိုးရွားတဲ့ ဥပမာတစ်ခုလို့ NUG ပညာရေးဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။
“သူတို့ အာဏာတည်မြဲရေး၊ စစ်ရေး ရည်မှန်းချက် တစ်ခုတည်းနဲ့ အပြစ်မဲ့တဲ့သူတွေကို ရက်ရက်စက်စက် ဗုံးကျဲ တိုက်ခိုက်တာကတော့ တော်တော်ကို ဆိုးရွားပါတယ်။ Right to Education ကလေးသူငယ်တွေရဲ့ လွတ်လွတ်လပ်လပ် ပညာသင်ကြားခွင့် လွတ်လပ်စွာ တွေးခေါ်ခွင့်စတဲ့ ဒီလို အခွင့်အရေးတွေကို သူတို့ သေသေချာချာ ချိုးဖောက်နေတယ်ဆိုတဲ့ ဥပမာတစ်ခု။ သို့သော် ဒီဥပမာက လူတွေ အသက်ဆုံးရှုံးမှုကို ဖြစ်စေတဲ့ ပြဿနာ ဖြစ်နေတော့ ဒါကတော်တော်ကို မကောင်းဘူး။ ဒီစစ်ကောင်စီကို နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူဖို့လည်း အလောတကြီး လိုအပ်နေပါပြီ”
စစ်ကောင်စီကတော့ လက်ယက်ကုန်းရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်မှာ အရပ်သားတွေ ထိခိုက်သေ ဆုံးမှုရှိခဲ့တယ်လို့ စက်တင်ဘာ ၁၇ ရက်မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။ ဒီလိုထိခိုက်တာဟာ ဒေသခံတွေကို အကာအကွယ်ယူပြီး KIA နဲ့ ပြည်သူ့ ကာကွယ်ရေးတပ် (PDF) တွေက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို ကိုယ်တွေ့ ကြုံခဲ့ရသူတွေကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ မှားယွင်းနေပြီး အဲဒီနေ့က PDF ေတွ မရှိသလို ပြန်လည်ပစ်ခတ်တာလည်း မရှိခဲ့ဘဲ စစ်ကောင်စီ တပ်သားတွေကပဲ တစ်ဖက်သတ် ပစ်ခတ်ခဲ့တာလို့ ပြောဆိုကြပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဥပဒေပညာရှင် တစ်ဦးကလည်း ဒီတိုက်ခိုက်မှုဟာ ပြည်တွင်း ဥပဒေတွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ညှိစွန်းနေတယ်လို့ ပြောပါတယ်။
“ဖြစ်ရပ်သည် အမှန်တကယ် ဖြစ်ပျက်ခဲ့တယ် မှန်တယ်ဆိုရင်တော့ ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မမ ၃၀၁၊ ၁ (ခ) ပေါ့နော်။ ကြိုတင်ကြံစည် ပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တဲ့ လူသတ်မှု မြောက်ပါတယ်။ နောက်တစ်ခါ နိုင်ငံတကာ ဥပဒေတွေအရလည်း ဂျနီဗာ convention (သဘောတူညီချက်) အရ စစ်ဆင်ရေး နယ်မြေတစ်ခုအတွင်းမှာ အရပ်ဘက် ပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တဲ့ အတွက် ဒါဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတစ်ခုလို့ ဒီလိုကျနော်တို့ သုံးသပ်နိုင်ပါတယ်”
ကျူးလွန်သူတွေကို ပြည်တွင်းဥပဒေအရ အရေးယူဖို့ မဖြစ်နိုင်တဲ့အတွက် နိုင်ငံတကာ ဥပဒေအရ အရေးယူဖို့ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ သက်သေ၊ အထောက်အထား၊ အချက် အလက်တွေကို စုဆောင်းပြီး အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ် တစ်ဦးဦးက နိုင်ငံတကာ တရားရုံးမှာ လုပ်ဆောင်ဖို့ လိုတယ်လို့ ဥပဒေပညာရှင်က သုံးသပ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် သေဆုံးရတဲ့သူ နိုင်ငံတစ်ဝန်းမှာ ၂၂၈၁ ယောက်အထိ ရှိလာနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း( AAPP) ရဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
RFA Burmese
မိုးဗြဲတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် လေးဦးသေဆုံး
မိုးဗြဲမှ ဆုတ်ပြေးခဲ့ရသည့် စစ်တပ်က မြို့ကို လက်နက်ကြီးဖြင့် ထုနေရာ စစ်ရှောင်ဘုန်းကြီးကျောင်းသို့ ကျခဲ့ပြီး အသက် ၁၀ နှစ်အောက် ညီအမနှင့် ၅၀ အရွယ် အမျိုးသား ၂ ဦး သေဆုံး၍ ၁၃ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရသည်။
ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် ယနေ့ (စက်တင်ဘာ ၁၆) နံနက်က စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်လေးဦး ပွဲချင်းပြီး သေဆုံးသွားသည်။
ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲအရှိန်မြင့်နေသည့် ထိုဒေသသို့ စစ်တပ်က လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်နေရာ နံနက် ၆ နာရီခန့်တွင် မိုးဗြဲမြို့ မြို့မရပ်ကွက်၊ မွေတော်ဘုန်းကြီးကျောင်းသို့ တစ်လုံးကျသည်ဟု မြို့ခံ လူမူကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ရှောင်များအနက် အသက် ၁၀ နှစ်နှင့် ၇နှစ် အရွယ် ညီအမနှစ်ဦး၊အသက် ၅၀ အရွယ် အမျိုးသား ၂ဦး သေဆုံးကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ထိုဖြစ်စဉ်အတွင်း အပြင်းအထန်ဒဏ်ရာရသူ ၁၃ ဦးရှိသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် မိုးဗြဲမြို့ခံ အမျိုးသားတစ်ဦးကလည်း ပြောသည်။ အသေးစိတ်အခြေအနေနှင့် အချက်အလက်များ မသိရသေးပေ။
“ပိုပြီးလုံခြုံမယ်ထင်လို့ ရပ်ကွက်သူ ရပ်ကွက်သားတွေက အဲမှာ လာနေကြတာပေါ့။ တိုက်ပွဲမဖြစ်ဘူး။ (စစ်တပ်က) ဒီတိုင်း ရမ်းသန်းပြီးပစ်တာ။ မနေ့ညက တစ်ညလုံးလည်း ကြားနေရတယ်။ အခုလော လောဆယ်တော့ ငြိမ်နေသေးတယ်” ဟု ၎င်းက ပြောသည်။
ကယား (ကရင်နီ) ပြည်နယ် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့ဘက်မှ မိုးဗြဲသို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် ကရင်နီတပ်ပေါင်းစုများအကြား စက်တင်ဘာ ၈ ရက်မှစ၍ လေးရက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်။
မိုးဗြဲမြို့ ပွဲကုန်း (၃) ရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်ဘက်မှ အကျအဆုံးများခဲ့ပြီးနောက် စက်တင်ဘာ ၁၂ ရက်တွင် ထိုဒေသမှ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ယင်းနောက်တွင် နေ့စဉ် လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
“အခုက ခါတိုင်းထုတဲ့ လက်နက်ကြီးမျိုးမဟုတ်ဘူး။ နှစ်ဆင့်ကွဲ သုံးဆင့်ကွဲတော့ အမြဲတမ်း ပိုစိုးရိမ်နေရတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသောင်းနီးပါးရှိသည့် မိုးဗြဲတွင် မြို့ပေါ် ရပ်ကွက် ၁၅ ခုနှင့် အနီးအနားကျေးရွာများမှ စစ်ရှောင် တစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ၎င်းထံမှ သိရသည်။
“ပြည်သူတွေက ခါတိုင်းလိုမဟုတ်ဘဲနဲ့ အပြီးအပိုင် ရှိသမျှ ပစ္စည်းတွေအကုန်လုံးကို သယ်သွားတဲ့ အခြေအနေမျိုးတွေဖြစ်နေတယ်။ ဒီးမော့ဆိုလိုမျိုး ဖြစ်လာနိုင်လားဆိုတော့ စစ်တပ်ရဲ့ စစ်ဆင်ရေးပေါ်မှာပဲ မူတည်လိမ့်မယ်လို့ မြင်တယ်” ဟု ထိုသူက ဆိုသည်။
Mobye_2.Jpeg
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စက်တင်ဘာလဆန်းပိုင်းက စစ်တပ် ပစ်သည့် လက်နက်ကြီး ထိမှန်ခဲ့သည့် ပွဲကုန်း ၃ ရပ်ကွက်ရှိ လူငယ်စာကြည့်တိုက်။ ဓာတ်ပုံ – Myanmar Now
အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲကျော်အတွင်း မိုးမြဲတွင် တိုက်ပွဲ မကြာခဏဖြစ်လေ့ရှိသည်။ ယခင်က သေနတ်သံများ ငြိမ်သွားလျှင် ဒေသခံတို့ ကိုယ့်အိမ်ကိုယ့်ယာသို့ ပြန်လေ့ရှိကြောင်း၊ ယခုမူ ရက်ပိုင်းအတွင်း စစ်တပ်၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေအိမ် ၁၀၀ ကျော် ပျက်စီးခဲ့ရသလို ဆက်လက်ပစ်ခတ်နေဆဲဖြစ်၍ ဒေသခံတို့ အိမ်ပြန်ရန် အခက်တွေ့နေကြကြောင်း Kayan Rescue Committee တာဝန်ရှိသူက ပြောသည်။
“တော်တော်များများက အနီးအနားရွာတွေကို ရှောင်ကြတယ်။ တချို့သော တောင်ယာတွေမှာ သွားနေကြတာ များတယ်။ ဒီရက် ထပ်ရောက်ဖို့လည်း အများကြီးရှိတယ်။ အခုက တိုက်ပွဲမဖြစ်တဲ့ ရပ်ကွက်တွေမှာလည်း သူတို့နေရတာ မလုံခြုံတော့ဘူး ခံစားရလို့ အခုထပ်ပြီးတော့ ပြောင်းရွှေ့မယ့် အုပ်စုတွေလည်း ရှိနေတယ်” ဟု ၎င်းက ဆိုသည်။
ထို့အပြင် စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်သည့်ဒဏ်ကြောင့် စစ်ဘေးရှောင်များမှာလည်း ဒုက္ခရောက်နေကြပြီး ယခုနှစ်တွင် တိုက်ပွဲကြောင့် ဆန်စပါး မစိုက်ပျိုးနိုင်သဖြင့် ရိက္ခာပြတ်လပ်နေကြောင်း Kayan Rescue Committee တာဝန်ရှိသူက ဆက်ပြောသည်။
“စားနပ်ရိက္ခာကူညီလှူဒါန်းပေးနေတဲ့ အသင်းအဖွဲ့ တော်တော်များများ နားလိုက်ကြတာရှိတယ်။ မိုးဗြဲမြို့ဟာ ကုန်လမ်းကြောင်းတွေလည်း အများကြီးဝင်တဲ့နေရာဖြစ်တယ်။ စစ်ဖြစ်တော့ ထပ်ပြေးရတော့ အခက်အခဲတွေ အများကြီး ဖြစ်လာတယ်” ဟု ၎င်းက ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်တို့ ပါဝင်သည့် ကရင်နီဒေသတွင် စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိပြီး စစ်အာဏာသိမ်းပြီးနောက် စက်တင်ဘာ ၁၁ အထိ စစ်ကောင်စီတပ်က အရပ်သား ၂၆၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ စာရင်းများအရ သိရသည်။
မိုးဗြဲသည် ကယားပြည်နယ် မြို့တော် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နှင့် ရှမ်းပြည်နယ်သို့ သွားလာရာတွင် လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသော မြို့တစ်မြို့ဖြစ်သည်။
စစ်ကောင်စီကမူ နှုတ်ဆိတ်နေသည်။
Myanmar Now News
အထောက်အထား ပိုများလာကြောင်း IIMM ပြော
စစ်အာဏာသိမ်း တစ်နှစ်ခွဲကျော်ကာလအတွင်း လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ သက်သေအထောက်အထား ပိုများလာ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) အကြီးအကဲ Nicholas Koumjian က စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပတဲ့ ကုလ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးထုတ်ပြန်ချက်မှာ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် လူသတ်မှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ ပြည်နှင်ဒဏ်ပေးမှု၊ အတင်းအကျပ်လွှဲပြောင်းမှု၊ တရားစွဲဆိုမှု၊ ထောင်ချမှုတွေနဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ ကျူးလွန်မှုတွေအပါအဝင် လူသားမျိုးနွယ်စုတွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ပိုများလာတယ်လို့ Nicholas Koumjian က ပြောပါတယ်။
“ကံမကောင်းစွာနဲ့ပဲ မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေက အတော်လေးပြင်းထန်လာ ပါတယ်။ ဒါက ကျနော်တို့အနေနဲ့ ဆိုးရွားတဲ့ နိုင်ငံတကာရာဇဝတ်မှု သက်သေ အထောက်အထားတွေကို စုစည်းထားနိုင်ဖို့ ပိုပြီးအရေးကြီး လာတယ်ဆိုတဲ့ သဘောပါပဲ။ ဒါမှ တစ်နေ့မှာ တရားမျှတမှု ပြန်ပြီးရရှိလာမှာပါ”
လူ့အခွင့်အရေးကောင်စီဟာ အရင်အစိုးရလက်ထက်က ရိုဟင်ဂျာလူမျိုးစုတွေအပေါ် လူအခွင့်အရေး ချိုးဖောက်မှုတွေကို သက်သေအချက်အလက်စုစည်းဖို့အတွက် IIMM ကို ၂၀၁၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။
၅၁ ကြိမ်မြောက် ကုလလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။
RFA Burmese