ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ရခိုင်မှာ လေးရက်အတွင်း လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံး၊ ခုနစ်ဦးဒဏ်ရ
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ စက်တင်ဘာ ၂၃ ရက်နေ့ကနေ ဒီနေ့အထိ လေးရက်အတွင်း စစ်ကောင်စီ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးနှစ်ဦးသေဆုံးပြီး ခုနစ်ယောက် ဒဏ်ရာ ရရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့နယ် နဂရာရွာမှာ စက်တင်ဘာလ ၂၅ ရက်ညက လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲလို့ အသက် ခုနှစ်နှစ်အရွယ် မောင်ကြီး (ခေါ်) မောင်ကိုနိုင်သေဆုံးခဲ့ပြီး ဒေသခံဦးကျော်စိန် ဒဏ်ရာရသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ည ၁၁ နာရီ လောက်မှာ ကျောက်တော်မြို့ အနားမှာရှိတဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဘက်က ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက RFA ကိုပြောပါတယ်။
“ဖြစ်တာက အဲဒီတပ်မက ပစ်လိုက်လို့ ၁၁ နာရီ ဝန်းကျင်လောက်မှာ အိမ်မှာကျပြီး ကွဲတယ်။ ခေါင်မိုးကို ဖောက်ပြီးကျတာ။ ရွာထဲကိုတော့ အဲဒီတစ်လုံးပဲကျတာ။ ကျောက်တော် မြစ်ကမ်းနားတစ်လျှောက်မှာတော့ လက်နက်ကြီး အလုံး ၃၀ လောက် ကျတယ်”
ကလေးကို စက်တင်ဘာ ၂၆ ရက်မှာ သင်္ဂြိုဟ်ခဲ့ပြီး ဒဏ်ရာသူကတော့ ဆေးကုသနေရ ပါတယ်။ ဒေသခံတချို့ကတော့ နီးစပ်ရာရွာတွေကို ထွက်ပြေးနေရပါတယ်။
နဂရာရွာမှာ ဒီလ ၂၁ ရက်နေ့ ညနေပိုင်းကလည်း တိုက်ပွဲဖြစ်တာမရှိဘဲ စကခ (၉) ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် မိသားစုလေးဦး ဒဏ်ရာရခဲ့ပါတယ်။
အလားတူ စက်တင်ဘာ ၂၄ ရက်နေ့က ကျောက်တော်မြို့ ရွာမရပ်ကွက်ထဲမှာရှိတဲ့ သိန်းဆန်းတည်းခိုခန်းကို လက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တည်းခိုနေတဲ့ အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
စက်တင်ဘာ ၂၆ ရက်နေ့ မှာလည်း မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းရွာမှာ စစ်ကောင်စီတပ်ပိုင် စစ်သင်္ဘောက ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတဲ့အတွက် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၀ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေကနေ မင်းပြားမြို့ကို မြစ်ကြောင်းအတိုင်း တက်လာတဲ့ စစ်သင်္ဘောနှစ်စီးကို ခေါင်းလောင်းချောင်းရွာနဲ့ လောင်းရှည်ရွာကြားမှာ AA က ကြားဖြတ်တိုက်ခိုက်ချိန် နှစ်ဖက်တိုက်ပွဲဖြစ်ပြီး အခုလို အပစ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်က လေကြောင်းရော ရေကြောင်းကပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီအနားမှာရှိတဲ့ သတ်ပုန်းချောင်း ရွာသား တစ်ဦးက RFA ကိုပြောပါတယ်။
“မနက် ၉ နာရီလောက်က စစ်တွေဘက်ကနေ ဇက်ရေယာဉ်တက်လာတယ်။ ကျနော်တို့ သတ်ပုန်းရွာနားကို ရောက်တဲ့အခါ စစ်တွေဘက်က လေယာဉ်တစ်စီး ရောက်လာတယ်။ တဝဲဝဲပျံနေတယ်။ ခေါင်းလောင်းချောင်း ရွာနားရောက်တာနဲ့ တိုက်ပွဲဖြစ်တယ်လို့ ကြားရတယ်။ Navy (ရေတပ်) ကို AA က ပစ်လိုက်တယ်ထင်တယ်။ နှစ်စီးလုံးမှာ ထိတယ်။ ပစ်သံတော့ ကျနော်တို့ကြားရတယ်။ နောက်ကလိုက်ပါလာတဲ့ လေယာဉ်ကလည်း ပစ်ကူပေးတယ်”
ခေါင်းလောင်းချောင်းရွာကနေ မင်းပြားမြို့အထိ မြစ်ကြောင်းတစ်လျှောက် ပစ်ခတ်ခဲ့သလို မင်းပြားမြို့ပေါ် ကျိန်းတောင်ဘုရားမှာရှိတဲ့ တပ်စခန်းကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် နယ်ခြားစောင့်တပ် နခခ (၈) ကနေ သပိတ်တောင် ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် အတွင်းငှက်သေရွာက ခုနှစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံးပြီး သပိတ်တောင် မြောက်ရွာက ဒေသခံနှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီ တပ်ဟာ ပြည်သူတွေကို ဦးတည် တိုက်ခိုက်နေတာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။
“ကျနော်တို့ မြင်လာရတာကတော့ ရခိုင်ပြည်နယ်အနှံ့တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ အမျှ လူထုကို ဦးတည်ပြီးတော့ အနီးအနားမှာ တိုက်ပွဲဖြစ်သည်ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ ရွာမှာတော့ စစ်ကောင်စီတပ်က ထင်တိုင်းလုပ်နေတာပဲ။ ပြည်သူတွေလည်း ဒုက္ခသည် ရောက်နေကြတယ်ပေါ့။ တစ်နည်းအားဖြင့် ကြွတ်မနိုင်ကျီကို မီးရှို့သလိုမျိုး ပေါ့နော်။ တိုက်ပွဲတွေက ပြည်သူ့ဘက်ကို ဦးတည်လာတယ်။ ဒါတွေဟာ တပ်မတော် တစ်ရပ်အနေနဲ့ မလုပ်သင့်ဘူးလို့ ပြောလိုပါတယ်”
နှစ်ဖက်တိုက်ပွဲတွေ ဒီထက်ပို ပြင်းထန်ကျယ်ပြန့်လာနိုင်တာကြောင့် ပြည်သူတွေ ပိုပြီး သတိထား နေထိုင်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး AA ရော စစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူကို RFA ကမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။
ဒါပေမဲ့ စက်တင်ဘာ ၂၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်မှာ အသိမ်းခံရတဲ့ စခန်းတွေကို ပြန်လည်ရယူဖို့ လုပ်ဆောင်မယ်လို့ ပြောဆိုထားပါတယ်။
AA ကလည်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာရင် တန်ပြန်ချေမှုန်းသွားမယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့ အွန်လိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန် နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင် စတဲ့မြို့တွေမှာ ကလေးသုံးဦးနဲ့ ဒေသခံ သုံးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးအထိရှိပြီဖြစ်ပါတယ်။
RFA Burmese
ဆိုးဝါးတဲ့ မြန်မာနိုင်ငံအခြေအနေ အဆုံးသတ်ဖို့ လိုနေပြီလို့ ကုလမဟာမင်းကြီးပြော
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ကမာပျက်သလို ဆိုးဝါးတဲ့ အခြေအနေတွေကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ ရေရှည်ဖြစ်ထွန်းတဲ့ တိုးတက်မှု အခြေအနေတွေဆီကို ပြန်ရောက်အောင် လုပ်ဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ် က ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေကို ထောက်ပြပြီး မနေ့ကလူ့အခွင့်အရေးညီလာခံမှာ ပြောသွားတာဖြစ်ပါတယ်။
အခုဆိုရင် မြန်မာစစ်တပ်ဟာ သူတို့ ပစ်မှတ်ထားတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး အင်အားစုတွေတင်မကဘဲ ဒီအင်အားစုတွေကို ထောက်ခံတယ်လို့ သူတို့ယူဆတဲ့ အရပ်သားလူ့အဖွဲ့အစည်းတွေကိုပါ ရက်ရက်စက်စက်တိုက်ခိုက်ဖြိုခွင်းတာတွေ လုပ်နေတဲ့အကြောင်း၊ အခုမိုးရာသီကာလအတွင်းမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးရပြီး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ်တွေမှာ စုစုပေါင်း အရပ်သား နေအိမ် ၃၀၀၀ လောက်နဲ့ စာသင်ကျောင်းတွေ မီးရှီု့ဖျက်ဆီးခံခဲ့ရတယ်လို့ သူက ပြောသွားပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက ကလေးငယ် ၁၈၈ ဦးအပါအဝင် လူပေါင်း ၂၃၁၅ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာတဲ့ လူပေါင်းလေးသောင်းခွဲလောက် အပါအဝင် အရပ်သား ပြည်သူတစ်သန်းလောက်အထိ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အစားအစာ၊ သောက်သုံးရေနဲ့ဆေးဝါးကုသမှုတွေမရှိဘဲ နေနေကြရတဲ့အကြောင်း အခုအချိန်မှာ စစ်တပ်ကရခိုင်ပြည်နယ်မြောက်ပိုင်းကို အကူအညီပေးရေး အဖွဲ့တွေ သွားရောက်ခွင့်မပြုတော့တာ အပါအဝင် စစ်တပ်ရဲ့ကန့်သတ်မှုတွေကြောင့် ငတ်မွတ်ခေါင်းပါးမှုတွေ ကြုံလာရမယ့်အလားအလာ ရှိနေတဲ့အကြောင်းလည်း ပြောသွားပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်းတစ်သောင်းခွဲလောက် ဖမ်းဆီးခံထားခဲ့ရတဲ့ အထဲက ၁၂၀၀၀ ကျော်လောက်ဟာ အကျဉ်းထောင်တွေထဲမှာပဲ ရှိနေပြီး၊ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားစဉ် အသက်သေဆုံးသူ အရေအတွက် ၂၇၃ ဦး ရှိပြီး တစ်စထက်တစ်စ တိုးလာနေတဲ့အကြောင်း၊ နေအိမ်တွေ၊ ကျေးရွာတွေထဲကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ သေဆုံးခဲ့သူ ၂၆၆ဦး အထိ ရှိနေပြီး၊ ဒီအထဲက ၄၀ ဦးဟာ ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးသွားသူတွေရဲ့ခန္ဓာကိုယ်မှာ ညှဉ်းပန်း နှိပ်စက်ထားတဲ့ အထောက်အထားတွေ တွေ့ရပြီး၊ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အထောက်အထားတွေ အစဖျောက်ဖြစ်ဖို့ သေဆုံးသွားပြီးမှ ဖြစ်စေ၊ မသေသေးပဲ ဖြစ်စေ မီးရှို့ အစဖျောက်ပစ်ခဲ့တဲ့ ဖြစ်စဉ် ၁၁၁ ခု ရှိနေတယ်လို့ လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ တရားစီရင်ရေးစနစ်ကနေ နိုင်ငံရေးအရ အတိုက်အခံတွေကို သေဒဏ်စီရင်တာကို လက်နက်တစ်ခုလို အသုံးပြုနေပြီး၊ ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို တရားမျှတတဲ့ စစ်ဆေးမှုမရှိပဲ သေဒဏ်စီရင်လိုက်တာဟာ နိုင်ငံတကာဥပဒေတွေကို မထီမဲ့မြင်ပြုနေတာကို ပြသနေကြောင်းနဲ့ မြန်မာစစ်တပ်ဟာ မတရားဖမ်းဆီး ထောင်ချခံနေသူတွေအတွက် အမှုလိုက်ပေးနေတဲ့ရှေ့နေတွေကို တရားစွဲဆိုထောင်ချတဲ့အမှု ၁၀ မှုအထိ မှတ်တမ်းတင်ထားတယ်လို့ ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက အရပ်ဘက်လူ့အဖွဲ့အစည်းတွေရဲ့ လွတ်လပ်ခွင့်ကို ပိုပြီး တင်းကြပ်လာခဲ့ရာမှာ မိုဘိုင်းဖုန်းအသုံးပြုမှုတွေကို မှတ်ပုံတင်ဖို့နဲ့ အခွန်အကောက် အသစ်တွေ တိုးပြီး စည်းကြပ်ဖို့ ကြိုးပမ်းမှုတွေဟာ သာမန်ပြည်သူတွေရဲ့ ဖုန်းနဲ့ အင်တာနက်အသုံးပြုနိုင်မှု လျော့ကျစေမယ့်အပြင် အင်တာနက် သုံးသူတွေကို စောင့်ကြည့် ထောက်လှမ်းတာတွေ တိုးလာမှာ ဖြစ်တဲ့အကြောင်း၊ မကြာခင်က NUG နဲ့ PDF တပ်ဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို Like လုပ်တာ၊ အီမိုဂျီနဲ့ ထောက်ခံကြောင်း ပြသတာတွေလုပ်ရုံနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြောသွားတာတွေကြောင့်လည်း လွတ်လပ်စွာပြောဆိုခွင့်တွေကို တင်းကြပ်လာတာဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။
အခုလို မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှု သံသရာလည်နေတာကို ရပ်တန့်သင့်နေပြီ ဖြစ်ပေမယ့် သံတမန်ရေးအရ ကြိုးပမ်းမှုတွေဟာ အကန့်အသတ်နဲ့သာ အကျိုးဖြစ်ထွန်းနေပါတယ်။ ကုလအထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံရဲ့ ကြိုးပမ်းအားထုတ်မှုတွေ အရှိန်ရလာမယ်လို့ မျှော်လင့်ပါတယ်။ အာဆီယံအနေနဲ့လည်း လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့၊ မြန်မာနိုင်ငံပြဿနာအတွက် အဖြေရှာဖို့နဲ့ ပြည်သူတွေကို ကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေလုပ်တာတွေ တိုးလုပ်ဖို့ သင့်ပါတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီး နာဒါ အယ်လ် နာရှစ်က ပြောသွားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာ ယာယီမဟာမင်းကြီးက မြန်မာစစ်တပ်ကို တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ သေဒဏ်စီရင်မှုတွေ ချက်ချင်းရပ်ထားဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုအကူအညီ ပေးအပ်မှုတွေ ပြန်ဖွင့်ပေးဖို့နဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တိုက်တွန်းလိုက်ပြီး၊ လူ့အခွင့်အရေးကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား IIMM အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့လုပ်ပိုင်ခွင့်တွေကို အင်အားဖြည့်ပေးဖို့ တောင်းဆိုကြောင်း ပြောကြားသွားပါတယ်။
RFA Burmese
ပြည်သူကို ဘယ်သူကူညီနေသလဲ?
နိုင်ငံတကာအကူအညီက ရန်ကုန်ရှိ အဖွဲ့ကြီးများထံ သွားနေချိန်တွင် ဖမ်းဆီးသတ်ဖြတ်ခံရမှုကို အံတုလုပ်ကိုင်နေသည့် ဒေသအခြေစိုက်အဖွဲ့ငယ်များက လူထုကို အားကိုးပြီး စွန့်စားလုပ်ကိုင်နေကြသည်။
သိပ်မကြာသေးခင်က ကုလသမဂ္ဂအေဂျင်စီတွေဟာ အုပ်စုလိုက်ကို မြန်မာစစ်ကောင်စီနဲ့ နားလည်မှု စာချွန်လွှာတွေ ဒရောသောပါး လက်မှတ်ထိုးကြတာကြောင့် အရေးတကြီး မေးစရာတွေ ရှိလာပါတယ်။
မြန်မာပြည်မှာ ကူညီထောက်ပံ့ရေး ဝန်ထုတ်ဝန်ပိုးကို အမှန်တကယ် ထမ်းထားရတာ ဘယ်သူတွေလဲ၊ နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေလား၊ ပြည်တွင်းက ပြည်သူဒုက္ခကို ကူညီရင်း ခုခံဆန့်ကျင်ရေးမှာ ရပ်တည်ပါဝင်တဲ့ အဖွဲ့တွေ (humanitarian resistance organization) လား။ နိုင်ငံတကာ ကူညီထောက်ပံ့ရေးဘတ်ဂျက်တွေကိုကျ ဘယ်သူတွေက လက်လှမ်းမီနေကြသလဲ။
လက်ရှိအခြေအနေကို ပုံဖော်ဖို့၊ နားလည်စေဖို့ ရှင်းပြရာမှာ အတော့်ကို အထောက်အကူပြုနိုင်မဲ့ ဟူးဂိုးဆလင်း (Hugo Slim) ရဲ့ ဆီလျော်ကောင်းမွန်လှတဲ့ စာတမ်းတစ်စောင်ရှိပါတယ်။ စာတမ်းနာမည်က “ပြည်သူကိုကူညီထောက်ပံ့ခြင်းနည်းဖြင့် ဆန့်ကျင်တော်လှန်ခြင်း- ကျင့်ဝတ်ဆိုင်ရာနှင့် လက်တွေ့အရေးပါပုံ- Humanitarian resistance: its ethical and operational importance” ဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်မှာ ဒေသခံအရပ်ဘက်အဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက တစ်ဖက်၊ ကုလအေဂျင်စီတွေနဲ့ INGO တွေက တစ်ဖက် ဖြစ်နေတဲ့ အတော်ပြင်းထန်တဲ့ အငြင်းအခုံကိုလည်း နားလည်ဖို့ ထောက်ကူပေးပါတယ်။
အရပ်ဘက်အဖွဲ့တွေနဲ့ ဒေသခံတက်ကြွလှုပ်ရှားသူတွေရဲ့ မမျှမတ ဝေဖန်မှုကို ခံနေရတယ်လို့ ကုလအေဂျင်စီတွေနဲ့ INGO တွေက ခံစားနေကြပါတယ်။ ရှုပ်ထွေးတဲ့ အခြေအနေမှာ သူတို့ဘာအမှားမှ မလုပ်ဘူး၊ ဖြစ်နိုင်တဲ့နေရာမှာဖြစ်နိုင်တဲ့အချိန်မှာ အထိနာနေတဲ့ လူတွေကို ကူညီဖို့ အကောင်းဆုံးလုပ်နေတာပဲလို့ ဒီအေဂျင်စီတွေက တွေးပါတယ်။
တကယ်တော့ ဒီအေဂျင်စီတွေက လူပုဂ္ဂိုလ်တွေဟာ များသောအားဖြင့် စိတ်စေတနာကောင်းရှိတဲ့ လူတွေပါ။ “ခက်ခဲပြီး စိတ်မသက်သာစရာ အပေးအယူတွေကို ပိုအရေးကြီးတဲ့ လူသားချင်းစာနာထောက်ထားကူညီရေးဆိုတဲ့ မရှောင်သာတဲ့ အကြောင်းတရားကြောင့် လုပ်ရတာ” ဆိုတဲ့ စကားမျိုးနဲ့ စိတ်မသိုးမသန့် ဖြစ်ကြတဲ့လူတွေပါ။ ဒီစကားကိုပြောသူက မကြာသေးခင်အထိ INGO ကြီးတစ်ခုမှာ လုပ်ခဲ့တဲ့ မြန်မာပြည်တွင်းနေ နိုင်ငံခြားသားတစ်ယောက်ပါ။
တစ်ဘက်မှာလည်း ဒေသခံတက်ကြွလှုပ်ရှားသူတွေဟာ နိုင်ငံတကာရဲ့ လျစ်လျူရှုမှုကို ခံနေရတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ဒေါသနဲ့ စိတ်ပျက်မှုကို အမှန်အတိုင်းပြောနေတာပဲလို့ ခံစားကြပါတယ်။ ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂအေဂျင်စီတွေဟာ မြန်မာပြည်သူတွေအပေါ် ပျက်ကွက်မှုစာရင်းမှာ ထိပ်ဆုံးက ပါပါတယ်။
တက်ကြွလှုပ်ရှားသူတွေဘက်က မြင်နေရတာက လွန်ခဲ့တဲ့ ၁၈ လ လုံးလုံး အရေးတကြီးလိုအပ်နေတဲ့ နေရာတွေကို ဒီအေဂျင်စီတွေ၊ INGO တွေ ဘာအကူအညီမှ မပေးခဲ့ကြဘူး၊ စစ်ကောင်စီခွင့်ပြုတဲ့ နေရာတွေကိုပဲ အလွန်သေးငယ်တဲ့ ပမာဏနဲ့ ရံဖန်ရံခါ ထောက်ပံ့တာပဲရှိတယ် ဆိုတာပါပဲ။
ဟူးဂိုးဆလင်းရဲ့ ဝေါဟာရအသုံးအနှုန်းနဲ့ ဝေဘန်ဆန်းစစ်ပုံက နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေနဲ့ ပြည်တွင်းက နွေဦးတော်လှန်ရေး အရပ်ဘက်အဖွဲ့တွေကြားက အဓိက သဘောထားကွဲလွဲမှုက ဘာဆိုတာကို နားလည်ဖို့ အကူအညီပေးပါတယ်။
Yesagyo_idp.jpeg
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်ရန်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတို့မှာ မိုးတွင်းကာလတွင် ပိုမို အခက်တွေ့နေသည်။ (ဓာတ်ပုံ – ပေးပို့)
စစ်တပ်ရဲ့ အာဏာသိမ်းဖို့ အားထုတ်မှုအပြီးမှာ မြန်မာပြည်သူတွေဟာ တစ်နိုင်ငံလုံးပမာဏ အုံကြွဆန့်ကျင်ခဲ့ကြ၊ အာဏာဖီဆန်ခဲ့ကြ၊ တဖြည်းဖြည်းနဲ့ လက်နက်ကိုင်စွဲပြီး ခုခံကာကွယ် တွန်းလှန်ရေးဆီ ရောက်လာခဲ့ကြပါတယ်။ စစ်တပ်ဟာ ကြမ်းတမ်းရမ်းကားမှု အပြည့်နဲ့ ပမာဏကြီးတဲ့ အကြမ်းဖက်မှုကို အသေအချာသုံးပြီး တုံ့ပြန်ခဲ့ကြပါတယ်။
ဒီနေ့အထိကိုပဲ စစ်တပ်မှာ ရည်ရွယ်ချက်တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ သူ့ကိုဆန့်ကျင်သူမှန်သမျှကို ချေမှုန်းပစ်ဖို့ပဲ။ ဘယ်လောက်အပျက်အစီး အကုန်အကျများများ ဒီရည်မှန်းချက်ရောက်အောင်သွားဖို့ သူတို့ အဆင်သင့်ပဲ။ ဒါပေမဲ့ စစ်တပ်ဟာ သူ့ရဲ့ တရားမဝင် ဖိနှိပ်အုပ်ချုပ်မှုကို ဆန့်ကျင်နေတဲ့ ပြည်သူလူထုကြီးကို မနှိမ်နင်းနိုင်ဘူး။ သူထိန်းချုပ်စီမံနိုင်တဲ့ ဒေသတွေ ဖြည်းဖြည်းချင်း လက်လွတ်ဆုံးရှုံးလာတယ်။
လောလောဆယ်မှာ စစ်တပ်ဟာ တိုင်းပြည်ဧရိယာရဲ့ ၄၀-၅၀ ရာနှုန်းလောက်ကိုပဲ ထိန်းထားနိုင်တယ်။ ဒါတောင်မှ အဲဒီဒေသတွေဟာ မလုံမခြုံပါပဲ။ ကျန်ဒေသနဲ့ ပြည်သူတွေကတော့ စစ်တပ်ထိန်းချုပ်မှုရဲ့ အပြင်မှာရှိတယ်။
သို့သော်လည်း စစ်တပ်ဟာ ဖိနှိပ်ဒဏ်ခတ်ဖို့၊ နယ်မြေရှင်းလင်းရေးလုပ်ဖို့ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ စစ်သားတွေကို လွှတ်နေနိုင်တုန်းပဲ။ သူတို့ မထိန်းချုပ်နိုင်တဲ့ နယ်မြေဒေသတွေကို စစ်တပ်ဟာ ဗုံးကြဲမယ်၊ လူသတ်မယ်၊ မီးရှို့မယ်၊ ဖျက်ဆီး အမြစ်ဖြတ်မယ်။ အဲဒီလိုတွေ လုပ်ခဲ့၊ လုပ်နေတုန်းပါပဲ။ ရလဒ်ကတော့ အရပ်သားပြည်သူတွေရဲ့ ကြီးမားလှတဲ့ ဒုက္ခဆင်းရဲနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အကြီးအကျယ်လိုနေတဲ့ အခြေအနေဖြစ်လာတာပါ။
ဒီလိုဒုက္ခဆင်းရဲနဲ့ အကူအညီလိုအပ်ချက်ကို မြန်မာပြည်သူတွေကိုယ်တိုင် တုံ့ပြန်ရာကနေပဲ လူထုတော်လှန်ရေးရဲ့နောက်ထပ်အသွင်အပြင်တစ်ခု ထပ်ပေါ်လာတယ်။ အဲဒါကတော့ “ ပြည်သူကို ကူညီထောက်ပံ့တဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်ခြင်း- humanatarian resistance” ပါ။ ဟူဂိုးဆလင်းရဲ့ ဒီဝေါဟာရဟာ အခြေအနေကို တိတိပပ သရုပ်ဖော်နိုင်ပါတယ်။
ဒီနေ့မြန်မာပြည်မှာ ကျယ်ပြန့်လှတဲ့ ဒုက္ခဆင်းရဲနဲ့ ပမာဏကြီးတဲ့ လူသားချင်းစာနာထောက်ထား ကူညီရေးအကြပ်အတည်းကြီး ကြုံနေရပါတယ်။ နေ့တိုင်း၊ သီတင်းပတ်တိုင်းမှာ ပိုပြီး နက်ရှိုင်းလာနေသလို တွန်းကန်ပြောင်းလဲမှုတွေလည်း ပိုပြီးဖြစ်နေပါတယ်။ ဒီဒုက္ခဆင်းရဲကို စစ်ကောင်စီကပဲ ဖန်တီးတာပါ၊ တခြားဘယ်သူမှ ဖန်တီးတာမဟုတ်ပါဘူး။ စစ်ကောင်စီမရပ်ရင် မကြာခင် အကြပ်အတည်း လျော့နည်းလာမဲ့ အနေအထားလည်း မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ တစ်နိုင်ငံလုံးမှာစစ်တပ်က နယ်မြေရှင်းလင်းစစ်ဆင်ရေးတွေ ဆက်လုပ်နေမှာမို့ ဆင်းရဲဒုက္ခနဲ့ အကြပ်အတည်းက ပိုပိုပြီး ကြီးမားနက်ရှိုင်းလာပါလိမ့်မယ်။
ကုလအေဂျင်စီတွေက အထောက်အပံ့ဘယ်လောက်ပေးပေး ဆင်းရဲဒုက္ခလျော့စရာမရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကုလအေဂျင်စီတွေရဲ့ အကန့်အသတ်ရှိတဲ့ အကူအညီတွေနဲ့ အပြိုင် တစ်ဘက်မှာလည်း စစ်ကောင်စီရဲ့ပြည်သူတွေ နေရပ်စွန်ခွာရအောင်လုပ်တာ၊ ပြည်သူ့ပစ္စည်းဥစ္စာနဲ့ အသက်မွေးဝမ်းကြောင်းတွေဖျက်ဆီးတာတွေက ဆက်ရှိနေမှာကြောင့်ပါ။ စစ်ကောင်စီက ဘာ့ကြောင့် ဒီလိုဆက်လုပ်နေသလဲဆိုရင် ဒီနည်းက သက်တမ်းရှည်ကြာနေပြီဖြစ်တဲ့ သူ့ရဲ့ စစ်ဆင်ရေးနည်းလမ်းပါ၊ သူ့ရဲ့ စစ်ရေးဗျူဟာပါ။
လက်ရှိမြန်မာပြည်မှာ ကူညီထောက်ပံ့ရေးလုပ်တဲ့ အုပ်စုနှစ်ခုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဟူးဂိုးဆလင်းရဲ့စကားလုံးနဲ့ ပြောရရင် တစ်စုက “ပြည်သူကို ထောက်ပံ့ကူညီမှုနဲ့ ခုခံတော်လှန်ရေးမှာပါဝင်နေတဲ့ ဒေသခံအသိုက်အမြုံအစုအဖွဲ့ – local humanitarian resistance community” တွေပါ။ နောက်တစ်ဖွဲ့ကတော့ “ နိုင်ငံတကာက အစဉ်အလာ လူသားချင်း စာနာကူညီရေးဆိုင်ရာ အေဂျင်စီ- conventional international humanitarian agencies” တွေပါ။
ပထမအစုအဖွဲ့ဖြစ်တဲ့ ဒေသခံတွေရဲ့ ပြည်သူကို ထောက်ပံံ့ကူညီပေးခြင်းနည်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့ အုပ်စုဟာ ပြည်သူတွေရဲ့ ယုံကြည်နှစ်လိုမှုကို ကြီးကြီးမားမားရပါတယ်။ ဒုတိယအစုအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာအေဂျင်စီကိုတော့ ပိုကြီးလာတဲ့ ဒေါသနဲ့ စိတ်ပျက်မှုအားဖြင့်သာ ကြည့်ကြပါတယ်။
နိုင်ငံတကာမှာတော့ ဒေသခံတွေရဲ့ “ပြည်သူကို ထောက်ပံ့ကူညီနည်းလမ်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့” အုပ်စုကို နားလည်တာ၊ သူ့တန်ဖိုးကိုသိတာ အတော်နည်းပါတယ်။ အစဉ်အလာ စာနာထောက်ထားကူညီရေးအဖွဲ့ကြီးတွေကိုတော့ အတော်လေးစားကြတယ်။ အကြောင်းတစ်ခုကတော့ အဲဒီအေဂျင်စီတွေဟာ “ အရေးကြီးတယ်လို့ ထင်လာကြအောင် ကိုယ့်ဘာသာ ဆူဆူညံညံအသံပေးတဲ့ နေရာမှာ” အလွန်ကျွမ်းကျင်ကြလို့ပါ။
ပြည်တွင်းက ပြည်သူကိုထောက်ပံ့ကူညီနည်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့ အဖွဲ့တွေကတော့ အရေအတွက်များသလောက် စုံလင်ကွဲပြားတဲ့ အောက်ခြေအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ အေဂျင်စီတွေကတော့အရေအတွက်နည်းပြီး အထက်အောက်သာ အလုပ်လုပ်ပါတယ်။
ဒေသခံတွေရဲ့ “ပြည်သူကို ထောက်ပံတဲ့ကူညီနည်းနဲ့ ခုခံတွန်းလှန်အဖွဲ့”တွေဟာ လူ့အသက်နဲ့ လူ့လွတ်လပ်ခွင့်ဘက်က ရပ်တည်ပါတယ်။ စာနာကူညီမှုနဲ့ အောင်ပွဲရလိုမှုက အတူသွားပါတယ်။ နိုင်ငံတကာအေဂျင်စီတွေကတော့ ဘက်မလိုက်ဘူး၊ ကြားနေတယ်လို့ ဆိုကြပါတယ်။
မြန်မာပြည်နဲ့ ယူကရိန်းမှာ ရှိတဲ့ “ပြည်သူကို ထောက်ပံ့ကူညီနည်းနဲ့ ခုခံတော်လှန်အဖွဲ့တွေ”အကြောင်း ဟူးဂိုးဆလင်းရဲ့ ရေးသားချက်အရှည်ကို ဒီနေရာမှာ ကိုးကားလိုပါတယ်။ အဲဒီလိုအဖွဲ့တွေရဲ့ ကြီးမားတဲ့တန်ဖိုးနဲ့ တီထွင်ဖန်တီးနိုင်မှု ဟူးဂိုးက အောက်ပါအတိုင်း ပီပီပြင်ပြင်သရုပ်ဖော်ပြထားပါတယ်။
“ပြည်သူကိုကူညီတဲ့ နည်းနဲ့ ခုခံဆန့်ကျင်ရေးမှာပါဝင်တဲ့ အဖွဲ့တွေဟာ အကျိုးရလဒ်ရှိတဲ့ ပြည်သူ့ခုခံဆန့်ကျင်ရေးပုံစံတစ်မျိုးပဲ။ အရေးပေါ်အခြေအနေကိုတုံ့ပြန်ရင်း အောင်ပွဲရဖို့ အကြောင်းအထောက်အပံ့ဖြစ်စေကြောင်းအနေနဲ့ ပြည်သူချင်းကူညီရေးအဖွဲ့တွေ ဖန်တီးတာ အားဖြည့်တာတွေလုပ်ကြတယ်”
Pale.jpeg
ပုလဲမြို့နယ်အတွင်းမှ မီးရှို့ခံထားရသည့် ကျေးရွာတစ်ရွာကို စက်တင်ဘာ ၆ က တွေ့ရစဉ်။ (ဓာတ်ပုံ-Royal Eagle PDF ပုလဲတပ်ရင်း ၁)
“မြန်မာပြည်မှာဆိုရင် တော်လှန်ရေးကို အားပေးတဲ့ ပြည်သူတွေဟာ အစိုးရယန္တရားးတွေကို သပိတ်မှောက်ကြပြီး စစ်အာဏာရှင်ဒဏ်ခံနေရသူတွေအတွက် ပိုကြီးလာတဲ့ ဆင်းရဲမှုတွေအတွက် ကူညီကယ်တင် ထောက်ပံရေးအဖွဲ့တွေ ဖွဲ့ကြတယ်။ ရှိပြီးသား လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့တွေကို အားဖြည့်ကြတယ်။ ယူကရိန်းမှာလည်း ဒီလိုပဲ၊ ပြည်ပကျူးကျော်မှုကနေ နိုင်ငံရှင်သန်ရေး လုပ်နေကြရတာကို တစ်နိုင်ငံလုံးပါဝင်ကြတယ်။ အုံနဲ့ကျင်းနဲ့ကိုလုပ်အားပေးအဖွဲ့တွေမှာ ပါကြပြီး အစားအသောက်ဝေတာ၊ အရေးပေါ်အိမ်ရာ၊ ပညာရေး လူမှုရေးကူညီတာ၊ ပြည်သူ့ကာကွယ်ရေး၊ မီးသတ်လူနာတင်ယဉ်မောင်းတဲ့ ကိစ္စမကျန် ပါဝင်ကြတယ်”
“အများပြည်သူအတွက်လုပ်တဲ့ ဒီအလုပ်တွေမှာ လူသားချင်းစာနာထောက်ထားကူညီရေးနဲ့ ခုခံတော်လှန်ရေးရည်မှန်းချက် နှစ်ခုက အတူတူပါကြတယ်။ မြန်မာပြည်မှာရော၊ ယူကရိန်းမှာပါ ‘ပြည်သူကို ကူညီတဲ့နည်းနဲ့ တော်လှန်မှာပါဝင်ခြင်း’ ရဲ့အဓိပ္ပာယ်က ရုန်းကန်တိုက်ပွဲမှာ အခန်းကဏ္ဍတစ်ခုကနေ ပြည်သူတွေကိုယ်တိုင် ပါဝင်တာဖြစ်ပါတယ်။ ဆေးတပ်သား၊ မီးသတ်၊ ကျောင်းဆရာ ဘာပဲဖြစ်ဖြစ်ဟာ တန်ဖိုးရှိတဲ့ ခုခံဆန့်ကျင်မှုလို့ နားလည်ခံစားကြပါတယ်။ သူတို့ဟာ တော်လှန်ရေးဘက်က ပါကြတယ်။ သူတို့ရဲ့ စာနာထောက်ထားကူညီရေးဟာ တော်လှန်ရေးအတွက် နိုင်ငံရေးသန္နိဋ္ဌာန်ကနေ လာပါတယ်။ မမျှတမှုကြောင့် ဖြစ်နေတဲ့ နာကျင်ဒုက္ခအတွက် လူသားချင်းထောက်ကူရမယ် ဆိုတဲ့ စံတန်ဖိုး ပေါ်လာပါတယ်”
“ဒီအစုအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှု အကျိုးဆက်က ကြီးပါတယ်။ ရုရှားတိုက်ခိုက်တာခံရတဲ့ ယူကရိန်းမြို့တွေကနေ လူထောင်သောင်းချီ ကယ်တင်နိုင်ခဲ့တယ်။ အလွတ်တန်းစုဖွဲ့ထားတဲ့ အုပ်စုတွေက ကိုယ်ပိုင်ကားတွေသုံး လျှို့ဝှက်လမ်းတွေကနေ မပြတ်တမ်း ကယ်ထုတ်ပေးခဲ့ကြတာပါ။ မြန်မာပြည်မှာလည်း ထောင်သောင်းချီတဲ့ ပြည်သူတွေ၊ အစိုးရအလုပ်တွေကနေ သပိတ်မှောက်ထွက်ခွာလာကြတဲ့ CDM တွေဟာ အခြားနည်းလမ်းတွေနဲ့ စုဖွဲ့ကူညီကြတယ်။ အရေးပေါ်ပညာရေး၊ အရေးပေါ်ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးကော်မတီတွေဖွဲ့ကြ၊ စားနပ်ရိက္ခာကူညီကြတယ်။
မြန်မာပြည်က ထောက်ပံ့ကူညီရေး အစုအဖွဲ့နှစ်ခု အမှန်တကယ် ဘာတွေကို ဘယ်လိုလုပ်နေလဲလို့ သေချာကြည့်လိုက်ရင် အခုလို မြင်နေရပါတယ်။
ပြည်တွင်းက “ပြည်သူကိုကူညီရင်း တော်လှန်ရေးမှာပါဝင်” အဖွဲ့တွေဟာ အဓိကအားဖြင့် ဌာနေပြည်သူတွေဆီက ငွေကြေးအကူအညီကို ရပါတယ်။ ချွတ်ချော်လှတဲ့ အာဏာသိမ်းပွဲကြောင့် ဖြစ်လာတဲ့ ကြီးမားတဲ့ စီးပွားရေးအကြပ်အတည်းအောက်က ပြည်သူတွေကပဲ ထည့်ဝင်ကူညီကြတာပါ။ အားတက်သရောနဲ့ ကိုယ့်ဘာသာစုဖွဲ့ထားတဲ့ပြည်ပရောက် မြန်မာတွေကလည်း ကူညီကြပါတယ်။
12_sep_2022_mobye.jpeg
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့တွင် စစ်တပ်၏ လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးကို ၂၀၂၂ စက်တင်ဘာလဆန်းအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့
နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ အစုအဖွဲ့တွေကတော့ အလှူရှင်နိုင်ငံတွေရဲ့ အတော်အတန် ရက်ရောတဲ့ငွေကြေးထည့်ဝင်မှုကို ရပါတယ်။
ပြည်တွင်းကနေ ပြည်သူကို ကူညီတဲ့နည်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့အဖွဲ့တွေဟာ များသောအားဖြင့် လုပ်အားပေးစနစ်ကို အခြေပြုပါတယ်။ နိုင်ငံတကာ အေဂျင်စီအစုအဖွဲ့တွေကတော့ ကျွမ်းကျင်သူဆိုတာကို အခြေပြု၊ လစာကောင်းကောင်းနဲ့ သက်တောင့်သက်သာ နေရပါတယ်။ မြန်မာပြည်ထဲက ထောက်ပံ့ရေးအေဂျင်စီဝန်ထမ်းနိုင်ငံခြားသားတွေ၊ ပိုတိတိကျကျပြောရင် ပြည်ပကို ပြန်ထွက်နေကြသူတွေဟာ သက်သက်သာသာ လုံလုံခြုံခြုံရှိတဲ့ နေရာတွေမှာပဲ နေကြတာပါ။ အကြပ်အတည်းနေရာတွေမှာ အရင်ကလုပ်ပြီး အခုမြန်မာပြည်ခွင်ကို ရွှေ့လာသူ၊ ပြီးရင်လည်း နောက်ထပ်နယ်တစ်ခုရွှေ့ကြမဲ့ သူတွေပါ။
ပြည်တွင်းက ပြည်သူကိုကူညီတဲ့နည်းနဲ့ ဆန့်ကျင်တော်လှန်အဖွဲ့တွေကတော့ သူတို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို စစ်အာဏာသိမ်းမှုက လုယူတာခံရသူတွေ၊ ကျွမ်းကျင်လုပ်ငန်းတွေစွန့်ခွာရတဲ့ လူတွေပါ။ သူတို့ရဲ့ ကံကြမ္မာနဲ့ တာဝန်ဝတ္တရားက စစ်အုပ်စုရဲ့ မတရားမှု၊ ဖိနှိပ်မှု၊ ရာဇဝတ်မှု၊ သတ်ဖြတ်မှုတွေကို ဆန့်ကျင်ဖို့ပဲဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြည်သူကိုကူညီတဲ့နည်းနဲ့ ခုခံတွန်းလှန်တဲ့ (ကူညီ/တော်လှန်) အုပ်စုဝင်တွေဟာ ကိုယ့်ကိုတည့်တည့်ထိနိုင်တဲ့ အင်မတန်ကြီးမားတဲ့ ဘေးရန်တွေအောက်မှာ လုပ်ကြရတာပါ။ နိုင်ငံတကာက ထောက်ပံ့ရေးသမားတွေမှာက အနည်းအပါး ဒါမှမဟုတ် ဘာအန္တရာယ်မှကို မရှိပါဘူး။ တကယ်တော့ မြန်မာပြည်ကို စာနာထောက်ထားမှုအကူအညီတွေပေးမယ်ဆိုတဲ့ ကုလအေဂျင်စီနဲ့ INGO သမား တော်တော်များများဟာ မြန်မာပြည်ထဲမှာ မရှိပါဘူး။ အဝေးမှာပါ။ ထိုင်းမှာအပြင် အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်ဝမ်၊ ဂျော်ဂျီယာ၊ စကော့တလန်နဲ့ တခြားနိုင်ငံတွေမှာနေကြတယ်။ ပြည်တွင်းက အလုပ်အများစုကို တကယ်လုပ်ရတာက “ နိုင်ငံသားဝန်ထမ်း” တွေ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ဒေသခံအရပ်ဘက်အဖွဲ့တွေကို တာဝန်လွှဲပေးလိုက်တာပါပဲ။
ဌာနေက ကူညီ/တော်လှန်အဖွဲ့တွေက သက်ဆိုင်ရာ ပြည်သူတွေဆီ ပိုမြန်မြန်နဲ့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ပါတယ်။ တခြားနိုင်ငံတကာအဖွဲ့တွေနဲ့ စာရင် စရိတ်စကလည်း အလွန်နည်းပါတယ်။
နိုင်ငံတကာက အစဉ်အလာ ကူညီရေးအေဂျင်စီတွေဟာ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခ၊ မတရားသဖြင့် ပြုကျင့်ခံရတဲ့ ကိစ္စတွေကို လုံလုံလောက်ခေါက် ဘယ်လိုတုန့်ပြန်မလဲလို့ တွေးကြံ ရုန်းကန်နေကြတုန်းပဲရှိပါတယ်။ သူတို့ရဲ့အလုပ်တွေအတွက် စစ်ကောင်စီရဲ့ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ခွင့်ပြုချက်လိုပါတယ်။ ဒါ့ကြောင့်သူတို့လုပ်နိုင်တာဟာ အများကြီး အကန့်အသတ် ရှိတယ်။ တစ်ခုခု မလုပ်ခင်၊ မစခင်မှာ ကိုယ့်ဘာသာ အများကြီး ကန့်သတ်ထားကြရတယ်။ ကုလအေဂျင်စီတွေINGO တွေ ကိုယ့်ဘာသာ ဆင်ဆာလုပ်ကြ၊ ကိုယ့်ဘာသာ ကန့်သတ်ကြပုံဟာ သာမန်နားလည်နိုင်တာထက်ကိုတောင် ကျော်လွန်တယ်။ ဒီအဖွဲ့တွေရဲ့ ဗျူရိုကရေစီ၊ စည်းမျဉ်းနဲ့ သတ်မှတ်ချက်တွေဟာ အလွန်ကို နှေးကွေးပြီး အလွန်ကို အကုန်အကျများပါတယ်။
တစ်ချိန်တည်းမှာ ပြည်သူထဲက ကူညီ/တော်လှန် အဖွဲ့တွေက မြေပြင်မှာ အဆင်သင့်ရှိကြတယ်။ အစကတည်းက အတူရှိတယ်။ လိုအပ်နေသူတွေနဲ့ အနီးဆုံးမှာရှိတယ်။ ရဲရင့် သတ္တိရှိကြတယ်။ ဘေးရန်တွေ၊ ပေးဆပ်ရတာတွေ၊ ဆုံးရှုံးမှုတွေများပေမဲ့ အစကနေ အခုထိကို မရပ်မနားလုပ်နေကြတယ်။ မကြာခဏပဲ အကူအညီပေးသူတွေ ဖမ်းခံရ၊ နှိပ်စက်ခံရ၊ ထောင်ချခံကြရတယ်။ အသတ်ခံရသူတွေလည်းရှိတယ်။
ဒီလိုမျိုး တစ်ဘက်စောင်းနင်းဖြစ်နေမှုဟာ ကျင့်ဝတ်သီလအရ အတော်မသက်မသာ ဖြစ်စေတယ်။ အထူးသဖြင့် (မြေပြင်အခြေအနေကို) ပိုသိလာတဲ့ အခါ မသက်မသာဖြစ်ရတယ်။ ဒီလို မြေပြင် အဖွဲ့တွေတည်ရှိနေတဲ့ ပမာဏကိုသိလေ ဝန်ခံဖို့အဆင်သင့်ဖြစ်လေပါပဲ။ ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းကြီးကြီးမားမားကို ထင်ရှားတဲ့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့မှာ အသုံးပြုခဲ့ပါတယ်။ တကယ်တော့ အဲဒီအဖွဲ့ ထင်ရှားလာအောင် အများကြီးလုပ်ခဲ့သူထဲမှာ ကျွန်တော်လည်း ပါပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်မှာ (နိုင်ငံတကာအေဂျင်စီတွေနဲ့ ဌာနေအဖွဲ့တွေကြားက) တစ်ဘက်စောင်းနင်းဖြစ်နေမှုကို ကျင့်ဝတ်သီလပိုင်းအရ အတော်စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။
ပိုအရေးကြီးတဲ့ တစ်ဘက်စောင်းနင်းမှု တစ်ခုကို ထပ်သတိထားမိတဲ့အခါ အလေးအနက် မေးခွန်းထုတ်စရာ ထပ်ပေါ်လာပြန်ပါတယ်။ အလှူရှင်အစိုးရတွေထည့်ဝင်တဲ့ ငွေကြေးပမာဘယ်လောက်က ဒေသခံ ကူညီ/ တော်လှန်အဖွဲ့တွေနဲ့ ဒေသအခြေခံအဆောက်အအုံတွေဆီကို ရောက်သလဲ။ ဘယ်လောက်မှ မရောက်ဘူးလား။ ကုလအေဂျင်စီတွေနဲ့ စာနာကူညီရေး INGO အဖွဲ့တွေဆီကို ဘယ်လောက်များများရောက်သလဲ။
အတိုချုပ်ပြောရရင် ကုလအေဂျင်စီတွေနဲ့ စာနာကူညီရေး INGO တွေဟာ ဘတ်ဂျတ်အားလုံးနီးနီးကို ထိန်းထားတယ်။ ဌာနေ ကူညီ/တော်လှန်အဖွဲ့တွေဟာ အနည်းအပါးပဲရတယ်။ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်အခက်အခဲတွေအတွက် “မြန်မာအရပ်ဘက် အဖွဲ့အစည်း” တွေကို ထောက်ပံ့ပါဆိုပြီး အလှူရှင်နိုင်ငံတွေက သတ်မှတ်ပေးထားတဲ့ အတော်အတန်သော ငွေကြေးပမာဏရှိပါတယ်။ အဲဒီကနေလည်း အနည်းအပါး၊ များသောအားဖြင့် ဘာမှရသလောက်ပါပဲ။
အဲဒီတော့ အလုပ်အများစုကို ဘယ်သူတွေ ဘယ်လောက်စွန့်စားပြီးလုပ်နေသလဲ။ အလုပ်လုပ်ဖို့ ငွေကြေးကျ ဘယ်သူက ဘယ်လောက်ရနေလဲ ဆိုတဲ့ မညီမျှ၊ တစ်ဖက်စောင်းနင်းမှုက သိသာလာပါတယ်။
အလုပ်အများစု (အားလုံးနီးနီး) လုပ်ရတဲ့ သူတွေဟာ ပိုကောင်းကောင်း၊ ပိုမြန်မြန်လုပ်နိုင်ကြတယ်။ ဘေးရန်အများကြီးနဲ့ ရင်းလုပ်ရသူကတော့ နိုင်ငံတကာက အလားတူလူတွေနဲ့ယှဉ်ရင် အထောက်အပံ့ အနည်းအပါးပဲရပါတယ်။
Ye-U_idp.jpeg
စစ်ကောင်စီရန်ကြောင့် ထွက်ပြေးလာရသည့် ခင်ဦးမြို့နယ်အရှေ့ခြမ်းမှ ပြည်သူများ (ဓာတ်ပုံ – CJ)
ဒီအခြေအနေ ဖြစ်နေတာကကြာပါပြီ။ ပြည်တွင်းက ပြည်သူကို ကူညီတဲ့နည်းနဲ့ ခုခံဆန့်ကျင်ရေးမှာ ပါဝင်တဲ့ (ကူညီ/ တော်လှန်)အဖွဲ့တွေဟာ ဒါကို စိတ်ပျက်ဒေါသထွက်နေကြပါတယ်။ ဒီစနစ်ကြီးဟာ နက်နက်ရှိုင်းရှိုင်းမှားနေပြီလို့ သူတို့ ခံစားကြရတယ်။ ဒါပေမဲ့ များသောအားဖြင့် ကုလအေဂျင်စီတွေကို လူသိရှင်ကြားမဝေဘန်မိအောင် သူတို့ကိုယ်သူတို့ထိန်းထားကြပါတယ်။ ထောက်ပံ့ကူညီရေး INGO တွေကိုဆိုရင် ဝေဘန်ဖို့ ပိုလို့တောင်သတိထားကြပါသေးတယ်။ သူတို့ဆီကို ယိုဖိတ်လာတဲ့ အထောက်အပံ့နဲ့ ငွေကြေးအနည်းအပါးအတွက်လည်း ကျေးဇူးတွေတင်ကြတယ်။ ဘုံရန်သူဟာ စစ်အာဏာရှင်ပဲ၊ စစ်အာဏာရှင်ကို ဆန့်ကျင်နေတာ၊ နိုင်ငံတကာ ထောက်ပံ့ကူညီရေးအဖွဲ့တွေကို ဆန့်ကျင်နေတာမဟုတ်ဘူးဆိုတာကိုလည်း အသံထွက်ကြပါတယ်။
ဒါပေမဲ့ ဒီကုလအေဂျင်စီတွေက အစုလိုက်ကို စစ်ကောင်စီနဲ့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ထိုးကြတော့ အခြေအနေအားလုံးပြောင်းသွားတယ်။ ကုလအေဂျင်စီတွေဟာ ကြားနေရေး စည်းမျဉ်းကို ချိုးဖေါက်ခဲ့ကြတယ်။ ဒီအေဂျင်စီတွေဟာ တရားဝင်မှုလည်းမရှိ၊ အဖျက်အဆီးတွေ၊ ဆင်းရဲဒုက္ခတွေ ပျက်ပြုန်းမှုတွေကို ဖန်တီးတဲ့တရားခံလည်းဖြစ်တဲ့ အာဏာရှင်အစုအဖွဲ့ကို အစိုးရလို့ အသိအမှတ်ပြုလက်ခံခဲ့ကြတယ်။ ဘေးဒုက္ခတွေဖန်တီးခဲ့ရုံတင်မက၊ နေ့စဉ်နဲ့ အမျှ ပိုပိုပြီးနက်ရှိုင်းတဲ့ ဘေးဒုက္ခတွေဆက်ပြီးဖန်တီးနေသူတွေနဲ့ အတူတွဲပြီး ဘေးဒုက္ခအတွက် ကူညီရေးတွေလုပ်ပါ့မယ်လို့ နားလည်မှုစာချုပ် လက်မှတ်ထိုးကြတယ်။
ဒါဟာ လက်တွေ့ကျတာမဟုတ်ပါဘူး။ လက်တွေကျတယ်ဆိုတာ စစ်ကောင်စီနဲ့ အပေးအယူတစ်ပိုင်းလုပ်။ တစ်ပိုင်းက NUG နဲ့ လူမျိုးစုလွတ်မြောက်နယ်မြေတွေက အုပ်ချုပ်ရေးအစုအဖွဲ့တွေနဲ့ အပေးအယူလုပ်တာပါ။ ဒီလိုမှသာမြန်မာပြည်သူတွေအတွက် နိုင်ငံတကာအလှူရှင်တွေရဲ့ ထည့်ဝင်ငွေတွေဟာ ပြည်ပက ကူညီထောက်ပံ့ရေးအေဂျင်စီတွေအပြင် အလုပ်တွေအများကြီး လုပ်နေပြီးသား လိုအပ်ချက်လည်းကြီးလှတဲ့ ပြည်တွင်းက ကူညီ/တော်လှန်အဖွဲ့တွေဆီကို မျှမျှတတရောက်နိုင်မယ်။
ကုလအေဂျင်စီတွေ စစ်ကောင်စီနဲ့ စာချုပ်တာဟာ ပြည်သူတွေကို ပိုကူညီနိုင်ဖို့လို့ပြောရင် မြန်မာပြည်က ဘယ်သူကမှ မယုံကြပါဘူး။ ကိုယ့်အဖွဲ့အစည်း ကိုယ်ကျိုးစီးပွားအတွက်လုပ်တယ်လို့ပဲ ယုံကြည်ကြပါတယ်။
ကုလအေဂျင်စီတွေဟာ အထောက်အပံအကူအညီပေးရေးကို လက်နက်သဖွယ်သုံးနေတဲ့ စကစရဲ့ ပြန်ပေးဆွဲအကြပ်ကိုင်ခံနေရသူတွေ မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ လိုပါလိမ့်မယ်။ သူ့တို့ ရပ်တည်ချက်ကို အမှန်အမှားခွဲခြား ဆုံးဖြတ်ခံကြရမှာပါပဲ။
ပြည်တွင်းက ပြည်သူကို ကူညီတဲ့နည်းနဲ့ တော်လှန်ရေးမှာပါဝင်တဲ့ အဖွဲ့တွေကတော့ အခုထိ လုပ်နေတာတွေကို ဆက်လုပ်ကြပါလိမ့်မယ်။ အလှူရှင်နိုင်ငံတွေက သူတို့ကို အလေးထား၊ အသိအမှတ်ပြု၊ ထည့်ဝင်ကူညီကြရပါမယ်။ ရန်ကုန်အခြေစိုက် ကုလအေဂျင်စီတွေ၊ INGO တွေကတော့ သူတို့ကို ဘာမှ ပေးကြမှာ မဟုတ်ပါဘူး။
Myanmar Now News
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုမပြုရန် အရပ်ဖက်လူထုအဖွဲ့အစည်း ၅၆၇ ဖွဲ့မှ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များသို့ အိတ်ဖွင့်ပေးစာ
စက်တင်ဘာလ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်
အကြမ်းဖက်စစ်ကောင်စီမှ ဦးဆောင်ပြုလုပ်နေသည့် “ငြိမ်းချမ်းရေးဆွေးနွေးပွဲ” ဆိုသည် မှာ ၎င်းတို့၏ နိုင်ငံရေး၊ စစ်ရေးနှင့်စီးပွားရေး အကြပ်အတည်းမှ ထွက်ပေါက်ရှာ ရန်အတွက် ကြားခံအသုံးချသည့် အတုအယောင် ဆွေးနွေးပွဲမျှသာဖြစ်သောကြောင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် တက်ရောက်ပါဝင်ခြင်း မပြုကြပါရန် အောက်တွင်လက်မှတ်ထိုးဖော်ပြထားသော အရပ်ဖက်လူထုအဖွဲ့အစည်းများမှ အလေးအနက် တိုက်တွန်းလိုက်ပါသည်။
နိုင်ငံတွင်း ယခုလက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခစစ်ပွဲများသည် မင်းအောင်လှိုင် ဦးဆောင် သော အကြမ်းဖက်စစ်အုပ်စုနှင့် ပြည်သူများအကြားဖြစ်သော စစ်ပွဲဖြစ်သည်။ မင်းအောင် လှိုင်ဦးဆောင်သည့် ဤအကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက် ထားသည့် ပြည်သူ့အစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မတရားဖမ်း ဆီးထိန်းသိမ်းကာ တရားမဝင် အာဏာသိမ်းယူရန် စတင်ကြိုးစားခဲ့သည်။ ပြည်သူလူထုက တရားမျှတစွာ မဲပေးခဲ့ကြပြီး နိုင်ငံတကာကလည်း လွတ်လပ်ပြီးတရားမျှတသည့် ရွေး ကောက်ပွဲဟု အသိအမှတ်ပြုထားသည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အထွေထွေရွေးကောက် ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မှစ၍ စဥ်ဆက်မပြတ် အကြမ်းဖက် ကြိုးစားခဲ့သည့်အတွက် ဤစစ်အုပ်စုသည် နိုင်ငံအတွင်းတွင်လည်းကောင်း၊ နိုင်ငံတကာတွင်လည်းကောင်း တရားဝင်မှုလုံးဝမရှိသည့် အကြမ်းဖက်အဖွဲ့အစည်း သာဖြစ် သည်။
၎င်းတို့၏ အာဏာသိမ်းရန်ကြိုးပမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် ဒီမိုကရေစီကျင့်စဥ်အရ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် မိမိတို့ ရဟန်းရှင်လူ တိုင်းရင်းသား ပြည်သူလူထုများကို ရက်ရက်စက်စက် ဖမ်းဆီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေသည့် ဤစစ်အုပ်စုသည် နိုင်ံငံတကာအဓိပ္ပါယ်ဖွင့်ဆိုသတ်မှတ်မှုနှင့် မြန်မာ့ပြည်တွင်းဥပဒေအရ အကြမ်းဖက်အဖွဲ့ အစည်းသာ ဖြစ်သည်။ ယခုအချိန်တွင် အရပ်သားများကို ပစ်မှတ်ထားကာ တနိုင်ငံလုံးတွင် နေ့စဥ်တိုက်ခိုက်နေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။ စစ်အုပ်စုသည် ရွာများကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ ပြည်သူလူထု၏ ပုဂ္ဂလိကပိုင်ဆိုင်မှု ပစ္စည်းများကို လုယက်ခိုး ယူခြင်း၊ ခလေးသူငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သားများကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့် ခြင်း၊ လူနေဆင်ခြေဖုံးများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ အရပ်သား နေအိမ်များ ဘာသာရေးအဆောက်အအုံများ စာသင်ကျောင်းများ စစ်ရှောင်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို နေ့စဥ်ကျူးလွန်နေသည့် အဖွဲ့အစည်းဖြစ်သည်။
ASEAN မှ ဦးဆောင်သဘောတူထားသည့် ဘုံသဘောတူညီချက် ၅ ရပ်ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ကာ နိုင်ငံတကာကို မသိကျိုးကျွံပြုပြီး ထင်ရာစိုင်းနေသည့် ဤ အကြမ်းဖက်စစ်အုပ်စုသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရများ အဖွဲ့အစည်း များ၏ အသိအမှတ်ပြုမှုကို မရရှိသလို ASEAN ထိပ်သီးညီလာခံများနှင့် ဝန်ကြီးများ အစည်းအဝေးတွင်လည်း တက်ရောက်ခွင့်မရဘဲ ဖယ်ကျဥ်ခြင်း ခံနေရသည့် အဖွဲ့အစည်း လည်းဖြစ်သည်။
တနေ့ထက်တနေ့ ပိုမိုအားကောင်းလာသော ပြည်သူလူထု၏ ခုခံတော်လှန်မှုကို အံမတု နိုင်တော့သည့်အခြေအနေတွင် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ပြည်သူလူထုနှင့် ASEAN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများကို လှည့်စားရန်အတွက် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကို အသုံးချ၍ အတုအယောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဟန်ပြဖန်တီးနေခြင်းသာဖြစ်သည်။ ဤအကြမ်းဖက်စစ်အုပ်စု (ယခင်မြန်မာ့ တပ်မတော်) သည် လွန်ခဲ့သော ဆယ်နှစ်တာက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသေကိုင်စွဲထားပြီး အပေါ်စီးယူ၍ ကြီးစိုးချယ်လှယ်ခဲ့သည့် အတွက် ကောင်းမွန်စစ်မှန်သောငြိမ်းချမ်းရေးနှင့် နိုင်ငံရေးသဘောတူညီချက်တခုမှ မရရှိ ခဲ့ပေ။ ယခုတဖန်လည်း စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက် ကိုင်စွဲထားကာ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ဖိတ်ခေါ်၍ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးပြဿနာကို အဖြေရှာရန်ဟု ကြိုးစားလာသည်မှာလည်း စစ်မှန် သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ် တည်ဆောက်ရေးနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ လိုလားသော နိုင်ငံရေးအဖြေရှာရန်အတွက် မဟုတ်ဘဲ ၎င်းတို့အား နိုင်ငံတဝှမ်း ခုခံတော်လှန်နေသည့် နွေဦးတော်လှန်ရေးအင်အားစုများ၊ ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများကြား ခွဲထုတ် ဖြိုခွင်းရန် ရည်ရွယ်ချက်သက်သက်ဖြင့် ပြုလုပ်သည့် အတုအယောင်ဆွေးနွေးပွဲ ဖြစ်သည် မှာ ထင်ရှားလွန်းလှသည်။
ဤအတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတက်ရောက်ခြင်းအားဖြင့် အကြမ်းဖက် စစ် အုပ်စုအား ဆန့်ကျင်တွန်းလှန်နေသော ပြည်သူများ၏ သဘောထားကို ဆန့်ကျင်နေမည်၊ အကြမ်းဖက်စစ်ကောင်စီအား တရားဝင်အဖွဲ့အစည်းတရပ်အဖြစ် အသိအမှတ် ပြုနေသည် ဟု ပြည်သူများမှ မှတ်ယူမည်၊ တကယ်စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ထောင်ရေးလမ်းကြောင်း ပိုမို နှောင့်နှေးကြန့်ကြာမည်၊ လူသားချင်း စာနာ သည့် အကူအညီများ ပြည်သူများထံ ရောက်ရှိရန် အဟန့်အတားဖြစ်စေမည်၊ အဆိုးဆုံးမှာ အကြမ်းဖက်စစ်အုပ်စုမှ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား ဆက်လက် ကျူးလွန်ရန် အားပေးသကဲ့သို့ ဖြစ်နေမည်။
အကြမ်းဖက်မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် ၎င်းတို့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်စ်ရာဇဝတ်မှုကျူးလွန်မှုများအတွက် လက်ရှိ အချိန်တွင် နိုင်ငံတကာတရားခုံရုံးတွင်လည်း တရားရင်ဆိုင်နေရပြီးဖြစ်သည်။
၎င်းအကြမ်းဖက်စစ်အုပ်စုသည် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆွေးနွေးဖက်အဖြစ် ထိုက်တန် သော အဖွဲ့အစည်းမဟုတ်ပါ။ အတိတ်သမိုင်းမှ သင်ခန်းစာများကိုယူပြီး ၎င်းတို့ကို မြန်မာနိုင်ငံ၏ နိုင်ငံရေးလောကမှ အပြီးအပိုင်ဖယ်ရှားပစ်ရန် လိုအပ်သည်။ ထို့ကြောင့် ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးအတွက် ဂုဏ်သိက္ခာရှိစွာဖြင့် စစ်အာဏာရှင်ကို ခေတ်အဆက်ဆက် ကာလရှည်ကြာ ရပ်တည်တော်လှန်လာခဲ့ကြသော တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် စစ်အုပ်စုမှ ဖိတ်ခေါ်သည့် အတုအယောင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများသို့ မည်သည့်နည်းနှင့်မျှ (လူသိရှင်ကြားဖြစ်စေ၊ လျှို့ဝှက်ဖြစ်စေ) တက်ရောက်ခြင်း၊ တွေ့ဆုံခြင်း မပြုဘဲ ဤအကြမ်းဖက်စစ်တပ်အား နိုင်ငံရေးမှ အပြီးအပိုင် အမြစ်ဖြတ်တောက်ပစ်ရန်အတွက် ပြည်သူလူထုနှင့်အတူ ပူးပေါင်းရပ်တည်တိုက်ပွဲဝင်ရန် အလေးအနက်တိုက်တွန်း တောင်းဆိုအပ်ပါသည်။
မှတ်ချက် – လက်မှတ်ရေးထိုးသည့် အဖွဲ့အစည်းများစုစုပေါင်း ၅၆၇ ဖွဲ့မှလုံခြုံရေးကြောင့် အဖွဲ့အစည်း ၂၈၁ ဖွဲ့သာ ဖေါ်ပြထားသည်။
လက်မှတ်ထိုးသည့်အဖွဲ့များ
Strike Column
Student Union
မြင်းခြံထောင်တွင် ထောင်ပြောင်းနိုင်ကျဉ်းများ အုပ်စုဖွဲ့အရိုက်ခံရ
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာတစ်ဦးကို ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်း ၁၅ ဦးခန့်က ထိုးကြိတ်ရိုက်နှက်သည်ဟု သိရသည်။
မန္တလေးတိုင်း မြင်းခြံမြို့ရှိ အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အုပ်စုဖွဲ့ ရိုက်နှိပ်စက်ခြင်းများ ရှိနေပြီး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တစ်ဦး သတိလစ်သည်အထိ ရိုက်နှက်ခံရကာ ဒဏ်ရာအပြင်းအထန်ရထားသူတစ်ဦးလည်း ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းတွင် မန္တလေးအိုးဘိုထောင်နှင့် မုံရွာထောင်မှ ရာနှင့်ချီသော နိုင်ငံရေး အကျဉ်းသားများကို စစ်ကောင်စီက မြင်းခြံထောင်သို့ ရွှေ့ပြောင်းပြီးနောက် ထိုသို့ အုပ်စုဖွဲ့ရိုက်နှက်ခြင်းများ မကြာခဏဖြစ်ပေါ်နေသည်။
မြင်းခြံထောင်သို့ ရောက်သည်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ကို ထောင်ပုံစံ ထိုင်ခိုင်းကာ တန်းစီ ရိုက်နှက်ခဲ့သည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် တစ်ဦးက Myanmar Now ကို ပြောသည်။
“ထောင်ထဲမှာ လူ့အခွင့်အရေး လိုချင်မနေနဲ့ဆိုပြီး ရိုက်တယ်။ တစ်နေ့ကို လေးခါလောက် ထောင်ပုံစံထိုင်ခိုင်းတယ်။ တစ်ခါထိုင်ခိုင်းရင် ၂ နာရီလောက်ကြာတယ်” ဟု ထောင်တွင်း သတင်းရင်းမြစ်ကို ကိုးကား၍ ၎င်းက ဆိုသည်။
မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ) ခေါင်းဆောင်ဖြစ်သူ ကိုဇင်မင်းထက်သည် ထောင်ပုံစံမထိုင်နိုင်၊ ဆံပင်မညှပ်နိုင်ဟု ငြင်းဆန်သဖြင့် ထောင်အာဏာပိုင်များက သတိလစ်မေ့မျောသည်အထိ ရိုက်နှက်ခဲ့သည်ဟု သိရသည်။
“ဆေးရုံတင်ရတယ်။ ထပ်သိရတာက (နောက်ထပ်) ရဲဘော်တစ်ဦး ထပ်ရိုက်ခံရတယ် သိရတယ်” ဟု မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ဆက်ပြောသည်။
ကိုဇင်မင်းထက် ရိုက်နှက်ခံရစဉ်က မကျေနပ်၍ ဝင်ရောက်ပြောဆိုခဲ့သော ကျောင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာတစ်ဦးကို ထောင်မှူးအပါအဝင် ထောင်ဝန်ထမ်း ၁၅ ဦးခန့်က ထိုးကြိတ်ရိုက်နှက်သည်ဟု သိရသည်။
ထိုသို့ ဝိုင်းအရိုက်ခံရသဖြင့် မျက်နှာနှင့် နံရိုးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို ဆေးကုသခွင့်မပေးဘဲ ခြေချင်းနှင့် ၆ လက်မဒေါက် (သံခြေကျင်း) ပါ ခတ်ထားခံရသည်ဟု နီးစပ်သူများက ဆိုသည်။
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့ (ICRC) အနေဖြင့် ဝင်ရောက် စစ်ဆေးပေးရန် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက တောင်းဆိုထားသည်။
မုံရွာထောင်မှ ရောက်လာသည့် နိုင်ကျဉ်းများကို ရိုက်နှက်ရန် အဆောင်မှူးများက တန်းစီးဖြစ်သည့် အကျဉ်းသားများကို ညွှန်ကြားထားကြောင်း သိရသည်။
အိုးဘိုထောင်မှ ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသားများလည်း ရိုက်နှက်ခံရကြောင်း၊ ထောင်အာဏာပိုင်များထံ တင်ပြထားသော်လည်း အရေးမယူကြောင်း သိရသည်။
မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းများ အဓမ္မစေခိုင်းခြင်း၊ ညှဉ်းပန်းနှိပ်စက်စေခြင်း၊ ဆေးကုသခွင့် မရခြင်း၊ ထောင်ပုံစံမကြာခဏ ထိုင်ခိုင်းကာ ရိုက်နှက်ခြင်းများအပြင် ငွေကြေးတောင်းခြင်းများလည်း ရှိနေသည်ဟု သိရသည်။
မြင်းခြံထောင်တွင် တရားရင်ဆိုင်နေရသော နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပုံမှန် ထောင်ဝင်စာ တွေ့ခွင့်ရသည့်နေ့ဖြစ်သော်လည်း ပိုက်ဆံပေးမှ တွေ့ခွင့်ရသည်ဟု ဆိုသည်။
အလားတူ ပုဒ်မ ၅၀၅ ဖြင့် ထောင်ကျနေသူများ ဖျားနာလျှင် ဆေးကုမပေးခြင်း၊ ဆေးကုပေးသည့် ထောင်ကျန်းမာရေးဝန်ထမ်းများကို ထောင်ပိုင်က ကြိမ်းမောင်းခြင်းများရှိသည့်နည်းတူ အလုပ်ကြမ်း မလုပ်လိုပါက ပိုက်ဆံဖြင့် လာဘ်ထိုးရသည်ဟု အမည်မဖော်လိုသူ ထိုမိသားစုဝင်က ဆက်ပြောသည်။
“အဘွားကြီးတွေလည်း မိုးထဲ ယာလုပ်ခိုင်းတယ်။ တစ်ယောက်ဆို မျက်စိလည်း မကောင်းဘူး၊ အဘွားကြီး လုပ်နိုင်လား၊ မလုပ်နိုင်ရင် ၂ သောင်းခွဲပေး ပြောတယ်”
ရန်ကုန် အင်းစိန်ထောင်၌လည်း နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက အလုပ်ခိုင်းခြင်း၊ ငွေတောင်းခံခြင်း၊ ဆန္ဒပြသူများကို ထောင်ပြောင်းခြင်း၊ ရဲဘက်စခန်းပို့ဆောင်မည်ဟု ခြိမ်းခြောက်ခြင်းများရှိသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များထံမှ သိရသည်။
စစ်ကောင်စီက ဇူလိုင်လဆန်းမှစ၍ အင်းစိန်အကျဉ်းထောင် အပါအဝင် မန္တလေးအိုးဘိုထောင်၊ မုံရွာထောင်၊ မွန်ပြည်နယ် ကျိုက်မရောထောင်နှင့် ကရင်ပြည်နယ် ဖားအံထောင်တို့မှ နိုင်ငံရေးအကျဉ်းသားများကို မြင်းခြံထောင်နှင့် ပဲခူးတိုင်းရှိ သာယာဝတီထောင်များသို့ ပြောင်းရွှေ့ ခဲ့သည်။
Myanmar Now News
ရခိုင်ပြည်နယ်နဲ့ ရိုဟင်ဂျာတွေအတွက် အမေရိကန်က ဒေါ်လာ သန်း ၁၇ဝ ကူညီ
ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ ပြည်တွင်းပြည်ပက ရိုဟင်ဂျာဒုက္ခသည်တွေအတွက်၊ လူသားချင်းစာနာထောက်ထားရေးကူညီငွေ အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော် ထောက်ပံ့မယ်လို့ အမေရိကန်ပြည်ထောင်စုက စက်တင်ဘာလ ၂၂ ရက် မနေ့က ကြေညာလိုက်ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လကစပြီး အခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ကူညီထားတာ ဒေါ်လာ ၁.၉ ဘီလီယံနီးပါး ရှိပြီဖြစ်ပါတယ်။
အခု ကူညီမယ့် ရန်ပုံငွေတွေထဲက ဒေါ်လာ ၉၃ သန်းကျော်ကို အမေရိကန်နိုင်ငံခြားရေးဌာနကတစ်ဆင့် ကူညီမှာဖြစ်ပြီး ဒေါ်လာ ၇၇ သန်းကျော်ကိုတော့ အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေး အထူးအေဂျင်စီ USAID ကတစ်ဆင့် ကူညီမှာဖြစ်ပါတယ်။
ဒေါ်လာ ၁၃၈ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုးသိန်းလေးသောင်းနဲ့ အဲဒီဒုက္ခသည်တွေကို လက်ခံထားပြီး ကူညီနေတဲ့ အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးသိန်းလေးသောင်းအတွက် အထူးအစီအစဉ်အနေနဲ့ ကူညီထောက်ပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
အဲဒီအလှူငွေနဲ့ စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အမိုးအကာနဲ့ လူမှုရေးအထောက်အကူတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း USAID က ပြောပါတယ်။
RFA Burmese