ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဗိုလ်ချုပ်မွေးရပ် နတ်မောက်တွင် စစ်တပ်က လူ ၁၀၀ကျော်ကို ဖမ်းဆီးနှိပ်စက်နေ
ဓားဖြင့် ခုခံသည့် PDF ကြောင့် ရဲလေးဦးသေ၊ သေနတ်နှစ်လက် ဆုံးရှုံးသွားသည့် စစ်ကောင်စီက ထိုဒေသတွင် ၁၀ ရက်ကြာတပ်စွဲကာ အိမ်မီးရှို့နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်တို့က ဆိုသည်။
လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးရပ်မြေ မကွေးတိုင်း နတ်မောက်မြို့နယ်အတွင်း စစ်တပ်က အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးနှိပ်စက်နေသည်မှာ ၁၀ ရက် ကြာပြီဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
နတ်မောက်မြို့ အရှေ့ဘက် ၁၇ မိုင်ခန့်အကွာ ဖက်တောရေရွာအနီးတွင် အောက်တိုဘာ ၁၆ ရက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တိုက်ခိုက်၍ ရဲလေးဦး သေကာ သေနတ် ၂ လက် ဆုံးရှုံးပြီးနောက် ထိုရွာသို့ စစ်ကောင်စီတပ် ချက်ချင်း ရောက်လာခြင်းဖြစ်သည်။
စစ်တပ်ရောက်လျှင်ရောက်ချင်း ရွာအတွင်းရှိသည့် ဆိုင်ကယ်နှင့် ဖုန်းများကို စစ်ကောင်စီက သိမ်းဆည်းကာ လူ ၁၅၀ ဝန်းကျင်ကို ဖမ်းခဲ့ကြောင်း၊ သုံးရက်ဆက်၍ မီးရှို့သဖြင့် နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံ အမျိုးသားနှစ်ဦးက အတည်ပြုသည်။
စစ်တပ်က ဖမ်းထားသူများကို PDF နှင့် ပတ်သက်၍ မေးမြန်းကာ နှိပ်စက်နေပြီး၊ ဆုံးရှုံးသွားသည့် သေနတ် ၂ လက် ပြန်လည်တောင်းခံနေကြောင်း ၎င်းတို့က ဆိုသည်။
“ရွာထဲမှာ ရှိသမျှဆိုင်ကယ်အားလုံးနဲ့ ဖုန်း သိမ်းထားတယ်။ လူဦးရေ ၁၅၀ လောက် ဖမ်းထားတယ်။ ကျန်တဲ့သူတွေ ရွာပြင်မှာ ထွက်နေရတယ်။ နီးစပ်ရာ တောတဲတွေနဲ့ ထန်းရွက်တဲ ထိုးပြီးနေရတယ်။ အိမ်တွေထဲက ပစ္စည်းတွေ ရွှေ့ခိုင်းထားတယ်” ဟု ပထမသတင်းရင်းမြစ်က ပြောသည်။
အိမ်ခြေ ၃၀၀ နီးပါးရှိ ဖက်တောရေရွာတွင် စစ်တပ်က စခန်းချတပ်စွဲထားသည့်အတွက် ဒေသခံများမှာ ရွာအတွင်း မနေရဲဘဲ အနီးအနားရှိ တောတောင်များနှင့် နီးစပ်ရာနေရာများတွင် ရှောင်တိမ်းနေရချိန်၊ လူအများအပြားဖမ်းခံထားရချိန်တွင် စစ်တပ်က နေအိမ်များမှ ပစ္စည်းများကို ကားသုံးစီးဖြင့် စိတ်ကြိုက် သယ်ယူနေကြောင်း ဒုတိယသတင်းရင်းမြစ်က ဆိုသည်။
“ရွာထဲကပြည်သူတွေရဲ့ ဆန်၊ ဆီ၊ ဝက်အစာအိတ်တွေ၊ စားသောက်ကုန်တွေ။ ရွာမှာက ဝက်မွေးမြူရေးလုပ်တာ များတယ်။ ဝက်တွေကိုလည်း ကြွေးခွင့်မပေးဘူး။ ဝက်စာတွေလည်း ကားပေါ် တင်သွားကြတယ်” ဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။
ထို့အပြင် အောက်တိုဘာ ၂၂ တွင် ဖက်တောရေရွာအနီးရှိ သပွတ်ပင်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး သက်ကြီးရွယ်အိုအပါအဝင် ဒေသခံ ၈၀ နီးပါးကို ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ခေါ်ဆောင်ကာ နှိပ်စက်မေးမြန်းခဲ့သေးသည်ဟု အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
ဖက်တောရေရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွာမွန်ပင်မစစ်လက်နက်သိုလှောင်ရေးတပ်နှင့် အမှတ် ၁၇ ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်အား ထပ်ဖြည့်ထား၍ ၈၀ ကျော်အထိရှိကြောင်း ၎င်းတို့က ဆိုသည်။
ထို့အတူ ဖက်တောရေရွာအရှေ့ဘက်ရှိ မျောက်မီးကုန်းရွာတွင်လည်း စစ်သား အင်အား ၅၀ နီးပါး တပ်စွဲထားကြောင်း ထိုသူတို့က ဆက်ပြောသည်။
ထိုဖြစ်စဉ်များ၊ အချက်အလက်များ မည်သို့ သိရှိရသည်ကိုမူ လုံခြုံရေးအရ အထက်ပါ သတင်းရင်းမြစ်တို့က ထုတ်မပြောပေ။
လွန်ခဲ့သည့် ၁၀ ရက်က ရဲလေးဦး သေဆုံး၊ သေနတ် ၂ လက် ဆုံးရှုံးသည့် ဖက်တောရေရွာအနီး တိုက်ပွဲတွင် PDF က ဓားကို အဓိက သုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်နက်အင်အား မမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ဂဠုန်တပ်ဖွဲ့ (နတ်မောက်)နှင့် ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တို့မှ သိရသည်။
အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ တိုင်းရင်းသားဒေသများသာမက ဗမာအများစုနေထိုင်ရာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းတို့ တွင်လည်း လက်နက်ကိုင်တော်လှန်မှုများ လွန်စွာ အားကောင်းနေသည်။
စစ်ကောင်စီကလည်း လေကြောင်းပါသုံး၍ အပြင်းအထန်တိုက်ခိုက်နေသည်။
Myanmar Now News
“ဗုံးက လူရာဂဏန်းလောက်ရှိတဲ့နေရာကို ကျတာ” – ဖားကန့်ဖြစ်စဉ်တွင် ကိုယ်တွေ့ကြုံရသူ
ကချင်ပြည်နယ် ဖားကန့် အနန့်ပါဒေသ တေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီက ဗုံးကြဲသည့် ဖြစ်စဉ်အတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သူကို မေးမြန်းထားသည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါဒေသတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အကြိုနေ့ အောက်တိုဘာ ၂၃ ရက်ည ဂီတဖျော်ဖြေပွဲပြုလုပ်နေစဉ် စစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် ဗုံးကြဲသည်။
ထိုဖြစ်စဉ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉ မှ ထိပ်တန်းအရာရှိ ၄ ဦး အပါအဝင် ၆၂ ဦး သေဆုံးသည်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ဒဏ်ရာရသူ ရာဂဏန်းရှိပြီး ဖားကန့်၊ မြစ်ကြီးနားသို့ ပို့ဆောင်ကုသရန် ကြိုးပမ်းသော်လည်း စစ်ကောင်စီတပ်က ခွင့်မပြုသဖြင့် သေဆုံးသူ ဦးရေ တိုးနေသည်ဟု ကူညီကယ်ဆယ်ရေးသမားတို့ထံမှ သိရသည်။
အင်တာနက်နှင့် ဖုန်းလိုင်း မမိသည့် အနန့်ပါဒေသ အခြေအနေအသေးစိတ်ကို အတည်ပြုရခက်နေသည်။ သို့သော် ထိုဖြစ်စဉ်အတွင်း ပွဲခင်းထဲတွင် ကိုယ်တိုင်ရှိနေခဲ့ပြီး အသက်မသေဘဲ လွတ်မြောက်လာသူ ဒေသခံ အမျိုးသားတစ်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ခဲ့သည်။
လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားမှာ ဗုံးကြဲတိုက်ခိုက်မှုအပြီး တစ်ရက်အကြာ အောက်တိုဘာ ၂၄ ရက်တွင် နေထိုင်ရာ အရပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
မေး – ဗုံးကြဲခံရတဲ့ညက အခြေအနေကို ပြောပြပေးနိုင်လား။
ဖြေ – အဲဒီနေ့ညက ကျွန်တော်က စတိတ်ရှိုးကြည့်နေတာ။ ဗုံးကြဲပြီးတော့ ဘာမှ မသိတော့ဘူး။ ကျွန်တော်လည်း လွတ်ရာ ပြေးရတာ။ မနက်ပိုင်းကတော့ အဲဒီနေရာမှာ မရှိဘူး။ ညနေပိုင်းမှာမှ စတိတ်ရှိုးရှိလို့ သွားတာ။ ဗုံးကြဲတဲ့အချိန်မှာ သီချင်းဆိုနေကြတာ။ စတိတ်ရှိုးစင်မှာ ကျတာ။ ဗုံးပေါက်ပြီးတော့ ဘာမှ မသိတော့ဘူး။ လွတ်ရာ ပြေးရတာ။ ကွင်းပြင်ဘယ်ဘက်က တောထဲကို ပြေးရတာ။ တစ်ခါမှ မကြုံဖူးဘူးဆိုတော့ ကိုယ့်ဘာသာ လွတ်အောင် ပြေးတာ။
မေး – ဗုံးမကြဲခင်လေးမှာ ဘယ်သူသီချင်းဆိုနေတာလဲ။
ဖြေ – အဲဒီတစ်ယောက်ကို နာမည်တော့ မမှတ်ဘူး။ သူက သီချင်းတောင် မဆိုရသေးဘူး။ ဆိုဖို့ ပြင်နေတုန်း ဗုံးလာကျတာ။ သူဆိုတော့ ပွဲအစီအစဉ် နောက်ဆုံးအချိန်ကို ရောက်နေပြီ။ ကျွန်တော်လည်း စတိတ်ရှိုးရှိတယ်၊ ဖျော်ဖြေပွဲရှိတယ်ဆိုလို့ သွားတာ။ အဲဒီမှာ သီချင်းဆိုတယ်။ ပြီးတော့ အကတစ်ပုဒ်၊ နှစ်ပုဒ်နဲ့ ဖျော်ဖြေတယ်။ ပွဲမှာ ဘယ်သူတွေရှိလဲ မသိဘူး။ အဲဒီနေရာကို မရောက်ဖူးဘူး။ ပွဲရှိတယ်ဆိုလို့ ကျွန်တော်သွားတာ။
မေး – ပွဲခင်းရဲ့ ဘယ်နားကနေ ကြည့်နေတာလဲ။ ဗုံးကျတဲ့နေရာမှာ ဘယ်သူတွေရှိလဲ။ ဘာတွေလုပ်နေကြလဲ။
ဖြေ – ကျွန်တော်က ပွဲခင်းရဲ့ ဘယ်ဘက်အခြမ်း၊ အပြင်ဘက်ကနေပဲ ကြည့်တာပေါ့။ သီချင်းဆိုတာဆိုတော့ ကခုန်တာတွေ ဘာတွေတော့ မရှိပါဘူး။ ကျွန်တော်ရှေ့မှာတော့ လူငယ်တွေရော၊ လူကြီးပိုင်းတွေရော အကုန်ရှိနေတာ။
မေး – ဗုံးက ဘယ်နေရာတွေမှာ ကျသွားလဲ။
ဖြေ – ဗုံးက လူရာဂဏန်းလောက်ရှိတဲ့နေရာကို ကျတာ။ ပွဲခင်းထဲကိုတော့ ဗုံးတစ်လုံးပဲ ကျတာ။ ကျွန်တော်ရှေ့မှာ (ခပ်ဝေးဝေးမှာ) ကျတာ။ ကျွန်တော် (ပြေးတော့) နောက်မှာ မီးလင်း(တောက်)နေတာပဲ တွေ့တာ။ …မီးက တော်တော်တော့လင်းတယ်။ တစ်ခါတည်း မီးလောင်တာ။ မီးဗုံးရော ပါတယ် ထင်တယ်။ ဗုံးကျပြီး အဆောက်အအုံတွေရော မီးလောင်ကုန်တာ။ ကျွန်တော်လည်း ဗုံးကျတော့ တစ်ခါတည်း လွင့်သွားတာ။ ပြီးတော့ ကျွန်တော်ထိုင်ကြည့်တဲ့နေရာနားမှာ မီးလောင်နေပြီ။
မေး – ထိုင်နေတဲ့နေရာကနေ ဘယ်လောက်လောက်လွင့်သွားတာလဲ။ မီးလောင်တဲ့နေရာမှာ ဘာတွေရှိလဲ။
ဖြေ – ကျွန်တော် ခုံတန်းမှာ ထိုင်နေတာ။ ကျွန်တော်ထိုင်တဲ့နေရာကနေ ၆ ပေ ထင်တာပဲ လွင့်သွားတာပဲ။ ကျွန်တော့်ရှေ့မှာ မီးလောင်နေပြီ။ မီးလောင်တဲ့နေရာမှာ မီးတောက်ပဲ တွေ့ရတော့တယ်။ ကျန်တာတွေ မသိရတော့ဘူး။ ပြေးရတာ။
မီးတောက်က တော်တော်ကြီးတယ်။ ဗုံးကျတဲ့အချိန်ပဲ မြင်လိုက်ရတာ။ ဖျာ ၂ချပ်၊ ၃ ချပ်စာလောက် ရှိမယ် (ဗုံးကျပြီး မီးလောင်သည့် နေရာအကျယ်အဝန်း)။ မီးတောက်က အမြင့်ကြီးပဲ။ ဝါးတစ်ပြန်စာလောက် ရှိမယ်။
မေး – အဲဒီနေရာက လွင့်သွားပြီးတော့ ဗုံးတွေစတွေ ဘာတွေထိသေးလား။ ဒဏ်ရာရသေးလား။
ဖြေ – ကျွန်တော်လည်း လွင့်သွားပြီး ပြန်ကျလာတော့ မြေကြီးတွေ လာစင်တယ်၊ ခေါင်းပေါ်၊ မြေမှုန့်လေးတွေပေါ့ါ။ ခုံပေါ်မှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ နှစ်ယောက်ထိုင်တာ။ ကျွန်တော်တို့နှစ်ယောက်လုံး လွင့်သွားတာ။ ကျွန်တော်တို့ သူငယ်ချင်းတွေလည်း ဘယ်ရောက်ကုန်မှန်း မသိဘူး။ လူစုကွဲကုန်တာ။ အခုအထိ အဆက်အသွယ်မရသေးဘူး။
မေး – ပေါက်ကွဲမှုဖြစ်တဲ့ အချိန် ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေ အခြေအနေကို တွေ့မိသေးလား။ ဘာတွေမြင်လိုက်ရလဲ။
ဖြေ – လေယာဉ်က ကိုယ့်အပေါ်ရောက်တာနဲ့ ကြဲတော့တာ။ ဗုံးကျလာတော့ လွင့်သွားရော။ ပြန်ကျလာတော့ ထပြေးတာပဲ။ ဗုံးစင်တာ (ဗုံးစမှန်တာ) တွေ ဘာတွေတော့ မရှိဘူး။ ခုံတန်းရှိ (ခံ) နေလို့လည်း ဖြစ်နိုင်တယ်။ ပေါက်ကွဲတာက ပြောတောင်မပြောတတ်ဘူး။ နားတောင် အူသွားတယ်။ ဖြစ်ပြီးတဲ့ညကနေ မနေ့က (အောက်တိုဘာ ၂၅) အထိ နားအူနေတာပဲ။
မေး – ဗုံးတွေက တစ်ပြိုင်တည်းကျတာလား။ ဘယ်နေရာတွေမှာ ကျတာလဲ။
ဖြေ – ဗုံးက တစ်လုံးပြီးမှ တစ်လုံးကျတာ။ မီးဖိုချောင်မှာ တစ်လုံးကျတယ်။ ဗုံးက ပွဲခင်းထဲကို အရင်ကျတာ။
မေး – လေယာဉ်လာတဲ့အသံရော ကြားရလား။
ဖြေ – လေယာဉ်လာတဲ့အသံကို မကြားရဘူး။ ရောက်လာပြီး ဗုံးကြဲခါနီးမှ အသံကြားရတာ။ ပြီးရင် အကြဲခံလိုက်ရတာ။ လေယာဉ်လာတဲ့ သတင်းလည်း မကြားရဘူး။ ကိုယ့်ခေါင်းပေါ်မှာ ရောက်မှ လာမှန်းသိတာ။ အဆက်အသွယ်ကလည်း အဲဒီအချိန်က (ဖုန်းနဲ့ အင်တာနက်) လိုင်းပြတ်နေတာ။
မေး – ပေါက်ကွဲမှုဖြစ်ပြီးတော့ ပွဲခင်းနေရာကို သွားကြည့်ဖြစ်သေးလား။
ဖြေ – အဲဒီလိုမျိုးတော့ မကြည့်ဖြစ်ဘူး။ (တောထဲမှာ ပုန်းနေရင်း) မနက်မိုးလင်းတော့ ကိုယ့်ရပ်ရွာကို ပြန်တာ။ ကျွန်တော်ပြေးတာ (ပွဲနေရာနဲ့) တော်တော်ဝေးနေပြီ။ ကြောက်သွားလို့ ပြန်မကြည့်တော့တာ။ နောက်တစ်ခေါက်များ ပြန်လာမလားလို့၊ ပြန်သွားမကြည့်ခဲ့ဘူး။
မေး – အနန့်ပါဒေသကနေ လာတဲ့ လမ်းတွေကို ပိတ်ထားတယ်လို့ ကြားတယ်။ ရွာကို ဘယ်လို ပြန်လာခဲ့လဲ။
ဖြေ – လမ်းအလွတ် (စစ်ကောင်စီဂိတ်မရှိတဲ့နေရာ) ကနေပဲ ပြန်လာတာ။ ဂိတ်ရှိတဲ့လမ်းကို မဖြတ်ဘူး။
Hpakant_3.Jpg
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါရွာ ဂီတပွဲကို အောက်တိုဘာ ၂၃ ရက်ည စစ်ကောင်စီ ဗုံးကြဲမှုကြောင့် တွေ့ရသည့် အပျက်အစီးများ
Myanmar Now News
KIA လေကြောင်းတိုက်ခိုက်ခံရမှု မှတ်တမ်းတွေ သက်သေအဖြစ် ပေးပို့ဖို့ NUG တောင်းဆို
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က ကေအိုင်အေထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်ဟာ သာမာန်လူ့အခွင့်အရေးချိုးဖောက်မှုသာမဟုတ်ဘဲ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်လို့ အရေးယူမှုနဲ့တရားမျှတမှု ပြန်လည်ဖော်ဆောင်နိုင်အောင် တိကျတဲ့သက်သေတွေပေးပို့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။
ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ဖြစ်စေ၊ အသိမိတ်ဆွေတွေထံကတစ်ဆင့်ဖြစ်စေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ တရားဝင်ဖေ့ဘွတ်မက်ဆင်ဂျာဖြစ်တဲ့ Facebook Page Messenger : https://m.me/mohrmyanmarနဲ့ E-mail : report@mohr.nugmyanmar.org တို့ကိုပေးပို့ဖို့ NUG က တောင်းဆိုလိုက်တာပါ။
NUG အနေနဲ့ သက်သေတွေကို ဆိုရှယ်မီဒီယာတွေကနေ ထပ်ဆင့်ဖြန့်ဝေတာတွေလုပ်ဆောင်မှာမဟုတ်ဘဲ စစ်ကောင်စီကို အရေးယူနိုင်ရေး ကိစ္စတွေမှာသာ အသုံးပြုသွားမယ်လို့ ကြေညာချက်မှာ ထည့်သွင်းပြောထားပါတယ်။
NUGက ကျဆုံးခဲ့သူတွေအတွက် တရားမျှတမှုပြန်ရဖို့၊ ပြည်တွင်းနဲ့နိုင်ငံတကာ တရားဥပဒေများနဲ့အညီ အစွမ်းကုန်ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။
စစ်ကောင်စီရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် အလွန်အကျွံ အင်အားသုံး တိုက်ခိုက်ခဲ့ပုံရပြီး၊ လက်ခံနိုင်စရာ မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးကလည်း ကြေညာချက်ထုတ်ပြန်ပြောထားပြီးဖြစ်ပါတယ်။
ဒါ့အပြင် ကုသသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း KIA ရဲ့ တပ်မဟာ ၉ နယ်မြေက တေးဂီတ ဖျော်ဖြေပွဲကို စစ်ကောင်စီက အောက်တိုဘာလ ၂၃ ရက်နေ့ညက လေကြောင်းနဲ့တိုက်ခိုက်ခဲ့မှုဟာ ကချင်လူမျိုးစုအပေါ် ရက်စက်တဲ့ ကျူးလွန်မှုဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ အောက်တိုဘာလ ၂၄ ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖျတ်သိမ်းရေးနဲ့ နိုင်ငံတကာ လုံခြုံရေးကော်မတီထံ တင်ပြခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချနေတဲ့ နိုင်ငံတွေအနေနဲ့ လက်နက်ရောင်းချမှုကို ချက်ခြင်းရပ်ဖို့ကိုလည်း သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။
RFA Burmese
ဖားကန့်မြို့ အနန့်ပါကျေးရွာတွင် စကစမှ တိုက်လေယာဉ်များ အသုံးပြုပြီးအရပ်သားများအား ဗုံးကြဲတိုက်ခိုက်ခြင်း အပေါ် TCSO ၏သဘောထား ထုတ်ပြန်ချက်
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် အာဆီယံ၏ ချဥ်းကပ်မှုနှင့် ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း
သို့
အာဆီယံခေါင်းဆောင်များ
H.E. Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah, Prime Minister of Brunei
H.E Hun Sen, Prime Minister of Cambodia
H.E Joko Widodo, President of Indonesia
H.E Thongloun Sisoulith, Prime Minister of Laos
H.E Dato’ Sri Ismail Sabri bin Yaakob, Prime Minister of Malaysia
H.E Ferdinand Romualdez Marcos Jr., President of the Philippines
H.E Lee Hsien Loong, Prime Minister of Singapore
H.E Prayut Chan-o-cha, Prime Minister of Thailand
H.E. Phạm Minh Chính, Prime Minister of Vietnam
နေ့စွဲ။ ။ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
အကြောင်းအရာ။ ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအပေါ် အာဆီယံ၏ ချဥ်းကပ်မှုနှင့် ပတ်သက်၍ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။
လေးစားရပါသော ဂုဏ်သရေရှိ လူကြီးမင်းများရှင့်/ခင်ဗျား
အောက်တွင် လက်မှတ်ရေးထိုးထားသော မိမိတို့ မြန်မာနိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက် လူထုအဖွဲ့အစည်း ၄၅၇ ဖွဲ့တို့က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၎င်း၏ ထိပ်သီးအစည်းအဝေးများနှင့် တခြားအစည်းအဝေးအားလုံးတွင် စစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားလှယ်များ သာမက နိုင်ငံရေးနှင့် မဆက်စပ်သည့် ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မပြုရန်အပြင် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး သံတမန်၏ လုပ်ပိုင်ခွင့်အာဏာကိုလည်း ပြန်လည်ပြင်ဆင်ရန် တောင်းဆိုလိုက်သည်။ အာဆီယံအနေဖြင့် အင်ဒိုနီးရှား၏ အာဆီယံဥက္ကဌရာထူး ဦးဆောင်မှုအောက်တွင် ဒေသတွင်းအဖွဲ့ကြီး တစ်ခုလုံးအနေဖြင့်ရော သက်ဆိုင်ရာနိုင်ငံတစ်ခုချင်းစီအရပါ အလုပ်မဖြစ်နေသည့် ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်လုပ်ဆောင်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပံ့ပိုးနိုင်ရေး လုပ်ဆောင်ရန်၊ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို လူသိရှင်ကြား အသိအမှတ်ပြုရန် စသောတောင်းဆိုမှုများကို မိမိတို့မှ ထပ်လောင်းတောင်းဆိုသည်။
ကျရှုံးနေသည့် အာဏာသိမ်းရေးကြိုးပမ်းမှု စတင်ချိန်မှစ၍ လွန်ခဲ့သောလပေါင်း ၂၀ အတွင်းတွင် အာဆီယံသည် မြန်မာနိုင်ငံရှိ ပိုမိုကျယ်ပြန့်လာနေသော အကျပ်အတည်းကို တုံ့ပြန်ရာတွင် ထိရောက်မှု အလွန်တရာ နည်းပါးခဲ့သည်။ အာဆီယံ၏ “တွေ့ဆုံဆွေးနွေးရေး” သည် ဘုံသဘောတူညီချက်ငါးရပ်ကို ရွေးချယ်ဦးတည်သော ချဥ်းကပ်ရေးကိုသာ ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းကို အဆုံးသတ်ရန် ရလဒ်များ ထွက်မလာခဲ့ပေ။ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် စစ်အုပ်စုသည် ဘုံသဘောတူညီချက်ငါးရပ်အား လေးစားလိုက်နာခြင်း မရှိသည့်အပေါ် သတိပေးသော အာဆီယံ၏ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခြင်း ခံခဲ့ရသော်လည်း စစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် ဆိုးရွားကြီးလေးသော ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေသည်။ အာဆီယံ၏ သတိပေးချက်အပြီး တစ်လခန့်အကြာတွင် စစ်အုပ်စုသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ စာသင်ကျောင်း တစ်ကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ကလေးသူငယ် ၁၁ ဦး သေဆုံးခဲ့ရသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ တို့တွင် ပြုလုပ်သော အာဆီယံထိပ်သီး အစည်းအဝေးများတွင် အာဆီယံက စစ်အုပ်စုကို ချန်လှပ်ခဲ့ခြင်းသည် မှန်ကန်သော လမ်းကြောင်းကို ဦးတည်သည့် ခြေလှမ်းတစ်ရပ် ဖြစ်သည်။ မိမိတို့အနေဖြင့် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံတို့၏ အပေါင်းသဘောဆောင်သော ရပ်တည်ချက်များကို အသိအမှတ်ပြုသကဲ့သို့ ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် အာဆီယံ၏ ကြေညာချက်ကိုလည်း ကြိုဆိုသည်။ သို့သော် စစ်အုပ်စုနှင့် တစ်နည်းနည်းဖြင့် ထိတွေ့ဆက်ဆံနေခြင်းသည် အာဆီယံပဋိညာဥ်ကို ချိုးဖောက်ခြင်းပင် ဖြစ်သည်။ မြန်မာစစ်အုပ်စုမှ ကျူးလွန်နေသောရာဇဝတ်မှုများသည် နိုင်ငံတကာဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုချက်များအပြင် ပြည်တွင်းဥပဒေများအရပါ အကြမ်းဖက်အဖွဲ့ အစည်းတစ်ခု၏ လုပ်ရပ်မြောက်နေသည်။ မြန်မာစစ်တပ်သည် နိုင်ငံတကာတရားရုံး၊ နိုင်ငံတကာရာဇဝတ်ခုံရုံးနှင့် အာဂျင်တီးနားနိုင်ငံက အပြည်ပြည်တရားစီရင်ပိုင်ခွင့် ကိစ္စရပ်တို့တွင် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံထားရသည်။ ဤတရားမဝင် စစ်အုပ်စုက အာဆီယံ၏ လုပ်ဆောင်ချက်များအပေါ်တွင် တစ်စုံတရာသောခြယ်လှယ်မှု ရှိနေမှုအပေါ် မိမိတို့က စိုးရိမ်ပါသည်။
အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာ
ရှင်းလင်းပြတ်သားမှုမရှိသော ဘုံသဘောတူညီချက်ငါးရပ် ချမှတ်ပြီးချိန်ကတည်းကပင် အာဆီယံအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာသည် ပြဿနာဖြေရှင်းရေးအတွက် အောင်မြင်မှု မဆိုထားနှင့် အပြုသဘောဆောင်သည့် သက်ရောက်မှုပင် မရှိဘဲ မြန်မာနိုင်ငံ၏ အကျပ်အတည်း အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့ရုံသာ ရှိသည်။ “တွေ့ဆုံဆွေးနွေးမှုများ” ဖော်ဆောင်ရန်နှင့် စစ်အုပ်စုထံ “လည်ပတ်မှုများ” လုပ်ဆောင်နေသော အထူးသံတမန်နှင့် အာဆီယံတစ်စုံလုံး၏ ကြိုးပမ်းအားထုတ်မှုများသည် အနှစ်သာရရှိသော တိုးတက်မှုဖြစ်မလာခဲ့ပေ။ ထိုနှင့်ဆန့်ကျင်စွာပင် ယင်းကဲ့သို့သော လုပ်ရပ်များသည် တရားမဝင်စစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်စွာဖြင့် ကြီးလေးသော စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးအားမြှောက်ပြုနေခြင်းနှင့် ကာကွယ်ပေးနေခြင်းသာ ဖြစ်နေသည်။
ဒုတိယမြောက် အထူးကိုယ်စားလှယ်ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း၏ ၂၀၂၂ ခုနှစ် မတ်လနှင့် ဇွန်လ ခရီးစဥ်များတွင် ရှင်းရှင်းလင်းလင်းတွေ့ခဲ့ရသည့်အတိုင်း အာဆီယံ၏ အရေးယူ နိုင်စွမ်း မရှိမှုကို စစ်အုပ်စုက ထင်သာအောင်ထပ်မံပြသခဲ့ပြီး အရပ်သားများအပေါ် ပြင်းထန်သည့် လေ ကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ကလေးများ သေဆုံးခဲ့ရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထပ်တိုးထောင်ဒဏ်များ အကြိမ်ကြိမ်ချမှတ်ခြင်း ခံခဲ့ရသကဲ့သို့ ၎င်း၏ စီးပွား ရေးအကြံပေး ရှောင်တာနယ်သည်လည်း အလားတူဖြစ်သည်။ ထိုသွားရောက်လည်ပတ်မှုများတွင် စစ်အုပ်စု၏ ခွင့်ပြုချက်မရ၍ အထူးသံတမန်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အုပ်စု၏ မတရား ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် အခြားသော ၂၀၂၀ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်ကြိမ်မျှ တွေ့ခွင့်မရခဲ့သည်မှာ ရှက်ဖွယ်ဖြစ်သည်။ ထို့အပြင် အထူးသံတမန်သည် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရ ဖြစ်သော NUG ၏ ယာယီသမ္မတ၊ ဝန်ကြီးချုပ် သို့မဟုတ် အခြားတာဝန်ရှိသူများ၊ အဓိကကျသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (ERO) များ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် တွေ့ဆုံရန်လည်း ပျက်ကွက်ခဲ့သည်။
စစ်အုပ်စုသည် အာဆီယံ၏ အလှည့်ကျဥက္ကဌဖြစ်သော ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်မှ မေတ္တာ ရပ်ခံနေသည့်ကြားကပင် ဇူလိုင်လတွင် မတရားထောင်ချခံထားရသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လေးဦးကို မတရားသတ်ဖြတ်ရဲသည်အထိ အတင့်ရဲလာခဲ့သည်။ ထိုသတ်ဖြတ်မှုကို “အတ္တဆန်သော ငါ တကောကောခြင်း သို့မဟုတ် အာဆီယံ၏ အခန်းကဏ္ဍကို လုံးလုံးလျားလျား မလေးစားမှု” ဖြစ်ကြောင်း ရှင်းရှင်းကြီး ပြနေသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့သည်။ စစ်ရာဇဝတ်မှုများနှင့် လူသား မျိုးနွယ်ပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများ မြောက်နိုင်သည့် လက်မခံနိုင်ဖွယ်လုပ်ရပ်တစ်ခုသည် အနှစ် မရှိသော ဝေဖန်ရှုတ်ချသံများဖြင့်သာ တုံ့ပြန်ခံရသည့်အပေါ် မိမိတို့မှ လွန်စွာစိတ်ပျက်မိသည်။
အထူးသံတမန်၏ အမြော်အမြင်နည်းသော စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံမှုများသည် အနိုင်ကျင့် ဗိုလ်ကျသည့် စစ်အုပ်စုစိုးမိုးရေးကို အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ထောင်ရေး လုပ်ဆောင် နေသော မြန်မာပြည်သူများ၏ ကြိုးစားအားထုတ်ရုန်းကန်မှုများအပေါ် နောက်ထပ်သော ကြီးမားသည့် ထိ ခိုက်နစ်နာမှုများကို ဖြစ်ပေါ်စေသည်။ ယင်းကဲ့သို့သောလုပ်ရပ်များသည် “ပြည်သူတို့၏ အကျိုးအတွက်” ဖြေရှင်းချက်တစ်ခု ဖော်ဆောင်ရန် ကြိုးစားသွားမည့် ဘုံသဘောတူညီချက်ငါးရပ်နှင့် ဆန့်ကျင်နေသည်။ ထို့ အပြင် အထူးသံတမန်၏ ဝေဝါးသည့်လုပ်ပိုင်ခွင့်အာဏာ အခြေခံကြောင့် ၎င်း၏ လုပ်ပိုင်ခွင့်အာဏာသည် နိုင်ငံရေးအရ ကြားဝင်စေ့စပ်သူသက်သက်လား၊ ပါဝင်ဆွေးနွေးသူလား၊ သို့မဟုတ် လူသားချင်းစာနာထောက် ထားမှု အကူအညီများပေးပို့ရေးဆိုင်ရာ အဓိကထားလုပ်ဆောင်သူလား ဆိုသည်ကို ပြည်သူများအကြား ဝေဝေဝါးဝါး ဖြစ်စေသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့် AHA စင်တာ
လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အာဆီယံ၏ AHA စင်တာမှတစ်ဆင့် ပေးပို့ရန် အာဆီယံနှင့် စစ်အုပ်စုကြား ဆက်လက်ပူးပေါင်းလုပ်ဆောင်၊ ထိတွေ့ဆက်ဆံမှုများက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပို၍ပင် ဆိုးရွားလာစေသည်။ သဘာဝဘေးအန္တရာယ် အရေး ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းတည်ထောင်ထားသော AHA စင်တာသည် ဘက်စုံနိုင်ငံရေး အကျပ် အတည်းတစ်ခုကို ဖြေရှင်းရန် အရည်အချင်း မပြည့်မီပေ။ AHA စင်တာ၏ လုပ်ငန်းလည်ပတ်မှု လုပ်ထုံး လုပ်နည်းများနှင့်အတူ စင်တာသည် အကူအညီများပေးပို့ရမည့်နေရာများသို့ လက်လှမ်းမီ ရောက်ရှိနိုင်ရန် စစ်အုပ်စုကို မှီခိုအားထားနေရပြီး စစ်အုပ်စု၏ မြန်မာလုပ်ငန်းအဖွဲ့ (Myanmar Task Force) ပါဝင်သော ဘုတ်အဖွဲ့က စီမံသတ်မှတ်ခြင်းကို ခံနေရသည်။ အကူအညီများသည် လက်ရှိကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်လာစေသည်အထိ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်သူဖြစ်သကဲ့သို့ ၂၀၁၇ ခုနှစ် ရိုဟင်ဂျာများအပေါ် လူမျိုးသုဥ်း သတ်ဖြတ်မှု ကျူးလွန်ခဲ့သူလည်းဖြစ်သည့် စစ်အုပ်စု၏ လက်နက်သဖွယ် အသုံးချခြင်းကို ခံနေရသည်။ AHA စင်တာ၏ ညွှန်ကြားရေးမှူးဟောင်းက စစ်အုပ်စုသည် “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူဝါဒများနှင့်အညီ အကူအညီများကို ပြည်သူလူထု ရရှိစေရန် ပေးပို့လိုသည့်ဆန္ဒ ရှိမနေကြောင်း” ပြောဆိုထားပြီး အာဆီယံအနေဖြင့် စစ်အုပ်စုကို အကူအညီပေးရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်သူအဖြစ်မှ ဖယ်ရှားရန်လည်း တောင်းဆိုထားသည်။
ဒေသခံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ဆောင်နေသူများနှင့် အရပ်ဘက် လူထုအဖွဲ့အစည်းများသည် လူထုအသိုင်းအဝိုင်းများထံသို့ NUG၊ ERO များနှင့်အတူ လူသားချင်း စာနာထောက်ထားမှု အကူအညီများစွာကို အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ချိန်ကတည်းကပင် ထိထိရောက်ရောက် ပေးပို့ကူညီကြသည်။ နယ်စပ်အခြေစိုက် အရပ်ဘက်လူထုအဖွဲ့အစည်များသည် လက်လှမ်းမီရန် ခက်ခဲဆုံးသော ဒေသများသို့ လိုအပ်သော ငွေးကြေးများနှင့် အကူအညီပစ္စည်းများ ရောက်ရှိစေရေး ပံ့ပိုးရန်မှာ အလွန်အရေးပါသည်။ NUG သည် တစ်နှစ်အတွင်း ပြည်တွင်းနေ အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များနှင့် CDM များအတွက် ကျပ်ငွေ ၂.၇၃ ဘီလျံ ပံ့ပိုးနိုင်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် AHA စင်တာတို့သည် အကူအညီ အလိုအပ်ဆုံးပြည်သူများထံသို့ လက်လှမ်းမီရောက်ရှိနိုင်ခြင်း မရှိပေ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ထံ ပေးပို့သော ၎င်း၏စာတွင် “အာဆီယံက စစ်အုပ်စုနှင့်အတူ ဖွဲ့စည်းထားသည့် (လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ) အထူးလုပ်ငန်းအဖွဲ့သည် အလုပ်မဖြစ်ကြောင်း” ထည့်သွင်းပြောကြားထားသည်။ လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်လှုပ်ရှားမှုနှင့် အကူအညီများကို လက်နက်သဖွယ်အသုံးချနေခြင်း၏ အကျိုးဆက်ကြောင့် စစ်အုပ်စုအပေါ် အယုံအကြည်မရှိသည့်အတွက် ဒေသခံ အကူအညီပံ့ပိုးသူများကလည်း စစ်အုပ်စု သို့မဟုတ် စစ်အုပ်စုနှင့်ဆက်စပ်သည့် မည်သည့်အဖွဲ့အစည်းများနှင့်မဆို တွဲဖက်လုပ်ကိုင်လိုစိတ် ပို၍ပို၍ ကင်းမဲ့လာနေသည်။
အကြံပြုတိုက်တွန်းချက်များ
မြန်မာပြည်သူများက ၎င်းတို့၏ အနာဂတ်လူငယ်မျိုးဆက်အတွက် မိမိတို့၏ ဘဝများ၊ အသက်အိုးအိမ်များနှင့် အနာဂတ်များကို စတေးနေချိန်၌ အာဆီယံသည် စစ်အုပ်စုက ချိုးဖောက်သော လူမဆန်သည့်လုပ်ရပ်အားလုံးကို အဆုံးသတ်ရေး ခိုင်မာသောလုပ်ရပ်များ ဖော်ဆောင်ရမည် ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အာဆီယံ၏ ဥက္ကဌရာထူးကို ရယူမည့် အင်ဒိုနီးရှားသမ္မတအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒကိုထောက်ခံပံ့ပိုးရန် မိမိတို့မှ မေတ္တာရပ်ခံသည်။
အာဆီယံအနေဖြင့် စစ်အုပ်စုနှင့် တရားဝင်အစည်းအဝေးများ ပြုလုပ်ခြင်း သို့မဟုတ် စစ်အုပ်စုနှင့် ၎င်း၏ ကိုယ်စားလှယ်များကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုခြင်းတို့ ဆက်လက်လုပ်ဆောင်ခြင်း မပြု ရန် မဖြစ်မနေလိုအပ်သည်။ ထို့အပြင် အာဆီယံဒေသဆိုင်ရာ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (ACWC) နှင့် အာဆီယံအစိုးရများ လူ့အခွင့်အရေးကော်မရှင် (AICHR) အပါအဝင် အာဆီယံထိပ်သီးအစည်းအဝေးနှင့် တခြားအစည်းအဝေး အားလုံးသို့ နိုင်ငံရေးနှင့် သို့မဟုတ် နိုင်ငံရေးနှင့်မဆက်သော စစ်အုပ်စု၏ ကိုယ်စားလှယ်အားလုံးကို တက်ရောက်ခွင့် ပိတ်ပင်ရမည် ဖြစ်သည်။ ယင်းကဲ့သို့သောပိတ်ပင်မှုများတွင် မြန်မာစစ်အုပ်စုနှင့် ကာကွယ်ရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုများ ရပ်ဆိုင်းခြင်းလည်း ပါဝင်ရမည် ဖြစ်သည်။ အာဆီယံသည် NUG ကို လူသိရှင်ကြား အသိအမှတ်ပြုရမည်ဖြစ်ပြီး ၎င်း၏ကိုယ်စားလှယ်ကို အာဆီယံတစ်ခုလုံး သို့မဟုတ် အဖွဲ့ဝင်နိုင်ငံများသို့ ကိုယ်စားပြုစေလွှတ်ခွင့်ပြုရမည် ဖြစ်သည်။
အာဆီယံအနေဖြင့် ဘုံသဘောတူညီချက်ငါးရပ်ကို ကျော်လွန်၍ လုပ်ဆောင်ရန် မိမိတို့မှ အထူးတိုက်တွန်း တောင်းဆိုပြီး အောင်မြင်မှု၏ တိုးတက်မှုများကို လက်တွေ့ကျကျ တိုင်းတာနိုင်သော ရှင်းလင်းသည့်စံနှုန်းနှင့် အညွှန်းများပါဝင်သည့် အစီအစဥ်တစ်ရပ် ရေးဆွဲဖော်ဆောင်ရန် မိမိတို့မှ အထူးတိုက်တွန်းတောင်းဆိုသည်။ ယင်းအစီအစဥ်တွင် NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ERO များ၊ အရပ် ဘက်လူထုအဖွဲ့အစည်းများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုများ အပေါ် အခြေပြုရမည်။ အာဆီယံအနေဖြင့် လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန် ဘုံသဘော တူညီချက်ငါးရပ်အား မလိုက်နာနေသည့် စစ်အုပ်စုကို အရေးယူနိုင်သော လက်တွေ့ဖော်ဆောင်နိုင်သည့် အစီအမံများကိုလည်း တည်ထောင်ရမည် ဖြစ်သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ၌ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံအနေဖြင့် အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ၂၀၂၃ ခုနှစ်မှစတင်၍ အချိန်ပြည့်အလုပ်လုပ်သော သုံးနှစ်သက်တမ်း ရာထူးတာဝန်အဖြစ် ပြောင်းလဲသတ်မှတ်သည့်အပြင် ၎င်းကို အာဆီယံဥက္ကဌက ခန့်အပ်သော်ငြား အာဆီယံအဖွဲ့ကြီးတစ်စုံလုံးကို တာဝန်ယူ၊ တာဝန်ခံရသော တာဝန်အဖြစ် ပြောင်းလဲသတ်မှတ်ရန် မိမိတို့မှ တောင်းဆိုသည်။ အထူးသံတမန်သည် ငြိမ်းချမ်းရေးဆိုင်ရာ ကြားဝင်ညှိနှိုင်းရေးမဟုတ်ဘဲ လူ့အခွင့်အရေး အခြေခံမူများ၊ တရားမျှတမှု၊ တာဝန်ယူမှု တာဝန်ခံမှု၊ နှင့် မြန်မာပြည်သူလူထု၏ဆန္ဒ တို့အပေါ် အခြေခံသည့် ရှင်းလင်း ပြတ်သားသော သတ်မှတ်တာဝန်နှင့်ဝတ္တရားများ ရှိရမည် ဖြစ်သည်။ အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာသည် ရံဖန်ရံခါမှသာ ကျင်းပသော အာဆီယံထိပ်တန်းခေါင်းဆောင်အဆင့် အစည်းအဝေးများ နှောင့်နှေးကြန့်ကြာမှု၏ သက်ရောက်မှု မရှိစေဘဲ လုပ်ငန်းစဥ်များကို အချိန်မှန် ဖော်ဆောင်နိုင်သည့် အခွင့်အာဏာနှင့် အမှီအခိုကင်းရှင်းမှု ရှိရမည် ဖြစ်သည်။ ထို့အပြင် ထိုလုပ်ပိုင်ခွင့်အာဏာတွင်ရှိသော အထူးကိုယ်စားလှယ်သည် NUG၊ NUCC ၊ ERO များ၊ အရပ်ဘက်လူထုအဖွဲ့အစည်းများ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့် တရားဝင်ဆက်သွယ်မှု ပြုလုပ်ရန်နှင့် ထိတွေ့ဆက်ဆံမှုများ ချက်ချင်းပြုလုပ်ရမည် ဖြစ်သည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စနှင့်ပတ်သက်၍ အာဆီယံသည် စစ်အုပ်စုနှင့် ပူး ပေါင်းဆောင်ရွက်နေမှုအားလုံးကို ရပ်ဆိုင်းကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို AHA စင်တာက ဖြေရှင်းနိုင်ခြင်း မရှိကြောင်းကို အသိအမှတ်ပြုရမည် ဖြစ်သည်။ အာဆီယံအနေဖြင့် ဒေသခံလူသားချင်း စာနာထောက်ထားမှုအရေး လုပ်ဆောင်နေသူများ၊ NUG၊ ERO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီများ ပံ့ပိုးရေးကို ဖော်ဆောင်ရန်အတွက် သွေးစည်းညီညွတ်သော ချဥ်းကပ်မှုတစ်ရပ် ဆောင်ရွက်ရန် မိမိတို့မှ အကြံပြုတိုက်တွန်းသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည်လည်း မြန်မာနိုင်ငံမှ ထွက်ပြေးခိုလှုံလာသူများကို လက်ခံ၍ အကာအကွယ်ပေးရမည် ဖြစ်သည်။ ဒေသတွင်းဆိုင်ရာ ကြိုးပမ်း အားထုတ်မှုအားလုံးသည် မည်သူမျှ ထိခိုက်နစ်နာမှုမရှိရေး၊ လူသားဆန်မှုနှင့် ဘက်မလိုက်မှု အခြေခံမူများကို အခြေခံပြီး အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသော လူထုအသိုင်းအဝိုင်းများ၏ စွမ်းဆောင်နိုင်မှုအပေါ်တွင် အခြေခံရမည် ဖြစ်သည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတို့သည် “ပြည်တွင်းရေးသက်သက်” မဟုတ်ဘဲ အာဆီယံအဖွဲ့က ကာကွယ်မည်ဟု သန္နိဌာန်ပြုထားသည့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်လည်း ဖြစ်သည်။ မြန်မြန်ဆန်ဆန် ဆောင်ရွက်ခြင်းမရှိပါက မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ဒုက္ခသည်များ အဆမတန် ဝင်ရောက်လာမှု၊ စီးပွားရေးအကျိုးအမြတ်များ ဆုံးရှုံးမှုနှင့် ပြန်ပြင်၍မရသော ဂုဏ်သိက္ခာ ထိခိုက်နစ်နာမှုတို့ ဆက်လက်ကြုံတွေ့ရလိမ့်မည် ဖြစ်သည်။ အာဆီယံအပေါ် ယုံကြည်အားထားနိုင်စွမ်းသည် အာဆီယံ ဒေသတစ်ခွင်လုံးအား မတည်မငြိမ်ဖြစ်စေမည့် တစ်စထက်တစ်စ ပျံ့နှံ့လာနေသော စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် အဖျက်အမှောင့်လုပ်ရပ်များကို အချိန်မီ ထိရောက်စွာ မည်သို့ကာကွယ်တားဆီးနိုင်သည် ဆိုသည့် အာဆီယံ၏ လုပ်ဆောင်နိုင်စွမ်းအပေါ်တွင် မူတည်နေသည်။
မြန်မာပြည်သူများ၏ လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတို့၏ ရည်မှန်းချက်၊ လိုအင်ဆန္ဒနှင့် အညီဖြစ်စေရန် အာဆီယံအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများသည် အာဆီယံအတွက် အသင့်ရှိနေပါသည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
ဤအိတ်ဖွင့်ပေးစာကို အမည်မဖော်ပြလိုသော အဖွဲ့အစည်း ၂၉၇ ဖွဲ့ အပါအဝင် အဖွဲ့အစည်း စုစုပေါင်း ၄၅၇ ဖွဲ့မှ လက်မှတ်ရေးထိုးထားပါသည်။
English version
PDF ဖြင့်ရယူရန် English I Burmese
စစ်တပ်က ဘူးသီးတောင် စာသင်ကျောင်းကို ဒရုန်းနဲ့တိုက်၊ ဒေသခံ ၂၀ ခန့်ကို ဖမ်းဆီး
ရခိုင်ဒေသ ဘူးသီးတောင်မြို့တွင် လက်နက်တပ်ဆင်ထားသည့်ဒရုန်းက စာသင်ကျောင်းကို တိုက်ခိုက်ရာ ၃ ဦး ဒဏ်ရာရသွားသည်၊ စျေးတွင်ရှိနေသူ အများအပြားကိုလည်း စစ်တပ်က ဖမ်းသွားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့တွင် ယမန်နေ့ (အောက်တိုဘာ ၂၃) က ဒေသခံ ၂၀ ခန့် ဖမ်းဆီးခံရသည့်အပြင် စာသင်ကျောင်းတစ်ခုလည်း လက်နက်တပ်ဆင်ထားသည့် ဒရုန်းဖြင့် တိုက်ခိုက်ခံရသည်ဟု သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် အင်အား ၃၀ ခန့်ရှိ စစ်သားများက ကား ၄ စီးဖြင့် ဘူးသီးတောင်ဈေးကို ရောက်လာကာ ကုန်တင်ကုန်ချအလုပ်သမား၊ ဈေးကောက်၊ သုံးဘီးသမား၊ လှေသမား စသည့် ဒေသခံများကို ဖမ်းဆီးသွားကြောင်း မြို့ခံတို့က ဆိုသည်။
“ဘာကြောင့် ဘယ်ကိုဖမ်းသွားတယ်ဆိုတာကိုလည်း မသိရဘူး။ နယ်ခြားစောင့်စခန်းကို ယူသွားလား၊ စစ်တပ်ကို ယူသွားလားဆိုတာကို မသိရဘူး။ ဖမ်းသွားတဲ့ လူအရေအတွက်ကိုလည်း အတိအကျ မသိရဘူး။ လူပေါင်း ၂၀ လောက် ပါမယ်ထင်တယ်” ဟု မျက်မြင်တွေ့ရှိသူ ဘူးသီးတောင်မြို့ခံတစ်ဦးက ပြောသည်။
အဖမ်းခံရသူများတွင် ရွာများမှ စျေးဝယ်လာသူများ ပါဝင်သည့်နည်းတူ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ်တို့မှ ဘုတ်သမား (လှေသမား) အများအပြားလည်း ပါဝင်သည်ဟု သိရသည်။
“ဒီနေ့ တနင်္ဂနွေဆိုရင် ဘူးသီးတောင်စျေးလေ။ နယ်ကလူတွေ ဘုတ်နဲ့ စျေးဝယ်လာတယ်။ ဆိပ်ကမ်းကို ဘုတ်ကပ်တဲ့အချိန် စစ်တပ်က ကားနဲ့လာပြီးတော့ ဘုတ်သမားပါ၊ စျေးဝယ်လာတဲ့လူတွေကိုပါ ဖမ်းသွားတာ” ဟု ဘူးသီးတောင်မြို့ခံက ဆိုသည်။
စစ်ကောင်စီတပ်က အရပ်သားအများအပြားကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးလေ့ရှိသည်။
မကြာသေးမီက တိုက်ပွဲများ ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်မြောက်ပိုင်း ရေလမ်းကြောင်းများ ပိတ်ဆို့ထားသဖြင့် ဒေသတွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်နေကြောင်းလည်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်း၌ပင် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း ဖိုးခေါင်ချောင်းကျေးရွာ စာသင်ကျောင်းကို ဂူတာပြင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က ဒရုန်းဖြင့် လာရောက်ပစ်ခတ်သဖြင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဒဏ်ရာရရှိသူများ ဖိုးခေါင်ဆောင်းကျေးရွာမှ ရိုဟင်ဂျာလူမျိုး ၇၅ နှစ်အရွယ် ကာလူ၊ အသက် ၂၅ နှစ်အရွယ် မာမောက်အန္နဝါ၊ ငှက်ပျောချောင်းကျေးရွာမှ ၁၇ နှစ်အရွယ် မောင်ဖြိုးသန်းချေတို့ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။
အထက်ပါ ရိုဟင်ဂျာနှစ်ဦးမှာ စာသင်ကျောင်းတွင် အလုပ်လုပ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“မွတ်စလင်နှစ်ယောက်ကတော့ အဲဒီစာသင်ကျောင်းမှာ အလုပ်လုပ်နေကြတာလို့ သိရတယ်။ ဒရုန်းလာတာကို မြင်လို့ စာသင်ကျောင်းကို ဝင်ပြေးတဲ့အချိန်မှာ အပစ်ခံရတာ။ ကျောင်းခေါင်မိုးတွေတောင် ပျက်စီးသွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ဒဏ်ရာရသူ နောက်တစ်ဦးဖြစ်သည့် ငှက်ပျောချောင်းကျေးရွာမှ မောင်ဖြိုးသန်းချေဆိုသူမှာ မိသားစုဝင်များနှင့်အတူ ထိုစာသင်ကျောင်းတွင် ယခုလဆန်းပိုင်းကတည်းက လာရောက် ခိုလှုံနေသူဖြစ်သည်ဟု ဆိုသည်။
“ဒဏ်ရာရတဲ့ လူတွေကို နီးစပ်ရာ ဆေးရုံ ဆေးခန်းကို ဆေးကုသဖို့ ယူသွားတယ်လို့ သိရတယ်။ ဘယ်ဆေးရုံဆေးခန်းကို ယူသွားတယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ဘူး။ ဒရုန်းနဲ့ လာပစ်တာ စာသင်ကျောင်းခေါင်မိုးကိုလည်း ထိတယ်။ ခေါင်မိုးတွေလည်း ပျက်စီးသွားတယ်။ အဲဒီစာသင်ကျောင်းမှာ စစ်ဘေးရှောင်တွေလည်း ရှိတယ်” ဟု ဒေသခံ ရိုဟင်ဂျာ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ဘူးသီးတောင်အခြေစိုက် ခမရ ၅၅၁ က နံနက်ပိုင်းမှစ၍ တစ်နေကုန်နီးပါး ဖရုံချောင်းနှင့် ငှက်ပျောချောင်းကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ရိက္ခာတင်သင်္ဘောနှစ်စီး မေယုမြစ်အတိုင်း ချီတက်လာစဉ် လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်သည်၊ ထိုသင်္ဘောနှစ်စီးမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းနယ်မြေရှိ ထီးစွဲကျေးရွာတွင် တပ်စွဲအထိုင်ချထားသည့် တပ်စခန်းသို့ ရိက္ခာများပို့ဆောင်ရန် လာရောက်ခြင်းဖြစ်သည်ဟု ဆိုကြသည်။
“လမ်းတစ်လျှောက်လုံး လက်နက်ကြီးပစ်ခတ်ပြီးတော့ တက်လာတာ။ တက်လာတဲ့အချိန်မှာလည်း ပစ်တယ်။ ပြန်ဆင်းသွားတဲ့အချိန်လည်း ပစ်တယ်။ တောက်လျှောက်ပစ်ပြီး သွားနေတာ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ ရှိမရှိကိုတော့ မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
Myanmar Now News