မြန်မာ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာကရော၊ ကုလသမဂ္ဂဘက်ကပါ ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်က ဝန်ခံပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံအပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်က ထည့်ပြောခဲ့တာပါ။

မြန်မာပြည်သူတွေ မယုံနိုင်လောက်အောင် ဆိုးရွားတဲ့ ဒုက္ခတွေ ခံစားနေရတယ်လို့လည်း သူကပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေတယ်လို့ နိုင်ငံတကာ မြန်မာ့အရေးလှုပ်ရှားသူတွေက ဝေဖန်နေတဲ့အချိန်မှာ အခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ဖို့လိုပြီး အကြမ်းဖက်မှုတွေ အမြန်ရပ်တန့်ဖို့ လိုတယ်လို့လည်း သူကဆိုပါတယ်။

လာမယ့်နှစ်အတွက် အာဆီယံ ဥက္ကဋ္ဌရာထူးကို အင်ဒိုနီးရှားနိုင်ငံက ပြောင်းလွှဲလက်ခံယူခဲ့ပါတယ်။

အာဆီယံ ဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ ကုလသမဂ္ဂကလည်း ပူးပေါင်းသွားမယ်လို့ အန်တိုနီယို ဂူတားရက်ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလကိုယ်စားလှယ်ဟာ အာဆီယံဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်နဲ့ပေါင်းပြီး မြန်မာပြည်ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်အောင် ကြိုးစားလုပ်သွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကလည်း မြန်မာ့ဒီမိုကရေဏီရေး ဆက်ကြိုးစားသွားမှာ ဖြစ်သလို၊ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေကို လိုက်နာဖို့ မြန်မာစစ်ကောင်စီကို မနေ့က တိုက်တွန်းခဲ့ပါတယ်။

ဘုံသဘောတူညီချက်တွေ ချမှတ်ထားတာ တစ်နှစ်ခွဲကျော်ပြီဖြစ်ပေမယ့် စစ်တပ်ဘက်က လိုက်နာတာ မရှိလို့ အချိန်အတိုင်းအတာတစ်ခု ကန့်သတ်ဖို့လည်း ဒီတစ်ခေါက် ညီလာခံကနေ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ အာဆီယံအနေနဲ့ မြန်မာပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ ထိပ်သီးညီလာခံကျင်းပနေချိန်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ 

RFA Burmese

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်တဲ့ အကြိမ် ၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်အောင် ထိထိရောက်ရောက် ဖိအားပေးဆောင်ရွက်ဖို့ ကြိုးစားအားထုတ်မှု အနည်းအကျဉ်းပဲ ရှိခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေက သုံးသပ်ဖော်ပြကြပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ မြန်မာစစ်ခေါင်းဆောင်တို့ကို အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးများ ညီလာခံအစည်းအဝေးတွေမှာ နိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ပြုဖို့ ပိတ်ပင်ထားခဲ့တာပါ။ ဆက်လက်ပြီး ထိပ်သီးအစည်းအဝေးမဟုတ်တဲ့ ကျန်အစည်းအဝေးတွေမှာပါ တက်ရောက်ခွင့်မပြုဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းနေခဲ့တာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့အပတ်က ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ အာဆီယံဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူလိုက်တဲ့ အင်ဒိုနီးရှားနိုင်ငံက ဒီလိုပိတ်ပင်ဖို့ အဆိုပြုတင်ပြခဲ့တာဖြစ်ပါတယ်။

“အခုအပတ်မှာတင်ပဲ အာဆီယံရဲ့လေတပ်ဆိုင်ရာညှိနှိုင်းအစည်းအဝေးတစ်ခုကို မြန်မာလေတပ်က ဦးဆောင်ပြီး ကျင်ပမယ်လို့ သိရပါတယ်။ အဲဒီလေတပ်ကပဲ မြန်မာနိုင်ငံအနှံ့က အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတာပါ”

ဒါပေမဲ့လည်း စစ်ကောင်စီကို အာဆီယံအစည်းအဝေးအားလုံး တက်ရောက်ခွင့် ပိတ်ပင်လိုက်မယ် ဆိုရင် မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတဲ့ သဘော သက်ရောက်သွားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့က အင်ဒိုနီးရှားရဲ့အဆိုပြုချက်ကို ကန့်ကွက်ခဲ့ကြောင်း အာဆီယံထိပ်သီးညီလာခံရဲ့တံခါးပိတ်ဆွေးနွေးပွဲအတွင်း ပြောဆိုဆွေးနွေးချက်တွေကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံဟာ အာဆီယံရဲ့ မပါမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ပြောကြားပြီး၊ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ထုတ်ပယ်ဖို့ တိုက်တွန်းချက်အားလုံးကို ပယ်ချခဲ့ကြတယ်လို့ တံခါးပိတ်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ သံတမန်တစ်ဦးက အေပီသတင်းဌာနကို ပြန်ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအရေးနဲ့ ပက်သက်ပြီး ဘုံသဘောတူညီချက်တွေကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့အတွက် တိကျခိုင်မာ၊ လက်တွေ့ကျပြီး၊ အကဲဖြတ်တိုင်းတာလို့ ရနိုင်မယ့်ဆောင်ရွက်ချက်တွေကို သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း သဘောတူခဲ့ကြပြီး ဒီလိုလုပ်ဖို့ အချိန်ဘယ်လောက် ပေးမလဲဆိုတာ သဘောတူညီမှုမရခဲ့ဘဲ လာမယ့် အာဆီယံနိုင်ငံခြာရေးဝန်ကြီးများ အစည်းအဝေးမှာ ဆက်လက် ဆွေးနွေးသုံးသပ်သွားဖို့ ရှိတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်တဲ့ Fortify Rights အဖွဲ့က အာဆီယံအဖွဲ့အတွင်းက ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာပါတဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ပြပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ဦးဆောင်ဖြေရှင်းဖို့ ဆိုးဆိုးဝါးဝါး ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်လိုက်ပါတယ်။

“ဒီပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေအရ အာဆီယံထိပ်သီးညီလာခံနဲ့ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးတွေကလွဲရင် ကျန်တဲ့ အာဆီယံအစည်းအဝေးအားလုံးမှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ပြုထားတာကို မပြောင်းလဲဖို့ အဆိုပြုထားပါတယ်။ ဒါဟာ အာဆီယံရဲ့ မြန်မာနိုင်ငံအရေးကို ဦးဆောင်ဖြေရှင်းပေးဖို့ ဆိုးဆိုးဝါးဝါး ပျက်ကွက်မှုကို ပြနေပါတယ်။ မြန်မာ စစ်ခေါင်းဆောင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုမြောက်တဲ့ သတ်ဖြတ်မှုတွေကို ကိုယ့်ပြည်သူအပေါ် ပြန်ပြီး ကျူးလွန်နေတဲ့အတွက် အာဆီယံအဖွဲ့အစည်း စနစ်တစ်ခုလုံးမှာ စစ်ခေါင်းဆောင်ကို လုံးဝပါဝင်ခွင့်မပေးသင့်ပါဘူး”

ဒါကတော့ Fortify Rights အဖွဲ့က ပက်ထရစ် ဖုန်ဆာသုန်က ပြောသွားတာပါ။

အာဆီယံဟာ စစ်ကောင်စီတာဝန်ရှိသူတွေကို အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ပြီး ပါဝင်ဆွေးနွေးနေတာ ခွင်မပြုသင့်တဲ့အကြောင်းကိုလည်း Fortify Rights အဖွဲ့က ပက်ထရစ် ဖုန်ဆာသုန်က အခုလို ရှင်းပြပါတယ်။

“အခုအတိုင်းဆိုရင် မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းဖို့ ပြောဆိုဆွေးနွေးမှုတွေမှာ စစ်ကောင်စီက ဆက်ပြီးပါနေတဲ့ သဘောဖြစ်နေပါတယ်။ သူတို့ ကိုယ်တိုင်က ပြဿနာ ဖြစ်စေတဲ့ အရင်းအမြစ်ဖြစ်နေတဲ့အတွက် ပြဿနာဖြေရှင်းဖို့ ကြိုးစားတဲ့နေရာမှာ သူတို့ကို ပါဝင်ခွင့်ပြုလို့ မဖြစ်ပါဘူး။ အခုအပတ်မှာတင်ပဲ အာဆီယံရဲ့လေတပ်ဆိုင်ရာညှိနှိုင်းအစည်းအဝေးတစ်ခုကို မြန်မာလေတပ်က ဦးဆောင်ပြီး ကျင်ပမယ်လို့ သိရပါတယ်။ အဲဒီလေတပ်ကပဲ မြန်မာနိုင်ငံအနှံ့က အရပ်သားပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်နေတာပါ။ ဒါက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီလို လူသတ်နေတဲ့ စစ်ခေါင်းဆောင်ကို ဘာကြောင့်များ အာဆီယံအစည်းအဝေးတွေ တက်ရောက်ဖို့ ဆက်ပြီး ခွင့်ပြုထားသလဲလို့ မေးချင်ပါတယ်။ “

အာဆီယံဥက္ကဋ္ဌရာထူးကို လွဲပြောင်းရယူလိုက်တဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုက သတင်းမီဒီယာတွေကို ပြောကြားရာမှာတော့ မြန်မာ့နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပိုဆိုးလာတာနဲ့ပတ်သက်ပြီး အလွန်စိတ်ပျက်မိကြောင်း၊ ဒါပေမဲ့ မြန်မာနိုင်ငံက အခြေအနေတွေကြောင့် အာဆီယံအတွက် အကျပ်အတည်း မဖြစ်သင့်တဲ့အကြောင်း ပြောသွားပါတယ်။

မြန်မာစစ်တပ်ဟာ ထိခိုက်ဆုံးရှုံးမှုတွေကို ခံနိုင်ရည်ရှိပြီး အထီးကျန်အပယ်ခံဖြစ်မှုတွေကိုလည်း ဂရုမစိုက်တဲ့အတွက် မြန်မာနိုင်ငံပြဿနာပြေလည်ဖို့ ဆယ်စုနှစ်နဲ့ချီပြီး ကြာမြင့်နိုင်ကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကရစ်ရှ်နန်က အခုလ အစောပိုင်းက သုံးသပ် ပြောကြားထားပါတယ်။

2022-11-12T104719Z_1183900408_RC2AKX96VZ2G_RTRMADP_3_ASEAN-SUMMIT-USA.JPG
၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးညီလာခံ တက်ရောက်လာသော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်။ (Photo: AFP)

အာဆီယံခေါင်းဆောင်တွေဟာ မြန်မာပြည်သူတွေရဲ့ အကျိုးထက် မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းရာမှာ အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက် စွက်ဖက်မှုမရှိအောင် ထိန်းချုပ်ဖို့ကို ပိုပြီးအလေးထားတယ်လို့ Fortify Rights အဖွဲ့က ပက်ထရစ် ဖုန်ဆာသုန်က သုံးသပ်ပါတယ်။

“ဒီပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေထဲက ပြောဆိုဆွေးနွေးမှုတွေကို ကြည့်မယ်ဆိုရင် အာဆီယံဟာ မြန်မာနိုင်ငံအရေးမှာ အဖွဲ့ပြင်ပက သြဇာလွှမ်းမိုးမှု မရှိအောင် ထိန်းသိမ်းဖို့ကို အဓိကထားပြောဆိုသွားပါတယ်။ အာဆီယံခေါင်းဆောင်တွေ တကယ်အလေးအနက်ထားတာကလဲ အဲဒါပါပဲ။ သူတို့က မြန်မာနိုင်ငံအရေးမှာ တရုတ်နဲ့အမေရိကန်က မဟာဗျူဟာအားပြိုင်ပြီး ဝင်ရောက်စွက်ဖက်မှုတွေ မဖြစ်ဖို့ ပိုပြီး အလေးထားပါတယ်။ တကယ့်မြေပြင်မှာ စစ်ခေါင်းဆောင်ရဲ့လက်ချက်နဲ့ လူတွေ ထောင်နဲ့ချီပြီး သေကျေနေရတာကို သူတို့အမေ့ခံထားကြပါတယ်။ အာဆီယံခေါင်းဆောင်တွေ ထိထိရောက်ရောက် ဘာမှမလုပ်သရွေ့ အသက်တွေဆက်ပြီးဆုံးရှုံးနေရဦးမှာပါ”

စစ်ကောင်စီဘက်ကတော့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကိုချန်လှပ်ပြီး အာဆီယံ ကိုးနိုင်ငံပဲ ဆွေးနွေးသဘောတူညီခဲ့တဲ့အတွက် ဘုံသဘောတူညီချက်ငါးချက်အတွက် ပြန်လည်သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံမှာမဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၁ ရက်က ထုတ်ပြန်ထားပါတယ်။

အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်မစွက်ဖက်ဖို့ နဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ အချိန် အကန့်အသတ်နဲ့ ဖိအားပေး၊ အကျပ်ကိုင်တာမျိုးဟာ ဆိုးကျိုးတွေသာ ဖြစ်လာလိမ့်မယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese

ရန်ကုန်တွင် ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေပေါ် တည်ဆောက်ထားသည်ဆိုသော ရပ်ကွက်မှ နေအိမ်များကို ဖယ်ရှားမည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်ထားသည်ဟု ဆိုသည်။

ရန်ကုန်၊ မင်္ဂလာဒုံမြိုနယ်၊ ပြည်လမ်းနှင့် အမှတ် ၃ လမ်းကြားရှိ ရပ်ကွက် ၅ ခုမှ အိမ်ခြေ တစ်သောင်းကျော်ကို ၅ ရက်အတွင်း ပြောင်းရွှေ့ပေးရန် စစ်ကောင်စီက စာပို့ အကြောင်းကြားထားပြီး ဒေသခံ ၅ သောင်းခန့် အိုးမဲ့အိမ်မဲ့ဖြစ်မည့်အခြေအနေမျိုးနှင့် ရင်ဆိုင်နေရသည်ဟု ရပ်ကွက်နေသူများက Myanmar Now ကို ပြောသည်။ 

ပျဉ်းမပင်ကျေးရွာအုပ်စုအတွင်း ကာကွယ်ရေးဝန်ကြီးဌာနပိုင်၊ ပျဉ်းမပင်စက်မှုဇုန် ဧရိယာ ၅၆၀ ဒသမ ၀၆ ဧက ခန့်ရှိမြေပေါ်ရှိ ကျူးကျော် အဆောက်အဦများကို လာမည့် နိုဝင်ဘာ ၁၈ နောက်ဆုံးထား၍ မဖျက်သိမ်းပေးပါက  တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီက ဒေသခံများကို ပေးပို့ထားသည့် ထိုကြေညာချက်တွင် ပါရှိသည်။  

၅ ရက်အတွင်း ဖျက်သိမ်းပေးရန် ညွှန်ကြားထားသည့် ပျဉ်းမပင်ကျေးရွာအုပ်စုတွင် စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညင်းနီ၊ ဓမ္မပါလနှင့် မြဝတီ စိုင်းခင်း (၁)၊(၂) ရပ်ကွက်များ ပါဝင်ပြီး ရန်ကုန်ပြည်လမ်းနှင့် အမှတ် ၃ လမ်းမကြား အချက်အချာကျသည့်ဒေသ ဖြစ်သည်။

ယမန်နေ့ (နိုဝင်ဘာ ၁၃) နံနက်က စစ်ကောင်စီလက်နက်ကိုင် ၅၀ ခန့်  စစ်ကား ၅ စီးဖြင့်  စံသမာဓိရပ်ကွက်သို့ ရောက်ရှိလာပြီး  နိုဝင်ဘာ ၁၈ တွင် အပြီးသတ် ပြောင်းရွှေ့ဖယ်ရှားပေးရန် ကြေညာကာ အမိန့်စာ များကိုပါ ဝေငှခဲ့သည်ဟု ထိုရပ်ကွက်တွင် နေထိုင်သူ အသက် ၄၁ နှစ်အရွယ် အမျိုးသားက ပြောသည်။ 

“အပြီးရွှေ့ပေးပါပေါ့။ မရွှေ့ပေးရင် ဥပဒေနဲ့ အညီ အရေးယူသွား မယ်ဆိုပြီးတော့ အော် လည်း အော်သွားတယ်။ စာတွေလည်း လိုက်ပို့သွားတယ်။ မဖယ်ပေးရင် ဥပဒေအရ အရေးယူမယ်။ သူတို့ ကိုယ်တိုင် လာဖျက်သွားမယ်ပေါ့” ဟု ၎င်းက ပြောသည်။
Mingaladon_3.Jpg

ပေ ၁၀၀၊ ပေ ၆၀ အကျယ်မြေကွက်ကို ပြီးခဲ့သည့် ၁၀ နှစ်ခန့်က ကျပ်ငွေ သိန်း ၂၅၀ ကျပ်ဖြင့် ဝယ်ယူထားခဲ့ခြင်း ဖြစ်ပြီး ပြောင်းရွှေ့ရန် နေရာမရှိသဖြင့် အခက်အခဲကြုံနေရသည်ဟု ထို အမျိုးသားက ဆက်ပြောသည်။ 

“ကျွန်တော့် ဘေးအိမ်တွေကို မေးကြည့်တာတော့ သိပ်စိတ်မပူနဲ့ပေါ့ဗျာ။ တကယ်လို့ ဖြစ်သွားခဲ့ရင်လည်း ဘယ်သူမှ မသွားကြ၊ မဖယ်ကြနဲ့ပေါ့ဗျာ။ စုစုစည်းစည်းနဲ့သာ နေကြဖို့ပေါ့။ တချို့ကလည်း အိမ်မှာပဲနေရင် အဖျက်ခံမယ်ပေါ့ဗျာ။ တချို့ကျတော့လည်း အိမ်မှာပဲနေပြီး အသေခံမယ်ပေါ့ဗျာ။ အမျိုးမျိုးပြောနေကြ တာပေါ့” ဟု ၎င်းက ဆိုသည်။ 

စံသမာဓိရပ်ကွက်တွင် အိမ်ထောင်စု ၁၄၂၂ စု၊ လူဦးရေ ၅၆၈၈ ဦးရှိသည်။ 

စစ်ကောင်စီက လာရောက် အကြောင်းကြားစာ ပေးပို့ပြီးနောက် စံသမာဓိ ရပ်ကွက်ရှိ ရပ်မိ၊ ရပ်ဖများ စုစည်းကာ အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ လတ်တလောတွင် ဖယ်ရှားပေးရန် မဖြစ်နိုင်သည့်အတွက် နေအိမ်များကို အကြမ်းဖက် လာရောက်ဖယ်ရှားပါကလည်း ဆက်လက်ရင်ဆိုင်သွားရန် ဆုံးဖြတ်ထားကြောင်း စံသမာဓိရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၃ နှစ် အရွယ် ဒေသခံ နောက်ထပ် အမျိုးသားတစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ ဒေသခံတွေကတော့ လောလောဆယ် အနေအထားကတော့ ဖယ်ပေးဖို့ဆိုတာက နေစရာ မရှိတာနဲ့ကို မလွယ်လှဘူးဗျ။ ကြိုတင်စီမံထားတာတော့ မရှိသေးဘူး။ သူတို့ရဲ့ စီမံခန့်ခွဲမှု အပေါ်မှာပဲ မူတည်ပြီးတော့ ရှေ့ဆက်လျှောက်ရမယ်လို့ မြင်တယ်ဗျ” ဟု သူက ပြောသည်။
Mingaladon_2.Jpg

ပျဉ်းမပင် ကျေးရွာအုပ်စုတွင် နေထိုင်သူအများစုမှာ မြန်မာဘီယာစက်ရုံနှင့် အထည်ချုပ် စက်ရုံများတွင် အလုပ် လုပ်ကိုင်ကြသည့် အလုပ်သမားမိသားစုများဖြစ်ပြီး လက်ရှိနေအိမ်မှ ပြောင်းရွှေ့ဖယ်ရှားပေးရန် အခက် အခဲနှင့် ရင်ဆိုင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။ 

စစ်အာဏာသိမ်းမှုနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၁ ခုနှစ် အတွင်း မြန်မာနိုင်ငံတွင် အလုပ်သမား ၁ ဒသမ ၆ သန်း ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (ILO) က ထုတ်ပြန်ထားပြီး  အလုပ်သမားအများစု နေထိုင်ရာ စက်မှုဇုန် အနီးတစ်ဝိုက်ရှိ ကျူးကျော် ရပ်ကွက်များလည်း ဆက်တိုက်ဆိုသလို ပင် ဖျက်ဆီးခံနေရသည်။ 

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း လှိုင်သာယာ စက်မှုဇုန် အနီးရှိ ရန်ကုန်၊ လှိုင်သာယာမြိုနယ် ၊ ဘုရင့်နောင် တံတားအဆင်း ရန်ကုန်-ပုသိမ်လမ်းမ တလျှောက်ရှိ ကျူးကျော်နေအိမ်များကို စစ်ကောင်စီက အင်အားသုံးဖျက်သိမ်းခဲ့ရာ လူဦးရေ သိန်းနှင့်ချီပြီး အိုး၊အိမ်မဲ့ ဖြစ်ခဲ့ရသည်။ 

Myanmar Now News

လေယာဥ် လောင်စာဆီထောက်ပံ့ရေးကွင်းဆက် က မြန်မာပြည်ကစစ်ရာဇ၀တ်မှုတွေကို မီးထိုးပေးနေကြောင်း အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ့အစီရင်ခံစာ နဲ့ပတ်သက်တဲ့ ဗီဒီယိုကိုကြည့်လို့ရပါပြီ။
အသေးစိတ်အစီရင်ခံစာကိုဖတ်ချင်တယ်ဆိုရင်လဲ အောက်ပါ Link မှာ ဖတ်ရှုနိုင်ပါတယ်။

Amnesty International

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၉) ရက်

၂၀၂၁ ခုနှစ် မတရားအာဏာလုခဲ့ချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံခဲ့ရသည့် နစ်နာ ခံစားရသူများအတွက် တာဝန်ယူမှု တာဝန်ခံမှု ယန္တရားများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများထံသို့ အစီရင်ခံနိုင်ရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)  (WLB) တို့မှ ပူးတွဲတောင်းဆိုချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းပြုချက်အရ အကြမ်းဖက်စစ်အုပ်စု၏ လက် ချက်ဖြင့် မုဒိမ်းကျင့်သတ်ဖြတ် (သို့မဟုတ်) သတ်ဖြတ်ပြီးနောက်မုဒိမ်းကျင့်ခြင်းခံခဲ့ရသည်ဟုဆိုနိုင်သော အရပ်သား ပြည်သူ အနည်းဆုံး (၁၂) ဦး ရှိခဲ့သည်။

အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် မြန်မာနိုင်ငံ၌ ဆယ်စုနှစ်များစွာကြာ ဖြစ်ပွားလျက်ရှိသော ပြည်တွင်းစစ်များအတွင်း အကြမ်းဖက်စစ်အုပ်စုမှ ဗမာမဟုတ်သည့် တိုင်းရင်းသားများအပေါ် ဖိနှိပ်ရန်အတွက် အသုံး ပြုလေ့ရှိသော စစ်လက်နက်တစ်ခု၊ လုပ်ရိုးလုပ်စဉ်နှိပ်ကွပ်မှုတစ်ခုအဖြစ် တည်ရှိလာခဲ့သည်။

သို့သော်လည်း ၈လေးလုံးအရေးတော်ပုံ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအစရှိသည့် ယခင့်ယခင်တော်လှန်ရေးလှုပ် ရှားမှုများ၌ ပါဝင်ပတ်သက်ခြင်းကြောင့် မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အထူးသဖြင့် အမျိုးသားအကျဉ်းသား သို့မဟုတ် သမရိုးကျ ကျား၊မအဖြစ် မခံယူသူများအနေဖြင့် ယခင်အတိတ်ကာလများ၌ ရင်ဆိုင်ကြုံတွေ့ခံစားခဲ့ရသော အဓမ္မပြုကျင့်မှုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့နှင့်ပတ်သက်၍ ၎င်းတို့အပေါ် ဆိုး ရွားစွာမတရားသဖြင့်ဆက်ဆံခဲ့မှုများအား ဖုံးကွယ်ထားလေ့ရှိခဲ့ကြသည်။

မေလ ၂၀၂၁ ခုနှစ်အတွင်းက စစ်အုပ်စုတပ်သားများနှင့် ရာဇဝတ်သားများ၏ အုပ်စုဖွဲ့မုဒိမ်းပြုကျင့်မှုကိုခံခဲ့ရသူ နိုင်ငံ ရေးအကျဉ်းသားဟောင်း *ကျော်ကျော်ကို အေအေပီပီအနေဖြင့် စက်တင်ဘာလ ၂၀၂၂ ခုနှစ်တွင် တွေ့ဆုံမေးမြန်းခွင့် ရခဲ့သည်။

ပထမနှစ် တက္ကသိုလ်ကျောင်းသားကျော်ကျော်သည် အာဏာလုမှုဖြစ်ပေါ်လာပြီးနောက် ရန်ကုန်မြို့၌ ပြောက်ကျား သပိတ်ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း ၎င်းပါဝင်ခဲ့သော ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသည့် ပြောက်ကျားသပိတ်တစ်ခု၌ လက်နက်ကိရိယာ အပြည့်အစုံတပ်ဆင်ထားသော စစ်သားများရောက်ရှိလာပြီး ဆန္ဒပြပွဲ ကို ဖြိုခွင်းခဲ့သည်။ ရိုဟင်ဂျာများအပေါ် ရက်စက် ကြမ်းကြုတ်သော “နယ်မြေရှင်းလင်းရေးများ” လုပ်ဆောင်ရာ၌ ပါဝင်ခဲ့သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်မှ စစ်သားများလည်း ထိုနေရာ အနီး တဝိုက်၌ နေရာချထားခဲ့သည်ကို သူ့တွေ့ရှိခဲ့ရသည်။

ကျော်ကျော်သည် အနီးနားရှိ ဆိုင်တစ်ခုအတွင်းကို ဝင်ရောက်ပုန်းခိုရန် ကြိုးစားနေစဉ် ရဲနှင့် စစ်သားများရောက်ရှိ လာပြီး ဖမ်းဆီးခြင်းခံခဲ့ရကာ မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းခြင်းခံခဲ့ရသည်။ ၎င်းကို စစ်ကြောရန်အတွက် အခန်းတစ်ခု အတွင်း၌ ထားရှိခဲ့ပြီး ထိုင်ခုံပေါ်၌ ကြိုးတုပ်၍ ၎င်း၏မျက်နှာနှင့် ခန္ဓာကိုယ်ကို ရိုက်နှက်ခဲ့သည်။ အမိန့်ပေးအရာရှိသည် ပါးရိုက်ခြင်း၊ ကန်ကျောက်ခြင်းမှတဆင့်တိုး၍ လက်ချောင်းများကို လိမ်ခြင်း၊ ချိုးခြင်းများ၊ ဓားဖြင့်လည်ပင်းကို ထောက်ခြင်းများ ပြုလုပ်ခဲ့သည်။ လိုချင်သည့် အဖြေများမရသည့်အခါ ကျော်ကျော်၏ နားရွက်အတွင်းကို မီးညှိထား သည့် ဆေးလိပ်များ ထည့်ခဲ့သောကြောင့် ၎င်း၏ နားတစ်ဖက်မှာ ပြန်လည်ကုသ၍မရတော့ဘဲ အကြားအာရုံချို့ယွင်း ခဲ့ရသည်။ ထိုနေ့ညနေ၌ စစ်ကြောသူများသည် ၎င်းအား လိင်စိတ်ခံယူမှုကွဲပြားသူမှန်း သိရှိသွားသောအခါ “အထဲမှာ မင်းလိုကောင်တွေကို စားချင်တဲ့ ရာဇဝတ်သားတွေရှိတယ်” ဟု ပြောကြားခဲ့သည်။

ကျော်ကျော်ကို လက်ထိပ်ခတ်၍ ရာဇဝတ်သားသုံးဦး၊ စစ်သားနှစ်ဦးနှင့်အတူ အချုပ်ခန်းအတွင်း၌ ထည့်ထားခဲ့သည်။ မိနစ် ၃၀ ကျော်အတွင်း ကျော်ကျော်အား အဆိုပါ လူငါးဦးမှ အုပ်စုဖွဲ့ပြီး အဓမ္မပြုကျင့်ခဲ့သည်။ ရာဇဝတ်သားတစ်ဦး သည် ကျော်ကျော်၏ နောက်ဖက်မှ နေပြီး စအိုပေါက်အတွင်းကို လိင်တံထည့်သွင်း၍ အဓမ္မပြုကျင့်ခဲ့ပြီး ကျန်လေးဦး မှာ ကျော်ကျော်ခန္ဓာကိုယ်ကို ဝိုင်း၍ မဖွယ်မရာ ကိုင်တွယ်ခဲ့ကြသည်။ အဓမ္မပြုကျင့်ပြီးနောက် ကျော်ကျော်ကို ၎င်း အား အဓမ္မပြုကျင့်ခဲ့သူနှင့်အတူ တစ်ခန်းထဲ အိပ်ခိုင်းခဲ့သည်။ ကျော်ကျော်သည် တစ်ညလုံးစအိုမှသွေးထွက်၍ နာ ကျင်မှုကိုခံစားခဲ့ရပြီး နောက်တစ်နေ့နံနက်တွင် သူ့အား ရွှေပြည်သာစစ်ကြောရေးသို့ လွှဲပြောင်းခဲ့သည်။ အဆိုပါနေရာ တွင် သူ့ကို နှစ်ရက်နှင့် နှစ်ညဆက်၍ ညှင်းပန်းနှိပ်စက်ခဲ့သည်။ စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်ရာ၌ AAPP ၊ WLB နှင့် အခြားသောလူ့အခွင့်အရေးအဖွဲ့များမှ မှတ်တမ်းတင်ထားသည့် စစ်တပ်၏ညှဉ်းပန်းနှိပ်စက်မှုနည်းလမ်းများ အ တိုင်း လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

“လူလို့ ဖြစ်တည်လာရင် သူတို့ရဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတာတွေအတွက် တရားမျှတမှုရရှိခွင့်နဲ့ ဣန္ဒြေ ဂုဏ်သိက္ခာထိန်းသိမ်းပိုင်ခွင့်တို့ကို ရထိုက်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ ကျူးလွန်သူ အပေါင်းအပါတွေကို သိစေချင်တာကတော့ နောင်အနာဂတ်လွတ်လပ်တဲ့ဖက်ဒရယ်မြန်မာနိုင်ငံမှာ ခင်ဗျားတို့ရဲ့ ရာဇ ဝတ်မှုတွေအတွက် ခင်ဗျားတို့တာဝန်ခံရမယ်ဆိုတာပဲ” ဟု AAPP၏ အတွင်းရေးမှူး ဦးတိတ်နိုင်ကဆိုသည်။

လက်ရှိအချိန်တွင် ကျော်ကျော်သည် ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး လုံခြုံစိတ်ချရသောနေရာတစ်ခုတွင် ရောက်ရှိနေပြီဖြစ်သည်။ သူ၏ တရားမျှတမှုရလိုစိတ်သည် သူမျှော်လင့်နေသည့် အနာဂတ်မြန်မာနိုင်ငံအတွက် ထားရှိ သော သူ့ဆန္ဒများနှင့် ထပ်တူထပ်မျှရှိနေသည်။ “ကျွန်တော့်အနေနဲ့ အခြားသူတွေကို ကိုးကွယ်ရာဘာသာ၊ အသား အရောင်၊ လိင်ကွဲပြားမှုတို့ မခွဲခြားဘဲ သူတို့အရည်အချင်းနဲ့ ထိုက်တန်တဲ့နေရာ ကိုယ်စီရရှိစေချင်ပါတယ်။ ကျွန်တော် တို့ နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခုကို ရရှိခံစားစေချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို ဒီမို ကရေစီနိုင်ငံတော်ကြီး ဖြစ်စေချင်တယ်” ဟု ကျော်ကျော်ကပြောသည်။

“အခုနွေဦးတော်လှန်ရေးက စစ်အာဏာရှင်ပြုတ်ကျရေးတင်မဟုတ်ဘဲ မြန်မာပြည်သူအများစုရဲ့ ရှေးရိုးစွဲအမြင်တွေ ကိုပါ ပြောင်းလဲပစ်နိုင်ခဲ့တယ်။ လူနည်းစုအခွင့်အရေးတွေကို ပိုပြီးအသိအမှတ်ပြုလာတယ်၊ လိင်စိတ်ခံယူမှုကွဲပြားတဲ့ သူတွေအပေါ်မှာလည်း ပိုမိုလက်ခံလာကြတယ်။ တော်လှန်ရေးထဲမှာ အမျိုးသမီးများရဲ့ ဦးဆောင်ပါဝင်မှုအခန်းကဏ္ဍ ကို အသိအမှတ်ပြုလာသလို LGBT အသိုင်းအဝိုင်းရဲ့ အခန်းကဏ္ဍစတဲ့ ခွဲခြားဆက်ဆံမှု အဟန့်အတားတွေကိုလည်း အတူဝိုင်းဝန်းတွန်းလှန်လာနေကြတယ်။ ဒါ့အပြင် မုဒိမ်းပြုကျင့်ခံရသူ အမျိုးသားတွေဟာလည်း သူတို့နစ်နာခံစားရမှု ကို သိုဝှက်မြိုသိပ်ထားနေရတဲ့ နောက်ထပ်အဟန့်အတားတစ်ခုကို ဖြိုချပြီး စစ်အုပ်စုရဲ့ရမ်းကားရက်စက်မှုတွေကို ထုတ်ဖော်ပြောဆိုလာနေပါပြီ ” ဟု AAPP၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်မှ ပြောကြားခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ တာဝန်ရှိသူတစ်ဦးက “အကြမ်းဖက်စစ်ကောင်စီက မုဒိမ်းမှုအပါအဝင် လိင်အ ခြေပြုအကြမ်းဖက်မှု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်လက်နက်တစ်ခုအဖြစ် ကင်းလွတ်ခွင့်နဲ့ ကျူးလွန် နေတာ နှစ်ပေါင်းများစွာရှိပြီ။ ဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်ပြီး ကင်းလွတ်ခွင့်ရနေသရွေ့ ကတော့ ကျမတို့ လူမှုအသိုင်းအဝိုင်းက ဘယ်တော့မှ ငြိမ်းချမ်းရေးမရနိုင်ဘူး။ ဒါကြောင့် ဒီလိုလိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုကို ကျူးလွန်သူအားလုံး ကင်းလွတ်ခွင့် လုံးဝမရှိသင့်ဘူး။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ရာဇဝတ်မှုဖြစ် တယ်။ ဒါကြောင့် လုံးဝ အရေးယူမှုရှိရမယ်၊ တာဝန်ခံမှုရှိရမယ်” ဟု စစ်အုပ်စု၏ကျူးလွန်မှုများနှင့် ပတ်သက်၍ဆို သည်။

အဓမ္မပြုကျင့်ခံရသူ သို့မဟုတ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းခံရသူများအနေနှင့် လုံခြုံစိတ်ချရသည့် အခြေအနေ တွင် ရှိနေပါက လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့်သူများထံ ဆက်သွယ်၍ ဖြစ်စဉ်များကို ပြောကြား၍ မှတ်တမ်းတင်သိမ်းဆည်းမှုပြုလုပ်နိုင်ရန် ယခုအကျဉ်းချုပ်ဖော်ပြချက်ကို အထူးတောင်းဆိုမှုတစ်ခုနှင့် အဆုံးသတ်လိုပါသည်။ ဤအထူးတောင်းဆိုမှု၏ရည်ရွယ်ချက်မှာ နစ်နာခံစားရသူများအား ၎င်းတို့၏ဖြစ်စဉ်များကို ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိရှိ မျှဝေနိုင်စေရေးအတွက် ခွန်အားဖြစ်စေရန်ဖြစ်ပါသည်။

ဆက်သွယ်ရန်

info@aappb.orgdetention-data@aappb.org

secretariat@womenofburma.org

ပြည်တွင်း၌ ကျန်ရစ်ခဲ့သော မိသားစုဝင်များကို ကာကွယ်ရန် ယခုဖော်ပြမှုတွင် အမည်ဝှက်များကိုသာ အသုံးပြုခဲ့ပါ သည်။ (ဤနေရာတွင်ကြည့်ပါ – စစ်အုပ်စုမှ ဓားစာခံဖမ်းဆီးခြင်းနှင့် ပစ္စည်းဥစ္စာများ သိမ်းယူခြင်းများအကြောင်း လေ့လာရန်)

ဝေါဟာရနှင့်ပတ်သက်၍သတိပြုရန် ။

နိုင်ငံတကာ စာချုပ်စာတမ်း ပြဌာန်းချက်များသည် လူတဦးချင်းလွတ်လပ်မှု ဆိုင်ရာ ချိုးဖောက်မှုအ ကြောင်းကို ရှင်းလင်းဖေါ်ပြရာ၌ “ဖမ်းဆီးမှု” (arrest) နှင့် “ထိန်းသိမ်းချုပ်နှောင်မှု” (detention) ဟူ သော စကားရပ်များကို သုံးစွဲပုံ ရှေ့နောက်ညီညွတ်ခြင်း မရှိချေ။ အချို့သောစာချုပ်စာတမ်း ပြဌာန်းချက် များက ဤ ဝေါဟာရကို ဖမ်းဆီးခြင်း (apprehension)၊ ချုပ်နှောင်ခြင်း (incarceration)၊ ထောင်ချခြင်း (imprisonment) စသည့် စကားရပ်များ အတွက်ပါ အသုံးပြုလေ့ ရှိကြသည်။ ရှေ့နောက်ညီညွတ်ရေး အတွက် ဤစာစောင်က ဖမ်းဆီးမှုနှင့် ချုပ်နှောင်မှုဟူ၍သာ သုံးပါမည်။

() အင်္ဂါရပ်များ

(က) နိုင်ငံတကာဥပဒေအရဆိုလျှင် မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှုတို့၏ အင်္ဂါရပ်များ ကား အဘယ်နည်း။

 ၁။ မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှုကို လူ့အခွင့်အရေးချိုးဖောက်မှုတရပ်အဖြစ် မှတ်တမ်း ပြုရန်အလို့ငှာ အောက်ပါ အင်္ဂါရပ် (၄) ရပ် ထင်ရှားကြောင်းဖေါ်ပြရပါမည်။

(က) လူတဦးတယောက်ကို ဖမ်းဆီးခြင်း သို့မဟုတ် အချုပ်ခန်းသို့ပို့ခြင်း။

(ခ) တရားဥပဒေမဲ့ အတင်းအကျပ်ပြုမှု။

(ဂ) ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို ရုပ်သိမ်း ထိခိုက်စေခြင်း။

(ဃ) အစိုးရ၏ လုပ်ဆောင်ချက်။

() မတရား ဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှုဆိုသည်မှာ

အကယ်၍ ဖမ်းဆီးမှုနှင့် ချုပ်နှောင်မှုများသည် တရားဥပဒေနှင့် မညီခြင်း၊ (သို့မဟုတ်) အကြောင်းပြချက် မပေးနိုင်ခြင်း၊ (သို့မဟုတ်) မတန်တဆဖြစ်ခြင်း၊ သို့မဟုတ် ကံသေကံမ (ကြိုတင်တွက်ချက်၍) မပြောနိုင် ခြင်းတို့ ရှိနေပါလျှင် မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှုဟု ဆိုနိုင်ပါသည်။ သာဓကအားဖြင့် ဖေါ်ပြရပါလျှင်၊ အောက်ပါအခြေအနေများ၌ ဖမ်းဆီးချုပ်နှောင်ခြင်း ပြုပါက တရားဥပဒေမဲ့ အတင်းအ ကျပ်ပြုမှု၊ အဖြစ်မှတ်ယူပါသည်။

  • တစုံတယောက်သည် နိုင်ငံတကာဥပဒေက အာမမခံထားသော အခြခံအခွင့်အရေးတရပ်နှင့် အညီ ပြုမူနေလျှင်ဖြစ်စေ၊
  • တရားမျှတသော တရားစီရင်မှု အခွင့်အရေးကဲ့သို့သော အခြခံကျသော တရားဥပဒေဆိုင်ရာ ကျင့်ထုံးကို ချိုးဖောက်ခြင်း ပြုလျှင်ဖြစ်စေ၊
  • စီရင်ချက်အတိုင်းပြစ်ဒဏ်ကျခံပြီးဖြစ်နေပါလျက် သို့တည်းမဟုတ် လွတ်ငြိမ်းချမ်းသာခွင့်ရ ပြီးဖြစ်နေပါလျက် တစုံတ ယောက်ကို ဆက်လက်ချုပ်နှောင်ထားခြင်းကဲ့သို့သော ဥပဒေအ ခြေခံ ကင်းမဲ့မှုမျိုး ဖြစ်နေလျှင်ဖြစ်စေ၊
  • လက်ခံနိုင်လောက်သော၊ သို့မဟုတ် လုံလောက်သော သို့မဟုတ် တရားမျှတသော၊ သို့မ ဟုတ် ကျောသား ရင်သားမခွဲ ခြားသော အကြောင်းက္စိမရှိလျှင်ဖြစ်စေ။

နိုင်ငံတကာဥပဒေ–  ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်

နိုင်ငံတကာဥပဒေက ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့် မတရား ရုပ်သိမ်းခြင်းကို ပိတ်ပင်တားဖြစ်ထားသည်။ မ တရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှုတို့သည် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် မတရားရုပ်သိမ်းခြင်း အဖြစ် နိုင်ငံတကာ ဥပဒေချိုးဖောက်မှု တရပ်ဖြစ်သည်။

() အစိုးရ၏ လုပ်ဆောင်ချက်ဆိုသည်မှာ

လူပုဂ္ဂိုလ်တစုံတယောက်အနေနှင့် သူ-သူမ၏ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့် ရုပ်သိမ်းခံနေရသည့် ကာလမှာ ပင်လျှင် အနိမ်ဆုံး ရှိအပ်သော ချုပ်နှောင်မှုအခြေအနေ မပြည့်စုံပါက အစိုးရများအနေနှင့် နိုင်ငံတကာဥပ ဒေအရ ဆောင်ရွက်ရမည့် မိမိတို့၏ တာဝန် ဝတ္တရားများကို ချိုးဖောက်ရာ ရောက်နိုင်ပေသည်။နိုင်ငံ တကာ တရားဥပဒေအရဆိုလျှင် မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှု မြောက်စေရန်အတွက် အ စိုးရတရပ်က လုပ်ဆောင်ချက်မျိုးဖြစ်ရန် လိုအပ်ပါသည်။ အစိုးရဆိုသည်မှာ “မြို့တော်မှာ အခြေစိုက်ထားပြီး၊ နိုင်ငံတကာအသိအမှတ်ပြု ပိုင်နက်နယ်မြေရှိ လူများနှင့်အရင်းအမြစ်များ ကို ချုပ် ကိုင်ရန်နှင့် စီစဉ်နေရာချထားရန် ကြိုးပမ်းသော အမျိုးသား(နိုင်ငံတော်အဆင့်) အဖွဲ့အစည်း”ကို ရည် ညွှန်းခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ အစိုးရ၏လုပ်ဆောင်ချက်အရ ဤအဖွဲ့အစည်းသည် ချိုးဖောက်မှုတွင် တာဝန်ရှိသည်၊ သို့မဟုတ် ပါဝင်ပတ်သက်နေသည်ဟု အဓိပ္ပါယ် ရပါသည်။ သာဓကအားဖြင့် ဖေါ်ပြရပါ လျှင်၊ အစိုးရအရာရှိတဦးက မတရားဖမ်းဆီးမှုနှင့် ထိန်းသိမ်းချုပ်နှောင်မှု တခုကို ကျူးလွန်သည်ဆိုရာ၌ အစိုးရလုပ်ဆောင်ချက်အတွက် လိုအပ်သည်များကို ဆောင်ရွက်ခြင်းဖြစ်သည်။အစိုးရလုပ် ဆောင် ချက်တွင် တရားဝင် အသိအမှတ်ပြုမှုဖြင့်သော်လည်းကောင်း၊ ခွင့်ပြုမှုဖြင့်သော်လည်းကောင်း ဖြစ်ပွား သော ချိုးဖောက်မှု၊ (သို့မဟုတ်) ချိုးဖောက်မှုကို တားဆီးရန်သော်လည်းကောင်း၊ ချိုးဖောက်မှုနှင့် ပတ် သက်၍ လုံလောက်စွာ အရေးယူရန်သော်လည်းကောင်း အစိုးရ၏ ပျက်ကွက်မှုများလည်း ပါဝင်ပါ သည်။သာဓကအားဖြင့်ဖေါ်ပြရပါလျှင်၊ မတရားဖမ်းဆီးမှုနှင့် ချုပ်နှောင်မှုတို့ ကျူးလွန်သော တဦးချင်း ပုဂ္ဂိုလ်များကို အပြစ်ပေးအရေးမယူဘဲ လွှတ်ပေးထားလျှင် အစိုးရ အနေနှင့် နိုင်ငံတကာဥပဒေကို ချိုး ဖောက်ရာရောက်ပါသည်။