ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခြင်း၏ အဓိပ္ပါယ်ကို သတ်မှတ်ခြင်း
(က) နိုင်ငံတကာ ဥပဒေအရဆိုလျှင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခြင်း၏ အင်္ဂါရပ်များကား အ ဘယ်နည်း။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ချိုးဖောက်ခြင်းအမှုများကို မှတ်တမ်းတင်ရန်အတွက် အင်္ဂါရပ် (၃) ရပ်နှင့် ပြည့်စုံ ကြောင်း သက်သေပြသရန် လိုအပ်ပါသည်။
၁။ ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ထိပါး နှောင့်ယှက်ခြင်း
၂။ တရားမဝင်ပြုမှု
၃။ အစိုးရ၏ ဆောင်ရွက်ချက်တို့ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ ဥပဒေ – ပုဂ္ဂလိကပိုင်ဆိုင်ခွင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပုဒ်မ (၁၇)သည် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို အတိအ လင်း အသိအမှတ်ပြုထားသည့် တခုတည်းသော အပြည်ပြည်ဆိုင်ရာပင်မ သဘောတူညီချက်ဖြစ် ပါသည်။ အခြားသော အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် လူမျိုးရေးဆိုင်ရာ ခွဲခြားဖိ နှိပ်မှု ပုံစံအားလုံး အဆုံး သတ်စေရေး နိုင်ငံတကာသဘောတူညီချက် Convention on the Elimination of All Forms of Racial Discrimination နှင့် အမျိုးသမီးများကို နည်းပေါင်းစုံနှင့် ခွဲခြားဖိနှိပ်ဆက်ဆံနေ ခြင်း အဆုံးသတ်စေရေး နိုင်ငံတကာ သဘောတူညီချက် Con- vention on the Elimination of All Forms of Discrimination against Women စသဖြင့်တို့သည် သက်ဆိုင်ရာ ရှုထောင့်အသီးသီးမှ ပုဂ္ဂလိက ကပိုင်ဆိုင်ခွင့်ကို ဆန်းစစ်ထားကြပါသည်။ ဥပမာဖော်ပြရသော်- ခွဲခြားဆက်ဆံမှု မရှိခြင်း ပင်
ြစ်ပါသည်။ ဒေသဆိုင်ရာ သဘောတူညီချက်များဖြစ်သည့် အမေရိကတိုက် နိုင်ငံများ၏ လူ့အခွင့်အရေး ဆိုင်ရာ သဘောတူညီချက American Convention on Human Rights လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့်များ ကာကွယ်ပေးရေးဆိုင်ရာ ဥရောပနိုင်ငံများ သဘောတူညီချက် Protocol to the European Convention for the Protec- tion of Human Rights and Fundamental Freedoms တို့တွင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ပိုမိုရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဖော် ပြထားကြပါသည်။
(ခ) မည်သည့်အချက်များသည် ထိပါး နှောင့်ယှက်မှု မြောက်သနည်း။
အစိုးရ၏ မည်သည့်ဌာန၊ အဖွဲ့အစည်းကမဆို ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ထိပါးနှောင့်ယှက်သည့် မည်သည့် လုပ်ဆောင်မှုမျိုး မဆိုပြုလာပါက အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်ကြောင်း မှတ်တမ်းရယူရန် အတွက် ထိပါးချိုးဖောက်ကြောင်း မြောက်ပါသည်။ ထိပါးနှောင့်ယှက်သည့် အခြေအနေ၊ အတိုင်းအတာ သည် အရေးမကြီးပါ။ ပိုင်ဆိုင်မှုကို အသုံးချရာ၌၊ ပျော်ရွှင်မှုခံစားရာ၌ အနည်းငယ်မျှ အနှောင့်ယှက် ဖြစ်ရလျှင်ဖြစ်စေ၊ သို့မဟုတ် လုံး၀နစ်နာဆုံးရှုံးရလျှင်ဖြစ်စေ ချိုးဖောက်မှု အတူတူပင်ဖြစ်ပါသည်။ မည် သို့ ထိပါးနှောင့်ယှက်သည်ဆိုသည့် ပုံသဏ္ဌာန်ကလည်းအရေးမကြီးလှပါ။ ဤသို့ချိုးဖောက်ပုံများတွင် ကန့်သတ်တားမြစ်သည့် ဥပဒေများ၊ အမိန့်များ၊ ဒီဂရီများ၊ တရားရုံးဆုံးဖြတ်ချက်များ၊ ရုပ်ပိုင်းဆိုင်ရာ လက်တွေ့ပြုမူဆောင်ရွက်မှုများပါဝင်ပါသည်။
(ဂ) ပုဂ္ဂလိက ပိုင်ဆိုင်မှု အခွင့်အရေးတွင် မည်သည့်အခွင့်အရေးများ ပါဝင်နေကြသနည်း။ ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေးတွင် အခွင့်အရေးမျိုးစုံ ပါဝင်နေပါသည်။ ဤအခွင့်အရေးများတွင် ပိုင် ဆိုင်မှုကို ထိန်းချုပ်ခွင့်၊ အသုံးချခွင့်၊ စီမံခန့်ခွဲခွင့်၊ ခံစားခွင့်၊ အကျိုးအမြတ်ထုတ်ယူခွင့်၊ လွှဲပြောင်းခွင့်၊ သို့မဟုတ် ရောင်းချခွင့်၊ သို့မဟုတ် စွန့်ပစ်ခွင့်၊ သို့မဟုတ် အခြားပိုင်ဆိုင်မှုများမှ သီးခြားခွဲခြားထားခွင့် အခွင့်အရေးများပါဝင်ပြီး၊ ဤမျှနှင့် ကန့်သတ်ထားချက်မရှိပါ။ ထို့အပြင် ပုဂ္ဂလိက ပိုင်ဆိုင်မှု အခွင့်အ ရေးနှင့်ပတ်သက်၍ တညီတညွတ်တည်း အဓိပ္ပာယ်ဖွင့်ဆိုချက်လည်းမရှိပါ။ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွင် ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော အရာဝတ္ထု အားလုံးပါဝင်ပါသည်။ ထိတွေ့နိုင်သော၊ မထိတွေ့ နိုင်သော အရာအားလုံးပါ ဝင်သည်။ဤပစ္စည်းများအပေါ်မှ တန်ဖိုးထုတ်ယူ၍လည်းရသည်။[1] ဥပမာ ဖော်ပြ ရလျှင်- လူတဦး၏ ကိုယ်ပိုင်၊ လူတဦး၏ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ မြေ၏ယဉ်ကျေးမှုဆိုင်ရာ ပိုင် ဆိုင်မှု၊ အသိညာဏ်ဆိုင်ရာ ပိုင်ဆိုင်မှုတို့ကို ပိုင်ဆိုင်မှုအဖြစ် မှတ်ယူပါသည်။
ကယားတွင် လူ ၄၀ ကျော် မီးပုံရှို့ခဲ့သည့် စစ်သားများ ဖမ်းမိဟု KNDF ပြော
သုံ့ပန်းများမှာ ယမန်နှစ် ခရစ်စမတ်အကြိုနေ့တွင် မူဆိုရွာအနီး လူနှင့် ယာဉ်များ မီးပုံရှို့သည့် ဖြစ်စဉ်တွင် ပါဝင်သူများဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့က ဆိုသည်။
လွန်ခဲ့သည့်နှစ်က ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီးတွင် ကလေးများ အပါအဝင် လူ ၄၀ ကျော်ကို သတ်ဖြတ် မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့မှ လေးဦးကို ဖမ်းမိထားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ပြောသည်။
ဒီးမော့ဆိုမြို့နယ် ဒုန်းကမီး(ဒေါကမီး)ကျေးရွာတွင် ဒီဇင်ဘာ ၃ ရက်က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ရရှိသည့် တပ်မ ၆၆ လက်အောက်ခံ အမှတ် ၁၀၈ ခြေမြန်တပ်ရင်းမှ ထိုစစ်သားများကို ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP) ထံ အပ်နှံသွားမည်ဟု သိရသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ၂၀ ကျော်သေဆုံးကြောင်း၊ ဖမ်းမိသူများမှာ တပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ် ၂ ဦးနှင့် တပ်သား ၁ ဦးတို့ဖြစ်ပြီး လက်ရှိတွင် နိုင်ငံတကာဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး (၃) ခူးရီးဒူက ပြောသည်။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်တွင် အခြေစိုက်သည့် ခမရ ၁၀၈ တပ်ရင်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကတည်းက ကရင်နီပြည်နယ်တွင်း ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ ယမန်နှစ် ခရစ်စမတ်အကြိုနေ့၊ မိုဆိုရွာလူသတ်မှုတွင် ပါဝင်ကျူးလွန်ခဲ့ကြောင်း သုံ့ပန်းများက ဝန်ခံသည်ဟု ၎င်းက ဆက်ပြောသည်။
“ကျွန်တော်တို့ ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်သားတွေကိုယ်၌က ထွက်ဆိုချက်ဖြစ်တယ်။ သူတို့ကိုယ်၌က ဝန်ခံထားတဲ့ကိစ္စဖြစ်တယ်” ဟု ခူးရီးဒူက ဆိုသည်။
အထက်ပါ ပြောဆိုချက်နှင့် ပတ်သက်၍ သုံ့ပန်းများ၊ စစ်ကောင်စီတာဝန်ရှိသူများကို မေးမြန်းနိုင်ခြင်း မရှိသေးပေ။
Moso_1.Jpeg
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး လူနှင့်ယာဉ်များ မီးပုံရှို့ခံရသည့် အပျက်အစီးများကို ၂၀၂၁ ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – KNDF
ဖရူဆိုမြို့ အနောက်မြောက်ဘက် ၂ ကီလိုမီတာခန့်အကွာ မိုဆိုကျေးရွာအနီး မိုဆို − ကွိုင်ငံ ရွာချင်းဆက်လမ်း တစ်နေရာတွင် ၂၀၂၁၊ ဒီဇင်ဘာ ၂၄ ရက်က ကုန်တင်ကား ၅ စီး၊ အိမ်သုံးကား ၂ စီး၊ ထော်လာဂျီ ၂ စီး၊ မော်တော်ဆိုင်ကယ် ၆ စီးနှင့်အတူ မီးကျွမ်းနေသည့် ရုပ်အလောင်းနှင့် ရုပ်ကြွင်းအစိတ်အပိုင်းများ တွေ့ရသည်။
ထိုဖြစ်စဉ်ကို စစ်ကောင်စီလက်ချက်ဟု ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များက သက်သေများ ထုတ်ပြခဲ့ကြသည်။ စစ်ကောင်စီကမူ တိုက်ပွဲဖြစ်ချိန်တွင် ခရီးသွားယာဉ်တန်းရှေ့ပိုင်း မော်တော်ယာဉ်အချို့တွင် တင်ဆောင်လာသည့် စက်သုံးဆီများ ပေါက်ကွဲ၍ မီးလောင်ခြင်းသာဖြစ်ကြောင်း ဆိုသည်။
မီးကျွမ်းနေသည့် ရုပ်အလောင်းများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဆရာဝန်များက ဆေးပညာအရ စစ်ဆေး၊ ကရင်နီပြည်ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်မှုများ လုပ်ဆောင်ခဲ့ရာ ရေတွက်၍ရသည့် ရုပ်အလောင်း ကျား ၂၆ နှင့် မ ၅၊ မည်သူမည်ဝါ ခွဲခြားနိုင်ခြင်းမရှိသည့် ခန္ဓာကိုယ်ရုပ်ကြွင်း ပလတ်စတစ်အိတ်အကြီး သုံးလုံစာရှိ၍ သေဆုံးသူ ၄၀ ကျော်မည်ဟု တော်လှန်ရေးအင်အားစုတို့က သတ်မှတ်ထားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီကို နိုင်ငံတကာတရားစီရင်ရေးနည်းလမ်းများဖြင့် တရားစွဲရန် စီစဉ်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးနှင့် ကရင်နီပြည်ရဲတပ်ဖွဲ့က ဆိုထားသည်။ တစ်နှစ်ကြာချိန်တွင် မည်သို့ ဆက်လက်လုပ်ဆောင်နေသည်ကို မသိရသေးပေ။
Mu_so_case_f.jpeg
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုရွာ၊ မီးလောင်ပြင်နှင့် စစ်ကောင်စီတပ်အခြေစိုက်သည့် တည်နေရာတို့ကို ကောင်းကင်ဓာတ်ပုံမှတစ်ဆင့် တွေ့ရစဉ်။ ဒီဇိုင်း Myanmar Now
ထိုဖြစ်စဉ်ပြီးနောက်တွင် ခမရ ၄၂၈၊ ၅၃၁၊ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် အခြေစိုက်စခန်းတို့နှင့် အလှမ်းမဝေးသည့် နေရာတွင်ရှိသည့် မိုဆိုရွာခံများမှာ ယနေ့တိုင် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်ဟု စုံစမ်း သိရှိရသည်။
အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း စစ်ကောင်စီကို ခုခံနေသည့် နိုင်ငံအနှံ့ ဒေသများအနက် ကယား(ကရင်နီ) ပြည်နယ်သည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ယမန်နှစ်ကုန်ပိုင်းတွင် မြို့တော် လွိုင်ကော်ကိုပါ တော်လှန်ရေးအဖွဲ့များက ခြိမ်းခြောက်နိုင်ပြီးနောက်တွင် စစ်ကောင်စီက ကယား (ကရင်နီ) အတွင်း လေကြောင်း၊ အတွဲလိုက်ပစ်ဒုံး၊ လက်နက်ကြီး၊ တင့်ကားမျိုးစုံသုံး၍ စစ်ဆင်နေသည်။
နေပြည်တော်သို့ ကားဖြင့် သွားလျှင် နာရီပိုင်းခရီးသာရှိသည့် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီက စစ်ဆင်ရေးများ ဆက်တိုက်လုပ်နေသည်။
Moso_info-Graph.jpeg
ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက် လူနှင့် ယာဉ်များ မီးပုံရှို့ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီပြောဆိုချက်နှင့် မြေပြင်အခြေအနေကွဲလွဲချက်
Kndf_photo.jpeg
ကယား(ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် မိုဆိုရွာအနီး သတ်ဖြတ်ခံရသူများကို ၂၀၂၁ ဒီဇင်ဘာ ၂၉ ရက်က သင်္ဂြိုဟ်နေစဉ်။ ဓာတ်ပုံ – Myanmar Now
Myanmar Now News
လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အဆိုးဆုံးစာရင်းထဲမှာ မြန်မာထိပ်ဆုံးပါဝင်
ဝ၂၂ ခုနှစ်ကနေ ၂ဝ၂၃ ခုနှစ်အတွင်း လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်ခြေရှိတဲ့ အဆိုးဆုံးနိုင်ငံတွေစာရင်းထဲမှာ မြန်မာနိုင်ငံကို နံပါတ် ၃ နေရာကနေ ဖော်ပြလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု အခြေစိုက် Holocaust Museum ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှု မှတ်တမ်းပြတိုက်နဲ့ အမေရိကန်အခြေစိုက် သုတေသနအဖွဲ့တွေရဲ့ နိုဝင်ဘာလကုန်ပိုင်းထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပါတယ်။
အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်မလာအောင် စောစောစီးစီး သတိပေးချက် ထုတ်ပြန်တာဖြစ်ပြီးတော့ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေကို ကျူးလွန်နေသူတွေကို အရေးယူဖို့လည်း တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ ပါကစ္စတန်၊ ယီမင်နဲ့ မြန်မာ သုံးနိုင်ငံကို အဆိုးဆုံးနိုင်ငံတွေအဖြစ် အစဉ်လိုက် ဖော်ပြထားပြီး မြန်မာနိုင်ငံမှာဆိုရင် အခုကတည်းက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဖြစ်နေပြီလို့ ပြောထားပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့မှုနဲ့ ကရင်၊ ကချင်၊ ရှမ်းစတဲ့ လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေဟာ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်ကတည်းက ရှိခဲ့တယ်လို့ ထောက်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီကို ဆန့်ကျင်ပြီး လက်နက်ကိုင်ပြန်ခုခံတော်လှန်နေတယ်ဆိုတဲ့ သံသယနဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်လို့ ဖော်ပြပါရှိပါတယ်။
၂ဝ၂၁ ခုနှစ် အစောပိုင်းမှာ မြန်မာစစ်တပ်ဟာ အရပ်သား ခေါင်းဆောင်တွေကို ဖြုတ်ချအာဏာသိမ်းခဲ့ပြီးနောက် အရပ်သားတွေကို ပစ်မှတ်ထား အကြမ်းဖက်မှုတွေကို စနစ်တကျ ကျူးလွန်နေတာကြောင့် အနည်းဆုံးလူပေါင်း ၁၆၀၀ ကျော်သေဆုံးခဲ့ရတယ်လို့လည်း ပြောထားပါတယ်။
ပြီးခဲ့တဲ့နှစ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရနိုင်ခြေရှိတဲ့ အဆိုးဆုံးနိုင်ငံတွေစာရင်းထဲမှာ မြန်မာနိုင်ငံက နံပါတ် ၁၇ နေရာမှာ ရှိခဲ့ရာကနေ ဒီနှစ်မှာ နံပါတ် ၃ နေရာကို ရောက်လာတာဖြစ်ပါတယ်။
RFA Burmese News
ကရင်နီနှင့် ကရင်ပြည်နယ်မှ နေရပ်ပြန် စစ်ဘေးရှောင်အချို့ အခက်အခဲရှိနေ
စစ်ဘေးရှောင်အချို့ နေရပ်ပြန်ကြသော်လည်း တိုက်ပွဲထပ်ဖြစ်ခြင်းကြောင့် ထပ်မံရှောင်တိမ်းနေရသည်။ အိမ်မီးရှို့ခံရမှု၊ ပစ္စည်းခိုးယူခံရမှုတို့နှင့် ရင်ဆိုင်ရသူများလည်း ရှိနေသည်။
ကယားပြည်နယ် (ကရင်နီ) နှင့် ကရင်ပြည်နယ်တို့မှ စစ်ရှောင်နေရသူများထဲတွင် စစ်ကောင်စီ၏ ဖိအားကြောင့် နေရပ်ပြန်သူများ ရှိခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် နေရပ်ကို ထပ်မံစွန့်ခွာနေရသည်ဟု ဒေသခံများနှင့် စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကွန်ရက်တို့က ပြောသည်။
စစ်ကောင်စီ တစ်စိတ်တစ်ပိုင်း နယ်မြေထိန်းချုပ်ထားနိုင်သည့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဖယ်ခုံအင်းအရှေ့ဘက် ကျေးရွာများမှ ဒေသခံများကို ပြီးခဲ့
သည့် တစ်လခန့်မှစ၍ နေရပ်ပြန်ခိုင်းကြောင်း အဆိုပါ ဒေသခံများကပြောသည်။
ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့နှင့် ထိုမြို့အနီးရှိ ကျွန်းတော၊ ပူဖား၊ သေးဆူလဲရွာသစ်တို့မှ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့် အိမ်ပြန်သွားကြကြောင်း၊ သေးဆူလဲရွာသစ်တွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ နိုဝင်ဘာ ၂၉ မှစ၍ တိုက်ပွဲဖြစ်သဖြင့် ထပ်မံစစ်ရှောင်နေကြကြောင်း စစ်ဘေးရှောင်များ ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“EAO တစ်ဖွဲ့နဲ့ သူတို့ (စစ်တပ်) က ညှိနှိုင်းပြီးတော့မှ ဒေသခံတွေကို စည်းရုံးရေးဆင်းပြီး ပြန်ခေါ်ကြတဲ့ သဘောပေါ့။ ဒါပေမယ့် ၃၀ ရာခိုင်နှုန်းထဲမှာ နန်းမယ်ခုံမှာက စစ်တပ်ထောက်ခံတဲ့သူများတယ်။ တချို့ယုံကြည်ပြီး ပြန်လာနေကြတဲ့သူတွေရှိတယ်” ဟု ၎င်းကပြောသည်။
ရွာခံများ အိမ်ပြန်နေကြရန် စစ်ကောင်စီက ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဖိအားပေးခဲ့ကြောင်း ကျွန်းတောကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
“စစ်ကောင်စီက အိမ်တိုင်းပြန်လာနေခိုင်းတာ။ မပြန်လာရင် အခြားပြဿနာဖြစ်ရင် တာဝန်မယူတော့ဘူး ပြောသေးတယ်။ မပြန်လာရင် အိမ်ဖျက်မယ် အဲလိုပြောနေသေးတယ်” ဟု ၎င်းကဆိုသည်။
အုပ်ချုပ်ရေးမှူးက ထိုသို့ ခြိမ်းခြောက်သော်လည်း ၎င်းအနေဖြင့် လုံခြုံရေးစိုးရိမ်သဖြင့် ရွာပြန်မလာခဲ့ဟု ဆိုသည်။ နိုဝင်ဘာ ၁၆ ရက်နေ့က ဒီးမော့ဆိုမြို့နယ် သေးဆူလဲရွာသစ် ကျေးရွာတွင် နေအိမ်ပြန်လာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့သလို နိုဝင်ဘာ ၂၇ က ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ကလေးသုံးဦး မိုင်းနင်းမိပြီး တစ်ဦး အပြင်းအထန်ဒဏ်ရာရခဲ့သည်။
ထို့အပြင် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာအုပ်စု ဆောင်နန်းခဲကျေးရွာတွင် ကယန်းပြည်သစ် တပ်မတော်နှင့် စစ်ကောင်စီ၏ စီစဉ်မှုဖြင့် ဒေသခံများ အိမ်တွင်ပြန်လည်နေထိုင်သည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်ကြောင်း အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးကဆိုသည်။
“ကယန်းအဖွဲ့အစည်းက ရွာပြန်နေလို့ရတယ်၊ သန့်ရှင်းရေးပြန်လုပ်ပြီးမှ ပြန်နေကြလို့ အဲလိုပြောတော့ ကျွန်တော်တို့ အခုတလောမှပဲ အိမ်ပြန်တွေ့တာပေါ့နော်။ သတိဝီရိယနဲ့ နေရတာပေါ့၊ အခြေအနေဆက်ပြီး ဆိုးမှာလား ကောင်းမှာလား မပြောတတ်ဘူး” ဟု ၎င်းကဆိုသည်။
ဆောင်နန်းခဲကျေးရွာတွင် ပြီးခဲ့သည့် မေလအတွင်း စစ်တပ်က စစ်ကြောင်းထိုးလာပြီး မီးရှို့ခဲ့ရာ အိမ်ခြေ ၆၀ ခန့်ရှိသည့်အနက် ၈ လုံးသာ ကျန်ခဲ့ကြောင်း၊ လက်ရှိတွင် ယာယီတဲထိုးပြီး နေထိုင်ကြကြောင်း ၎င်းကဆိုသည်။ ကျန်ရစ်နေအိမ်များမှာလည်း ဖောက်ထွင်းခိုးယူခံထားရပြီး မည်သည့်ပစ္စည်းမှ မရှိတော့ဟုလည်း ပြောသည်။
လူဦးရေ ၃၀၀ ကျော်ရှိသည့် ဆောင်နန်းခဲရွာတွင် ၁၅၀ ခန့် အိမ်ပြန်လာကြပြီဟုသိရသည်။ဆောင်နန်းခဲရွာအနီးနှင့် ထိုရွာမှ လေးမိုင်ခန့်အကွာ လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ရွာထဲ ရံဖန်ရံခါ သွားလာနေကြောင်း ၎င်းကဆက်ပြောသည်။
“ကောင်းကောင်းမွန်မွန်နေကြပေါ့၊ ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး၊ ရွာသူရွာသားတွေကို အဲ့ဒီလိုပဲပြောတယ်လေ၊ တခြားအဖွဲ့အစည်းတွေတော့ အချိတ်အဆက် မလုပ်နဲ့၊ ကိုယ့်ရွာကိုယ်နေ၊ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်ပေါ့တဲ့” ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသိပေးကြောင်း အထက်ပါ ဒေသခံက ဆိုသည်။
၎င်းအနေဖြင့် တစ်ရပ်တစ်ကျေးတွင် စစ်ဘေးရှောင်ရသည်မှာ ဒုက္ခများသဖြင့် လုံခြုံရေးအဆင်ပြေပါက ရွာတွင်ပင်ဆက်လက်နေထိုင်လိုသည်၊ နေအိမ်တွင်လည်း အခက်အခဲများစွာ ကြုံနေသည်ဟု ပြောသည်။ “လုံတော့မလုံခြုံပါဘူး၊ ဒါပေမယ့် ကိုယ့်အိမ်နဲ့ကိုယ်ကျတော့ တမျိုးတော့ ပိုကောင်းတာပေါ့နော်။ စလုံးရေးစ ပြန်စရမယ်၊ အိမ်ရှိပေမယ့် ဇွန်းတစ်လက်တောင် မကျန်ဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကယန်းပြည်သစ်တပ်မတော် ဂိတ်စခန်းဆောက်ရာတွင် ရွာသားများ လုပ်အားပေးနေကြောင်း၊ လုပ်အားခအဖြစ် ဆန်၊ ဆီနှင့် ဆား ရရှိကြောင်း ၎င်းကဆက်ပြောသည်။
ဖယ်ခုံအင်း အရှေ့ခြမ်းတွင် လွယ်ပေါကျေးရွာအုပ်စုရှိ ရွာ ၇ ရွာမှ ဒေသခံအချို့ အောက်တိုဘာ ၂၉ မှစ၍ နေရပ်ပြန်ကြကြောင်း အဆိုပါကျေးရွာအုပ်စုဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။
“အပြီးအပိုင် ပြန်နေတာတော့ မဟုတ်ဘူး။ မြက်တွေရှင်းလင်းပြီးလို့ရှိရင် သတင်းနားထောင်ပေါ့၊ ကောင်းလို့ရှိရင် နေချင်လည်းနေပါ့။ သတင်းနည်းနည်းထူးရင် ကိုယ့်ဘာသာကိုယ်ပြန်ရှောင်နေပေါ့” ဟု ၎င်းကဆိုသည်။
လွန်ခဲ့သည့် ၆ လကတည်းက စစ်ဘေးရှောင်ခဲ့ရသည့် လွယ်ပေါကျေးရွာအုပ်စုရှိ ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွတ်၊ ပိန္နဲကုန်း၊ လဟယ်၊ မခေခမ်း ရွာခံများ ပြန်လာကြခြင်းဖြစ်ပြီး ဖယ်ခုံအင်း ရေလယ်ကျွန်းရှိ လွယ်ပန်းစုံနှင့် ဟိုတိန်းတောင် ရွာခံများမှာမူ ပြီးခဲ့သည့် ဇူလိုင်လကတည်းက ရွာပြန်ရောက်နေကြောင်း သိရသည်။
လွယ်ပေါအုပ်စုအနီးရှိ နားဟီး၊ ကုရင်၊ ကုံးဆုံ၊ နောင်လိုင် ကျေးရွာအုပ်စုများတွင်မူ မေလအတွင်း တိုက်ပွဲဖြစ်ချိန် ခေတ္တသာ ရှောင်တိမ်းခဲ့ရသည်ဟု ဆိုသည်။
ယခုနှစ် မေလ ၁၂ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် ထီရီးကျေးရွာအနီးရှိ စစ်တပ်နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပူးပေါင်းစခန်းကို KNDF နှင့် PDF တို့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ထီရီးရွာအနီးရှိ ဆောင်နန်းခဲရွာအပါအဝင် တောင်ဘက်သို့ စစ်ကြောင်းထိုးကာ စခန်းအချို့အခြေစိုက်ခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်မှ စစ်ရှောင်များ
ပြီးခဲ့သည့်မေလက မြဝတီ-ဝေါလ လမ်းမပေါ်ရှိ စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကို KNU က သိမ်းယူခဲ့ပြီး ထိုလမ်းတစ်လျှောက်ရှိ ကျေးရွာအသီးသီးမှ ဒေသခံများ စစ်ဘေးရှောင်ခဲ့ရသည်။
နိုဝင်ဘာလအတွင်း သေ့ဘောဘိုးစခန်းကို စစ်ကောင်စီက ပြန်လည်တိုက်ခိုက်ပြီး ဖလူး၊ ကျောက်ခက်၊ သေဘောဘိုး၊ ဝေါလေဒေသ တစ်ဝိုက်နှင့် မြဝတီ-ဝေါလေကား လမ်းတစ်လျှောက်ကို နိုဝင်ဘာ ၂၈ တွင် ပြန်လည် ထိန်းချုပ်နိုင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။
ထိုသို့ကြေညာပြီး ရက်ပိုင်းအတွင်း သေဘောဘိုးကျေးရွာတွင် ဒေသခံများ ပြန်လည်နေထိုင်လျက်ရှိကြောင်း စစ်ကောင်စီက ဓာတ်ပုံနှင့် ဗွီဒီယိုမှတ်တမ်းများ ရိုက်ယူခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒာဆူးထံမှသိရသည်။
“သူတို့က သရုပ်ဆောင်ခိုင်းလို့ သွားပြီးတော့ သရုပ်ဆောင်ပေးတာပဲရှိတယ်။ ဒေသခံတွေကလည်း သူတို့အပေါ်မှာလည်း အယုံအကြည်မရှိဘူး။ အခုအချိန်ထိ လုံခြုံတဲ့အခြေအနေလည်းမဟုတ်ဘူး။တကယ့် တကယ်တော့ (ဒေသခံတွေက) ပြန်မနေရဲကြဘူး” ဟု ၎င်းကဆိုသည်။
ဓာတ်ပုံမှတ်တမ်းတွင် ပါဝင်သူများမှာ သေ့ဘောဘိုးရွာခံအနည်းငယ်သာရှိပြီး အခြားရွာများမှ စစ်ဘေးရှောင်များဖြစ်ကြောင်း၊ ဒေသခံများမှာ ဓာတ်ပုံနှင့် ရုပ်သံရိုက်ကူးမှုတွင် ပူးပေါင်းဆောင်ရွက်ပြီးနောက် မူလစစ်ဘေးရှောင်သည့် နေရာသို့ ပြန်လာကြကြောင်း ၎င်းကဆက်ပြောသည်။
စစ်ကောင်စီ၏ လုပ်ဆောင်ချက်သည် နိုင်ငံတကာတွင် မျက်နှာပန်းလှစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုလည်း သူကဆိုသည်။
စစ်ကောင်စီကမူ နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ သေ့ဘောဘိုးကျေးရွာနှင့် ဘလက်ဒို့ကျေးရွာများမှ ဒေသခံ ၄၃၇ ဦး နေရပ်ပြန်လာကြပြီး ပြန်လာသူများကို စားသောက်ကုန်နှင့် လူသုံးကုန်များ ထောက်ပံ့သည်၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်ဟု ယင်းထိန်းချုပ်ထားသည့် သတင်းစာများမှတစ်ဆင့် ဝါဒဖြန့်နေသည်။
Myanmar Now News
ရွှေဘိုမှ ခုခံမှုမရှိသည့်ရွာကို မီးရှို့သည့်တပ်က သက်ကြီး ၄ ဦးကို ပစ်သတ်
စစ်ကိုင်းတိုင်း၊ ရွှေဘို မအူပင်ရွာမှ စစ်သား ၇၀ ခန့် ထွက်ခွာသွားပြီးနောက် သက်ကြီးဒေသခံ ၅ ဦး၏ ရုပ်အလောင်း ကျန်ခဲ့သည်၊ အိမ်အလုံး ၁၀၀ ပျက်စီးသည်ဟု ဒေသခံတို့က ပြောသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ မအူပင်ကျေးရွာကို ဝင်ရောက်စီးနင်းမီးရှို့သည့် စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် အသက် ၅၀ နှင့် ၉၀ ကြား ဒေသခံ ၅ ဦး၏ ရုပ်အလောင်းကို ယမန်နေ့ (ဒီဇင်ဘာ ၁) တွင် တွေ့ရသည်ဟု ရွာခံများက ပြောသည်။
နိုဝင်ဘာ ၃၀ နေ့လယ်တွင် စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းက မြို့အနောက်ဘက် ၂၁ မိုင် အကွာရှိ ထိုရွာကို ပစ်ခတ်ဝင်ရောက် မီးရှို့ခဲ့ပြီးနောက် ည ၁၀ နာရီခန့်တွင် ပြန်ထွက်သွားကြောင်း နောက်တစ်နေ့ ရွာအတွင်း ဝင်ရောက်ကြည့်ရှုသော ရွာခံများက ပြောသည်။
သေဆုံးသူများသည် ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အိုများ၊ စိတ်ကျန်းမာရေး မကောင်းသူများဖြစ်သည်၊ ၄ ဦးတွင် ကျည်သင့်ဒဏ်ရာ တွေ့ရသည်ဟု ရွာသားများက ပြောသည်။
အသက် ၆၀ အရွယ် ဦးတင်ညို၊ ၅၅ နှစ်အရွယ် ဦးကံငြိမ်း၊ ၅၀ အရွယ် ဦးကျော်ဦးတို့ အနီးကပ်ပစ်သတ်ခံထားရဟန် ရှိသည်၊ အသက် ၇၀ အရွယ် ဒေါ်ဝင်းလည်း ကျည်ထိထားသည်၊ အသက် ၉၀ အရွယ် ဦးသန်းပုတွင် ဒဏ်ရာရှိမနေဟု ဆိုသည်။
“ဘယ်သူ့မှကို မတိုက်ရဘူး။ သူတို့ကပဲ ပစ်ဝင်လာတာပဲ။ လက်နက်ကြီး အလုံး သုံးလေးဆယ်လောက် ပစ်ဝင်တာပဲ။ ဝင်ပြီးတော့ နောက်က တောက်လျှောက် သေနတ်တွေနဲ့ ပစ်ပြီးတော့၊ ဝင်ဝင်ချင်း မီးရှို့တော့တာပဲ” ဟု မအူပင်ရွာသားတစ်ဦးက ပြောသည်။
နေအိမ်ထဲတွင် ပုန်းနေသည့် ဒေါ်ဝင်း ကျည်ထိမှန်၍ ပွဲချင်းပြီး သေဆုံးသွားကာ သားဖြစ်သူ ဦးကျော်ဦးလည်း အနီးကပ် ပစ်သတ်ခံရကြောင်း ၎င်းက ဆက်ပြောသည်။
“သူတို့က ခွပစ်တော့ အိမ်ထဲပုန်းနေတဲ့သူ ထိသွားတာ။ (ဦးကျော်ဦး) တစ်ယောက်ကတော့ အပြင်ထုတ် သတ်ခံရတာ၊ ဦးနှောက်တွေကို ထွက်လို့။ သားအမိနှစ်ယောက်လုံး ပုန်းနေတာ။ မအေက ကျည်မှန်သွားတော့ (သားက ပုန်းနေရာက) ထွက်လိုက်တာပေါ့ဗျာ၊ သူ့ပါ သတ်လိုက်တာ” ဟု ၎င်းက ပြောသည်။
စိတ်ကျန်းမာရေးမကောင်းသူများဖြစ်သည့် ဦးတင်ညိုကို နေအိမ်ခြံဝင်းတစ်ခုအတွင်း၊ ဦးကံငြိမ်းကို ချုံပုတ်တစ်ခုအတွင်း တွေ့ရသည်ဟု ဆိုသည်။
“ဦးကံငြိမ်းက လမ်းလယ်ခေါင်မှာ စားသောက်တယ်၊ လမ်းမှာနေတယ်။ ကျန်ကျောင်းအိတ်ကြီးနဲ့ ခွက်တွေ စားစရာတွေ ထည့်ပြီး သွားနေတဲ့လူပေါ့ဗျာ။ သူ့ကိုပါ သတ်သွားတာ။ သူ့လည်း ပါးစပ်ထဲ (သေနတ်) ပြောင်းထိုးပြီး ပစ်တာဖြစ်မှာ၊ နောက်စေ့ပွင့်နေတာ” ဟု အထက်ပါ ရွာခံက ဆိုသည်။
ဘုန်းကြီးကျောင်းတွင် ပုန်းအောင်းနေသည့် အသက် ၉၀ အရွယ် ဦးသန်းပုမှာ ပစ်ခတ်သံများကြောင့် ထိတ်လန့်သေဆုံးခြင်းဖြစ်နိုင်ကြောင်း ရွာခံများက ပြောသည်။
စစ်တပ်က အိမ်ခြေ ၄၀၀ ခန့်ရှိ မအူရွာကို မီးတင်ရှို့ခဲ့ပြီးနောက် နေအိမ် ၁၁၀ ခန့် မီးလောင်သွားကြောင်း၊ ယင်းနေ့ ည ၁၀ နာရီခန့် တွင် မအူပင်ရွာအရှေ့ဘက် မိုင်ဝက်ခန့်အကွာ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိသော ဆင်အင်းကျေးရွာသို့ ရောက်ရှိလာကြောင်း သိရသည်။
စစ်ကြောင်း နေ့ချင်းပြန်ထွက်သွားသော်လည်း ရွာခံအများစုမှာ မူးမြစ်တစ်ဘက်ကမ်း ဒီပဲယင်းမြို့နယ်ထဲသို့ ထွက်ပြေးနေကြပြီး ယနေ့တိုင် ရွာထဲ ပြန်မဝင်ရဲသေးကြောင်း နေအိမ် မီးလောင်ခံရသော မအူပင်ရွာခံ နောက်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ရွာက လက်နက်ကိုင်တော်လှန်ရေးသမားမရှိတဲ့ ရွာပါ။ ရွာထဲမှာ ဘာတော်လှန်ရေးသမားမှ မရှိဘူး။ ဒါလည်း မီးရှို့တာပါပဲ။ ရှို့ချင်တဲ့အိမ် ရှို့သွားတာပဲ။ ကျွန်တော်တို့ကတော့ ဘာပစ္စည်းမှလည်း သယ်မသွားနိုင်ခဲ့သလို၊ ဘာမှလည်း မကျန်တော့ဘူး။ အကုန်ပြောင်သွားပြီ” ဟု ထိုအမျိုးသားက ဆိုသည်။
ဝင်ရောက်တပ်စွဲထားသည့် ဆင်အင်းရွာကိုလည်း စစ်သားများက ယနေ့ မီးတင်ရှို့နေကြောင်း သိရပြီး ရွာအတွင်း သတ်ဖြတ်ခံရသူအချို့ရှိကြောင်း ဒေသခံများက ပြောသော်လည်း စစ်တပ်က တပ်စွဲထားဆဲဖြစ်သဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
Myanmar Now News
မြန်မာအကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထားခံ အမျိုးသမီးများ
နိုဝင်ဘာလ ၂၅ရက်နေ့ကို “နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့” အဖြစ် သတ်မှတ်ထားပြီး၊ ထိုနေ့တွင် နိုင်ငံတကာအသိုင်းအဝန်းများမှ အမျိုးသမီးထုများအပါအဝင် အရပ်ဖက်အဖွဲ့အစည်းများသည် လှုပ်ရှားမှုပုံစံအမျိုးမျိုးဖြင့် အကြမ်းဖက်မှုရပ်တန့်ရန် ဆန္ဒထုတ်ဖော်ကြသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်စေရန် လှုပ်ရှားမှုကို လွန်ခဲ့သည့် ၁၉၈၁ ကတည်းမှ စတင်တောင်းဆိုခဲ့သည်။ သို့သော် ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက် နေ့ ကုလသမဂ္ဂ၏ ၅၄ ကြိမ်မြောက် အထွေထွေညီလာခံ စည်းဝေးဆုံးဖြတ်ချက်အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် စတင်သတ်မှတ်ခဲ့သည်။
ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်း ရှင်း (CEDAW) တွင် အဖွဲ့ဝင်နိုင်ငံများ လိုက်နာလုပ်ဆောင်ရမည့် ဥပဒေပုဒ်မပေါင်း ၃၀ ရှိသည့်အနက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဓိပ္ပါယ်ဖွင့်ဆိုထားသည့် ဥပဒေပုဒ်မပေါင်း ၁ မှ ၁၆ အထိ ရှိသည်။ ဤပဋိညာဉ်စာတမ်း CEDAW တွင်ပါဝင်သော ဥပဒေများကို လေးစားလိုက်နာပြီး အမျိုးသားအဆင့် အရေးယူ ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန် သဘောတူ လက်မှတ်ထိုးထားသည့် နိုင်ငံပေါင်း ၁၈၉ နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် သဘောတူ လက်မှတ်ထိုးခဲ့သည်။ တကယ်တော့ ထိုစဉ်က မြန်မာနိုင်ငံ၏ လက်တစ်ဆုပ်စာ တိုင်းပြည်အာဏာကို ချုပ်ကိုင်ထားသူများသည် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ပိုမိုရရှိဖို့ရန်အတွက်သာ ရည်ရွယ်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ အမှန်မှာ မြန်မာနိုင်ငံရှိ တောင်ပေါ် တိုင်းရင်းသားဒေသနှင့် မြေပြန့်ဒေသပါမကျန် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်မှု စသည်ဖြစ်ရပ်များသည် လျော့နည်းပပျောက်သွားခြင်းမရှိခဲ့သည်မှာ အားလုံး အသိပင်ဖြစ်သည်။
ပို၍ အခြေအနေဆိုးလာသည်မှာ အကြမ်းဖက်စစ်တပ်သည် ဖေဖော်ဝါရီ ၁ရက်၊ ၂၀၂၁ခုနှစ် တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးနောက် အမျိုးသမီးများအပေါ်ပစ်မှတ်ထားပြီး၊ အကြမ်းဖက်မှု ပုံစံမျိုးစုံကို စီမံကိန်းတစ်ခုသဖွယ် ကျူးလွန်လျက်ရှိသည်။ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေးဒေသတွင် အခြေပြုဖွဲ့စည်းထားသော Justice Movement for Community-Innlay ကိုတည်ထောင်သူ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေသခံ အမျိုးသမီးခေါင်းဆောင် တစ်ဦးသည် စစ်တပ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှုဖြင့် ပုဒ်မ ၅၀(ည)ဖြင့် မတရား ဖမ်းဝရမ်းထုတ်ခံခဲ့ရသည်။
ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်အမျိုးသမီးများအား အကြမ်းဖက်စစ်တပ်မှ ပေါ်တာဆွဲပြီးဓါးစားခံအဖြစ် ပြုလုပ်လေ့ရှိကာ၁၀ပိဿာခန့်လေးသော ပစ္စည်းထုပ်များကို အတင်းအဓမ္မထမ်းခိုင်းကြောင်း ကရင်အမျိုးသမီးများအစည်းအရုံး (KWO) မှပြောဆိုထားသည်ကို ၂၀၂၂ခုနှစ် မေလတွင် ဧရာဝတီသတင်းဌာန၌ ဖော်ပြထားသည်။
ND-Burma အဖွဲ့ဝင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းသို့ ၂၀၂၂ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀း ၃၀ ခန့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် မသရဖူ (၂၂) နှစ်အား စစ်ထောက်လှမ်းရေးများနှင့် စစ်အုပ်စု လက်အောင်ခံပြည်သူ့စစ်အဖွဲ့ဝင်များမှ သူမအားရပ်တန့်ကာ ဖုန်းကိုစစ်ပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ မျက်မြင်တစ်ဦးမှ သတင်းပေးပို့ထားသည်။
ဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများသို့ အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာပြီး စိတ်ကျန်းမာရေးမကောင်းသည့် အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံအမျိုးသမီး ၇ ဦးကို အဓမ္မပြု ကျင့်ခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ သတင်းသုံးသပ်ချက်တွင် ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်အာဏာသိမ်းပြီး ၂၁လ ကြာအတွင်း နိုင်ငံတဝန်းရှိ အမျိုးသမီးပေါင်း ၃၀၀ကျော်ကို နှုတ်ပိတ်သတ်ဖြတ်ခဲ့ကြောင်းကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်း (မြန်မာ) Free Expression Myanmar (FEM) မှ အောက်မေ့သတိရကြောင်း နိုင်ဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေငြာထားသည်။ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှလည်း အကြမ်းဖက် စစ်အာဏာသိမ်းသည့် ၂၁ လအတွင်းတွင် နိုင်ငံတဝန်း၌ အမျိုးသမီး ၃၇၀ကျော်သေဆုံးခဲ့ရပြီး၊ ၃၃၈၅ ဦး မှာ ဖမ်းဆီးခံထားရကာ ၁၂၇ ဦးမှာ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်ခြင်းခံခဲ့ရသည်ဟု သတင်းထုတ်ပြန် ထားသည်။
ထို့ကြောင့် ဤကဲ့သို့သော အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများအပေါ် ပစ်မှတ်ထားပြီး ရက်စက်စွာ သတ်ဖြတ်ကျူးလွန်နေမှု များအပါအဝင် မတရားဖမ်းဆီးချုပ်နှောင်မှု၊ မတရားဖမ်းဝရန်းထုတ် တရားစွဲဆိုမှု၊ ညှင်းပန်းနှိပ်စက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု စသည်ပြစ်မှုများကို ပြည်သူရွေးကောက် တင်မြှောက်ထားသော ပြည်သူ့အစိုးရ အာဏာပြန်ရလာသည့်အခါ တရားမျှတမှုအတွက် ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။