ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

အကြမ်းဖက်စစ်အုပ်စု၏ ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအပေါ်အကျဉ်းချုပ်သုံးသပ်ချက် အစီရင်ခံစာ
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုလက် အောက်ခံတပ်ဖွဲ့ဝင်များသည် လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အများကို ကျူးလွန်ပြီး နိုင်ငံတကာ ရာဇဝတ်မှုဖြစ်သည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ပြစ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများကို မြန်မာနိုင်ငံ နေရာအနှံအပြား၌ ကျူးလွန်ခဲ့ကြပါသည်။ ထိုကဲ့သို့ အကြမ်းဖက်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အကျဉ်းချုပ်သုံးသပ်ချက်များအား အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) ND Burma ၊ ညီမျှခြင်းမြန်မာ၊ Spring Archive တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
အိုင်စီစီကိုလွှဲပေးဖို့ လုံခြုံရေးကောင်စီကို AI အဖွဲ့ တောင်းဆို
ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပေးဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းဝယ်မှု ပိတ်ဆို့အရေးယူဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty International) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်မှာ နိုင်ငံအနှံ့လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်ကို ကမ္ဘာလုံးဆိုင်ရာ အရေးယူဖို့ လိုအပ်နေပြီလို့ AI အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
အာဏာသိမ်းပြီးကတည်းက လူသုံးထောင်နီးပါး အသတ်ခံရပြီး တစ်သောင်းသုံးထောင်ကျော် အဖမ်းခံထားရသလို၊ လူတစ်သန်းခွဲလောက် ထွက်ပြေးနေရတယ်လို့ AI အဖွဲ့က ပြောပါတယ်။
အဲဒီထဲမှာ လူလေးယောက်ကို ကြိုးပေးကွပ်မျက်ထားသလို၊ အနည်းဆုံး လူ ၁၀၀ လောက်ကို သေဒဏ်အမိန့်ချထားတယ်လို့ ဆိုပါတယ်။ ကလေး ခုနစ်သန်းခွဲကျော်လည်း ကျောင်းပြင်ပမှာရောက်နေရတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနှစ်နှစ်အတွင်းမှာ ပြည်သူတွေကို ထင်သလိုဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းညီညီညွတ်ညွတ်လက်တွဲပြီး တိုးမြှင့်အရေးယူဖို့ စစ်အာဏာသိမ်းနှစ်နှစ်ပြည့်ခါနီးမှာ AI အဖွဲ့က တိုက်တွန်းလိုက်တာပါ။
နိုင်ငံတကာရဲ့ အရေးယူမှုမလုံလောက်တဲ့အတွက် စစ်တပ်ဟာ နိုင်ငံအနှံ့လူ့အခွင့်အရေး ချိုးဖောက်နိုင်နေတယ်ဆိုတာ ငြင်းလို့မရဘူးလို့ AI အဖွဲ့ရဲ့ ဒေသဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူး Ming Yu Hah က ပြောပါတယ်။
မကြာသေးခင်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာနဲ့ပတ်သက်လို့ သမိုင်းဝင် တိုက်တွန်းချက် ချမှတ်ခဲ့တာကို ကြိုဆိုရပေမယ့်၊ အဲဒီလောက်နဲ့မလုံလောက်ဘူးလို့ AI အဖွဲ့က ထောက်ပြပါတယ်။
RFA Burmese
မြန်မာ့အကျပ်အတည်း ကြေညာချက်ထုတ်ရုံနဲ့မအောင်မြင်နိုင်ကြောင်း အင်ဒိုနီးရှား ပြော
အင်ဒိုနီးရှားက အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်နေချိန်မှာ မြန်မာနိုင်ငံရဲ့အကျပ်အတည်း ပြဿနာကို ဖြေရှင်းဖို့ မဖြစ်နိုင်သလို မြန်မာအာဏာသိမ်းစစ်ကောင်စီကို ငြိမ်းချမ်းရေးအစီအစဉ် ဖော်ဆောင်ရေးလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းတင်ရေးမှာလည်း ကြေညာချက်တွေ၊ တိုက်တွန်းချက်တွေ ထုတ်ပြန်နေရုံနဲ့ မအောင်မြင်နိုင်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ (Retno Marsudi) က တနင်္လာနေ့က ပြောဆိုလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ကလည်း နိုင်ငံခြားရေးဝန်ကြီး မာဆူဒီက အင်ဒိုနီးရှားအနေနဲ့ မြန်မာစစ်ကောင်စီကို အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံအဆင့် ဆွေးနွေးမှုတစ်ရပ် ဖော်ဆောင်ဖို့ တိုက်တွန်းသွားမှာဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်း မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သိရှိကြောင်း ဒါကြောင့် ဒီနှစ်အတွင်း အရာရာကို ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်းလည်း လွှတ်တော်မှာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးရေးတစ်ရပ်ကို ဖော်ဆောင်နိုင်ကြောင်း၊ ဒါပေမဲ့ တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိဖို့လိုကြောင်း၊ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်မှ လူသားချင်းစာနာထောက်ထားကူညီနိုင်မှ အထမြောက်မှာဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ဒါ့ပြင် လူ့အဖွဲ့အစည်းတိုင်းမှာ ရွေ့လျားဖို့၊ စဉ်းစားဖို့၊ ပြုမူဆောင်ရွက်ဖို့ နေရာလိုကြောင်း၊ အင်ဒိုနီးရှားအနေနဲ့ အပြောနဲ့ မဟုတ်ဘဲဦးဆောင်မှုနဲ့ စတင်ရမှာဖြစ်ကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အင်ဒိုနီးရှားအနေနဲ့ အာဆီယံရဲ့ အချက်ငါးချက်ပါ သဘောတူညီချက်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ဧပြီလ သဘောတူညီချက်အတိုင်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကိုလည်း တွေ့ဆုံဆွေးနွေးမှုတွေကနေတစ်ဆင့်သာ ဖြေရှင်းသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
RFA Burmese
မတူပီမြို့မှာ ဆန်ပြတ်လပ်ပြီး ဒေသခံတွေ အခက်အခဲဖြစ်နေ
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ စစ်ကောင်စီတပ်က ဆန်ဝယ်ယူစုဆောင်းနေတာကြောင့် ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး ဒေသခံတွေ ဆန်ဝယ်လို့မရတော့ဘဲ စားသောက်ရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဈေးဆိုင်တွေမှာ ဆန်တစ်အိတ်ကို ငွေကျပ်တစ်သိန်းအထိ ပေးဝယ်တာတောင် ရောင်းမယ့်သူမရှိတော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မတူပီမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဟုတ်ပါတယ်။ တစ်မြို့လုံး ဆန်ကိုမရှိတော့တာ။ မင်းတပ်-မတူပီ လမ်းကလည်း ပိတ်ထားတော့ ပိုခက်ခဲတာပေါ့။ အရင်ကတော့ တောင်ယာဆန်တွေ စိုက်ပျိုး စားသောက်ကြပေမယ့် စစ်ပြေးနေရတော့ မစိုက်နိုင်တော့ဘဲ ဝယ်စားနေရတာ”
မတူပီမှာ စစ်ကောင်စီတပ်နဲ့ မတူပီကာကွယ်ရေးတပ် (CDF-Matupi) အကြား မကြာခဏတိုက်ပွဲဖြစ်နေသလို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ်လို့ သူကဆိုပါတယ်။
ဆန်ပြတ်လပ်တာဟာ စစ်ကောင်စီတပ်က ဝယ်ယူစုဆောင်းနေတာကြောင့်လို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ မလုံခြုံမှုနဲ့ ပဋိပက္ခတွေကြောင့် ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ငါးသောင်းနီးပါး ရှိပါတယ်။
RFA Burmese News
မြန်မာဗိုလ်ချုပ်ကြီးတွေကို Fortify Rights လူ့အခွင့်အရေးအဖွဲ့ ဂျာမဏီမှာ တရားစွဲ
မြန်မာဗိုလ်ချုပ်ကြီးတွေကို ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေနဲ့ တရားစွဲဆိုလိုက်ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ထုတ်ဖော်ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီ ဗိုလ်ချုပ်ကြီးတွေကို လူသားဖြစ်တည်မှုဆိုင်ရာပြစ်မှုတွေကျူးလွန်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က မြန်မာနိုင်ငံသား ၁၆ ဦးနဲ့အတူ ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ တရားစွဲဆိုလိုက်ကြောင်း ကြေညာလိုက်ပါတယ်။
အခုလိုတရားစွဲဆိုတဲ့ အမှုကိုတင်ပြရာမှာ သက်သေအထောက်အထား စာမျက်နှာ ၁ဝဝဝ ကျော်ပါဝင်တယ်လို့လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များအသင်းမှာ ဒီနေ့မနက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith- မက်သရူးစမစ်က အခုတရားစွဲဆိုမှုမှာ မြန်မာနိုင်ငံသား ၁၆ ဦးလည်း တရားလိုတွေအဖြစ်ပါဝင်ကြောင်း RFA ကို ပြောပါတယ်။
တရားလိုအဖြစ်ပါဝင်တဲ့ လူမျိုး ၇ မျိုးကတော့ ရခိုင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ မွန်၊ မြန်မာနဲ့ ရိုဟင်ဂျာ တွေဖြစ်ကြောင်း၊ ၂ဝ၁၆ နဲ့၂ဝ၁၇ ခုနှစ်တွေက ရခိုင်ပြည်မှာ ကျူးလွန်ခဲ့မှုတွေအပြင် ၂ဝ၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ တိုင်ကြားတဲ့အမှုဖြစ်ကြောင်း သူကပြောပါတယ်။
ဘာဖြစ်လို့ ဂျာမဏီနိုင်ငံမှာ သွားပြီးတရားစွဲတာလဲလို့ မေးတဲ့အခါ ဂျာမဏီဟာ ကမ္ဘာပေါ်မှာ အပြည်ပြည်ဆိုင်ရာ တရားဥပဒေတောင့်တင်းခိုင်မာမှုအရှိဆုံး နိုင်ငံတစ်ခုဖြစ်လို့ပါပဲလို့ ပြောပါတယ်။ ဘာတွေဆက်လက်ပေါ်ထွန်းဖို့ မျှော်လင့်ပါသလဲလို့ မေးမြန်းရာမှာတော့ အချိန်ကာလ အတိအကျ မသိနိုင်ပေမယ့် ဂျာမဏီ အစိုးရ ရှေ့နေတွေက မြန်မာဗိုလ်ချုပ်ကြီးတွေရဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးမယ်လို့ မျှော်လင့်ပါတယ်၊ သူတို့ကို ဖမ်းဝရမ်းထုတ်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်လို့ ပြောပါတယ်။
မြန်မာပြည်သူတွေရဲ့အနာဂတ်နဲ့ ပတ်သက်လို့ ဘာများပြောချင်သလဲလို့ မေးတဲ့အခါမှာတော့
မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လူ့အခွင့်အရေး၊ အမှန်တရားပေါ်ထွန်းရေးနဲ့ ဒီမိုကရေစီအရေးအတွက် ခုခံတော်လှန်တိုက်ပွဲဝင်မှု၊ စွန့်လွှတ်ကြိုးပမ်းမှု၊ ရုန်းကန်လှုပ်ရှားမှုတွေအတွက် ကျွန်တော်တို့ များစွာ အားကျလေးစား ဂုဏ်ယူပါတယ်။ သူတို့ကို ထောက်ခံနေသူတွေ ကမ္ဘာတစ်ခုလုံးမှာ ရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။ သူတို့အကြောင်းကို ကျွန်တော်တို့ နေ့တိုင်းဆွေးနွေးကြတယ်။ ကမ္ဘာတစ်ခွင်က အစိုးရတွေ၊ အကြီးအကဲတွေ၊ အဖွဲ့အစည်းတွေကို တင်ပြပြောဆိုနေကြပါတယ်။ လုံးဝ စိတ်မလျှော့ကြပါနဲ့၊ ကျွန်တော်တို့ သူတို့ကို ဘယ်တော့မှ မေ့ပစ်လိုက်မှာ မဟုတ်ပါဘူး။ သူတို့အတွက် ဆောင်ရွက်ကြိုးပမ်းမှုတွေကိုလည်း ဘယ်တော့မှ ဇွဲလျှော့မှာ မဟုတ်ပါဘူးလို့ Matthew Smith က RFA ပြောကြားပါတယ်။
အခုလို Fortify Rights နဲ့ မြန်မာနိုင်ငံသား ၁၆ ဦးက မြန်မာဗိုလ်ချုပ်ကြီးတွေကို ဂျာမဏီနိုင်ငံမှာ တရားစွဲဆိုလိုက်တာနဲ့ ပတ်သက်ပြီး ရှေ့နေကြီး ဦးကြီးမြင့်က ကြိုဆိုလိုက်ပါတယ်။
” ဒါက ကျွန်တော်တို့ပြည်တွင်းမှာဘယ်လိုမှလုပ်မရတဲ့ဟာတွေကိုနိုင်ငံတကာကဝိုင်းကူညီတာပေါ့ အဲအပေါ်မှာ ကျွန်တော်တို့တန်ဖိုးလည်းထားပါတယ် အမှန်ကတော့ရာဇဝတ်မှုကျူးလွန်တာအမှန်ပဲ၊ အထောက်အထားသက်သေတွေလည်အများကြီးရှိတယ် ဗီဒီယိုမှတ်တမ်းတွေ လူပုဂ္ဂိုလ်သက်သေတွေ မြောက်များစွာရှိပါတယ် အချိန်မရွေးခေါ်ယူစစ်ဆေးလို့ရပါတယ် ဒီလိုစွဲဆိုမှုဟာ ကျွန်တော်တို့လူထုအတွက်ကအားရစရာဖြစ်ပါတယ်။ PDF တွေအတွက်ရော EAO တွေအတွက်လည်းပဲ ဒါအားတက်စရာတစ်ခုပေါ့ဗျာ နောက်ပြီးတော့ ကျွန်တော်တို့ ဖိနှိပ်ခံနေရတဲ့ပြည်သူတွေပေါ့ဗျာ မီးရှို့အသတ်ခံခဲ့ရတယ် အိမ်တွေမီးရှို့တယ် ဓားပြတိုက်တယ် မုဒိမ်းကျင့်တယ် အဲလိုခံရတဲ့ ကာယကံရှင်တွေကတော့ သူတို့ရဲ့နာကျင်မှုကို ကုစားပေးရာရောက်တာပေါ့။ “
အခုလိုတရားစွဲတဲ့အမှုကို လက်ခံရရှိကြောင်း ဂျာမဏီအာဏာပိုင်တွေထံက အကြောင်းပြန်စာကို သောကြာနေ့က ရရှိခဲ့ပြီးဖြစ်တယ်။
ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ စစ်ခေါင်းဆောင်တွေကို တရားစွဲလိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဂျာမဏီအစိုးရရှေ့နေတွေအနေနဲ့ အမှုတွေ အများအပြားကို လက်ခံစစ်ဆေးရတဲ့ အချိန်ကာလတခုအထိ နောက်ဆက်တွဲဖြစ်ပေါ်တိုးတက်မှုတွေကို စောင့်ဆိုင်းရဖွယ်ရှိပါတယ်လို့လည်း Fortify Rights – အမှုဆောင်အရာရှိချုပ် Matthew Smith က RFA ကိုပြောပါတယ်။
RFA Burmese News
ရန်ကုန်တိုင်းစစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ CDM ဝန်ထမ်းတွေကို ဖမ်းဆီးနေ
အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ ဝန်ထမ်းတွေကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ရှာဖွေဖမ်းဆီးနေတယ်လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်ကစပြီး ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အားလုံး နီးပါးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနဲ့ စာသင်ကျောင်းတွေမှာ ရှာဖွေဖမ်းဆီးနေတာလို့ ဆိုပါတယ်။
CDM တွေကို လက်ခံထားတဲ့ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေ စာသင်ကျောင်းတွေကိုလည်း ချိပ်ပိတ်အရေးယူဖို့ ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ရန်ကုန်မြို့က အမည်မဖော် လိုတဲ့ CDM ဆရာဝန် တစ်ဦးက RFA ကို ပြောပါတယ်။
“အဓိက ကတော့ CDM တွေကိုဖမ်းပြီး ငွေညှစ်ချင်တာပေါ့။ CDM ဝင်ထားတယ် ဆိုပေ မယ့် နားလည်မှုနဲ့ ဆေးခန်းတွေ၊ ပုဂ္ဂလိကစာသင်ကျောင်းတွေမှာ ဝင်လုပ်နေတာတွေ ရှိတာပေါ့။ ဒါကို သူတို့ဘက် ကသိပြီး ဖမ်းမယ်၊ ပြီးရင် ဘယ်လောက်နဲ့ လာရွေးပါဆိုပြီး ငွေညှစ်မှာပေါ့”
လက်ရှိအချိန်အထိ ဘယ်လောက် ဖမ်းဆီးခံလိုက်ရတယ်ဆိုတာ သူ့အနေနဲ့ အတိအကျ မသိဘူးလို့ ဆိုပါတယ်။
ဒီညွှန်ကြားချက် ထွက်လာပြီးနောက်ပိုင်း အလုပ်တွေကနေ CDM ဝန်ထမ်းတွေကို တာဝန် ရပ်ဆိုင်းတာတွေ ရှိတယ်လို့ အဲဒီဝန်ထမ်းတွေက ပြောပါတယ်။
အခုလို ဖမ်းဆီးဖို့စီစဉ်တာဟာ လုပ်ငန်းခွင်ပြန်ဝင်အောင် စစ်ကောင်စီဘက်က တစ်ဖက်လှည့်နဲ့ လုပ်နေတာလို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့စာရင်းအရ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းက ပြည်သူ ၁၃,၆၄၂ ဦး ဖမ်းဆီးခံထားရပြီး ၂,၈၁၀ ဦး သေဆုံးခဲ့ပါတယ်။ RFA Burmese News