လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေတဲ့ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းက စုပေါင်းပြီး အရေးယူပိတ်ဆို့ကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က တိုက်တွန်းလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ အခုလို တိုက်တွန်းလိုက်တာပါ။

ကမ္ဘာ့နိုင်ငံတွေအနေနဲ့ စစ်ကောင်စီကို အထိနာအောင် ဘယ်လိုထိုးနှက်နိုင်မလဲ ဆိုတဲ့အပေါ် ဆန်းစစ်သင့်တယ်လို့ တွမ် အင်ဒရူးက ပြောပါတယ်။ ဒီလိုဆန်းစစ်ပြီးနောက် စစ်ကောင်စီကို လက်နက်တင်ပို့မှုပိတ်ပင်ဖို့၊ ဒဏ်ခတ်ပိတ်ဆို့ဖို့အတွက် ပူးပေါင်းညှိနှိုင်းပြီး အကောင်အထည်ဖော်သင့်တယ်လို့လည်း ပြောပါတယ်။

မြန်မာ့အရေးကို အားလုံးပူးပေါင်းပြီး ဝိုင်းဝန်းထောက်ခံကြမယ်ဆိုရင် အကြီးအကျယ် ပြောင်းလဲသွားနိုင်ကြောင်း၊ နိုင်ငံတချို့အကြားမှာ အဲဒီလို ပူးပေါင်းဆောင်ရွက်နေကြတဲ့ အစဉ်အလာအပေါ် အခြေခံပြီး စဉ်းစားကြဖို့လည်း ပြောပါတယ်။

စစ်ကောင်စီရဲ့အကြမ်းဖက်မှုဟာ အတိုက်အခံတွေဘက်က မဖြစ်မနေ ခုခံတွန်းလှန်လာအောင် လှုံ့ဆော်အားဖြည့်ပေးနေတာလို့ တွမ် အင်ဒရူးက သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံတကာ ပူးပေါင်းချိတ်ဆက်ပြီး ပစ်မှတ်ထားပိတ်ဆို့အရေးယူခြင်းအားဖြင့် စစ်‌ခေါင်းဆောင်တွေကို အင်အားပျော့သွားစေနိုင်ကြောင်း၊ စစ်ခေါင်းဆောင်တွေဟာ စစ်အာဏာစသိမ်းချိန်ကလောက် တိုင်းပြည်ကို ထိန်းမထားနိုင်တော့ကြောင်းလည်း Tom Andrews က ပြောဆိုသွားပါတယ်။

RFA Burmese

စစ်ကောင်စီကို အစိုးရနဲ့ပုဂ္ဂလိကကုမ္ပဏီတွေက ထောက်လှမ်းရေးနည်းပညာ ရောင်းချတာ၊ ဝန်ဆောင်မှုပေးတာ၊ လွှဲပြောင်းတာနဲ့ တင်ပို့တာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တားမြစ်ရမယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က ပြောလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပတဲ့ ၅၂ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မနေ့က တင်ပြလိုက်တာပါ။

စစ်အာဏာသိမ်းချိန်ကစလို့ စစ်ကောင်စီဟာ မြို့နယ် ၃၃ဝ မှာ အင်တာနက် ဖြတ်တောက်ထားပြီး ဒီအထဲက မြို့နယ် ၅၀ ကျော်မှာ တစ်နှစ်ကျော်ကြာ အင်တာနက်ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုကို ဖုံးကွယ်ဖို့ အင်တာနက်ကို ဖြတ်တောက်တာလို့ ပြောပါတယ်။ ကျေးရွာတွေကို စစ်ကောင်စီက ဝင်ရောက်မတိုက်ခိုက်ခင်အချိန်၊ ဝင်ရောက်နေချိန်နဲ့ ဝင်ရောက်ပြီးချိန်တွေမှာ အင်တာနက်ဖြတ်တောက်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီက ကျေးရွာတွေကို ဝင်ရောက်ပြီး သတ်ဖြတ်၊ မီးရှို့၊ ပိုင်ဆိုင်မှုပစ္စည်းတွေကို ဖျက်ဆီးကြောင်း ဒါဟာ နိုင်ငံတကာ တာဝန်ခံမှုဆိုင်ရာ ရာဇဝတ်မှုဖြစ်တယ်လို့ တွမ် အင်ဒရူးက ဆိုပါတယ်။ ဒါကြောင့် လုံခြုံရေးကောင်စီအနေနဲ့ စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေကို ဆက်လက်ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချပြီး ဒါတွေကို တာဝန်ယူဖို့ အရှိန်မြှင့်တောင်းဆိုရေးက မရှိမဖြစ် လိုအပ်တယ်လို့ ပြောပါတယ်။

အင်တာနက် ဖြတ်တောက်တဲ့အပြင် စစ်ကောင်စီဟာ မျက်နှာပုံရိပ်ဖမ်းတဲ့ နည်းပညာ တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကို မြန်မြန်ဆန်ဆန် တိုးချဲ့တပ်ဆင်နေတယ်လို့လည်း ပြောပါတယ်။

ဆက်သွယ်ရေးကွန်ရက်တွေကို ကြားဖြတ်ထောက်လှမ်းတဲ့အပြင် ဖုန်း SIM ကတ်နဲ့ IMEI လို့ခေါ်တဲ့ နိုင်ငံတကာ မိုဘိုင်းဖုန်းမှတ်ပုံတင်ကိုလည်း နောက်ယောင်ခံလိုက်တဲ့အကြောင်း၊ ဒီနည်းပညာထဲ စစ်ဘက် အရပ်ဘက်သုံးတွေ ပါဝင်တဲ့အကြောင်း Tom Andrews က တင်ပြသွားပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းတာ နှစ်နှစ်ကျော်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ နေရာအနှံ့က ဆန့်ကျင်သူတွေကို စစ်ကောင်စီက ဆက်လက်အကြမ်းဖက် ဖိနှိပ်ဖြိုခွင်းနေတယ်လို့လည်း ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ အရပ်သား သုံးထောင်ကျော် သတ်ဖြတ်ခံရပြီး ၁.၃ သန်း နေရပ်ရွှေ့ပြောင်းရရုံမက နိုင်ငံရေးအကျဉ်းသား ၁၆ဝဝဝ ကျော် ဖမ်းဆီးခံရတယ်လို့ အစီရင်ခံပါတယ်။ လူ ၁၇.၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ခေါင်းဖြတ်သတ်တာ၊ အပိုင်းပိုင်းဖြတ်ပြီး သတ်တာအပါအဝင် အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ပုံမှန်ရရှိနေပြီး ညှဥ်းပန်းနှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေကလည်း ရှိနေတယ်လို့ ပြောပါတယ်၊

အတိုက်အခံအဖွဲ့တွေကလည်း လူ့အခွင့်အရေးချိုးဖောက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ဝမ်းနည်းစွာ သိရှိရတဲ့အကြောင်းနဲ့ ဒါတွေလည်း ရပ်ဆိုင်းရမယ်လို့ ပြောပါတယ်။

RFA Burmese

မတ် ၈ ရက်မှ ၁၄ရက်အတွင်း စစ်အာဏာရှင်တပ်မှ ရှမ်းတောင် ပင်လောင်းမှ ဒေသခံ ပြည်သူ ၃၀ကျော် အပါအဝင် အခြားဒေသမှ ပြည်သူ ၄၀ ကျော် ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ပြည်သူ ၂ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်။ စစ်အာဏာရှင် တပ်အနေဖြင့် အရပ်သားပြည်သူများအပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု များ၊ စစ်ရာဇဝတ်မှု ကျုးလွန်ခြင်းများ ဆက်လုပ်ကျုးလွန်နေဆဲဖြစ်သည်။ စစ်အာဏာရှင်တပ် အနေဖြင့် အရပ်သား ပြည်သူ ၁၉ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ တပတ်အတွင်း မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် လေကြောင်း တိုက်ခိုက် ဗုံးကြဲမှုများ ၄ကြိမ် ပြုလုပ်ခဲ့သည်။ ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ အကျဉ်းထောင်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၁ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရှိခဲ့သည်။

စစ်အာဏာရှင်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၄ ဦး အပါအဝင် ပြည်သူ ၈ဦး သေဆုံးပြီး ခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့သည်။စစ်ကိုင်းတိုင်း တန့်ဆည်မြို့မှ ဒေသခံ အမျိုးသမီးကို ဖမ်းဆီးကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည်။ စစ်ကိုင်းတိုင်း ကျွန်းလှမြို့မှ ဒေသခံ ပြည်သူများကို ပြည်သူ့စစ်သင်တန်းတတ်ရန် အဓမ္မခိုင်းစေခြင်း များ ပြုလုပ်လျှက်ရှိသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာကို မတ်လ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းခဲ့ပြီး နန်းနိမ့်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဘုန်းကြီးသုံးပါးနဲ့ ကျေးရွာသား စုစုပေါင်း ၂၁ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်မှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အဲဒီရွာဟာ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ရဲ့ အရှေ့ဘက် မိုင် ၅၀ ခန့်အကွာ၊ ပင်လောင်းမြို့ရဲ့ တောင်ဘက် ၁၅ မိုင်ခန့်အကွာမှာ ရှိပါတယ်။

နန်းနိမ့်ရွာအရှေ့ဘက် ဘုရားတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မတ်လ ၁၁ ရက် မနက် ၅ နာရီခန့်မှာ ရွာထဲကို သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်နေ့ နေ့လယ်ပိုင်းမှာ အလောင်းတွေကို ပြန်တွေ့ရတာလို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက RFA ကို ပြောပါတယ်။

“သတ်ဖြတ်မှုမဖြစ်ခင် ညကတည်းက ကျနော်တို့ကြားတာပေါ့နော်။ အော်သံတွေ ကြားနေရတယ်။ ကယ်ပါဦး သူတို့ကို မလုပ်ပါနဲ့ပေါ့။ ၁၁ ရက်နေ့ ည ၇ နာရီလောက်က အော်သံတွေကြားတာ။ ကြားပြီး သိပ်မကြာဘူး သေနတ်သံတွေကြားတာ။ ဒီလောက်ကြီး လူအများကြီးကို ပစ်သတ်လိမ့်မယ်လို့ ကျနော်မထင်ထားဘူး။ (ဘုန်းကြီးကျောင်းကို ဝင်သွားတော့) အလောင်းတွေပဲ ညကပစ်ထားတော့ နည်းနည်းလေး သွေးတွေတောင် သိပ်မခြောက်တခြောက်လေးပဲ ရှိသေးတယ်။ ခေါင်းနဲ့တည်ပစ်ထားတာချည်းပဲ။ အကုန်လုံးခေါင်းပွင့်ထားတဲ့ ပုံစံမျိုးတွေချည်းပဲ သေတာတွေက”

အလောင်းတွေကို ဒေသခံလူမျိုးစုအဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (PNDF) နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က စစ်ဆေးနေတယ်လို့ ကိုလင်းလင်းက ပြောပါတယ်။

“၁၁ ရက်နေ့ ည ၇ နာရီလောက်က အော်သံတွေကြားတာ။ ကြားပြီး သိပ်မကြာဘူး သေနတ်သံတွေကြားတာ။ ဒီလောက်ကြီး လူအများကြီးကို ပစ်သတ်လိမ့်မယ်လို့ ကျနော်မထင်ထားဘူး


“အဲဒီကျည်ဆန်တွေမှာ ကပစ ထုတ်ဆိုပြီးတော့မှ ကာကွယ်ရေးပစ္စည်းတပ်ဖွဲ့ ကာကွယ်ရေးအတွက် ထုတ်လုပ်သည်ဆိုတဲ့ စာတန်းပါတဲ့ ၅.၅၆ ကျည်ခွံတွေ၊ ပြီးတော့ ကျည်ထည့်တဲ့ ဘူးခွံတွေကို ကျနော်တို့အနေနဲ့ တွေ့ရတယ် အဲဒီမှာ။ သူတို့ စစ်ကြောင်း ထိုးလာတုန်းက ပစ်ကူတဲ့ လက်နက်ကြီးစတွေလည်း ဘုန်းကြီးကျောင်း တစ်ဝိုက်မှာ တွေ့ရတယ်။ ဘုန်းကြီးကျောင်းမှာ တွေ့ရတာက မ တစ်ယောက်ရယ်၊ ရွာသားကတော့ ၁၇ ယောက်၊ ဦးဇင်းက နှစ်ပါး၊ ကျောင်းထိုင်ဆရာတော် တစ်ပါး။ အခုနောက်ပိုင်း ရွာရဲ့အနောက်ဘက်မှာ အလောင်းတွေ ထပ်တွေ့တယ်ပြောတယ်။ ကျနော်တို့လည်း အဲဒီအလောင်းတွေကို အတည်ပြုနိုင်ဖို့တော့ ကြိုးစားနေတယ်”

အသတ်ခံရသူအားလုံးဟာ ဘုန်းကြီးကျောင်းရဲ့ မြေအောက်တိုက်ခန်းမှာ ပုန်းခိုနေတာ ဖြစ်ပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းရဲ့ အရှေ့မျက်နှာစာကို ခေါ်ထုတ်ပြီးမှ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ခွန်ဘင်ဂျမင်က ဆိုပါတယ်။

မတ်လ ၁၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲခန့် စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာတော့ သေဆုံးသူတွေကို လက်လုပ်သေနတ်၊ အမဲလိုက်သေနတ်တွေနဲ့အတူ ဓာတ်ပုံရိုက်ထားပြီး PDF တွေလို့ စွပ်စွဲထားပါတယ်။

အဲဒီပုံတွေဟာ မတ်လ ၁၂ ရက်နေ့ မနက် ၈ နာရီ ၅၅ မိနစ်မှာ ရိုက်ထားတာဖြစ်သလို ပုံတွေအရ သေနတ်တွေဟာ သေဆုံးသူတွေရဲ့ လက်ထဲမှာမရှိဘဲ လဲကျနေတဲ့ ခန္ဓာကိုယ် ပေါ်မှာသာ တွေ့ရပြီး အလောင်းတွေပေါ်မှာလည်း ခဲယမ်းနဲ့ ကျည်သယ်ဆောင်နိုင်တဲ့ အိတ်တွေ မပါဝင်ပါဘူး။

ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကလည်း သူတို့အနေနဲ့ ဓာတ်ပုံမှာတွေ့ရတဲ့ သေနတ် အမျိုးအစားတွေကို အသုံးမပြုဘဲ မောင်းပြန်ရိုင်ဖယ်တွေကိုသာ အသုံးပြုတယ်လို့ ပြောပါတယ်။ သူတို့အဖွဲ့တွေ ဘုန်းကြီးကျောင်းကို ဝင်ရောက်နိုင်ချိန်မှာလည်း သေနတ်တွေမတွေ့ရဘဲ အလောင်းတွေသာ တွေ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ကရင်နီတပ်မတော် KNPP/KA နဲ့ KNDF ကလုပ်ခဲ့တာလို့ မတ်လ ၁၃ ရက် ဒီနေ့မှာ စစ်ကောင်စီလက်အောက်ခံ MRTV ကနေ တစ်ဆင့် စွပ်စွဲလိုက်ပါတယ်။

“ပအိုဝ့်ဒေသသည် အစဉ်အဆက် ငြိမ်းချမ်းလာတဲ့ဒေသဖြစ်တဲ့အတွက် တောင်ပိုင်းမှာ ရှိတဲ့ KNPP၊ KNDF အဖွဲ့တွေအနေနဲ့ ပအိုဝ့်ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးဖို့ ပြီးရင် အစိုးရနဲ့ တပ်မတော် ပအိုဝ့်ပြည်သူလူထုကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေဖို့ အတွက် ဒီသတင်းတွေကို ထုတ်လွှင့်နေခြင်းဖြစ်တယ်။ ပြစ်မှုကျုးလွန်ခဲ့သူတွေဟာ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့သူတွေဟာ ဒီလူတွေပဲဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်”

မတ်လ ၁၁ ရက်နေ့က နန်းနိမ့်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းနံရံတွင် သေနတ်ကျည်ဆံရာများနှင့် သွေးများစွန်းထင်းနေသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: KNDF)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းနံရံတွင် သေနတ်ကျည်ဆံရာများနှင့် သွေးများစွန်းထင်းနေသည်ကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: KNDF)

လက်ရှိ နန်းနိမ့်ရွာအပါအဝင် အနီးရွာတွေက ဒေသခံ ၁၄၀၀ ဝန်းကျင် ဘေးလွတ်ရာ ထွက်ပြေးနေရပြီး နီးစပ်ရာဆွေမျိုးတွေ၊ အခြားရွာနဲ့ ဘုန်းကြီးကျောင်း စတဲ့ ခုနစ်နေရာမှာ ခိုလှုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“တွေ့လာတဲ့ ပုံစံကတော့ စိတ်တော်တော်လေးကို ထိခိုက်နေကြတာ တွေ့ခဲ့တယ်။ ရွာလုံးကျွတ် ပြေးလာကြတယ်ဆိုတော့။ အမျိုးတွေရင်းရင်းနှီးနှီးရှိတဲ့ ပုဂ္ဂိုလ်တွေ ကတော့ အမျိုးဆီမှာပဲ ထွက်ပြေးတိမ်းရှောင်ကြတယ်ပေါ့။ ကျနော်သိရသလောက်တော့ ဘုန်းကြီးကျောင်းတွေမှာပဲ ခိုလှုံတဲ့ဟာက နေရာတော်တော်များများမှာ ရှိတယ်ဆိုတော့ သူတို့က တစ်နေရာ၊ တစ်နေရာ နှစ်ရာကျော်လောက်မယ်လို့ ထင်တယ်”

စစ်ကောင်စီတပ်ဟာ မတ်လ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်လုပ်ခဲ့ပြီး မနက်ပိုင်းမှာ အိမ်ခြေ ၂၀၀ ခန့်ရှိတဲ့ နန်းနိမ့်ရွာကိုပါ မီးရှို့ခဲ့လို့ နေအိမ် ၆၀ ခန့် မီးလောင် ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆိုနဲ့ ဘောလခဲမြို့နယ်တွေကို စစ်ကောင်စီတပ်က စစ်ကြောင်း ၁၂ ခုနဲ့ ထိုးစစ်ဆင်နေတယ်လို့ KNDF က မတ်လ ၁၁ ရက် နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နဲ့ မိုးဗြဲဒေသမှာ စစ်ဘေးဒုက္ခသည် စုစုပေါင်း နှစ်သိန်းနီးပါးရှိနေပြီး စားနပ်ရိက္ခာနဲ့ ရေတွေ လိုအပ်နေတယ် လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

RFA Burmese

ကယားပြည်နယ်ကို အာဏာသိမ်းတပ် ထိုးစစ်ဆင်သဖြင့် နေရပ်စွန့်ခွာရသော ဒေသခံများသည် ရဟတ်ယာဉ် လာရောက် ဗုံးကြဲမှုကြောင့် နေရာထပ်ရွှေ့ရသည်ဟု သိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံ ၆,၀၀၀ ကျော် မတ်လ ၁၀ ရက်မှ စတင်ကာ စစ်ဘေးရှောင်နေရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့က ပြောသည်။

ဘောလခဲမြို့အခြေစိုက် အမှတ် ၄၂၉၊ ၄၂၇၊ ၇၇ တပ်ရင်းတို့မှ အင်အား ၂၀၀ ဝန်းကျင်ရှိ လက်နက်ကိုင်များက ဒီးမော့ဆိုနှင့် ၂၇ မိုင်အကွာရှိ ဒေါတမကြီးကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

“ဘောလခဲကနေ ဒေါတမကြီးအုပ်စုဘက်ကို စစ်ကြောင်းထိုးလာတာ။ အကုန်လုံး စစ်ရှောင်ရတဲ့ အနေအထားဖြစ်နေတယ်။ လွိုင်ကော်နဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ တိုက်ပွဲက နေ့တိုင်းဖြစ်နေတဲ့ အနေအထားဖြစ်နေတယ်” ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။

ထို့ကြောင့် ဒီးမော့ဆိုအနောက်တောင်ဘက်ခြမ်း ဒေါတမကြီး၊ ​ဒေါ​ညေးခူ၊ ​​ဒေါဆိုဖျ အပါအဝင် ကျေးရွာပေါင်း ၇ ရွာမှ အဆိုပါ ဒေသခံများ အချိန်တိုအတွင်း တိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။ ထိုသူများသည် ဒီးမော့ဆိုအနောက်ဘက်ခြမ်း ကျေးရွာများ၊ ဒီးမော့ဆိုနှင့် ဖရူဆို တောတောင်များထဲသို့ တိမ်းရှောင်နေကြရသည်ဟု သိရသည်။

“တစ်ခါမှ စစ်မရှောင်ဖူးတဲ့ ရွာကြီးတွေပါ စစ်ရှောင်ရတာပါ။ လက်နက်ကြီးတွေကျနေတဲ့ ရွာတွေပါ စစ်ရှောင်နေရတယ်။ ဘောလခဲနဲ့ဆို ၁၄ မိုင်လောက်ပဲ​ ဝေးမယ်။ ဒေါဆဲဘက်ကရော ဘောလခဲဘက်ကရော ဒီးမော့ဆိုကို စစ်ကြောင်းထိုးလာတာ။ သူတို့ဘက်က တင့်ကား ၂ စီးလည်း ပါတယ်” ဟု ဒီးမော့ဆိုမြို့နယ် KNDF တပ်ရင်းတစ်ခုမှ မြေပြင်ထောက်ပို့ လုပ်ဆောင်နေသူ အမျိုးသားတစ်ဦးက ပြောသည်။

အရေးပေါ်စစ်ရှောင်နေသည့် ဒေသခံ ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများလည်း လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ဆိုသည်။

အင်အားအလုံးအရင်းဖြင့် စစ်ထိုးနေသော စစ်ကောင်စီတပ်သည် KNDF ၊ ကရင်နီတပ်မတော် (KA) တို့နှင့် မတ်လ ၁၀ ရက် နံနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေါသဲကျေးရွာအတွင်း ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ မေးမြန်းရန် ကြိုးပမ်းသော်လည်း KNDF ပြန်ကြားရေးဌာနသို့ ထပ်မံဆက်သွယ်၍ မရသေးပေ။

မတ်လ ၁၁ ရက်နေ့လည်း ဒီးမော့ဆိုအရှေ့ခြမ်း၊ ဒေါကလော်ဒူကျေးရွာအုပ်စု၊ ဒေါသဲကျေးရွာအတွင်းသို့ ရဟတ်ယာဉ် ၃ စီးပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ပြီး ဗုံးသီးများပါ ကြဲချသွားခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ အမည်မဖော်လိုသူက ပြောသည်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လာသည့်အတွက် စစ်ရှောင် ၆,၀၀၀ ကျော်မှာ အခြားနေရာများသို့ ထပ်ဆင့်ပြောင်းရွှေ့မှုများလည်း ပြုလုပ်နေရကြောင်း စစ်ရှောင်အရေး ဆောင်ရွက်ပေးနေသူအချို့က ဆိုသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှစ၍ ကယားပြည်နယ်အတွင်းသို့ တပ်ကူများ ပို့ထားကြောင်း KNDF ပြန်ကြားရေးတာဝန်ခံက မတ်လ ၁၁ ရက်နေ့က Myanmar Now ကို ပြောသည်။

ထိုစစ်ကူများကို ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ်ရှိ ဖယ်ခုံမြို့နှင့် ပင်လောင်းမြို့များအထိသာ ကုန်းလမ်းမှ ပို့ပြီး ထိုမှတစ်ဆင့် လွိုင်ကော်၊ ဖရူဆို၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့တို့တွင် ရဟတ်ယာဉ်များဖြင့် ချထားပေးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“ဘယ်တပ်မတွေလည်းဆိုတော့ အတိအကျ အတည်ပြုလို့တော့ မရသေးပါဘူး။ အင်အားတော့ အရမ်းများတယ်လို့ သတင်းရထားပါတယ်။ တပ်မ ၇၇၊ တပ်မ ၃၃၊ တပ်မ ၉၉ တို့လို့တော့ ကနဦး သိထားရပါတယ်” ဟု ပြောသည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို စစ်ကောင်စီပြောခွင့်ရထံလည်း ဆက်သွယ်မေးမြန်း၍ မရသေးပါ။

ကယားပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် မိုင် ၅၀ ခန့်သာ ကွာဝေးသော ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်လောင်းမြို့နယ်၊ နန်းနိမ့်ကျေးရွာအတွင်း ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း သံဃာ ၃ ပါးအပါအဝင် အရပ်သား ၂၈ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း KNDF က မတ်လ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ထိုသတ်ဖြတ်မှုများမှာ ဒေသခံ တော်လှန်ရေးအဖွဲ့များ၏ လက်ချက်ဖြစ်သည်ဟု သတင်းဌာနများကို ပြောထားသည်။

ဤအတောအတွင်း အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာများတွင် အဆိုပါ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို လမ်းကြောင်းပြောင်းလဲစေနိုင်သည့် လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများ ပေါ်ပေါက်နေသည်။

မြန်မာနိုင်ငံအခြေအနေများကို စိုးရိမ်မကင်းဖြစ်ရကြောင်း နိုင်ငံတကာက အဆက်မပြတ် ထောက်ပြလျက်ရှိသည်။

မတ်လ ၆ ရက်နေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တင်ပြသည့် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတွင်လည်း မြန်မာပြည်အခြေအနေများကို ဖော်ပြထားသည်။

ထိုနေ့မှာပင် စစ်ကောင်စီ၏ နိုင်ငံခြားရေးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန် ကန့်ကွက်ထားသည်။

“မဟာမင်းကြီးရုံးအနေဖြင့် လုံခြုံရေးကောင်စီမှတစ်ဆင့် နိုင်ငံတကာရာဇဝတ်တရားရုံးသို့ မြန်မာနိုင်ငံအခြေအနေကို ညွှန်းပို့ရန် အကြံပြုချက်ကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်သည်။ အစီရင်ခံစာပါ သိမ်းကျုံးစွပ်စွဲချက်အားလုံးသည် လူ့အခွင့်အရေးအကြောင်းပြ၍ ထည့်သွင်းထားသည့် ပြည်တွင်းရေးနှင့်သာ အဓိကသက်ဆိုင်သည့် ကိစ္စရပ်များ ဖြစ်သည်။ ယင်းစွပ်စွဲချက်များကို အထောက်အပံ့ပြုရန် ခိုင်လုံသောသက်သေအထောက်အထားမရှိသည့်အပြင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်မှုတစ်စုံတစ်ရာ မရှိပါ” ဟု ကြေညာချက်က ဆိုသည်။

တော်လှန်ရေးအဖွဲ့များ ရှိနိုင်သည့် ကရင်၊ ကယား၊ ကချင်၊ ချင်း၊ စစ်ကိုင်း စသည့် ဒေသများရှိ မြို့နယ်အများအပြားကို အာဏာသိမ်းတပ်က အကြီးအကျယ် ထိုးစစ်ဆင်နေချိန်တွင် ရန်ကုန် အပါအဝင် မြို့ကြီးအများအပြားတွင် ပြည်သူများမှာ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်။

Myanmar Now News

ရှမ်းတောင်တွင် ဒေသခံ ၃၀ ခန့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲနေကြသည်။ အာဏာသိမ်းတပ်၏ ဝါဒဖြန့်မှုကို ဒေသခံအများအပြား ယုံနေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။  

နေပြည်တော်နှင့် ထိစပ်နေသော ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် သံဃာသုံးပါး အပါအဝင် လူပေါင်း ၃၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို စစ်ကောင်စီ စစ်ကြောင်းက ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များက အထောက်အထားများနှင့်တကွ ထုတ်ဖော်ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပင်လောင်းမြို့နယ်အတွင်းရှိ စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်အဖွဲ့၏ ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ကရင်နီပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် အဆက်မပြတ် တိုက်ပွဲဖြစ်နေသည့် ထိုဒေသတွင် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။​

ယမန်နေ့ (မတ်လ ၁၂) တွင် ပင်လောင်းမြို့နယ် လုံးပျဉ်ကျေးရွာအုပ်စုအတွင်းရှိ နန်းနိမ့်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ပစ်သတ်ခံထားရသည့် သံဃာသုံးပါးနှင့် ဒေသခံ ၁၉ ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရသည်၊ ယနေ့တွင် နောက်ထပ် ရုပ်အလောင်း ၇ လောင်း ထပ်တွေ့သည်ဟု ​ဒေသခံ တော်လှန်ရေးအဖွဲ့များက ဆိုသည်။​

ဘုန်းကြီးကျောင်း အနောက်ဘက်တွင် ထပ်တွေ့ရသော ရုပ်အလောင်း ၇ လောင်းကို စစ်တပ် လှုပ်ရှားနေဆဲဖြစ်သောကြောင့် မကောက်ယူနိုင်သေးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။​

“လုံခြုံရေးအရ သွားလို့မရတဲ့ အနေအထားဖြစ်ပါတယ်။ အခု အလောင်းက ၂၂ လောင်းပဲ ရသေးတယ်” ဟု သူက ပြောသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း ပြန့်ကျဲနေသည့် ရုပ်အလောင်းပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာများက “ကယား PDF များကို ဆုံးမခြင်း” “နှိမ်နင်းခြင်း” စသည့် ခေါင်းစဉ်များဖြင့် စတင် ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
Pj6zyb50.Jpeg

KNDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် တိုက်လေယာဉ် အပါအဝင် လက်နက်ကြီးများဖြင့် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က နန်းနိမ့်ရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည့်အပြင် သတ်ဖြတ်ခံထားရသူတို့၏ ရုပ်အလောင်းပုံများလည်း ဖော်ပြခဲ့သည်။​

လက်ရှိ ကောက်ယူရရှိထားသော ရုပ်အလောင်းများတွင် သံဃာသုံးပါးအပြင် အမျိုးသမီးတစ်ဦးလည်း ပါဝင်ပြီး ကျန်သူများမှာ အမျိုးသားများဖြစ်သည်ဟု သိရသည်။

ဒေသခံ တော်လှန်ရေးအဖွဲ့များ၏ အဆိုအရ မတ် ၁၁ တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း၊ ယင်းမတိုင်မီနေ့က အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီစစ်တပ်သည် ဘုန်းကြီးကျောင်း အရှေ့မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ နဂါးတောင်မှနေ၍ စတင်စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

မတ် ၁၁ နံနက်ပိုင်းတွင် တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ထောက်လှမ်းခဲ့ရာ ဘုန်းကြီးကျောင်းအတွင်းရှိ ရုပ်အလောင်းများနှင့် ရွာအတွင်း ဆိုင်ကယ်တချို့ မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရသော်လည်း စစ်တပ်က လက်နက်ကြီးအပြင် လေယာဉ်ဖြင့်ပါ ဗုံးကြဲနေသဖြင့် အနီးကပ် မဝင်ရောက်နိုင်ခဲ့ကြောင်း KNDF နှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ရွာသားတွေကိုတော့ မနက်ပိုင်းကတည်းက သတ်ထားတယ်နဲ့ တူတယ်။ အလောင်းတွေက ဒရုန်းနဲ့ ထောက်တာ ပေါ်ပြီ” 

မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်သားများကို မတွေ့တော့သဖြင့် ဘုန်းကြီးကျောင်းအတွင်းသို့ တော်လှန်ရေးအဖွဲ့များ ဝင်ရောက်နိုင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ချိန်တွင် ကျောင်းထိုင်ဆရာတော် အပါအဝင် နန်းနိမ့်ကျေးရွာခံ ၃၀ ကျော်မှာ ထွက်မပြေးဘဲ ရွာထဲတွင် ကျန်ရှိနေခဲ့သည်ဟုလည်း PNDF မှ ဓားမြှောင်ဟု အမည်ခံထားသည့် တပ်ဖွဲ့ဝင်က ပြောသည်။​

“ရွာကနေ ဆုတ်ခွာဖို့၊ ရွာမှာ မနေဖို့ သူတို့ကို အကြိမ်ကြိမ် သတိပေးတယ်။ ဒါပေမဲ့ သူတို့ကတော့ မဆုတ်ဘူး။ ပေတေပြီး နေတာပေါ့။ ဒီလူ (စစ်တပ်) တွေက သူတို့ကို ဘာမှမလုပ်ဘူးလို့ ယုံကြည်ပြီး နေခဲ့တာပေါ့” ဟု ရဲဘော်ဓားမြှောင်က ဆိုသည်။

တိုက်ပွဲဖြစ်စဉ် ရွာခံအများစု ထွက်ပြေးကြသော်လည်း အချို့မှာ ဘုန်းကြီးကျောင်းစောင့်ရန် ကျန်ရစ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့သူ နန်းနိမ့်ရွာသားတစ်ဦးက ယနေ့ ပြောသည်။

“ဘုန်းကြီးက ထွက်မသွားချင်ဘူးတဲ့။ သူ့ဒကာတွေက ကျောင်းစောင့်ပေးတာ”

ဘုန်းကြီးသုံးပါးနှင့်အတူ ကျောင်းစောင့်ရန် ကျန်ရစ်ခဲ့သူ ၃၀ ကျော်ရှိပြီး ထိုသူများအနက် ၁၃ ဦးကို အမည်၊ အသက်အရွယ်နှင့်တကွ သိရသော်လည်း အစုလိုက်သတ်ဖြတ်ခံရသူများထဲတွင် ပါဝင်ခြင်း ရှိမရှိ သီးခြားအတည်မပြုနိုင်သေးပေ။​

နန်းနိမ့်ကျေးရွာသို့ ရောက်ရှိခဲ့သည့် ဒီးမော့ဆို PDF အဖွဲ့ဝင်ကလည်း ရုပ်အလောင်း ၂၅ လောင်းထက်မနည်း မျက်မြင်တွေ့ရှိခဲ့သည်ဟု ပြောသည်။

“ဦးခေါင်းတွေ အကုန်လုံး ပေါက်ကုန်တယ်။ သေနတ်ပစ်ဒဏ်ရာတွေပဲ။ ကျွန်တော်ထင်ပါတယ်၊ တန်းစီပြီးတော့၊ ထုထောင်းပြီးတော့ ပစ်ခိုင်းတယ်နဲ့ တူတယ်။ ပစ်သွားတာ အနီးကပ်ပဲပေါ့နော်”

ဓာတ်ပုံမှတ်တမ်းများအရ သွေးသံရဲရဲဖြင့် အစုလိုက် သေဆုံးနေသူတို့၏ ရုပ်အလောင်းများ နောက်ကွယ်ရှိ ကျောင်းအုတ်နံရံများတွင် ကျည်ဆန်ရာများ အထပ်လိုက်ဖြစ်နေသည်ကို တွေ့ရသည်။
Update_1.Jpeg

ပင်လောင်းမြို့နယ်အတွင်း လူပေါင်း ၃၀ နီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက KNPP နှင့် KNDF တို့ကသာ ထိုဒေသကို တိုက်ခိုက်ခြင်း ဖြစ်သည်၊ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟု ယနေ့ ထုတ်ဖော်ပြောဆိုသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း တွေ့ရှိရသည့် ရုပ်အလောင်းများမှာ အပြစ်မဲ့ အရပ်သားပြည်သူများနှင့် ဘုန်းကြီးများဖြစ်သည်ဆိုသည်ကိုမူ သူက ထည့်သွင်းပြောဆိုခြင်း မရှိပေ။

အာဏာသိမ်းစစ်တပ်ကို အပြင်းအထန် လက်နက်ကိုင်ခုခံတော်လှန်နေသည့် နေပြည်တော်နှင့် အနီးဆုံး ကယားပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့များကို စစ်ကောင်စီက အရက်စက်ဆုံး ဖိနှိပ်ဖြိုခွင်းနေရာ တိုက်ပွဲဖြစ်နေသည်မှာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်သည်။

လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့် ကရင်နီဒေသအတွင်း စစ်ကောင်စီက ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားပြည်သူများကိုမချန် လက်နက်ကြီးများသာမက စစ်လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
Jhggffek.jpeg

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာအနီးတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက လူပေါင်း ၄၀ နီးပါး အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ ခရစ္စမတ်အကြိုနေ့တွင် ဖြစ်ပွားခဲ့သော အစုလိုက် မီးရှို့သတ်ဖြတ်ခံရသည့်ဖြစ်စဉ်ကို စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတစ်ခုက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် အထောက်အထားများ ပေါ်ထွက်ခဲ့သည်။

လက်နက်ကိုင် ခုခံတော်လှန်ရေး ရှည်ကြာလာသည်နှင့်အမျှ ကရင်နီဒေသမှ တော်လှန်ရေးအဖွဲ့များ အားကောင်းလာပြီး နေပြည်တော်နှင့် ထိစပ်နေသော နေရာဒေသများအထိ နယ်မြေစိုးမိုးလာနိုင်ခဲ့သည်။

စစ်ကောင်စီကလည်း ၎င်း၏မဟာမိတ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) နှင့် ပူးပေါင်းကာ ဒေသခံ တော်လှန်ရေးအဖွဲ့များကို အဆက်မပြတ် တိုက်ခိုက်လျက်ရှိသည်။​

ဖေဖော်ဝါရီ ၂၄ ရက်က စစ်တပ်နှင့် ပအိုဝ်းအဖွဲ့၏ ပူးပေါင်းစစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရစဉ် ၂၀ ကျော်အထိ သေဆုံးပြီးနောက် စစ်ကောင်စီက ပင်လောင်း – ဖယ်ခုံလမ်းပေါ်ရှိ ကျေးရွာများအပြင် လွိုင်ကော်မြို့အထိ အင်အားဖြည့်တင်းထားသည်ဟု KNDF မှ ဒုစစ်ဦးစီးချုပ် မာဝီက ယခုလ ၇ ရက်တွင် Myanmar Now ကို ပြောသည်။

မကြာမီရက်ပိုင်းက ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီကို အာဏာသိမ်းခေါင်းဆောင်ကိုယ်တိုင် လာရောက်တွေ့ဆုံခဲ့ပြီးနောက် ပအိုဝ်းဒေသတွင် လူမှုကွန်ရက်ပေါ်မှနေ၍ လူမျိုးရေးခွဲခြားသည့် လှုံ့ဆော်မှုများလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေသည်ဟု ဒေသခံတို့က ဆိုသည်။

ပင်လောင်းနယ်မှ တိုက်ပွဲများအတွင်း ယယန်း၊ ကယားလူမျိုးများက နေအိမ်များကို မီးရှို့နေသဖြင့် ပအိုဝ်းလူမျိုးများ ထွက်ပြေးနေရကြောင်း လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေမှုများ ရှိလာသည်ဟု ရှမ်းပြည်နယ်တောင်ပိုင်းမှ ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။

“ကရင်နီတွေက အဲဒီလိုမျိုး လုပ်ပါတယ်ဆိုပြီးတော့ ဝါဒဖြန့်လိုက်တဲ့အခါကျတော့ လူထုတွေက ယုံလာတယ်။ ယုံတဲ့လူက များတယ်”

ကရင်နီဒေသတွင် အင်အားကြီးတော်လှန်ရေးအဖွဲ့ဖြစ်လာသည့် KNDF မှ ဒုစစ်ဦးစီးချုပ် မာဝီကမူ အာဏာသိမ်းတပ်နှင့် လက်တွဲသူတို့ကို တိုက်ခိုက်ရမည်ဟု ပြောသည်။

“ပအိုဝ်းလူမျိုးတွေကို ကျွန်တော်တို့ မုန်းလည်းမမုန်းဘူး။ ဒီစစ်ပွဲထဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ PNO/PNA တိုင်းကိုတောင် ကျွန်တော်တို့ မမုန်းပါဘူး။ ဒါပေမဲ့ လောက်ကောင်ဖြစ်နေတဲ့ စစ်တပ်နဲ့ အကျိုးစီးပွားလုပ်နေတဲ့ကောင်တွေကိုတော့ ချေမှုန်းရမှာ သမိုင်းပေးတာဝန်ဖြစ်တယ်” ဟု သူက ပြောသည်။

Myanmar Now News