ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ယင်းမာပင်မှာ နာရေးအခမ်းအနား တိုက်ခိုက်ခံရလို့ အသက်မပြည့်သေးသူ နှစ်ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးမြောက်ရွာမှာ ဒီနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက နာရေးတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် အသက် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးနဲ့ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မေလ ၁၂ ရက်နေ့ မနက်ပိုင်းက ဘန့်ဘွေးမြောက်ရွာမှာ ပြုလုပ်နေတဲ့ နာရေးတစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲ့ နာရေးအဖြစ် စစ်ကောင်စီက ယူဆပြီး ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆရာစံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဆရာစံက RFA ကို ပြောပါတယ်။
“ဘန့်ဘွေးမြောက်ရွာရဲ့ တောတိုက်လေးမှာ ရိုးရိုးပြည်သူ အသုဘရှိတယ်။ အဲဒီအသုဘကို PDF ကျဆုံးရဲဘော်အတွက် ဈာပနအခမ်းအနားနဲ့ အလေးပြုတယ်ဆိုပြီး သူတို့တွေက ဝင်ရောက်ပစ်ခတ်သွားတဲ့ ဖြစ်စဉ်ပါပဲ။ ခြောက်နှစ်အရွယ် မိန်းကလေးတစ်ယောက်ရယ်၊ ၁၄ နှစ်အရွယ် မိန်းကလေးတစ်ယောက်ရယ်က တစ်ခါတည်း ပွဲချင်းပြီး သေဆုံးသွားတယ်ဗျ။ ဒဏ်ရာရသူက နို့စို့အရွယ် ကလေးရဲ့ မျက်လုံးကို မှန်ပြီး ကျန်တဲ့အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိတယ်”
သေဆုံးသွားတဲ့ မိန်းကလေးနှစ်ဦးရဲ့ ရုပ်အလောင်းမှာလည်း သေနတ်နဲ့ပစ်ခတ်ခံထားရတဲ့ ကျည်ဒဏ်ရာတွေ တွေ့ရတယ်လို့ သူက ဆိုပါတယ်။
သေဆုံးသူတွေဟာ အသက်ခြောက်နှစ်အရွယ် မချယ်ရီနဲ့ အသက် ၁၄ နှစ်အရွယ် မငွေဌေးတို့ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြနေပေမဲ့ ဒါကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တစ်ဦးရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာလည်း ပြန်လည်ကောင်းမွန်ဖို့ အတိအကျမပြောနိုင်တဲ့ အနေအထားဖြစ်တယ်လို့ ဆရာစံက ပြောပါတယ်။
မေလ ၁၁ ရက်နေ့က နဘူးတောရွာအဝင်မှာ စစ်ကောင်စီတပ်နဲ့ ဆရာစံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က PDF သုံးဦး သေဆုံးခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အတည်ပြုနိင်ဖို့ နောက်ထပ်ဒေသခံနှစ်ဦးကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖြစ်စဉ်မှန်ကန်ကြောင်း ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကိုလည်း ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ဒီနေ့ မေလ ၁၂ ရက်နေ့ မနက်ပိုင်းက ယင်းမာပင်မြို့နယ်၊ နဘူးတောရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး PDF နှစ်ဦးသေဆုံးခဲ့တယ်လို့ ပြောက်ကျားဘောင်းဘီ ဝတ်ဆင်ထားတဲ့ သေဆုံးသူအမျိုးသားနှစ်ဦးရဲ့ ဓာတ်ပုံကို ဖော်ပြထားကြပါတယ်။
ဒါပေမဲ့ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့ဝင်တွေကတော့ ဒီနေ့မှာ တိုက်ပွဲမရှိခဲ့သလို ကျဆုံးသူမရှိခဲ့ဘူးလို့ ငြင်းဆိုထားကြပါတယ်။
မတ်လ ၃ ရက်နေ့ကလည်း ယင်းမာပင်မြို့နယ် မြောက်နုံးရွာဟာ စစ်ကောင်စီတပ်ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ နှစ်ဦးသတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၁၅၀ မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA Burmese
ထန်းတပင်ဒေသခံ ၁၉ ဦး မီးရှို့အသတ်ခံရ၊ ပျောက်ဆုံးနေသူတွေ ရှိနေဆဲလို့ KNU ပြော
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ ထိန်းချုပ်ရာ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာမှာ စစ်တပ်က ဒေသခံ ၁၉ ဦးကို မီးရှို့သတ်ဖြတ်သွားပြီး ပျောက်ဆုံးနေသူတွေ ရှိနေဆဲပဲလို့ မေလ ၁၂ရက်နေ့မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ လတ်တလော ညောင်ပင်သာကျေးရွာအနီးမှာရှိနေသလို စစ်မြေပြင်လိုဖြစ်နေတာကြောင့် မီးရှို့အသတ်ခံရသူ ၁၉ ဦးစာရင်းကိုသာ ကောက်ယူနိုင်တာဖြစ်ပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ တပ်မ – ၄၄ ၊ ခလရ – ၇၃ ၊ ခမရ – ၅၉၉ ၊ ခမရ – ၅၉၀ နဲ့ ခလရ – ၄၈ တပ်တွေဟာ ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာအနီးမှာ စစ်ရေးလှုပ်ရှားနေပြီး KNU လက်အောက်ခံတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်တပ်ဘက်က ဗိုလ်ကြီးတစ်ဦး၊ ဒုဗိုလ် ၁ အပါအဝင် ၅ ဦး ကျဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ် စုပေါင်းစစ်ကြောင်းက ညောင်ပင်သာကျေးရွာထဲကိုဝင်ပြီး မကြာခင်မှာပဲ ကျေးရွာအတွင်းမှာ မီးလောင်နေတာတွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
RFA ကို မြေပြင်မှာရှိတဲ့ ဒေသခံတွေပြောပြချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထုတ်ပြန်ချက်တွေအရတော့ ညောင်ပင်သာကျေးရွာသား ၁၈ ဦး သတ်ဖြတ်ခံရတယ်လို့ သိရပြီး စာရင်းအတိအကျသိရှိဖို့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ထန်းတပင်မြို့နယ် ညောင်ပင်သာရွာသားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးနဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို RFA က အကြိမ်ကြိမ် ဖုန်းနဲ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေ တစ်နိုင်ငံလုံးမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ် ကျူးလွန်ခဲ့ရာမှာ ပြည်သူ ၇၆၆ ယောက် အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၂ဝ၂၁ ခုနှစ် ဇူလိုင်လကနေ ၂၀၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့အထိ အရပ်သား ငါးယောက်နဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို NUG က စာရင်းပြုစုထားတာဖြစ်ပါတယ်။
RFA Burmese
အရပ်သားတစ်ဦးကို SSPP တပ်ဖွဲ့က မီးမြှိုက်ပြီးနှိပ်စက်မှု ဝေဖန်ခံနေရ
ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့ဝင်တွေက အရပ်သားတစ်ဦးကို သစ်ပင်ပေါ်မှာ လက်နောက်ပြန်ကြိုးတုပ် ချိတ်ဆွဲပြီး အောက်ကနေ မီးမြှိုက်နှိပ်စက်နေတဲ့ ရုပ်သံတစ်ခု အခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပြီး ဒီအပေါ်ဝေဖန်မှုတွေ ရှိနေပါတယ်။
ရှမ်းတိုင်းရင်းသား မီဒီယာအချို့မှာတော့ ဖမ်းဆီးနှိပ်စက်ခံရတဲ့ အမျိုးသားဟာ ဟိုပုံးမြို့နယ် ဖွန်ဆိုင်းရွာက ရွာသူကြီး ဦးဝါလဖြစ်တယ်လို့ ရေးသားနေကြပါတယ်။
ရွာအနီးမိုင်းပေါက်ကွဲမှုကြောင့် ဦးဝါလ အပါအဝင် ရွာသားအချို့ကို SSPP တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ပြီး အဆက်အသွယ်ပြတ်တောက်နေတာလို့ ဆိုပါတယ်။
အဲဒီရုပ်သံမှာ SSPP တပ်ဖွဲ့ဝင်တွေက ရွာသားကိုစစ်မေးနေပြီး ရွာသားက မသိရှိကြောင်း ငြင်းဆိုနေတာလို့ အမည်မဖော်လိုတဲ့ ရှမ်းလူငယ်အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့မေးတာက ရှိလား၊ ရှိလား အဲဒါပဲမေးနေတာ၊ ဘာမေးတာလဲ ကျွန်တော်လည်း မသိဘူးပေါ့နော်။ ခံရတဲ့သူက မသိဘူးလို့ ပြောနေတယ်။ ပြီးတော့ ဘုရား၊ တရား၊ သံဃာ တပြီးအော်နေတာ။ ကြည့်လို့ ဘယ်လိုမှ အဆင်မပြေဘူး။ အပြစ်ကျူးလွန်တယ် ဆိုရင်တောင် ဒီလိုမျိုး မလုပ်သင့်ဘူးနော်”
SSPP တပ်ဖွဲ့က ရွာသားတစ်ဦးကို အခုလို နှိပ်စက်နေတဲ့အပေါ် ရှမ်းလူငယ်အဖွဲ့အချို့ ကလည်း ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုနေကြပါတယ်။
SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ မိုင်းကိုင်နဲ့ လဲချားဘက်မှာ SSPP စစ်ကြောင်းတွေကို RCSS က မကြာခဏ မိုင်းထောင်တာ၊ ချောင်းမြောင်းပစ်ခတ်မှုတွေ ဖြစ်နေတဲ့အပေါ် ပါဝင်ပတ်သက်တယ်လို့ သံသယရှိသူတွေကို စစ်ဆေးနေတာလို့ ပြောပါတယ်။
နှိပ်စက်ခံရသူတွေ ဘယ်သူဘယ်ဝါဆိုတာကို လက်ရှိပြောလို့မရသေးပေမယ့် စစ်ဆေးမှုအတွင်း စစ်ဥပဒေထက် ကျော်လွန်စစ်ဆေးခဲ့မှုအတွက်ကိုတော့ ကျူးလွန်သူတွေကို စုံစမ်းဆေးမှာဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က RFA ကို ပြောပါတယ်။
“အောက်ခြေတပ်သားတွေဟာ မကြာခဏ ခြုံခိုတိုက်ခိုက်ခံရတာ မိုင်းဆွဲခံရတာတွေ ရှိတော့ အဲအပေါ်မှာ စိတ်ခံစားချက်တွေ ရှိကြတယ်။ အခုလည်း မိုင်းထောင်ရာမှာ ပါဝင်တယ်လို့ ယူဆရတဲ့သူတွေကို စစ်ဆေးရာမှာ လူ့အခွင့်အရေးနဲ့ရော၊ စစ်သုံ့ပန်းဥပဒေနဲ့အညီ မလုပ်ဘဲ စိတ်ခံစားချက်တွေပါပြီး လုပ်ခဲ့တဲ့သဘောဖြစ်လို့ အရေးယူမှုတွေလုပ်မှာ ဖြစ်ပါတယ်”
ဒီကိစ္စအပေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ရှမ်းပြည်တောင်ပိုင်း လဲချား၊ ပင်လုံ၊ မိုင်းကိုင်မြို့နယ်ထဲမှာ RCSS နဲ့ SSPP အကြား မကြာခဏ စစ်ရေးတင်းမာနေပြီး နှစ်ဖက်တပ်ဖွဲ့နဲ့ နီးစပ်တယ်လို့ သံသယဝင်ခံရတဲ့ ရွာသားတွေလည်း အခုလိုပဲ ဖမ်းဆီးခံနေရပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ မေ (၁)ရက်မှ (၇) ရက်နေ့ထိ
မေလ(၁)ရက်မှ (၇) ရက်နေ့အတွင်း စစ်အာဏာရှင်တပ်များက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် ဒေသခံပြည်သူများကို လေကြောင်းအသုံးပြုကာ တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ ဗုံးကြဲ တိုက်ခိုက်ရာတွင် ပေါင် ၅၀၀ အားရှိ ဖျက်အားပြင်း ဗုံးများ အသုံးပြုခဲ့ခြင်းကြောင့် ပြည်သူပိုင် အဆောက်အဦးများ မီးလောင်ပျက်ဆီးခဲ့ရပြီး ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ (၁၀)ဦးခန့် သေဆုံးခဲ့ကာ (၁၇)ဦးကျော် ထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော် (၅)ဦး အပါအဝင် ပြည်သူ (၈)ဦးကို စစ်အာဏာရှင်တပ်သားများက ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ ကလေးငယ်အပါအဝင် ပြည်သူ (၂)ဦးကို စစ်အာဏာရှင်လက်အောက်ခံ ပျုစောထီးများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊မြင်းမူမြို့နယ်မှ ပြည်သူ (၂)ဦးကို မီးရှို့သတ်ဖြတ်ခဲ့ သည်။ တပတ်အတွင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ (၁၇၉)ဦးခန့် ရှိခဲ့သည်။စစ်အာဏာရှင်တပ်သားများက ဒေသခံ ပြည်သူများရှိရာ နေရာများကို စစ်ကြောင်းထိုးကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဖမ်းဆီးညှင်းပန်း နှိပ်စက်ခြင်း၊ ပြည်သူပိုင် အဆောက်အဦးများကို မီးရှို့ ဖျက်ဆီးခြင်း၊ ဒေသခံ ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းတလျှောက် လူသားဒိုင်းအဖြစ် အသုံးပြုခြင်း တို့ကြောင့် နေရပ်ဒေသ စွန့်ခွာခြင်းများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
Infogram
အာဆီယံ သံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှု စင်ကာပူရှုတ်ချ
အာဆီယံအကူအညီပေးရေးအဖွဲ့ သံတမန်တွေလိုက်ပါလာတဲ့ယာဉ်တန်း ရှမ်းပြည်နယ်ထဲမှာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ကို စင်ကာပူအစိုးရက ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။
ဒုက္ခသည်တွေဆီ လိုအပ်တဲ့ အကူအညီတွေ အရောက်ပို့ပေးနိုင်ဖို့အတွက် သံတမန် အဖွဲ့အစည်းတွေ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ အလုပ်လုပ်ကိုင်ခွင့်ပေးပါလို့လည်း မနေ့ညပိုင်းက ထုတ်ပြန်တဲ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
စင်ကာပူနဲ့ အင်ဒိုနီးရှားက သံအရာရှိတွေလိုက်ပါလာတဲ့ ယာဉ်တန်းဟာ မနေ့မနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းဆီဆိုင်မြို့နယ်၊ ဆီဆိုင်- ဆိုက်ခေါင်လမ်းပေါ်မှာ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။
အဲဒီယာဉ်တန်းပေါ်မှာ ရန်ကုန်-စင်ကာပူသံရုံးက ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ပြီး၊ သူတို့တွေဟာ ထိခိုက်မှုမရှိဘဲအန္တရာယ်ကင်းကင်းနဲ့ ရန်ကုန်ကိုပြန်ရောက်နေပြီလို့ ပြောပါတယ်။
အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တပ်ဖွဲ့ကတော့ ဒီပစ်ခတ်မှုဟာစစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် လက်ချက်ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
NUG အစိုးရကလည်း သူတို့လက်အောက်ခံ PDF တွေရဲ့ လက်ချက်မဟုတ်ဘူးလို့ ပြောထားပါတယ်။
စစ်ကောင်စီကတော့ ဒီပစ်ခတ်မှုဟာ အကြမ်းဖက်သမားတွေရဲ့လက်ချက်လို့ ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးဖြေရှင်းရာမှာ အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်အတိုင်း အကြမ်းဖက်မှုတွေကိုလျှော့ချဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာဖို့လည်း စင်ကာပူအစိုးရရဲ့ ထုတ်ပြန်ချက်မှာထပ်မံတိုက်တွန်းထားပါတယ်။
RFA Burmese
ကလေးစစ်သားအသုံးပြုခြင်း ( Use of child soldier)
ကလေးစစ်သားဆိုသည်ကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း (Child Soldier)
(က) နိုင်ငံတကာ ဥပဒေအရ ကလေးစစ်သားတဦးအဖြစ် သတ်မှတ်သည့် အင်္ဂါရပ်များကား အဘယ် နည်း။
ကလေးစစ်သား အဖြစ်သတ်မှတ်၍ လူ့အခွင့်အရေးချိုးဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန် အ တွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် (၃) ခု ထင်ရှားကြောင်း ဖော်ပြရပါမည်။
(ခ) တပ်သားသစ်စုဆောင်းခြင်းနှင့် စစ်တပ်အတွင်း ပါဝင်ဆောင်ရွက်ခြင်းတွင် မည်သည့် သတ်မှတ်ချက် များရှိသနည်း။
“တပ်သားသစ်စုဆောင်းခြင်း”ဆိုသည်မှာ လက်နက်တိုင်တပ်ဖွဲ့တခု သို့မဟုတ် လက်နက်ကိုင် အုပ်စုတခု အတွင်းသို့ ရုပ်ပိုင်းဆိုင်ရာအရ စတင်ပါဝင်ခြင်းကို ဆိုလိုသည်။ ထိုလုပ်ငန်းတွင် တရားဝင်ပုံစံအဖြစ် သွတ်သွင်းခြင်းအပြင် တရားဝင် မဟုတ်သော ပုံစံဖြင့် စည်းရုံးသိမ်းသွင်းခြင်းတို့ပါဝင်သည်။ ဥပမာအား ဖြင့်- တပ်သားသစ်စုဆောင်ခြင်းတွင်-
“တပ်အတွင်း ပါဝင်ခြင်းတွင် ကလေးများက တိုက်ပွဲအတွင်း တိုက်ရိုက်ပါဝင်ခြင်းနှင့် လက်နက်ကိုင် တပ် ဖွဲ့များ သို့မဟုတ် လက်နက်ကိုင်အုပ်စုတခု၏ လုပ်ငန်းများအထောက်အကူဖြစ်စေရေးအတွက် ကလေး များကို အသုံးပြုခြင်းအပါအဝင် စစ်ပွဲနှင့်ဆက်နွယ်သော တာဝန်များတွင် ကလေးများကိုအသုံးပြုခြင်း နှစ်ခုစလုံးပါဝင်သည်။ ဥပမာ-စစ်ပွဲများတွင် ပါဝင်ခြင်းဟုဆိုရာတွင် “လက်နက်ကိုင်တပ်ဖွဲ့များတွင်၊ သို့မဟုတ် လက်နက်ကိုင်အုပ်စုတခုအတွင်း ဆန္ဒအလျောက်စစ်မှုထမ်းခြင်း ကလေးတဦးက မိမိကိုယ်မိ မိ ပုံဖေါ်ပြောခြင်းသည် ကလေးတဦး၏ လွတ်လပ်စွာရွေးချယ်ခွင့်မှ ဖြစ်ပေါ်လာသည်မှာ ရှားပါးလှပေ သည်။ သူ၏ထိန်းချုပ်နိုင်မှုမှ ကျော်လွန်သော အချက်အလက်များကြောင့် တွန်းပို့သော ရွေးချယ်မှု ကြောင့် ဖြစ်ပေါ်လာရသည်က များသည်။ ပုံမှန်အားဖြင့် ကလေးများသည် အခြေခံစားသောက်ရေး လို အပ်ချက်အရ သော်လည်းကောင်း၊ အတင်းအကျပ် စစ်သားစုဆောင်းခြင်းကို ရှောင်လွှဲလို၍ သော်လည်း ကောင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိလိုသောကြောင့် သော်လည်းကောင်း၊ အစရှိသည့် အကြောင်းပြချက် များကြောင့် စစ်ထဲဝင်ရခြင်းဖြစ်သည်။ ထိုကဲ့သို့သောဖိအားများကြောင့် ကလေးများအဖို့ အခြားရွေး ချယ်စရာမရှိဘဲ စစ်ထဲသို့ ဝင်ကြရရုံသာ ရှိစေသည်။”