ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀) ရက်နေ့ထိ
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၂)ရက်မှ (၃၀) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်မျာ
ဇွန်(၂၂)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ် ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် တပတ်အတွင်း အရပ်သားပြည်သူများ (၉)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ (၁၁) ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူပိုင်အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်နှင့် ခင်ဦးမြို့နယ်မှ ပြည်သူ(၃၅)ဦးကို လူသားဒိုင်း အဖြစ် ဖမ်းဆီးထားသည်။ စစ်အာဏာရှင် တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်(၆)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီးတွင် အမျိုးသမီး (၂)ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခြင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်သား (၁၃)ဦး အပါအဝင် ပြည်သူ(၁၈)ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ ကန့်ဘလူမြို့နယ် မှ ဒေသခံပြည်သူများကို ပျုစောထီး သင်တန်းမတတ်ပါက အိမ်နှင့် လယ်ယာမြေများ သိမ်းယူမည်ဟု စစ်အာဏာရှင် လက်အောက်ခံ ပျုစောထီး အဖွဲ့က ခြိမ်းခြောက်ပြောဆိုခဲ့သည်။
Infogram
KIA ဌာနချုပ်အနီးမှာ တိုက်ပွဲဖြစ်လို့ ဒေသခံ ငါးရာကျော် တိမ်းရှောင်နေရ
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးက နမ်ဆန်ယန်ရွာနားမှာ ဇူလိုင်လ ၃ ရက် မနက် ၅ နာရီလောက်ကစလို့ KIA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေလို့ ဒေသခံ ငါးရာလောက် ဘေးလွတ်ရာကို ရုတ်တရက် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIA တပ်က နေရာယူထားတဲ့ ဌာနချုပ် လိုင်ဇာမြို့နဲ့ ငါးမိုင်ကျော်အကွာက နမ်ဆန်ယန်ရွာ ဘက်ကို စစ်ကောင်စီတပ်က ဝင်ရောက်လာတဲ့နောက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ နမ်ဆန်ယန်ဒေသခံတစ်ဦးက ပြောပါတယ်။
“တိုက်ပွဲက ဒီနေ့မနက်က စဖြစ်လာတာ။ လက်နက်ကြီးတွေလည်း တောက်လျှောက် ပစ်ကြတယ်။ ရွာထဲမှာ မဖြစ်သေးပေမယ့် လက်နက်ကြီးတွေ ပစ်တော့ လာထိမှာ ကြောက်လို့ ကျေးရွာဒေသခံတွေကလည်း တချို့က ထွက်ပြေးကြတယ်။ တချို့က အခြေအနေစောင့်ကြည့်နေသေးတယ်။ အများပိုင်းကတော့ ပစ္စည်းတွေထုတ်ပြီး ရွှေ့ထားကြပြီ”
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းပိုင်းကို ယာယီ ပိတ်ထားတယ်လို့လည်း ဒေသခံ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက အခုမနက် ၅ နာရီလောက် ကနေ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာဖြစ်ပြီး အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
နမ်ဆန်ယန်ရွာဟာ မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်မှာရှိတဲ့ကျေးရွာဖြစ်ပြီး တစ်ကျော့ပြန် ကချင်စစ်ပွဲအပြီး နေရပ်ပြန်လာသူတွေ၊ ဈေးလာရောင်းသူတွေနဲ့ နေရပ်အပြီး မပြန်သေးပေမယ့် တောင်ယာ၊ လယ်ယာ လာလုပ်ရင်းနေထိုင်တဲ့ စစ်ဘေးဒုက္ခသည်စတဲ့ လူဦးရေ တစ်ထောင်ခန့် နေထိုင်တဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း နမ်ဆန်ယန်ရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအချို့ကို KIA က သိမ်းဆည်းခဲ့တယ်လို့ KIA တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝိုင်းမော် – ကန်ပိုင်တည်လမ်းပေါ်က လဂတ်ကောင်ရွာ နားမှာလည်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ကြား ဇူလိုင်လ ၁ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
RFA Burmese
လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မသွတ်သွင်းခံရခြင်း
(က) နိုင်ငံတကာဥပဒေအရ လိင်လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်းတွင် မည်သည့် အင်္ဂါရပ်များ ပါဝင်သနည်း။
လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်းအား လူ့အခွင့်အရေးချိုးဖောက်မှု တခုအဖြစ် မှတ်တမ်း တင်နိုင်ရန်အတွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် (၄) ခု သက်သေထင်ရှားကြောင်း တင်ပြရပါမည်။
၁။ လိင်ဆက်ဆံမှုပုံစံတခုခု
၂။ အတင်းအကျပ် လုပ်ဆောင်ခြင်း သို့မဟုတ် အလိုမတူခြင်း
၃။ ငွေပေးခြင်း သို့မဟုတ် အလားတူပုံစံတမျိုးမျိုး
၄။ အစိုးရ၏ လုပ်ဆောင်ချက် တို့ ဖြစ်သည်။
(ခ) အလိုမတူမှု သို့မဟုတ် အတင်းအကျပ် ပြုလုပ်သော အခြေအနေများ၏ ဥပမာများက အဘယ် နည်း။
အလိုမတူမှု သို့မဟုတ် အတင်းအကျပ်ပြုလုပ်သော အခြေအနေများဆိုသည်မှာ ကျူးလွန်ခံရသူ၏ လွတ် လပ်စွာ ရွေးချယ်ခွင့်များ ဖယ်ရှားခံရသော အခြေအနေများကို ဆိုလိုသည်။ ထိုအခြေအနေတွင်
– ခြိမ်းခြောက်ခြင်း
– အင်အားသုံးခြင်း
– နစ်နာစေသော အပြုအမူ ဆက်ဆံခံရမည်ဟု ခြိမ်းခြောက်ခြင်း၊ ဥပမာ- လိုအပ်သော ခံစားခွင့်ကို ငြင်း ပယ်ခံရမည်ဟု ခြိမ်းခြောက်ခြင်း သို့မဟုတ် ဝန်ဆောင်မှု ရရှိမည့်အခွင့်အရေးကို ငြင်းပယ်ခံရမည်ဟု ခြိမ်းခြောက်ခြင်း၊ သို့မဟုတ် ကိုယ်တိုင်သို့မဟုတ် အခြားသူများကို ထိခိုက်အန္တရာယ်ပြုမည်ဟု ခြိမ်း ခြောက်ခြင်း။
– ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု၊ ဥပမာ မသန်စွမ်းဖြစ်ခြင်း၊ အသက်အရ ကွာဟ မှုရှိခြင်း၊ သို့မဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသုံးစွဲထားခြင်း၊ ဆေးသုံးစွဲထားခြင်း။
(ဂ) နိုင်ငံတကာဥပဒေ– လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်း
လိင်ဖျော်ဖြေရေး လုပ်ငန်းအတွင်းသို့ အတင်းအဓမ္မ သွတ်သွင်းခံရခြင်းအား လိင်မှုဆိုင်ရာ အကြမ်းဖက် မှုပုံစံတခုအဖြစ် တားမြစ်ထားသည်။ ထို့ကြောင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုကို တားမြစ်ပိတ်ပင်ထား သော တရားဥပဒေဆိုင်ရာ သဘောတူချက်များက လိင်လုပ်ငန်းအတွင်းသို့ အတင်းအကျပ် သွတ်သွင်း ခြင်းကိုလည်း တားမြစ်ထားသည်။ သို့သော် အချို့သဘောတူညီချက်များက လိင်ဖျော်ဖြေရေး လုပ်ငန်း အတွင်းသို့ အတင်းအကျပ် သွတ်သွင်းခြင်းကို တိတိကျကျတား မြစ်ထားသည်။ ထိုသဘောတူညီ ချက်များမှာ-
– အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံခြင်းပုံစံအားလုံးပပျောက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမ္ဂ သဘော တူညီချက် (CEDAW)၊ ပုဒ်မ- ၆။
– ဂျီနီဗာ သဘောတူညီချက်၊ အခန်း ၂၇
– ဂျီနီဗာသဘောတူညီချက်၏ နောက်ဆက်တွဲ သဘောတူညီချက် ၁၊ ပုဒ်မ ၇၅ (၂) (ခ) နှင့် ၇၆ (၁)
– ဂျီနီဗာသဘောတူညီချက်၏ နောက်ဆက်တွဲ သဘောတူညီချက် ၂၊ ပုဒ်မ ၄ (၂) (င)
– နိုင်ငံတကာပြစ်မှုဆိုင်ရာ တရာရုံး၏ ရောမသဘောတူညီချက်၊ ပုဒ်မ ၇ (၁) (ဆ)။
လိင်လုပ်ငန်းအတွင်းသို့ အတင်းအကျပ် သွတ်သွင်းခြင်းကို နိုင်ငံတကာ ဓလေ့ထုံးတမ်း ဥပဒေများ အရ လည်း တားမြစ်ထားသည်။
(ဃ) လိင်လုပ်ငန်းအတွင်း အတင်းအဓမ္မသွတ်သွင်းခြင်း ဟူသောအချက်ကို ထင်ရှားကြောင်းပြရာတွင် မည်သည့်ငွေကြေးပေးမှုမျိုး က ဆက်နွယ်ပတ်သက်မှုရှိသနည်း။ လိင်လုပ်ငန်းအတွင်း အတင်းအဓမ္မ သွတ်သွင်းခြင်း ချိုးဖောက်မှုကို ထင်ရှားကြောင်း ပြသရန်အတွက် တစုံတယောက်သည် အခကြေးငွေပေးသည့် ပုံစံတခုခုဖြင့် လိင်ဆက်ဆံမှု ပြုရမည်ဖြစ်သည်။ ထိုပေး ချေမှုတွင် ငွေကြေးအဖြင့်အရ သော်လည်းကောင်း၊ အစားအစာ သို့မဟုတ် အဝတ်အထည် စသည့် ရုပ်ဝတ္ထု ပစ္စည်းအရ အကျိုးအမြတ်ရှိစေသော ပုံစံတခုခုဖြစ်နိုင်သည်။ သို့သော် ခံစားခွင့်ရရှိသူသည် ကျူးလွန်ခံရသူကိုယ်တိုင် ဖြစ်ချင်မှ ဖြစ်နိုင်သည်။ ထိုကဲ့သို့ ဆက်ဆံနိုင်စေရန် စီစဉ်ပေးသူ တဦးဦး ကသော် လည်းကောင်း၊ အခြားသူထံသို့ လွှဲပြောင်းပေးသူ တဦးဦးကသော်လည်းကောင်း၊ ပေးချေမှုကို ရရှိနိုင်သည်။
မူရတ်ကျင့်ဝတ်စည်းမျဉ်း မြန်မာဘာသာဖြင့်ထုတ်ပြန်ခြင်း
nstitute for International Criminal Investigations (www.iici.global)အနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် မူရတ်ကျင့်ဝတ်စည်းမျဉ်း (စနစ်တကျကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်းများ) ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီးဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးကြေညာလိုပါသည်။ မြန်မာဘာသာ ပြန်ဆိုချက် အပါအဝင် အခြားဘာသာပြန်ဆိုချက်များကိုလည်း မူရတ်ကျင့်ဝတ်စည်းမျဉ်း စီမံကိန်း/ ဝက်ဘ်ဆိုက် www.muradcode.com/murad-code တွင် ဝင်ရောက်ကြည့်ရှု ရယူနိုင်ပါသည်။ နောက်လာမည့် ၃ နှစ်တာကာလအတွင်း မူရတ်ကျင့်ဝတ်စည်းမျဉ်းကို အခြားသော ဘာသာများသို့ ပြန်ဆိုရန် စီစဉ်လျက်ရှိပါ သည်။
ဤမူရတ်ကျင့်ဝတ်စည်းမျဉ်း စီမံကိန်း ဝက်ဘ်ဆိုက်ပေါ်တင်ထားသည့် မြန်မာဘာသာပြန်ဆိုချက်သည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဘာသာပြန်ဆိုချက်အပေါ် အခြေခံထား ခြင်းဖြစ်သည့်အတွက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကို အထူးကျေးဇူးတင်ရှိ ပါသည်။ ၎င်းတို့၏ ဘာသာပြန်များနှင့် ဘာသာပြန်မှုအပေါ် ပြန်လည်အကဲဖြတ်သုံးသပ်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ အကယ်၍ မြန်မာဘာသာ (သို့မဟုတ် အခြားသောဘာသာ) ဖြင့်ရေးသားထားသည့် မူရတ်ကျင့်ဝတ်စည်းမျဉ်းကို လေ့လာဖတ်ရှုသူများအနေနှင့် အမှားအယွင်းများ သို့မဟုတ် အခြားသော ဘာသာပြန်မှုဆိုင်ရာ ပြဿနာများကို တွေ့ရှိခဲ့လျှင် info@muradcode.com သို့ (တတ်နိုင်ပါက အင်္ဂလိပ်ဘာသာဖြင့်) email ပို့ဆောင်၍ ယခုထက်ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်မည့် အကြံပြုချက်များပေးအပ်နိုင်ပါသည်။
ကျေးဇူးပြု၍ ဤမြန်မာဘာသာပြန်ဆိုချက်ကို သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် အဆက်အသွယ်များအား အသိပေးပြောကြားပေးပါရန် မေတ္တာရပ်ခံပါသည်။
Institute for International Criminal Investigations
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)
xxxxxxx
မူရတ်ကျင့်ဝတ်စည်းမျဉ်း
ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်စဉ်က ရရှိခဲ့သည့် တန်ဖိုးမဖြတ်နိုင်သော ဆွေးနွေးတင်ပြချက်များနှင့် အကြံပြုချက် မြောက်များစွာအပေါ် အခြေခံ၍ မူရတ်ကျင့်ဝတ်စည်းမျဉ်း (Murad Code) မူကြမ်းကို နှံ့စပ်သေချာစွာ ပြန်လည်စိစစ် သုံးသပ်မှုများနှင့် ပြင်ဆင်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ပြင်ဆင်ချက်မူကြမ်းများ နှင့်ပတ်သက်၍ လွတ်မြောက်လာသူများနှင့် အခြားကျွမ်းကျင် ပညာရှင်များထံမှ စာဖြင့်ရေးသားထားသည့် ပြန်လည်စိစစ် သုံးသပ်ချက်များကို ရယူခြင်းဖြင့်လည်းကောင်း၊ ၎င်းတို့နှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် လည်းကောင်း အဆိုပါ ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ရလဒ်အနေဖြင့် “လက်တွေ့ကျင့်သုံးနိုင်သော” မူရတ်ကျင့်ဝတ်စည်းမျဉ်း (Murad Code) ထွက်ပေါ်လာခဲ့ပြီး ၎င်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ၊ (၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ထွက်ရှိခဲ့သော မူရတ်ကျင့်ဝတ်စည်းမျဉ်းမူကြမ်း ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် ၂၀၂၀၊ ဇွန်လမှစ၍ လက်ခံရရှိခဲ့သော အဆိုပါမူကြမ်းအပေါ် သုံးသပ်အကြံပြုချက်အကျဉ်းချုပ်နှင့် အကြံပြုချက်အပြည့်အစုံ တို့ကိုလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
“လက်တွေ့ကျင့်သုံးနိုင်သည့်” မူရတ်ကျင့်ဝတ်စည်းမျဉ်း (“စနစ်တကျကျူးလွန်သည့် ပဋိပက္ခနှင့်ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အချက်အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်းဆိုင်ရာ နိုင်ငံတကာ ကျင့်ဝတ်စည်းမျဉ်းများ (SCRSV)” မြန်မာဘာသာကို အောက်တွင်ဖော်ပြထားပါသည်။ ဤကျင့်ဝတ် စည်းမျဉ်းသည် မွမ်းမံဆဲ စာတမ်းတစ်ခုဖြစ်ပြီး SCRSV နှင့်ပတ်သက်သော အချက်အလက်များကို လုံခြုံမှု၊ ထိရောက်မှုနှင့် ကျင့်ဝတ်နှင့်ကိုက်ညီမှုရှိစွာ ရယူစုဆောင်းခြင်းနှင့် ပတ်သက်သည့် အနိမ့်ဆုံးစံနှုန်းများကို အမြဲထင်ဟပ်မှု ရှိစေရန် ပုံမှန်ပြန်လည် စိစစ်သုံးသပ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
မူရတ်ကျင့်ဝတ်စည်းမျဉ်း အာရပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ စပိန်ဘာသာ ဘာသာပြန်ဆိုချက်များကိုလည်း https://www.muradcode.com/ဝဘ်ဆိုဒ်စာမျက်နှာ အပေါ်ဆုံးရှိ drop-down menu တွင်ဖော်ပြထားသည့် ဘာသာပြန်စာတမ်းများ စာရင်းတွင် ရယူနိုင်ပါသည်။
မူရတ်ကျင့်ဝတ် မြန်မာဘာသာ အပြည်အစုံကို ဒေါင်းလုပ်ရယူပါ။
PDF ဖိုင်ဒေါင်းလုပ်ရန်။ ။ 220413 Murad Code BURMESE 4April2023
Microsoft Word ဖိုင်ဒေါင်းလုပ်ရန်။ ။ 220413 Murad Code BURMESE 4April2023
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅)ရက်မှ (၂၁) ရက်နေ့ထိ
၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၅)ရက်မှ (၂၁) ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇွန်(၁၅)ရက်နေ့မှ (၂၁)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်မှ ပြည်သူ စုစုပေါင်း (၂၄၀) ကျော်တို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ် မိုးဗြဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ တို့တွင် စစ်အာဏာရှင်တပ် က အရပ်သားပြည်သူများကို လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ (၃)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့သည်။
စစ်အာဏာရှင်တပ်သားများက ဇွန်လ (၁၉) ရက်နေ့တွင် ပြုလုပ်သည့် ပန်းသပိတ် လှုပ်ရှားမှုကို ပိတ်ပင် တားဆီး ခဲ့သည်။ နိုင်ငံအနှံ့ ရှိ ပန်းသပိတ် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ပြည်သူများကိုလည်း ဖမ်းဆီးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူမှုကွန်ယက်တွင် ဆုတောင်းစကား ပြောဆိုသူတချို့ ဖမ်းဆီးခံခဲ့ရသည်။ စစ်အာဏာရှင် တပ်သားများက ပြည်သူ (၇)ဦးကို စစ်ကြောရေးတွင် နှိပ်စက် သတ်ဖြတ်ခဲ့သည်။
Infogram
အိန္ဒိယက စစ်ကောင်စီထံ ခြောက်လအတွင်း ဒေါ်လာ ၅ သန်းဖိုး လက်နက်တင်ပို့ခဲ့
အိမ်နီးနားချင်း အိန္ဒိယနိုင်ငံက လွန်ခဲ့သည့် ခြောက်လအတွင်း စစ်ကောင်စီထံ အမေရိကန်ဒေါ်လာ ၅ သန်းဖိုးရှိ လက်နက်ခဲယမ်းများ တင်ပို့ခဲ့ကြောင်း မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က ယနေ့ (ဇွန် ၂၁) ထုတ်ပြန်သည်။
ကုန်သွယ်ရေးအချက်အလက်များအရ အိန္ဒိယနိုင်ငံပိုင် Bharat Electronics Limited (BEL) ကုမ္ပဏီက ၂၀၂၂ နိုဝင်ဘာလမှ ယခုနှစ် ဧပြီလအထိ ခြောက်လတာအတွင်း စစ်ဘက်သုံးနည်းပညာနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် မြန်မာရေတပ်မှ ရေငုပ်သင်္ဘော၊ ဖရီးဂိတ် (ကိုယ်ပျောက်စစ်ရေယာဉ်) စစ်သင်္ဘောများအတွက် အထောက်အကူပြု စာရွက်စာတမ်းများ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယကုမ္ပဏီက တင်ပို့သည်များတွင် စစ်သင်္ဘောသုံးပစ္စည်းမျိုးစုံအပြင် ရေဒီယိုလှိုင်းထုတ်လွှင့်ခြင်းနှင့် ရေဒါဆိုင်ရာ ကိရိယာတန်ဆာပလာများ၊ စစ်မြေပြင်၌ ကျောပိုးအိတ်ဖြင့် အလွယ်တကူသယ်ဆောင်နိုင်သည့် ဆက်သွယ်ရေးစက်များလည်း ပါဝင်သည်။
မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချခြင်းအားဖြင့် အိန္ဒိယသည်လည်း ဆက်လက်ဖြစ်ပေါ်နေဆဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုများအပြင် စစ်ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခြင်းဖြစ်သည်ဟု JFM က ဆိုသည်။
စစ်ကောင်စီက အရပ်သားပြည်သူများအပေါ် ဆက်လက်အကြမ်းဖက်နေဆဲဖြစ်ကာ လူပေါင်း ၃၆၀၀ ကျော် အသတ်ခံထားရပြီး ဖမ်းဆီးခံရသူ နှစ်သောင်းသုံးထောင်ကျော်ရှိကြောင်း၊ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်အကြမ်းဖက်မှုများကိုလည်း ဆက်လက်ကျူးလွန်နေဆဲဖြစ်ကာ လူပေါင်း ၁ ဒသမ ၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်။
မြန်မာစစ်တပ်ကို ဆက်လက်ပံ့ပိုးနေသော အိန္ဒိယအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကိုသာမက Wassenaar ခေါ် စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းကိရိယာများ၊ နည်းပညာတင်ပို့မှု ထိန်းချုပ်ရေးသဘောတူညီချက်ကိုပါ ဥပေက္ခာပြုနေခြင်းဖြစ်သည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံပိုင် BEL ကုမ္ပဏီက လက်နက်တင်ပို့မှု ၇ ကြိမ်ရှိခဲ့ကာ သုံးကြိမ်က မြန်မာစစ်တပ်ထံ တိုက်ရိုက်တင်ပို့ခြင်းဖြစ်ပြီး Mega Hill General Trading ကုမ္ပဏီထံ သုံးကြိမ်၊ Alliance Engineering Services ကုမ္ပဏီထံ တစ်ကြိမ်တင်ပို့ခဲ့သည်ဟု သိရသည်။
Alliance Engineering Services မှာ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း မောင်မောင်ကျော် ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သည်။
Mega Hill General Trading သည်လည်း စစ်တပ်အဆက်အနွှယ် ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်ပြီး စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးထံ နည်းပညာနှင့် ဝန်ဆောင်မှုပေးနေသည်။ ယင်းကုမ္ပဏီမှာ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယ BEL ကုမ္ပဏီထံမှ အဝေးထိန်းစနစ်ဖြင့် ပစ်ခတ်နိုင်သော စစ်လက်နက်ပစ္စည်းများ ဝယ်ယူပေးခဲ့ဖူးသည်။
အိန္ဒိယနှင့် မြန်မာစစ်တပ်မှာ ရှည်လျားသည့်ဆက်ဆံရေးသမိုင်းကြောင်းရှိပြီး ရေတပ်အရာရှိများကို ရုရှား၊ တရုတ်နှင့် အိန္ဒိယသို့ စေလွှတ်ထားကြောင်း လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုထားသည်။
မြန်မာစစ်တပ်ထံ စစ်လက်နက်အပါအဝင် နည်းပညာနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့ရောင်းချနေခြင်းကို ရပ်တန့်နိုင်ရေး အိန္ဒိယနိုင်ငံ၏ မဟာမိတ်များအနေဖြင့် ဖိအားပေးစေလိုသည်ဟုလည်း JFM က တောင်းဆိုထားသည်။ အထူးသဖြင့် ယခုနှစ်အတွင်း တရားဝင်အလည်အပတ်ခရီးစဉ်များတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဂုဏ်ပြုထားသည့် အမေရိကန်နှင့် ပြင်သစ်တို့အနေဖြင့် မြန်မာစစ်တပ်ထံ စစ်လက်နက်တင်ပို့မှု ပိတ်ပင်ရေး အထူးတာဝန်ရှိသည်ဟု ဆိုသည်။
Mega Hill General Trading နှင့် Alliance Engineering Services ကုမ္ပဏီတို့အပြင် ထိုကုမ္ပဏီများရှိ ဒါရိုက်တာများနှင့် ရှယ်ယာရှင်များကိုလည်း ပိတ်ဆို့အရေးယူရန် JFM က တောင်းဆိုသည်။
အိန္ဒိယအစိုးရက ၅၁ ဒသမ ၁၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် BEL ကုမ္ပဏီ၌ ရှယ်ယာထည့်ဝင်ထားသူများတွင် ကနေဒါ၊ အမေရိကန်နှင့် ဆွီဒင်နိုင်ငံတို့ရှိ ပင်စင်စားများ၏ ငွေဖြင့် ထူထောင်ထားသည့် ရန်ပုံငွေအဖွဲ့များလည်း ပါဝင်နေသည်။ ထိုနိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လူ့အခွင့်အရေးအရ BEL ကုမ္ပဏီနှင့် လမ်းခွဲသင့်သည်ဟု JFM က ဆိုသည်။
“အိန္ဒိယအစိုးရနဲ့ နိုင်ငံပိုင်လက်နက်ကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ စစ်တပ်အကျိုးရှိစေမယ့် လက်နက်တပ်ဆင်ပေးတာတွေ ဆက်လုပ်နေပြီး အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်ရာမှာ ပါဝင်ပတ်သက်နေပါတယ်” ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
“အကြမ်းဖက်စစ်ကောင်စီကို လက်နက်ရောင်းချခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းအားဖြင့် အိန္ဒိယဟာ မြန်မာပြည်သူတွေရဲ့ အသံကိုသာမက တရားဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကုလရဲ့ဖြေရှင်းချက်တွေအပေါ် လျစ်လျူရှုနေတယ်”
Myanmar Now News