ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ရွာ ၂၅ ရွာက ဒေသခံတွေ ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေတဲ့အတွက် ကျေးရွာ ၂၅ ရွာက အရပ်သားရှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ် အင်အားတစ်ရာနီးပါးရှိတဲ့ စစ်ကြောင်းနှစ်ကြောင်းနဲ့ ဇူလိုင်လ ၂၁ ရက်ကစလို့ ဒီကနေ့ ဇူလိုင် ၂၃ ရက်အထိ နယ်မြေရှင်းလင်းရေး လုပ်နေတာပါ။
ရွှေလှေ၊ လက်ပံတောင်း၊ ရွာသစ်ကလေး၊ ဝဲကြီး၊ ဝဲကွဲ၊ တုံတောကျောင်း၊ တုံအလယ်ရွာ၊ တုံရွာမ၊ တုံရွာသစ်၊ တုံထန်းတော၊ တုံအလယ်တော၊ နတ်ကျွန်း၊ နတ်စက်၊ သဲကောကြီး၊ လယ်တီ၊ ရွှေကုန်း၊ ပေါင်းဝ၊ ဆားခါး၊ ခွန်သာ၊ ညောင်ပင်ကိုင်း၊ သံလျက်ကိုင်း၊ အောင်ချမ်းသာ၊နှောကူးတို့၊ ထန်းပု၊ ထန်းဇင်စတဲ့ ရွာက ဒေသခံတွေ ထွက်ပြေးနေရပါတယ်။
ဆားလင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာနေလို့ အိုးအိမ်စွန့်ခွာသူတွေအတွက် တိမ်းရှောင်စရာနေရာလည်း အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်တုန်းတော့ စစ်ကြောင်းလွတ်ရာ ဘယ်နေရာမဆို ရှောင်လို့ရပေမယ့် အခုကြ မိုးကလည်း အရမ်းရွာ ချင်းတွင်းရေကလည်း တက်တော့ မိုးရေစို တစ်ပိုင်းနဲ့ စစ်ရှောင်နေကြရတယ်။ တချို့တွေဆို ထမင်းတောင် မစားကြရဘူး။ စားစရာလည်း မရှိကြ၊ ချက်လို့ပြုတ်လို့ မရဘူး၊ ဘုရားကြို၊ ဘုရားကြားတွေ အကာအကွယ်ရှိတဲ့ နေရာလေးတွေမှာ အုပ်စုလိုက် ရှောင်နေကြရတာပေါ့”
လက်ရှိမှာ အမိုးအကာနဲ့ အသင့်စား စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကြောင်းဝင်ရောက်တဲ့ ရွာတွေမှာ နေအိမ်မီးရှို့ဖျက်ဆီးခံရတာတွေ ရှိပေမယ့် ရွာထဲ ပြန်မဝင်နိုင်သေးတဲ့အတွက် အရေအတွက် တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ တစ်ဒသမ ခြောက်သန်း နီးပါးရှိလာပါတယ်။ အဲဒီထဲက စစ်ဘေးဒုက္ခသည် ၇၇၈၉၀၀ ဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊ဇူလိုင် (၈)ရက်မှ (၁၄) ရက်နေ့ထိ
၂၀၂၃ ခုနှစ်၊ ဇူလိုင် (၈)ရက်မှ (၁၄)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇူလိုင်လ (၈)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့ ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ (၃)ဦးကို စစ်အာဏာရှင်တပ်သားများက မီးရှို့ သတ်ဖြတ်ခဲ့ ကြသည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း အသက်မပြည့်သေးသော ကလေး (၄)ဦး သေဆုံးခဲ့ပြီး (၇)ဦး ဒဏ်ရာရ ရှိခဲ့သည်။ မကွေးတိုင်းဒေသကြီး နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့မှ ဒေသခံ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်းများ ပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံတဝန်းရှိ အကျဉ်းထောင်များမှ နိုင်ငံရေး အကျဉ်းသားများကို ထောင်ပြောင်းမည်ဟုဆိုကာ စစ်အာဏာရှင်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားထဲမှ ၅ဦးကို ပစ်သတ်ခဲ့ပြီးကြောင်း အကျဉ်းဦးစီးဌာနက မိသားစုဝင်များထံ အကြောင်းကြားခဲ့သည်။ ရန်ကုန်တွင် လီလီကျော်နိုင်ကို ပစ်သတ်သည်ဟု စွပ်စွဲခံရပြီး ဖမ်းဆီးခံထားရသော လူငယ် ၂ဦးကိုလည်း စစ်အာဏာရှင်တပ်များက စစ်ကြောရေးတွင်
ပစ်သတ်ခဲ့သည်။
Infogram
ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲဖြစ်ပြီး အရပ်သားနှစ်ဦး သေဆုံး
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲ ပြင်းထန်နေပြီး ဇူလိုင်လ ၁၄ ရက်က အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာကို ခရီးသည် ၁၉ ဦးပါတဲ့ အရပ်ဘက်ကားတစ်စီး ဖြတ်သန်းမောင်းနှင် ခဲ့ပြီး အဲဒီကားကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၂၀ အရွယ် အမျိုးသား တစ်ဦးနဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စစ်ပွဲထဲမှာ ညှပ်လို့ စစ်တပ်ဘက်က ပစ်လိုက်တာ။ သူတို့က ညာဘက်ကြောက သွားတာဆိုတော့ ညာကြောမှာ နေရာယူထားတာက စစ်ကောင်စီတပ်။ ကြည့်ရတဲ့ပုံစံ က နယ်စပ်ဖြတ်ကျော်မယ့် ခရီးသည်တွေ ဖြစ်ပါလိမ့်မယ်။ အားလုံး ၁၉ ယောက် ပါလာ တာ။ အဲဒီနှစ်ယောက်ကတော့ ဆုံးသွားတယ်”
ကျန်ခရီးသည် ၁၇ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ပြီး ဇူလိုင် ၁၄ ရက်နေ့ ညမှာပဲ အမျိုးသားနှစ်ဦး ပြန်လွတ်မြောက်လာတယ်လို့ သူက ပြောပါတယ်။
အမျိုးသမီး လေးဦးနဲ့ အမျိုးသား ၁၁ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့အထိ ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရ ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီရဲ့ တပ်မ ၂၂ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၂၁၀ ဟာ ဇူလိုင်လ ၁၂ ရက်နေ့ကစလို့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ငြိမ်းချမ်းမြိုင်တောင်ပေါ်မှာ စစ်ကြောင်းထိုးနေ ပြီး KNLA ပူးပေါင်းအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေပါတယ်။
RFA News
ရွှေဘိုနဲ့ ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာတာကြောင့် ဇူလိုင်လ ၁၆ ရက်မှာ ကျေးရွာ ၁၂ ရွာက အရပ်သားရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ် ညောင်ပင်သာရွာ၊ ကျားရွာနဲ့ အင်ပင်လှရွာ၊ ခင်ဦးမြို့နယ်က တယ်ဘိုပင်ရွာ၊ ကြာပင်အိုင်ရွာ၊ တပင်ကောင်းရွာ၊ သိန်တော်ရွာ၊ ညောင်ပင်ကြီးစုရွာ၊ ကျွန်းလည်ရွာ၊ ကျွန်းဆွယ်ရွာ၊ မှန်သာရွာနဲ့ မှန်တော်ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
စစ်ကောင်စီတပ်သားအင်အား ၁၀၀ ကျော်ဟာ ဇူလိုင် ၁၅ ရက်မှာ ရွှေဘိုမြို့နယ် ညောင်ပင်သာရွာကနေ ခင်ဦးမြို့နယ် တယ်ဘိုပင်ရွာကို ဝင်ရောက်ခဲ့တာပါ။
ဇူလိုင် ၁၆ ရက်၊ ဒီနေ့မှာလည်း ဆက်ပြီးစစ်ကြောင်းထိုးနေတာကြောင့် တယ်ဘိုပင်ရွာအနီး ကျေးရွာတွေက အရပ်သားတွေပါ ထွက်ပြေးနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒေသခံတွေဟာ မိုးရွာထားလို့ လမ်းမကောင်းတဲ့ကြားက အသက်ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာပြီး ပြေးနေကြရပါတယ်”
အခုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ရွှေဘိုမြို့က အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ်ဖြစ်တယ်လို့ ဒေသခံတွေက ပြောပေမယ့် RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။
အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ အရပ်သား ခုနစ်သိန်းခွဲကျော် (၇၆,၅၂၀၀) အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။
RFA News
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (ဇန်နဝါရီလ မှ ဇူလိုင်လထိ
၂၀၂၃ ဇန်နဝါရီလမှ ဇွန်လ အတွင်း စစ်အာဏာရှင်တပ်များမှ ကျုးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆)လအတွင်း မြန်မာစစ်အာဏာရှင်တပ်မှ ပြည်နယ်နှင့် တိုင်းဒေသ ကြီး (၁၅)ခုတွင် လူ့အခွင့်အရေးချိုးဖောက်မှု (၁၂၂၂) ကြိမ် ပြုလုပ်ခဲ့သည်။ ဆိုရှယ်မီဒီယာများနှင့် သတင်းမီဒီယာများတွင် ဖော်ပြချက်များအရ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးအစားပေါင်း (၃၀)ခု အထိ ကျုးလွန်ခဲ့သည်ကို တွေ့ရှိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ လူ့အခွင့်အရေး ချိုးဖောက်မှုများထဲတွင် စစ်အာဏာရှင်တပ်သားများက အရပ်သားပြည်သူများနေထိုင်ရာ နေရာများနှင့် အရပ်သားပြည်သူများကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကို (၂၉၂)ကြိမ်အထိ အများဆုံး ပြုလုပ်ခဲ့သည်။ ဒုတိယအနေဖြင့် စစ်အာဏာရှင်တပ်သားများ၏ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်သူပိုင်အဆောက်အဦးနှင့် ပစ္စည်းများဆုံးရှုံးခြင်း (၂၈၁)ကြိမ် ရှိခဲ့သည်။ တတိယအနေဖြင့် စစ်အာဏာရှင်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဆန့်ကျင်သော ပြည်သူများကို ဖမ်းဆီးခံခြင်း (၂၅၉)ကြိမ် အထိရှိခဲ့ သည်။ စစ်အာဏာရှင်တပ်က နိုင်ငံတဝန်းတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် ပြည်သူများနေထိုင်ရာ အဆောက်အဦးများကို လေကြောင်းအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ဗုံးကြဲခြင်းများ (၁၂၈) ကြိမ် ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်က အရပ်သားပစ်မှတ်ထားကာ လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၂၀၂၃ခုနှစ်၊ ဧပြီလ (၁၁)ရက် စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာ တွင် ကလေးငယ်များ အပါအဝင် ပြည်သူ (၁၀၀) ကျော်မှာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်မှာ အဆိုးဆုံး လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုဖြစ်သည်။ စစ်အာဏာရှင်တပ်သားများက (၆)လအတွင်း ဒေသခံ အမျိုးသမီးကို အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခြင်း (၈)ကြိမ် ပြုလုပ်ခဲ့ပြီး အမျိုးသမီး စုစုပေါင်း(၁၂)ဦး သေဆုံး ခဲ့ရသည်။ စစ်အာဏာရှင်လက်အောက်ခံ သွေးသောက်အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ရန်ကုန်တိုင်းဒေသ ကြီး (၂)ဦးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပြည်သူ(၆) ဦး စုစုပေါင်း (၈)ဦး သေဆုံးခဲ့သည်။
စစ်အာဏာရှင်တပ်သားများက စစ်ကြောင်းထိုးရာ ဒေသတလျှောက်ရှိ ဒေသခံပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်း၊ ပြည်သူများကို မီးရှို့ သတ်ဖြတ်ခြင်း၊ အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းနှင့် အရပ်သား ပြည်သူများ လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ စစ်ကြောင်းတလျှောက် ခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည်။ ၎င်းတို့ ၏ ရက်စက်ကြမ်းကြုပ်မှုများကြောင်း (၆)လအတွင်း အရပ်သားပြည်သူများက နေရပ်စွန့်ခွာထွက်ပြေး တိမ်း ရှောင်မှုများ (၁၈၀)ကြိမ် ပြုလုပ်ခဲ့ကြသည်။ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှစ၍ ယခုအချိန်အထိ စစ်အာဏာရှင်တပ်သားများက နိုင်ငံတဝန်းရှိ ပြည်သူများ အပေါ် နည်းလမ်း မျိုးစုံဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက်ကျုးလွန်နေဆဲဖြစ်သည်။
Infogram
စစ်တပ်ဝင်သော ဝက်လက်မြို့နယ်တွင် သက်ကြီးနှစ်ဦး အသတ်ခံရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ပိုင်း မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်လျှောက် ကျေးရွာများကို အင်အား ၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၍ နယ်မြေရှင်းလင်းစဉ် အသက် ၆၀ ကျော် အမျိုးသား ၂ ဦးကို သတ်ဖြတ်ခဲ့သည်။
ယခုလ ၈ ရက်နေ့ကတည်းက ရွှေဘိုမြို့မှ ဝက်လက်မြို့နယ်အတွင်း ဝင်ရောက်လာသည့် ထိုစစ်ကြောင်းသည် ဇူလိုင် ၁၂ တွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း သာလိုင်းကျေးရွာမှ ၆၅ နှစ်အရွယ် ဦးသံချောင်းကို ပစ်သတ်ခဲ့သည်၊ ထို့နောက် အနီးရှိ သုံးဆင့်ကန်ရွာကို မီးတင်ရှို့ရာ လေဖြတ်ဝေဒနာ ခံစားနေရသော ၆၂ နှစ်အရွယ် ဦးခင်မောင်ဌေး နေအိမ်အတွင်း မီးလောင်သေဆုံးခဲ့သည်။
ထွက်မပြေးနိုင်သူများ သေဆုံးခြင်းဖြစ်သည်ဟု ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံက ပြောသည်။
“သာလိုင်းရွာက အသက် ၇၀ လောက်ရှိတဲ့ အမျိုးသားကို ပစ်သတ်သွားတယ်၊ အသက်ကလည်း ကြီးပြီဆိုတော့ မပြေးနိုင်တော့တာလည်းပါ၊ (စစ်တပ်က) မလုပ်လောက်ဘူးလည်း ထင်လို့နေခဲ့ပုံရတယ်၊ စစ်ကြောင်းထွက်သွားတော့ သေနတ်ဒဏ်ရာနဲ့ သေနေတာ တွေ့ရတာပဲ။ သုံးဆင့်ကန်က လေဖြတ်နေတဲ့ အမျိုးသားကတော့ အိမ်မီးရှို့တဲ့အချိန် ပါသွားတာ၊ ကိုယ်တစ်ခြမ်း မီးလောင်ထားတာ တွေ့ရတယ်” ဟု သူက ပြောသည်။
သာလိုင်းရွာတွင် မီးရှို့ခဲ့ခြင်းမရှိသော်လည်း ထိုရွာမှ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ သုံးဆင့်ကန်ရွာကို ဝင်ရောက်ခဲ့ပြီး ဇူလိုင် ၁၂ မွန်းလွဲချိန်တွင် မီးရှို့သလို နောက်တစ်နေ့တွင်လည်း ၄ မိုင်အကွာမှ ပေါက္ကံရွာကို ဝင်ရောက်မီးရှို့ခဲ့သည်ဟု သိရ သည်။
“သုံးဆင့်ကန်ကို မီးရှို့တာ အိမ် ၂၀၀ ကျော်ကျော်လောက်ရှိတဲ့ရွာက အခု ၄၀ လောက်ပဲ ကျန်တော့တယ်၊ ကျွန်တော်တို့ရွာကိုကျတော့ ဒီနေ့မနက်အစော မီးရှို့သွားတယ်” ဟု ပေါက္ကံရွာခံ အမျိုးသားတစ်ဦးက ဇူလိုင် ၁၃ တွင် ပြောသည်။
ဇူလိုင် ၁၃ နံနက် ၆ နာရီခန့်တွင် ပေါက္ကံ-ရှိမ္မကား လမ်းပေါ်ရှိ ပေါက္ကံရွာမအတွင်းသို့ စစ်သားများ ဝင်ရောက်လာပြီး ရွာကို မီးတင်ရှို့ခဲ့သော်လည်း မိုးရွာနေခဲ့သည့်အတွက် မီးက ရွာအနှံ့ ကူးစက်ခြင်းမရှိဘဲ၊ စရှို့သည့် နေအိမ် ၈ လုံးသာ လောင်ကျွမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။
အဆိုပါစစ်ကြောင်း မြို့တောင်ဘက်အစွန် ပေါက္ကံရွာမှ ၅ မိုင်ခန့်အကွာ ထန်းကြီးကျေးရွာသို့ ရောက်ရှိသွားစဉ်၊ တော်လှန်ရေးတပ်ဖွဲ့များက အဝေးမှ ပစ်ခတ်ကြကြောင်း သိရသည်။
စစ်ကြောင်း ဝင်ရောက်စီးနင်းခဲ့သည့် သာလိုင်း၊ သုံးဆင့်ကန်၊ ပေါက္ကံရွာမကျေးရွာများသည် မန္တလေး-မြစ်ကြီးနား ရထားလမ်းကြောင်းရှိ မန္တလေး-ရွှေဘိုလမ်းပိုင်းတစ်လျှောက် ကျေးရွာများဖြစ်ကာ ပေါက္ကံရွာမအနီး ရထားဘူတာ ရှိသည်။
ထိုစစ်ကြောင်းတွင် စစ်ကောင်စီ၏ စစ်ကိုင်းတိုင်း မော်လိုက်အခြေစိုက် အမှတ် (၃၆၄) တပ်ရင်း၊ ဖောင်းပြင်အခြေစိုက် အမှတ် (၃၆၈) တပ်ရင်း အမှတ်အသားပါ စစ်သားများကို တွေ့ရပြီး ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးကျောင်းတွင် စုဖွဲ့ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့များအဆိုအရ သိရသည်။
သုံးဆင့်ကန်ရွာသည် စစ်သားများ ဝင်လာမည့် လမ်းကြောင်းတွင် မိုင်းထောင်မည့်အစီအစဉ်ကို လက်မခံသည့်ရွာဖြစ်ပြီး ပထမဆုံးအကြိမ် မီးရှို့ခံရခြင်း ဖြစ်သည်ဟု သိရသည်။
“သုံးဆင့်ကန်ဆိုရင် XXX ဝင်လို့ မိုင်းထောင်ချင်ရင်လည်း အထောင်မခံ၊ လက်နက်ကြီးနဲ့ ပစ်မယ်ဆိုလည်း အပစ်မခံတဲ့ ရွာပါ၊ အဲ့ရွာကိုလည်း မီးရှို့သွားတာ၊ ရွာစဉ်ပတ်ရှို့နေတဲ့သဘောပဲ။ အခုရှို့တဲ့ရွာတွေက သံလမ်းဘေး (ရထားလမ်းဘေး) တစ်လျှောက်လို့ ပြောလို့ရတယ်။ PDF တွေကို မဲတဲ့သဘော မတွေ့ရဘဲ၊ ရွာစဉ်ပတ် အကြမ်းဖက်နေတဲ့ပုံစံ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းအတွင်း ရထားလမ်း ပြန်သုံးရန် စစ်ကောင်စီ ကြိုးပမ်းနေ
ဝက်လက်မြို့နယ်ရှိ မန္တလေး-မြစ်ကြီးနား ရထားလမ်းတစ်လျှောက်ကို စစ်ကောင်စီတပ်တချို့က စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းနေသည်ကို တွေ့ရပြီး၊ ယင်းလမ်းတွင် ရထား ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းလည်း ထွက်ပေါ်နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
ကချင်ပြည်နယ်အတွင်း မီးရထားပြန်ပြေးဆွဲနိုင်ရန် စတင်လုပ်ဆောင်နေကြောင်း၊ ဇွန် ၂၄ က စမ်းသပ်ပြေးဆွဲခဲ့ကြောင်း စစ်ကောင်စီ၏ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောဆိုခဲ့သည်ဟု ဒေသအခြေစိုက်သတင်းဌာနများတွင် ဖော်ပြထားကြသည်။
NLD အရပ်သားအစိုးရလက်ထက် ကိုရီးယားနိုင်ငံချေးငွေဖြင့် အဆိုပါလမ်းပိုင်းကို အဆင့်မြှင့်တင်ပြီး ၂၀၂၀ မတ်လအတွင်း မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ရထားခရီးစဉ် ပြေးဆွဲခဲ့ကာ ကိုဗစ်နိုင်တင်းရောဂါကြောင့် ပြေးဆွဲမှုများ ခေတ္တရပ်သွားခဲ့သည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်းအများအပြား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သလို စစ်ကိုင်းတိုင်းအတွင်း စစ်ရေးပြင်းထန်လာသောကြောင့် မန္တလေး-မြစ်ကြီးနားလမ်းတွင် ရထားပြေးဆွဲမှု ရပ်ဆိုင်းသွားကာ ကားလမ်းကိုသာ အဓိက အသုံးပြုနေရသည်။
အဆိုပါလမ်းပိုင်းအပါအဝင် တစ်နိုင်ငံလုံးမှ ရထားလမ်းအများအပြား ပြေးဆွဲမှု ရပ်ဆိုင်းထားရသည်မှာ ၂ နှစ်ကျော် ရှိနေပြီဖြစ်သည်။
စစ်ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကလည်း စစ်ကိုင်း-ရွှေဘိုရထားလမ်းပိုင်းကို ပြန်ပြေးဆွဲရန် ရှိကြောင်း ဇွန်လအတွင်းက ပြောထားသည်ဟု ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များကို ကိုးကား၍ သိရသည်။
စစ်ကောင်စီသည် လက်ရှိအချိန်တွင် ကချင်ပြည်နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ်အနီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည်။
ဌာနချုပ် ၁၂ မိုင်ခန့်အကွာ နမ်ဆန်ယန်ရွာအနီးသို့ စစ်ကောင်စီတပ်က စစ်အင်အားအမြောက်အမြား ပို့ဆောင်နေသည့်အတွက် ထိုဒေသတွင် တိုက်ပွဲပြင်းထန်နေသည်။ မြစ်ကြီးနားမြို့မှ တက်လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကိုလည်း နမ်ဆန်ယန်ကျေးရွာ မရောက်ခင် မြောက်ဘက် ဂျာပူရွာအနီး KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဇူလိုင် ၁၂၊ ၁၃ ရက်နေ့များတွင် ထိုဒေသအတွင်း တိုက်ပွဲများ ဖြစ်နေသည်။
ပြီးခဲ့သည့် ဇွန်လတစ်လလုံးတွင်လည်း အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခုက ဝက်လက်မြို့ကို အခြေပြုကာ မြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေခဲ့ရာမှ ယခုတစ်ကြိမ် စစ်ကြောင်းထပ်ထိုးနေခြင်း ဖြစ်သည်။
လက်ရှိတွင် ရထားလမ်းဘေးမှ ကျေးရွာများဖြစ်သည့် သာလိုင်းရွာနှင့် ရထားလမ်းတစ်ဖက်ခြမ်း ရုံးသာရွာ၊ သာလိုင်းရွာနှင့်ကပ်လျက် သုံးဆင့်ကန်၊ ပေါက္ကံရွာ အပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။
ပြီးခဲ့သည့် ဇူလိုင် ၆ ကလည်း ဝက်လက်မြို့နယ်အနောက်ခြမ်း သမ္မာရိုးရွာမှ အမျိုးသားဈေးသည်တစ်ဦး၊ ယင်းရွာမှပင် ထော်လာဂျီဖြင့် ဈေးရောင်းထွက်ကြသည့် ဈေးကားတစ်စီးတို့ကို စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်ခဲ့သည့်အတွက် တစ်နေ့တည်းတွင် အရပ်သား ၇ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီခေါင်းဆောင်က စစ်ကိုင်း၊ ချင်းနှင့် ကရင်နီဒေသများကို ပြန်လည် ထိန်းချုပ်နိုင်ရေး ထိုးစစ်အရှိန်မြှင့်ရန် သူ၏ စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင် ၁၃ တွင် အမိန့်ပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြောက်ပိုင်းတိုင်းစစ်ဒေသတွင် ပါဝင်သော စစ်ကိုင်းတိုင်းသည် စစ်ရေးပြင်းထန်နေသောဒေသလည်းဖြစ်ကာ အထူးသဖြင့် ကချင်နှင့် ထိစပ်နေသောနေရာများတွင် တိုက်ပွဲများ ပြင်းထန်နေသည်။
Myanmar Now News