ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဖရူဆိုမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်သောင်းခန့် ထွက်ပြေးနေရ
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်အခြမ်းကရွာတွေကို အောက်တိုဘာ ၄ ရက်နဲ့ ဒီနေ့ ၆ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် ရွာခြောက်ရွာက ဒေသခံတစ်သောင်းဝန်းကျင် ထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
အောက်တိုဘာ ၄ ရက်နေ့ညက ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့သလို ဒီနေ့မနက် ၁၁ နာရီခန့်မှာလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်းနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံတွေ နီးစပ်ရာတောတောင်တွေထဲ ထွက်ပြေးနေရတာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။
“ဗုံးကြဲခံရတယ်။ ပြီးတော့ လက်နက်ကြီးတွေလည်း အထုခံနေရတယ်။ နောက်ပြီး ဒီမနက်ပေါ့နော် ၁၁ နာရီလောက်မှာလည်း ဟယ်လီကော်ပတာနဲ့ ဖရူဆိုအရှေ့ဘက်အခြမ်းကို လာပြီးပစ်နေတာလည်းရှိတယ်။ လူထုကတော့ ပိတ်မိတယ်ဆိုတာထက် စစ်ပြေးဖို့နေရာက ဘယ်ကိုပြေးရမှန်းမသိဘူး ဖြစ်နေတာ”
ထွက်ပြေးနေရသူတွေဟာ ဖရူဆိုနဲ့ ဘော်လခဲလမ်းပိုင်းမှာရှိတဲ့ ရွာခြောက်ရွာနဲ့ ဒုက္ခသည်စခန်းငါးခုက ဒေသခံတွေဖြစ်တယ်လို့ ကိုဗညားက ဆိုပါတယ်။
လုံခြုံရေးအခြေအနေအရ ထွက်ပြေးနေရတဲ့ ရွာအမည်တွေကိုတော့ အတိအကျပြောဆိုခြင်း မရှိပါဘူး။
ကရင်နီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း ဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာပဲ ဖြစ်သလိုနေရပြီး နောက်ထပ် လေကြောင်းကနေ တိုက်ခိုက်လာမှာကို စိုးရိမ်နေ ကြရတယ်လို့ ပြောပါတယ်။
အောက်တိုဘာ ၄ ရက်နေ့က ဗုံးကြဲခံရတဲ့ရွာမှာတော့ လူနေအိမ်၊ စာသင်ကျောင်းနဲ့ ဝန်ထမ်းအိမ်ရာ စုစုပေါင်း ခုနစ်လုံး ပျက်စီးခဲ့ပြီး ဒီနေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုအခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အောက်တိုလာ ၄ ရက်နဲ့ ၅ ရက်မှာလည်း ဖရူဆိုမြို့နယ်အခြေစိုက် အမှတ် (၁၄) တန်းမြှင့်လေ့ ကျင့်ရေး ကျောင်းကနေ ဖရူဆိုအနောက်ဘက်အခြမ်းကရွာတွေကို ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်ဖွဲ့ (KNDF) က ဒီနေ့ မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီနေရာတွေမှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ KNDF က ဆိုပါတယ်။
လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေထွက်ပြေးနေရတဲ့အပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
RFA Burmese
မန္တလေး မတ္တရာတွင် ၂ ရက်အတွင်း လူ ၄ ဦးသတ်ခံရ
မန္တလေးမြို့မြောက်ဘက်ကပ်လျက်တွင် ရှိသည့် မတ္တရာမြို့နယ်တွင် ယခုလ အောက်တိုဘာ ၂ နှင့် ၃၊ နှစ်ရက်တာ ကာလအတွင်း နိုင်ငံရေးနှင့် ပတ်သက်ပြီး အနည်းဆုံး ၄ ဦး သတ်ဖြတ်ခံခဲ့ရသည်။
စစ်ကောင်စီက ဒေသခံတချို့ကို တော်လှန်ရေးသမားသံသယနှင့် သတ်ဖြတ်သလို ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း ဒေသခံတချို့ကို သတင်းပေးဒလန်ဟု ယူဆကာ သတ်ဖြတ်ခဲ့သည်။
အောက်တိုဘာ ၂ ရက်နေ့တွင် စစ်ကောင်စီက သဖန်းကိုင်းကျေးရွာသို့ စစ်ရှောင်လာသည့် အသက် ၄၆ နှစ်အရွယ် ဦးသန်းထွန်းကို သတ်ဖြတ်ခဲ့သည်ဟု မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
“ကိုသန်းထွန်းက လွန်ခဲ့တဲ့ ငါးရက်လောက်က စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းခံထားရသူပါ။ အခု သူ့အလောင်းကို ပြန်တွေ့ချိန်မှာ ရိုက်နှက်နှိက်စက်ထားပုံရတယ်၊ ပေါင်ကို ဓားနဲ့ ထိုးခံရပြီးတော့ အဲ့ဒီဒဏ်ရာကနေ သွေးထွက်လွန်သေဆုံးတာလို့ ယူဆရပါတယ်။ သူ့အလောင်းကို တွေ့ချိန်မှာ နေရာရွှေ့ဖို့တောင် မဖြစ်နိုင်တော့လို့ အဲ့ဒီနေရာမှာပဲ သင်္ဂြိုဟ်လိုက်ရပါတယ်” ဟု မတ္တရာမျိုးမှန်တပ်ဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။
ထို့အတူ တော်လှန်ရေးတပ်များဘက်ကလည်း ဗိုလ်မှူးဟောင်း ၁ ဦးနှင့် အခြား ၂ ဦးကို စစ်ကောင်စီ၏ သတင်းပေးဒလန်ဟု ဆိုကာ သတ်ဖြတ်ခဲ့သည်။ ထိုစစ်တပ်အရာရှိဟောင်းသည် ကျောက်တံတားရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင် စာပြနေသူဖြစ်သည်ဟု သိရသည်။
နောက်တစ်ရက်အကြာ အောက်တိုဘာ ၃ ရက်နေ့တွင် ပြည်သာယာရွာမှ ၄၅ နှစ်အရွယ် ဦးမြတ်ကို၊ အသက် ၄၀ ခန့်အရွယ် ဦးဝင်းမြင့်ထွန်းတို့လည်း သတ်ဖြတ်ခံခဲ့ရသည်။
အဆိုပါ အရပ်သား ၂ ဦးမှာ ထန်းပင်ကုန်းဆိုသည့် ရွာမှ စစ်ကောင်စီခန့်ထားသော၊ ထွက်ပြေးနေသော အုပ်ချုပ်ရေးမှူးဟောင်း၏ အမျိုးအဆွေများဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ဗိုလ်မှူးဟောင်းနှင့် အရပ်သား ၂ ဦး သတ်ဖြတ်ခံရမှုအတွက် မည်သည့်အဖွဲ့အစည်းကမှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံခြင်းမရှိသေးပါ။
ဖမ်းဆီးသတ်ဖြတ်သူတို့မှာ တော်လှန်ရေးအဖွဲများမှ ဖြစ်သည်ဟု မတ္တရာမြို့နယ်တွင်းမှ အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ တာဝန်ခံက ဆိုသည်။
“ဗိုလ်မှူးဟောင်းရယ်၊ ပြည်သာယာရွာက လူနှစ်ဦးရယ်ကို ဘယ်အဖွဲ့လို့ မသိရသေးတဲ့ တော်လှန်ရေးအဖွဲ့တွေက ရှင်းလင်းသွားတာဖြစ်ပါတယ်။ အရင်ဝင်ဖမ်းပြီးတော့ စစ်ဆေးမေးမြန်းပြီးတော့မှ ရှင်းလင်းလိုက်တာပါ” ဟု ထိုသူက ဆိုသည်။
NUG လက်အောက်ခံ မြို့နယ်ပကဖအဖွဲ့ကလည်း ဗိုလ်မှူးဟောင်း သတ်ဖြတ်ခံရသည်မှာ မှန်ကန်ကြောင်း ပြောဆိုပြီး၊ မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရသေးကြောင်း၊ အဆိုပါ ဗိုလ်မှူးမှာ ပကဖ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ စာရင်းပြုစုထားသည့် စစ်ကောင်စီ၏ သတင်းပေးများစာရင်းတွင် ပါဝင်သူတစ်ဦးဖြစ်ကြောင်း ပြောဆိုသည်။
“အဲ့ဒီဗိုလ်မှူးက ထောက်လှမ်းရေးဟောင်းဖြစ်တယ်၊ ထောက်လှမ်းရေး ၁၆ ကလို့ သိရပါတယ်။ အခု အာဏာသိမ်းပြီးနောက်မှာမှ ရွာမှာ အေးဆေးနေနေပြီးတော့ စကစကို သတင်းပေးနေတာ” ဟု ပကဖတာဝန်ခံက ဆိုသည်။
ထိုသူများ စစ်ကောင်စီ အလိုတော်ရိများ ဖြစ်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
တော်လှန်ရေးတပ်များ အားကောင်းရာ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး၊ ဒေသခံ အရပ်သားများကို သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ လုပ်ဆောင်နေသည်။ ထို့အတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီအတွက် အလုပ်လုပ်ကိုင်ပေးနေသူ၊ သတင်းပေးနေသူဟု ၎င်းတို့ ယူဆသူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ယင်းသို့ သတ်ဖြတ်ခြင်းများသည့် အမျိုးသားညီညွတ်ရေးအစိုးရက ချမှတ်ထားသည့် သတင်းပေးဒလန်နှင့် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများအပေါ် ပြုကျင့်ရမည့် မူဝါဒများနှင့် မကိုက်ညီကြောင်း မြို့နယ်ပကဖတပ်ဖွဲ့အဖြစ် နှစ်နှစ်နီးပါ လုပ်ကိုင်လာသည့် မတ္တရာမျိုးမှန်တပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ဆိုသည်။
“ကျွန်တော်တို့မှာက ဒလန်ပဲဖြစ်ဖြစ်၊ သတင်းပေးပဲဖြစ်ဖြစ်၊ ဖမ်းမိရင် ဥပဒေနဲ့အညီ အရေးယူဖို့ ပြဋ္ဌာန်းထားပြီးသားရှိတယ်၊ ရဲတပ်ဖွဲ့ရှိတယ်၊ အုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့တွေရှိပါတယ်၊ သူတို့ကို လွှဲပြောင်းအပ်နှံအရေးယူရမှာဖြစ်ပါတယ်၊ စစ်ဆေးပေါ်ပေါက်ချက်ပေါ် မူတည်ပြီး အရေးယူရပါတယ်” ဟု ထိုသူက ဆိုသည်။
Myanmar Now News
စစ်ကောင်စီတပ် အဓမ္မစေခိုင်းမှုများ ကုလစုံစမ်းရေးအဖွဲ့ ဖော်ထုတ်
စစ်တပ်အတွင်း အဓမ္မခိုင်းစေနေတာနဲ့ အလုပ်သမားသမဂ္ဂတွေကို အကြမ်းဖက်နေတာတွေ အားလုံး ရပ်တန်းက ရပ်ဆိုင်းဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို မြန်မာ့အရေး စုံစမ်းစစ်ဆေးတဲ့ ကုလသမဂ္ဂ စစ်ဆေးရေးအဖွဲ့က မနေ့က တိုက်တွန်းလိုက်ပါတယ်။
အဓမ္မခိုင်းစေမှုဆိုင်ရာ တားမြစ်ချက်နဲ့ အသင်းအဖွဲ့တွေ လွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ နိုင်ငံတကာ ပဋိညာဉ်တွေ ကို စစ်ကောင်စီက ချိုးဖောက်တာကို ကုလသမဂ္ဂ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် စုံစမ်းစစ်ဆေးရေး အဖွဲ့က တွေ့ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို စစ်အာဏာပိုင်တွေက ဖြိုခွဲနှိမ်နင်းတဲ့နောက် ILO က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့တာပါ။
ILO ထူထောင်ချိန် ၁၉၁၉ ကစလို့ အခုလို အဆင့်အမြင့်ဆုံး စုံစမ်းစစ်ဆေးရေး ဆောင်ရွက်တာမျိုးက ၁၃ ကြိမ်ပဲ ရှိခဲ့ပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၃ ခုနှစ်၊စက်တင်ဘာ (၂၂)ရက်မှ (၃၀) ရက်နေ့ထိ
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်မှ (၃၀)ရက်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
စက်တင်ဘာလ (၂၂)ရက်မှ (၃၀)ရက်နေ့အတွင်းတွင် စစ်အာဏာရှင်တပ်သားများက ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ မကွေးတိုင်းဒေသကြီးမှ ပြည်သူ (၆)ဦးကို စစ်တပ်သား များက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့နယ်တွင် စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသူ ကလေးငယ်(၁၈)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ သည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီး သတ်ဖြတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (၂၇)ဦး အပါအဝင် ဒေသခံပြည်သူ (၃၂)ဦး သေဆုံးခဲ့ရသည်။
မြေမြှုပ်မိုင်းများကြောင့် တပတ်အတွင်း ပြည်သူ (၂)ဦး သေဆုံးခဲ့ရပြီး (၃)ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများကြောင့် ပြည်သူ (၃၂)ဦးခန့် သေဆုံး ခဲ့ပြီး (၁၄)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများက တပတ်အတွင်း ပြည်သူ (၁၂)ဦး ကျော်ကို ဖမ်းဆီးခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုုးဖောက်မှုများကြောင့် အသက်မပြည့်သေးသူ (၁)ဦး သေဆုံးခဲ့ရပြီး (၂၁)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Infogram
အတင်းအဓမ္မ ရွှေ့ပြောင်းခြင်းကို အဓိပ္ပါယ်ဖွင့်ဆိုခြင်း (Forced Relocation)
အတင်းအဓမ္မရွှေ့ပြောင်းခံရခြင်းကို လူ့အခွင့်အရေး ချိုးဖောက်မှုတခုအဖြစ် မှတ်တမ်းတင်နိုင်ရန်အ တွက် အောက်ဖေါ်ပြပါ အင်္ဂါရပ် ချိုးဖောက်မှုမြောက်သော အချက်အလက်များ ထင်ရှားကြောင်း သက် သေ တင်ပြရပါမည်။ ၁။ တစုံတဦး၏ အိုးအိမ် သို့မဟုတ် မြေနေရာမှာ ဖယ်ရှားခံရခြင်း ၂။ အကြောင်းမဲ့ အတင်းအကျပ် ဖယ်ရှားပစ်ခြင်း ၃။ အလိုမတူခြင်း သို့မဟုတ် ဆန္ဒမပါဘဲ လုပ်ဆောင်ခြင်း ၄။ အစိုးရ၏ လုပ်ဆောင်ချက်တို့ ဖြစ်သည်။ (ခ) အကြောင်းမဲ့ အတင်းအကျပ်ရွှေ့ပြောင်းခြင်းဆိုသည်မှာ မည်ကဲ့သို့သော အကြောင်းချင်း ရာဖြစ်သ နည်း။ အကယ်၍ ရွှေ့ပြောင်းခြင်းသည် တရားမျှတမှုမရှိခြင်း၊ ရုတ်ချည်းပြောင်းရွှေ့ရခြင်း၊ ကျိုးကြောင်းဆီ လျော်မှုမရှိခြင်း သို့မဟုတ် အများပြည်သူ အကျိုးစီးပွားနှင့် မဆီလျော်ပါက ယင်းရွှေ့ပြောင်းခြင်းကို အ ကြောင်းမဲ့ သက်သက် ရွှေ့ပြောင်းခြင်းမှုဟု ခေါ်ဆိုနိုင်ပါသည်။ ဥပမာ အတင်းအဓ္မ ရွှေ့ပြောင်းခြင်းကို အောက်တွင်ဖော်ပြထားသော အခြေအနေများတွင် အခြေခံ၍ ဖြစ်ပေါ်ပါက အကြောင်းမဲ့ဖြစ်ခြင်း သဘော၊ အတင်းအကျပ် ဖြစ်ခြင်း သဘောဟု သတ်မှတ်နိုင်သည်။
– လူမှုပတ်ဝန်းကျင် ဖွဲ့စည်းထားမှု၏ တစိတ်တပိုင်းကို တိုင်းရင်းသားမျိုးနွယ်စု အရသော်လည်းကောင်း၊ ဘာသာရေးအရ သော်လည်းကောင်း၊ လူမျိုးစုအရ သော်လည်းကောင်း အခြေခံ၍ ဖွဲ့စည်းထားမှုပုံစံ ပြောင်းလဲသွားစေရန် အတွက်ဖြစ်စေသော သို့မဟုတ် ရည်ရွယ်ချက်ပါသော မူဝါဒများကိုအခြေခံခြင်း။ – တရားဥပဒေအား ချိုးဖောက်၍ သော်လည်းကောင်း၊ အပြစ်မဲ့အရပ်သားများကို ဆန့်ကျင်၍ သော် လည်းကောင်း၊ စုပေါင်းအုပ်စုအလိုက် အပြစ်ပေးခံရမှု သို့မဟုတ် ပြစ်ဒဏ်ခတ်ခံရမှု ပုံစံတခုအ ဖြစ်သော် လည်းကောင်း ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။ ဥပမာ- ပေးထားသော စာရင်းသည် ပြည့်စုံသော စာရင်းတခုမဟုတ်သေးပေ။ လူတဦးသည် သူ သို့မ ဟုတ် သူ့အပိုင်မြေပေါ်မှ ဥပဒေနှင့် မလျော်ကန်စွာ သို့မဟုတ် တရားမျှတမှု ကင်းမဲ့စွာ အတင်းအဓ္မ ဖယ် ရှားခံရပါက ထိုလုပ်ရပ်သည် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်သော အတင်းအဓမ္မ ရွှေ့ ပြောင်းခြင်း အဖြစ် သတ်မှတ်နိုင်သည်ကို သတိပြုရန် အရေးကြီးသည်။ အတင်းအဓ္မရွှေ့ပြောင်း ခြင်းသည် “အထူးသီးသန့် ထင်ရှားသည့် အခြေအနေများ”တွင်သာ ကျိုးကြောင်း ဆီလျော်မှုရှိသည်။ သတိချပ်စရာ ဝေါဟာရ – အတင်းအဓမ္မရွှေ့ပြောင်းခြင်း အတင်းအဓမ္မ ရွှေ့ပြောင်းခြင်းဟူသော အသုံးအနှုန်းသည် အဓိပ္ပာယ်တိကျစွာ ဖွင့်ထားခြင်းမရှိပေ။ လူတ ဦးတယောက် (သူ သို့မဟုတ် သူမ) နေအိမ်မှဖြစ်စေ ၊ မြေယာမှဖြစ်စေ အကြောင်းမဲ့ သို့မဟုတ် အတင်း အကျပ် ထွက်ခွာပေးရသည့် အကြောင်းရင်း ပါဝင်သောဖြစ်ရပ်ကို မတူညီသော အဖွဲ့အစည်းများက သတ်မှတ်ရာတွင် ကွဲပြားသော အသုံး အနှုန်းများဖြင့် အသုံးပြု၍ သတ်မှတ်ကြသည်။ အချို့အဖွဲ့အစည်း များက အတင်းအဓ္မမောင်းထုတ်ခြင်း (eviction) ဟူ၍ သော်လည်းကောင်း အသုံးအနှုန်းကို အသုံးပြုကြ သည်။ အချို့အဖွဲ့အစည်းများက အတင်းအဓ္မ အိုးအိမ်မှ နေရာရွှေ့ပြောင်းရခြင်း (displacement) ဟူ၍ သော်လည်းကောင်း အသုံးအနှုန်းကိုအသုံးပြုကြသည်။ အချို့အဖွဲ့ အစည်းများက အတင်းအဓ္မပြန်လည် အခြေချခြင်းဟူ၍ သော်လည်းကောင်း စသည်ဖြင့် ကွဲပြားသောအသုံးအနှုန်း များကိုပင် အသုံးပြုသတ် မှတ်ထားကြသည်။ သို့သော် မည်သို့ပင် အသုံးပြု သတ်မှတ်စေကာမူ အသုံးအနှုန်းတခုချင်း စီသည် တူညီ သော ချိုးဖောက်မှုတခုတည်းကိုသာ ပုံဖေါ်ပြကြခြင်းဖြစ်သည်။ ယခုလမ်းညွှန်စာအုပ်တွင် အတင်းအဓ္မ ရွှေ့ပြောင်းခြင်းဟူသော အသုံးအနှုန်းဖြင့် အားလုံးတသမတ်တည်း ဖြစ်စေရန်အတွက် အသုံးပြုထား ပါသည်။
ရွှေကျင်မြို့နယ် ပုဇွန်မြောင်းရွာသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပုဇွန်မြောင်းရွာက ဒေသခံအမျိုးသား သုံးဦးကို စက်တင်ဘာလ ၂၉ ရက်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အသက် ၃၂ နှစ်အရွယ် ကိုဖြိုးဝေဦး၊ အသက် ၄၁ နှစ်အရွယ် ဦးမင်းမင်းနဲ့ အသက် ၄၄ နှစ်အရွယ် ဦးကြီးတို့ကို စစ်ကောင်စီခမရ -၂၀ က ဖမ်းဆီးခဲ့တာပါ။
စက်တင်ဘာလ ၃၀ ရက်မှာတော့ ဦးမင်းမင်းနဲ့ ဦးကြီးတို့ နှစ်ဦးသတ်ဖြတ်ခံရပြီး ကိုဖြိုးဝေဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ် ခဲ့တာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့ သုံးဦးစလုံးကတော့ လယ်သမားတွေပဲ။ ရိုးရိုးသားသား လုပ်ကိုင်စားသောက် ကြတာပါ။ ဒါကို စစ်တပ်က PDF နဲ့ ဆက်စပ်တယ်။ သတင်းပေးနေတယ်ဆိုပြီး ဖမ်းလိုက်တာ။ အဖမ်းခံရတဲ့ သုံးဦးထဲက ကိုဖြိုးဝေဦးကတော့ ထွက်ပြေးလာနိုင်ခဲ့တယ်။ အခုဘေးကင်းရာ နေရာရောက်ပြီ”
သတ်ဖြတ်ခံရသူတွေရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာလ ၃၀ ရက် ညနေပိုင်းက ပုဇွန်မြောင်းရွာအနီးမှာ ဒေသခံတွေက တွေ့ရှိခဲ့တာလို့ သူက ပြောပါတယ်။
ပုဇွန်မြောင်းရွာဟာ အိမ်ခြေ ၂၀၀ ကျော်နဲ့ လူဦးရေ ၆၀၀ ကျော်နေထိုင်ပြီး စစ်ကောင်စီတပ်ကြောင့် လက်ရှိ တိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ပဲခူးတိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ဦးကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံမဖြေဆိုပါဘူး။
တိုက်ပွဲတွေကြောင့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင်မှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းကျော် (၂၁၆,၇၅၄ ဦး) ရှိတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် (KSPN) ရဲ့ စက်တင်ဘာလ ၂၆ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
RFA Burmese