ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု
စစ်ဝတ်စုံနဲ့လက်နက်ကိုင်လူတွေက အရပ်ဝတ်နဲ့လူငယ်နှစ်ယောက်ကို ညှဉ်းပန်းနှိပ်စက်ပြီး မသေမရှင် မီးရှို့သတ်လိုက်တဲ့ ရုပ်သံမှတ်တမ်း ဗီဒီယိုတစ်ခု အွန်လိုင်းလူမှုကွန်ယက်မှာ ဖေဖော်ဝါရီလ ၆ ရက်နေ့က ပေါ်ထွက်ခဲ့သလို RFA ကလည်း လက်ခံရရှိခဲ့ပါတယ်။
ဒီဗီဒီယိုမှာ မြင်ရတာက စစ်တပ်အာဏာသိမ်းပြီး နောက်မှာ မကြာခဏမြင်ရတတ်တဲ့ ညှဉ်းပန်းနှိပ်စက်နေပုံတွေပါ။ အရပ်ဝတ်နဲ့ လူငယ်နှစ်ယောက်ရဲ့ခြေထောက်တွေကို ထိပ်တုံးခတ်၊ လက်တွေကို နောက်ပြန်ကြိုးတုပ်ထားပြီး စစ်ဝတ်စုံနဲ့ လက်နက်ကိုင်လူတွေက မေးမြန်းနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တခြားဖြစ်ရပ်တွေထက် ထူးခြားနေတာက အဲဒီ လူငယ်နှစ်ယောက်ကို အရှင်လတ်လတ် မီးရှို့နေတာပါ။ ဟုန်းဟုန်းတောက်နေတဲ့ မီးတောက်အပေါ်မှာ သူတို့ရဲ့ အော်ဟစ်ညည်းညူ သံကြားရပြီး၊ အရပ်ဝတ်နဲ့လူအုပ်ကြီးက ဝိုင်းကြည့်နေတာလဲ တွေ့ရပါတယ်။
ရုပ်သံဖိုင်အစပိုင်းမှာ စစ်ဝတ်စုံနဲ့လူတွေက ဖမ်းမိထားတဲ့ လူငယ်နှစ်ယောက်ကို ဘယ်ရွာကလဲလို့ မေးမြန်းနေသံကြားရပြီး၊ ပထမလူငယ်က စမိတ်ရွာကပါ လို့ပြန်ဖြေနေသလို၊ ဒုတိယလူငယ်က ဇီးပြားရွာကပါလို့ ပြန်ဖြေနေတာပါ။ သူတို့ပြောတဲ့ရွာတွေက မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲမှာ ရှိပါတယ်။
ဒီအဖြစ်အပျက်ဟာ စစ်အာဏာသိမ်းအပြီး လက်နက်ကိုင်ပဋိပက္ခ သုံးနှစ်တာကာလအတွင်း လူနှစ်ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်နေတာကို ဗီဒီယို ရုပ်သံမှတ်တမ်းအနေနဲ့ ထွက်ပေါ်လာတာဟာ ပထမဆုံးနဲ့ အဆိုးဝါးဆုံးဖြစ်ရပ်ဖြစ်ပါတယ်။
RFA က စုံစမ်းချက်အရ ဒီလူငယ်နှစ်ယောက်ဟာ အသက် ၂၃ နှစ်အရွယ် အဝေးသင်တက္ကသိုလ် ပထမနှစ်ကျောင်းသား ကိုဖိုးတေနဲ့ အသက် ၂၂ နှစ်အရွယ် ဆယ်တန်းကျောင်းသား ကိုသားထောင် တို့ဖြစ်တယ်လို့ သိရှိရပါတယ်။
သူတို့ဟာ မကွေးတိုင်း ဂန့်ဂေါခရိုင် ယောကာကွယ်ရေးတပ်ဖွဲ့ (Yaw Defense Force -YDF) အဖွဲ့ဝင်တွေ ဖြစ်တဲ့အကြောင်း၊ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ထားတဲ့ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှာ စစ်ကောင်စီဆန့်ကျင်ရေး မဟာမိတ်တပ်ဖွဲ့တွေ သွားတိုက်တဲ့အချိန်မှာ လက်ရဖမ်းမိသွားတာဖြစ်တဲ့အကြောင်း YDF က ဖေဖော်ဝါရီ ၆ ရက်က ကြေညာချက် ထုတ်ပြန် ပြောကြားထားပါတယ်။
သူတို့နှစ်ယောက်ကို မြောက်ခင်ရန်းရွာရဲ့ ဆေးရုံရှေ့က ကုက္ကိုလ်ပင်အောက်မှာ မီးရှို့ သတ်လိုက်တာလို့ ယောကာကွယ်ရေးတပ်ဖွဲ့က လုံခြုံရေးအရအမည်မဖော်လိုတဲ့ တာဝန်ခံတစ်ယောက်က ပြောပါတယ်။
ဖြစ်ရပ်က သုံးလနီးပါးကြာခဲ့ပြီဖြစ်ပေမဲ့ အဲဒီဒေသမှာ စစ်ကောင်စီက အင်တာနက်လိုင်းဖြတ်ထားလို့ အများသိအောင် ထုတ်ပြန်ဖို့ နှောင့်နှေးခဲ့ရတာလို့လည်း ဆိုပါတယ်။
“မြောက်ခင်ရန်းရွာ အိမ်ခြေ နှစ်ထောင်ကျော် သုံးထောင်နီးနီးရှိတဲ့ရွာကို ဝင်တိုက်ခိုက်ခဲ့ပါတယ်၊ အဲဒီမှာ ဘေးကနေ စစ်ကူတွေလာတော့ ကျွန်တော်တို့ ပြန်ဆုတ်ခွာတဲ့အချိန်မှာ ခြေထောက်တွေ မှန်ပြီးကာမှ ကျန်ခဲ့တဲ့အနေအထားမှာ နှစ်ယောက်ဖမ်းမိသွားတာပါဗျ။ ကျွန်တော်တို့ ရဲဘော်တွေကတော့ စိတ်မကောင်းစွာနဲ့ဘဲ အရှင်လတ်လတ် မီးရှို့ခံပြီးကာမှ အသက်ဆုံးရှုံးသွားပါတယ်”
ဒီဖြစ်ရပ်ကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားတဲ့ နယ်မြေခံ လုံခြုံရေးတပ် ပျူစောထီးအဖွဲ့တွေလို့ YDF နဲ့ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသခံတွေက ပြောကြပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့က ကြေညာချက်ထုတ် ငြင်းဆိုထားပါတယ်။
အဲဒီတိုက်ပွဲမှာ အရှင်ဖမ်းမိခဲ့တဲ့သူမရှိသလို၊ ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့သူတွေက PDF တွေဖြစ်တဲ့အကြောင်းနဲ့ သူတို့ အချင်းချင်း စိတ်သဘောထား မတိုက်ဆိုင်လို့ လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပြီး အဲဒီဖြစ်ရပ်ကို ရပ်ရွာကာကွယ်ရေး အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့သလိုမျိုး လုပ်ကြံဖန်တီး ရိုက်ကူးထားတဲ့ ရုပ်သံဖိုင် တစ်ခုပဲဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပျူစောထီးအဖွဲ့ဆိုတာ ဖွဲ့စည်းထားတာမရှိကြောင်းလည်း ငြင်းဆိုထားပါတယ်။
ဒီထုတ်ပြန်ချက်၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တုံ့ပြန်ရှင်းလင်းချက်ရနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီ ဖုန်းဆက်ခဲ့ပေမဲ့ မရခဲ့ပါဘူး။
အဲဒီရုပ်သံဖိုင်ကို ထွက်ပြေးလာသူတွေဆီကနေ ရရှိခဲ့တာလို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ဒီလိုဗျ ဖြစ်စဉ်က အခုမှ ဗီဒီယိုဖိုင်က ကျွန်တော်တို့ လက်ထဲကို အခုမှ ရောက်တာပေါ့နော်။အခုက ပြည်သူတွေဆီကနေရတာ ဒီဗီဒီယိုဖိုင်ကပေါ့နော်။ ထွက်ပြေးလာတဲ့ ပြည်သူတွေဆီကနေတဆင့် ရခဲ့တာပါ၊ အဲဒီမှာ ဖြစ်စဉ်ကို အစကနေ အဆုံးမြင်ခဲ့တဲ့ ကလေးပေါ့နော်။ အသက်တော့ မပြည့်သေးဘူး။ ကလေးက Grade 7, Grade 8 လောက်ဖြစ်မယ်နဲ့တူတယ်။ သူကတော့ ဖြစ်စဉ်အစအဆုံးကိုတွေ့တယ် မြင်တယ်လို့ ပြောတယ်၊ ကျူးလွန်သူတွေကို သူက နာမည်တွေတော့ မသိဘူးပေါ့နော်။ ဒါပေမဲ့ ရုပ်တွေပြတာနဲ့ ဘယ်သူဘယ်သူဆိုတာ အကုန်မှတ်မိတယ်လို့ ဆိုတာမျိုး ကျွန်တော်တို့ဆီကို ထွက်ဆိုထားတာမျိုး ရှိတယ်”
ဂန့်ဂေါခရိုင်ဟာ ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲကာလတွေမှာ စစ်တပ်ဘက်ယိမ်းတဲ့ နိုင်ငံရေးပါတီဘက်က အားသာခဲ့သလို၊ အာဏာသိမ်းပြီးတဲ့နောက်မှာ ပျူစောထီးလို့ခေါ်တဲ့ စစ်ကောင်စီက လက်နက်တပ်ဆင်ထားတဲ့အဖွဲ့တွေများတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီကိုဆန့်ကျင်နေတဲ့ PDF ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်နေ့ကလည်း အခု အခင်းဖြစ်ခဲ့ရာ မြောက်ခင်ရန်းရွာက ဒေသခံ နှစ်ရာလောက်ဟာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ရဲ့ရန်ကိုကြောက်လို့ ထွက်ပြေးလာတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒေသခံတွေက RFA ကိုပြောခဲ့ဖူးပါတယ်။
မြောက်ခင်ရန်းရွာရဲ့ အရှေ့ဘက်က စန်းမြို့ရွာဆိုရင်လည်း စစ်အာဏာသိမ်းတာဆန့်ကျင်လို့ ပြီးခဲ့တဲ့တစ်နှစ်ကျော်ကတည်းက တစ်ရွာလုံး မီးရှို့ဖျက်ဆီးခံထားရပြီး ရွာသားတွေလဲ အခုအချိန်ထိ တောထဲမှာ ပုန်းခိုနေရတာပါ။
တရားမျှတမှုရဖို့ ဒီဖြစ်ရပ်ကို စုံစမ်းဖော်ထုတ်ရမယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) အာရှဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး ဖီးလ်ရောဘတ်ဆန်က ပြောပါတယ်။
“ဖမ်းမိတဲ့တပ်ဖွဲ့ဝင်တွေကို လူသားဆန်ဆန်ဆက်ဆံရမှာဖြစ်ပါတယ်။ ဒီလူနှစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ သက်ဆိုင်ရာကိုပဲ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ လူတွေကိုခြိမ်းခြောက်ဖို့ ရည်ရွယ်ပြီး ရုပ်သံရိုက်ဖို့အတွက် အရှင်လတ်လတ်မီးရှို့ရမှာ မဟုတ်ပါဘူး။ အခုတော့ အဲဒီလုပ်ရပ်မှာပါတဲ့သူတွေအားလုံးကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ဆေးမေးမြန်း အရေးယူရမှာဖြစ်ပါတယ်။ အဲဒီလိုအရေးယူမှပဲ လူမဆန်အောင်သတ်ဖြတ်ခံလိုက်ရတဲ့သူတွေအတွက် တရားမျှတမှု ယူပေးနိုင်မှာဖြစ်ပါတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ ပြောခွင့်ရသူ ဦးနေဘုန်းလတ်က မြောက်ခင်ရန်းရွာ ပြစ်မှုကျူးခဲ့တဲ့ကိစ္စမှာ ပါဝင်ခဲ့သူထဲက တစ်ယောက်ကို ဖမ်းမိထားတယ်လို့ RFA ကို ပြောပါတယ်။
“ဒီဖြစ်စဉ်မှာ အသက်မသေဘဲကျန်ပြီး လွတ်မြောက်ခဲ့တဲ့သူ တစ်ယောက်ကိုလည်း NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက လိုအပ်တဲ့အချက်အလက်တွေ စုံစမ်းမေးမြန်းထားပြီးပြီဖြစ်ပါတယ်။ အဲဒီလိုပဲ (NUG) ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့လည်း အမှုစတင်တည်ဆောက်နေပြီဖြစ်ပါတယ်။ ဒီထဲမှာပါနေတဲ့သူတွေကို ဖမ်းဆီးရရှိနိုင်ဖို့လည်း ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ အခုလက်ရှိ ဒီထဲမှာပါဝင်တဲ့သူတစ်ဦးကို ဖမ်းဆီးရရှိထားတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်”
လောလောဆယ်မှာတော့ ရွာသားတွေက ကြောက်ရွံ့နေကြပြီး ကျူးလွန်တဲ့သူတွေက ဘယ်သူလဲဆိုတာ တိတိကျကျ မဖော်ထုတ်နိုင်သေးပါဘူး။ အားလုံးကတော့ တရားမျှတမှုကို မျှော်လင့်နေကြတယ်လို့ RFA ကို ပြောကြပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ (၂၂)ရက်မှ (၃၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဇန်နဝါရီလ (၂၂)ရက်မှ (၃၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများက မန္တလေးတိုင်းဒေသကြီးမှ ပြည်သူ (၁)ဦးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ပြည်သူ(၅)ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် တပတ် အတွင်း ပြည်သူ (၈)ဦး သေဆုံးခဲ့ရသည်။ မကွေးအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသူ တဦး ဆေးကုသခွင့် လုံလောက်စွာ မရရှိခဲ့သောကြောင့် သေဆုံးခဲ့ရသည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၅၀)ကျော် သေဆုံးခဲ့ပြီး (၅၀)နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အသက်မပြည့်သူ (၃)ဦး ဒဏ်ရာရရှိခဲ့ပြီး (၁)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ ၏ စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် တပတ်အတွင်း နေရပ်ဒေသ စွန့်ခွာမှု (၆)ကြိမ် ပြုလုပ်ခဲ့ကြရသည်။ စစ်အာဏာရှင်တပ်သား များ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၄)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Infogram
ခရစ်ယာန်ဘာသာကို ဖိနှိပ်မှုအတွက် စစ်ကောင်စီကို အရေးယူဖို့ အမေရိကန်ကိုတောင်းဆို
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံလူဦးရေရဲ့ ၆.၂ ရာခိုင်နှုန်းရှိတဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေကို ပစ်မှတ်ထားပြီး ဖိနှိပ်သတ်ဖြတ်မှုတွေ တိုးလာနေတဲ့အကြောင်း အမေရိကန် နိုင်ငံ၊ မေရီလန်း ပြည်နယ် အခြေစိုက် ချင်းတိုင်းရင်းသား အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Chin Association of Maryland က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒီအစီရင်ခံစာ ထုတ်ပြန်လိုက်တာနဲ့အတူ၊ မြန်မာနိုင်ငံက ခရစ်ယာန် ဘာသာဝင်တွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေတွေအကြောင်းကို အမေရိကန်နိုင်ငံအစိုးရနဲ့ လွှတ်တော်က တာဝန်ရှိသူတွေကို ရှင်းလင်းပြောကြားတဲ့ အခမ်းအနားကို ဇန်နဝါရီလ ၂၉ရက်က ဝါရှင်တန်ဒီစီမြို့တော်ကအမေရိကန် အောက်လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦးမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီရှင်းလင်းပွဲ အခမ်းအနားကို အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ၊ အောက်လွှတ်တော် အမတ် ခရစ်စ် စမစ် (Chris Smith)၊ အမေရိကန်အစိုးရ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် ဒုဥက္ကဋ္ဌ ဖရက်ဒရစ် ဒေဗီ (Frederick Davie)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူတွေနဲ့ အမေရိကန်နိုင်ငံ ခရစ်ယာန်ဘာသာရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အမေရိကန်အစိုးရရဲ့ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် USCIRF ဒုတိယဥက္ကဋ္ဌ ဖရက်ဒရစ် ဒေဗီ (Frederick Davie) က စစ်ကောင်စီဟာ အာဏာသိမ်းလိုက်ပြီးကတည်းက ခရစ်ယာန် ဘာသာဝင်တွေ အပါအဝင် လူနည်းစုတွေကို ဖိနှိပ်မှုတွေ လုပ်နေတဲ့အကြောင်း၊ ကုလသမဂ္ဂရဲ့စာရင်းတွေအရ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ကြောင့် မြန်မာပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ၂ ဒသမ ၃ သန်းနဲ့ မြန်မာနိုင်ငံပြင်ပမှာ ဒုက္ခသည် ၁ ဒသမ ၃၅ သန်းအထိ ရှိနေတဲ့အကြောင်း ပြောသွားပါတယ်။
ဒီရှင်းလင်းပွဲအခမ်းအနားမှာ စစ်ကောင်စီရဲ့ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ခရစ်ယာန် ဘုန်းတော်ကြီးတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ကိုယ်တွေ့ဖြစ်ရပ်တွေကို တက်ရောက်ပြောပြခဲ့ပြီး အမေရိကန်နိုင်ငံ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့ ချင်းလူ့အခွင့်အရေးလှုပ်ရှားသူတွေလည်း မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း တက်ရောက်စကားပြောခဲ့ပါတယ်။
ဒီရှင်းလင်းပွဲကို တက်ရောက်စကားပြောခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌနဲ့ နယူးဂျာစီပြည်နယ်အမတ် ခရစ်စ် စမစ် (Chris Smith)က မြန်မာနိုင်ငံအရေးနဲ့ ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုး လုပ်သွားဖို့လိုတယ်လို့ RFA ကို ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့အာရုံစူးစိုက်ဆောင်ရွက်မှုတွေကို ထပ်တိုးဖို့ လိုနေတယ်လို့ ထင်ပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်က ဖိနှိပ်သတ်ဖြတ်မှုတွေ ဆက်လုပ်မြဲလုပ်နေတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ အောက်လွှတ်တော်အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို အားပေးထောက်ခံမဲ့ Burma Act ဥပဒေကို အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) ဥပဒေထဲမှာ ထည့်သွင်းပြီး ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့မြန်မာနိုင်ငံအရေးကို ဦးစားပေးကိစ္စတစ်ခုအနေနဲ့ အာရုံစူးစိုက်ဆောင်ရွက်မှု မရှိသေးပါဘူး။ အခုအချိန်မှာ မြန်မာပြည်သူ တွေ အမြောက်အများဟာ စစ်ဘေးဒုက္ခသည်တွေ ဖြစ်နေပါတယ်။ သူတို့ရဲ့ဘာသာရေးယုံကြည်ချက်ကြောင့် သတ်ဖြတ်ခံနေရပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ အောက်လွှတ်တော်အနေနဲ့ မြန်မာ့အရေးကြိုးပမ်းမှုတွေကို နှစ်ဆတိုးလုပ်ဖို့ လိုပါတယ်။ အမေရိကန်အောက်လွှတ်တော်အနေနဲ့ ဘာလုပ်သင့်သလဲဆိုတာ သိနိုင်ဖို့အတွက် ဒီနေ့ရှင်းလင်းပွဲကို လက်ခံကျင်းပနေတာ ဖြစ်ပါတယ်”
ဒီအခမ်းအနားကို တက်ရောက်မိန့်ခွန်းပြောခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ရှင်းလင်းပွဲဟာ မြန်မာစစ်တပ်ရဲ့ကျူးလွန်မှုတွေအတွက် တရားမျှတမှု ရဖို့ ဆောင်ရွက်ချက်ဖြစ်တယ်လို့ ပြောပါတယ်။
ဒီရှင်းလင်းပွဲနဲ့အတူ ထုတ်ပြန်ခဲ့တဲ့ Chin Association of Maryland က ပြုစုထားတဲ့ အစီရင်ခံစာ နှစ်စောင်ထဲမှာ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးတဲ့အချိန်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလအထိ မြန်မာစစ်တပ်ဟာ နိုင်ငံတစ်ဝန်းမှာ ခရစ်ယာန်ဘုရားကျောင်း နှစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီအထဲက တစ်ဝက်လောက်က ချင်းပြည်နယ်မှာ ဖြစ်တဲ့အကြောင်း၊ မြန်မာစစ်တပ်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးတွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာ၊ ထောင်ဒဏ်ချမှတ်တာနဲ့ သတ်ဖြတ်တာတွေ တိုးလုပ်နေကြောင်း၊ အခုအချိန်မှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ခရစ်ယာန်ဘာသာ ကျင့်သုံးဖို့ အခက်ခဲဆုံး နိုင်ငံ ၅၀ ထဲမှာ ပါဝင်နေတဲ့အကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင် ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ကမ္ဘာက ရှုတ်ချနေကြသလိုပဲ၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ခရစ်ယာန် ဘာသာဝင်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်လည်း အလားတူ ကန့်ကွက်ရှုတ်ချပြီး အရေးယူအပြစ်ပေးဖို့ လိုအပ်ကြောင်း ပါရှိပါတယ်။
ဒီရှင်းလင်းပွဲဟာ အမေရိကန်အစိုးရနဲ့ လွှတ်တော်က မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် အရေးယူ ဆောင်ရွက်ဖို့ နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ Chin Association of Maryland ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးဇိုသုန်းမှုန် (Zo Tum Hmung)က ပြောပါတယ်။
မနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ အမေရိကန် နိုင်ငံအနေနဲ့၊ မြန်မာစစ်တပ်ရဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို စစ်ရာဇဝတ်မှု War Crime နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against humanity တွေအဖြစ် တရားဝင် သတ်မှတ်ပေးဖို့၊ ဖမ်းဆီးထားတဲ့ ကချင်ဘာသာရေးခေါင်းဆောင် ဒေါက်တာ ခလမ် ဆမ်ဆွန်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ အမေရိကန်အစိုးရက တောင်းဆိုပေးဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို လုံလောက်တဲ့ အကူအညီတွေ အမြန်ဆုံးပေးအပ်ဖို့နဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ အကူအညီတွေ ပေးအပ်သွားဖို့ အချက်တွေကို သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကို တောင်းဆိုထားပါတယ်။
RFA Burmese
အာဏာသိမ်းပြီး သုံးနှစ်အကြာ မြန်မာပြည်
မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ လွန်ခဲ့တဲ့သုံးနှစ်က အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အခက်အခဲဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး တစ်တိုင်းပြည်လုံးမှာလည်း စစ်မီးတောက်လောင်ခဲ့ပါတယ်။
ဒီသုံးနှစ်အတွင်း စစ်တပ်ရဲ့အာဏာတည်မြဲရေး ကြိုးပမ်းမှုအတွင်းမှာလည်း အရပ်သားပြည်သူ လေးထောင်ကျော် သေဆုံးခဲ့သလို လူပေါင်း နှစ်သန်းခြောက်သိန်းဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ လူပေါင်း နှစ်သောင်းနီးပါးလည်း ဖမ်းဆီးထောင်ချခံထားရပါတယ်။
သေဆုံးသူတွေဟာ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်ခံရတာ၊ ရွာတွေမှာ အဖမ်းခံရပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရတာ စတဲ့နည်းမျိုးစုံနဲ့ သတ်ဖြတ်ခံရတာဖြစ်ပါတယ်။
သုံးနှစ်အတွင်း လူအသေအပျောက်အများဆုံးဖြစ်ရပ်ကတော့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုပါ။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးနဲ့အမျိုးသမီးတွေအပါအဝင် လူ ၁၇ဝ နီးပါး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့သူတွေဟာ ဒီနေ့အထိ စိတ်ဒဏ်ရာတွေ ခံစားနေရတယ်လို့ ပဇီကြီးရွာခံတစ်ဦးက ပြောပါတယ်။
“လူတွေက အဲဒီရွာဖြစ်စဉ်ဖြစ်ပြီးတဲ့နောက် နေ့စဉ်နဲ့အမျှ အကြောက်တရားတွေနဲ့ နေနေရတာပေါ့နော်။ တစ်ခါတစ်လေ ဂျက်ပျံရင်ကို အဲဒီ ဝေါ-ဝေါ နဲ့အသံကြီးကို လူတွေကစိတ်တွေက ကဏှာမငြိမ်ဖြစ်ပြီး ကလေးတွေဆိုရင် ငိုတယ် ကြောက်လန့်ပြီးတော့လေ။ ကျွန်တော်တို့ တစ်သက်စာကို မေ့ကြမှာမဟုတ်ဘူး”
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများ
အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ သုံးနှစ်အတွင်း လူပေါင်း နှစ်သောင်းခွဲကျော်ကို ဖမ်းခဲ့ပါတယ်။ လမ်းပေါ်ထွက်ဆန္ဒပြလို့ ဖမ်းဆီးတာအပြင် မွေးနေ့ဆုတောင်းပေးရုံ၊ ပန်းပန်ရုံနဲ့လည်း ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ရေးပြင်းထန်နေတဲ့ ဒေသတွေမှာ လူအစုလိုက်အပြုံလိုက် ဖမ်းဆီးပြီး စစ်ကြောင်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေ ရှိသလို မြို့ပြမှာလည်း သားကို မမိလို့ အဖေကိုဖမ်းတာ၊ အဖေကို မရလို့ သမီးကို ဖမ်းထားတာ စတဲ့လုပ်ရပ်တွေကိုလည်း တွေ့ရပါတယ်။
ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် သေဆုံးတာရှိသလို ၂၀၂၃ ခုနှစ်အတွင်း ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို အပြင်ကို ခေါ်ထုတ်သတ်ဖြတ်တယ် ဆိုတဲ့အထိ ဆိုးရွားလှတဲ့ အခြေအနေတွေ ကြားသိခဲ့ရပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လထဲမှာ ဒိုက်ဦးထောင်ကနေ ထောင်ပြောင်းဆိုပြီး ခေါ်ထုတ်သွားပြီးနောက် လမ်းမှာ ကားမှောက်တဲ့အချိန် ထွက်ပြေးဖို့ ကြိုးစားတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးသွားတယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ရှိခဲ့ပါတယ်။
အဲဒီလူပေါင်း ၃၇ ယောက်ရှိပြီး၊ သေဆုံးတဲ့သူ ရှစ်ယောက်အထိ ရှိနေတာကို အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကျန်တဲ့သူတွေ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းလို့ မရခဲ့ကြပါဘူး။
သေဆုံးသွားသူတွေက ကိုဇင်ဝင်းထွဋ် (ခ) တရုတ်ကြီး၊ ကိုနေအေး (ခ) အာကာထက်ပိုင်မျိုး၊ ကိုရာလေး (ခ) ဇင်မြင့်ထွန်း၊ ကိုပြည့်ဖြိုးဟိန်း (ခ) ကိုပြည့်၊ ကိုဝေယံလွင် (ခ) ဂျာကြီး၊ ကိုခန့်လင်းနိုင် (ခ) ကိုခန့်၊ ကိုဘိုဘိုဝင်း (ခ) ထန်းတောကြီးနဲ့ ကိုအောင်မျိုးသူ တို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီလုပ်ရပ်ဟာ ၂၀၂၃ မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ အဆိုးဆုံးအခြေအနေတစ်ခုလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်။
“၂ဝ၂၃ ထဲမှာ လုံးဝထူးခြားတဲ့ကိစ္စဆိုရင် အကျဉ်းထောင်ထဲကနေ ထောင်ပြောင်းဆိုပြီး ခေါ်ထုတ်သွားပြီးတော့ အပြင်မှာသတ်ပစ်တဲ့ကိစ္စတွေ ဒါတွေက ဘယ်တုန်းကမှ မကြားဖူးတဲ့ကိစ္စတွေ ဖြစ်တယ်။ စစ်အုပ်စုက အရပ်သားပြည်သူတွေကို မတရားအနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်တာ သတ်ဖြတ်တာတွေက ၂၀၂၃ ထဲမှာ အမြောက်အမြား ကြားသိနေရတယ်။ အရင် စစ်အာဏာရှင်တွေလက်ထက်နဲ့ အခုလက်ရှိ စစ်အုပ်စုလက်ထက်နဲ့ နှိုင်းယှဉ်လိုက်ရင် ညှဉ်းပန်းနှိပ်စက်မှု မတရားဖမ်းဆီးမှုတွေ မတရားသတ်ဖြတ်မှုတွေက အဆပေါင်းများစွာ ကွာခြားနေတာကို ကျွန်တော်တို့ တွေ့နေရတယ်”
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်အဆက်ဆက်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့ပေမယ့် ကျူးလွန်သူ တွေအပြစ်ပေးခံရခြင်းကနေ ကင်းလွတ်နေကြပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျူးလွန်သူတွေကို ထိုက်သင့်တဲ့ အပြစ်အပေးအရေးယူတာတွေ လုပ်နိုင်ဖို့ လိုအပ်တယ်လို့ AAPP တာဝန်ရှိသူက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရမှုများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ အိမ်ပေါင်း ရှစ်သောင်းနီးပါး ( ၇၈၇၃၇ လုံး) မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ကထုတ်ပြန်ထားပါတယ်။ အဲဒီထဲက အိမ်သုံးသောင်းနီးပါး (၂၉၆၈၉ လုံး) ဟာ ၂၀၂၃ ခုနှစ်အတွင်း မီးလောင်ပျက်စီးခဲ့တာပါ။
ဒီသုံးနှစ်အတွင်းမှာ ၂၀၂၂ ခုနှစ်ကတော့ မီးလောင်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုရဲ့ ထက်ဝက်ကျော်ဟာ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာ ဖြစ်ခဲ့တာပါ။
သုံးနှစ်အတွင်း မီးရှို့ခံရတဲ့အိမ်အများစုကတော့ စစ်ကိုင်းတိုင်းက ဖြစ်ပြီး အိမ်ပေါင်း ခြောက်သောင်းနီးပါး ရှိခဲ့ပါတယ်။ မီးရှို့ဖျက်ဆီးတဲ့ ပုံစံအများစုကတော့ စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ရပ်ရွာတွေကို ဝင်ရောက်စီးနင်းပြီးနောက် မီးလောင်တိုက်သွင်းတာတွေကို အများဆုံး မြင်တွေ့ခဲ့ရတယ်လို့ အိမ်မီးရှို့ဖျက်ဆီးခံရသူတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်၊ ရုံးစုရွာက ဒေသခံအမျိုးသမီးတစ်ယောက်က သူ့ဖြစ်ရပ်ကို ပြောပြပါတယ်။
“မြွေပွေးမကြောက် မြွေဟောက်မကြောက် စုယုပြီးတော့ လုပ်ထားတာ။ တစ်သက်တာလုပ်ထားတဲ့ ဟာလေးတွေ ချဲလည်းမပေါက်ဖူးဘူး၊ ထီလည်းမပေါက်ဖူးဘူး။ ဆင်းဆင်းရဲရဲနဲ့ အိမ်ထောင်ကျပါပြီဆိုကတည်းက လုပ်ကိုင်ထားတဲ့ ဟာလေးတွေ အကုန်ပါသွားတာ။ ဘာမှကို ရလောက်စရာ မကောင်းတော့ဘူး။ ထန်းရွက်တဲ ဆောက်ဖို့တောင် ထန်းရွက်မရှိဘူး”
အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများ
နိုင်ငံတစ်ဝန်းမှာ မီးရှို့ဖျက်ဆီးခံရမှုတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူဟာလည်း နှစ်သန်းနဲ့ ခြောက်သိန်းကျော်အထိ ရှိလာပါတယ်။ အဲဒီအထဲက လူပေါင်း ခြောက်သိန်းကျော်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက် နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာမှ နိုင်ငံတစ်ဝန်းထွက်ပြေးရတဲ့ အရေအတွက်ဖြစ်ပါတယ်။
အိုးအိမ်စွန့်ခွာထွက်ပြေးရတာအပြင် ဒုက္ခသည်တွေဟာ လုံလောက်တဲ့ အမိုးအကာတွေအောက်မှာမနေရတာ၊ ကလေးငယ်တွေ ပညာသင်ခွင့်ဆုံးရှုံးတာတွေအပြင် နိစ္စဓူဝစားဝတ်နေရေးကိစ္စတွေနဲ့ ဆေးဝါးအတွက် အခက်အခဲတွေပါ ကြုံနေရတာပါ။
စစ်ရေးပြင်းထန်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့မှာတော့ ကုန်စည်ပို့ဆောင်ရေး ကုန်းလမ်း၊ ရေလမ်းတွေကိုပါ ပိတ်ဆို့ထားတဲ့အတွက် ဒုက္ခသည်တွေ အစာရေစာရှားပါး ပြတ်လတ်တဲ့ အခြေအနေတွေကိုပါ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်က ဒေသတချို့မှာလည်း အင်တာနက်လိုင်းတွေ ဒီနေ့အထိ ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်ရေးအတွက်ပါ အခက်အခဲကြုံတွေ့နေကြရတာပါ။
စစ်ရေးအခြေအနေ
အာဏာသိမ်း သုံးနှစ်မြောက်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်ကတော့ နိုင်ငံတစ်ဝန်း စစ်ရေးအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး မြန်မာစစ်တပ်ဘက်က နယ်မြေတွေ၊ မြို့ရွာတွေ၊ တပ်စခန်းတွေအများအပြား လက်လွှတ်ခဲ့ရပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့လို့ခေါ်တဲ့ တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA တို့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁ဝ၂၇ စစ်ဆင်ရေးဟာ စစ်ရေးအရ အပြင်းထန်ဆုံး ဖြစ်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်အဆင့် ခုနစ်ယောက် လက်နက်ချသလို၊ တစ်ယောက်ကို ရက္ခိုင့်တပ်တော် (AA)က ဖမ်းမိထားပြီး၊ တပ်ရင်းအလိုက် လက်နက်ချတာတွေ၊ ထွက်ပြေးတဲ့ တပ်သားတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။
စာရင်းတွေအရ အနည်း ဆုံး စစ်ကောင်စီတပ်သား သုံးထောင်ကျော် လေးထောင်နီးပါး လက်နက်ချတာတွေ့ရပါတယ်။ အဲဒီအပြင် သံချပ်ကာတင့်ကားတွေ၊ လေယာဉ်ပစ်သေနတ်တွေနဲ့ တာဝေးပစ် ဟောင်ဝစ်ဇာလက်နက်တွေကစလို့ လက်နက်အများပြားကိုလည်း တော်လှန်ရေးတပ်တွေက သိမ်းပိုက်ရှိခဲ့သလို စစ်တပ်ရဲ့ တပ်စခန်း ၂၅၀ ကျော်ကိုလည်း သိမ်းယူနိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ရဲ့တိုက်လေယာဉ်တွေကိုလည်း ကရင်နီပြည်နယ်မှာ တစ်စင်း၊ ကချင်ပြည်နယ်မှာ တစ်စင်း၊ ကရင်ပြည်နယ်မှာတစ်စင်း တော်လှန်ရေးအင်အားစုတွေက ပစ်ချခဲ့လို့ ပျက်စီးခဲ့ပါတယ်။
ဒီစစ်ဆင်ရေးနဲ့အတူ နိုင်ငံအနှံ့က တိုက်ပွဲတွေအတွင်း မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ခရိုင်အဆင့်မြို့တွေအပါအဝင် မြို့နဲ့ရွာပေါင်း ၃၂ နေရာကို သိမ်းပိုက်ထားပါတယ်။
ဒါဟာ မြန်မာစစ်တပ်ဟာ ရ၅ နှစ်အတွင်း မကြုံဖူးအောင် ရှုံးနှိမ့်မှုတွေနဲ့ ရင်ဆိုင်နေရတာလို့ ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ ပြောခွင့်ရသူ ပဒိုစောကလယ်စေးက ပြောပါတယ်။
“စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ကတော့ ၇၅ နှစ်အတွင်းမှာ ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးတဲ့ တစ်နိုင်ငံလုံးက ဗမာလူမျိုးအပါအဝင် လူတန်းစားမရွေး သူတို့ကို ၀ိုင်းဝန်းပြီး တော်လှန်နေကြတဲ့ အခြေအနေမျိုးကို မြင်တွေ့နေရပါတယ်။ တစ်ချိန်တည်းမှာ သူတို့ရဲ့ကျဆုံးမှုတွေ၊ ပေးဆပ်လိုက်ရတဲ့ စခန်းတွေ၊ လက်နက်တွေ ရိက္ခာတွေ အကုန်လုံး သူတို့အတွက် ဆုံးရှုံးမှု ကြီးမားတဲ့အခြေအနေလို့ ပြောလို့ရတယ်။ ဒါကြောင့် ပြန်လည်နာလန်ထူနိုင်ဖို့ သူတို့ဘယ်လိုနည်းနဲ့မှ အာဏာသိမ်းခင်က အခြေအနေမျိုးကို ပြန်ရမှာ မဟုတ်ဘူးလို့ ယူဆတယ်”
စစ်ကောင်စီထိပ်ပိုင်း အပြောင်းအလဲများ
အရင်က အယောက် ၂၀ နဲ့ဖွဲ့ထားတဲ့ စစ်ကောင်စီကို ၂၀၂၃ စက်တင်ဘာလမှာတော့ ၁၈ ယောက်နဲ့ ပြင်ဆင်လိုက်ပြီး အကြံပေးကော်မတီတစ်ခုကို အရင်စစ်ကောင်စီအဖွဲ့ဝင်ဟောင်းတွေအပါအဝင် ၁၀ ယောက်နဲ့ဖွဲ့လိုက် ပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ်ထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူယုံကြည်ရတဲ့ စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တချို့ကို လာဘ်စားမှုတွေနဲ့ ဖမ်းပြီး အရေးယူထောင်ချလိုက်ပါတယ်။ ဒါဟာ အာဏာသိမ်းသုံးနှစ်အတွင်း ထိပ်တန်းစစ်ဗိုလ်ချုပ်တွေအပေါ် ပထမဆုံးကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့ အရေးယူတဲ့လုပ်ရပ် ဖြစ်ပါတယ်။
စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို အဂတိလိုက်စားမှုနဲ့ စစ်တရားရုံးကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချခဲ့ပြီး စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုတော့ ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့တာပါ။
ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ၂ဝ၂၁ ဖေဖော်ဝါရီလ စစ်ကောင်စီအဖွဲ့ စတင်ဖွဲ့စည်းချိန်မှာ အဆင့် နံပါတ် ခုနစ် နေရာရှိခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံလူရင်းတစ်ဦး ဖြစ်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူဟာ စစ်တပ်ထဲမှာလည်း စစ်ဦးစီးအရာရှိချုပ်(ကြည်း) ရာထူးအထိ တာဝန်ပေးခံခဲ့ရတဲ့သူဖြစ်ပါတယ်။
စစ်ကောင်စီအဖွဲ့ရဲ့ နံပါတ် (၈) နေရာမှာရှိခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကတော့ ပြည်ထဲရေးဝန်ကြီးရာထူးရော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးတာဝန်တွေပါ ထမ်းဆောင်ခဲ့သလို စစ်တပ်ထဲမှာလည်း စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်အထိ တာဝန်ယူခဲ့ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ရင်းနှီးတဲ့ ရဲမှူးချုပ် ကျော်သီဟကိုလည်း အဂတိလိုက်စားမှုနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ထောင်သုံးနှစ်ချခဲ့ပါတယ်။
စစ်ကောင်စီထိပ်တန်းအရာရှိတွေရဲ့ အဂတိလိုက်စားမှုကိစ္စတွေ အပါအဝင်၊ အမေရိကန်ဒေါ်လာကိစ္စ၊ ပို့ကုန်သွင်းကုန်ကိစ္စတွေကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်ခဲ့ပြီး တာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို အရေးယူရတဲ့အထိ လူသိရှင်ကြား ဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးပါတီများ အခြေအနေ
စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ၂၀၂၃ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ပါတီပေါင်း ၄ဝ ကို နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံပြန်မတင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းခဲ့တာပါ။
ဖျက်သိမ်းခံတဲ့အထဲမှာ အင်အားကြီး တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လည်းပါဝင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအားကောင်းတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီတို့လည်း ဖျက်သိမ်းခံခဲ့ရပါတယ်။
စစ်ကောင်စီက လက်ရှိတည်ဆဲနိုင်ငံရေးပါတီလို့ သတ်မှတ်ထားတဲ့ပါတီတွေထဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီပေါင်း ၄၅ ပါတီ ရှိပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှာ ဖြစ်ပြီး၊ အဲဒီကနေ ရလာမဲ့စာရင်းအရ ခိုင်မာမှန်ကန်တဲ့ မဲစာရင်းတွေ ထပ်ရလာရင် ရွေးကောက်ပွဲ ကို တစ်ပြည်လုံးအနှံ့ ကျင်းပနိုင်အောင် ကြိုးပမ်းမယ်လို့ အခုဇန်ဝါရီလထဲမှာ အကြိမ်ကြိမ်ထုတ်ပြောထားပါတယ်။
စစ်တပ် အာဏာစသိမ်းစဉ်က ရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ် ဩဂုတ်လထဲမှာ ကျင်းပဖို့ ကြိုးစားမယ်လို့ ပြောဆိုခဲ့တာရှိပေမယ့် လက်တွေ့ဖြစ်မလာဘဲ တိုင်းပြည်လုံခြုံရေးအကြောင်းပြချက်နဲ့ အရေးပေါ်ကာလကို စစ်ကောင်စီက အကြိမ်ကြိမ်သက်တမ်းတိုးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီတွေကိုတော့ လူထုက စိတ်မဝင်စားဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးထက်မြက်ကသုံးသပ်ပါတယ်။
“ရွေးကောက်ပွဲကတော့ လူထုရဲ့အင်အားကို ဆွဲယူနိုင်တဲ့ လှုပ်ရှားမှုတော့ မဟုတ်ဘူး။ ရွေးကောက်ပွဲလုပ်လိုက်သလား လုပ်လိုက်မှာပဲ။ နောက်တစ်ခါ နိုင်ငံရေးပါတီတွေ အဲဒီနိုင်ငံရေးပါတီတွေကိုတော့ ထည့်မပြောနဲ့ လူထုကလုံးဝစိတ်မဝင်စားဘူး ဒီနိုင်ငံရေးပါတီတွေကို”
ရှေ့အလားအလာ
စစ်ကောင်စီဟာ အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှတော့ စစ်တပ်ထိပ်ပိုင်းအရှာရှိနဲ့ ဝန်ကြီးတချို့ကို အပြောင်းအလဲ ပြုလုပ်လာပါတယ်။ ဇန်နဝါရီလ ၈ ရက်နေ့မှာ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၄)ရဲ့ ပြည်ထောင်စုဝန်ကြီးရာထူးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် ပြောင်းလဲခန့်ထားလိုက်တာပါ။
သူ့ကို ဒီလိုခန့်လိုက်တာဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအတွက် အမျိုးသားလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဘက်ပေါင်းစုံက လေ့လာသုံးသပ်အကြံပြုနိုင်ဖို့ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောထားပါ တယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးလို့ခေါ်တဲ့ စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ဝန်ကြီးဌာနလေးခုအထိ ရှိလာပြီး အဲဒီဝန်ကြီးတွေကိုလည်း အခုဇန်နဝါရီလထဲမှာပဲ အသစ်ခန့်ထားတာပါ။
စစ်ကောင်စီဥက္ကဋ္ဌရုံး အမှတ် (၁)ဝန်ကြီးအဖြစ် ဦးကိုကိုလှိုင်၊ အမှတ် (၂)ဝန်ကြီးကို ဦးအောင်နိုင်ဦးနဲ့ အမှတ် (၃) ဝန်ကြီးအဖြစ်ကိုတော့ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးကို ပြောင်းလဲခန့်ထားလိုက်ပါတယ်။ ဗိုလ်ချုပ်ကြီးမိုးအောင်ကတော့ အမှတ် (၄) ဝန်ကြီး ဖြစ်ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌရုံးတွေ တိုးချဲ့ခန့်ထားတာဟာ ဦးသိန်းစိန်အစိုးရလက်ထက် သမ္မတရုံးဝန်ကြီးတွေ တိုးချဲ့ဖွဲ့စည်းပုံနဲ့ ဆင်တူနေပြီး မကြာခင် ရက်ပိုင်းမှာ ရောက်လာတော့မယ့် စစ်အာဏာသိမ်း သုံးနှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း အုပ်ချုပ်ရေး အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်တာလို့လည်း နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်ကောင်စီဟာ ဒီတစ်ကြိမ်မှာ အရင်လို သက်တမ်းမတိုးတော့ဘဲ ဇန်နဝါရီလကုန်မှာ ခေါ်ဖို့ရှိနေတဲ့ ကာလုံလို့ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေတစ်ဆင့် အုပ်ချုပ်မှုအပြောင်းအလဲတွေ လုပ်လာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသူတစ်ယောက်က ပြောပါတယ်။
“အကောင်းဆုံးကတော့ ကာလုံကိုအာဏာပြန်အပ်ပြီးတော့ ကြားဖြတ်အစိုးရဖွဲ့ ပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်။ ဒီနည်းက အကောင်းဆုံးပဲပေါ့နော်။ လက်ရှိအနေအထားအရလည်း အကျပ်အတည်းဖြစ်နေတယ်။ ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ကလည်း ကမ္ဘာ့ဓလေ့ထုံးတမ်းနဲ့ညီတဲ့ ဒီမိုကရေစီအစိုးရတစ်ခု တက်လာလို့ရှိရင် ဒါကထွက်ပေါက်ပါပဲ။ အဲဒီတော့ ဒီထွက်ပေါက်ကို သွားလိမ့်မယ်လို့ ကျွန်တော်က ယူဆတယ်”
တိုင်းပြည်လုံခြုံရေး မကောင်းသေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့တဲ့ စစ်ကောင်စီဟာ ဒီတစ်ကြိမ် ဘာဆက်လုပ်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မြန်မာပြည်က ဒုက္ခရောက်နေတဲ့သူတွေကို လူသားချင်းစာနာမှုအကူအညီပေးဖို့ ၂ဝ၂၄ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၉၉၄ သန်း လိုအပ်တယ်လို့ UNOCHA က ပြောထားပါတယ်။
RFA Burmese
ကျွန်းလှမြို့ကို စစ်ကြောင်းရောက်လာတာကြောင့် ဒေသခံ တစ်သောင်းကျော် ကြိုတင်ထွက်ပြေးရ
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ကို ဇန်နဝါရီလ ၂၉ ရက် မနေ့ညပိုင်းက စစ်ကောင်စီတပ်သား အင်အားသုံးရာကျော် ရောက်လာတာကြောင့် အနီးအနားရွာ ဆယ်ရွာကျော်က ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ခြောက်ရာနီးပါး၊ လူဦးရေ ၂၅၀၀ ကျော် နေထိုင်တဲ့ ညောင်ကိုင်းရွာ အပါအဝင် လွှတ်တိုက်၊ သဖန်းဆိပ်၊ အင်းဂေါင်း၊ ညောင်ကိုင်း၊ ကြာတကံ၊ အင်လှ၊ မြနှစ်ရွာစတဲ့ အနီးအနားမှာရှိတဲ့ ရွာဆယ်ရွာကျော်က ဒေသခံ တစ်သောင်းကျော် ကြိုတင်ထွက်ပြေး တိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။
ဇန်နဝါရီ ၃၀ ရက်ဒီနေ့မှာတော့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးတာ မရှိသေးပေမယ့် ကျွန်းလှမြို့ပေါ်မှာ အထိုင်ချနေတယ်လို့ ဒီအခြေအနေကိုသိတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုလောလောဆယ်တော့ ဝင်လာတာတော့ မရှိသေးဘူး။ ကျွန်းလှမြို့မှာ ထိုင်နေတုန်း အင်အားသုံးရာကျော် ရှိတယ်။ အခုကြိုရှောင်နေကြတာ ရွာဆယ်ရွာကျော်က တစ်သောင်းကျော်ရှိနေပြီ။ လာရင် လမ်းသင့်နိုင်တဲ့ရွာတွေ အကုန်ရှောင်ကြတာပေါ့။ ရွှေဘိုလမ်းမကြီးအတိုင်း ရွှေဘိုကနေ လာခဲ့တာလို့ ပြောနေကြတယ်။ ဒါကအကုန် မဟုတ်ဘူး။ ကန့်ဘလူ စကစ အမြောက်တပ် ၆၀၀၆ တပ်ရင်းမှာ တစ်ဝက်ထိုင်ထားတယ်လို့ ကြားထားတယ်”
မနေ့ညပိုင်း ၈ နာရီခွဲခန့်ကလည်း ကန့်ဘလူမြို့ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျွန်းလှမြို့ မြောက်ဘက်က ပေကုန်းရွာဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။
ပျူစောထီးအထိုင်ချရွာတွေက မကြာခဏပစ်ခတ်နေတဲ့အပြင် နေအိမ်တွေ မီးရှို့ခံလိုက်ရတာကြောင့် ကျွန်းလှမြို့နယ်ထဲမှာ အမြဲတမ်းစစ်ရှောင်နေရသူ ခုနစ်ထောင်ကျော်ရှိတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဒီအထဲမှာ ကလေးသူငယ်၊ ကျန်းမာရေး မကောင်းသူနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေပြီး တောတွေထဲမှာ ဖြစ်သလိုနေထိုင်ရတာကြောင့် စားရေး၊ သောက်ရေးအပြင် ဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
ကျွန်းလှနဲ့ကပ်ရပ် ကန့်ဘလူမြို့နယ်ထဲက ဇီးကုန်းတိုက်နယ်နဲ့ ထန်းကုန်းတိုက်နယ်အတွင်းက ရွာတွေကိုတော့ ဇန်နဝါရီ ၃၀ ရက် ဒီနေ့မနက်ကစပြီး အင်အားတစ်ရာကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်နေသလို ဇီးဖြူကုန်းရွာက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။
RFA Burmese
မြန်မာ့လူ့အခွင့်အရေး ပိုဆိုးဝါးလာကြောင်း ကုလသမဂ္ဂထုတ်ပြန်
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိုမိုပြင်းထန်လာတဲ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့နေထိုင်ရသလို စစ်ကောင်စီဟာ ခံစစ်အနေအထားကနေ အရပ်သားတွေရှိတဲ့နေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာလအတွင်း ၅၅၄ ဦး သေဆုံးရတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြပြီး ၂၀၂၃ ခုနှစ်အတွင်း အရပ်သားထိခိုက်သေဆုံးမှုဟာ ၁၆၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အရပ်သားသေဆုံးရတာ သုံးရာလောက်ပဲရှိခဲ့တာပါ။
“စစ်တပ်ဟာ အရပ်သားတွေကို ရန်သူကို အားပေးကူညီသူတွေအနေနဲ့ ရှုမြင်ပြီး အပြစ်ပေးအရေးယူတဲ့ ဗျူဟာနဲ့ တစိုက်မတ်မတ် ဆောင်ရွက်နေပါတယ်” လို့ လူ့အခွင့်အရေးကော်မရှင်နာ Türk က ပြောပါတယ်။ ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်အပါအ၀င် တစ်နိုင်ငံလုံးက မြို့နယ် ၇၄ မြို့နယ်မှာ အင်တာနက်နဲ့ တခြားဆက်သွယ်ရေးတွေကို တစ်စိတ်တစ်ပိုင်းကနေ လုံး၀ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။
“ဒီအခြေအနေတွေအရ နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံက သေရေးရှင်ရေးအခြေအနေတွေအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်တာတွေလုပ်ဖို့ တောင်းဆိုလိုပါတယ်” လို့ ပြောပါတယ်။ တစ်ဆက်တည်း အခုလို ဆောင်ရွက်ရာမှာ လက်နက်တင်သွင်းတာတွေ၊ လေယာဥ်ဆီနဲ့ နိုင်ငံခြားငွေတွေ ၀င်ရောက်တာတွေကို ကန့်သတ်ဖို့၊ ပစ်မှတ်ထားအရေးယူတာတွေလည်းပြုလုပ်ဖို့ တောင်းဆိုပါတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာ Volker Turk က ပြောဆိုသွားပါတယ်။
RFA Burmese