ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

သတင်းထောက်ဖိုးသီဟအပါအဝင် အရပ်သား ခုနစ်ဦးသတ်ဖြတ်ခဲ့ကြောင်း ဝန်ခံချက်ပါဗီဒီယို AA ထုတ်ပြန်
ရခိုင်ပြည်နယ် မြောက်ဦးမြိုအခြေစိုက် ခမရ (၃၇၈) တပ်ရင်းမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက် ဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်း၊ ရက္ခိုင့်တပ်တော် (AA) ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို စပ်ဆိုသူအဖြစ် စွပ်စွဲဖမ်းဆီးခံရတဲ့ ဖိုးလပြည့် (ခေါ်) ကိုကျော်ဇံဝေတို့ နှစ်ဦး အပါအဝင် အရပ်သား ခုနစ်ဦးကို ဇန်နဝါရီလ ၂၃ ရက်နေ့က အချုပ်ခန်းထဲကနေ ခေါ်ထုတ်ပစ်သတ်ပြီး မြေမြှုပ်အလောင်းဖျောက်ခဲ့ကြောင်း စစ်ကောင်စီတပ်က အရာရှိတွေရဲ့ ဝန်ခံချက်အဖြစ် ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီလ ၂၉ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
ဗီဒီယိုထဲမှာ ရက္ခိုင့်တပ်တော် (AA) ဖမ်းဆီထားတဲ့ စစ်အရာရှိဝတ်စုံ ဝတ်ဆင်ထားတဲ့ လူနှစ်ဦးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးဝတ်စုံ ဝတ်ဆင်ထားသူ တစ်ဦးက စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ) (၃၇၈) တပ်ရင်းဌာနချုပ်က တပ်ခွဲမှူး ဒဏ်ရာရချိန်မှာ အကျဉ်းသားခုနစ်ဦးကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တာလို့ ထွက်ဆိုထားပါတယ်။
RFA အနေနဲ့ ဒီဗီဒီယိုပါ စွပ်စွဲချက်တွေနဲ့ ဝန်ခံချက်တွေအပေါ် သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို ဒီစွပ်စွဲချက်တွေနဲ့ ဝန်ခံချက်တွေ ဘယ်ပုံ ဘယ်နည်းရယူခဲ့သလဲဆိုတာကိုလည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဗီဒီယိုမှာ ပြောဆိုထားတဲ့ သတ်ဖြတ်ခံရသူ ခုနစ်ဦးထဲမှာ သတင်းထောက် ဖိုးသီဟနဲ့ ကိုဖိုးလပြည့် (ခေါ်) ကိုကျော်ဇံဝေတို့ ပါဝင်ပြီး သူတို့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ကျန်တဲ့အရပ်သားငါးဦးကိုလည်း ရက္ခိုင့်တပ်တော် (AA) နဲ့ဆက်စပ်တယ်ဆိုပြီး မြောက်ဦး ခရိုင်ရဲတပ်ဖွဲရုံး အချုပ်ထောင်မှာ ထိန်းသိမ်းထားတာပါ။
အဲဒီနောက် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်လာချိန်မှာတော့ သူတို့ကို ခမရ (၃၇၈) တပ်ရင်းထဲကို ပြောင်းရွှေ့ခဲ့တာလို့ ဗီဒီယိုမှာ ဖော်ပြထားပါတယ်။
တရားရင်ဆိုင်နေချိန်အတွင်း အချုပ်ထောင်ထဲမှာ ဖမ်းဆီးထားစဉ် သေဆုံးသွားတဲ့ သတင်းထောက် ကိုဖိုးသီဟရဲ့ အမျိုးသမီး မဥမ္မာရွှေစင်မြင့်က တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးကြဖို့ RFA ကို ပြောဆိုပါတယ်။
“သူတို့ကို လက်ထိပ်ခတ်ပြီး ခေါ်သွားတယ်။ မျက်လုံးကိုစည်းပြီးတော့။ ပြီးရင်ပစ်သတ်လိုက်တာကို ကျွန်မအနေနဲ့တွေးကြည့်လို့တောင် မရသေးဘူး။ အရမ်းခံစားရတယ်။ တအားခံပြင်းတယ်။ ဒီမတရားသဖြင့် ခံရတာတွေကိုလေ တရားမျှတမှုရှိရှိဖြစ်အောင် ဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်”
ရက္ခိုင့်တပ်တော် (AA) အနေနဲ့ ရခိုင်တိုက်ပွဲတွေအတွင်း ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ အရာခံနဲ့ တပ်သားတွေကို စစ်ရာဇဝတ်မှု ကျူးလွန်ရာမှာ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးနေပြီး အမိန့်ပေးသူ၊ လက်တွေ့သတ်ဖြတ်ခဲ့သူ အားလုံးကို ရက္ခိုင့်တပ်တော်က ချမှတ်ထားတဲ့ ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူသွားမယ်လို AA ပြောခွင့်ရသူ ဦးခိုင်သုခက RFA ကို ပြောဆိုထားပါတယ်။
AA က ထုတ်ပြန်လိုက်တဲ့ ဗီဒီယိုနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို တစ်စုံတစ်ရာ မှတ်ချက်ပေးဖို့ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ရဲ့ အာရှရေးရာဌာနမှူး ဖီလ် ရောဘတ်ဆန် (Phil Robertson) ကတော့ “ကိုဖိုးသီဟနဲ့ အရပ်သားတွေကို သတ်ဖြတ်တာဟာ ဆိုးဝါးတဲ့ ရာဇဝတ်မှုကျူးလွန်တာဖြစ်ကြောင်း၊ ဒီစွပ်စွဲခံရတဲ့ စစ်ကောင်စီအရာရှိတွေရဲ့ ဝန်ခံချက်တွေကို ဘယ်လိုဘယ်နည်း စစ်ဆေးရယူခဲ့သလဲဆိုတဲ့ အထောက်အထားအပြည့်အစုံနဲ့ ဒီအမှုအခင်း ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာကို ရခိုင်ပြည်သူတွေနဲ့ မြန်မာပြည်သူတွေ သိနိုင်အောင် ရက္ခိုင့်တပ်တော်နဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ထုတ်ပြန်ပေးသင့်ကြောင်း၊ အမှုကို တရားအမျှတဆုံးဖြစ်အောင် ဘယ်လို ဖြေရှင်းစီရင်မယ် ဆိုတာကိုလည်း တိုင်ပင်ဆောင်ရွက်သင့်ကြောင်း” ပြောပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ကလည်း သတင်းထောက် ဖိုးသီဟ (ခေါ်) ကိုမြတ်သူထွန်း သတ်ဖြတ်ခံရတဲ့သတင်း ထွက်ပေါ်လာပြီးနောက် ဒီသတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ဖိအားပေးဟန့်တားဖို့ နိုင်ငံတကာကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ တောင်းဆိုထားပါတယ်။
သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ကလည်း ဒီသတ်ဖြတ်မှုအပေါ် စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကိုအရေးယူဖို့ စစ်ကောင်စီကိုတောင်းဆိုထားပါတယ်။
(မှတ်ချက်။ ကနဦးသတင်းဆောင်းပါးတွင် ကိုးကားဖော်ပြခဲ့သည့် ရက္ခိုင့်တပ်တော် (AA) ထုတ်ပြန်ချက်ဗီဒီယိုပါ ပြောဆိုချက်၊ စွပ်စွဲချက်၊ ဝန်ခံချက်များနှင့် ပတ်သက်၍ အမည်များ၊ အမှုဖြစ်စဉ်ပြောဆိုချက်များကို RFA သတင်းကျင့်ဝတ်မူဝါဒနှင့်အညီ ပြန်လည်တည်းဖြတ် ဖော်ပြထားပါသည်။)
RFA Burmese
စစ်တပ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့က နေအိမ်တစ်ရာခန့် မီးလောင်ပျက်စီး
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဖေဖော်ဝါရီလ ၂၁ရက်နေ့ က မြို့တွင်း ရပ်ကွက်နှစ်ခုကို စစ်တပ်က မီးရှို့တာ၊ ဒရုန်းကနေ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ်တစ်ရာခန့် ထပ်ပြီးမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကော့ကရိတ်မြို့တွင်းမှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) မဟာမိတ်ပူးပါင်းတပ်တွေ နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ နေရာတွေကို ခလရ ၉၇ တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် ဒရုန်းနဲ့ ဗုံးတွေ ကြဲချတိုက်ခိုက်တာကြောင့် နေအိမ်အလုံး ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ လုံခြုံရေးအရ အမည်မဖာ်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ် ။
“တိုက်ပွဲကတော့ နည်းနည်းပါးပါးပါပဲ၊ မီးလောင်တာ ကြာအင်းကုန်းကွက်သစ်ကနေ မီးစလောင်တာ တံတားဦးထိပဲ ညနေပိုင်းအချိန်လောက်ကျတော့ အထက်ရွာအမှတ်၄ ရပ်ကွက် ပြန်ထပ်လောင်တယ်၊ အထက်ရွာပိုင်းက အလုံးကြီးတွေကျပြီးတော့ ၁၀ မိနစ်လောက်ပဲပေါ့ တိုက်ပွဲဖြစ် လက်နက်ကြီးတွေ ကျပြီး မီးလောင်တာပေါ့၊ ည၁၀နာရီလောက်မှာ မီးငြိမ်းသွားတယ် အိမ်ခြေတွေကတော့ ၁၀၀ ပါသွားတာပေါ့”
အမှတ် ၄ ရပ်ကွက် နဲ့ အမှတ် ၇ ရပ်ကွက်က ကြာအင်းကုန်း၊ ကွက်သစ်၊ တံတားဦး၊ အထက်ရွာဘက်က နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တာပါ။
ဒီရက်ပိုင်းအတွင်း နေအိမ်မှာ အသုံးအဆောင်ပစ္စည်းနဲ့ စားသာက်စရာ နေရာထိုင်ခင်းတွေ ပြန်လည်သယ်ယူတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်တပ်က လိုက်လံပစ်ခတ်လို့ ထိခိုက်ဒဏ်ရာရသူ အချို့ ရှိခဲ့သလို နေအိမ်ပြန်သူ နှစ်ဦးလည်း စစ်တပ်က ပစ်ခတ်တဲ့ သေနတ်ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ကော့ကရိတ်ဒေသခံ စစ်ဘေးရှောင်တွေကို ကူညီသူတစ်ဦးက ပြောပါတယ်။
“မနေ့ကမီးလောင်တာတော့ ကိုယ်တွေအိမ်လည်းမီးထဲပါသွားပြီတဲ့၊ အဲ့က အသိတစ်ယောက်လည်း ပစ်ခံထိထားတယ်၊ ဒီမနက် တစ်ယောက်ကတော့စိုးရိမ်ရတယ် ၊ အသေးနဲ့ပစ်ခံရတာ အခုက တွေ့ တဲ့လူတွေကိုပစ်နေတာ”
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ကော့ကရိတ်မြို့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ရာမှာ ခလရ ၉၇တပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲပြီး အမှတ် ၂ ရပ်ကွက် ဝင်းကြီးရပ်က နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီဘက်ကတော့ အခုလို ဗုံးချတိုက်ခိုက်တယ်ဆိုတာနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။
ကော့ကရိတ် မြို့တွင်းတိုက်ပွဲဖြစ်နေတာ နှစ်လနီးပါးကြာလာချိန်မှာ ဒေသခံ နေအိမ် ၄၀၀ နီးပါး မီးလာင်ပျက်စီးခဲ့ပြီး ကလေး၊ လူကြီး၊ အမျိုးသမီး အပါအဝင် လူ ၂၀ ဝန်းကျင် သေဆုံးခဲ့သလို ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
RFA News
ကလေးမြို့တဝိုက် တိုက်ပွဲပြင်းထန်၊ အရပ်သားသေဆုံးမှုတွေရှိ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ရေး တင်းမာနေပြီး အရပ်သား သေဆုံးတာတွေ ရှိခဲ့သလို ထောင်နဲ့ချီတဲ့ ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေရပါတယ်။ ပုလဲမြို့နယ်မှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အတွက် ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေး တိမ်းရှောင်နေရပါတယ်။ စစ်ကိုင်းတိုင်းထဲက တိုက်ပွဲနဲ့စစ်ဘေးရှောင် အခြေအနေတွေအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့ ၄ နေရာထက်မနည်းကို ဖေဖော်ဝါရီ ၂၁ ရက်က ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကလေးမြို့ပေါ် ရပ်ကွက်က နေအိမ်တွေအပေါ် လက်နက်ကြီးကျပြီး အရပ်သားတချို့ သေဆုံးခဲ့သလို တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်လာတဲ့အချိန်မှာ ကလေးမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းက ကျေးရွာတွေဘက်ကို မြို့ပေါ်မှာရှိတဲ့ စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ဒေသခံ ၅ ထောင်နီးပါးလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင် ကူညီနေသူ တဦးက အခုလို ပြောပါတယ်။
“ကလေးမြို့၊ မွန်းလိုင်ရပ်ကွက်က အိမ်ပေါ်ကို စစ်ကောင်စီဘက်က လက်နက်ကြီးကျလို့ ပြည်သူ ၃ ဦးဆုံးသွားတယ် ၄ ဦး ဒဏ်ရာရတယ်။ ကလေးမြောက်ပိုင်း လက်ပံချောင်းဘက်ကို လက်နက်ကြီးနဲ့ထုလို့ လက်ပံချောင်းမှာရှိတဲ့ ပြည်သူတွေ နောက်ထပ် ပြည်တော်သာ ကျေးရွာမှာရှိတဲ့ ပြည်သူတွေ တော်တော်လေး ထိခိုက်ဒဏ်ရာရတယ်။ ကလေးမြောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးဘက်က စစ်မျက်နှာ ၃-၄ မျက်နှာဖွင့်ထားတာဆိုတော့ ကလေးမြောက်ပိုင်းမှာ အနည်းဆုံး ရွာ ၃ ရွာ ထွက်ပြေး တိမ်းရှောင်ရတယ်။ ကလေးနယ်တောင်ပိုင်းမှာဆိုရင် ကလေးမြို့ပြင်က ထီးစံကျေးရွာရှိမယ်။ စက္ကန့်ကျေးရွာရှိမယ်။ ရှားတောကျေးရွာ လေးအိမ်စု – သုံးအိမ်စု မြောင်းဆုံပေါ့နော်။ အဲ့ရွာ ၆ ရွာ ၇ ရွာလောက်က ဘေးလွတ်ကင်းရာ ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ခန့်မှန်းခြေ ပြည်သူ ၅ ထောင်ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်။”
ကာကွယ်ရေး တပ်ဖွဲ့တွေဟာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေဖြစ်တဲ့ ကလေးမြို့ မြို့လှရပ်ကွက် ကလေး နည်းပညာကောလိပ်နဲ့ ကလေးမြို့တောင်ပိုင်း ဆင်ခြေဖုံးအရပ်က စက္ကန့်ကျေးရွာနဲ့ ကလေးမြောက်ပိုင်းက ကံကြီးကျေးရွာ ဂိတ်စခန်းတွေကို တိုက်ခိုက်ခဲ့ပြီး ကံကြီးကျေးရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေး အခြေအနေသိရှိ သူတွေက ပြောပါတယ်။
နောက်ရက်တွေမှာတော့ တိုက်ပွဲ သိပ်မပြင်းထန်တော့ဘဲ ပစ်ခတ်မှု အနည်းငယ်သာရှိပေမဲ့ စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ကလေးမြို့ပေါ်မှာ လူအသွားအလာ နည်းပါးသွားပြီး စစ်တပ်ဘက်က အင်အားအများအပြားနဲ့ ကင်းလှည့်နေတာရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါက ကလေးမြို့နယ်ထဲက အခြေအနေတွေပါ။
ပုလဲမြိုနယ်ဘက်မှာဆိုရင်လည်း မြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်တပ်ဟာ ကျေးရွာတွေဘက်မှာ ဒီကနေ့အထိ ၅ ရက်ကြာ နယ်မြေ ရှင်းလင်းနေတာပါ။ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်တပ်က လေကြောင်းကနေ ပစ်ခတ်ရတဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ နယ်မြေရှင်းလင်းရေးအတွင်း ဒေသခံအချို့လည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ပုလဲမြို့နယ်ထဲက အခြေအနေနဲ့ ပတ်သက်ပြီး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။
“စစ်ကြောင်းထိုးလာတာ ၁၈ ရက်နေ့က စစ်ကြောင်းထိုးလာတော့ ၁၈ ရက်နေ့မှာ ပုလဲ အနောက်ဘက် မြကုန်းရယ်၊ စေတီယုံရယ်၊ ကုက္ကိုလ်ကုန်းရယ် လမ်းကြားလေးမှာ ကာကွယ်ရေး အဖွဲ့တခုနဲ့ ထိပ်တိုက် ထိတွေ့မှု ဖြစ်ခဲ့တာပေါ့။ ထိတွေ့မှုဖြစ်တဲ့အခါမှာ သူတို့ဘက်က ထိခိုက်ကျရှုံးမှု များလို့ထင်တယ်၊ လေကြောင်း ပစ်ကူလာတယ်။ ၂၀ ရက်နေ့ကြတော့ ကြောင်သန်း ကို ထိုးချလာတာပေါ့။ အလှူရှိနေတော့ အဲ့မှာတော့ အယောက် ၂၅-၃၀ မိတယ်လို့ သတင်းရတယ်။ လောလောဆယ် ဖမ်းဆီးခံရသူတွေက ကျန်ခဲ့လား မကျန်ခဲ့လား အဆက်အသွယ် မရဘူး။ ဘာလို့လည်းဆိုတော့ လမ်းကြောင်းအနေအထားက နီးတော့ ကျွန်တော်တို့ မသွားရဲဘူး။ မြေပြင်အနေအထားကလည်း ရှုပ်ထွေးနေတော့ ရွာထဲဝင်သွားတာတော့ သိတယ်။ ခေါ်သွား မခေါ်သွားတာ မပြောနိုင်တာ။”
စစ်တပ်က နယ်မြေရှင်းလင်းနေတဲ့အတွက် ပုလဲမြို့နယ်ထဲက မင်းတိုင်ပင်၊ အိုးဖိုး ၊ မကျီးကုန်း ၊ နှောကန် ၊ ငှက်ပျောတော တောင်ရွာနဲ့ မြောက်ရွာ စတဲ့ကျေးရွာ ၁၀ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိအချိန်မှာ ငှက်ပျောတော ရွာက တိမ်းရှောင်နေတဲ့အတွက် အဲဒီရွာ နေအိမ်တွေထဲက စားစရာနဲ့ အသုံးအဆောင်တွေကို စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ဇီးဖြူကုန်းကျေးရွာထဲကို သယ်ဆောင်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကလေးမြို့နဲ့ပုလဲမြို့က တိုက်ပွဲတွေနဲ့ ပတ်သတ်လို့ စစ်ကောင်စီက သတင်း တစုံတရာထုတ်ပြန်လာတာ မရှိသေးပါဘူး။
VOA Burmese
စစ်ကောင်စီတပ်ရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ဆက်ရှိနေကြောင်း WLB ပြော
နိုင်ငံတစ်ဝန်းက လူနည်းစုတိုင်းရင်းသား အမျိုးသမီးတွေအပေါ် စစ်ကောင်စီတပ်သားတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ဆက်ပြီးရှိနေတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဖေဖော်ဝါရီလ ၂၃ ရက် ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလို လူနည်းစု တိုင်းရင်းသား အမျိုးသမီးတွေအပေါ် လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှုတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းရှိခဲ့တာဖြစ်ပြီး တကျော့ပြန်စစ်တပ်အာဏာသိမ်းပြီးနောက် ဒီလိုဖြစ်စဉ်တွေက ပိုပြီးဖြစ်လာနေတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် စွမ်လုံကျေးရွာက အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၆၉ က စစ်ကောင်စီတပ်သားတွေ အဓ္ဓမပြုကျင့်ခဲ့တယ်လို့ WLB က ပြောပါတယ်။
ဒီလို စစ်ကောင်စီရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ပတ်သက်လို့ ကျူးလွန်ခံရသူတွေ၊ ဆွေမျိုးမိသားစုဝင်တွေ၊ မျက်မြင်သက်သေတွေနဲ့ တွေ့ဆုံမေးမြန်းနိုင်ခဲ့တယ်လို့လည်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ မူဝါဒရေးရာ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
“ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို မျက်မြင်သက်သေတွေ၊ ကာယကံရှင်တွေနဲ့ ဆက်သွယ်ခဲ့တာလည်း ရှိပါတယ်။ တချို့ကျတော့လည်း ကျူးလွန်သူတွေ၊ မိသားစုဆွေမျိုးတွေနဲ့ ဆက်သွယ်ဖို့ခက်ခဲတာလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ နည်းလမ်းပေါင်းစုံနဲ့ ဒါတွေကို ရအောင်လုပ်ခဲ့တာရှိပါတယ်”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်အထိ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရပြီး သေဆုံးခဲ့တဲ့ အမျိုးသမီး ၁၁ ဦးအထိရှိတယ်လို့ WLB က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ် ထောက်ခံတဲ့ အမျိုးသားတွေက သူတို့ရဲ့ တည်နေရာတွေကို ဖော်ပြတာ၊ ဖမ်းဆီးခိုင်းတာနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို အသုံးပြုပြီး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေရှိတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ WLB ရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ တုံ့ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိနေသလို လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေကလည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိနေတယ်လို့ WLB က ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင် ရှစ်ဦးဟာ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ အဓ္ဓမပြုကျင့်ခဲ့သလို ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မကွေးတိုင်းမှာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကို လှောင်ပြောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမျိုးသမီးနှစ်ဦးကို ကြိုးချည်ပြီး ရိုက်နှက်ခဲ့တယ်လို့ WLB ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
RFA News
ရခိုင်သတင်းထောက် သတ်ဖြတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ RSF တောင်းဆို
ရခိုင်ပြည်နယ်အခြေစိုက် သတင်းထောက် ကိုမြတ်သူထွန်း (ခေါ်) ဖိုးသီဟ သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးဖို့နဲ့ မြန်မာစစ်ကောင်စီရဲ့ ဒီလိုသတ်ဖြတ်မှုတွေကို ဖိအားပေးဟန့်တားဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
သတင်းသမားတွေအပေါ် မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးနဲ့ ဖမ်းဆီးထားတဲ့ သတင်းသမား ၆၂ ယောက် အမြန်ဆုံးလွတ်မြောက်ရေး ဖိအားပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတောင်းဆိုထားတယ်လို့ RSF ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
ကိုမြတ်သူထွန်းဟာ ၂ဝ၂၂ စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရပြီး အဲဒီအချိန်က စစ်တွေမြို့အခြေစိုက် Western News ဌာနမှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။
သူဟာ မြောက်ဦးမြို့နယ်က အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီးနောက် သူ့ရုပ်အလောင်းကို တခြားအကျဉ်းသားတချို့ အလောင်းနဲ့အတူ မြောက်ဦးမြို့က ဗုံးခိုကျင်းတစ်ခုထဲမှာ တွေ့ရှိခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA)ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး RSF က ဖော်ပြထားပါတယ်။
ကိုမြတ်သူထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရတဲ့ ငါးယောက်မြောက် သတင်းထောက် ဖြစ်ပါတယ်။
RSF ရဲ့ ၂ဝ၂၃ ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံ ၁၈၀ ထဲမှာ ၁၇၃ အဆင့်ရှိပြီး ကမ္ဘာပေါ်မှာ သတင်းသမားတွေကို အများဆုံး ဖမ်းဆီးထောင်ချထားတဲ့ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေကိုဖမ်းဆီးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၁၅)ရက်မှ (၂၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဖေဖော်ဝါရီ (၁၅)ရက်မှ (၂၁)ရက်အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ ဖမ်းဆီးသတ်ဖြတ်မှု ကြောင့် ပြည်သူ (၁၀၀) ကျော်သေဆုံးခဲ့ရပြီး အသက်မပြည့်သေးသူများ အပါအဝင် အမျိုးသမီး (၄)ဦး အဓမ္မ ပြုကျင့် သတ်ဖြတ်ခံ ခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများက ပြည်သူ့စစ်မှုထမ်းဥပဒေသကို အကြောင်းပြကာ ပြည်သူများကို ဖမ်းဆီး၊ ပေါ်တာဆွဲခြင်း၊ ငွေကြေးတောင်းခံခြင်းများ နေရာအနှံ့ ပြုလုပ်လျှက်ရှိသည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ခန့် သေဆုံးခဲ့ပြီး (၂၀)ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ လူ့အခွင့်အရေးချိုးဖောက် မှုများကြောင့် အသက်မပြည့်သူ (၆)ဦး သေဆုံးခဲ့ရသည်။ စစ်အာဏာရှင်တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့သည်။
Infogram