ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုတာ (What is Transitional Justice)
“အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုတာ (What is Transitional Justice) ” ကို ND-Burma မှ Animation အနေဖြင့် ယနေ့ ထုတ်ပြန်လိုက်သည်။
အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုတာ (What is Transitional Justice)-
အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းရာ တွင်လည်းကောင်း၊ ပြည်တွင်းစစ်ပဋိပက္ခများချုပ်ငြိမ်း၍ ငြိမ်းချမ်းရေး ဖြစ်စဉ်သို့ကူးပြောင်းရာတွင်လည်းကောင်း၊ ခွဲခြားဖိနှိပ်သည့် စနစ်မှ ခွဲခြားမှုကင်းမဲ့ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှိသည့် စနစ်သို့ကူးပြောင်းရာတွင် လည်းကောင်း အတိတ်ကာလတွင် နေရာအနှံ့ စနစ်တကျ ရည်ရွယ်ချက်ရှိရှိကျူးလွန်းခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များအား ပြန်လည်ဖော်ထုတ်
မှတ်တမ်းတင်ပြီး ထိခိုက်နစ်နာ ခံစားခဲ့ရသူများအတွက် တရားမျှတမှု ရရှိအောင်ကိုင်တွယ်ဖြေရှင်းသည့် လုပ်ငန်းစဉ်ဖြစ်သည်။
အဓိက ရည်ရွယ်ချက်မှာ – လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် –
အမှန်တရားပေါ်ပေါက်ရေး(Truth)၊ တရားမျှတမှုဖော်ဆောင်ရေး (Justice)၊ ဂုဏ်သိက္ခာမြှင့်တင်ရေး Dignity၊ ပြန်လည်ကုစားပေးလျော်ရေး (Reparation)၊ ပြစ်ဒဏ်ပေးခံရခြင်းမှကင်းလွတ်နေသည့် ဓလေ့အား ဆန့်ကျင်တိုက်ဖျက်ရေး နှင့် နောက်နောင်တွင်ထပ်မံမဖြစ်ပေါ်ရေး အတွက် ရည်ရွယ် ဆောင်ရွက်ပါသည်။
အသွင်ကူးပြောင်းရေးဆိုင်ရာလုပ်ငန်းစဉ်များအနေဖြင့် – ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုအပြစ်ပေးရေးလုပ်ငန်းစဉ် (Justice)၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကိုစုံစမ်းဖော်ထုတ်၍အမှန်တရားပေါ်ပေါက်ရေး လုပ်ငန်းစဉ် (Truth)၊ နစ်နာသူများအား ပြန်လည်ကုစားပေးလျှော်ရေးနှင့် ဂုဏ်ပြုပေးခြင်း လုပ်ငန်းစဉ် (Reparation) နှင့် နောက်နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် အာမခံရန် အခြေခံဥပဒေအပါအဝင် ဥပဒေများ၊
အဖွဲ့အစည်းများအား ပြင်ဆင် ပြောင်းလဲခြင်း (Institution Reform) လုပ်ငန်းတို့အားဆောင်ရွက်ကြသည်။
ကုလ အထူးသံတမန်၊ အငြင်းပွားဖွယ် အကူအညီပေးရေးနှင့် မြန်မာ့ပြည်တွင်းစစ်
၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ နိုလင်း ဟေဇာ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောသည်။ သူက ဆိုးရွားလှသော်လည်း ပုံမှန်ဖြစ်နေသည့် မြန်မာ့ပြည်တွင်းစစ်အကြောင်း ပြောကြားခဲ့ပြီး လူသားချင်းစာနာမှု လိုအပ်ချက်များကို ကောက်ကြောင်းဖော်ကာ နောက်ထပ် သွေးထွက်သံယို မဖြစ်အောင် တားဆီးရေးအတွက် နိုင်ငံတကာ အရေးယူဆောင်ရွက်မှု တောင်းဆိုသည်။ ထို့နောက် မစ္စ ဟေဇာသည် ပိုမိုထူးခြားသည့် ကိစ္စတခုကို ပြောကြားခဲ့သည်။
“အဓိကကျတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ လူသားချင်းစာနာမှု လူမှုအခြေပြုအဖွဲ့အစည်းတွေ အပါအဝင် မြန်မာက သက်ဆိုင်သူတွေရဲ့ တောင်းဆိုမှုအရ အားလုံးအကျုံးဝင်သော နိုင်ငံတကာ လူသားချင်းစာနာမှု ဖိုရမ် (IHF) ထူထောင်ဖို့ သူတို့ရဲ့ အားထုတ်မှုကို ကျမ ထောက်ခံခဲ့တယ်။ ဒီဖိုရမ်က ရနိုင်သမျှ လမ်းကြောင်းအားလုံးကနေ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက် လုပ်ငန်းနယ်ပယ်ဖွင့်ဖို့ ရည်ရွယ်တယ်” ဟု အထွေထွေညီလာခံသို့ ၎င်းက ပြောသည်။
သို့သော် ထိုမိန့်ခွန်းပြောသည့်ကာလမှ တနှစ်ကျော်ကြာသောအခါ မစ္စ ဟေဇာသည် ထိုရာထူးတွင် မရှိတော့ဘဲ IHF စီမံကိန်းကို ထူထောင်သည့် တော်လှန်ရေးအင်အားစုများသည် နယ်မြေများ ပိုမိုသိမ်းပိုက်လာပြီး ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများအနေဖြင့် အကူအညီ ပိုမိုပေးရန် ဖြစ်နိုင်လာသည့်တိုင် ထိုစီမံကိန်း ရပ်ဆိုင်းနေသည်။
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ငြင်းပယ်ခံရပြီးနောက် တော်လှန်ရေးအင်အားစုက IHF ကိစ္စတွင် ကူညီရန် သူ့ကို ပထမဆုံး မည်သို့ ချဉ်းကပ်ခဲ့သည်၊ ရှေ့ဆက်နိုင်အောင် မည်သို့ ကြိုးစားခဲ့သည်နှင့် နောက်ဆုံးတွင် ထိုစီမံကိန်းသည် ကုလသမဂ္ဂ နယ်မြေစွဲဝါဒအောက်တွင် ပယ်ချခံရသည်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် အထူးသံတမန်ရာထူးကို စွန့်လွှတ်ပြီးနောက် သူနှင့် ပထမဆုံး တွေ့ဆုံမေးမြန်းမှုဖြစ်သည့် ပွင့်လင်းကျယ်ပြန့်သော တွေ့ဆုံမေးမြန်းမှုတခုတွင် မစ္စ ဟေဇာက ပြောပြခဲ့သည်။
ထိုရာထူးနေရာ ၁၀ လ လစ်လပ်နေပြီးနောက် သူ၏ အထူးသံတမန်ရာထူးတွင် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စ ဂျူလီ ဘိရှော့ကို လွန်ခဲ့သော ဧပြီလ ၅ ရက်နေ့တွင် ခန့်အပ်လိုက်သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ချားလ် ပက်ထရီ၏ ပြောပြချက်အရ ဂျူလီဘိရှော့သည် ဦးဆောင်သူမဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများအဖွဲ့နှင့် ပူးပေါင်းရမည်ဖြစ်သည်။ ထိုအဖွဲ့သည် အားလုံးအတွက် လွှမ်းခြုံသော ဦးတည်ရာကင်းမဲ့ပြီး နိုင်ငံရေး ထည့်သွင်းစဉ်းစားမှု မရှိသော တည်ဆောက်ဖွဲ့စည်းမှု တခုသာဖြစ်သည်။ လုပ်ပိုင်ခွင့် အမျိုးမျိုးရှိသော မြန်မာမှ ကုလသမဂ္ဂ အဖွဲ့အစည်း ၂၀ ကို ဦးဆောင်ရန် မြန်မာတွင် နေထိုင်သည့် ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မရှိပေ။ ထိုအခန်းကဏ္ဍကို အခြားဝန်ထမ်းများက ခွဲဝေထမ်းဆောင်နေသည်။
မြန်မာသို့ အကူအညီပေးရေးအတွက် ကြီးမားကျယ်ပြန့်သည် အကြံအစည်များကို ယခင် မည်သည့်အချိန်ထက်မဆို ယခုအချိန်တွင် လိုအပ်နေသည်။ ယခုနှစ်တွင် ခန့်မှန်းခြေ ပြည်သူ ၂ ဒသမ ၈ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေပြီး လူပေါင်း ၁၈ ဒသမ ၆ သန်းသည် အကူအညီ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။
ယခင်ဖြစ်ပေါ်နေသည် ပဋိပက္ခများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုက ပိုမိုနက်ရှိုင်းစေပြီး ထိုစစ်အာဏာသိမ်းမှုကြောင့်ပင် စစ်ကောင်စီနှင့် ခုခံတော်လှန်ရေးအင်အားစုများ၏ မဟာမိတ်အကြား ထိပ်တိုက်တွေ့ခြင်း ဖြစ်သည်။ ခုခံတော်လှန်ရေးအင်အားစုသည် မကြာသေးမီ လများအတွင်း ထိန်းချုပ်နယ်မြေ အကြီးအကျယ် တိုးချဲ့လာသည်။ စစ်ကောင်စီ ခြေကုပ်ဆုံးရှုံးသည်ကို တွေ့ရသောကြောင့် တော်လှန်ရေးကို ထောက်ခံသူများ ဝမ်းမြောက်ကြသော်လည်း ပို၍ ပို၍ မျှော်လင့်ချက် ကင်းမဲ့လာသော စစ်ကောင်စီသည် ပိုမိုအကြမ်းဖက်ပြီး လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားမည်ကို ကျွမ်းကျင်သူအချို့က စိုးရိမ်သည်။
စစ်အတွင်း ကြားညပ်နေသော ပြည်သူများကို ကူညီရာတွင် ထိုပိတ်မိနေသူ အများအပြားသည် တော်လှန်ရေးအင်အားစု ထိန်းချုပ်နယ်မြေများတွင် ရှိသောကြောင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နေသည်။ လူသားချင်းစာနာမှု အကူအညီပေးသည့် အဖွဲ့အစည်းကြီးများ၊ အထူးသဖြင့် ကုလသမဂ္ဂသည် စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် အလုပ်လုပ်ပြီး စစ်ကောင်စီထိန်းချုပ်သည့် နယ်မြေအတွင်းတွင်သာ အကူအညီများကို အဓိက ပေးပို့သည်။
အထိခိုက်ဆုံးသူများကို အကူအညီပေးရန် အကောင်းဆုံးနည်းလမ်းမှာ ပြန့်ကြဲနေသည့် လူမှုအခြေပြု အဖွဲ့အစည်း ကွန်ရက်များနှင့် နိုင်ငံတကာနယ်စပ်များမှ ပိုင်နက်အများအပြားကို ထိန်းချုပ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ အုပ်ချုပ်ရေးဌာနများမှတဆင့် အကူအညီပေးခြင်းဖြစ်ကြောင်း ထိုမူဝါဒကို ဝေဖန်သူများက The New Humanitarian သို့ ပြောသည်။ ထိုသို့လုပ်ခြင်းသည် IHF က ထောက်ခံရန် ရည်ရွယ်သည့် အားထုတ်မှုဖြစ်သည်။
တချိန်တည်းတွင် ကုလသမဂ္ဂ၏ ချဉ်းကပ်ပုံ နည်းလမ်းသည် အကောင်းဆုံးလုပ်နိုင်လျှင်ပင် ထိရောက်မှုမရှိဘဲ အဆိုးဆုံးဆိုလျှင် ပဋိပက္ခတွင် ကြားညပ်နေသူများ၏ ဒုက္ခကို စာနာရာမရောက်ဘဲ ပိုမိုဆိုးရွားစေသည်ဟု မြန်မာ့အရေး လေ့လာစောင့်ကြည့်သူများက အပြင်းအထန် ဝေဖန်ကြသည်။
IHF ကိုထောက်ခံခြင်းမှာ ထိုပြဿနာကို ဖြေရှင်းရန် မစ္စ ဟေဇာ၏ အားထုတ်မှုဖြစ်သည်။
ထို့ကြောင့် လူသားချင်းစာနာမှု တုံ့ပြန်ရာတွင် ထိခိုက်သော လူမှုအသိုက်အဝန်းများကို ဗဟိုပြုရန် ကုလသမဂ္ဂက ကတိပြုသည့် ခေတ်တခေတ်တွင် IHF ထူထောင်ရန် စဉ်းစားမှုသည် ပြင်ပ အတွေးအခေါ်အဖြစ်မှ မြန်မာရှိ ကုလသမဂ္ဂ အဆင့်အမြင့်ဆုံး အရာရှိက ထောက်ခံသည့်အစီအစဉ် မည်သို့ဖြစ်နိုင်မည်နည်း။ ထိုအစီအစဉ်ကို လက်ခံရန် ပျက်ကွက်ခြင်းသည် ကမ္ဘာ့အကြီးမားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းများအနက် တခုကို ကိုင်တွယ်ရာတွင် ကုလသမဂ္ဂ၏ မအောင်မြင်မှုနှင့် ပတ်သက်ပြီး မည်သည်တို့ကို ပြောပြနေသနည်း။ ပိုမိုအရေးကြီးသောကိစ္စမှာ ပဋိပက္ခ၏ ပြောင်းလဲနေသော ပုံစံကြောင့် IHF ကို ပြန်လည် စဉ်းစားရမည့် သို့မဟုတ် အနည်းဆုံးအနေဖြင့် မြန်မာနိုင်ငံ အစိတ်အပိုင်းအားလုံးသို့ အကူအညီများရောက်အောင် လုပ်ရမည့်အချိန် ကျရောက်နေပါသလား။
အငြင်းပွားဖွယ် အဆိုပြုချက်
IHF ကို သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ဝန်ကြီးဌာနတို့က အဆိုပြုခဲ့ခြင်းဖြစ်သည်။ အခြား EAOs များနှင့် လူမှုအခြေပြု အဖွဲ့အစည်းများကလည်း ထိုအစီအစဉ်ကို ၎င်းတို့သက်ဆိုင်သမျှ ထောက်ခံကြသော်လည်း ဆက်စပ် စာရွက်စာတမ်းများကို လက်မှတ် မထိုးခဲ့ကြောင်း မစ္စ ဟေဇာက ပြောသည်။
လူသားချင်းစာနာမှု အဖွဲ့ကြီးများ အထူးသဖြင့် OCHA နှင့် သံတမန်ရေး အားထုတ်မှုကို ဦးဆောင်ရန် တာဝန်ပေးအပ်ခံရသည့် အာဆီယံတို့က ကျင့်သုံးသော ချဉ်းကပ်ပုံနည်းလမ်းကို စိတ်ပျက်ခြင်းမှ ပေါ်ပေါက်လာသည့် IHF သည် EAOs များ လက်သို့ အကူအညီများ တိုက်ရိုက်ပေးရန်နှင့် တပြိုင်နက်တည်းတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် ၎င်းတို့၏ နိုင်ငံရေးထိုးနှက်ချက်ကို မြှင့်တင်ရန် ရည်ရွယ်သည်။
IHF သည် လူသားချင်းစာနာမှု တုံ့ပြန်မှု တိုးတက်ရေးအတွက် ပြီးပြည်စုံခြင်း မရှိသော်လည်း လက်တွေ့ကျသည့် ခြေလှမ်းဖြစ်ကြောင်း မြန်မာ့အရေး လေ့လာသူများက ပြောသည်။ “ဒါက အခြေခံအားဖြင့်တော့ NUG အနေနဲ့ စစ်မှန်တဲ့အခန်းကဏ္ဍက ပါဝင်ဖို့ ဖိုရမ်တခု တည်ထောင်ဖို့ လမ်းကြောင်းကို တွန်းအားပေးတဲ့ တခုတည်းသော နည်းလမ်းဖြစ်တယ်” ဟု အလုပ်အကိုင် အဆက်အသွယ်များကို ကာကွယ်ရန် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တခုက ပြောသည်။
“ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ အေးအေးဆေးဆေး ထိုင်ပြီး ဘာဖြစ်နေတာလဲဆိုတာ နားထောင်ပြီး တော်လှန်ရေးအင်အားစုတွေ ပြောချင်တာကို နားလည်အောင် ကြိုးစားသင့်တယ်လို့ ကျမ ထင်တယ်” ဟု အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည့် အပူပိုင်းဒေသ ကျန်းမာရေးနှင့် ပညာရေးအဖွဲ့ (Tropical Health and Education Trust) မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဒေါက်တာ သင်းသင်းလှိုင်က ပြောသည်။
“ဒီလိုလုပ်တာဟာ အာဆီယံရဲ့ လူသားချင်းစာနာမှုလုပ်ငန်း AHA Centre ကို တန်ပြန်ဖို့ ကြိုးစားတဲ့ အားထုတ်မှုလို့ထင်ပြီး သူတို့က နားထောင်တဲ့ ပုံစံမျိုးကို သွားမယ်လို့ ကျမ မထင်ဘူး။ တကယ်တော့ အဲဒီလို မဟုတ်ဘူး။ ဖြည့်စွက် အကျိုးပြုဖို့ပဲ ရည်ရွယ်တယ်” ဟုလည်း ၎င်းကပြောသည်။
အာဆီယံအရာရှိအချို့က IHF သည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်ဖြစ်သော ဘုံသဘောတူညီချက် ငါးချက်ကို အပြိုင်လုပ်ရန်ဖြစ်သည်ဟု ထင်ကြကြောင်း မီဒီယာနှင့် စကားပြောခွင့်မရှိခဲ့သော IHF အကြံပေးဟောင်းတဦးက ပြောသည်။ ထိုသို့ဆိုသောကြောင့် အာဆီယံသည် ၎င်းလုပ်ပေးနိုင်ခဲ့သည့် အပြောင်းအလဲတခု ဖြစ်စေနိုင်သော ထောက်ပံ့မှု မပေးခဲ့သည့်အဓိပ္ပာယ် ဖြစ်သည်။ ဘုံသဘောတူညီချက်၏ စတုတ္ထအချက်တွင် အာဆီယံသည် AHA Centre မှတဆင့် လူသားချင်းစာနာမှု အကူအညီပေးရမည်ဟု ဖော်ပြထားသည်။ AHA Centre သည် စစ်ကောင်စီနှင့် အလုပ်လုပ်သည့်ဌာန ဖြစ်သည်။
မစ္စ ဟေဇာက အဆင့်မြင့်မားစွာထောက်ခံပြီး လူမှုအခြေပြုအဖွဲ့အစည်းများကို ထည့်သွင်းရန် ပြောဆိုမှု ရှိသော်လည်း IHF ကို လှုပ်ရှားသူများအကြား အကြွင်းမဲ့ ထောက်ခံမှုမရပေ။
ဥပမာအားဖြင့်ဆိုပါက ရှေ့ပြေးအသံ လူမှုအခြေပြုအဖွဲ့အစည်းကို တည်ထောင်သူ ဒေါ်ခင်ဥမ္မာက မစ္စ ဟေဇာကို ဝေဖန်ပြီး IHF သည် လမ်းကြောင်းမှားသို့ ဦးတည်သည့် အဆိုပြုချက်ဟု ပြောသည်။
စစ်ကောင်စီသည် အကြမ်းဖက်မှု၏ အဓိကအကြောင်းရင်းဖြစ်သည် ဆိုသည့်အချက်ကို IHF က အသိအမှတ် မပြုကြောင်း၊ စီမံကိန်း ဖွဲ့စည်းပုံတွင် စစ်ကောင်စီကို ထည့်သွင်းထားကြောင်း၊ အကောင်အထည်ဖော်ရာတွင် ရှေ့တန်းမျက်နှာစာမှ လူသားချင်းစာနာမှု တုံ့ပြန်သူများ ပါဝင်ခြင်းနှင့် အခန်းကဏ္ဍကို လျစ်လျူရှုပြီး ချန်လှပ်ထားကြောင်း The New Humanitarian သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ပြောသည်။
သို့သော် IHF သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သည်ဆိုသည့် ယူဆချက်သည် အဆိုပြုချက်များအနက် အချို့တွင် အကူအညီကို လမ်းကြောင်း နှစ်ခုဖြင့် ပေးမည်ဟု ဖော်ပြထားသည့် စာပိုဒ်များကြောင့် ဖြစ်လာသည့် နားလည်မှု လွဲမှားခြင်းဖြစ်ကြောင်း အထက်ပါ အကြံပေးဟောင်းက ပြောသည်။ အကူအညီပေးမည့် လမ်းကြောင်း နှစ်ခုမှာ IHF နှင့် စစ်ကောင်စီ သဘောတူသည့် ကုလသမဂ္ဂလုပ်ငန်းများကို ဆိုလိုသည်။
IHF သည် နိုင်ငံရေးရလဒ်များ ထည့်သွင်းရန်အတွက် လူသားချင်းစာနာမှု အကူအညီကို အသုံးပြုရန် ရည်ရွယ်ပြီး စစ်ကောင်စီက စစ်ရေးအရ အသုံးချနိုင်သည့် လူသားချင်းစာနာမှု အပစ်အခတ်ရပ်စဲရေး တောင်းဆိုကာ အလားအလာရှိသော ဆွေးနွေးပွဲများအတွက် အသက်များကို အန္တရာယ် ကျရောက်စေသည်ဟုလည်း ဒေါ်ခင်ဥမ္မာက ပြောသည်။ ထိုသို့လုပ်ခြင်းသည် လူသားချင်းစာနာမှု အကူအညီပေးရေး၏ အန္တရာယ် မကျရောက်စေရေး မူများကို လျစ်လျူရှုသည်ဟု ပြောသည်။
သို့သော် အထက်ပါ အကြံပေးဟောင်းက ကျယ်ကျယ်ပြန့်ပြန့် နားမလည်သောကြောင့် IHF သည် ထိခိုက်ရကြောင်းနှင့် လေ့လာသူအများစုက ထိုအစီအစဉ်သည် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs)၊ NUG နှင့် လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) က အဆိုပြု အကောင်အထည်ဖော်သည့် စစ်မှန်သော ဒေသခံ အစီအစဉ်ဖြစ်သည်ကို သဘောမပေါက်ကြကြောင်း ပြောသည်။
“တချို့လူတွေက ဒီအစီအစဉ်ဟာ မစ္စ ဟေဇာရဲ့ စိတ်ကြိုက် စီမံကိန်းလို့ထင်ပြီး အထက်ကနေ အောက်ကိုလာပြီး ဒေသခံ ပါဝင်ပတ်သက်သူတွေကို စုစည်းထားတယ်လို့ ထင်နေကြတယ်” ဟု အထက်ပါ အကြံပေးဟောင်းက ပြောကြားလိုက်ပြီး ထိုအစီအစဉ်သည် ဒေသခံများ၏ တောင်းဆိုချက်တခုကို အထူးသံတမန်တဦးက လက်ခံပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂအထွေထွေ ညီလာခံ၊ အတွင်းရေးမှူးချုပ်ရုံးနှင့် ဒေသတွင်း အင်အားကြီး နိုင်ငံများသို့ တင်ပြသည့် ရှားပါးသော ဥပမာတခုဖြစ်ပြီး အခြားမည်သည့် ဝါရင့်သံတမန်မှ စိတ်အားထက်သန်စွာ မလုပ်ခဲ့သည့် ဒေသခံသက်ဆိုင်သူများ အမှန်တကယ် တန်ဖိုးထားသည့် လုပ်ရပ်များ ဖြစ်ကြောင်း ပြောသည်။
ကုလသမဂ္ဂ၏ ဆန့်ကျင်မှု
IHF သို့ ဆက်သွယ် တင်ပြခြင်းကို တိုးတက်ကောင်းမွန်အောင် လုပ်ခဲ့သည်ဟု အထက်ပါ အကြံပေးဟောင်းက ပြောသော်လည်း ထိုအစီအစဉ်သည် မစ္စ ဟေဇာ၏ အစီအစဉ်ဖြစ်သည်ဟု ယူဆခြင်းကြောင့် အခြား ကုလသမဂ္ဂ အေဂျင်စီများနှင့် တင်းမာမှု ဖြစ်စေခဲ့သည်။
ထိခိုက်လူမှုအသိုက်အဝန်းများ၏ ဆန္ဒများကို ဦးစားပေးမည်ဟု ခမ်းနားသောကတိများပေးသည့် OCHA က ထိုအစီအစဉ်ကို အထူးသဖြင့် ဆန့်ကျင်သည်ဟု မြင်ကြပြီး ရင်းမြစ် လေးခုက ထိုအေဂျင်စီကပင် မစ္စ ဟေဇာကို ဖြုတ်ချရန် တွန်းအားပေးခဲ့သည်ဆိုသည့် သံသယကို ဖော်ပြသည်။
“သူ မရှိတော့ကတည်းက IHF ကို ဘယ်သူမှ ဆက်မလုပ်တော့ဘူး။ အဲဒါ သူ ထွက်သွားရတဲ့ အကြောင်းရင်းပဲ” ဟု အထက်ပါ အဆက်အသွယ်ကောင်းသော သတင်းရင်းမြစ်က အမည်မဖော်ဘဲ ပြောသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက OCHA သည် မည်သည့်စွက်ဖက်မှုမှ မရှိကြောင်းပြောသည်။ “အထူးသံတမန် ခန့်အပ်သည့်ကိစ္စကို အတွင်းရေးမှူးချုပ်ရုံးကသာ ကိုင်တွယ်သည်။ ထိုကိစ္စသည် OCHA ပါဝင် ပတ်သက်သောကိစ္စ မဟုတ်ပေ” ဟု မစ္စတာ ဂူတာရက်ဇ်၏ ပြောခွင့်ရသူ မစ္စတာ စတက်ဖန်း ဒူဂျာရစ်က The New Humanitarian ၏ စာဖြင့်မေးမြန်းမှုကို အကြောင်းပြန်သည်။ “ထို့ပြင် OCHA သည် မစ္စ ဟေဇာကို မည်သည့်နည်းဖြင့်မျှ ဆန့်ကျင် သို့မဟုတ် ထိခိုက်အောင်လုပ်ရန် ကြိုးစားခြင်းမရှိပေ” ဟုလည်း ၎င်းက ဆက်လက်ဖော်ပြသည်။
မစ္စ ဟေဇာက မည်သည့် အေဂျင်စီကိုမှ အတိအကျ မပြောသော်လည်း “လူတွေက လုပ်ပိုင်ခွင့်နယ်ပယ်နဲ့ ပတ်သက်ရင် အထိမခံချင်ကြဘူး။ ကျမက တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြားဝင်စေ့စပ်မှု မလုပ်ဘဲ ဒီကိစ္စတွေကို လုပ်ရင် သူတို့နယ်ထဲကို ကျွံလာတဲ့သဘော ဖြစ်နေတယ်” ဟု ပြောခဲ့သည်။
ထပ်မံမေးသောအခါ မစ္စ ဟေဇာက “ကျမ အခြား လုပ်ငန်းနယ်ပယ်ထဲကို ဝင်စွက်ဖက်မိမှာ စိုးရိမ်ခဲ့တယ်။ ကျမ အဲဒီနေရာမှာပဲ ရပ်ရမှာ” ဟု ပြောသည်။ သို့သော် ထိုသို့သော စိုးရိမ်မှုသည် မမှန်ကန်ကြောင်း ၎င်းကပြောသည်။ “ကျမတို့က အသေးအမွှားတွေ ဖြစ်တယ်။ အခြားလုပ်ငန်းနယ်ပယ်ကို ဝင်စွက်ဖက်စရာ နည်းလမ်းမရှိပါဘူး” ဟုလည်း ပြောသည်။
ပိုမိုကျယ်ပြန့်သော နောက်ခံ
မည်သည့်အကြောင်းကြောင့် မစ္စ ဟေဇာ ရာထူးမှ ထွက်ခွာသွားသည်ဖြစ်စေ ထိုကိစ္စသည် အချို့လူများအတွက် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံမှ လုပ်ငန်းများနှင့် ပတ်သက်သည့် ပိုမိုကြီးမားသည့် ပြဿနာများကို ပြသနေသည်။
“သူ့ရာထူးလို ခက်ခဲတဲ့ရာထူးနဲ့ ပတ်သက်တဲ့ ပိုမိုကျယ်ပြန့်တဲ့ နောက်ခံရှိတယ်။ သူ့ရဲ့ လုပ်ပိုင်ခွင့်ကတောင်မှ အလုပ်မဖြစ်ဘူး။ ဒါဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ထောက်ခံမှု သူ မရခဲ့ဘူးဆိုတာကို ပြသကြောင်း ထင်ရှားတယ်။ အဲဒါက ပိုမိုကျယ်ပြန့်တဲ့ နောက်ခံပဲ” ဟု ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်အခြေစိုက် မြန်မာ့ရေးရာ သုတေသီ ဒေးဗစ် မက်သီဆန်က ပြောသည်။
အထူးသံတမန်တဦးအဖြစ် တစုံတရာ လုပ်ကိုင်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် တစုံတရာမရှိဆိုသည့် အချက်သည် မစ္စတာ ဂူတာရက်ဇ်၏ ရုံးမှ စနစ်နှင့် ပတ်သက်သော အလုပ်မဖြစ်မှု အဆင့်မြင့်မားစွာ ရှိနေခြင်းကို ပြသနေသည်ဟု မစ္စတာ မက်သီဆန်က ပြောပြီး “ဒါဟာ ကုလသမဂ္ဂအတွင်း အင်ပါယာတည်ဆောက်မှုရဲ့ အလိုအလျောက် ထုတ်ကုန်ဖြစ်တယ်။ ဒီကိစ္စက နိုင်ငံတကာ လူသားချင်း စာနာမှုနဲ့ တိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင် လုပ်ဆောင်ခဲ့သူတွေ လုံးဝ မအံ့သြတဲ့ကိစ္စ ဖြစ်တယ်” ဟု ဆက်လက်ပြောသည်။
“ကုလသမဂ္ဂက ကျမနောက်မှာ ရပ်တည်ဖို့လိုတယ်” ဟု မစ္စ ဟေဇာက ပြောသည်။ ကုလသမဂ္ဂက သူ့ကို ပံ့ပိုးမှုမပေးဘဲ ထားခဲ့သလားဟု မစ္စ ဟေဇာကို မေးသောအခါ “ခက်ခဲတယ်။ ကုလသမဂ္ဂမှာ ပဋိပက္ခတွေ အများကြီး ရှိတယ်။ အတွင်းရေးမှူးချုပ်ရဲ့ အာရုံစိုက်မှု၊ ကုလသမဂ္ဂရဲ့ အာရုံစိုက်မှုက မြန်မာ မဟုတ်ဘူး။ အထူးသဖြင့်တော့ အာဆီယံကို အဓိက အခန်းကဏ္ဍက တာဝန်ယူဖို့ ပြောထားလို့ပဲ။ ဒါကြောင့် ကျမက အခြားအစီအစဉ်တွေ လုပ်နေတဲ့အခါ ကုလသမဂ္ဂဟာ ဥခွံထဲက ဖောက်ထွက် မစဉ်းစားနိုင်ဘူးဆိုတာ သိရတယ်” ဟုလည်း ပြောသည်။
ထိုအချက်ကို ကုလသမဂ္ဂက အငြင်းပွားသည်။ “အတွင်းရေးမှူးချုပ်က အထူးသံတမန်ဟောင်းကို အပြည့်အဝ ပံ့ပိုးမှုပေးခဲ့တယ်။ ကုလသမဂ္ဂအတွက် မြှုပ်နှံလုပ်ကိုင်ပေးလို့ မြန်မာပြည်သူတွေ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ အဖြေရအောင် မဆုတ်မနစ် အားထုတ်မှုတွေအတွက် အတွင်းရေးမှူးချုပ်က မစ္စ ဟေဇာကို ကျေးဇူးတင်တယ်” ဟု မစ္စတာ ဒူဂျာရစ်က ပြောသည်။
ပိုမိုကျယ်ပြန့်စွာ ရှုမြင်သုံးသပ်သောအခါ The New Humanitarian က မြန်မာ့အရေးကျွမ်းကျင်သူ၊ အကူအညီပေးရေးလုပ်သား တဒါဇင်ကျော်တို့နှင့် တွေ့ဆုံမေးမြန်းမှုများအရ ကုလသမဂ္ဂသည် မြန်မာတွင် အဓိကကျသည့် ယုံကြည်မှု အကျပ်အတည်းကို ရင်ဆိုင်နေရကြောင်း ပြသနေသည်။ ရင်းမြစ်အများအပြားက မစ္စတာ ဂူတာရက်ဇ် အာရုံမစိုက်ခြင်းကို အပြစ်တင်ကြပြီး သူသည် အထူးသံတမန်သစ် မစ္စ ဘိရှော့ကို မခန့်မီက သံတမန်ရေးကို အာဆီယံသို့ တာဝန်ပေးထားသည်ဟု ပြောဆိုခံရသည်။
မြန်မာသည် မစ္စတာ ဂူတာရက်ဇ်အတွက် ဦးစားပေးမှုအဆင့် နိမ့်ကျသည်ဆိုသည့် အမြင်ကို ဌာနေညှိနှိုင်းရေးမှူး မရှိသည့်ကိစ္စက မီးမောင်းထိုးပြနေသည်။ “ဌာနေညှိနှိုင်းရေးမှူးသစ်က စစ်ကောင်စီ မြို့တော် နေပြည်တော်မှာ ခန့်အပ်လွှာ သွားပေးရတာဟာ လူမြင်မကောင်းလို့ အဲဒီကိစ္စကို အတွင်းရေးမှူးချုပ်က မလိုလားဘူး” ဟု မြန်မာနယ်စပ် အနီးတွင် လုပ်ကိုင်နေသည့် NGO တခုမှ အကူအညီပေးရေး လုပ်သားတဦးပြောသည်။
အရာရှိတဦးကို ဌာနေညှိနှိုင်းရေးမှူးအဖြစ် ၂၀၂၃ ခုနှစ်တွင် ခန့်အပ်ခဲ့သော်လည်း မြန်မာသို့ မစေလွှတ်ခဲ့ကြောင်းနှင့် မြန်မာရှိ ကုလသမဂ္ဂ အေဂျင်စီများသည် ထိုအလုပ်ကို အလှည့်ကျ တာဝန်ယူနေကြောင်း မစ္စတာ ဒူဂျာရစ်က ပြောသည်။
သို့သော် ခေါင်းဆောင်မှု ကင်းမဲ့နေပါက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများအဖွဲ့သည် ပင်ကိုယ်အရပင် ရှုပ်ထွေးသည့် နိုင်ငံရေးပတ်ဝန်းကျင်ကို မည်သို့ထိတွေ့ဆက်ဆံရမည်နှင့် ပတ်သက်ပြီး လမ်းပျောက် နေမည်ဖြစ်သည်ဟု မစ္စတာ ပက်ထရီက ပြောသည်။ ဌာနေညှိနှိုင်းရေးမှူးကို ခန့်အပ်ခြင်းဖြင့် စတင်သည့် မြန်မာနိုင်ငံမှ ကုလသမဂ္ဂအဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပြင်ဆင်ရေးသည် လွန်စွာအရေးပါကြောင်း ၎င်းက ပြောသည်။
မစ္စတာ ဂူတာရက်ဇ်သည် မြန်မာနိုင်ငံအခြေအနေကို ဆက်လက် အာရုံစိုက်နေပြီး ပြင်းထန်လှသော လူသားချင်းစာနာမှု၊ လူမှုစီးပွားရေးနှင့် လူ့အခွင့်အရေး ပြဿနာများကို နိုင်ငံတကာက အာရုံစိုက်အောင် လုပ်ခဲ့ကြောင်း မစ္စတာ ဒူဂျာရစ်က ပြောသည်။ ကုလသမဂ္ဂသည် အရပ်သားများကို ကာကွယ်ပေးရေး စိုးရိမ်ပူပန်မှုများနှင့် လူသားချင်းစာနာမှု အကူအညီ ဘေးကင်းလုံခြုံစွာပေးရေး အပါအဝင် မြန်မာပြည်သူများ ဒုက္ခသက်သာစေရေးအတွက် ထင်သာမြင်သာရှိမှုနှင့် ရန်ပုံငွေရှာဖွေရေး အားထုတ်မှုများ တိုးတက်စေရန် အာရုံစိုက်သည့် အစီအစဉ်များကို ဆောင်ရွက်ခဲ့သည်ဟု ၎င်းကပြောသည်။
“မြန်မာမှာ ကုလသမဂ္ဂရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေဟာ ကောင်းစွာညှိနှိုင်းထားပြီး အဆင့်မြင့် ခေါင်းဆောင်ပိုင်းက လမ်းညွှန်တယ်။ အဲဒီအပြင် ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အေဂျင်စီများအဖွဲ့နဲ့ အထူး သံတမန်ရုံးအကြား နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြေပြင်ပကတိအခြေအနေ၊ ပထဝီနိုင်ငံရေး ထိခိုက်လွယ်မှုနဲ့ ဒေသဆိုင်ရာ အခြေအနေတွေနဲ့အညီ လုပ်ငန်းဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေကို အခြေအနေနဲ့ ကိုက်ညီအောင် အထောက်အကူပြုခဲ့တယ်” ဟုလည်း မစ္စတာ ဒူဂျာရစ်က ပြောသည်။
IHF အယူအဆကို ပြန်လည် လေ့လာသုံးသပ်ခြင်း
IHF သည် မအောင်မြင်ဘဲ ကျဆုံးသွားသည်ဆိုလျှင်ပင် ထိုဖိုရမ်ကို အသက်သွင်းပေးခဲ့သည့် အယူအဆကို ထောက်ခံမှု များနေဆဲဖြစ်သည်။
စစ်ပွဲသည် စစ်ကောင်စီကို အခြေအနေ မပေးတော့ဘဲ NUG နှင့် EAOs များ နယ်မြေများကို ပိုမို ထိန်းချုပ် လာသောကြောင့် ကုလသမဂ္ဂအနေဖြင့် မြန်မာမှ တော်လှန်ရေးအင်အားစုများနှင့် လူသားချင်းစာနာမှု ကိစ္စအတွက် မထိတွေ့ မဆက်ဆံနိုင်စရာ အကြောင်းပြချက် လျော့နည်းလာသည်ဟု မြန်မာမှ တက်ကြွလှုပ်ရှားသူများက ပြောသည်။ ထိုအချက်သည် IHF ဖိုရမ်ကို စတင်ရခြင်း၏ ပထမဆုံး အကြောင်းရင်း ဖြစ်သည်။
မြန်မာသို့ အကူအညီပေးရေးသည် နိုင်ငံတကာ အသိုက်အဝန်းနှင့် လုံးဝကွဲပြားခြားနားသည့် ချဉ်းကပ်ပုံနည်းလမ်း လိုကြောင်း မစ္စတာ ပက်ထရီက ပြောသည်။ “ကုလသမဂ္ဂအနေနဲ့ လူသားချင်းစာနာမှု လုပ်ပိုင်ခွင့်အရ ဒီကိစ္စကို လုပ်နိုင်တယ်။ လူသားချင်းစာနာမှု လုပ်ပိုင်ခွင့်အရ အုပ်စုအားလုံးပါဝင်ဖို့ လိုတယ်” ဟု ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ဒေသနှင့် စစ်ကောင်စီ ထိန်းချုပ်ဒေသ မဟုတ်သော နေရာများတွင် လူမှုအခြေပြု အဖွဲ့အစည်း အမျိုးမျိုးနှင့် သက်ဆိုင်သူ အမျိုးမျိုးတို့သည့် စိန်ခေါ်မှုများကို မည်သို့ ကိုင်တွယ်ဖြေရှင်းသည်ကို ပိုမိုနားလည်ရန် ခိုင်မာသော လှုပ်ရှားမှုနှင့် ထိုဒေသများမှ ထိခိုက်လွယ်ဆုံးသူများကို ထောက်ပံ့ရန် စံနမူနာပုံစံများ ရှာဖွေခြင်းသည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုကို ပြန်လည် ထိန်းသိမ်းရာတွင် ခရီးရောက်နိုင်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကူညီကယ်ဆယ်ရေး အားထုတ်မှုများအား စစ်တပ်က လိုသလို အသုံးချခြင်းကို တန်ပြန်ရန်အတွက် “လူသားချင်းစာနာမှု အကူအညီတွေ ဘေးကင်းတဲ့ လမ်းကြောင်းတွေကနေ ထိထိရောက်ရောက် ပေးနိုင်ဖို့ နောက်ဆက်တွဲ စင်ပြိုင် ယန္တရားတခု ထူထောင်ဖို့ ကျနော်တို့ လုပ်နေတယ်” ဟု NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက The New Humanitarian သို့ပြောသည်။ “အဲဒီချဉ်းကပ်ပုံလမ်းကြောင်းနဲ့ အယူအဆက IHF နဲ့ အတူတူပဲ” ဟုလည်း ပြောသည်။
အနိမ့်ဆုံးအဆင့်အနေဖြင့် ထိုကိစ္စကို ကုလသမဂ္ဂက သဘောထားကွဲပုံ မရပေ။
“လက်လှမ်းမီမှု တိုးချဲ့ဖို့အတွက် လူသားချင်းစာနာမှု အဖွဲ့အစည်း အများအပြားရဲ့ တုံ့ပြန်မှု နည်းလမ်းတွေကို ရောနှောသုံးဖို့ လိုအပ်တယ်။ မတူညီတဲ့ ဒေသထိန်းချုပ်မှုတွေနဲ့ အမျိုးမျိုးသော သွားလာရေး အကန့်အသတ်တွေကြောင့် ဘယ်အဖွဲ့အစည်း တခုတည်းကမှ နိုင်ငံရဲ့ ဒေသတိုင်းကို မရောက်နိုင်ဘူး” ဟု မစ္စတာ ဒူဂျာရစ်က ပြောသည်။
IHF သည် မြန်မာနိုင်ငံအတွက် အဆိုပြုသည့် တခုတည်းသော အငြင်းပွားဖွယ် အစီအစဉ် မဟုတ်ပေ။
မတ်လ နှောင်းပိုင်းတွင် ထိုင်းနိုင်ငံသည် အာဆီယံက ထောက်ခံသည့် ၎င်း၏ သီးခြား လူသားချင်း စာနာမှုစင်္ကြံ အစီအစဉ်ဖြင့် အကူအညီများ စတင်ပေးကာ ထိုင်းမှ အကူအညီများကို မြန်မာကြက်ခြေနီအသင်းသို့ ပေးပို့သည်။
ထိုအားထုတ်မှုများကို စစ်ကောင်စီက ထိန်းချုပ်ပြီး လိုသလို အသုံးချနေသည်ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ်အင်ဒရူး အပါအဝင် ဝေဖန်သူများက ပြောသည်။
“စစ်ကောင်စီက လူသားချင်းစာနာမှု အကူအညီအပါအဝင် ဒီရင်းမြစ်တွေကို ယူပြီး လက်နက်သဖွယ် အသုံးပြုတယ်၊ သူတို့ စစ်ရေးသေနင်္ဂဗျူဟာ အသာရဖို့ အသုံးပြုတယ်ဆိုတာ ကျနော်တို့သိတယ်” ဟု မစ္စတာ အင်ဒရူးက AP သတင်းဌာနသို့ ပြောသည်။
ထိုင်းနိုင်ငံ၏ စီမံကိန်းသည် မျှော်လင့်ချက် ကင်းမဲ့မှုကို ဖော်ပြလိုက်ပုံရပြီး ၎င်းတို့သည် စစ်ကောင်စီနှင့် ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များကြောင့် အာဆီယံပြင်ပမှ ရန်ပုံငွေ အထောက်အကူရရန် ရုန်းကန်ရဖွယ်ရှိပြီး ရေရှည်တည်တံ့ရန် ခက်ခဲသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) အာရှာဌာနခွဲ ဒုတိယ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်က The New Humanitarian သို့ ပြောသည်။
“ဒီအားထုတ်မှုတွေကို ပြန်လည်တံဆိပ်ကပ်ဖို့ IHF ကို သုံးခဲ့ရင်တော့ အဲဒီအကြောင်းရေးထားတဲ့ စာရွက်လောက်တောင်မှ တန်ဖိုးမရှိဘူး” ဟု မစ္စတာ ရောဘတ်ဆန်က ဆက်လက်ပြောကြားသည်။ “ဒါပေမယ့် တဖက်က ကြည့်ပြန်တော့လည်း ဒီဖိုရမ်ဟာ ထိုင်းနဲ့ အိန္ဒိယကတဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီတွေကို နယ်စပ်မှာ လှုပ်ရှားနေတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ လူမှုအသိုက်အဝန်းတွေ၊ အဖွဲ့အစည်းတွေကနေ တဆင့်ပေးတဲ့ နည်းလမ်းဖြစ်လာရင် ဒီအယူအဆ တခုလုံးက ပိုမို စိတ်ဝင်စားစရာကောင်းပြီး ပိုမို အရေးပါလာမယ်” ဟုလည်း ၎င်းကပြောသည်။
အပြောင်းအလဲ ဖြစ်အောင် လုပ်နိုင်သည်ဆိုလျှင်ပင် မည်သည့် အပြောင်းအလဲများကို အသစ်ခန့်အပ်လိုက်သည့် မစ္စ ဘိရှော့ အကောင်အထည်ဖော်ရန် ရည်ရွယ်သည်ကို စောင့်ကြည့်ရမည် ဖြစ်သော်လည်း မစ္စ ဟေဇာ၏ ရည်မှန်းချက်ဖြစ်သည့် အစိုးရ မထိန်းချုပ်ဒေသများသို့ အကူအညီချဲ့ထွင်ရေး အမှန်တကယ် အကောင်အထည်ပေါ်ရန် အဓိကကျသည့်တွန်းအား လိုမည်ဖြစ်သည်။
မစ္စတာ ရောဘတ်ဆန် ပြောသည့် စကားအတိုင်းဆိုရပါက “ဒီကိစ္စကိုလုပ်ပြီး မတူညီတဲ့ ရည်မှန်းချက်တွေ၊ သက်ဆိုင်သူတွေ၊ စီမံချက်တွေ ကူညီရွေးထုတ်ပေးမယ့် ကုလသမဂ္ဂ အထူးသံတမန် မရှိရင် ဒီဖိုရမ်ဟာ သေဆုံးတော့မယ့် အယူအဆတခုသာ ဖြစ်တယ်” ဟုသာ ပြောရမည်ဖြစ်သည်။
Irrawaddy News
ရခိုင်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော်ရှိလာကြောင်း UNOCHA ပြော
ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ ဖြစ်ပွားနေတဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းခြောက်သောင်းကျော် (၁၆၆,၀၀၀) ရှိလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မေလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ရခိုင်မှာ ပြီးခဲ့တဲ့ မတ်လအထိ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်သိန်းငါးသောင်း ခုနစ်ထောင်ခန့် ရှိရာကနေ တစ်လခန့်အတွင်း နောက်ထပ်ဒုက္ခသည် တစ်သောင်းနီးပါး တိုးလာတာပါ။
ရခိုင်စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးနေသူတစ်ဦးကတော့ ရခိုင်ပြည်နယ်ထဲမှာ ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်နေပြီး ပူပြင်းတဲ့ရာသီမှာ နေစရာနေရာ အခက်အခဲရှိနေတယ်လို့ RFA ကို ပြောပါတယ်။
“တချို့ရွာတွေမှာ နေစရာနေရာမရှိလို့ ကားလမ်းဘေးတွေ၊ ရထားလမ်းဘေးတွေ၊ တောင်ကြားတွေမှာ တဲထိုးပြီးနေရတယ်။ တော်တော်လေး စိတ်ဆင်းရဲဖို့ ကောင်းပါတယ်”
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး စစ်လက်နက် အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေက အရပ်သားတွေကို ကြီးမားတဲ့အန္တရာယ်ဖြစ်စေတယ်လို့ UNOCHA က ပြီးခဲ့တဲ့ ဧပြီလအတွင်း အသိပေးထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ ပူပြင်းတဲ့ ရာသီဥတုနဲ့ သောက်သုံးရေရှားပါးမှုဒဏ်ကိုလည်း ခံနေရတယ်လို့ဆိုပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဧပြီလ(၂၂)ရက်မှ (၃၀) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၂)ရက်မှ (၃၀)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဧပြီ (၂၂)ရက်နေ့မှ (၃၀)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် လေကြောင်း အသုံးပြု ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် စစ်အာဏာရှင်တပ်သား များက ပြည်သူများကို စစ်မှုထမ်း အပတ်စဉ်(၂) အတွက် အတင်းအကြပ် ဖမ်းဆီးခြင်း၊ ငွေကြေးတောင်းခံ ခြင်း များ ပြုလုပ်လျှက်ရှိသည်။ စစ်အာဏာရှင် တပ်သားများက မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသခံ ပြည်သူများကို လူသားဒိုင်း အဖြစ် ဖမ်းဆီး အသုံးပြုခြင်းများ ပြုလုပ်ခဲ့သည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)ကျော် သေဆုံးခဲ့ပြီး (၇၀)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုး ဖောက်မှု များကြောင့် အသက်မပြည့်သူ (၄)ဦး သေဆုံးခဲ့ရပြီး (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
Infogram
မြဝတီစစ်ဘေးဒုက္ခသည်တွေ သောင်ရင်းမြစ်ဘေးမှာ ရွက်ဖျင်တဲနဲ့ နေထိုင်နေရ
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ဧပြီ ၂၁ ရက်မှာ ပစ်ခတ်သံတွေ ငြိမ်သက်နေတာကြောင့် စစ်ဘေးဒုက္ခသည် ပြည်သူအချို့ဟာ နေရပ်ကို ပြန်နေကြပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်နေတာကြောင့် မနေရဲတော့ဘဲ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ရပြီး အခြေအနေတွေ ငြိမ်သက်နေတာကြောင့် မြဝတီကို ပြန်ကူးလာတာလို့ မြဝတီရောက်နေတဲ့ ရန်ကုန်ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဒီနေ့က မနက်ပိုင်း နည်းနည်းပစ်တယ်။ ဒီဘက်မှာ KNU တပ်သားတွေလို့တော့ ထင်တာပဲ။ ကျွန်တော်တို့က သေချာမသွားရဲတော့ မကြည့်ဘူး။ အဲဒီတပ်သားတွေ ရှိတဲ့အချိန်တော့ ပစ်တယ်။ ပြီးတော့ ဆယ်နာရီလောက်ကျတော့ သူတို့လည်း မရှိတော့ဘူး။ ဟိုဘက်ကလည်း အခုအချိန်ထိတော့ လေယာဉ်နဲ့ လာမပစ်သေးဘူး။ မနေ့က နေ့လည် ၃ နာရီနဲ့ ၄ နာရီကြား ကျွန်တော်တို့နေတဲ့ ဒီဘက်ကမ်းနဖူးထိ ကျတယ်။ ရှောင်တဲ့နေရာထိကျတော့ အားလုံးကြောက်ပြီး ဟိုဘက်ကမ်းထိ ကူးသွားကြတယ်။ မနေ့ည နည်းနည်းလေးငြိမ်သွားတော့ ကျွန်တော်တို့ ဒီဘက်ကို ပြန်ကူးလာတာ။ မကူးလာတဲ့သူတွေလည်း ရှိတယ်။ ဒီဘက်ကို ပြန်ကူးလာတာ အယောက်တစ်ရာလောက်တော့ ရှိတယ်။ မနေ့က ကျွန်တော်တို့နဲ့ဆို ဆယ်ပေလောက်ပဲရှိမယ် အဲဒီနေရာကိုကျတယ်”
နေရပ်ကို ပြန်လာခဲ့ပေမယ့် တိုက်ပွဲပြန်စပြီး ဘယ်တော့လေယာဉ်နဲ့ လာပစ်မလဲဆိုတာကို စိတ်ပူနေမိတယ်လို့ သင်္ဃန်းညီနောင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ဟိုတစ်နေ့ည ၁၂ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်တော့ အကုန်လုံး ကမ်းနားကိုရောက်ကုန်တယ်။ ကမ်းနားရောက်တော့ တစ်နေကုန် လေယာဉ်နဲ့ပစ်တယ်။ ကိုယ်တွေနေတဲ့နားကိုလည်း ကျတယ်။ အဲချိန်မှာ ဟိုဘက်ကမ်းကို ကူးသွားကြပြီး အခုတော့ မိသားစုက ယောက်ျားက လေဖြတ်နေတော့ ဒီနားမှာပဲ ခိုကပ်ပြီး နေနေရတယ်။ ၃ လပိုင်း ၇ ရက်နေ့ သင်္ဃန်းညီနောင်မှာ စစ်ဖြစ်တော့ ဒီဘက်ကို ရောက်လာတာ။ ဒီမှာရောက်ပြီး တစ်လကျော်ပဲ ရှိသေးတယ်။ ဒီမှာတစ်ခါစစ်ထပ်ဖြစ်တော့ ပြေးနေရတယ်။ အလုပ်အကိုင်လည်း မရှိတော့ စားဝတ်နေရေးအခက်အခဲတွေရှိတယ်။ လုံခြုံမှုမရှိဘူး။ ကြောက်နေရတယ်။ ဘယ်အချိန်များရောက်လာမလဲဆိုပြီး၊ သူတို့ဒီဘက်မှာ တအားဖြစ်လာရင် ဟိုဘက်ပြေးမယ်။ ဒီနေ့တော့ နည်းနည်းငြိမ်နေတယ်”
အမှတ် (၂) တံတားအနီး သောင်ရင်းမြစ်ကမ်းနားမှာရှိတဲ့ မြဝတီသဘာဝရိပ်သာတရားဆေးရုံက လူနာတွေနဲ့ ဘိုးဘွားတွေနေထိုင်တဲ့ နေရာနားမှာလည်း ဒီလ ၂ဝ ရက်နေ့က လက်နက်ကြီးတွေ
ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးခဲ့ရတယ်လို့ သဘာဝတရားရိပ်သာက ဆရာလေးတစ်ဦးက ဆိုပါတယ်။
“ဆွမ်းစားတဲ့အချိန်မှာ လေယာဉ်လာတဲ့အချိန် ကြောက်တယ်လေ။ ဆရာလေးလည်း အတွေ့အကြုံ မရှိဘူး။ လေယာဉ်ကြောက်တော့ ဒီဖက်ကိုပြေးလာတယ်။ ပြေးလာပြီး ဟိုဘက်က ကမ်းပါးအောက်မှာ သွားနေရတယ်။ ကျောက် ရှိတယ်။ အဲဒီနားမှာ အဖီလေးတွေ ထိုးပြီး သွားနေလိုက်တယ်။ အဲဒီကိုသွားတဲ့ ဟိုဘက်တံတားအကွေ့နားမှာ မီးလောင်နေပြီ။ လက်နက်ကြီးကျတယ်ထင်တယ်။ ဆရာလေးတို့က အယောက် ၁၅၀ လောက်ရှိတယ်။ တန်းစီပြီးတော့ နေနေကြတယ်။ မနေ့က ၁၁ နာရီလောက်ကထင်တယ်။ လက်နက်ကြီး ဒီကိုကျတာ။ ဟိုဘက်တွေကလည်း ကျတယ်။ အကြီးအကျယ်ပဲ။ မီးတွေလောင်တယ်။ ဒီတစ်ကွက်ကျော်နေရာကို မီးလောင်တော့ အကုန်လုံးပြေးကြတာပဲ။ ဆရာလေးတို့ ဟိုဘက်ကို ကူးတယ်။ ပက်လက်လူနာတွေလည်း အကုန်သယ်တော့ အကုန်ရောက်သွားတယ်။ သူတို့ကို ကန့်ထဲသွင်းလိုက်ပြီ”
မြဝတီမြို့မှာရှိတဲ့ သဘာဝတရားရိပ်သာကို စစ်ကောင်စီက လေကြောင်းကနေ မတ် ၈ ရက်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဗုံးစထိမှန်ဒဏ်ရာရခဲ့တဲ့ သက်ကြီးအမျိုးသမီးဟာလည်း ဒဏ်ရာတွေနဲ့ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
“ပြေးလိုက်ရတယ်။ လက်နက်ကြီးကျတယ်။ ဒီဘက်မှာ။ နေကောင်းတယ်။ စွန့်ပစ်အဖိုးအဖွားတွေ။ မသက်သာဘူး။ နာတယ်”
တိုက်ပွဲတွေ ကြောင့် လူသုံးထောင်လောက်ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာကြပြီး နယ်စပ်တစ်လျှောက်မှာရှိတဲ့ နွားခြံတွေမှာ ခိုလှုံနေရပါတယ်။ သူတို့တွေကို ထိုင်းအာဏာပိုင်တွေက စောင့်ကြပ်ကူညီပေးနေပြီး စစ်ရှောင်တွေ ထားရှိရာနေရာကိုတော့ ပြင်ပလူတွေကို ဗီဒီယိုရိုက်ကူးခွင့် မပြုပါဘူး။ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က မြဝတီမြို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် ဒေသခံ လေးထောင်နီးပါး ထိုင်းကို ဝင်ဖို့စောင့်ပေမဲ့ ဝင်ခွင့်မပေးတာကြောင့် သောင်ရင်းမြစ်ကမ်းဘေးမှာ ရွက်ဖျင်တဲထိုးနေကြရပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်ကိုမပြန်ရဲသေးဘဲ မဲဆောက်က မြန်မာတွေက စက်လှေတွေနဲ့ စစ်ဘေးရှောင်တွေဆီ အစားအသောက်တွေ ပို့ဆောင်ပေးနေပါတယ်။ ထိုင်းဘက်ခြမ်းက အခေါ်ဂိတ်တွေ ဖြစ်တဲ့ ၁၄ ၊ ၁၂ ၊ ၃၆၊ ၁၃၊ ၂၀၊ ၁ဝ ဂိတ်တွေ တစ်ဖက်ကမ်း မြဝတီဘက်ခြမ်းမှာ စစ်ဘေးဒုက္ခသည်ဦးရေ စုစုပေါင်း ငါးထောင်ဝန်းကျင်လောက် အဖီတဲထိုးပြီး နေထိုင်နေရတယ်လို့ ကူညီနေသူတွေက ဆိုပါတယ်။ ဂိတ်မှူးတွေက လတ်တလော ကူညီနေပြီး အလှူရှင်တွေက လာရောက်လှူဒါန်းတာလည်း ရှိပေမဲ့ အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။
RFA Burmese
လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ (၂၀၂၄ ခုနှစ်၊ဧပြီလ(၁၅)ရက်မှ (၂၁) ရက်နေ့ထိ)
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၅)ရက်မှ (၂၁)ရက် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကြုံတွေ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ
ဧပြီ (၁၅)ရက်နေ့မှ (၂၁)ရက် အတွင်း စစ်အာဏာရှင်တပ်သားများက စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်ခြင်း များ ပြုလုပ်ခဲ့သည်။ ကရင်ပြည်နယ်တွင် စစ်အာဏာရှင်တပ်က ဓာတုအဆိပ်ဗုံး အသုံးပြုခြင်းများ ရှိခဲ့သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနား အကျဉ်းထောင်တွင် စစ်အာဏာရှင်တပ်သားများနှင့် ရဲများ ဝင်ရောက်ပစ်ခတ်မှုကြောင့် နိုင်ငံရေး အကျဉ်းသား (၂)ဦး အပါအဝင် (၄)ဦး သေဆုံးခဲ့သည်။ စစ်အာဏာရှင်တပ်က ပဲခူးတိုင်းဒေသကြီး ပေါင်းတည် မြို့မှ စစ်မှုမထမ်း လိုသော လူငယ်ကို အမှုဖွင့်ခြင်း၊ မိခင်ကို ဓားစာခံ အဖြစ်ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ရှိသည်။
စစ်အာဏာရှင်တပ်သားများ၏ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်မှုကြောင့် တပတ်အတွင်း ပြည်သူ (၂၀)နီးပါး သေဆုံးခဲ့ပြီး (၁၀)ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင်တပ်သားများ၏ လူ့အခွင့်အရေး ချိုးဖောက် မှု များကြောင့် အသက်မပြည့်သူ (၃)ဦး သေဆုံးခဲ့ရပြီး (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်အာဏာရှင် တပ်သားများ၏ မြေမြှုပ်မိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေ ပြည်သူ (၅)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
Infogram