ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မွန်ပြည်နယ်အတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်ခြင်း
လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း မွန်ပြည်လူ၌အခွင့်အရေးဖောင်ဒေးရှင်းက မြေယာသိမ်းယူမ၍များဿသားကောင်ဖြစ်ခဲ့ရသော မွန်ပြည်သူလူထုများဿ အခက်အခဲ။ အကျပ်အတည်းများအ္နေကာင်းကို လေ့ လာဆန်းစစ်္ဒပီး အစီရင်ခံစာများပြုစုထုတ်ဝေခဲ့ကာ မြေယာပျှိပက©များနှင့်ပတ်သက်သည့် တိုက်တွန်းနိ၍း ဆော်မ၍အစီအစဉ်များကို အစဉ်တစိုက် ဆောင်ရွက်ခဲ့သည်၊ Read more
ညှဉ်းပန်းနှိပ်စက်ခံရသူများအား ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့တွင် ညှဉ်းပန်းနှိပ်စက်မှုများ ရပ်တန့်ရေး လူ့အခွင့်အရေးမှတ်ကွန်ရက် (ND-Burma) တောင်းဆို
၂၀၁၆ ခုုနှစ်၊ ဇွန်လ ၂၆ ရက်။
ယနေ့ ဇွန်လ ၂၆ ရက်နေ့သည် ညှဉ်းပန်းနှိပ်စက်ခံရသူများအား ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့ ဖြစ်သည်။ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်၊ မြန်မာနိုုင်ငံ (ND-Burma) အနေဖြင့် ကမ္ဘာတဝှန်းရှိ သိန်းနှင့်ချီ သည့် ညှဉ်းပန်းနှိပ်စက်ခံရသူများ၊ ၄င်းတို့၏မိသားစုဝင်များနှင့် သွေးစည်းညီညွတ်နှင့် ထောက်ခံပံ့ပိုးမှုကို ပြသလိုုက်ပါသည်။ ယခုလိုအခါသမယတွင် ညှဉ်းပန်းနှိပ်စက်မှုများ မြန်မာနိုင်ငံ၌ ဆက်လက် ကျူးလွန် ဖြစ်ပေါ်နေသည်ကိုု မီးမောင်းထိုုးပြရန် အရေးကြီးသည်ဟု မှတ်ယူပြီး၊ ထိုုသိုု့ကျူးလွန်မှုများ ရပ်တန့်စေရေး အတွက် အစိုုးရအနေဖြင့်လည်း အရေးယူဆောင်ရွက်မှုများ ချက်ခြင်းဆောင်ရွက်ရန် တောင်းဆိုုပါ သည်။
မြန်မာနိုုင်ငံတွင် နိုုင်ငံရေးအရ သဘောထားကွဲပြားသူများအပေါ် ဖိနှိပ်ရန်အတွက် မွေးရာပါ လူ့အခွင့်အ ရေး၊ လူ့ဂုုဏ်သိက္ခာအား လေးစားလိုက်နာခြင်း မရှိဘဲ ညှဉ်းပန်းနှိပ်စက်မှုကို လက်နက်သဖွယ် အသုံးပြု နေဆဲဖြစ်သည်။ ညှဉ်းပန်းနှိပ်စက်မှုကြောင့် နစ်နာခဲ့ရသူများ၏၊ စိတ်ပိုင်းနှင့် ရုပ်ပိုုင်းဆိုင်ရာအပေါ် ရှည် ကြာသည့် ဆိုးကျိုး၊ သက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အပြင် နာတာရှည် စိတ်ဒဏ်ရာများ ခံစားရသည် ကိုလည်း မကြာခဏတွေ့ရသည်။ မြန်မာနိုုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများနှင့် တိုင်းရင်းသားများ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများရှိ ပြည်သူများအား ဖိနှိပ်ရန် ညှဉ်းပန်းနှိပ် စက်မှုအား စနစ်တကျ၊ ပုံုမှန်အသုံးပြု ကျူးလွန်နေသည်ကို မြင်တွေ့ရသည်။ အမျိုးသားပြန်လည် ရင်ကြား စေ့ရေးအား ဦးစားပေးဆောင်ရွက်မည်ဆိုုသည့် အစိုးရသစ်လက်ထက်တွင် လူ့အခွင့်အရေးအခြေအနေ များ တိုးတက်လာမည်ဟု မျှော်လင့်ချက်ရှိနေသော်လည်း ND-Burma အနေဖြင့် တိုုင်းပြည်အတွင်း ဖြစ် ပွားနေသည့် ညှဉ်းပန်းနှိပ်စက်မှုများကို ဆက်လက်မှတ်တမ်းတင်သွားမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်မှုကိုု နှစ်ပေါင်းများ စွာ စနစ်တကျ ကျူးလွန် ပြုကျင့်နေသည်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားများသည် ပုံစံမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်မှု ကျူးလွန်ခြင်းခံရသည်။ နိုုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS) တို့မှ မကြာသေးမီက ထုုတ်ပြန်ခဲ့သည့် အစီ ရင်ခံစာတွင် မြန်မာနိုင်ငံတွင် ညှင်းပန်းနှိပ်စက်မှုကို စံနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်၊ ကျင့်သုံး နေပြီး၊ နိုုင်ငံရေးအကျဉ်းသားဟောင်းများ၏ ရ၂ ရာခိုုင်နှုန်းမှာ ရုပ်ပိုင်းဆိုင်ရာနှင့် ရ၅ ရာခိုင်နှုန်းမှာ စိတ် ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများ ရင်ဆိုင်ခဲ့ကြရကြောင်း ဖေါ်ပြထားသည်။ အစီရင်ခံစာတွင် တုတ်၊ ချိန်း ကြိုးဖြင့် ရိုက်ခြင်း၊ မျက်နှာဖုံးစွပ်ခြင်း၊ ပုံစံထိုင်ခိုင်းခြင်း၊ လျှပ်စစ်ဖြင့်ရှော့ရိုက်ခြင်း၊ အိပ်ရေးပျက်စေရန် အိပ် ခွင့်မပြုခြင်းနှင့် တိုုက်ပိတ်ထားခြင်းတို့ အပါအဝင်၊ ညှဉ်းပန်းနှိပ်စက်မှု ပုံစံမျိုးစုံကို အသေးစိတ် ဖော်ပြထား သည်။ ပံ့ပိုးကူညီမှုများနှင့် ပြန်လည်ထူထောင်မှုများ အရေးပေါ်လိုအပ်နေသည့် ဤကဲ့သို့ ချိုးဖောက်ခံခဲ့ရ သူများမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ရှိနေပါသည်။
မြန်မာနိုုင်ငံတွင် အထူးသဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ (EAOs) အခြေစိုက်သည့် ဒေသများတွင် ညှဉ်းပန်းနှိပ်စက်မှုများ ကျယ် ကျယ်၊ ပြန့်ပြန့် အသုံးပြုနေသည်ကိုု ထင်ရှားစွာ တွေ့မြင်နိုင်သည်။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက် နက်ကိုင် တော်လှန်ရေးအဖွဲ့များ အကြား အပြင်းအထန် ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲများတွင် မတ ရားအသင်းဥပဒေဖြင့် မကြာခဏ၊ လက်လွတ်စံပယ် ဖမ်းဆီးခံရခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်း အပါအ၀င်၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လျှက်ရှိ သည်။ ၂၀၁၁ ခုုနှစ်၊ ဒီဇင်ဘာလတွင်၊ ကချင်ပြည် နယ်ရှိ ၎င်း၏နေအိမ်ရှေ့တွင် ဖမ်းဆီးခံရပြီး ညှဉ်းပန်း နှိပ်စက်ခံရာမှ ပြန်လည်လွတ်မြောက်လာသူ တဦး သည်၊ သူ့အား သူပုန်ဟု စွပ်စွဲကာ ညှဉ်းပန်းနှိပ်ပြီး အတင်းအဓမ္မဝန်ခံ ထွက်ဆိုခဲ့ရသည်ကို ယခုလိုပြော သည်။ “ကျနော့်အနေနဲ့ သူပုန်မဟုတ်ဘူး၊ ရွာသားပါလို့ အမှန်အတိုုင်း ပြောနေတာတောင် ကျနော်တခါ ငြင်းတိုင်း ဓားမြှောင်နဲ့ တခါမွှန်းတယ်။ ကျနော့်လည်ပင်း ကို ဓားမြှောင်နဲ့ စုစုပေါင်း ၆ ချက်မွွှန်းတယ်။ အဲ ဒါပြီးတာနဲ့ ကျနော့်ကိုု ရုုပ်ပျက်ဆင်းပျက်ဖြစ်အောင် နှိပ်စက်ကြတယ်။ သူတို့ ကျနော့်ကို ၅ ရက် ချုပ် နှောင်ထားပြီး အငတ်ထားတယ်”။ ၎င်းအား မတရားအသင်းဥပဒေဖြင့် ထောင် ၂ နှစ် မချမီ။ ချုပ်နှောင် ခြင်း၊ စစ်ကြောခြင်းနှင့် နှိပ်စက်ခြင်းတိုု့အား အနည်းဆုံး နှစ်လခန့် ကျူးလွန်ကြသည်။
ရှမ်းပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကျူးလွန် သည့် အတင်းအဓမ္မဖမ်းဆီးခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းများကို တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) နှင့် တအာင်းကျောင်းသားနှင့် လူငယ်အစည်းအရုံး (TSYU) တိုု့မှ ဆက်လက် မှတ်တမ်းတင်နိုင် ကြ သည်။ ယခုုလတွင်ပင် ရှမ်းပြည်နယ်အတွင်း ရွာသား ၅ဦအား မြန်မာ့တပ်မတော်မှ ညှင်းပန်းနှိပ်စက်ခဲ့ သည်ကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ ရွာသား ၂ ဦးမှာ ရှမ်းသူပုန်များ ဖြစ်သည်ဟု စွပ်စွဲခံရကာ နှိပ်စက်ခံရခြင်းဖြစ်သည်။ ထို့အပြင် မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နှင့် တိုက်ပွဲဖြစ်ပွားစဉ် မြန်မာ့တပ်မတော်မှ ရွာသား ၃ဦးကို သတ်ပြစ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့နယ်မှ ရွာသား ၂ ဦးအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မှဟု သံသယဖြစ်ပြီး မြန်မာ့တပ်မတော်မှ မေလ ၂၃ ရက်တွင် ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်ခဲ့သည်။ ရခိုင် ပြည်နယ်တွင်လည်း မေလ ၂၅ ရက်တွင် ရဲ (၄) ဦးက အရပ်သားများအား အပြင်းအထန် ထိုးကြိတ် မှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်ရပ်များသည် ကံမကောင်း၊ အကြောင်းမလှစွာပင် သီးခြားဖြစ်ရပ်များ မ ဟုတ်ဘဲ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲဖြစ်ပွားစဉ် အရပ်သား များ နှိပ်စက်ခံရသည့် မြင်တွေ့နေကျ ချိုးဖောက်ကျူးလွန်မှုများ ဖြစ်ကြပါသည်။
နိုင်ငံတကာဥပဒေအရ ညှဉ်းပန်းနှိပ်စက်မှုအား တင်းကြပ်စွာ တားမြစ်ထားပါသည်။ အပြည်ပြည်ဆိုုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (UDHR) အပိုုဒ် ၅ တွင် “မည်သူ့ကိုုမျှ မတရားနှိပ်စက်ခြင်း မရှိစေရ” ဟုု ဖော်ပြထားသည်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် အဆိုပါစံများကို လိုက်နာရန် ၀တ္တရား ရှိသည်။ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားရက်စက် လူမဆန် ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် ဆက်ဆံ ပြစ်ဒဏ်ပေးခြင်းများအား ဆန့်ကျင်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) နှင့် နောက်ဆက်တွဲ လိုုက်နာစောင့်ထိန်းအပ်သည့် လုပ်ထုံးလုပ်နည်းကျင့်ဝတ် (OPCAT) တိုု့အား အစိုးရအ နေဖြင့် လက်မှတ်ရေးထိုုး၍ ညှဉ်းပမ်းနှိပ်စက်မှုများအား ပိတ်ပင်တားဆီး၊ အရေးယူဆောင်ရွက်ရန်နှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများအတွက် ထိရောက် လျင်မြန်သည့် ကုုစားမှု၊ လျော်ကြေးပေးမှုနှင့် သင့်လျော် သည့် လူမှုရေး၊ စိတ်ပိုင်းဆိုုင်ရာ၊ ဆေးဝါးကုသမှုနှင့် အခြားပုံစံမျိုးစုံဖြင့် ပြန်လည်ထူထောင်ပေးမှုများ ပြု လုပ်ပေးရန်တာဝန်ရှိသည်။ OPCAT တွင် ထိုသို့သော ဆောင်ရွက်မှုများကို လွတ်လပ်စွာစောင့်ကြည့် လေ့လာသည့် အဖွဲ့များက အခါအားလျော်စွာ ပြန်လည်သုံးသပ်မှုများ ပြုလုုပ်ရမည်ဟုလည်း ဖော်ပြထား သည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် UNCAT နှင့် နောက်ဆက်တွဲ လိုက်နာစောင့်ထိန်း အပ်သည့် ကျင့်ဝတ်တို့အား လက်မှတ်ရေးထိုုးထားခြင်းပင် မရှိသေးပေ။
ချို့ယွင်းနေသည့် တရားစီရင်ရေးစနစ်၊ မျှော်လင့်ချက်ကင်းလောက်အောင် ပြည့်စုံမှုမရှိသည့် အကျဉ်း ထောင်စနစ်၊ ပြည်တွင်း ဥပဒေရေးရာ အကာအကွယ်များ ကင်းမဲ့ခြင်း၊ ထိရောက်မှုမရှိသည့် လူ့အခွင့်အ ရေး စောင့်ကြည့်၊ လေ့လာရေး အဖွဲ့နှင့် ပြစ်မှုကျူးလွန်သူများအား အပြစ်ပေးအရေးယူခြင်းမှ ကင်း လွတ်စေသည့် အလေ့အထများ ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်နေမှုတိုု့ကြောင့် ညှဉ်းပန်းနှိပ်စက်မှုများ မြန်မာနိုင်ငံတွင် အခိုင်အမာ ဆက်လက် ဖြစ်ပေါ်နေခြင်းဖြစ်သည်။
ညှဉ်းပန်းနှိပ်စက်ခံရသူများအား ပံ့ပိုးကူညီရေး နိုင်ငံတကာနေ့တွင်
လူ့အခွင့်အရေးဆိုင်ရာ အဓိကစာချုပ်များအား အတည်ပြုလက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံတွင်း ကျူးလွန်နေသည့် ညှဉ်းပန်းနှိပ်စက်မှုများ ထာဝရပပျောက်ရေးအတွက် သံန္ဓိဌာန်ချ ဆောင်ရွက်သည်ကို ပြ သရာလည်းရောက်ပါသည်။
ဆက်သွယ်ရန်။
မစုစုဆွေ (မြန်မာနိုင်ငံ)၊ + ၉၅ (၀) ၉၄၂၅၀၂၇၆၈၁
ကိုတိတ်နိုင် (ထိုင်းနိုင်ငံ)၊ + ၆၆ (၀) ၈၁၂၈၇၈၇၅၁
ပြန်လည်ကုစားမှု (Reparations) အလုပ်ရုံဆွေးနွေးပွဲ
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်မှ Reparations workshop ကို မေလ ၃၁ရက်နေ့မှ ဇွန်လ ၁ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ ကွန်ရက်အဖွဲ့ဝင် အဖွဲ့အစည်းအပြင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း (88 generations and Open Society)၊ ကရင်လူ့အခွင့်အရေးအဖွဲ့ (Karen Human Rights Group)၊ အာရှတရားမ ျှတမှုနှင့် လူ့အခွင့်အရေးအဖွဲ့ (Asia Justice and Human Rights), Wimutti Volunteer Group (WVG), Open Myanmar Initiative, (OMI), Genuine People’s Servants (GPS) တို့ မှ လူဦးရေ ၃၃ဦးတက်ရောက်ခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ ပြန်လည်ကုုစားမှု (Reparations) လုုပ်ဆောင်နိုုင်မည့် ချိုးဖောက်မှု အမျိုးအစားများရွေးချယ်ခြင်း၊ ဦးစားပေးရွေးချယ်ရမည့် နစ်နာခဲ့ရသူများ (အကာအကွယ်မဲ့သူတွေ၊ ကန့်သတ်ခံအုုပ်စု) အစိုုးရမဟုုတ်သောအဖွဲ့အစည်းများ၏ လက်ရှိအကူအညီပေးနေမှုများအားထိရောက် အောင် ဆောင်ရွက်ခြင်း၊ ပြန်လည်ကုုစားရေးနှင့် ပတ်သက်ပြီးအစီအစဉ်များရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ရာတွင် လိင်ကွဲပြားမှုအပေါ် ထည့်သွင်းစဉ်းစားခြင်း၊ တခြားလမ်းညွှန်မှုများ ချမှတ်နိုုင်ရန်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကင်ညာ၊ ဖိလိပိုင်၊ အရှေ့တီမောနှင့် အင်ဒိုးနီးရှားနုိုင်ငံများ၏ အတွေ့အကြုံတို့ကို လေ့လာပြီး၊ မြန်မာနိုင်ငံအတွက် အတုယူသင့်သော သင်ခန်းစာ၊ အတွေ့အကြုံ စသည့်တို့ကိုလည်း ဖလှယ်ခဲ့ကြပါသည်။ ထို့အပြင် သတ်ဖြတ်ခြင်း၊ အစအန ပျောက်ဆုံးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူမဆန်စွာ ပြုမူခြင်း၊ မုဒိမ်းကျင့်ခြင်း၊အခြား လိ်င်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ၊ အတင်းအဓမ္မနေရပ်ရွှေ့ပြောင်းခြင်း စသည့် ခေါင်းစဉ်များကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ပြန်လည်ကုုစားမှု (Reparation) လုုပ်ဆောင်ရန် အထူးဦးစားပေးရမည့် လူ့အခွင့်အရေးချိုးဖောက်ခံရသူများ နှင့် ပြန်လည်ကုစားမှု ပြုလုုပ်ရမည့် ပုံုစံတိုု့ကိုု တက်ရောက်ခဲ့ကြ သော အဖဲွ့အစည်းများမှ အသေးစိတ် ဆွေးနွေးခဲ့ကြပါသည်။
၃၀ ကြိမ်မြောက် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) အစည်းအဝေး
လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (ND-Burma) ၏ ၃၀ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၆ ခုနှစ် မေလ၊ ၂၇ရက်နေ့မှ ၃၀အထိ ပြုလုပ်ကျင်းပခဲ့ရာ အဖွ့ဲဝင် အဖွဲ့အစည်းနှင့် ဆက်စပ်အဖွဲ့အစည်း စုုစုုပေါင်း ၁၄ဖွဲ့တိုု့မှ၊ ကိုုယ်စားလှယ် ၂၇ဦး တက်ရောက်ခဲ့ကြပါသည်။
ကွန်ရက်အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကွန်ရက်ကို စနစ်တကျ ပြန်လည်သုံးသပ်ရန်၊ အနာဂါတ်တွင် ကြုံတွေ့လာနိုုင်ရသည့် အခွင့်အလမ်းများ စိန်ခေါ်မှုများအား သုံးသပ်ပြီး အဖွ့ဲအစည်းရှေ့လုပ်ငန်းစဉ်များကိုု မဟာဗျူဟာကျကျ ချမှတ်နိုုင်ရန်၊ ဖြစ်ပါသည်။
အစည်းအဝေးထဲတွင် အဖွဲ့အစည်းမှ ၁၀လတာ ကွန်ရက်နှင့်ဆက်စပ်သည့် လှုပ်ရှားမှုအစီရင်ခံစာ၊ ၁၀လတာ ကာလတွင် အားကောင်းချက်၊ အောင်မြင်မှု၊ အနည်းချက်၊ အခက်ခဲ၊ အခွင့်အလမ်းနှင့် စိန်ခေါ်ချက် စသည့်တို့ကို ပြန်လည်သုံးသပ်ခြင်း များပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် ကွန်ရက်၏ မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ရေရှည်၊ ရေတိုရည်ရွယ်ချက် အဖွဲ့ဝင် အဖွဲ့အစည်း စံသတ်မှတ်ချက်နှင့် ဝန်ထမ်း တာဝန်ဝတ္တရားများကို ပြင်ဆင်ဖြည့်စွက် အတည်ပြုခဲ့ကြသည့်အပြင် မိမိတို့ ရှေ့လုပ်ငန်းစဉ် ပိုမို တိုးတက်လာစေရေးအတွက် တက်ရောက်လာသော ကိုယ်စားလှယ်များမှ တက်တက်ကြွကြွ ဆွေးနွေးခဲ့ကြသည်။
ပြည်တွင်းတွင် ND-Burma အနေဖြင့် အမှန်တရားနှင့် တရားမျှတမှုကို ရှာဖွေရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကိုဖော်ထုတ်ပြီး ပြန်လည် ကုစားမှု လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်နှင့် အတိတ်မှ ဆိုးဝါးသည့်ချိုးဖောက်မှုများ ထပ်မံမဖြစ် ပွားရေးစေရေးအတွက် လှုပ်ရှားဆောင်ရွက်သွားရန် ဦးတည်သွားမည်ဖြစ်ပါသည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (ND-Burma) သည် လူ့အခွင့်အရေး မှတ်တမ်းတင်နေသည့် တိုုင်းရင်းသား၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်း တိုု့ဖြင့် ၂၀၀၄ ခုုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ND-Burma မှ မှတ်တမ်းတင်ထားသည့် အစီရင်ခံစာသစ်ထုတ်ပြန်ခြင်း
သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်အတွင်း ဆက်လက်ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ မှတ်တမ်းတင်ထားသည့် အစီရင်ခံစာသစ်ထုတ်ပြန်ခြင်း
ရက်စွဲ။ ။ ၂၀၁၆ ခုုနှစ် ဖေဖော်ဝါရီလ၊ ၂၉ ရက်။
၂၀၁၅ ခုုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ မြန်မာနိုုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ ခုကို ND-Burma မှ မှတ်တမ်းတင်ထားသည့် အစီရင်ခံစာကို ယနေ့ထုတ်ပြန်လိုက်သည်။ Read more
တရားမျှတမှုရှာဖွေရေး တိုးချဲ့ညှိနှိုင်းဆွေးနွေးပွဲ