ရက်စွဲ၊ ။ ၂၀၁၅ ခုနစ်၊ ဇူလိုင်လ ၃၁ ရက်နေ့

၂၀၁၅ ခုနစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၉၆၆ ဦးအား လွတ်ငြိမ်းခွင့်ပေးခဲ့သည်။

နိုင်ငံတော်တည်ငြိမ်ရေးနင့် ထာဝရငြိမ်းချမ်းမှုဖော်ဆောင်ရေး အတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် လွတ်ငြိမ်းခွင့်ပေးသည်ဟုလည်း ဖေါ်ပြပါရှိသည်ကို တွေ့ရပါသည်။အထက်ပါ ရည်ရွယ်ချက်များဖြင့် အကျဉ်းသားများကို လွတ်ပေးမည်ဆိုပါက ငြိမ်းချမ်းမှုဖော်ဆောင်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကြိုးစားလုပ်ဆောင်၍ နိုင်ငံရေးအရ ဖမ်းဆီးထားသော တိုင်းရင်သားလူမျိုးပေါင်းစုံပါဝင်သည့် နိုင်ငံရေးအကျဉ်းသားများကို အဓိက ဦးစားပေးလွတ်ပေးရမည်ဖြစ်သည်။

သို့သော်လည်း လွတ်မြောက်အကျဉ်းသား ၇၀ဝ၀ နီးပါးတွင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၁၃ ဦးသာပါဝင်သည်မှာ အလွန်နည်းပါသော အရေအတွက်ဖြစ်သည့်အပြင် ရည်ရွယ်ချက်နင့် ဆန့်ကျင်လျက်ရှိနေပေသည်။နစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးှုသောအားဖြင့် ဆိုပြီး တိုင်းပြည်သံယံဇာတ များအား ခိုးယူခဲ့သည့် သစ်ခိုးဂိုဏ်းကြီးမ ၁၅၅ ဦးအား ဥပဒေအရ တသတ်တကျွန်း ပြစ်ဒဏ်ချမတ်ပြီး ၈ ရက်အကြာတွင် ချွင်းချက်မရှိလွတ်ပေးလိုက်ခြင်းသည် ဥပဒေစိုးမိုးမှုကို စိန်ခေါ်လိုက်ခြင်း ပင်ဖြစ်သည်ဟု မတ်ယူရပေမည်။ ထို့အပြင် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ ကြိုက်သလို လုပ်နိုင်သည်ဟု အိမ်နီးချင်းနိုင်ငံမ နိုင်ငံသားများမတ်ယူသွားနိုင်ပေသည်။ ယခုလို မိမိနိုင်ငံအတွင်း အိမ်နီးချင်းနိုင်ငံမ နိုင်ငံသားများက လုပ်ချင်တိုင်း ဝင်ရောက်လုပ်ကိုင်နေခြင်းသည် လုံခြုံရေးစည်းပေါက်သည် ဟု မတ်ယူသည်။ ထိုသို့ဖြစ်ပျက်ခြင်းက တိုင်းသူပြည်သားများအနေဖြင့်လည်း  အစိုးရအား အယုံအကြည်ကင်းမဲ့စေသော လုပ်ရပ်ပင်ဖြစ်သည်။

ချစ်ကြည်ရေးတည်ဆောက်ရာတွင် တနိုင်ငံချင်း၏ ပိုင်နက် နယ်နမိတ်နင့် အချုပ်အခြာ အာဏာကို အပြန်အလန် လေးစား အသိအမတ်ပြုရန်၊ မကျူးကျော်ရန်၊ သူတပါးပြည်တွင်းရေး ဝင်မစွက်ဖက်ရန်၊ အပြန်အလန် အကျိုးတူ သာတူညီမျ ပူးပေါင်းဆောင်ရွက်ကြရန်၊ ငြိမ်းချမ်းစွာ အတူယဉ်တွဲနေ ထိုင်ကြရန်ဆိုသည့် အချက်များအပေါ် အဓိကထားခြင်းပင်ဖြစ်သည်ဟု ဘန်ဒေါင်းမူ ငါးချက်တွင် အတိအလင်း ပြဌာန်းထားပြီး မြန်မာ၊ တရုတ် နိုင်ငံခေါင်းဆောင်များက ထိုအချက်များကို လိုက်နာပါမည်ဟု ကတိပြု လက်မတ်ထိုး ထားခဲ့သည်လည်း ဖြစ်သည်။ တိုင်းပြည်၏ သံယံဇာတကို အခြားနိုင်ငံသားများမ ဂိုဏ်းဖွဲ့ခိုးယူခြင်းသည် မည်သို့မျခွင့်လွတ်နိုင်စရာ အကြောင်းမရှိပေ။ ဤသည်မှာ တိုင်းပြည်၏ အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယက်ခြင်းပင်ဖြစ်သည်။တိုင်းပြည်အာဏာပိုင်များအနေဖြင့် အချုပ်အခြာအာဏာ၊ ဥပဒေစိုးမိုးရေးနင့် နိုင်ငံတကာဆက်ဆံရေးကို ခွဲခြားသိမြင် ဆုံးဖြတ်နိုင်ရန်အတွက် မိမိတို့မ အလေးအနက် တိုက်တွန်းလိုက်ပါသည်။ထို့အတူ တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ရေးတို့အတွက် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မှီ နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ ပြန်လွတ်ပေးခြင်းဖြင့် အစိုးရ၏ စိတ်ကောင်း၊ စေတနာကောင်းများကို ပြသရန်လိုအပ်ကြောင်း ထပ်မံတိုက်တွန်းလိုက်ပါသည်။နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့

ဆက်သွယ်ရန်-

ကိုတိတ်နိုင် +၆၆(ဝ) ၈၁ ၂၈၇ ၈၇၅၁

ကိုဘိုကြည် +၉၅ (ဝ) ၉၄ ၂၅၃၀ ၈၈၄၀

ကိုတင်မောင်ဦး +၉၅(ဝ) ၉၅ ၅၀၁၄၂၉

ခ ိ်ဳ႕တ ့လွမ်္းဝေ်း ပညာရေ်း အစီရင္ခံစာတငြ္ ကေ ်းလက္ဒေသနေ မန္တြိ င်္းရင်္းသာ်းျပည္သူမ ာ်းရငိ္ င္နေရသော ပညာရေ်းိ္ င္ရာ အခက္အခ မ ာ်းကိ တင္ပျနိ င္ရန္အတကြ္ အမ ိ်ဳ်းသမီ်းာ်းႏွင့္ ကလေ်းအခငြ့္အရေ်းအစီအစဉ္အဖြ ႕သာ်းမ ာ်းက ယၡင္ စစ္ရေးပဋိပကၡမျးားနှင့် ကြုံတွခေ့ ရသည့် Read more

နေ့စွဲ  ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်။

အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေးချိုးဖာက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည်ကုစားရန် တင်ပြထားသည့် အစီရင်ခံစာသစ်အား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ သတင်းစာရှင်း လင်းပွဲပြုလုပ် ဖြန့်ချိလိုက်သည်။

အသိအမှတ်ပြုရန် နှင့် ပြုပြင်ရန် ‘’အလွတ်သဘော အမှန်တရားပေါ်ပေါက်ရေးစီမံချက်များနှင့် မြန်မာနိုင်ငံတွင် တရားမျှတမှု ပေါ်ထွန်းစေရေး” အစီရင်ခံစာကို ဇွန်လ ၁၁ရက်နေ့က Read more

သတင်းထုတ်ပြန်ချက်

နေ့စွဲ။ ။ ၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်

အတိတ်ကာလနှင့် လက်ရှိ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား အသိအမှတ်ပြုရန်နှင့် ပြန်လည် ကုစားပေးရန်အတွက် တင်ပြထားသည့် အစီရင်ခံစာသစ်ကို လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ထုတ်ပြန်လိုက်သည်။ Read more

 

အတွင်းရေးမှူး၏ အမှာစကား
၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ မျှော်မှန်း ထားခဲ့တဲ့ အလုပ်တွေ အောင်အောင်မြင်မြင် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ Read more

မြန်မာနိုင်ငံအတွင်းစစ်တပ်မှ ပြည်သူလူထုအပေါ် ဆက်လက်ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက် (ND-Burma) ၏အစီရင်ခံစာ

သတင်းထုတ်ပြန်ချက်
၂၀၁၅၊ မတ်လ ၁၀ ရက်

၂၀၁၄ ခုနှစ် ဒုတိယနှစ်ဝက်ဖြစ်သည့် ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများအနက်မှ ၁၀၇ ခုကို Read more