ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT) နှင့်ဥပဒေအထောက်အကူပြုက ွန်ရက်(LAN) တို့၏ သတင်းထုတ်ပြန်ချက်
နေ့စွဲ။ ။၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်။
မြန်မာ့တပ်မတော်ပါဝင်ပတ်သက်သည့် ကချင်အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်၊ သတ်ဖြတ်မှု အပေါ် စနစ်တကျ ဖုံးကွယ်ထားမှုအား၊ ဖော်ထုတ်လိုက်သည့် အစီရင်ခံစာသစ်။
ရှမ်းပြည်မြောက်ပိုင်း၊ ကောင်းခါးကျေးရ ွာတ ွင်၊ လ ွန်ခ ဲ့သည့်တနှစ်တိတိက၊ မြန်မာ့တပ်မတော်ပါဝင်ပတ်သက်သည့် ကချင်စေတနာ့ဝန်ထမ်း ဆရာမနှစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး စနစ်တကျ ဖုံးက ွယ်ထားမှုအား၊ အစီရင်ခံစာတ ွင်ဖော်ထုတ်တင်ပြထားသည်။
ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) နှင့် ဥပဒေအထောက်အကူပြုက ွန်ရက်(LAN) တို့ကမျက်မြင်သက်သေများ၏ ထ ွက်ဆိုချက်များအပေါ် လေ့လာသုံးသပ်ပြီး၊ အမှုတ ွင်အဓိက သံသယရှိသူအဖြစ် ကောင်းခါးကျေးရ ွာတ ွင် ယာယီတပ်စ ွ ဲခ ဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ကြောင်းမှူးနှင့် သူ၏အထက်အရာရှိများက၊ အဆိုပါ အမှုကို ရ ဲတပ်ဖ ွ ဲ့မှ စုံစမ်းမှုအပေါ် မည်သို့ တားဆီး၊ နှောင့်ယှက်ပုံတို့ကို ဖော်ပြထားသည့် “တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကို ငြင်းပယ်ခြင်းပါ” အမည်ရသည့် အစီရင်ခံစာကို
ထုတ်ပြန်ခြင်းဖြစ်သည်။
ကောင်းခါးကျေးရ ွာတ ွင်အခင်းဖြစ်ပ ွားပြီးသည့်နောက် မူဆယ်အခြေစိုက်ဗျူဟာမှူးနှင့် စစ်သား ၂၀ဝ အား အမှုနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ဆင့်ခေါ်ခဲ့သည်။ စစ်တပ်၏ တင်းကြပ်စွာ စောင့်ကြည့်မှုအောက်တ ွင် ရ ဲများသည် အခင်းဖြစ်ပ ွားချိန်က ကောင်းခါးရ ွာတ ွင် တပ်စ ွ ဲထားသည့် တပ်မှ တပ်သား ၄၀ ဦးအနက် ၂၈ ဦးကိုသာ၊ တဦးလ ျှင် မိနစ်အနည်းငယ်မ ျှ မေးမြန်းခ ွင့်ရခ ဲ့သည်။ အဓိက သက်သေခံချက်များဖြစ်သော သေ ွးစ ွန်းနေသည့် လက်ဗေ ွရာများကို၊ သေချာစ ွာ မှတ်တမ်းတင်သိမ်းဆည်းနိုင်ခြင်း မရှိခ ဲ့ပေ။ ရ ွာသားအချို့မှာလည်း အမှုကို ကျူးလ ွန်သည်ဟု အတင်းအဓမ္မဝန်ခံစေရန်အတ ွက်ညှင်းပန်းနှိပ်စက်ခံခဲ့ကြရသည်။
အခင်းဖြစ်ပ ွားပြီး ၁၀ ရက်ခန့်သာ အကြာတ ွင် တပ်မတော်အနေဖြင့် အပြစ်မရှိကြောင်း အစိုးရမှ ထုတ်ဖော်ကြေငြာခြင်းနှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းချုပ် (Kachin Baptist Convention(KBC)) မှ အမှုအား လ ွတ်လပ်စ ွာ စစ်ဆေးဆောင်ရ ွက်ခ ွင့်ပြုရန် သမ္မတဦးသိန်းစိန်ထံသို့ တောင်းခံမှုအား သမ္မတဦးသိန်းစိန်မှ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိခြင်းသည် အထက်အာဏာပိုင်အဆင့်ဆင့်က အမှုနှင့်ပတ်သက်ပြီး ဆက်လက်ဖုံးက ွယ်ထားကြခြင်းဖြစ်ကြောင်းထင်ရှားစေသည်။
ကချင်အမျိုးသမီးများအစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ အထေ ွထေ ွအတ ွင်းရေးမှူး မ ွန်းနေလီ က “ကောင်းခါးအမှုမှာ အစိုးရရ ဲ့ ဦးစားပေးဆောင်ရ ွက်ချက်က စစ်တပ်ကို အကာအက ွယ်ပေးဖို့ဆိုတာ ရှင်းရှင်း၊ လင်းလင်း မြင်နိုင်ပါတယ်” ဟု ပြောသည်။ “ကျမတို့အနေန ဲ့တော့အသစ်တက်လာမယ့်NLD အစိုးရအနေန ဲ့ အမှုကျူးလ ွန်တ ဲ့သူတေ ွကို တရားဥပဒေအရ အရေးယူ ဆောင်ရ ွက်ပေးဖို့န ဲ့ စစ်တပ်အနေန ဲ့ အပြစ်ဒဏ်ပေးခံရခြင်းကနေ ကင်းလ ွတ်နေတာတွေ အဆုံးသတ်ဖို့တိုက်တ ွန်းချင်တယ်” ဟုဆက်ပြောသည်။ စစ်တပ်အနေဖြင့်အာဏာဆက်လက်ရှိနေမှု၊ ရ ဲလုပ်ပိုင်ခ ွင့်နှင့်တရားစီရင်ရေးအပေါ် သြဇာလွှမ်းမိုးနေခြင်းတို့ သည်မြန်မာပြည်တ ွင်တရားမ ျှတမှုရရှိရန်အတ ွက်အဓိက အဟန့်အတားဖြစ်နေသည့်ဖ ွ ဲ့စည်းတည်ဆောက်ပုံ ဖြစ်နေသည့်အတ ွက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်နေသည်။ သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ အား တရားစ ွ ဲဆိုခြင်းမှ ကာက ွယ်ပေးသည့် ဥပဒေသစ်ပေါ်ထ ွက်လာရေးကြိုးပမ်းမှုမှာ တရားမ ျှတမှုမှ နောက်ပြန်ဆုတ်သ ွားစေခြင်းဖြစ်သည်။
“သမ္မတဦးသိန်းစိန်အနေန ဲ့ သူ့ကိုယ်သူ ဘယ်လို လ ွတ်ငြိမ်းချမ်းသာခ ွင့်တေ ွ ပြဌာန်းနေပါစေ၊ တကယ်လို့ အမိန်ပေးခြင်းအရ တာဝန်ရှိမှု (command responsibility) ကို သက်သေပြနိုင်ရင်၊ မြန်မာနိုင်ငံအနေန ဲ့ လက်မှတ်ရေးထိုးထားတ ဲ့ ဂျီနီဗာက ွန်ဗင်းရှင်းနှင့်အညီ၊ စစ်ရာဇဝတ်မှုအရ သူ့ကို တရားစ ွ ဲနိုင်ပါတယ်” ဟု ဥပဒေအထောက်အကူပြုက ွန်ရက်(LAN) မှလူ့အခွင့်အရေးရှေ့နေ ဦးခေါင်လ ွမ်း ကပြောသည်။ အစီရင်ခံစာ အပြည့်အစုံအား www.kachinwomen.com တ ွင် ကြည့်ရှုနိုင်သည်။
ဆက်သ ွယ်ရန်:
မွန်းနေလီ +၆၆ (ဝ) ၈၅၅ ၂၃၃၇ ၉ ၁
ဦးခေါင်လွမ်း +၆၆ (ဝ) ၉၆၈ ၁၆၈၃ ၃၀
ဆိုင်းဇင် +၆၆ (ဝ) ၈၄၆ ၁၄၂၃ ၃၀
တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကို ငြင်းပယ်ခြင်းပါ
သတင်းဌာနများ
ရှမ်းပြည်နယ်တွင်၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံခဲ့ရသည့် ကချင်စေတနာ့ဝန်ထမ်း ဆရာမလေးနှစ်ဦး၏ နှစ်ပတ်လည်နေ့တွင် ကချင်အမျိုးသမီးများအစည်းအရုံးထိုင်းနိုင်ငံ (KWAT) နှင့် ဥပဒေအထောက်အကူပြုကွန်ရက် (LAN) တို့က “တရားမှုရှာဖို့ နှောင့်နှေးခြင်းမှာ၊ တရားမှုကို ငြင်းပယ်ခြင်းပါ” အစီရင်ခံစာအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပါသဖြင့် တက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ ဒေသခံ မျက်မြင်သက်သေများအား တွေ့ဆုံမေးမြန်းချက်များနှင့် စိတ်ဝင်စားဖွယ်ရာ သက်သေခံချက်များအရ အမှုကို မြန်မာ့တပ်မတော်မှ ကျူးလွန်ခြင်းနှင့် ၄င်းတို့ ပါဝင်ပတ်သက်မှုကို စနစ်တကျဖုံးကွယ်ထားမှုတို့အကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။
နေ့စွဲ။ ။၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်
အချိန်။ ။နံနက် ၁၀ နာရီ
နေရာ။ ။နိုင်ငံခြားသတင်းထောက်များအသင်း၊ ဘန်ကောက်၊ ထိုင်းနိုင်ငံ။
ဆက်သွယ်ရန်
ဆိုင်းဇင် +၆၆ (ဝ)၈၄၆၁၄၂၃၃၀
မွန်းနေလီ +၆၆ (၈)၅၅၂၃၃၇၉ ၁
Justice-Delayed-Justice Denied-(Embargo)
မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများ အခြေအနေနှင့် သင့်တော်သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများ အကြောင်း အစီရင်ခံစာ”
“လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ ။ ။ မြန်မာနိုင်ငံရှိ လူ့အခွင့် အရေးကာကွယ်စောင့်ရှောက်သူများ အခြေအနေနှင့် သင့်တော်သည့် ကာကွယ်စောင့်ရှောက်ရေး ယန္တရားများ အကြောင်း အစီရင်ခံစာ” ဟု အမည်ပေးထားသည့် ဤအစီရင်ခံစာသည် မြေယာအခွင့်အရေး၊ အလုပ်သမား အခွင့်အရေး၊ Read more
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို ဘယ်လိုကာကွယ်ပေးမလဲ
လူ့အခွင့်အရေးအခြေအနေများ ဆိုးဝါးလာနေသည့် အချိန်ကာလတွင် မြန်မာအစိုးရအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ရန်မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် နှိပ်ကွပ်နေခြင်းအား ရပ်တန့်ရန်သာ ဖြစ်သည်။
(ရန်ကုန်မြို့ -၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့) မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများအား ပစ်မှတ်ထား ဖိနှိပ်ခြင်း၊ ချုပ်ခြယ်ခြင်း၊ နှိပ်ကွပ်ခြင်းနှင့် လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော် ခြင်း မပြုနိုင်ဘဲ အသံတိတ်သွားစေရန် Read more
ကျောင်းမုခ်ဦးနံရံတွင် ဆေးမှုတ်ရေးသား ဆန္ဒပြတောင်းဆိုခဲ့သော ကျောင်းသားများ လွတ်မြောက်ရေး အေအေပီပီနှင့် FPPS မှ တောင်းဆို
ရက်စွဲ- ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်
မန္တလေးမြို့ အိုးဘိုထောင်၌ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် ဖမ်းဆီးခံကျောင်းသား ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ဉာဏ်လင်းထက် တို့နှင့်စပ်လျဉ်းပြီး မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) မှ လွန်စွာစိုးရိမ်လျက်ရှိပါသည်။ ထိုကျောင်းသားလေးဦးတို့သည် စာမေးပွဲဖြေဆိုရန်အတွက် အာမခံလျှောက် ထားရာ ပါယ်ချခံခဲ့ရပြီး ထိုသို့ပါယ်ချခံခဲ့ရသည့်အတွက် ၎င်းတို့ကျောင်းသား လေးဦးထဲမှ ကျောင်းသား တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေ အစာငတ်ခံဆန္ဒပြခဲ့ခြင်းကြောင့် တိုက်ပိတ်ခံရခြင်းဖြစ်ကြောင်း မိမိတို့သိရှိရပါသည်။
မန္တလေးမြို့ ရတနာပုံတက္ကသိုလ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗ-က-သ) အဖွဲ့ဝင် လေးဦးတို့သည် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျောင်းမုခ်ဦးအရှေ့၌ နံရံမှုတ်ဆေးများ အသုံးပြုပြီး “အမျိုးသား ပညာရေးဥပဒေ အလိုမရှိ” “သာယာဝတီအကျဉ်းထောင်အတွင်း ဖမ်းဆီးထားသော ကျောင်းသားများအား ချက်ခြင်းလွှတ်” “စစ်တစ်ပိုင်း အစိုးရ ကျဆုံးပါစေ” စသည့်တောင်းဆိုချက်များ ရေးသားခဲ့သည့်အတွက် ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဇူလိုင်လ ၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားလေးဦးတို့သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာပါဝင်မှု၊ ရုန်းရင်းဆန်ခတ်ဖြစ်စေမှု၊ တရားမဝင်စီတန်းလှည့်လည်မှု စတဲ့ ဥပဒေပုဒ်မ များဖြစ်သော ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တရားရင်ဆိုင်နေရပါသည်။
ကျောင်းသားများသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည့်စာမေးပွဲအား ဖြေဆိုရန်အတွက် သြဂုတ်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် တတိယ အကြိမ်မြောက်ရုံးချိန်းတွင် အာမခံရရှိရန် တရားရုံးသို့ လျှောက်ထားခဲ့သော်လည်း၊ သြဂုတ်လ ၂၁ ရက်နေ့ ရုံးချိန်းတွင် တရားသူကြီးမှ အာမခံပေးရန် ပယ်ချခဲ့ပါသည်။ ကျောင်းသားများအား လွှတ်ပေးလိုက်ပါက နောက်ထပ်တစ်ကြိမ် တောင်းဆိုဆန္ဒပြမှုများ ပြုလုပ်နိုင်ပြီး တက္ကသိုလ်အတွင်း အခြားကျောင်းသားများအ ပေါ် အနှောင့်အယှက်ဖြစ်စေနိုင်သောကြောင့် ထိုကဲ့သို့ အာမခံမပေးရန် တရားသူကြီးမှ ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။
ကျောင်းသားလေးဦးထဲမှ တစ်ဦးဖြစ်သူ ကိုနိုင်ရဲဝေမှ ထိုကဲ့သို့အာမခံ မပေးသည်ကို ပြန်လည် တုန့်ပြန်သည့်အနေဖြင့် သြဂုတ်လ ၂၂ ရက်နေ့ညနေမှစတင်ပြီး အစာငတ်ခံဆန္ဒပြခဲ့ပါသည်။ ပြည်တွင်းမှ ရရှိသောသတင်းများအရ အစာငတ်ခံဆန္ဒပြသည့်အတွက် အာဏာပိုင်များမှ ကျောင်းသားလေးဦး စလုံးအား သြဂုတ်လ ၂၂ ရက်မှ အစပြုပြီး ပြစ်ဒဏ်တိုက်အတွင်း တိုက်ပိတ်ပြစ်ဒဏ်များ ချမှတ်ထားပါသည်။
ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနှင့် ကိုဉာဏ်လင်းထက်တို့သည် ပြစ်ဒဏ်ချမှတ်ခံထားရသူများ မဟုတ်သေးဘဲ အမှုရင်ဆိုင်နေရသော သူများသာဖြစ်သည်။ ထိုသို့ အမှုရင်ဆိုင်နေရသူများအား အပြစ်မရှိသော သူများကဲ့သို့ ပြုမှု ဆက်ဆံရမည်ဟု နိုင်ငံတကာ ဥပဒေများ က အတိအလင်း ပြဌာန်းထားပေသည်။ (ထို့အတူ ပြည်ထောင်စု အစိုးရမှ ထုတ်ပြန်ထားသော ၂၀၁၅ အကျဉ်းထောင် ဥပဒေ မူကြမ်း ၏ အကျင့်စာရိတ္တပြုပြင်ပြောင်းလဲခြင်းနှင့် အသက်မွေးပညာလေ့ကျင့်သင်ကြားပေးခြင်း ခေါင်းစဉ်ပါ အပိုဒ် (၁၄) တွင် အကျဉ်းဦးစီးဌာနသည် ပညာတစ်ပိုင်းတစ်စ ဖြစ်နေသော အကျဉ်းသားများနှင့် စာပေမတတ်မြောက်သူ အကျဉ်းသားများအား စာပေပညာများ သင်ကြားနိုင်ရန် စီမံဆောင်ရွက်ပေးရမည် ဟုပါရှိပါသည်။)
ထို့အတွက် ထိုကျောင်းသား လေးဦးအား စာမေးပွဲဖြေဆိုခွင့် ပေးကိုပေးရပေမည်။ ထို့အပြင် အကျဉ်းထောင်၏ ရည်မှန်းချက်သည် ပြုပြင်ပြောင်းလဲရေးကို ရည်မှန်းသည် ဆိုလျှင်လည်း ကျောင်းသား များ၏ တောင်းဆိုချက်ကို တရားရုံးက အလေးအနက်ပြုပြီး ခွင့်ပြုရမည်ဖြစ်ပေသည်။
သို့သော် စာမေးပွဲဖြေဆိုခွင့် ပေးရမည့်အစား ကျောင်းသားများအစာငတ်ခံ ဆန္ဒပြသည့်အတွက် တိုက်ပိတ်ခြင်းဖြင့် ပြစ်ဒဏ်ပေးခြင်းသည် လုံးဝမျှတခြင်းမရှိပဲ၊ ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုအပေါ် အာဃာတဖြင့် အာဏာပိုင်များဘက်မှ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ရန် အားထုတ်လိုက်ခြင်းပင်ဖြစ်သည်။
ကိုနိုင်ရဲဝေ၊ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနှင့် ကိုဉာဏ်လင်းထက်တို့အား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် အာဏာပိုင်တို့၏ နောက်ဆက်တွဲပြုမှုဆက်ဆံမှုများသည် မြန်မာနိုင်ငံ၏ တရားရေးစနစ်နှင့် အကျဉ်းထောင် စနစ်များကို ပြုပြင်ပြောင်းလဲရန် လုံးဝ လိုအပ်နေကြောင်း မီးမောင်းထိုးပြ လိုက်ခြင်းပင်ဖြစ်သည်။
ထိုကျောင်းသားများ၏အမှုဖြစ်စဉ်မှ လေ့လာတွေ့ရှိလိုက်ရသည်မှာ မြန်မာနိုင်ငံရှိ တည်ဆဲ ဥပဒေများ ဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ် ခြင်းဆိုင်ရာ ဥပဒေပုဒ်မများသည် အစိုးရနှင့် သဘောထား ကွဲလွဲသူများ၊ တက်ကြွလှုပ်ရှားသူများအား ဖိနှိပ်ရန် အာဏာပိုင်များက လိုသလို အသုံးချနိုင်သည့် ဥပဒေများ ဖြစ်နေသည် ဟု ပြည်သူများက ရှုမြင်လာနိုင်ပြီး အုပ်ချုပ်ရေးယန္တရား နှင့် တရားစီရင်ရေး ယန္တရား အပေါ်ယုံကြည် ကိုးစားလိုစိတ် ကျဆင်းလာစေပါသည်။
တိုက်ပိတ်အပြစ်ပေးထားသည့် ကျောင်းသားလေးဦးအား တိုက်ပိတ်ပြစ်ဒဏ်မှ ချက်ချင်းပယ်ဖျက်ပေးရန်နှင့် အကျဉ်းထောင်မှ ချက်ခြင်းလွှတ်ပေးကာ စာမေးပွဲ ဖြေဆိုခွင့်ပြုရန် အေအေပီပီနှင့် FPPS မှ အလေးအနက်တောင်းဆို တိုက်တွန်းလိုက်ရပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)
ဆက်သွယ်ရန်-
တိတ်နိုင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း +၆၆(ဝ)၈၁၂၈၇၈ ၇၅၁
တင်မောင်ဦး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ +၉၅(ဝ) ၉၅၅ ဝ၁၄ ၂၉
Martus ခေါ် သတင်းအချက်အလက် သိမ်းဆည်းသိုမှီးသည့် စံနစ်အကြောင်း သင်တန်းကျင်းပ
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) မှ Martus ခေါ် သတင်းအချက်အလက် သိမ်းဆည်း သိုမှီးသည့် စံနစ်အကြောင်း သင်တန်းကို ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပခဲ့သည်။
သြဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ၃ရက်ကြာကျင်းပသည့် သင်တန်းသို့ ND-Burma အဖွဲ့ဝင် အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့ဝင်များနှင့် မဟာမိတ် အဖွဲ့အစည်းများဖြစ်ကြသည့် TWU, TWO, TSYO, AASYC, FPPS, HRDP, KDNG နှင့် UNDO တို့မှ သင်တန်းသား၊ သင်တန်းသူ ၁၁ ဦး တက်ရောက်လေ့လာကြသည်။
သင်တန်းတွင် ND-Burma အဖွဲ့ဝင်အဖွဲ့အစည်းဖြစ်သည့် AAPP မှ ကိုဇော်မိုး က အဓိကဦးဆောင် ဆွေးနွေး သင်ကြားသွားသည်။
သင်တန်းတွင် Martus Software အား မိတ်ဆက်ရှင်းပြခြင်း၊ ND-Burma မှ အသုံးပြုနေသည့် အချက်အလက် ထည့်သွင်းသည့် ပုံစံ (Template)၊ ND-Burma ၏ martus data form, martus software အား install လုပ်ခြင်း၊ ဆာဗာချိတ်ဆက်ခြင်း၊ ND-Burma template အား martus အတွင်း ထည့်သွင်းခြင်း၊ Public code အား export ထုတ်ခြင်း၊ Martus တွင် contact များ ထည့်သွင်းခြင်း၊ back up key ထုတ်ခြင်း၊ Martus Bulletin import/export လုပ်ခြင်း၊ Martus Report ထုတ်ခြင်း၊ mobile martus အသုံးပြုပုံ၊ True crypt အသုံးပြုခြင်းတို့အား လေ့ကျင့်ခဲ့သည်။