၂၀၁၇ခုနှစ် ဇူလိုင်လ ၁၇ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ တရားမ ျှတမှုနေ့ ထုတ်ပြန်ချက်

ယနေ့ကျရောက်သည့် နိုင်ငံတကာ တရားမ ျှတမှုနေ့တွင် မြန်မာပြည်ရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအ တွက် စတင်ပြောဆို ဆောင်ရွက်ရန် မြန်မာအစိုးရအား လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) မှ တောင်းဆိုလိုက်သည်။

ND-Burma ၏ အဖွဲ့ဝင်အဖွဲ့အစည်းများမှ နိုင်ငံတဝှန်း ၁၃ နှစ်ကြာ လူ့အခွင့်အရေးမှတ်တမ်းတင်မှုများ ပြုလုပ် နေသည်။ မိမိတို့၏ ဒေတာဘေ့စ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၆၀ဝ၀ ကျော်ကို ထည့်သွင်း မှတ်တမ်း တင်ထားနိုင်သော်လည်း လူ့အခွင့်အရေးချိုးဖောက်ခံရသူများအနေဖြင့် တရားမ ျှတမှုကို မည်သည့်အခါကမ ျှ ရရှိခြင်း(သို့မဟုတ်) ၄င်းတို့အပေါ် ချိုးဖောက်မှုများကြောင့် ခံစားရသည့် ဒုက္ခအဝ၀ကို အသိအမှတ်ပြု၊ စာနာ နားလည် လက်ခံမှုပင် မရှိသည်ကို တွေ့ရသည်။

၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရအား ရွေးကောက်တင်မြှောက် ခံရချိန်တွင် မိမိတို့အနေဖြင့် လူ့အခွင့်အရေးမှတ်တမ်းတင်ခြင်း လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် မလိုအပ်တော့ဟု ထင်မြင်ခဲ့ကြသည်။ ကံဆိုးစွာပင် မိမိတို့၏ မှတ်တမ်းများအရ NLD ဦးဆောင်သည့် အစိုးရ လက်ထက်မှာပင် ချိုးဖောက်မှုများ မြင့်တက်လာသည်ကို တွေ့ရသည်။

အပြစ်မဲ့ ပြည်သူများအနေဖြင့် သတ်ဖြတ်ခံရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်းနှင့် အတင်းအဓမ္မပြုကျင့်ခံရခြင်းများ ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ယခုအချိန်သည် တရားဥပဒေစိုးမိုးရေးအတွက် စတင်ဆောင်ရွက်ရမည့် အချိန်ဖြစ်သည်ဟု မိမိတို့မှ ယုံကြည်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အပြစ်ပေးအရေးယူမှုများ မရှိသရွေ့ ချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ အမြစ်တွယ်ရေးအတွက် လူ့အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ရန် ယခုလို ပြောကြားခဲ့သည်။ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ယုံကြည်သည်မှာ လူ့အခွင့်အရေးကို တရားဥပဒေစိုးမိုးမှုဖြင့် ကာကွယ် ရမှာဖြစ်ပြီး လူ့အခွင့်အရေးကို လျစ်လျူရှုခြင်း (သို့) မသိကျိုးကျွန်ပြုခြင်း (သို့) ဥပဒေစိုးမိုးရေးကို ဘေးဖယ်ထား ခြင်းမျိုး ဘယ်တော့မှ မဖြစ်စေရ”

အစိုးရအနေဖြင့် ယခင်က ပြောဆိုခဲ့သည့် လူ့အခွင့်အရေး၊ တရားမ ျှတမှုနှင့် ဥပဒေစိုးမိုးရေး ဆက်စပ်မှုများကို ပြန်လည်ဆင်ခြင်ပြီး နိုင်ငံတွင်းဖြစ်ပေါ်နေသည့် စိုးရိမ်ဖွယ်ရာ မတရားပြုကျင့်မှုများကို လျစ်လျူရှုမထားရန် ND-Burma မှ တောင်းဆိုပါသည်။

အပြည်ပြည်ဆိုင်ရာ တရားမ ျှတမှုနေ့ကို ဇူလိုင် ၁၇ ရက်နေ့တွင် တရားမ ျှတမှုအတွက် အားပေးကူညီရန် ဆန္ဒရှိသူများ၊ နစ်နာခဲ့ရသူများ၏ အခွင့်အရေးကို မြှင့်တင်ပေးရန်နှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကမ္ဘာကြီး သာယာဝပြောရေးအတွက် ခြိမ်းခြောက်နေသည့် ရာဇဝတ်မှုများကို တားဆီးရန် ကူညီသူများမှ စုစည်းကျင်းပကြ သည်။

ND-Burma ၏ အဖွဲ့ဝင် ၁၃ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြားသူများအား ကိုယ်စားပြုသည်။ နစ်နာခဲ့သူများ၏ တရားမ ျှတမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းဖြစ်သည်။

အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (Assistance Association for Political Prisoners – Burma)
၂။ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ရက် (Kachin Development Networking Group)
၃။ မွန်ပြည်လူ့အခွင့်အရေးအဖွဲ့ (Human Rights Foundation of Monland)
၄။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (Kachin Women’s Association – Thailand)
၅။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (Ta’ang Women’s Organization)
၆။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (Ta’ang Students and Youth Organization)
၇။ ထားဝယ်အမျိုးသမီးသမဂ္ဂ (Tavoyan Women’s Union (TWU))

ဆက်စပ်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်ကွန်ဂရက် (All Arakan Students’ and Youths’ Congress)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (Chin Human Rights Organization)
၃။ နိုင်ငံတကာ မြေကမ္ဘာအခွင့်အရေးအဖွဲ့ (EarthRights International)
၄။ ညီမ ျှခြင်းမြန်မာ (Equality Myanmar)
၅။ လားဟူအမျိုးသမီးအဖွဲ့ (Lahu Women’s Organization)
၆။ ပအို့လူငယ်အဖွဲ့ (Pao Youth Organization)

Download PDF

[metaslider id=2826]

ညှင်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီသည့့်် နိုင်ငံတကာနေ့၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့

ညှင်းပန်းနှိပ်စက်မှုများပပျောက်ရေးနှင့် အသက်ရှင်ကျန်ရစ်သူများ၏ လိုအပ်ချက်များအတွက် ဆောင် ရွက်ပေးခြင်းသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် အဓိကကျသည့် လုပ်ငန်းဖြစ် သည်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) (ND-Burma)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)၊ ဝိမုတ္တတိ အမျိုးသမီးအဖွဲ့ (VWO)၊ အာရှတရားမျှတမှုနှင့် အခွင့်အရေး (AJAR) တို့မှ ညှဉ်းပန်းနှိပ်စက်မှုများ အဆုံးသတ်ရန်နှင့် အသက်ရှင်သန် လွတ်မြောက်လာသူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ပန်ကြားလိုက်သည်။
ND-Burma, AAPP, WLB, VWO နှင့် AJAR အဖွဲ့တို့က ညှဉ်းပန်းနှိပ်စက်ခံရသူများအား အားပေးကူညီ သည့် အခမ်းအနားတစ်ရပ်အား ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ညနေ ၂နာရီမှ ၄ နာရီအထိ ပူးတွဲ စီစဉ်ကျင်းပကြပါသည်။ အခမ်းအနားတွင် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသက်ရှင်လွတ်မြောက်လာသူများ၊ ၄င်းတို့နှင့်ပူးပေါင်းဆောင်ရွက်နေသည့် လူထုအခြေပြုအဖွဲ့အစည်း များက အတွေ့အကြုံများ ဖလှယ်ဝေငှရန်နှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများအား မည်သို့ကူညီပေးနိုင်သည် တို့ကို ရှင်းလင်းပြောကြားကြမည် ဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)မှ ညှဉ်းပန်းနှိပ်စက်မှုများအား ဆန့်ကျင်သည့် ကုလသမဂ္ဂစာချုပ်(UNCAT) မြန်မာဘာသာပြန်အားလည်း အခမ်းအနားတွင် ဖြန့်ဝေမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှုများကို နိုင်ငံတော်နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကလည်း အတိတ်တွင်သာမက လက်ရှိကာလတွင်ပင် ကျင့်သုံးလျှက်ရှိသည်။ လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲများ ကြောင့် တိုင်းရင်းသားဒေသများရှိ ညှဉ်းပန်းနှိပ်စက်မှုများအကြောင်း ဖော်ထုတ်သည့် အစီရင်ခံစာများအ ရလည်း စိတ်ပျက်စရာအခြေအနေများကို သိရှိကြရသည်။ ညှဉ်းပန်းနှိပ်စက်မှုများကို ထိန်းသိမ်းရေးစ ခန်းများနှင့် စစ်ကြောရေးများတွင် အသုံးပြုလျှက်ရှိပြီး သတင်းအချက်အလက် ရရှိရန်နှင့် အတင်းအကြပ်ဝန်ခံ ထွက်ဆိုစေရန် အသုံးပြုသည်ကို မကြာခနတွေ့ရှိရသည်။
ရွာသားများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည်ဟု သံသယဖြစ်ကာ စစ်တပ်မှ မကြာခန ဖမ်းဆီးပြီး လက်လွတ်စပယ် ညှဉ်းပန်းနှိပ်စက်မှုများလည်း ရှိသည်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည်လည်း ညှဉ်းပန်းနှိပ် စက်မှုတွင် အကျုံးဝင်သည်။ တရားစီရင်ရေးအာဏာအရ ညှဉ်းပန်းနှိပ်စက်မှု ပပျောက်ရန်နှင့် တားဆီးကာကွယ်ရန်မှာ အစိုးရ၏ တာဝန်ဖြစ်သည်။
အစိုးရအနေဖြင့် ညှဉ်းပန်းနှိပ်စက်မှု၊ လူမဆန်စွာ ရက်စက်မှု (သို့မဟုတ်) ဂုဏ်သိက္ခာနှင့် မလျော်ညီစွာ ပြုကျင့်ခံရမှု (သို့မဟုတ်) အပြစ်ဒဏ်ပေးမှုတို့ကို ဆန့်ကျင်သည့် ကုလသမဂ္ဂစာချုပ် (UNCAT) ကို မဖြစ်မနေ လက်မှတ်ရေးထိုးရမည် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ညှဉ်းပန်းနှိပ်စက်မှု များ ပပျောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတရပ်ကို လှမ်းလိုက်ခြင်းဖြစ်ပြီး အသက်ရှင်ကျန် ရစ်သူများနှင့်လည်း တသားတည်းဖြစ်သည်ဟု သင်္ကေတအားဖြင့် ကတိကဝတ်ပြုရာလည်းရောက်သည်။
ညှဉ်းပန်းနှိပ်စက်ခံရသူများအနေဖြင့် ပြန်လည်ကုစားမှုနှင့် အထောက်အပံ့များ ရယူပိုင်ခွင့်ရှိသည်။ အများအားဖြင့် လက်ရှိခံစားနေရခြင်းနှင့် ဆိုးရွားသည့် ကျန်းမာရေးအခြေအနေတို့ကြောင့် တချို့နစ်နာခဲ့ ရသူများသည် စောစောစီးစီးနှင့် အချိန်မတိုင်မီ အသက်ဆုံးရှုံးရခြင်းများ ရှိနေသည်။ ကျန်းမာရေးစောင့် ရှောက်မှုရရှိရေးသည် အရေးပေါ် လိုအပ်မှုဖြစ်သည်။ တခြားလိုအပ်ချက်များအဖြစ် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှု၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းနှင့် အများပြည်သူရှေ့မှောက်တွင် အသိ အမှတ်ပြုပေးခြင်းများပြုလုပ်ရန်လည်း လိုအပ်သည်။ ပြန်လည်ကုစားမှုနှင့် ညှဉ်းပန်းနှိပ်စက်ခံရသူများ၏ လိုအပ်ချက်များ ထုတ်ဖော်ခြင်းသည် အစိုးရ၏ အဓိကဦးစားပေး ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်။ အဆိုပါ အကြောင်းအရာများကို လွှတ်တော်တွင် ဆွေးနွေးရမည့် အချက်များအဖြစ် ထားရှိသင့်ပြီး လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွင် မဖြစ်မနေ ထည့်သွင်းဆွေးနွေးရမည်ဖြစ်သည်။
ညှဉ်းပန်းနှိပ်စက်မှုများ ကျင့်သုံးခြင်း ပပျောက်စေရန် ကတိပြုဆောင်ရွက်စေရေးအတွက် မိမိတို့မှမြန်မာအစိုး ရအား အောက်ပါအကြံပြုချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် တိုက်တွန်း အပ်ပါသည်။
• စစ်တပ်မှ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်နေသော်လည်း အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ် နေမှု အပါအဝင် အရပ်သားများ ညှဉ်းပန်းနှိပ်စက်ခံရခြင်းမှ ကင်းဝေးစေရန်အတွက် စစ်ပွဲများ ရပ်စဲစေပြီး တိုင်းရင်းသားဒေသများမှ တပ်ဖွဲ့များ ရုပ်သိမ်းပေးရန်။ • ညှဉ်းပန်းနှိပ်စက်မှု ဆန့်ကျင်ရေး ကုလသမဂ္ဂစာချုပ်အား လက်မှတ်ရေးထိုးရန်နှင့် ဥပဒေအဖြစ်  ပြဌာန်း ဆောင်ရွက်ရန်။ • ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးပွဲများတွင် ပြန်လည်ကုစားမှုနှင့် အသက်ရှင်ကျန်ရစ်သူများအား အကူအညီပေးရေးကိစ္စအား ထည့်သွင်းဆွေးနွေးရန်။ • လက်ကျန်နိုင်ငံရေးအကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်။ • နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးစာချုပ် (ICCPR) အား လက်မှတ်ရေးထိုးရန်။
ညှဉ်းပန်းနှိပ်စက်မှုကို မည်သည့်ပုံစံမျိုးမှ ကျူးလွန်ကျင့်သုံးခြင်းမပြုရန် အစိုးရနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများအားလုံးအား မိမိတို့မှ တောင်းဆိုလိုက်ပါသည်။
၂၀၁၇၊ ဇွန်လ ၂၆ ရက်၊ ရန်ကုန်မြို့ND-Burma, AAPP, WLB, VWO နှင့် AJAR
ဆက်သွယ်ရန်

• လိုည်းပိုးငယ် (WLB)၊ ဝ၉ ၇၈ ၁၃၂ ၉ ၇၄၂
• ဦးအောင်မျိုးကျော် (AAPP)၊ ဝ၉ ၄၂ ၈၁၁ ၇၃၄၈
• ဒေါ်ခင်မိမိခိုင် (VWO)၊ ဝ၉ ၇၉ ၄၃၇ ၁၄၁၅

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် မြန်မာနိုင်ငံ (ND-Burma) သည် လူ့အခွင့်အရေးမှတ်တမ်းတင် နေသည့် တိုင်းရင်းသား၊ လူငယ်နှင့် အမျိုးသမီးအဖွဲ့အစည်းတို့ဖြင့် ၂၀ဝ၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်အဖွဲ့အစည်း ၇ ဖွဲ့နှင့် ဆက်စပ်အဖွဲ့အစည်း ၉ ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး ပြည်တွင်းတွင် ND-Burma အနေဖြင့် အမှန်တရားနှင့် တရားမျှတမှုကို ရှာဖွေရန်အတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော် ထုတ်ကာ ပြန်လည်ကုစားမှု လုပ်ငန်းစဉ်များ ပေါ်ပေါက်လာစေရန်နှင့် အတိတ်မှ ဆိုးဝါးသည့်ချိုးဖောက်မှု များ ထပ်မံမဖြစ်ပွားရေးစေရေးအတွက် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။ ND-Burma သည် ကွင်းဆင်း အချက်အလက်ကောက်ယူသူများအား သင်တန်းပေးခြင်း၊ အဖွဲ့ဝင်များမှ ရရှိလာသည့်အချက်အလက် မှတ် တမ်းများကို Martus Database တွင် ထည့်သွင်းသိမ်းဆည်းခြင်းနှင့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်း များတွင် ပါဝင်ခြင်းများ ပြုလုပ်လျက်ရှိသည်။ ထို့ပြင် အခြားသော ကဏ္ဍစုံမှ လူ့အခွင့်အရေးလှုပ်ရှားမှု ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများလည်း ရှိသည်။ www.nd-burma.org

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အား ၂၀ဝ၀ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် လုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။ ၂၀၁၂ ခုနှစ်မှ စတင်ပြီး မိမိတို့အေအေပီပီ၏ ရုံးခွဲများအား မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ လက်ကျန်နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရန်အတွက်နှင့် ထိုနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီးနောက် သူတို့၏ ဘဝများ ပိုမိုကောင်းမွန်လာရန် စည်းရုံးလှုံ့ဆော် တိုက်တွန်းပြောဆိုခဲ့၊ ပြောဆိုလျက်ရှိပါသည်။ နိုင်ငံရေး အကျဉ်းသားများနှင့် ၄င်းတို့၏ မိသားစုများအတွက် အကူအညီပေးရေး လုပ်ငန်းစဉ်များ ရှိပြီး ရည်ရွယ် ချက်မှာ ၄င်းတို့အနေဖြင့် ပညာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများ၊ စိတ်ကျန်းမာရေးအ တွက် နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ ရရှိစေရန်ဖြစ်သည်။ www.aappb.orgဝိမုတ္တိအမျိုးသမီးအဖွဲ့အစည်း (VWO)ဝိမုတ္တိလူမှုဝန်ထမ်းအဖွဲ့ကို ၂၀ဝ၉  ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ဝိမုတ္တိဟူသည်မှာ ပါဌိစကား လုံး ဖြစ်ပြီး လွတ်မြောက်မှုဟု အဓိပ္ဗါယ်ရသည်။ ဝိမုတ္တိကို စေတနာ့ဝန်ထမ်း အမျိုးသမီးများဖြင့် ဖွဲ့စည်း ထားသည်။ ဝိမုတ္တိသည် လူမှုရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးလျှက်ရှိပြီး ဆင်းရဲနွမ်းပါးသော မိသားစုများရှိ ကလေးများအတွက် ပညာရေးအထောက်အပံ့ကို လည်း စီစဉ်ဆောင်ရွက်ပေးလျှက်ရှိသည်။ ထို့အပြင် အကာအကွယ်မဲ့သူများအတွက် သုတေသနပြု လုပ်ခြင်း၊ ကွန်ရက် ချိတ်ဆက်ခြင်း၊ ၄င်းတို့၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်လာရာမှ တဆင့် သင့်တင့် ကောင်းမွန် သည့် လူမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန် တိုက်ရိုက်ချိတ်ဆက်လျှက်ရှိသည့်အပြင် အမျိုးသမီး နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် စိတ်ဓာတ်မြှင့်တင်ရေး အထူးအစီအစဉ်များကိုလည်း စီစဉ်ဆောင်ရွက် လျှက်ရှိသည်။
အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် မြန်မာနိုင်ငံမှ နောက်ခံသမိုင်းကြောင်း မတူကွဲပြားသည့် တိုင်းရင်းသူ အမျိုးသမီးအဖွဲ့အစည်း ၁၃ ခုဖြင့် ဖွဲ့စည်းထားပါသည်။ WLB ကို ၁၉ ၉ ၉  ခုနှစ် ဒီဇင်ဘာလ ၉  ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံသည် အမျိုးသမီးများ အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် အရည်အချင်းပြည့်ဝစေရေးတို့အတွက်သာမက အရည် အချင်းမြှင့်တင်ခြင်း၊ စည်းရုံးချဉ်းကပ်ခြင်း၊ သုတေသနပြစုခြင်းနှင့် မှတ်တမ်းတင်ခြင်းများမှတဆင့် ဒီမိုက ရေစီရေးလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်ပါသည်။ www.womenofburma.org
အာရှတရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ (AJAR)အာရှတရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာအဖွဲ့ (AJAR) သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် အခြေစိုက်သော ဒေသလုံးဆိုင်ရာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်သည်။ AJAR သည် ပြစ်ဒဏ်ခတ် မခံရခြင်းမှ ကင်းလွတ်နေမှုကို ဆန့်ကျင်တိုက်ခိုက်နေသည့် ဒေသတွင်းနှင့် နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်း များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်၊ အာရှ-ပစိဖိတ်ဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှု အမြောက်အများ၏ မူလအကြောင်းခံ အရင်းအမြစ်များမှ သင်ခန်းယူရန် ဆန္ဒရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိရေးနှင့် တရားမျှတမှုရရှိရေးတို့ကို အခြေခံ၍ ယဉ်ကျေးသော လူမှုဘဝ တည်ဆောက်နိုင် စေရန်အတွက် ဖြည့်ဆည်းပံ့ပိုးပေးရန် ဆောက်ရွက်လျှက်ရှိသည်။ www.asia-ajar.org

PDF Download 

လေးစားစွာဖိတ်ကြားအပ်ပါသည်။
အပြည်ပြည်ဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုပပျောက်ရေးနေ့ နှင့် ညှဉ်းပမ်းနှိပ်စက်မှုနှင့် အခြားရက်စက်ပြီး လူမဆန်သော(သို့)လူ့ဂုဏ်သိက္မာကျဆင်းစေသော ဆက်ဆံမှု (သို့) ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ် ဘာသာပြန်စာအုပ်ထုတ်ဝေခြင်း။

အစီအစဉ်
နေရာ – တော်ဝင်နှင်းဆီ စားသောက်ဆိုင်၊ ရွှေဂုံတိုင်။
အချိန် – နေ့လည် (၂းဝ၀) နာရီမှ (၄းဝ၀)ထိ
နေ့ရက် – ၂၆ရက်၊ ဇွန်လ၊ ၂၀၁၇။

မြန်မာနိုင်ငံတောင်ပိုင်း မွန်ဒေသများတွင်ဖြစ်ပွားခဲ့သော သက်ငယ်လိင် အကြမ်းဖက်မှုနှင့် အဆိုပါအကြမ်းဖက်မှုများအတွက် တရားမ ျှတမှုပြန်လည်ရှာဖွေရာတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အခက်အခဲနှင့် စိန်ခေါ်မှုများ