ND-Burma မှ ပြုစုထားသည့် ၂၀၁၆ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ လူ့အခွင့်အရေးကျူးလွန်ချိုးဖောက်မှုများ သိသိသာသာ များပြားလာခြင်း

နေ့စွဲ ဖေဖေါ်ဝါရီ ၈၊ ၂၀၁၇

ချက်ခြင်းထုတ်ပြန်ရန်

ND-Burma မှ ယနေ့ထုတ်ပြန်သည့် ၂၀၁၆ ခုနှစ် လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာအရ Read more

နိဒါန်း

ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် အာဏာရှင်စနစ်နှင့် စစ်အစိုးရအုပ်ချုပ်ရေးကာလများ လွန်မြောက်ပြီးမြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကိစ္စရပ်များသည် Read more

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်

Burma Issues မှ စောကွယ်စေး (ခ) Kyaw Kweh (၄၃နှစ်) သည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မဲဆောက်ဆေးရုံကြီး၌ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက် (တနင်္လာနေ့) နံနက် ၅ နာရီခန့်တွင် ကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။

စောကွယ်စေးသည် ၁၉၉၀ ခုနှစ် Burma Issues / Peace Way Foundation Burma စတင်ဖွဲ့စည်း ထူထောင်ရာတွင် ပါဝင်ခဲ့သူတဦးဖြစ်ပြီး Country Coordinator, Planning Committee, Advocacy and Campaign Coordinator စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူတဦး ဖြစ်သည်။ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) ND-Burma တွင်လည်း စတင်ဖွဲ့စည်းစဉ်ကတည်းက အစဉ်တစိုက် ပူးပေါင်းပါဝင်ခဲ့သူတဦးဖြစ်ပြီး စီမံအဖွဲ့ဝင်၊ အကြံပေးအဖွဲ့ဝင်၊ သင်တန်းနည်းပြ စသည့် တာဝန်များကို တက်ကြွစွာ ထမ်းဆောင်ခဲ့သူတဦးလည်း ဖြစ်ပါသည်။

စောကွယ်စေးသည် မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေး၊ လူ့အခွင့်အရေးတို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တဦးဖြစ်ပြီး လွတ်လပ်မှု၊ ညီမျှခြင်း၊ တရားမျှတခြင်းတို့အတွက် ကွယ်လွန်ချိန်အထိ စိတ်အားထက်သန်စွာ လှုပ်ရှားဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါသည်။

စောကွယ်စေးကွယ်လွန်ခြင်းသည် မိသားစုအတွက်၊ Burma Issues အတွက်၊ ND-Burma အတွက် သာမက တိုင်းပြည်အတွက်ပါ ဆုံးရှုံးမှုတခုပင် ဖြစ်သည်။

ထို့ကြောင့် စောကွယ်စေး၏ တိုင်းပြည်အကျိုးဆောင်ရွက်မှုများ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေး ဆောင်ရွက်မှုများကို မိမိတို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) မှ ဂုဏ်ပြုမှတ်တမ်း တင်ရင်း စောကွယ်စေးကွယ်လွန်ခြင်းအတွက် ဤဝမ်းနည်းကြောင်း သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

စောကွယ်စေး (ခ) Kyaw Kweh ကောင်းရာသုဂတိလားပါစေ..

ခရစ်တော်၌ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ပါစေ …

သတင်းထုတ်ပြန်ချက်

ND-Burma မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် ပထမနှစ်ဝက်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ များပြားလာသည့်အပေါ် အစီရင်ခံစာထုတ်ပြန်ခြင်း

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၄ ရက်

၂၀၁၆ ခုနှစ်၏ ပထမ နှစ်ဝက်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၉၈ မှုကို Read more

ယနေ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ ရန်ကုန်မြို့တွင် ထုတ်ပြန်သည့် ဘားမားလင့်ခ်၊ မြန်မာ့အရေး Read more

“လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” အစီရင်ခံစာ မိတ်ဆက်ခြင်း။

၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ဘားမားလင့်ခ်၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့ နှင့် မွန်ပြည်လူ့အခွင့် အရေးဖောင်ဒေးရှင်း တို့မှ “လူမသိသူမသိဘဝများ – မြန်မာနိုင်ငံမှ လူမသိသေးသော နေရပ်စွန့်ခွာတိမ်းရှောင်ရမှု သံသရာ” ဟု အမည်ပေးထားသည့် အစီရင်ခံစာအသစ်အား ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းနယ်စပ်တစ်လျှောက် နေထိုင်နေကြသော ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်ရသူ တိုင်းရင်းသားလူမျိုးစု အသိုင်းအဝိုင်းများ၊ အထူးသဖြင့် မွန်တိုင်းရင်းသားများ၏ ဆက်လက်စိုးရိမ်ပူပန်နေရမှုများအား အလေးပေးဖော်ပြထားပါသည်။ လတ်တလော ပြုပြင်ပြောင်းလဲမှုများသည် ယင်းအရှေ့တောင်ပိုင်းမှ အိုးအိမ်စွန့်ရွှေ့ပြောင်းဒုက္ခရောက်ရမှုများ၏ အကြောင်း တရားများကို အလုံအလောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကို ဤအစီရင်ခံမှ တွေ့ရှိထားပါသည်။

နေ့ရက် – ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၂ ရက်။
အချိန် – နံနက် ၁၀ နာရီ မှ နေ့လယ် ၁၂ နာရီအထိ။
နေရာ – Best Western Green Hill ဟိုတယ်၊ အမှတ် – ၁၂၊ ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အသေးစိတ်ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် –

အောင်ခိုင်မင်း၊ စည်းရုံးလှုံ့ဆော်ရေးနှင့်သုတေသနအရာရှိ၊ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့
+၉၅ (၀) ၉၂၆၁၀၀၉၉၅၊ +၆၆ (၀) ၉၇၉၉၅ ၅၃၀၅၊ akm@burmapartnership.org (မြန်မာ/အင်္ဂလိပ်)

နိုင်အဲမွန်၊ လုပ်ငန်းအစီအစဉ်ဒါရိုက်တာ၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း
+၉၅ (၀) ၉၇၇၆၂၂၈၀၄၀၊ auemon@rehmonnya.org (မြန်မာ/အင်္ဂလိပ်/မွန်)