ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မြန်မာနိုင်ငံတွင် စစ်ဘေးဒုက္ခသည် လေးသိန်းခွဲကျော်ရှိ
မြန်မာနိုင်ငံ၌ လက် နက်ကိုင်ပဋိပက္ခကြောင့် ထွက် ပြေးတိမ်းရှောင်နေရသည့် စစ် ဘေးဒုက္ခသည် ၂၀၁၈နှစ်ကုန်ပိုင်း အထိ လေးသိန်းခွဲကျော်ရှိကြောင်း စစ်ရှောင် ပြည်သူများအရေး ဆောင်ရွက်သောအဖွဲ့ ၁၅ ဖွဲ့ ပူးပေါင်းထုတ်ပြန်သည့် ‘အိမ် မလွမ်းသူ ဘယ်သူရှိမလဲ – မြန် မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခ နှင့် ဆက်စပ်နေသော ကာလရှည် ကြာနေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်မှုများ’ အစီရင်ခံစာတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံရှိ ကရင်နှင့်ကရင် နီတိုင်းရင်းသားအများစု နေထိုင် သည့် ဒုက္ခသည်စခန်းများ၌ ဒုက္ခ သည် ကိုးသောင်းခုနစ်ထောင်ခန့်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ကချင်၊တအာင်း နှင့်ရှမ်းစစ်ရှောင်ဒုက္ခသည် တစ် သိန်းခြောက်ထောင်ခန့်၊ မြန်မာ နိုင်ငံအရှေ့တောင်ပိုင်း၌ ကရင် နှင့် မွန်စစ်ရှောင်ဒုက္ခသည် နှစ် သိန်းရှစ်သောင်းခန့်ရှိနေကြောင်း ယမန်နေ့က ထုတ်ပြန်သည့်အစီ ရင်ခံစာတွင် ဖော်ပြသည်။
ကူညီ ထောက်ပံ့မှုများ လျော့ကျလာခြင်းနှင့် အနာဂတ် ရေရာသေချာမှုမရှိခြင်းကြောင့် စစ်ဘေးရှောင်စခန်းမှ ပြည်သူ အချို့ စိတ်ကျရောဂါခံစားနေရ ကြောင်း စစ်ဘေးရှောင်ဒုက္ခသည် စခန်းမှ တာဝန်ရှိသူများက ပြော ကြားသည်။
ဘဝရပ်တည်ရေးရွေးချယ် စရာ နည်းလမ်းမရှိခြင်းကြောင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများ တွင် စိတ်ဓာတ်ကျဆင်းမှုနှင့် မိမိကိုယ်ကိုယ် သေကြောင်းကြံ စည်မှုနှုန်း တိုးမြင့်လာသည်အထိ ဦးတည်လာသကဲ့သို့အိမ်တွင်းအ ကြမ်းဖက်မှု၊ လောင်းကစား၊ မူး ယစ်ဆေးဝါးနှင့် အရက်စွဲခြင်းတို့ ကြောင့် အခြားလူမှုရေးဆိုးကျိုး သက်ရောက်မှုများ မြင့်တက်လာ ကြောင်း အစီရင်ခံစာ၌ ဖော်ပြ သည်။
တိုက်ပွဲကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်ရသူများ နေ ရပ်ပြန်ရေး အစိုးရ၊ တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့အစည်း များက ဆောင်ရွက်သင့်သည့် အ ကြံပြုချက်များကို စစ်ဘေးရှောင် ပြည်သူများအရေးဆောင်ရွက်နေ သည့် ၁၅ ဖွဲ့က ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည် များနေ့၌ ပူးပေါင်းထုတ်ပြန်သည်။
‘အိမ်မလွမ်းသူ ဘယ်သူ ရှိမလဲ – မြန်မာနိုင်ငံ၏ လက်နက် ကိုင်ပဋိပက္ခနှင့် ဆက်စပ်နေသော ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်မှုများ’ အစီ ရင်ခံစာကို ဇွန်လ ၂၀ ရက်က ပူး ပေါင်းထုတ်ပြန်ပြီး စစ်ဘေးရှောင် ပြည်သူများအတွက် ဆောင်ရွက် သင့်သည့်အချက်များကို ထည့် သွင်းဖော်ပြခဲ့သည်။
အစိုးရထံသို့ အကြံပြုချက် ၁၉ ချက်၊ တပ်မတော်ထံသို့အကြံ ပြုချက်ခြောက်ချက် ပါဝင်ကာ တိုင်းရင်းသား လက်နက်ကိ်ုင် အ ဖွဲ့အစည်းများထံသို့ ၁၁ ချက် အကြံပြုထားသည်။ ထို့အပြင် ငြိမ်းချမ်းရေးအတွက် ထောက် ပံ့နေသော အလှူရှင်များ၊ ကုလ သမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာ မင်းကြီးရုံး( UNHCR) နှင့် အစိုးရ မဟုတ်သော နိုင်ငံတကာအဖွဲ့အ စည်းများကိုလည်း အကြံပြုချက် ဟူ၍ ထည့်သွင်းဖော်ပြထားသည်။
အစိုးရထံ အကြံပြုချက်များ တွင် မြေမြှုပ်မိုင်းများရှင်းလင်း ပေးရေး၊ လက်နက်ကိုင်ပဋိပက္ခ ဖြစ်စေသည့် အကြောင်းရင်းကို ရှာဖွေ၍ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ခိုင်မာစွာ လုပ်ဆောင်စေ ရေးနှင့် စစ်ရှောင်ပြည်သူများအား ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို ငြိမ်းချမ်းရေးလုပ် ငန်းစဉ်၏အရေးပါသော အစိတ် အပိုင်းအဖြစ် ထည့်သွင်းဆွေးနွေး အကောင်အထည်ဖော်ရန် ဖော်ပြ သည်။
တပ်မတော်အနေဖြင့် စစ် မှန်သော ဖက်ဒရယ်ဒီမိုကရေစီ အုပ်ချုပ်မှုစနစ်တစ်ခု ဖော်ဆောင် နိုင်ရန် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းကို အားပေး ထောက်ခံရန်နှင့် နိုင်ငံရေးတွင် စစ်တပ်ပါဝင်စွက်ဖက်မှုများကို ရုပ်သိမ်းရန် ယမန်နေ့တွင် ထုတ် ပြန်သည့် အစီရင်ခံစာ၌ဖော်ပြ သည်။
တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင်များအနေဖြင့် ဒုက္ခ သည်များ၏ အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများကိုငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၏ အရေးပါ သော အစိတ်အပိုင်းအဖြစ် ထည့် သွင်းဆွေးနွေး အကောင်အထည် ဖော်ရန်နှင့် တိုင်းရင်းသားအဖွဲ့ များအချင်းချင်းကြားဖြစ်စေ၊ အ ခြားအဖွဲ့များနှင့် ဖြစ်စေ အပြန် အလှန်ထိပ်တိုက်ပစ်ခတ်တိုက် ခိုက်မှုများကို ရှောင်ကြဉ်ရန်နှင့် ပြည်သူလူထုအား အကာအ ကွယ်ပေးနိုင်ရေး အတူတကွ လက်တွဲဆောင်ရွက်ရန် အကြံပြု ထားသည်။
‘‘ကျွန်မတို့နိုင်ငံအတွက် အ ကူအညီ၊ အထောက်အပံ့တွေ အပြင် စီးပွားရေးအခွင့်အလမ်း တွေလည်း တိုးလာနေတယ် ပြော ကြပေမယ့် ကျွန်မတို့ကတော့ ဒီ ဆယ်စုနှစ်တွေအတွင်းမှာ ထွက် ပြေးတိမ်းရှောင်ရတဲ့ တိုင်းရင်း သားလူထုတွေအတွက် အဆိုးဆုံး အခြေအနေတချို့ကိုပဲ မြင်နေ ရပါတယ်’’ဟု ကရင်ဒုက္ခသည် ကော်မတီမှ နော်ဘလူးမင်းနိုက် ဇန်က ယမန်နေ့တွင် မှတ်ချက်ပြု သည်။
ဒုက္ခသည်အားလုံးအတွက် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အတတ်နိုင်ဆုံး ကူညီမည်ဖြစ် ကြောင်း ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာမဟာမင်းကြီး မစ္စတာ ဖိလစ်ပိုဂရန်ဒီက ယမန်နေ့က ကတိပြုပြောကြားသည်။
ဇွန်လ ၂၀ ရက်တွင်ကျ ရောက်သည့် ကမ္ဘာ့ဒုက္ခသည်များ နေ့အထိမ်းအမှတ်သတင်းစကား ၌ ၎င်းကယင်းသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။ ရွှေ့ ပြောင်းဒုက္ခသည်များ ယခင်က ထက်များလာသော်လည်း ကူညီ နိုင်ရေး ပိုမိုကောင်းမွန်သော နည်းလမ်းများရှာဖွေတွေ့ရှိထား ကြောင်း ၎င်းကဆိုသည်။
‘‘သာမန်လူများကလည်း စတင်လှူဒါန်းလာပြီး စေတနာ အားဖြင့် လုပ်အားပေးလာကြပါ တယ်။ လူသားတွေရဲ့ကိုယ်ချင်း စာစိတ်တွေဟာလည်း ကြံ့ကြံ့ခံ လျက်ရှိပါတယ်။ ဒါကြောင့် ဤ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကျွန် တော်တို့ရဲ့ မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားရမယ်’’ဟု ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက ပြောကြားသည်။
7DayNews
စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူများအတွက် တရားမျှတမှု ဖော်ဆောင်ပေးရန် ရခိုင်လူငယ်များ တောင်းဆို
ဖြိုးသီဟချို/Myanmar Now
ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ပေးရန်၊ အရပ်သားများကို ပစ်မှတ်ထားခြင်းများမပြုလုပ်ရန်၊ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့ရသူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးရန် ယနေ့ နေ့လယ်ပိုင်းတွင် စစ်တွေမြို့ ဦးဥတ္တမပန်းခြံ၌ ဒေသခံ တက်ကြွလှုပ်ရှားသူများက ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။
အဖြူရောင်စာရွက်ပေါ်တွင် အနီရောင်ဆေးသားဖြင့် ရေးသားထားသည့် “စစ်ကြောရေးကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူများအတွက် တရားမျှတမှုကို အလိုရှိသည်” “ ရခိုင်တွေမှာလည်း အသက်နဲ့ပါ ” “ စစ်ပွဲများ ချက်ခြင်း ရပ်တန့်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ကြပါ” စသည့် စာတမ်းများ ကိုင်ဆောင်ထားသည့် ရခိုင်လူငယ်များက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။“ဆန္ဒပြတဲ့ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့နော်။
ရခိုင်မှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် သေဆုံးသွားတဲ့သူတွေ အများကြီးရှိတယ်။ဒဏ်ရာရတဲ့သူတွေ အများကြီးှရှိတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေ အများကြီးရှိတယ်။ ရခိုင်မှာရှိတဲ့လူငယ်တွေက ပေါင်းစပ်ပြီးတော့ သက်ဆိုင်တဲ့ သူတွေမြင်အောင် Performance (သရုပ်ဖော်)တစ်ခု ပြခြင်းဖြစ်ပါတယ်” ဟု ယင်းတောင်းဆိုပွဲတွင် ပါဝင်သည့် ကိုသန်းလှက ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(RNC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ရခိုင်ဒေသခံ ၆၀ ကျော် သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ ၁၈၀ ကျော်နှင့် ဖမ်းဆီးခံထားရသူ ၂၂၀ ကျော်ခန့် ရှိနေပြီဖြစ်သည်ဟု ၎င်းတို့ ကောက်ယူထားသည့် အချက်အလက်များပေါ် မူတည်ပြီး ပြောဆိုသည်။တပ်မတော်က ပြီးခဲ့သည့် ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် AA နှင့်ဆက်နွယ်သည်ဟု ယူဆပြီး ဖမ်းဆီးခဲ့သူ ၉၀ ကျော်ရှိပြီး၊ စစ်ဆေးဆဲ ၃၆ ဦး၊ အမှုဖွင့်အရေးယူထားသူ ၄၅ ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသူ ၃ ဦးရှိသည်ဟု ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မင်းဘာရှည်
တပ်စစ်ကြောရေးအပြီး သေဆုံးသူ မြောက်ဦးဒေသခံကို နေရပ်ပြန်သယ်
ရခိုင့်တပ်မတော်(AA) တပ်ဖွဲ့ဝင် သံသယဖြင့် တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် ယမန်နေ့က သေဆုံးသွားသည့် မြောက်ဦးဒေသခံ ကိုဇော်ဝင်းလှိုင်၏ ရုပ်အလောင်းကို မိသားစုက စစ်တွေဆေးရုံမှ နေရပ်သို့ ယနေ့ ပြန်လည် သယ်ဆောင်သွားသည်။ Read more
ရခိုင်၌ ICRC ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်တန်း တိုက်ခိုက်ခံရ
By ထက်နိုင်ဇော် 28 June 2019
ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးနှင့် ကျောက်တော်မြို့နယ်ကြား မဟာမုနိလမ်းဆုံအနီး၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းတခု ဇွန် ၂၇ ရက် ညပိုင်းက တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တန်းသည် ICRC အဖွဲ့မှ ဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုခံရခြင်းဖြစ်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိ သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
၎င်းက “ICRC ရဲ့ ထောက်ပံ့ပစ္စည်းတွေကို ရန်ကုန်ကနေ မောင်တောကို ပို့တဲ့ ကုန်ကား ၆ စီးကို မနေ့က ည ၈ နာရီခွဲ လောက် ကျောက်တော်၊ မဟာမုနိလမ်းဆုံနား ကျောက်ကြိုင်ရွာနားလေးက လမ်းမပေါ်မှာ မြေမြုပ်မိုင်း ၃ လုံးထောင် ပြီးတော့ တိုက်တယ်။ လက်နက်ငယ်နဲ့ ပစ်တယ်။ ကား ၆ စီးကနေ ရှေ့ဆုံးကားမှာ လေကာမှန်ကွဲတယ်။ လက်နက်ငယ်တွေ ထိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင် ယခုလို မိုင်းဆွဲ တိုက်ခိုက်ခံရသည်မှာ ၂၁ ကြိမ် ရှိပြီ ဖြစ်သော်လည်း ယခင်က အရပ်ဘက်ယာဉ်များ၊ အဖွဲ့အစည်းယာဉ်များကို တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်းနှင့် ICRC ယာဉ်တန်းကို တိုက်ခိုက်ခြင်း သည် အပြည်ပြည်ဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အဆိုပါ ဗိုလ်မှူးချုပ်က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ICRC က ကားတွေ၊ လူထိခိုက်မှုတော့ မရှိဘူး။ အခု တပ်မတော်ကသွားပြီး နယ်မြေ ရှင်းလင်းရေး လုပ်နေပြီ” ဟု ဆိုသည်။
ထို့အပြင် ယခု တိုက်ခိုက်မှုသည် ရက္ခိုင့် တပ်မတော် (AA) ၏ လက်ချက် ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
ကျောက်တော်နှင့် မြောက်ဦးကြား၌ ICRC ၏ ပစ္စည်းများကို ကန်ထရိုက် စနစ်ဖြင့် တင်လာသည့် အပြင် ကားတစီး လက်နက်ကြီး ကျည်အစ စင်သည်ဟု ကြားသိရကာ တိုက်ခိုက်ခံရသည့် သဘောမျိုး မဟုတ်ကြောင်း ICRC မှ ပြန် ကြား ဆက်သွယ်ရေးအရာရှိ ဦးဇော်ဝင်းက ပြောသည်။
ဦးဇော်ဝင်းက “ကျောက်တော်နဲ့ မြောက်ဦးကြားက တောင်ဦးနားမှာ ဖြစ်တယ်လို့ သိရတယ်။ ICRC ယာဉ်တော့ မဟုတ်ဘူး။ ICRC က အစား အစာတွေတင်ပြီး မောင်တောကို သွားတုန်း လက်နက်ကြီးကျည် စင်တာလို့ ပြောတယ်။ တယောက်မှ ထိခိုက်မှု မရှိပါ ဘူး။ ကားမှာလည်း ICRC တံဆိပ် မပါဘူး”ဟု ဆိုသည်။
တိုက်ခိုက်ခံရသည့် နေရာသည် ကျောက်တော် မဟာမုနိဘုရား ဆိုသော်လည်း မြောက်ဦးဘက် အခြမ်းဘက်တွင် ဖြစ်ကာ ကားတန်းတခု မိုင်းဆွဲခံရမှု ဖြစ်စဉ် မနေ့ကညပိုင်းက ဖြစ်ပွားခဲ့သည်မှာ မှန်သော်လည်း ICRC ယာဉ်တန်းဟု မပြောနိုင်ကြောင်း ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ဧရာဝတီသို့ ပြောသည်။
“အခုနောက်ပိုင်းမှာ ကားတန်း မိုင်းဆွဲခံရပြီ ဆိုရင် လူတွေကလည်း မသွားရဲ၊ မကြည့်ရဲကြတော့ဘူး။ အဲဒါကြောင့် သတင်းတွေက ကျနော်တို့တောင် သေချာလေ့လာပြီးမှ ပြောနေရတယ်။ ကားတန်းမိုင်းဆွဲခံရရင် လူတွေက မနေရဲ ကြတော့ဘူး။ ICRC ဆိုတာကတော့ ကောလာဟလ ဖြစ်ဖို့များတယ်”ဟု ၎င်းက ပြောပြသည်။
ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ အတည်ပြုနိုင်ရန် AA ဘက်ကိုလည်း ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ် မရခဲ့ပါ။
ယခုလ ၂၂ရက်နေ့က စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် တပ်မတော်(ရေ)မှ ရေယာဉ်တစီး တိုက်ခိုက်ခံရမှုတွင် စစ်သည်တချို့ ကျဆုံးသည့် ဖြစ်စဉ်တွင် AA က ၎င်းတို့ လက်ချက်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ပဋိပက္ခနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၏ အကူအညီပေးရေး လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ကန့်ကွက်မှုများ၊ ဟန့်တားမှုများ ကြုံတွေ့ ခဲ့ရသည် မကြာခဏ တွေ့ရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် စက်တင်ဘာလကလည်း စစ်တွေမြို့ ဆတ်ရိုးကျ ကယ်ဆယ်ရေး အကွက်(၁) ဘူးသီးတောင် စက်လှေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)မှ ကူညီထောက်ပံ့ သည့် ပစ္စည်းများ တင်ဆောင် ထားသည့် သော်တာဝင်း စက်လှေကို လူပေါင်း ၃၀ဝခန့်က ဟန့်တားသဖြင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် ရှင်းလင်းခဲ့ရ သေးသည်။
ရခိုင်ပြည်နယ်တွင်၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ တပ်မတော်နှင့် AA တို့ကြား ရသေ့တောင်၊ ဘူးသီး တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ဘေး ရှောင် ၄ သောင်းကျော်အထိ များလာပြီ ဖြစ်သည်။
ကျောက်တော်နှင့် မြောက်ဦး နယ်မြေတို့တွင် တိုက်ပွဲများ ဆက်ရှိနေရသည့် အကြောင်းမှာ AA အဖွဲ့က ထုတ်ပြန်ထား သည့် Arakan Dream ၂၀၂၀ ကို ယခုနေရာမှ စတင်ပြီး လုပ်ဆောင်မည်ဆိုသည့် အယူအဆမျိုး ရှိနေခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော် တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက် တခုတွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ AA နှင့် တိုက်ပွဲပေါင်း ၂၀၆ ကြိမ် ဖြစ်ပွားခဲ့ပြီး AA အဖွဲ့မှ အလောင်းရသူ ၁၀ဝ နီးပါး ရှိကြောင်း၊ အရှင်ဖမ်းမိသူ ၄၆ ဦး ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်နေကြောင်း ပြီးခဲ့သည့် မေလအတွင်းက ထုတ်ပြန်ခဲ့သည်။
AA အဖွဲ့ကမူ ၂၀၁၉ ခုနှစ် ဇွန်လ အထိ မြန်မာ့ တပ်မတော်ဘက်မှ ကျဆုံးသူ ၁၂၀ဝ ကျော်ရှိကြောင်း ထုတ်ပြန်ပြော ဆိုထားသည်။
အစိုးရက AA အဖွဲ့ကို နေပြည်တော် အထိ ဖိတ်ခေါ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှု များ မရရှိခဲ့သလို တပ်မတော်ကလည်း AA ကို အကြမ်းဖက် သောင်းကျန်းသူအဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။
ထို့အပြင် AA ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့ကြား တွေ့ဆုံညှိနှိုင်းနိုင်ရေးမှာ တွေ့ဆုံမည့်နေရာ ညှိနှိုင်း၍ မရသေးသဖြင့် ယနေ့အချိန်ထိ တရားဝင် တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။
Irrawaddy News
မြန်မာနိုင်ငံ – ထွက်ပြေးတိမ်းရှောင်ရသူ တိုင်းရင်းသားလူထုများကို ပစ်ပယ်ထားခြင်းအားရပ်တန့်ပါ
ဤကာတွန်းဇာတ်လမ်းတိုကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ထုတ်ပြန်ထားသည့် လက်နက်ကိုင်ပဋိပက္ခနှင့် ၎င်းနှင့်ဆက်စပ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဖြစ်ပေါ်သော ကာလရှည်ကြာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်မှုများအကြောင်းကို ရေးသားဖော်ပြထားသည့် အစီရင်ခံစာနှင့်အတူ တစ်ချိန်တည်း ထုတ်ပြန်ပြသခဲ့ခြင်း ဖြစ်ပါသည်။
Read more
မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးအခြေအနေများ ဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်နေသည်
၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှ ၉၄ မှုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည် (နောက်ဆက်တွဲ ၃ ကို ကြည့်ပါ)။ Read more