မတ်လ ၁၇ ရက် ၂၀၁၉ ခုနှစ်
တအာင်းအမျိုးသမီး အဖွဲ့အစည်း

မတ်လ ၁၇ ရက်နေ့ ၂၀၁၉ ခုနှစ်တွင် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ၊ ဖမ်းခံရသည့် နမ္မတူမြို့နယ် မန်လီရွာသားများ၏ မိသားစုဝင်များနှင့်အတူ ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အသီးသီးရှိ တအာင်းလူထုများမှ ရွာသား (၁၂) ဦး အမြန်ဆုံး လွတ်မြောက်ရေးအတွက် နံနက် ၉ နာရီမှ ၁၂ နာရီထိ ဆန္ဒ ထုတ်ဖော်ပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ် မန်လီရွာသား (၁၂) ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ မတ်လ (၁) ရက်နေ့ ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်ထိ မည်သည့်နေရာသို့ ထိန်းသိမ်းထားသည်ကို မသိရသဖြင့် တအာင်းပြည်သူလူထုနှင့် မိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြသည်။

ဆန္ဒထုတ်ဖော်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်မှာ – ဖမ်းဆီးခံရသည့် ရွာသားများ အမြန်ဆုံး ပြန်လွတ်ပေးရန်နှင့် နောက်နောင် လူ့အခွင့်အရေးချိုးဖောက်မှု ထပ်မံ မဖြစ်ပွားအောင် ရည်ရွယ်ခြင်း ဖြစ်ပြီး ပူးပေါင်းဆန္ဒပြသည့် ဦးရေမှာ (၁၀ဝ၀) ကျော်ရှိသည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

မန်လီရွာသား (၁၂) ဦး ပျောက်ဆုံးခြင်းနှင့် ပတ်သက်၍ မိသားစုဝင်များမှ ဆုတောင်းပွဲ ပြုလုပ်ခြင်း၊ တအာင်းအရပ်ဖက် အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာချက် (၂) ကြိမ်ထုတ်ပြန်ပြီး ပြန်လွှတ်ပေးရန်တောင်းဆိုသောလည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ဖမ်းဆီးထားခြင်း မရှိကြောင်း မီဒီယာတွင် ငြင်းဆိုထားသည်။

တအာင်းအရပ်ဖက်အဖွဲ့အစည်းမှ သက်ဆိုင်ရာ ရှမ်းအဖွဲ့အစည်းနှင့် အစိုးရဌာနထံ စာပို့ထားသော်လည်း ဖမ်းဆီးသွားသည့် အဖွဲ့အစည်းမှ ယနေ့တိုင် အဘယ်ကြောင့် ဖမ်းဆီးသွားခြင်း ဖြစ်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

မန်လီရွာသား (၁၂) ဦး ပြန်လည်လွတ်မြောက်လာနိုင်သည်အထိ တအာင်းအရပ်ဖက်အဖွဲ့အစည်းများမှ တက်နိုင်သမျှ ရှေ့ဆက်ပြီး လုပ်ဆောင်ချက်များ ဆက်လက်လုပ်ဆောင်သွားမည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီမှ ပြောသည်။

ဆက်သွယ်ရန်
ဝ၉-၂၅၆၁၂၈၅၈၂၊ ဝ၉-၂၆၄၁၆၂၂၂၉

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ဖမ်းဆီးခံရတဲ့ ကြံခုတ် လုပ်သား ၇၀ ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်းနဲ့ တနင်္လာနေ့က တပ်မတော်နဲ့ တိုက်ပွဲတကြိမ် ထပ်မံဖြစ်ပွားကြောင်း ကချင် လွတ်လပ်ရေးတပ်ဖွဲ့ KIA က ပြောပါတယ်။

သီပေါမြို့နယ်မှာတော့ တပ်မတော်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP အကြားတိုက်ပွဲတွေကြောင့် ဒေသခံ ၆၀ဝ လောက်ဟာ ကျေးသီးမြို့ကို တိမ်းရှောင်နေရပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေတွေကို VOA မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ဟုတ်ကဲ့။ ကြံခုတ်လုပ်သား ၇၀လောက်ဟာ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအုပ်စု မန်ကောင်းကျေးရွာကနေ ဒီလ ၄ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ဒီရက်ပိုင်းအတွင်းမှာ သူတို့ကို ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။

ကြံခုတ်လုပ်သားတွေ ပြန်လွှတ်ပေးလိုက်တဲ့အခြေအနေကို KIA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး နော်ဘူက VOA ကို အခုလို ပြောပါတယ်။

“အစကတော့ တပ်ရင်း ၈ ဖက်က လူသစ် စုဆောင်းတယ်ဆိုတဲ့ သတင်းထွက်ပါတယ်။ ကြံခင်းက လူတွေ ၇၀ ကျော်ကိုတော့ ဖမ်းတာတော့ ဖမ်းတာပေါ့။ ဒါပေမဲ့ ဘယ်လို ပြောမှာလဲ၊ ရွေးဖို့ နေရာလည်း အဆင်မပြေတဲ့ အခါကျတော့ သူတို့ရဲ့ တပ်တည်တဲ့ နေရာအထိ ခေါ်သွားတယ်ဆိုတဲ့ သတင်းထွက်ပါတယ်။

၃ ရက်လောက်ရှိပြီ ထင်တယ်။ သူတို့ တဖွဲ့ပြီးတဖွဲ့ စီစစ်ပြီးတော့ ပြန်လွှတ်တာ။ ဥပမာ ဒီအိမ်ထောင်သည်တွေလည်း ပါတယ်။ နောက် သက်ကြီးရွယ်အိုတွေလည်း ပါတယ်။ နောက်ပြီးတော့ ကချင်တိုင်းရင်းသား မဟုတ်တာတွေလည်း ပါတာပေါ့။ အဲဒါကို စီစစ်ပြီးမှ ဖြည်းဖြည်းချင်း ပြန်လွှတ်တာ။ မနေ့က အယောက် ၂၀ ကျော်လွှတ်ပြီးမှ မကျန်တော့ဘူးလို့ ပြောတယ်။ ”

KIA က ဖမ်းဆီးသွားတဲ့ ကြံခုတ် လုပ်သားတွေထဲက ပလောင်လူမျိုးတွေ ပြန်လွတ်လာပြီ ဖြစ်ကြောင်းကို ရှမ်းပြည်နယ် မြောက်ပိုင်းအခြေစိုက် တအန်း (ပလောင်) အမျိုးသမီးအဖွဲ့က ဗဟိုကော်မတီဝင် လွေးချှီစငါးက အခုလို ပြောပါတယ်။

“ ကွတ်ခိုင်က ဖမ်းခံရတဲ့ဟာတွေကျတော့ ပလောင်တွေပေါ့။ ကျမတို့ တအန်း (ပလောင်) တွေတော့ အကုန်လုံးလွတ်လာပြီ။ ဒါပေမဲ့ ၂ယောက်တော့ ကျန်တယ်။ ၂ယောက်က နံမည် အမှားကြီးကြောင့်မို့ သူတို့နှစ်ယောက်တော့ ပြန်မလွှတ်ပေးဘူး။ ဒါပေမဲ့ ပြန်လွှတ်ပေးမယ်တော့ ပြောတာပေါ့နော်။ ပြန်လွှတ်လာပေးတာက ပထမ အသုတ်ကတော့ တိတိကျကျ မသိရဘူး။ ဒုတိယ အသုတ်ကတော့ ၂၆ယောက်။”

ကွတ်ခိုင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်လွင်ကတော့ ပြန်လွှတ်ပေးတဲ့ သတင်းကြားသိရပေမဲ့ ဘယ်နှစ်ယောက် ပြန်လွတ်လာတယ်ဆိုတာကို အတိအကျ စာရင်း မရသေးကြောင်း ပြောပါတယ်။

ကွတ်ခိုင်မြို့နယ်အတွင်းမှာ KIA က လူသစ်စုဆောင်းဖို့ ဆောင်ရွက်ခဲ့တဲ့နောက် ဒီလ ၆ ရက်နဲ့ ၁၁ ရက်နေ့က တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို ဗိုလ်မှုးကြီးနော်ဘူ က

“ရှမ်းမြောက်ဘက်မှာ ဖြစ်ပါတယ်။ ကျနော်တို့ ကချင်ပြည်ဘက်မှာတော့ မဖြစ်ဘူး။ အရင်အပတ်က တစ်ခေါက်ဖြစ်တယ်။ မနေ့က တစ်ခေါက်ဖြစ်တယ်။ နှစ်ခါပေါ့။ နှစ်နေရာမှာ နှစ်ခေါက်ဖြစ်တာပေါ့။ အဲဒါလည်း KIA တပ်ရင်း ၈ နယ်မြေဘက်မှာ ကွတ်ခိုင်မြို့နယ် အတွင်းမှာ ဖြစ်ပါတယ်။”

KNG ကချင် သတင်းဌာနကတော့ ဒီလ ၁၁ရက်နေ့က ကွတ်ခိုင်မြိ့နယ်မှာ တိုက်ပွဲ ၄ ကြိမ်ဖြစ်ကြောင်းနဲ့ ၁၂ရက်နေ့ မနက်မှာလည်း တကြိမ်ဖြစ်ပွားကြောင်း သတင်းဖော်ပြထားပါတယ်။

သီပေါမြို့နယ် အတွင်းမှာတော့ အစိုးရတပ်မတော်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP ကြားမှာ ၈ ရက်နေ့စတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သီပေါမြို့နယ်က ရွာ ၁၀ ရွာလောက်က ရာနဲ့ချီတဲ့ ဒေသခံတွေဟာ ကျေးသီးမြို့ကို တိမ်းရှောင်နေရကြောင်း ကျေးသီးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိ်ုင်းစံမိန်းက ပြောပါတယ်။

“သီပေါမြို့နယ်ထဲမှာ အုပ်စုက ၂ အုပ်စုပေါ့။ မိုင်းတုန်အုပ်စုနဲ့ ကွမ်ခမ်းအုပ်စု၊ ရွာ ၁၀ ရွာလောက် ရှိတယ်ဗျ။ လူဦးရေက ၆၀ဝ လောက် ရှိတယ်ပေါ့။ များသောအားဖြင့် ကလေးနဲ့ သက်ကြီး ရွယ်အိုတွေ ပိုများတယ်ဗျ။ တချို့တွကျတော့ အဝတ်တထည် ကိုယ်တစ်ခုနဲ့ လာကြတာပေါ့။ အဲလိုမျိုး ထွက်ပြေးလာတဲ့ ပုဂ္ဂိုလ်တွေ များတယ်ဗျ။ နေရာ ၂ နေရာ ခွဲပြီးတော့မှ စစ်ဘေးရှောင် နားခိုရာ စခန်းပေါ့နော် အဲလိုမျိုးလေး ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ ခွဲပြီးတော့ ထားထားတာ။ ”

ဒီကနေ့မှာတော့ ကျေးသီးမြို့ အနီးအနားမှာ တိုက်ပွဲတွေ ငြိမ်သက်နေပြီး သီပေါနဲ့ နမ့်လမ်ကြားမှာ တိုက်ပွဲဖြစ်ပွားတာရှိကြောင်း SSPP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး စိုင်းဖုန်းဟန်က ပြောပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တပ်မတော်နဲ့ TNLA ခေါ် တအန်း (ပလောင်) တပ်အကြားမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA က သတင်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်ကတော့ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသ ၅ခုမှာ စစ်ရေး လှုပ်ရှားတာတွေကို ၄လတာ ရပ်ဆိုင်းထားမှာဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာပြီး ၂လတာကာလမှာ တိုက်ပွဲတွေ လျော့ကျခဲ့ပေမဲ့ ၃ လနီးပါး ကြာမြင့်ချိန်မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်ဖြစ်လာနေပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ဒီနေ့ ဖြစ်ပွားတဲ့ တိုက်ပွဲ အခြေအနေကို မေးမြန်းနိုင်ဖို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

<iframe src=”https://burmese.voanews.com/embed/player/0/4825448.html?type=audio” frameborder=”0″ scrolling=”no” width=”100%” height=”144″ allowfullscreen></iframe>

VOA News

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် မောင်းထုတ်ခဲ့တဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် တာဝန်ရှိသူတွေအနေနဲ့ အရေးယူခံရမှာဖြစ်တယ်လို့ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တာဝန်ရှိသူက အခိုင်အမာပြောကြားလိုက်ပါတယ်။

မြန်မာဟာ ICC ကိုလက်မှတ်ရေးမထိုးထားလို့ဆိုတဲ့အချက်နဲ့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဘယ်လိုမှ ဟန့်တားနိုင်မှာ မဟုတ်ဘူးလို့ မတ်လ ၁၁ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်မှာ ပြုလုပ်တဲ့ ICC သတင်းစာရှင်းလင်းပွဲအတွင်း ICC ပြောခွင့်ရ Phakiso Mochochoko ကပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ တသန်းလောက်ရှိနေတဲ့ ဒုက္ခသည်စခန်းတွေကို ပြီးခဲ့တဲ့ အင်္ဂါနေ့ မတ်လ (၅)ရက်နေ့က စတင် သွားရောက်ကြည့်ရှုခဲ့တဲ့ ICC ရှေ့နေချုပ်ရုံး ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ မတ်လ (၁၁)ရက်နေ့ တနင်္လာနေ့က ဒါကာမြို့တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ICC ခုံရုံးတာဝန်ရှိပုဂ္ဂိုလ် Phakiso Mochochoko ကတော့ အတွေ့အကြုံတွေအများကြီးရှိထားတဲ့ ICC ခုံရုံးအနေနဲ့ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိလည်း ပြဌာန်းချက်တွေနဲ့အညီ မြန်မာတာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

“တရားသူကြီးတွေအနေနဲ့ ရှေ့နေချုပ်အရာရှိကို စုံစမ်းစစ်ဆေးဖို့ တရားဝင်ခွင့်ပြုထားသ၍ ရှေ့နေချုပ်အနေနဲ့ စုံစမ်းစစ်ဆေးမှာပါ။ တခုရှိတာက မြန်မာနိုင်ငံဟာ ICC ခုံရုံးဖွဲ့စည်းဖို့ သဘောတူတဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမရှိလို့ ဒါမှမဟုတ် မြန်မာအနေနဲ့ ICC ရှေ့နေချုပ်ရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှုမလုပ်လို့ စတဲ့အချက်တွေက ICC ကို အဟန့်အတားဖြစ်စေမှာ မဟုတ်ပါဘူး။ စုံစမ်းစစ်ဆေးမှုလုပ်တဲ့အခါမှာတော့ ကျနော်တို့အတွက် အခက်အခဲစိန်ခေါ်မှု အနည်းငယ်ရှိနိုင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုး အရင်က ကျနော်တို့ ရင်ဆိုင်ခဲ့ဘူးပါတယ်။ ဒါပေမဲ့လည်း ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှုတွေမပါဝင်ပဲနဲ့တောင် ICC အနေနဲ့ ဆက်လက်လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။”

ဒါအပြင် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်မောင်းထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပမ်းမှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ရှေ့နေချုပ် Fatou Bensouda အနေနဲ့ သံဓိဌာန်ချထားကြောင်း Phakiso Mochochoko က အခုလို ပြောပါတယ်။

“ရှေ့နေချုပ်၊ သူရဲ့ရုံး အပါအဝင် ဝန်ထမ်းအားလုံးအနေနဲ့ အခုလို ဆောင်ရွက်မှုဟာတရားမျှတမှုရရှိရေး ဦးတည်ဖို့ အခိုင်အမာ သံဓိဌာန်ချထားပါတယ်။ အတိဒုက္ခခံစားနေရတဲ့ ရိုဟင်ဂျာတွေအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုတွေရှိရေး ရှေ့နေချုပ်အနေနဲ့ ဦးတည်လုပ်ဆောင်နေပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်အောင်လည်း ရှေ့နေချုပ်အနေနဲ့ ဆောင်ရွက်မှာပါ။”

ICC ရှေ့နေချုပ်ရုံး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပဏမလေ့လာသုံးသပ်မှုအဆင့်နဲ့ ပတ်သက်လို့Phakiso Mochochoko က သတင်းထောက်တွေကို ရှင်းပြရာမှာ အခုလို ကြီးမားပြင်းထန်လှတဲ့ ရာဇဝတ်ကျူးလွန်မှုတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲဆိုတဲ့အဆင့်ကို လေ့လာသုံးသပ်တာဖြစ်ကြောင်း အခုလိုပြောပါတယ်။

“ဒါတွေအားလုံးဟာ လူတဦးချင်းစီရဲ့ တာဝန်ရှိမှုနဲ့ ပတ်သက်ပါတယ်။တာဝန်ရှိတဲ့သူတွေ၊ ညွန်ကြားချက်ထုတ်ပြန်သူတွေ၊ အမိန့်ပေးသူတွေ၊ ဒီလို ရာဇဝတ်ပြစ်မှုတွေကျူးလွန်အောင် အခြားအကြောင်းအရာတွေ၊ အထောက်အကူပြု ဆောင်ရွက်ပေးသူတွေအားလုံး ပါဝင်ပါတယ်။”

ဒါအပြင် အခုကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ ပဏာမလေ့လာသုံးသပ်မှုအဆင့်ဖြစ်ပြီး စုံစမ်းစစ်ဆေးတဲ့ အဆင့်မဟုတ်ကြောင်းလည်း Phakiso Mochochoko က ပြောပါတယ်။

 

“ပဏာမ လေ့လာသုံးသပ်မှုဆိုတာ စုံစမ်းစစ်ဆေးတာမဟုတ်ပါဘူး။ ဒါပေမဲ့လို့လည်း အရေးယူဖြေရှင်းမှုတွေလိုအပ်နေတဲ့ အခြေအနေကို စုံစမ်းစစ်ဆေးမှုလုပ်မလား ဆိုတဲ့ ဆုံးဖြတ်ချက်ချဖို့ Rome Statue အချက်ပါအတိုင်း အကဲဖြတ်ဆောင်ရွက်ဖို့ကတော့ အကြောင်းအရာ ခိုင်ခိုင်လုံလုံရှိထားပါတယ်။ ဒါကြောင့် ရှေ့နေချုပ်ရုံးရဲ့လုပ်ထုံးလုပ်နည်းအရ ့ အခုခရီးစဉ်မှာ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ သက်သေအထောက်အထားတွေ စုဆောင်းတာ ဒါမှမဟုတ် အခြား စုံစမ်းစစ်ဆေးမှုမျိုး ဆောင်ရွက်တာတွေ မလုပ်ခဲ့ပါဘူး။”

မြန်မာဘက်ကနေ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နှင်ထုတ်ခဲ့တယ် ဆိုတဲ့ ပြစ်မှုကျူးလွန်မှုစွဲချက်ကို တရားစီရင်ပိုင်ခွင့်ရှိကြောင်း အမှုမစစ်မှီကြိုတင်ကြားနာတဲ့ ICC တရားသူကြီးအဖွဲ့ရုံးက ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ ဆုံးဖြတ်ချက် ချခဲ့ပြီးတဲ့နောက် ICC ရှေ့နေချုပ် Fatou Bensouda က အချက်အလက်တွေကို စတင်လေ့လာစုံစမ်းနေတာဖြစ်ပြီး အခု ICC ကိုယ်စားလှယ်အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်ကတော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

ICC ခုံရုံးဖွဲ့စည်းဖို့ သဘောတူညီချက်မှာ မြန်မာက လက်မှတ်ရေးထိုးထားခြင်းမရှိပေမဲ့ လက်မှတ်ရေးထိုးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်ရှိနေတဲ့အတွက် ICC အနေနဲ့ နယ်မြေစီရင်ပိုင်ခွင့်အာဏာနဲ့ အညီ အရေးယူနိုင်ရေး နည်းလမ်းတွေ ရှာဖွေနေတာဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရရော မြန်မာစစ်တပ်ကပါ ICC ခုံရုံးက ကိုင်တွယ်ဆောင်ရွက်မယ့်အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။ ၂၀၁၇ခုနှစ် သြဂုတ်လက ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ကနေ နယ်စပ် လုံခြုံရေးစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် သူတို့ကို တန်ပြန်ချေမှုန်းတဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအဖြစ်သာ မြန်မာဘက်က တုန့်ပြန်ပြောဆိုထားပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်တဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်မှု ကျူးလွန်မှုတွေအတွက် ပြီးခဲ့တဲ့ လကတော့ OIC အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကနေ ICJ နိုင်ငံတကာ တရားရုံးကနေ စစ်ဆေးအရေးယူဖို့ အဆိုပြုထားပါတယ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဒီနေ့ မနက်ပိုင်းက ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက် ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အနည်းဆုံး လူငယ် ၅ ဦး ဒဏ်ရာရရှိသွားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်တဲ့အနေနဲ့ ကယားပြည်နယ်က ထောင်နဲ့ချီတဲ့ လူထုတွေဟာ ဒီကနေ့ ဗိုလ်ချုပ်ကြေးရုပ်ရှိရာ ကန္တာဟေဝန် ပန်းခြံမှာ ချီတက်ဆန္ဒပြနေကြတာပါ။

စစ်ကြောင်းတွေနဲ့ ချီတက်ဆန္ဒပြရာလမ်းမှာ တာဝန်ရှိသူတွေက ပန်းခြံအဝင်လမ်းကို ပိတ်ပြီး ဝင်ခွင့် မပေးထားပေမယ့် အတားအဆီးတချို့ကို ချိုးဖျက်ပြီး ဝင်ရောက်ခဲ့ကြပါတယ်။

ဒီလိုဝင်ရောက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေက မီးသတ်ပိုက်နဲ့ဖျန်းပက်လူစုခွဲ ရာဘာကျည်နဲ့ ပစ်ခတ်မှုကြောင့် လူ ၅ ဦးဒဏ်ရာရခဲ့တယ်လို့ လက်ရှိ ပန်းခြံထဲရောက်ရှိနေတဲ့ ကရင်နီလူငယ် ကိုဒီးဒီ(ခ) စစ်မုန်းက ပြောပါတယ်။

“သူတို့က ဗီနိုင်းကပ်ထားတာပေါ့။ နှစ်ဆင့် မကျော်ရဆိုပြီးတော့ လမ်းမှာ သံဆူးကြိုးတွေ ချထားတယ်။ ကျနော်တို့က အဲဒါတွေကို ဖယ်ပြီးတော့ သွားတယ်ပေါ့။ အဲဒီအချိန်မှာပဲ သူတို့ ရာဘာကျည်နဲ့ စပစ်တယ်ပေါ့။ ရာဘာကျည်နဲ့ ပစ်တော့ ကျနော်တို့ ရဲတားထားတဲ့ဟာတွေကို ထပ်ဖောက်တဲ့အတွက် မီးသတ်ပိုက်တွေနဲ့ ကျနော်တို့ကိုထိုးတယ်။ ကျနော်တို့က တချို့ရှောင် ပြီးတော့မှ ဆက်ပြီး ချီတက်လာကြတာပေါ့နော်။ ဒဏ်ရာရတဲ့သူတွကို ကျနော်တို့ သပိတ်ထဲမှာ ဆေးအဖွဲ့ရှိတယ်။ အဲဒီဆေးအဖွဲ့အနဲ့ပဲ ကြည့်ထား ခိုင်းတယ်။”

လတ်တလောမှာတော့ ဆန္ဒပြလူထုဟာ ဗိုလ်ချုပ်ကြေးရုပ်ရှိရာအနီးမှာ စုဝေးထိုင်ကြပြီး ခေါင်းဆောင်တချို့နဲ့ တာဝန်ရှိသူတချို့က ညှိနှိုင်းနေပါတယ်။

ဒေသခံလူထုတွေကတော့ ပန်းခြံကနေ ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားဖျက်သိမ်းပေးရေး ဆက်လက် တောင်းဆို ဆန္ဒပြနေကြပြီး ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့လည်း တောင်းဆိုနေကြ ပါတယ်။

ကရင်နီလူထုတွေဟာ ဒီကနေ့မနက် အစောပိုင်းကစပြီး သပိတ်စစ်ကြောင်း ၄ ကြောင်းနဲ့ လူပေါင်း ၃၀ဝ၀ ကျော်နဲ့ စတင် ချီတက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။

DVB News

မြန်မာအစိုးရတပ်နဲ့ ရခိုင်တပ်မတော် AA တို့တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာ အရပ်သားတွေအတွက် အစားအသောက်နဲ့ လူသားချင်းစာနာတဲ့ အထောက်အပံ့တွေ ပေးလို့မရအောင် အစိုးရတပ်တွေဖက်က ပိတ်ဆို့နေတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။

အစိုးရတပ်တွေဖက်က ကျေးရွာတွေအပေါ် လက်နက်ကြီးတွေနဲ့ပစ်ခတ်တာအပြင် ဖိနှိပ်တဲ့ ဥပဒေတွေနဲ့ ရွာသားတွေကို ဖမ်းဆီးနေတယ်လို့ Amnesty International က ဒီကနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်ဟာ လူ့အခွင့်အရေးကို ဂရုမစိုက်ဘဲ ဆောင်ရွက်နေတယ်ဆိုတာ အခုနောက်ဆုံးဖြစ်ရပ်တွေက သတိပေးနေတယ်လို့ အဖွဲ့ရဲ့ ပဋိပက္ခတုံ့ပြန်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Tirana Hassan ကပြောထားပါတယ်။

၂၀၁၇ သြဂုတ်နဲ့ စက်တင်ဘာ တုန်းက ရိုဟင်ဂျာတွေအပေါ် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တဲ့ တပ်မတွေကို လတ်တလော သီတင်းပါတ်တွေကပဲ ရခိုင်ပြည်နယ်ဖက်မှာ ပြန်ချထားတယ်ဆိုတဲ့ သတင်းတွေကိုလည်း Amnesty International ကရတယ်လို့လည်း ဆိုထားပါတယ်။ ဒီဇင်ဘာလထဲကစလို့ အရပ်သား ၅ ထောင်ကျော် အိုးအိမ်ပစ်ထွက်ပြေးနေရတယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အစိုးရတပ်တွေနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ ၂၀၁၈ နိုဝင်ဘာ ကာလကုန်ပိုင်းထဲက တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ ကျော်တော်အပါအဝင် မြို့နယ် ၅ မြို့နယ်၊ တခါချင်းပြည်နယ် ပလက်ဝမြို့နယ်တွေဖက်က ဒုက္ခသည် ၇ ထောင်ကျော်လောက် စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့အတွက် နေထိုင်စားသောက်ရေး အခက်အခဲတွေ့နေတယ်လို့ အကူအညီပေးနေသူတွေက VOA မြန်မာပိုင်းကို ပြောပါတယ်။ ပလက်ဝဖက်က စစ်ဘေးဒုက္ခသည် ၂၀ဝ ကျော်လည်း Bangladesh နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။

VOA News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၇-၂-၂၀၁၉ ရက်နေ့နှင့် ၈-၂-၂၀၁၉ ရက်နေ့များတွင် သာယာဝတီမြို့မရဲစခန်း၊ တရားရုံး အချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းဦးစီးဌာနအောက်ရှိ သာယာဝတီဗဟိုအကျဉ်းထောင်ကို ဝင်ရောက်၍ အကျဉ်းသား၊ အချုပ် သားများ၊ အိပ်ဆောင်များ၊ စားဖိုကြီး၊ ထောင်တွင်း ဆေးခန်း၊ အသက်မွေးမှု အတက်သင်ကျောင်း တို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ ၁၆၅ ဦးအား တစ်ဦးချင်းဖြင့် ၂ ရက်တွေ့ဆုံမေးမြန်း မှတ်တမ်းတင်ခြင်း၊ အချုပ်သား၊ အကျဉ်းသားများ နှင့် အဖွဲ့လိုက် ၃၄ နေရာခွဲ၍ တွေ့ဆုံပြီး အခက်အခဲများ မေးမြန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက် ခံရခြင်း ရှိမရှိ မေးမြန်းစုံစမ်းခြင်း၊ တရားစာအုပ်များ၊ ဗလာစာအုပ်များ၊ သတင်းစာများ လှူဒါန်း ခြင်းတို့ကို ဆောင်ရွက်ပြီး ပြုပြင်ရန်ရှိသည်များအား တာဝန်ရှိသူများကို မှာကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်