ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ND-Burma မှ တနှစ် နှစ်ကြိမ်ထုတ်ဝေ၀ည့် အစီရင်ခံစာအရပဋိပက္ခများပြင်းထန် တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးအခြေအနေများ
ND-Burma မှ တနှစ် နှစ်ကြိမ်ထုတ်ဝေ၀ည့် အစီရင်ခံစာအရပဋိပက္ခများပြင်းထန် တိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးအခြေအနေများဆိုးရွားစွာ ဆက်လက်ဖြစ်ပေါ်နေသည်။
၂၀၁၈ ခုနှစ် ဧပြီလ ၁၉ ရက်
သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) အကြား ပြင်းထန် သည့် တိုက်ပွဲများ ဖြစ်ပွားသဖြင့်လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ဆက်လက်ဖြစ်ပေ ါ်နေသည်ကို ND-Burma မှ တွေ့ရှိသည်။ အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်နယ် တို့တွင် ဖြစ်ပြီး ND-Burma အဖွဲ့ဝင်များ အများ ဆုံး မှတ်တမ်းတင်နိုင်ခဲ့သည့် ဖြစ်ရပ်များ မှာလည်း အဆိုပါ ပြည်နယ် ၂ ခုမှ ဖြစ်သည်။
ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ရွာသားများနေထိုင်ရာသို့ မဆင်မခြင် ပစ်ခတ်ခြင်း နှင့် လေကြောင်းမှ ဗုံးကြဲခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်စွာ ဆက်ဆံပြုမူခြင်း၊ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်း စသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများအပေါ် တပ်မတော်အနေဖြင့် တာဝန်ရှိသည်။ ရပ်ရွာအနီးသို့ မဆင်မခြင် ပစ်ခတ်သည့် ဖြစ်ရပ်တခုတွင် ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်ရပြီး အတော်များများ ဒဏ်ရာရကာ တဦး သေဆုံးမှု ဖြစ်စေသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှလည်း မတရားဖမ်းဆီး၊ ထိန်းသိမ်းခြင်းနှင့် ပျောက် ဆုံးခြင်း၊ အတင်းအကြပ် လူသစ်စုဆောင်းခြင်းနှင့် ခိုင်းစေခြင်းနှင့် ရပ်ရွာအနီးတွင် EAOs များအကြား တိုက်ပွဲဖြစ်ပွားသဖြင့် ရွာသားများသေဆုံးမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်ကြ သည်။
ရှမ်းပြည်ပြန်လည်တည်ဆောက်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဖမ်းဆီး မှုကြောင့် ရွာသားများ ဆက်တိုက်ပျောက်ဆုံးမှု အထူးသဖြင့် နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားပြီး ရွာသားတဦးက ယခုလို တောင်းပန်သည် “ကျနော်တို့အနေနဲ့ RCSS/SSA ကို ကျနော်တို့ ရွာသား တွေအကုန်လုံး ပြန်လွှတ်ပေးဖို့နဲ့ နောက်ထပ် ထပ်မဖမ်းဖို့ မေတ္တာရပ်ခံပါတယ်။ ကျနော်တို့ရွာ သားတွေလည်း ဒီပဋိပက္ခထဲမှာ ပါတာမဟုတ်လို့ ကျနော်တို့ကို လက်နက်ကိုင်အဖွဲ့တွေရဲ့ ဓားစာခံ အဖြစ် မလုပ်ကြပါနဲ့”
၂၀၁၈ ခုနှစ်၏ နောက်ဆုံး ၃ လပတ်တွင် ရခိုင့်တပ်မတော် (AA) နှင့် တပ်မတော်တို့ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် တိုက်ပွဲများ တစ်ကျော့ ပြန်ဖြစ်ပွား ခဲ့သည်ကိုတွေ့ရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဒီဇင်ဘာလအတွင်း နေ့စဉ် တိုက်ပွဲများ ဖြစ် ပွားပြီးနောက် ရွာသား ၇၀ဝ ကျော် စစ်ရှောင် ဒုက္ခသည်များအဖြစ် နေထိုင်ကြရသည်။
စစ်ပွဲများ ပြင်းထန်များပြားလာခြင်းကြောင့်လည်း တပ်မတော်နှင့် EAOs များထောင်ထား သည့် မြေမြှုပ် မိုင်းများကြောင့် ရွာသားများ သေဆုံး၊ ဒဏ်ရာ ရရှိကြရသည်။
ND-Burma မှ မှတ်တမ်းတင်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများအရ လူ့အသက်နှင့် ဂုဏ်သိက္ခာအပေါ် လေးစားတန်ဖိုးထားမှု နည်းပါးသည်ကို တွေ့ရသည်။ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းနှင့် ကျူးလွန်သူများအား အပြစ်ပေးအရေးယူမှု မရှိခြင်းက နစ်နာခံစားရသူ အများစုအတွက် တရားမျှတမှုကို မရှာဖွေနိုင်ဘဲ (သို့မဟုတ်) ၄င်းတို့ နစ်နာခံစားရမှုများအတွက် ပြန်လည်ကုစားပေးလျော်မှု တစုံတရာ လက်ခံ ရရှိခြင်း ကင်းမဲ့စေပါသည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအနေဖြင့် မကြာခဏဆိုသလို အရေးပေါ်နှင့် ထိရောက်သည့် အကူ အညီများ ဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု (သို့မဟုတ်) အသက်မွေးဝမ်းကျောင်း အထောက်အကူများ လိုအပ်နေသည့်တိုင် ရရှိခြင်းမရှိပေ။ ထို့ကြောင့် မြန်မာ အစိုးရအနေဖြင့် နစ်နာခံစား ရသများ၏ လိုအပ်ချက်ကို ဖြေရှင်းပေးမည့် ပြန်လည်ကု စားပေးလျော်မှု လုပ်ငန်းစဉ်ကို အဆောတလျင် အကောင်အထည် ဖော်ဆောင်ရွက်သင့်ပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာသည့် စနစ်တရပ်ကို ထူထောင် ရမည်ဖြစ်သည်။
အဓိကတွေ့ရှိချက်
• ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှ ၉၄ မှုကို ND-Burma မှ မှတ်တမ်းတင်နိုင်ခဲ့သည် (နောက်ဆက်တွဲ ၃ ကို ကြည့်ပါ)။ ချိုးဖောက်မှု ၅၂ ခုသည် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ပြီး ကျန်သည့် ၄၂ ခုသည် ယခု အစီရင်ခံ သည့် ကာလမတိုင်မီ ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည်။
● ၂၀၁၇ ခုနှစ်တွင် ND-Burma မှ မှတ်တမ်းတင်ခဲ့သည့်နည်းတူ ပဋိပက္ခဆက်လက်ဖြစ်ပွားနေသည့် ကချင်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်ပွားသည်ကို ND-Burma အဖွဲ့ဝင်များမှ မှတ်တမ်းတင်ထားပါသည်။ ချိုးဖောက်မှု သုံးပုံတစ်ပုံကျော်သည် ကချင်ပြည်နယ် (ချိုးဖောက်မှု ၂၃ ခု) နှင့် ရှမ်းပြည်မြောက်ပိုင်း (၂၂ခု) တို့တွင် ဖြစ်ပွားကြခြင်းဖြစ်သည်။
● ချိုးဖောက်မှု အများစုတွင် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်စွာ ဆက်ဆံပြုမူခြင်း၊ တရားလက်လွတ် သတ် ဖြတ်ခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် အတင်းအကြပ်နှင်ထုတ်ခြင်း၊ မဆင်မခြင် ပစ်ခတ်ခြင်း၊ လေ ယဉ် ဖြင့် ဗုံးကြဲခြင်းနှင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်၊ သေဆုံးရမှုများ ပါဝင်ပြီး ကျန်သည့် အချက်အလက်များမှာ သမိုင်းဝင် မှတ်တမ်းများနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ အတွေ့အကြုံ များဖြစ်သည်။
● လူ့အခွင့်အရေးချိုးဖောက်မှု အများစု (၇၄ မှု) ကို အစိုးရ လုံခြုံရေးတပ်များက ကျူးလွန်ချိုးဖောက်ခဲ့ကြခြင်း ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ၏ ချိုးဖောက်မှု (၅ ခု) ရှိသည်။ အရပ် သားများမှ လူ့အခွင့်အရေး ချိုးဖောက်မှု ၂ ခုကို ကျူးလွန်ပြီး ၎င်းတို့မှာ လူကုန်ကူးမှုနှင့် ဘာသာရေးအရ ခွဲခြားမှုတို့ ဖြစ် သည်။ မြေမြှုပ်မိုင်းကြောင့် အရပ်သားများ ထိခိုက်၊ သေဆုံးသည့် အမှု ၁၃ မှု ရှိပြီး မည်သူ့လက်ချက် ဖြစ် ကြောင်း ထုတ်ဖော်နိုင်ခြင်းမရှိပါ။
● အစိုးရ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လူ့အသက်တစ်ချောင်းအပေါ် အလေးအနက်ထားမှု မရှိသည်ကို ND-Burma မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ အထင်အရှား ပြသနေပါသည်။ အထူးသဖြင့် စစ်မက် ဖြစ်ပွားနေသည့် ဒေသများတွင် အရပ်သားများနေထိုင်သည့် နေရာအနီးသို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် မဆင်မခြင် ပစ်ခတ်ခြင်းဖြစ်သည်။ အရပ်သားများမှာ အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ရင်ဆိုင်နေရသည်။ လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးရပ်တန့်ရန်နှင့် အစိုးရမှ တာဝန်ယူဆောင်ရွက်သည့် ပြန်လည်ကုစားပေးလျော်မှု လုပ်ငန်း စဉ်သည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအတွက် သက်ရောက်မှုများနှင့် အပြစ်ကျူးလွန်သော်လည်း အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်နေမှုကို ရပ်ဆိုင်းစေရန်အတွက် မရှိမဖြစ်လိုအပ်သည်။
ဆက်သွယ်ရန်
ကိုအောင်ခိုင်မင်း
စည်းရုံးလှုံ့ဆော်ရေးအဖွဲ့
ဖုန်း: + ၉၅၉ ၂၆၁-ဝ၀၉ -၉၉၅
ND-Burma အကြောင်း
ND-Burma ၏ ကွန်ရက်အဖွဲ့ဝင် ၁၂ ဖွဲ့သည် တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လိင်စိတ်ကွဲပြား သူများအား ကိုယ်စားပြုကာ လုပ်ဆောင်နေသော အဖွဲ့များ ဖြစ်ကြပါသည်။ နစ်နာခဲ့သူများ၏ တရားမျှ တမှု ရရှိရေးအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများကို ၂၀ဝ၄ ခုနှစ်မှစပြီး မှတ်တမ်းတင်နေသည့် ကွန်ရက်အဖွဲ့အစည်းဖြစ်ပါသည်။
အဖွဲ့ဝင်အဖွဲ့အစည်းများ
၁။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B)
၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Hurform)
၃။ ကချင်အမျိုးသမီးအစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT)
၄။ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)
၅။ တအာင်းကျောင်းသားနှင့် လူငယ်အဖွဲ့အစည်း (TSYO)
၆။ ထားဝယ်အမျိုးသမီးသမဂ္ဂ (TWU)
ဆက်စပ်အဖွဲ့အစည်းများ
၁။ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်ကွန်ဂရက် (AASYC)
၂။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)
၃။ ပအို့လူငယ်အဖွဲ့ (PYO)
၄။ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့ (HRDP)
၅။ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (ပဲခူးအရှေ့ခြမ်း)
၆။ ရှေ့ပြေးအသံအဖွဲ့ (PV)
၀ါးခယ်မမြို့နယ် ငှက်ပျောချောင်း တိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက် အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိရသည့် အမျိုးသားတစ်ဦး၏ အမှုကို မိသားစုဝင်၏ တိုင်ကြားမှုကြောင့် လူ့အခွင့်အရေး ကော်မရှင် ကနဦး စတင်စစ်ဆေ
၀ါးခယ်မမြို့နယ် ငှက်ပျောချောင်းတိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားပြီးနောက် ခြောက်ရက်အကြာတွင် ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့သည့် အမျိုးသားတစ်ဦး၏အမှုကို သေဆုံးသူ၏ မိသားစုဝင်က ရန်ကုန်မြို့သို့ လာရောက် တိုင်ကြားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဧပြီ ၆ ရက်တွင် ကနဦး စတင်စစ်ဆေးနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ သိရသည်။သေဆုံးသူမှာ ဦးကျော်အေးဆိုသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ၀ါးခယ်မမြို့နယ် ဆူးတွင်းကျေးရွာအုပ်စုတွင် နေထိုင်သူဖြစ်ကြောင်း၊ ၎င်းအား ရပ်ကွက်အေးချမ်းမှုကို ထိခိုက်အောင် ပြုမူသည်ဟုဆိုကာ မတ် ၂၁ ရက် မွန်းလွဲပိုင်းတွင် ၀ါးခယ်မမြို့နယ် ငှက်ပျောချောင်းတိုက်နယ် အမှတ် (၂) ရဲစခန်းက ဖမ်းဆီးသွားခဲ့ကြောင်း၊ ထို့နောက် မတ် ၂၇ ရက်တွင် သေဆုံးသွားပြီဟု သတင်းရရှိသဖြင့် အလောင်းကို ၀ါးခယ်မမြို့နယ်ဆေးရုံမှ သွားရောက် သယ်ဆောင်ခဲ့ကြကြောင်း သေဆုံးသူ မိသားစုဝင်က လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားသည်။
“သေသွားတဲ့သူ ကိုကျော်အေးရဲ့ ခယ်မပေါ့နော်။ သူက ကော်မရှင်ကို တိုင်ကြားပါတယ်။ သေဆုံးသွားတဲ့ ကိုကျော်အေးကို ရယက အုပ်ချုပ်ရေးမှူးနဲ့ စကားများရာကနေ ရဲကနေ ခေါ်ပြီးတော့ ထိန်းသိမ်းတယ်။ ပြီးတော့မှ စခန်းကနေ ထိန်းသိမ်းပြီးတဲ့နောက်ပိုင်းမှာ ခြောက်ရက်လောက်အကြာမှာ သေဆုံးသွားတယ် ဆိုပြီးတော့။ အုပ်ချုပ်ရေးမှူးပြောပြလို့ ၀ါးခယ်မဆေးရုံကြီးမှာ အလောင်းကို သွားယူတယ်။ ယူတဲ့အခါမှာ ဒီအလောင်းကို ယူတဲ့အခါကျတော့ အဲဒီမှာ အလောင်းက ရုပ်ပျက်ဆင်းပျက်နဲ့ ဒီ ဖူးရောင်ဒဏ်ရာတွေ၊ ညိုမည်း ဒဏ်ရာတွေနဲ့ မြင်မကောင်း ရှုမကောင်းတာ တွေ့ရတယ်။ ဒါတွေဟာ ပယောဂကြောင့် သေဆုံးတယ်လို့ သူတို့ယူဆတဲ့အတွက် လူ့အခွင့်အရေးက နစ်နာမှုရှိတယ်။ ချိုးဖောက်ခံရမှုရှိတဲ့အတွက် ဒါ အရေးယူဆောင်ရွက်ပေးဖို့ဆို ပြီးတော့ ကော်မရှင်ကို တိုင်ကြားလာခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့လာရောက်တိုင်ကြားတဲ့ ဒေါ်သန်းသန်းမိုးရယ်၊ ဒေါ်ခင်မာချိုရယ်။ သူတို့ကိုတော့ ဒီနေ့စပြီးတော့ စုံစမ်းစစ် ဆေးမှုတွေ ဆောင်ရွက်ပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အတွင်းရေးမှူး ဦးဘုန်းကြွယ်က ဆိုသည်။
ဦးကျော်အေးသည် ဖမ်းဆီးခံရသည့် မတ် ၂၁ ရက်မတိုင်မီ နှစ်ရက်သုံးရက်အလိုက ၎င်း၏ဇနီးဖြစ်သူနှင့် စကားများခဲ့ကြောင်း၊ ထိုသို့ စကားများတွင် အုပ်ချုပ်ရေးမှူး ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးနှင့်ပါ ထပ်မံစကား များခဲ့ကြောင်း၊ ယင်းသို့ စကားများစဉ် အုပ်ချုပ်ရေးမှူးက မင်း ငါ့အကြောင်း သိမယ်ဟု ပြောဆိုပြီး ပြန်သွားကြောင်း၊ ယင်းနောက် ရပ်ရွာအေးချမ်းမှုကို ထိခိုက်အောင်ပြုမူသည်ဟု ဆိုကာ ဖမ်းဆီးခံခဲ့ရပြီးနောက် ခြောက်ရက်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သို့ မိသားစုဝင်က တိိုင်ကြားထားသည်။
“မျက်နှာမှာ ညိုမည်း ဒဏ်ရာတွေနဲ့ မြင်မကောင်းဘူး။ အသက်တောင် ပြင်းပြင်း မရှူနိုင်ဘူး။ ကျွန်မ ခဲအို ကိုကျော်အေးတောင် ကျွန်မ မမှတ်မိဘူး။ အိမ်ရောက်လို့ မနက်စောစော ကျွန်မတို့ဖွင့်ကြည့်တော့ အဲဒီမှာ အူပွင့် ထွက်နေတယ်။ မျက်နှာမှာ ညိုမည်းနေတဲ့ ဒဏ်ရာတွေ။ ပြီးတော့ ဒီဘေးတွေ ကိုပေါ့နော်။ ခြေထောက်တွေနဲ့ ဖိနပ်စီးပြီး ကန်ထားတဲ့ အနေအထားမျိုးတွေ။ ဒီဘေးမှာလည်း သွေးယိုပြီးတော့ စိမ့်ထွက်နေတဲ့ပုံစံတွေလည်း တွေ့ရ တယ်။ ပြီးတော့လည်း ခြေထောက်တွေမှာ ပူတဲ့ အရာနဲ့ပေါ့နော်။ တို့ပြီးတော့ နှိပ်စက်မေးမြန်းထားသလို ကျွန်မကတော့ ထင်တယ်ပေါ့နော်။ အရည်ကြည်ဖုတွေ ထွက်ပြီးတော့ မြင်မကောင်းဘူး။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အပြစ်ရှိတဲ့သူတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့။ ဥပဒေအရ ထိရောက်စွာ အရေးယူပေးစေချင်တယ်။ ကိုကျော်အေးရဲ့ဇနီးက ခြေမသန်ဘူး။ ထော့နဲ့ထော့နဲ့နဲ့ သွားနေရတာ။ ကလေးလေးကလည်း ရှစ်နှစ်ကိုးနှစ်အရွယ် သုံးတန်းကျောင်းသူလေးပဲ ရှိသေးတာ။ အရမ်းကို ဆင်းရဲတာ။ ဘာပဲဖြစ်ဖြစ် ကျွန်မပြောတာက သူတို့ပြောသလို ဆိုးနေတဲ့သူတစ်ယောက်ကို ဥပဒေကပေးတဲ့ အဆုံးအမကိုပဲ ခံယူသင့်တယ်လို့ ကျွန်မ ယူဆတယ်လေ။ ခြေလွန်လက်လွန် ဖြစ်ပြီးတော့ ဒဏ်ရာဒဏ်ချက်တွေ မြင်မ ကောင်းတဲ့ သေဆုံးမှုကို လုံးဝကို မကျေနပ်ဘူး” ဟု သေဆုံးသူ၏ မိသားစုဝင် ဒေါ်သန်းသန်းမိုးက ပြောကြားသည်။
ယင်းအမှုကို ကော်မရှင်၏ လုပ်ထုံးလုပ်နည်းအရ လုပ်ဆောင်ပြီးနောက် မကြာမီတွင် အမှုဖြစ်ပွားသည့် နေရာသို့ ကွင်းဆင်းစစ်ဆေးမည်ဟု သိရသည်။
“ဒီလိုဖြစ်ရပ်မျိုးတွေဖြစ်ရင်တော့ တိုင်ကြားလာတာဖြစ်စေ၊ တိုင်ကြားမှုမရှိရင်လည်း ကော်မရှင်က သိရှိရင်ဖြစ်စေ အခြေခံဥပဒေအရ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ပါတယ်။ ဒါက ဒီကိစ္စဟာလည်း မကြာခင်မှာ ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စဆောင်ရွက်နိုင်ဖို့အတွက်လည်း တိုင်ကြားစာ လက်ခံရရှိပြီးနောက်ပိုင်းမှာ ဗဟိုကော်မရှင်ကို တင်ပြဖို့ရှိပါတယ်။ ဒီအစီရင်ခံစာကိုရေးပြီးတော့ ဗဟိုကော်မရှင်ထံ အဖွဲ့ကို တင်ပြသွားဖို့ရှိပါတယ်။ ဗဟိုအဖွဲ့ ရဲ့ ခွင့်ပြုချက်နဲ့ ကွင်းဆင်းစစ်ဆေးမှာ ဖြစ်ပါတယ်” ဟု ဦးဘုန်းကြွယ်က ပြောကြားသည်။
Eleven News
အနန်းကွင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်မှုဖြစ်ပွား
မွန်သတင်းအေဂျင်စီ(ဧပြီ ၆)
သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမပေါ်ရှိ အနန်းကွင်းကျေးရွာ၌ ဧပြီလ ၄ ရက်နေ့ နံနက်စောေစောပိုင်းတွင် အစိုးရစစ်သား ၂ ဦးက ရွာသား ၈ ဦးကိုပစ်သတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ခလရ (၃၃၉) တပ်သားနှစ်ဦးသည် နံနက်(၀၃:၃၀)အချိန်ခန့်တွင် ဆိုင်ကယ်တောင်းစီးရာမှ အငြင်းပွားပြီး အနန်းကွင်းကျေးရွာအတွင်း နေထိုင်သည့် အရပ်သား (၈)ဦးအား ပစ်သတ်ခဲ့ကြောင်း ကျိုက်မရော/မုဒုံသတင်းစုံ Facebook က သတင်းဖော်ပြသည်။
ထိုနောက် အနန်းကွင်းအခြေစိုက် စစ်ဗျူဟာရုံးမှ တပ်သားမြင့်ဝေကို ဖမ်းဆီးမိ၍ ကြာအင်းဆိပ်ကြီးမြို့သို့ ယမန်နေ့တွင် ပို့ဆောင်ခဲ့ပြီး တပ်သားြငိမ်းချမ်းအား အပူတပြင်းဆက်လက်ရှာဖွေလျှက်ရှိသည်။
ပစ်သတ်ခံမှုကြောင့် သေဆုံးသူများတွင် စောနောင်(၄၃) နှစ်၊ စိုးနောင်(၃၈) နှစ်၊ မျိုးနောင်(၃၅) နှစ် ၃ ဦးတို့မှာ ညီအစ်ကိုယ်ဟုယူဆရပြီး ဒေါ်မိရှမ်း(၃၈) နှစ်၊ မိပို(၃၆) နှစ်၊ အသက် ၅ နှစ်အောက် ခလေး ၃ ဦးပါဝင်သော မိသားစုဝင် ၂ စုဖြစ်ကြသည်။
အဆိုပါ မိသားစုဝင်တို့သည် အနန်းကွင်းတိုက်နယ်ဆေးရုံနှင့် မျက်နှာချင်းဆိုင်မလှမ်းမကမ်းတွင် ဝပ်ရှော့ပြင်ဆိုင်ဖွင့်လှစ်ထားသည်ဟု သိရသည်။
အနန်းကွင်းတွင် အရှေ့အတာင်တိုင်းစစ်ဌာနချုပ် စစ်ဗျူဟာ ၁ ရုံး အခြေစိုက်လျက်ရှိသည်။
MONNews
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ ဥက္ကဌ ကုလခန့်အပ်
နိုင်ငံတကာရာဇဝတ်ခုံရုံး တရားစီရင်ရေးမှာ နှစ်ပေါင်း ၃၀ ကျော်အတွေ့အကြုံရှိထားတဲ့ အမေရိကန်ရှေ့နေ Nicholas Koumjian ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဧပြီလ (၂)ရက်နေ့ အင်္ဂါနေ့ ကခန့်အပ်လိုက်ပါတယ်။ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ အခုလို ခန့်အပ်မှုကို ကန့်ကွက်ကြောင်း ဗွီအိုအေကိုပြောပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ရေး နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ Mr. Koumjian ကို မြန်မာကိစ္စမှာ ကုလသမဂ္ဂ တာဝန်ပေးလိုက်တာဟာ လေးနက်မှန်ကန်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဗွီအိုအေကိုပြောပါတယ်။မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။အမေရိကန်နိုင်ငံသား Nicholas Koumjian ကို (Independent Investigative Mechanism) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မနေ့ က ရွေးချယ် ခန့်အပ်လိုက်ကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောသွားပါတယ်။”၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က လူ့အခွင့်အရေးကောင်စီမှာ ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို အရေးယူကိုင်တွယ်နိုင်ရေး တရားဝင်မှတ်တမ်းယူမယ့် အဖွဲ့ ရဲ့ ပထမဆုံး ဥက္ကဌအဖြစ် Mr. Koumjian ကို ခန့်အပ်လိုက်ပါတယ်။ Mr. Koumjain ဟာ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရှေ့နေအဖြစ် နှစ်ပေါင်း ၃၅ နှစ်ကျော်တာဝန်ယူထမ်းဆောင်ခဲ့တဲ့အပြင် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးမှာ နှစ်ပေါင်း ၂၀နီးပါး အတွေ့အကြုံရှိခဲ့သူဖြစ်ပါတယ်။”အမေရိကန် ဒေါ်လာ သန်း (၆၀)ကျော် အကုန်အကျခံမယ့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ကို ဖွဲ့စည်းဖို့ လူ့အခွင့်အရေးကောင်စီမှာ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ချက် ချမှတ်ကတည်းက မြန်မာအစိုးရက ကန့်ကွက်လာခဲ့တဲ့အတွက် အခုလို အဖွဲ့ရဲ့ ဥက္ကဌ အဖြစ် Nicholas Koumjian ကို တာဝန်ပေးတာကိုလည်း ဆက်လက်ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။“ ကျနော်က လက်မှမခံတာဗျာ ဘယ်သူလက်ခံခံ ကျနော်ကတော့ လက်မခံဘူး FFM တုန်းကလည်း ကျနော်လက်မခံဘူး။ Human Rights Council ကနေ သူ့လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီးတော့လုပ်တဲ့ဟာ ပိုက်ဆံပဲ ဖြုန်းတာပဲ။ အစကတည်းက ကျနော်တို့ Human Rights Council resolution ကိုလည်း ကျနော်တို့ လက်မခံဘူး ၊ ကျနော်တို့ အသိအမှတ်လည်းမပြုဘူး။ ပူးပေါင်းဆောင်ရွက်ဖို့လည်း မရှိပါဘူး။”မြန်မာစစ်တပ်ကနေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကြီးမားပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို အခုချိန်ထိ မြန်မာအစိုးရဘက်က အရေးယူအပြစ်ပေးခြင်းမရှိသေးတဲ့ အပေါ်မှာ ကုလသမဂ္ဂဘက်က ဖိအားပေးဆောင်ရွက်လာနေတဲ့အနေအထားရှိနေပေမဲ့လည်း မြန်မာဘက်က လက်ခံမှာမဟုတ်ဘူးလို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။“ Pressure ကတော့ နဂိုကလည်း ပေးနေတာပဲ အခုလည်း ထပ်ထပ်ပြီးတော့ ပေးနေတာပေါ့နော်။ ဒါကတော့ သိသာပါတယ်။ ပေးနေလည်း ကျနော်တို့က ကိုယ့်လုပ်ထားတဲ့ အစီအမံနဲ့ သွားရမှာပဲ ။ ကျနော်တို့က ICOE လည်းဖွဲ့ထားပြီးပြီ။ ကျနော်တို့ mechanism နဲ့ပဲ ကျနော်တို့သွားတယ်။ တပ်မတော်ကလည်း သူ့ရဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ထားတယ် အဲဒီတော့ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့က ကိုယ်လုပ်နေတဲ့အတိုင်းပဲ ကျနော်တို့ သွားပါမယ်လို့ပြောချင်ပါတယ်။”ကုလသမဂ္ဂဘက်ကတော့ မြန်မာတပ်မတော်ခေါင်းဆောင်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်နေကြောင်း ၂၀၁၇ခုနှစ် ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်းရဲ့အစီရင်ခံစာမှာဖေါ်ပြထားတာပါ။ ဒါကြောင့် အခုလို နောက်တဆင့် အဖြစ် မြန်မာစစ်တပ်က ကျူးလွန်တဲ့ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာတရားရုံးတရုံးရုံးကနေ အရေးယူနိုင်ဖို့ တိတိကျကျ မှတ်တမ်းတင်မယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် Nicholas Koumjian ကို ကုလအတွင်းရေးမှူးချုပ်က ခန့်အပ်တာကို ကြိုဆိုကြောင်း နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။“နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးမှာ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့ပြီး အရည်အချင်းပြည့်ဝတဲ့ အတွေ့အကြုံအများကြီးရှိခဲ့သူ တဦးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အခုလို ခန့်အပ်လိုက်တဲ့အတွက် ကျနော်တို့ အလွန်ပဲ ကျေနပ်အားရမိပါတယ်။ သူက ကမ္ဘောဒီးယားကိစ္စမှာတုန်းကလည်း တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်အောင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ရ ရိုဟင်ဂျာတွေကို ညှင်းပန်းဖိနှိပ်မှုတွေအတွက် တာဝန်ရှိသူ တဦးချင်းစီအလိုက် အရေးယူနိုင်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ မှတ်တမ်းအထောက်အထားတွေကို နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ စတင်ပြီး မြန်မြန်ဆန်ဆန် နဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”ဒီလိုမျိုး မြန်မြန်ဆန်ဆန်ဖြစ်လာဖို့ ဆောင်ရွက်ခြင်းအား လူမျိုးတုန်းသတ်ဖြတ်မှုအထိ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂအနေနဲ့ ဘယ်လောက်အထိ အလေးထားဆောင်ရွက်နေသလဲဆိုတာ ရိုဟင်ဂျာအသိုင်းအဝိုင်းအနေ နဲ့သိလာမှာဖြစ်သလို၊ မြန်မာစစ်တပ်အနေနဲ့ ကုလသမဂ္ဂဘက်က ခြေလှမ်းတွေကို သတိထားဖို့ လိုတယ်လို့ Brad Adams က အခုလိုပြောပါတယ်။“အခုလို ကုလသမဂ္ဂရဲ့ဆောင်ရွက်မှုဟာ အလွန်လေးနက်ကြောင်း မြန်မာစစ်တပ်အနေနဲ့ သိဖို့ အရေးကြီးပါတယ်။ တာဝန်ရှိသူတွေကို နောက်တဆင့်အနေနဲ့ အရေးယူနိုင်ရေး ဆောင်ရွက်လာတာဖြစ်ပါတယ်။ အခုလိုမျိုး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး ရေးအဖွဲ့ရဲ့ကြိုးစားမှုရလာဒ်အဖြစ် တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တဦးချင်းစီရဲ့ နာမည်တွေကို သက်သေအထောက်အထားတွေနဲ့ ဖေါ်ထုတ်ခံရမှာဖြစ်ပြီး တကယ်လို့ နိုင်ငံတကာတရားရုံးက ကိုင်တွယ်ပြီးဆိုရင် ဒီလူတွေအနေနဲ့ တရားရုံးမှာရင်ဆိုင်ရမယ်ဆိုတာ မြန်မာအစိုးရနဲ့ စစ်တပ်အနေနဲ့ သိထားသင့်ပါတယ်။”Nicholas Koumjian ဟာ ၂၀၁၃ခုနှစ် နိုဝင်ဘာလကတည်းက ကမ္ဘောဒီးယားဆိုင်ရာ အထူးတရားရုံး ရဲ့ နိုင်ငံတကာ တွဲဖက် ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဒီမတိုင်ခင် ICTY ယူဂိုစလားဗီးယား နိုင်ငံဟောင်းဆိုင်ရာ နိုင်ငံတကာခုံရုံးမှာလည်း အမှုလိုက်ရှေ့နေ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါအပြင် Mr. Koumjian ဟာ အရှေ့တီမောမှာ ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးရေးမှာလည်း လက်ထောက် ရှေ့နေချုပ်အဖြစ်ထမ်းဆောင်ခဲ့သလို၊ Bosnia နဲ့ Herzegovina ဆိုင်ရာ နိုင်ငံတကာတရားရုံးရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ ဌာနမှာ နိုင်ငံတကာရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နောက် Sierra Leone ဆိုင်ရာ အထူးတရားရုံးမှာလည်း Nicholas Koumjian ဟာ အဓိက အမှုလိုက်ရှေ့နေဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ အစိုးရရှေ့နေအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ မြောက်ကိုရိုလိုင်းနားတက္ကသိုလ်ကနေ ဥပဒေဆိုင်ရာ ဒေါက်တာဘွဲ့ရခဲ့ပြီး ကာလီဖိုးနီးယားပြည်နယ် UCLA တက္ကသိုလ်ကနေ Business Administaration မာစတာဘွဲ့ရခဲ့တဲ့ Mr. Koumjian ဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေးလောကမှာ အတွေ့အကြုံအပြည့်အဝရှိသူလည်းဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့်တာဝန်တွေကတော့ ၂၀၁၂ခုနှစ် ကစပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ အခြားတိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်သေအထောက်အထားတွေကို အခိုင်အမာ စုစည်းပြီး မှတ်တမ်းအဖြစ် ထိန်းသိမ်းထားပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးကို လွှဲဲအပ်တာ ဒါမှမဟုတ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတရုံးကိုဖွဲ့စည်းတဲ့အခါမှာ အချက်အလက်တွေကို အဆင်သင့်တင်ပြမှာဖြစ်ပါတယ်။
VOA News
ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ စစ်ခုံရုံး ဖွဲ့ စစ်မည်
၂၀၁၇ ခုနှစ် ရခိုင်ပြည်မြောက်ပိုင်း မွတ်ဆလင်များကို အကြီးအကျယ် ထွက်ပြေးစေခဲ့သော စစ်ဆင်ရေး ကာလအတွင်း ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရန် စစ်ခုံရုံးတရုံးကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်တဦးနှင့် ဗိုလ်မှူးကြီးနှစ်ဦးတို့ဖြင့် ဖွဲ့စည်းထားသော အဆိုပါတရားရုံးသည် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်များကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဝက်ဘ်ဆိုက်တွင် တပ်မတော်က ကြေညာချက်တရပ် ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအုပ်စုများ၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International)နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့ စွပ်စွဲရေးသားဖော်ပြခဲ့သော လုံခြုံရေးတပ်များအနေဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မီးရှို့ခြင်း ကျူးလွန်ခဲ့သည်ဆိုသည့် အစီရင်ခံစာများအပေါ် အဆိုပါခုံရုံးက တုံ့ပြန်သွားမည်ဖြစ်သည်။
ရခိုင်ပြည် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မြန်မာ လုံခြုံရေးစခန်းများကို ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီ သူပုန်များ ဝင်ရောက်တိုက်ခိုက်ခြင်းအား မြန်မာ့တပ်မတော်က စစ်ဆင်ခဲ့သည်။ ဒုက္ခသည် ၇၃၀,၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ယမန်နှစ်တွင် ထုတ်ပြန်ရာ၌ “စစ်တပ်၏ လုပ်ဆောင်ချက်များသည် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်၍ အကွက်ချ လုပ်ဆောင်ခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားဗိုလ်ချုပ်ကြီး ၅ ဦးတို့အပေါ် နိုင်ငံတကာဥပဒေအရ အကြီးလေးဆုံး ပြစ်ဒဏ်ချမှတ်ရန် ထောက်ခံကြောင်း” ဖော်ပြထားခဲ့သည်။
ယင်းသို့ စွပ်စွဲချက်များအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး International Criminal Court (ICC) သို့ တင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ သို့သော် မြန်မာနိုင်ငံက ကုလသမဂ္ဂ အချက်အလက် ရှာဖွေသူများနှင့် မပူးပေါင်းခဲ့သည့်အတွက် တရားရေးအရ သက်သေအထောက်အထား မပြည့်စုံသောကြောင့် ရှေ့မတိုးနောက်မဆုတ် အနေအထား ဖြစ်နေခဲ့သည်။
ထို့ကြောင့် အစ္စလာမ္မစ်ပူးပေါင်းရေးအဖွဲ့(OIC) က နိုင်ငံတကာ တရားရုံး International Court of Justice (ICJ)တွင် တင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ICJ သည် ICC နှင့် မတူဘဲ ကုလသမဂ္ဂ၏ အဓိက တရားစီရင်ရေး အစိတ်အပိုင်းဖြစ်သည်။ ၎င်းတရားရုံးသည် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအကြား အငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းရန် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လုပ်ပိုင်ခွင့် ရှိသော ကုလသမဂ္ဂ အစိတ်အပိုင်းများနှင့် အထူးအေဂျင်စီအဖွဲ့များအတွက် ထင်မြင်ချက်များနှင့် အကြံဉာဏ်များ ပေးရသည်။
၂၀၁၇ ခုနှစ်က ယခင် တပ်မတော် စုံစမ်းစစ်ဆေးချက်များတွင် လုံခြုံရေးတပ်များအနေဖြင့် မည်သည့်ရာဇဝတ်မှုမှ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ဆိုထားခဲ့သည်။ သို့သော် ဥရောပ သမဂ္ဂနှင့် ကနေဒါနိုင်ငံတို့မှ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လာခဲ့အပြီး အခင်းဖြစ်ပွားစဉ်က အနောက်ပိုင်းတိုင်းမှူး တာဝန်ယူခဲ့သော ဗိုလ်ချုပ် မောင်မောင်စိုးနှင့် အခြားအရာရှိများအား တပ်မတော်မှ ထုတ်ပယ်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မဟုတ်ဘဲ လုံခြုံရေး ပေါ့လျော့မှု အကြောင်းပြချက်များဖြင့် ဖြစ်သည်။
ယခု တပ်မတော်မှ ဖွဲ့စည်းသော စစ်ခုံရုံးသည် အစိုးရက ဖွဲ့စည်းထားသော ဖိလစ်ပိုင်သံတမန် ရိုဇာရီယိုမာနာလိုနှင့် ကုလသမဂ္ဂဆိုင်ရာဂျပန်သံအမတ်ဟောင်း ကန်ဇိုအိုရှီးမားတို့ ပါဝင်ဦးဆောင်သည့် စုံစမ်းရေးကော်မရှင်က ပဏာမစုံစမ်းလေ့လာချက်တခုကို ထုတ်ပြန်ရတော့မည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အဆိုပါ စစ်ခုံရုံးဖွဲ့စည်းရာတွင် စစ်ဥပဒေချုပ်ရုံး၏လေ့လာသုံးသပ် အကြံပြုတင်ပြချက်များနှင့် လူ့အခွင့်အရေးအစီရင်ခံစာများတွင် ပါဝင်သည့် စွပ်စွဲချက်များအပေါ် အခြေခံထားကြောင်း တပ်မတော်ထုတ်ပြန်ချက်အရ သိရသည်။
Topics: စစ်ခုံရုံး, ရခိုင်မြောက်ပိုင်း, လူ့အခွင့်အရေး ချိုးဖောက်မှု
Irrawaddy News
မတ် ၁၈ရက် ည မြောက်ဦး မြို့တွင်း ပစ်ခတ်မှု ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောကြားချက်များ
မတ် ၁၈ရက် ည မြောက်ဦး မြို့တွင်း ပစ်ခတ်မှု ကိုယ်တိုင်ကြုံတွေ့ခဲ့သူများ၏ ပြောကြားချက်များ (ရုပ်/သံ)
ဧရာဝတီ၊ မတ် ၁၉၊ ၂၀၁၉
ရိုက်ကူး – ဧရာဝတီ
တည်းဖြတ် – ဝေယံမိုးမြင့်