ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မြန်မာစစ်တပ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကျူးလွန်ခဲ့ကြောင်း ကုလအစီရင်ခံစာထုတ်ပြန်
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေမှာ အထူးသဖြင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် မြန်မာစစ်တပ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တာကို တွေ့ရှိရကြောင်း၊ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ FFM က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြလိုက်ပါတယ်။ သြဂုတ်လ(၂၂) ရက်နေ့က နယူးယောက်မြို့ ကုလသဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစီရင်ခံစာထုတ်ပြန်ပွဲမှာ FFM အဖွဲ့ဝင် Coomaraswamy က အဲဒီလို ပြောကြားလိုက်တာပါ။
အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
မြန်မာစစ်တပ်ဟာ လူနည်းစု တိုင်းရင်းသားတွေကို ခြိမ်းခြောက် အပြစ်ပေးတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားတာနဲ့ ကျားမ မခွဲခြားပဲ ကျူးလွန်တဲ့ အကြမ်းဖက်မှု အားလုံးကို ရပ်တန့်ဖို့လိုပြီလို့ သီးခြားလွတ်လပ်တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ FFM ရဲ့ အစီရင်ခံစာ အစမှာတောင်းဆို လိုက်တာပါ။
မြန်မာစစ်တပ်ဟာ ရက်စက်တဲ့ နည်းဗျူဟာတွေကို ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ဆက်လက်အသုံးပြုနေဆဲဖြစ်ပြီး၊ ၂၀၁၇ ရခိုင်ပြည်နယ်က နယ်မြေရှင်း လင်းရေး ဖြစ်စဉ်အတွင်း စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေဟာ ပြင်းထန်လွန်းပြီး ဒီလိုလုပ်ဆောင်ချက်တွေက ရိုဟင်ဂျာတွေကို မျိုးဖြုတ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြသနေရာရောက်ကြောင်း FFM အစီရင်ခံစာမှာ စွပ်စွဲ ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂နှစ်အတွင်းဖြစ်ခဲ့တဲ့ စိတ်ပျက်ဖွယ်ရာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကကျူးလွန်ခဲ့တာက မြန်မာ့တပ်မတော်သာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ဝင် Ms. Radhika Coomaraswamy က ကြာသပတေးနေ့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစီရင်ခံစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
“ ကျမတို့ အခုထောက်ပြနေတဲ့ အခြေခံ အကြောင်းအချက်တွေဟာ လွန်ခဲ့တဲ့ ၂နှစ်အတွင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်ပြီး၊ ဒီဖြစ်ရပ်အတွက် အဓိက တာဝန်ရှိတာကတော့ မြန်မာ့တပ်မတော်ပဲ ဖြစ်ပါတယ်။ အဲဒီဖြစ်ရပ်တွေဟာ အရပ်သားအစိုးရ ဒါမှမဟုတ် အရပ်သား အဖွဲ့အစည်းတွေက ကျူးလွန်တာမျိုးမဟုတ်ပဲ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တာကို တွေ့ရပါတယ်။ စစ်တပ်ဟာ ဝမ်းနည်းစိတ်ပျက်ဖွယ်ရာ နည်းဗျူဟာတွေ သုံးခဲ့ပြီး ဒေသခံပြည်သူလူထုကို ခြိမ်းခြောက် အပြစ်ပေးတာလုပ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ခွင့်ပြုခဲ့တာကို ကျမတို့လေ့လာတွေ့ရှိရပါတယ်။ ”
ဒါ့အပြင် ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ လူမျိုးတုံး ဖယ်ရှားမှု ကျူးလွန်ရာ ရောက်တယ်လို့တောင် ပြောနိုင်ကြောင်း Coomaraswamy က ထောက်ပြပါတယ်။
“ ခြိမ်းခြောက်တဲ့နေရာမှာ အသုံးပြုတဲ့ လက်နက်တခုက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ် ဒေသတချို့မှာ ဖြစ်ပွားနေတာပါ။ ဒါကြောင့်မို့ ကျမတို့ အစီရင်ခံစာမှာ ထောက်ပြ တာက ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ရက်စက်တဲ့အကြမ်းဖက်မှု အတိုင်းအတာဟာ ကြီးမားလွန်းတဲ့အတွက် လူမျိုးတုံး ဖယ်ရှားမှုအဖြစ် ကျူးလွန်ရာ ရောက်တယ်လို့တောင် ပြောလို့ရပါတယ်။ ဒီအစီရင်ခံစာဟာ ပြီးခဲ့တဲ့နှစ် အစီရင်ခံစာမှာ ဖေါ်ပြခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအပြင် နောက်ထပ် အလားတူ အချက်လက် အသစ်တွေကိုလည်း ဖေါ်ပြထားပါတယ်။ ကျမတို့ အစီရင်ခံစာအတွက် လေ့လာတဲ့အထဲမှာ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှု၊ နောက်တခါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လူတွေသိပ်မသိကြတဲ့ အမျိုးသားတွေနဲ့ ယောက်ျားလေးတွေ လိင်ဆက်ဆံ ခံရတဲ့ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှု ၊ အကြမ်းဖက်မှု တွေကိုလည်း လေ့လာခဲ့ပါတယ်။ ဒါ့အပြင် လိင်အကြမ်းဖက်ခံရမှု ဖြစ်လာရတဲ့ အကြောင်းရင်းတွေနဲ့အတူ လိင်အကြမ်းဖက်မှုနဲ့ ကျားမခွဲခြား ဆက်ဆံခံရမှု ဆက်စပ်နေပုံတွေကိုပါ ကျမတို့ လေ့လာခဲ့ပါတယ်။ ”
မနှစ်တုန်းက စာမျက်နှာ ၄၀၀ ကျော်ရှိတဲ့ FFM အဖွဲ့ရဲ့ အစီရင်ခံစာဟာ ရိုဟင်ဂျာအများစုနဲ့ ကချင်၊ ရှမ်းဒေသက အကြမ်းဖက်ခံရသူ (၈၀၀)ကျော်ကို မေးမြန်း ပြုစုခဲ့တဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်း မရှိသလို၊ FFM အဖွဲ့ကိုလည်း မြန်မာပြည်တွင်း ဝင်ရောက်လေ့လာခွင့် ပိတ်ထားတာပါ။
တဖက်မှာလည်း မြန်မာနိုင်ငံမှာ ပြဌာန်းကျင့်သုံးနေတဲ ဥပဒေတချို့ဟာ အကြမ်းဖက်မှုကို ပိုအားပေးသလို ဖြစ်နေကြောင်းလည်း FFM အဖွဲ့ဝင် Coomaraswamy က ပြောပါတယ်။ သူတို့ လေ့လာချက်အရ ငြိမ်းချမ်းနေတဲ့ ကာလတွေမှာတောင် မြန်မာ့လူမှုအဖွဲ့အစည်းမှာ ကျင့်သုံးနေတဲ့ ဥပဒေတွေဟာ စစ်ဖြစ်တဲ့ ဒေသတွေက အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပိုဆိုးအောင် အားပေးရာရောက်တယ်လို့လည်း ထောက်ပြပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံမှုဟာ အသားအရောင် ခွဲခြားဆက်ဆံတဲ့ အခြေအနေမျိုးတောင် ဖြစ်နေကြောင်းလည်း ပြောပါတယ်။
FFM အဖွဲ့က တိုင်းရင်းသားဒေသက လိင်အကြမ်းဖက်မှုတွေ လေ့လာရာမှာ အရင် အစီရင်ခံစာထုတ်ပြန်တုန်းက မူဘောင်ချမှတ်ထားတာကို ဆက်လက် ကိုင်စွဲထားပြီး၊ နောက်ဆုံး လေ့လာချက်အရ အခြေနေတွေ ပိုမိုနက်ရှိုင်းတာကို တင်ပြဖို့ကြိုးစားထားကြောင်း ဒါကြောင့် အခုအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူမျိုးပျောက်ကွယ်အောင် စစ်တပ်က လုပ်နေတယ်ဆိုတဲ့ အချက်ကို စွပ်စွဲထားကြောင်း Coomaraswamy က ပြောပါတယ်။ FFM အဖွဲ့ဟာ သူတို့ရဲ့လေ့လာ တွေ့ရှိချက် အပြီးသတ်အစီရင်ခံစာကို ရှေ့လ စက်တင်ဘာကျရင် ကုလလူ့အခွင့်အရေးကောင်စီမှာ တင်သွင်းမှာဖြစ်ပါတယ်။
ကုလသမဂ္ဂ FFM အဖွဲ့ရဲ့ အစီရင်ခံစာဟာ နိုင်ငံရေးအရ ဖိအားပေးဖို့ ချိန်ကိုက်ထုတ်ပြန် ခြင်းမျိုးသာဖြစ်ပြီး၊ မြန်မာအစိုးရက ပြဿနာတွေပြေလည်အောင် ကြိုးပမ်းလုပ်ဆောက်ချက်တွေကို အထောက်အကူ ဖြစ်စေမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက တုံ့ပြန် ပြောဆို လိုက်ပါတယ်။
“ဒီလိုနည်းနဲ့က ကျနော်တို့ အဖြေမရနိုင်ဘူးပေါ့ဗျာ။ အဖြေဆိုတာကတော့ ကောင်းအောင် ကျနော်တို့ လုပ်နေတာတွေ ကျနော်တို့ ရည်မှန်းချက်နဲ့ ဒီလိုကိစ္စတွေ အကြမ်းဖက်မှုတွေ မတရားလုပ်နေတာတွေ မရှိအောင် ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုလုပ်ရမလဲ ။ ရှိတဲ့လူတွေကို လည်း အရေးယူဆောင်ရွက်မှုရှိအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကျနော်တို့ရဲ ကောင်းမွန်တဲ့ ကြိုးစားမှုလုပ်ငန်း တွေအစီအစဉ်တွေကတော့ ဒီလိုပုံစံနဲ့တော့ ကျနော်တို့ ဘာမှ ကောင်းကျိုးတော့ရမှာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဖိအားပေးတဲ့ဟာ ကတော့ အဓိကတော့ နိုင်ငံရေးဖိအားပေးတာ အဓိကပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ပြန်လည်လက်ခံရေးကိစ္စ ကျနော်တို့ အခုလုပ်နေတဲ့အချိန်မှာ ချိန်ကိုက်ပြီးတော့ ဒါတွေလုပ်တယ်။”
မြန်မာအစိုးရကတော့ FFM စတင်ဖွဲ့စည်း ခဲ့စဉ်ကတည်းက လက်မခံသလို၊ အဲဒီအဖွဲ့ဟာ လုပ်ပိုင်ခွင့်ထက် ပိုပြီး ကျော်လွန်လုပ်ဆောင်တဲ့ အဖွဲ့အဖြစ် သတ်မှတ်ထားတာကြောင့် မြန်မာဘက်က အသိအမှတ်မပြုကြောင်း၊ ရခိုင်ပြဿနာပြေလည်ရေးမှာ လွတ်လပ်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင် ဖွဲ့ထားသလို အခြားနည်းလမ်းတွေနဲ့ လုပ်ဆောင်နေကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ပြောသွားပါတယ်။
Voa News
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ
လူ့အခွင့်အရေး ကောင်စီ ၄၂ ကြိမ်မြောက်အစည်းအဝေး
(၉ – ၂၇ ရက်နေ့ စက်တင်ဘာလ ၂၀၁၉ ခုနှစ်)
အနှစ်ချုပ်နှင့် အဓိကကျသော အကြံပြုချက်များ
၁။ မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် (ဤနေရာမှစ၍ “မစ်ရှင်” ဟု သုံးစွဲသွားမည်။) အနေဖြင့် ၂၀၁၈ ခုနှစ် စက် တင်ဘာလ ၁၇ ရက်နေ့ ကုသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၉ ကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းခဲ့သော အစီရင်ခံစာများ (“၂၀၁၈ အစီရင်ခံစာ” ဟု သုံးစွဲသွားမည်။) ၌ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်များအကြား နိုင်ငံတကာ ဥပဒေအပေါ် ပြင်းထန်သည့် ချိုးဖောက်မှုများအပြင် ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များရှိ ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် အလွဲသုံးစားပြုမှုများ၏ တသမတ်ထဲရှိလှသော ပုံစံကို ဖေါ်ထုတ် ပြခဲ့ပြီးဖြစ်သည်။ သတ်ဖြတ်မှု၊ အကျဉ်းချမှု၊ ဥပဒေဖြင့် ပျောက်ဆုံးစေမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိန်းမှု၊ လိင်ကျွန်ပြုမှု နှင့် အခြားပုံစံများဖြင့် လိင်အကြမ်းဖက်မှုများ၊ နှိပ်ကွပ်ညှဉ်းပန်းခြင်းနှင့် ကျွန်ပြုမှုများ ပါဝင်သော များစွာသော ချိုးဖောက်မှုတို့သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်သည်ဟု မစ်ရှင်မှ သုံးသပ်ခဲ့ပါသည်။ Read more
ရှမ်းမြောက်တိုက်ပွဲတွေပြင်းထန်ချိန် တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်ဘက်မှာ တရုတ်စစ်ကားတွေလှည့်လည်၊တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ
ရှမ်းမြောက်မှာ တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ
သြဂုတ် ၁၅ရက်နေ့က တပ်မတော်နည်းပညာတက္ကသိုလ် တိုက်ခိုက်ခံရအပြီးနောက် ရှမ်းပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူအရေအတွက်ဟာ သြဂုတ် ၂၀ ရက်နေ့အထိ ကောက်ယူထားတဲ့အချက်အလက်တွေအရ ၄၈၆၂ ဦး ထိရှိလာပြီလို့ တအာင်း အရပ်ဖက်အဖွဲ့အစည်းတွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါအပြင် အဆိုပါထွက်ပြေးတိမ်းရှောင်နေရသူတွေဟာအရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အတွက လက်ရှိအာဏာရအစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းတွ၊INGOs/NGOs အဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေး ကြဖို့နဲ့ ကူညီထောက်ပံ့မှု ပေးနိုင်ဖို့ လမ်းကြောင်းကိုလည်းသက်ဆိုင်ရာအဖွဲ့အစည်း တွေကနေကူညီ ပေးဖို့ ကိုလည်း ထုတ်ပြန်ချက်မှာထည့်သွင်းတိုက်တွန်းထားပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် မူဆယ် – ကွတ်ခိုင် လမ်းပိုင်းကြားမှာ ပိတ်မိနေသူတွေ ရှိသလို နှစ်ဘက်တပ်တွေဘက်က သွားလာခွင့်တားမြစ်ထားတာကြောင့် ကူညီကယ်ဆယ်ရေးတွေကို မပြုလုပ်နိုင်သေးတဲ့အခြေအနေမှာရှိတယ်လို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ဘီဘီစီကို ပြောထားပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာလည်း လားရှိုး-ကွတ်ခိုင်အကြား၊ ၃၈ မိုင် မန်ပြိန်းကျေးရွာအနီးမှာ ပစ်ခတ်မှုတွေရှိခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့ ညပိုင်းကလည်း လားရှိုးမြို့ ၊ ဆင်တောင်ရွာအနီးမှာ ပစ်ခတ်သံတွေကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ MNDAA, TNLA, AA ဘက်က ပြင်ဦး လွင်မြို့ ၊တပ်မတော်နည်းပညာတက္ကသိုလ်-DSTA အပါအဝင် နေရာ ၅ နေရာကို စတင်တိုက်ခိုက် ပြီးနောက် ကျောက်မဲ၊ လားရှိုး၊ သီန္နီ၊ ကွတ်ခိုင်၊ မူဆယ်နဲ့ကွမ်းလုံ စတဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေပြင်းထန်ချိန် တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်ဘက်မှာ တရုတ်စစ်ကားတွေ လှည့်လည်
ရှမ်းပြည်နယ်မြောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တပ်မတော်ကြားတိုက်ပွဲတွေဖြစ်ပွားနေတုန်းမှာပဲ သြဂုတ် ၂၁ ရက်နေ့က တရုတ်မြန်မာနယ်စပ် တရုတ်ဘက်အခြမ်း ကြယ်ဂေါင်မှာ တရုတ်တပ် မတော်က စစ်ကားတွေလှည့်လည်ခဲ့တယ်လို့ မူဆယ်ဒေသခံတွေကပြောပါတယ်။
” တင့်ကား၅ စီးနဲ့ လုံခြုံရေးကား ၃စီးလှည့်တာမြင်လိုက်ရတယ်။ နယ်စပ်ခြံစည်းရိုး ရှိတဲ့လမ်းတစ်လျှောက် ကို လည်း လှည့်တယ်။ မူဆယ် နန်းတော်ပေါက်ရှိတဲ့အဲဒီနားမှာလည်း ပတ်လမ်းအနေနဲ့လှည့်တာလည်း တွေ့ဖူးတယ်။ လှည့်တဲ့အခါမှာလည်း တနေကုန်မဟုတ်ဘဲ အချိန်ပိုင်းပဲလှည့်တာကိုတွေ့ရတယ်။ ၁၇ ရက်နေ့ကလည်း သူတို့ဘက်ကနေ ဟပ်စကီး ၂ စီးနဲ့ လုံခြုံရေးလှည့်တာတွေ့ရတယ်။” မူဆယ်ဒေသခံ ဦးသောင်းထွန်းကဘီဘီစီကိုပြောပါတယ်။
ယခင် မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲ တွေ ဖြစ်ပွားခဲ့စဉ်ကလည်း တရုတ်နိုင်ငံဘက်လက်နက်ကျည်အချို့ ကျရောက်ပြီးတရုတ်နိုင်ငံသား အချို့ ထိခိုက်ဒဏ်ရာ ရတာ တွေရှိခဲ့ ပါတယ်။
အဲဒီနောက်ပိုင်းမှာတရုတ်အစိုးရအနေနဲ့တရုတ်-မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတိုးမြှင့်ချ ထားခဲ့ သလိုတိုက်ပွဲ တွေဖြစ်ပွားတဲ့အခါမှာလဲ တရုတ်နိုင်ငံထဲ ကျည်ဆံမကျရောက်ဖို့နှစ်ဘက်အဖွဲ့တွေကို သတိ ပေးထားခဲ့ပါတယ်။
အဲဒီလိုသတိပေးထားပြီးနောက်ပိုင်းကစလို့ရှမ်းပြည်မြောက်ပိုင်းမှာတပ်မတော်နဲ့တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားလာတဲ့အခါမျိုးမှာ နယ်စပ်တရုတ်နိုင်ငံ ဘက်အခြမ်း မှာတရုတ် တပ်မတော်က စစ်ကားတွေလှည့်လည် ပြီးအင်အားပြတာတွေပြုလုပ်တာတွေရှိလာခဲ့တယ်လို့ မူဆယ် ဒေသခံအချို့ကပြောပါတယ်။
BBC News
ရှမ်းမြောက်တိုက်ပွဲတွေပြင်းထန်ချိန် တရုတ်-မြန်မာနယ်စပ် ကြယ်ဂေါင်ဘက်မှာ တရုတ်စစ်ကားတွေလှည့်လည်၊ တစ်ပတ်အတွင်း စစ်ရှောင်ပြည်သူ ၅ထောင်နီးပါးရှိလာပြီး အရေးပေါ်အကူအညီလိုအပ်နေ

လိင်ပြောင်းထားသူများအပေါ် တပ်မတော်က အဓမ္မမှု ကျူးလွန်ဟု ကုလသမဂ္ဂ စွပ်စွဲ
မြန်မာတပ်မတော်အနေနဲ့ အမျိုးသားတွေ၊ ယောကျာ်းလေးတွေနဲ့ လိင်ပြောင်းထားသူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်နေတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာ မစ်ရှင် အဖွဲ့က စွပ်စွဲပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းစစ်ရေးမစ်ရှင်အဖွဲ့က ဩဂုတ် ၂၂ ရက်က ကုလသမဂ္ဂရုံးမှာ အစီရင်ခံစာထုတ်ပြန် သတင်းစာရှင်းလင်းပွဲကျင်းပပြီး စွပ်စွဲလိုက်တာပါ။
တပ်မတော်သားတွေဟာ အဓမ္မပြုကျင့်မှု၊ အုပ်စုလိုက်မုဒိမ်းကျင့်မှုနဲ့ တခြားအကြမ်းဖက်မှု တွေအပြင် အမျိုးသမီးတွေ၊ အမျိုးသားတွေ၊ မိန်းကလေးငယ်တွေ၊ ယောကျ်ားလေးတွေနဲ့ လိင်ပြောင်းထားသူတဲ့သူကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ စနစ်တကျ ပုံမှန်လိုလို ကျူးလွန်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်ခဲ့တယ်လို့လည်း အစီရင်ခံစာ မှာ စွပ်စွဲထားပါတယ်။
လိင်ပြောင်းထားသူတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ခု ပထမဆုံးအကြိမ် ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာရှင်းရှင်းလင်းလင်း မီးမောင်ထိုး တင်ပြထားတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူ ခရစ္စတိုဖာ စီဒေါ့တီ က ပြောပါတယ်။
“ကျနော်တို့ လိင်ပြောင်းထားတဲ့ ရိုဟင်ဂျာအမျိုးသမီးနဲ့ စကားပြောခဲ့ပြီး သူတို့ဟာ ရိုဟင်ဂျာ ဖြစ်တာကြောင့်ရယ်၊ လိင်ပြောင်းထားသူတွေဖြစ်တာရယ်ကြောင့် ဒုက္ခတွေ နှစ်ထပ်ကွမ်း ခံစားရသူတွေဖြစ်တယ်။”
မြန်မာတပ်မတော်အနေနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ် ခြောက်လှန့် အပြစ်ပေးဖို့အတွက် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလုပ်တာကို ရပ်တန့်ဖို့လည်း ကုလသမဂ္ဂက တောင်းဆိုပါတယ်။
ကုလအချက်အလက်ရှာမစ်ရှင်အဖွဲ့ ဥက္ကဋ္ဌ မာဇူကီ ဒါရုမန်းက “နိုင်ငံအနှံ့အပြားက ကျားမ လူတွေအားလုံးအပေါ် အလွန်အမင်းနာကျင်ခံစားရအောင် ဒုက္ခပေးခဲ့တဲ့ မြန်မာတပ်မတော်ကို တာဝန်ခံမှုရှိအောင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ လုပ်ဆောင်ရမယ် ”လို့ ပြောပါတယ်။
ဒါ့အပြင် အမျိုးသမီးနဲ့ မိန်းကလေးတွေ ရိုက်နှက်ခံရတာ၊ စီးကရက်မီးနဲ့တို့ခံရတာ၊ ဓားနဲ့ မွှန်းခံရတာ၊ မုဒိမ်းကျင့်ခံရပြီး တပ်စခန်းမှာ လိင်ကျွန်အဖြစ် စေခိုင်းခံရတာရှိသလို အမျိုးသားတွေနဲ့ ယောကျ်ားလေးတွေကိုလည်း အတင်းအကျပ် ဝစ်လစ္စလစ်နဲ့ နေခိုင်းပြီး လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခိုင်း ခဲ့တဲ့ အမှုတွေလည်း အစီရင်ခံစာမှာမှတ်တမ်း တင်ထားတယ်လို့ဆိုပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကုလမစ်ရှင်အဖွဲ့ဝင် မစ္စ ရာဒီကာ ကုမာရဆွာမိ ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့ တယ်လို့ ပြောသွားပါတယ်။
“သူတို့တွေဟာ ရပ်ရွာထဲက လူတွေကို တပ်သားသစ်စုဆောင်းတယ်။ တခါတလေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ အတင်းအဓမ္မစုဆောင်းခဲ့တယ်။ အမျိုးသမီးတွေကို ထမင်းချက်၊ သူနာပြု ၊ သန့်ရှင်းရေး စတဲ့အလုပ်တွေ ခိုင်းစေခဲ့ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေလည်း ဖြစ်ခဲ့တဲ့ အခြေအနေတွေလည်း ရှိခဲ့တယ်”
တချို့ တိုင်းရင်းသားဒေသတွေမှာတော့ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတချို့ဟာ မုဒိမ်းကျင့်သူတွေကို လက်ထပ်ခဲ့ရတာတွေရှိတယ်လို့လည်း မစ္စ ကုမာရဆွာမိက ပြောပါတယ်။
ကုလအချက်အလက်ရှာအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက ရာနဲ့ချီတဲ့ မျက်မြင်သက်သေတွေ၊ ဒုက္ခက လွတ်မြောက်လာသူတွေကို မေးမြန်းပြီး ဒီအစီရင်ခံစာကို ပြုစုခဲ့တာလို့ ဆိုပါတယ်။
အချက်အလက်ရှာအဖွဲ့အနေနဲ့ နောက်ဆုံးအစီရင်ခံစာကို လာမည့် စက်တင်ဘာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံ တင်သွင်းမှာဖြစ်ပါတယ်။
မြန်မာအစိုးရကတော့ ကုလသမဂ္ဂအချက်အလက်ရှာအဖွဲ့ကို စတင်ဖွဲ့စည်း ကတည်းက လက်မခံခဲ့သလို ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ၊ ထုတ်ပြန်ပြောဆိုချက်တွေ၊ အစီရင်ခံစာတွေအားလုံးကိုလည်း အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေ အဖြစ် ပြင်းပြင်းထန်ထန် ပယ်ချထားပါတယ်။
မြန်မာ့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လိင်အကြမ်းဖက်မှုတွေ မရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်းပြောကြားထားပါတယ်။
ဓာတ်ပုံ-UN
DVB News
မြန်မာဆိုင်ရာ ကုလအချက်လက်ရှာအဖွဲ့ ဂျာကာတာမှာ သတင်းစာရှင်းမည်
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့က ထုတ်မယ့် မြန်မာ စစ်တပ်ရဲ့ စီးပွားရေး အကျိုးစီးပွားတွေ အကြောင်း အစီရင်ခံစာ အပါအဝင် မြန်မာ့ အရေး အခုနောက်ဆုံး ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တနလာၤနေ့မှာ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ မြို့တော်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။ ကုလသမဂ္ဂရဲ့ မြန်မာ ဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ ဥက္ကဌ Marzuki Darusman က ဦးဆောင်မှာ ဖြစ်ပြီး အဖွဲ့ဝင် ဖြစ်တဲ့ Christopher Sidoti လည်း ပါဝင်မှာပါ။
ဂျာကာတာ စံတော်ချိန် နေ့ခင်း ၁၂ နာရီ မြန်မာစံတော်ချိန် နေ့ခင်း ၁၁ နာရီခွဲမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ အစီရင်ခံစာကိုလည်း အဲဒီအချိန်မှာ ထုတ်ပြန်မှာ ဖြစ်ပြီး အစီရင်ခံစာ အကျဉ်းချုပ်ကိုတော့ မြန်မာဘာသာနဲ့လည်း ထုတ်ဝေမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာကိုတော့ လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ လူ့အခွင့်အရေး ကောင်စီကို တင်သွင်းဖို့ ရှိပါတယ်။
မြန်မာနိုင်ငံတွင်း စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ စွပ်စွဲချက်တွေကို အချက်အလက် စုဆောင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်နဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက်ရှာ အဖွဲ့ ပေါ်ထွက်လာတာပါ။ ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ အချက်အလက်ရှာ အဖွဲ့ကို မြန်မာ အစိုးရဘက်က ပြည်ဝင်ခွင့် မပေးသလို ပူးပေါင်းဆောင်ရွက်မှုလည်း မလုပ်ပါဘူး။ ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့ဘက်ကတော့ မူဆလင် ရိုဟင်ဂျာတွေ အပေါ် မြန်မာ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တာဝန်ခံလာရေး ကြိုးပမ်းမှု အနေနဲ့ မြန်မာ စစ်တပ်နဲ့ ဆက်ဆံမှု အားလုံးကို ဖြတ်တောက်ဖို့ တိုက်တွန်းထားတာပါ။
၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း ရိုဟင်ဂျာ မူဆလင်တွေ အပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖြိုခွင်းမှုတွေဟာဆိုရင် လူမျိုးတုံးသွားစေဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့လည်း အချက်အလက်ရှာ အဖွဲ့က အရင်က စွပ်စွဲထားတာပါ။ မြန်မာဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းထားသလို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလည်း လက်မခံပါဘူး။ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် ထိပ်တန်း တာဝန်ရှိသူတွကို လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲဖို့ကိုလည်း ကုလသမဂ္ဂ အချက်အလက်ရှာ အဖွဲ့က တိုက်တွန်းနေတာ ဖြစ်ပါတယ်။
VOA News