ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

ပြင်ပဆက်ဆံရေး တာဝန်ခံ လျှောက်လွှာခေါ်ယူခြင်း
အလုပ်လျှောက်လွှာ ခေါ်ယူခြင်း
သို့/
လူကြီးမင်းများ
အကြောင်းအရာ။ ။ အလုပ်လျှောက်လွှာ ခေါ်ယူခြင်း Read more
ရုံးအုပ်ချူပ်ရေးမှူး အလုပ်လျှောက်လွှာခေါ်ယူခြင်း
အလုပ်လျှောက်လွှာခေါ်ယူခြင်း
ခေါင်းစဉ် – ရုံးအုပ်ချူပ်ရေးမှူး
နေရာ – ရန်ကုန်
အလုပ်ချိန် – အချိန်ပြည့်
လျှောက်လွာတင်ရန် – ၂၀၂၀၊ ဇန်န၀ါရီလ (၃၀) ရက်နေ့နောက်ဆုံး Read more
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ICJ မှာရင်ဆိုင်မယ့်ဆုံးဖြတ်ချက် မှန်ကန်မှုပေါ် အမြင်မတူကြ
ICJ နိုင်ငံတကာတရားရုံးမှာ ရင်ဆိုင်ရမယ့် အမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက် ခုခံ ချေပမယ့် ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားဆိုတဲ့အပေါ် သဘောထားအမြင် ကွဲပြားနေပါတယ်။
နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ရင်ဆိုင်မယ့် ဆုံးဖြတ်ချက်အပေါ် မတူကွဲပြားတဲ့အမြင်တချို့ကို ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူများအရေးနဲ့ ပတ်သက်ပြီး လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို မြန်မာအစိုးရက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံများကိုယ်စား ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတာပါ။
မြန်မာနိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် နယ်သာလန်နိုင်ငံ The Hague မြို့က ICJ တရားရုံးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်သွားရောက်မှာ ဖြစ်တယ်လို့ နိုဝင်ဘာ(၂၀)ရက် နေ့စွဲနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ မှာ သွားရောက် ရင်ဆိုင်မယ့်ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ မြင်သူကတော့ အမေရိကန် အင်ဒီယားနားပြည်နယ်က မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာ တင့်ဆွေဖြစ်ပါတယ်။
“ ဒီ ICJ အမှုက NLD အမှုလည်းမဟုတ်ဘူး၊ တပ်မတော် အမှုလည်းမဟုတ်ဘူး၊ ကျနော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အမှုဖြစ်တယ်။ တနည်းအားဖြင့် တရားခံဟာ မြန်မာနိုင်ငံဖြစ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီးတော့ အင်မတန်မှ အရေးကြီးတဲ့ အကြောင်းကိစ္စကို ခုခံကာကွယ်ဖို့ မြန်မာနိုင်ငံသူ ၊ နိုင်ငံသားထဲက အသင့်တော်ဆုံးပုဂ္ဂိုလ်ကလည်း ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်လို့ မြင်တဲ့အတွက် ဒီဆုံးဖြတ်ချက်ဟာ မှန်ကန်တယ်၊ နောက်တခါ ရဲရင့်ပြီးတော့ သတ္တိရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တယောက်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ မြင်ပါတယ်ခင်ဗျ။”
လာမယ့် ဒီဇင်ဘာ(၁၀)ရက်နေ့ ICJ တရားရုံး ကြားနာမှုဟာ ဥပဒေပညာရှင်တွေ လုပ်ကိုင်ရမယ့်ကိစ္စလောက်သာ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖို့ မလိုသေးဘူးလို့ ဂျာမနီနိုင်ငံ ဘာလင်တက္ကသိုလ်က အာရှရေးရာ အငြိမ်းစားကထိက ဦးခင်မောင်စောက ရှုမြင်ပါတယ်။
“ ကျနော်က အပြင်ကမြင်ရတဲ့ ကြားလူအနေနဲ့ ပြောရရင်တော့ သွားဖို့နည်းနည်းများ စောသေးတယ်လို့ ကျနော်ထင်တယ်။ အခုဟာက တရားစွဲတဲ့ ကိစ္စမဟုတ်သေးဘူး ၊ နှစ်ဦးနှစ်ဖက် ရုံးတင်သင့် မတင်သင့်၊ တရားစွဲသင့် မသင့် ဒါကိုပဲ အပြန်အလှန် ချေပကြမှာ။ ဒါက ဥပဒေပညာရှင်တွေက ပြောရမယ့်ကိစ္စ၊ နိုင်ငံခေါင်းဆောင်ဝင် ပါစရာမလိုသေးဘူးလို့ ကျနော်ထင်တယ်။ သူ့အနေနဲ့ သူက နိုင်ငံ့ခေါင်းဆောင်ဖြစ်နေတဲ့ အခြေအနေဆိုတော့ သူ့မှာတာဝန်ရှိတယ် ၊ သူကိုယ်တိုင်သွားပြီးဖြေရှင်းမယ် ဆိုတဲ့သဘောမျိုး အဲဒါပြချင်လို့ သူသွားတယ်လို့ ကျနော်ထင်ပါတယ်။”
ရခိုင်အရေးနဲ့ ပတ်သက်လို့ ICJ တရားရုံးမှာရော၊ ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာပါ မြန်မာနိုင်ငံကို တရားစွဲဖို့ ကြိုးပမ်းနေကြ တာကြောင့် နိုင်ငံတကာအလယ်မှာ ကြီးမားတဲ့ပြဿနာတခုကို ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဒေါက်တာ တင့်ဆွေက ထောက်ပြပါတယ်။
“နောင်ဘာဆက်ဖြစ်မလဲ ဆိုတာတွေကို ပေါင်းစပ်ပြီး ကြည့်လိုက်မယ်ဆိုရင် ဒီအမှုအခင်း ကိစ္စကြီးဟာ မြန်မာနိုင်ငံ သမိုင်းမှာ တခါမှ မကြုံဖူးတဲ့ အလွန့်အလွန်ကြီးမားတဲ့ အခက်အခဲပြဿနာကြီးတခုလို့ ကျနော်မြင်ပါတယ်။ ဒီကိစ္စက ၂၀၁၂ က စတယ်၊ ၂၀၁၂ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ဖြစ်ပါတယ်။ သို့သော်လည်း အခု သိန်းနဲ့ ချီပြီးတော့ ဒုက္ခသည်တွေ ထွက်ပြေးတဲ့ ကိစ္စတော့ NLD အစိုးရ လက်ထက်မှာ ဖြစ်တယ်။ အဲဒီတော့ ဖြစ်ခဲ့သမျှတွေဟာ အစိုးရတိုင်းမှာ တာဝန်ရှိတယ်။ အဲဒီ အစိုးရ ၂ ခုနောက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်တွေ ခံစားနေတဲ့ တပ်မတော်ကတော့ ထပ်ဆုံးက တာဝန်အရှိဆုံးလို့ ကျနော်အဲလိုမြင်ပါတယ်။”
ICJ နဲ့ ICC တရားရုံးတွေရဲ့ အမှုကိုရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ လာမယ့်အနာဂတ်ကာလမှာ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ကထိက ဦးခင်မောင်စောက သုံးသပ်ပါတယ်။
“ ဒီအမှုတွေက သူတို့စွပ်စွဲချက်တွေကို ပြပြီး သူတို့ဘက်က နိုင်သွားရင်တော့ မြန်မာပြည်ပေါ်ကို မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာပေါ့ဗျာ။ စီးပွားရေးအရ ပိတ်ဆို့တာတို့၊ နိုင်ငံရေးအရ ပိတ်ဆို့တာတို့၊ အဲဒါမျိုးတွေ ပေါ်လာနိုင်တယ်ပေါ့။ ဒါပေမယ့် အဲဒီတရားရုံးတွေမှာ အနည်းဆုံးကတော့ ၃ နှစ် ၊ ၄ နှစ်လောက် ကြာနေမှာပဲ ။ ဒီဇင်ဘာလဆန်းမှာ စောင့်ကြည့်ပါဦး၊ စွဲချက် တင်သင့်၊ မတင်သင့်ဆိုတာက ပထမအဆင့်။ အဲဒီမှာ စွဲချက် မတင်သင့်ဘူးဆိုရင် ပြီးသွားပြီပဲ။”
ဒီဇင်ဘာလကျရင် ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရော၊ မြန်မာနိုင်ငံကပါ နှစ်ဖက်စလုံးက လျှောက်လဲချက်တွေ ပေးရမှာဖြစ် ပါတယ်။ ဂမ်ဘီယာနိုင်ငံဘက်က ငှားရမ်းထားတဲ့ ဝါရှင်တန်ဒီစီအခြေစိုက် Foley Hoag ဥပဒေ အကျိုးဆောင်အဖွဲ့ကတော့ မြန်မာဘက်က ရိုဟင်ဂျာဒုက္ခသည်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျုးလွန်ခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့ အထောက်အထားတွေရှိကြောင်း ပြောဆိုထား ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပယ်ချထားတဲ့ မြန်မာအစိုးရကတော့ ဒီအမှုကိုရင်ဆိုင်ဖို့ ကျွမ်းကျင်တဲ့ နိုင်ငံတကာဥပဒေ ပညာရှင်တွေကို ငှားရမ်းထားတယ်လို့ ပြောဆိုထားပါတယ်။
VOA News
ICC ရှေ့နေ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ထုတ်ပြန်ကြေညာ
ICC ခေါ် နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကိုအခွင့်အာဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ ရှေ့နေ Fatou Bensouda က သူ့ရဲ့ ကြေညာချက်မှာ ဘယ် ရာဇဝတ်မှုခင်း တွေအပေါ်မှာ ဘယ်လို စုံစမ်း စစ်ဆေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြမှာပါ။
ICC တရားရုံး ရှေ့နေ Fatou Bensouda က၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အခြေအနေကို ICC က စတင် စစ်ဆေးနိုင်ဖို့အတွက် ICC တရားသူကြီးတွေဆီက ဥပဒေ အခွင့်အာဏာ တောင်းခံထားခဲ့ဲ့တာဖြစ်ပါတယ်။
တိတိကျကျ ပြောရရင်တော့ Rome Statute ရဲ့ စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းနဲ့ စာချုပ် အဖွဲ့ဝင် မဟုတ်တဲ့ မြန်မာ နိုင်ငံအတွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှု အဖြစ် စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေကို ICC က စတင် စစ်ဆေးနိုင်ဖို့ ဥ့ပဒေ အခွင့်အာဏာ တောင်းခံခဲ့ တာပါ။ စုံစမ်းစစ်ဆေးဖို့ သူတောင်းဆိုထားတဲ့ အခွင့်အာဏာကို နိုဝင်ဘာလ ၁၄ ရက်က ICC တရားသူကြီးတွေက ခွင့်ပြုခဲ့တာကို သူက ကြိုဆိုကြောင်း ပြောပါတယ်။
“မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်မြေအတွင်း ဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကျွန်မအနေနဲ့ စုံစမ်း စစ်ဆေးမှုတွေ စတင်လုပ်ဆောင်နိုင်တယ်လို့ဆိုတဲ့ ICC တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒါဟာ ထူးခြားတဲ့ ဖြစ်ပေါ် တိုးတက်မှု တစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွင်းနဲ့ တခြားနေရာတွေက ရက်စက်ကြမ်းကြုတ်မှုဒဏ်ကို ခံစားခဲ့ရသူတွေအတွက် သတင်းကောင်း တစ်ခုဖြစ်ပါတယ်။”
မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင် မဟုတ်ပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်နိုင်ငံ ဖြစ်ကြောင်းနဲ့ အဖွဲ့ဝင်နိုင်ငံရဲ့ ပိုင်နက် နယ်မြေပေါ်မှာ ရက်စက်ကြမ်းကြုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ရင် တရာရုံးအနေနဲ့ သူ့ရဲ့ အခွင့်အာဏာကို အသုံးပြုနိုင်တယ်ဆိုတဲ့ ICC တရားသူကြီးတွေ ရဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ဆုံးဖြတ်ချက်ကိုလည်း သူက ကိုးကား ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်ပါ။ အရပ်သားတွေကို မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သံသယရှိဖွယ် နှင်ထုတ်ခဲ့တာရယ်၊ အဲဒီ နှင်ထုတ်မှုထဲ ရက်စက်ကြမ်းကြုတ်မှုဒဏ် ခံစားခဲ့ရသူတွေ နယ်ခြားဖြတ်ကျော် ထွက်ပြေးခဲ့ရတာ တွေ ပါဝင်တာကြောင့် ပြစ်မှုမြောက်တယ်ဆိုတဲ့ အချက်ကို အခြေခံပြီး နယ်မြေ နှစ်ခုအကြား ဆက်စပ်မှု ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချထားခဲ့တာပါ။”
ရှေ့နေ Fatou Bensouda က သူရထားတဲ့ သတင်းအရင်းအမြစ်တွေအရ စွပ်စွဲခံထားရတဲ့ ပြစ်မှုတွေကို မြန်မာအစိုးရရဲ့ တပ်ဖွဲ့ဝင်တွေ ထဲထဲဝင်ဝင် ကျူးလွန်တယ်ဆို တဲ့အချက်ကို ဖော်ပြနေကြောင်း ထောက်ပြပြောဆိုသလို Arkan Rohingya Salvation Army – ARSA ကလည်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီးလည်း အခုလို ပြောပါတယ်။
“ARSA အဖွဲ့က မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ရပ် တော်တော်များများကို ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ကျွန်မ သတိပြုမိပါတယ်။ အဲဒီ စွပ်စွဲချက်တွေကိုလည်း ကျွန်မ ဆက်ပြီး လေ့လာ သုံးသပ်သွားမှာဖြစ်ပါတယ်။ ပြီးတော့ အဲဒီလို ကျူးလွန်မှုတွေက Rome Statute အရ ရာဇဝတ်မှု မြောက်သလားဆိုတာနဲ့ အဖွဲ့ဝင်နိုင်ငံအတွင်း ကျူးလွန်ခဲ့သလား ဆိုတာတွေကိုလည်း လေ့လာ သုံးသပ်သွားမှာ ဖြစ်ပါတယ်။”
သူ စတင်လုပ်ဆောင်မယ့် စုံစမ်း စစ်ဆေးမှုအကြောင်းကိုလည်း ICC ရှေ့နေ Fatou Bensouda က အခုလို ပြောပါတယ်။
“ကျွန်မရဲ့ စုံစမ်း စစ်ဆေးမှုက အမှန်တရားကို ဖော်ထုတ်သွားမှာ ဖြစ်သလို လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်မြောက်ရေး အတွက်လည်း အလေးထား ဆောင်ရွက်သွားပါမယ်။ နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုကို ဆောင်ကျဉ်းပေးမှာ ဖြစ်ပါတယ်။ ဒီစုံစမ်း စစ်ဆေးမှုက အဖွဲ့ဝင်နိုင်ငံတွေ၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ တခြား လက်တွဲလုပ်ဆောင်မယ့် အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှု တွေအပေါ် အားကိုးအားထား ပြုသွားမှာ ဖြစ်ပါတယ်။
ICC (ခေါ်) နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံးလက်အောက်က တရားလို အကျိုးဆောင် ရှေ့နေရုံးဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဆိုင်ရာ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ တစ်နိုင်ငံက တစ်နိုင်ငံကို ကျူးကျော်မှုတွေ အပေါ် စုံစမ်းစစ်ဆေးပါတယ်။ ၂၀၀၃ နှစ်က စပြီး ICC ရဲ့ အခွင့်အာဏာအောက်မှာ အဲဒီ ရုံးဟာ ယူဂန်ဒါ၊ ကွန်ဂို သမ္မတနိုင်ငံ၊ ဆူဒန်က ဒါဖော ဒေသ၊ ဗဟို အာဖရိကနိုင်ငံ၊ ကင်ညာ၊ လစ်ဗျား၊ ကုဒ်ဒီဗွား၊ မာလီ၊ ဂျော်ဂျီယာ၊ ဘူရွန်ဒီနဲ့ အခုအခါ မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းက ရာဇဝတ်မှုဆိုင်ရာ ကိစ္စတွေမှာ စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။
VOA News
ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစော ပြန်လည်ကုစား ပေးလျော်မှုဆိုင်ရာ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း
နေပြည်တော်၊ ဒီဇင်ဘာလ ၉ ရက်
————————————-
ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးစောသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အား ယနေ့ မွန်းလွဲ ၁ နာရီ ခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား ပြန်လည်ကုစားရေးဆိုင်ရာ အကြံပြု ချက်များနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ လျော့နည်းသွားရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင် နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ပြည်သူ့လွှတ်တော်
အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီနှင့် ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း
အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) နှင့် တွေ့ဆုံဆွေးနွေးပွဲကို (၁၀.၁၂.၂၀၁၉)ရက်နေ့ (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ရေးရာဆောင်အမှတ်(I-17) အောက်ထပ်ကော်မတီအစည်းအဝေး၌ ကျင်းပခဲ့ရာ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ကော်မတီအတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ) အမှုဆောင်ကော်မတီဝင် ဦးအောင်မျိုးကျော်နှင့်အဖွဲ့က ပြန်လည်ကုစားပေးလျော်မှုဆိုင်ရာမူဝါဒ(မူကြမ်း)နှင့်စပ်လျဉ်း၍ မိတ်ဆက်ခြင်းနှင့် အကြံပြုချက်များတောင်းခံခြင်းကို ဆွေနွေးညှိနှိုင်းခဲ့ကြရာ ကော်မတီဝင်များက သိရှိလိုသည်များကိုမေးမြန်းခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းနှင့် ကော်မတီတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် အမျိုးသားလွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့်လူ့အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က နိဂုံးချုပ် ကျေးဇူးတင်စကားပြောကြားပြီး (၁၄:၃၀)နာရီအချိန်တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
အမျိုးသားလွှတ်တော်