(ပလက်ဝမြို့ – ၂၂၊ ၀၁၊ ၂၀၂၀)ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကျီးလေကျေးရွာနေ သားအဖ(၃)ဦးကို AA အဖွဲ့က ရွာလယ်သစ်ပင်မှာ ကြိုးတုတ်ချီကြကာ ဝါးချောင်းတွေနဲ့ရိုက်နှက်ခဲ့သည်ဟု အမည်မဖော်ပြလိုသူ ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

ကျီးလေကျေးရွာနေ အသက်(၄၇)နှစ်အရွယ် ဦးမောင်ကြီးနှင့် သမီးတွေဖြစ်ကြတဲ့ အသက်(၂၅)နှစ်အရွယ် မကျောက်စိန်နှင့် အသက်(၂၀)အရွယ် မခင်ကိုး တို့ကို ၀၈၊ ၀၁၊ ၂၀၂၀ရက်နေ့ ညနေပိုင်း ၃-နာရီလောက်တွင် AA အဖွဲ့က ဖမ်းဆီးချုပ်နှောင်ကာ ရွာလယ်သစ်ပင်မှာကြိုးတုတ်ချီပြီး ဝါးလုံးတွေနဲ့ရိုက်နှက်ခဲ့ကြကြောင်း ထိုသူက ဆက်ဆိုသည်။

ဦးအောင်ကြီးကို ပလက်ဝမြို့ရှိ တပ်စခန်းဆီ သတင်းပေးပို့သည်ဟု မဟုတ်မမှန် စွပ်စွဲကာ အခုလို သူတို့သားအဖ(၃)ယောက်ကို AA အဖွဲ့က ဖမ်းဆီးချုပ်နှောင်ကာ ရိုက်နှက်ရခြင်းဖြစ်ကြောင်း သိရပါသည်။

“ဒီလ(၈)ရက်နေ့မှာ AA တွေက ရွာထဲဝင်လာပြီး သူ့ကို တပ်ဆီသတင်းပို့တယ်လို့ လိမ်လည်စွပ်စွဲကာ ဖမ်းဖို့လုပ်တော့ သူကလည်း ကြောက်လို့တောထဲ ထွက်ပြေးတယ်၊ အဲလိုနဲ့ သူထွက်ပြေးတော့ ညနေ(၃)နာရီလောက်တွင် သူ့သမီး(၂)ယောက်ကို ဓါးစာခံသဘောနဲ့ AAတွေဖမ်းပြီး ရွာထဲ သစ်ပင်မှာ ကြိုးနဲ့တုတ်ပြီးထားတယ်၊ လက်နဲ့လည်ပင်းမှာလည်း ကြိးတုတ်ထားတယ်၊ ပြီးမှ ဝါးချောင်းတွေနဲ့ရိုက်ကြ တယ်” ဟုဆိုသည်။

သူကဆက်လက်ပြီး “ဒီလိုနဲ့ သမီး(၂)ယောက်ကို သူ့ကိုယ်စား အဲလိုလုပ်ကြတာကို သူသိလိုက်တော့ သမီးတွေကိုအရမ်းသနားပြီး ညနေ(၄)နာရီလောက်တွင် ရွာထဲပြန်ဝင်တယ်၊ ဒီလိုနဲ့ AAတွေက သူ့ကိုတခါထဲ ဖမ်းကြတယ် သစ်ပင်မှာကြိုးတုတ်ပြီး ဝါးလုံးတွေနဲ့ အကြိမ်ကြိမ်ရိုက်တယ် ဘုတ်ဖနပ်နဲ့လည်း အကြိမ်ပေါင်းများ စွာကန်ကြတယ် ဘုတ်ဖနပ်နဲ့ကန်တာက ပိုနာတယ်၊ နာလွန်းတော့ သူသေးတောင် ပေါက်ထွက်သွားတယ် လို့ဆိုတယ်၊ သမီး(၂)ယောက်ကို ညနေ(၆)နာရီမှာ ပြန်လွှတ်ကြတယ်၊ သူ့ကိုတော့ ည(၈)နာရီအထိ အကျီချွတ်ခိုင်းပြီး သစ်ပင်မှာကြိုးတုတ်ပြီးထားကြတယ်၊ နောက်မှာတော့ ပြန်လွှတ်ကြတယ်” ဟုသူ ကြားသိတဲ့အတိုင်း ပြန်လည်ပြောဆိုပါသည်။

AA အဖွဲ့တွေဟာ ဇန်နဝါရီလ လပထမပတ်အတွင်းကနေ စတင်၍ ကျီးလေကျေးရွာမှ တစ်မိုင်လောက်အကွာ တောထဲမှာ ယာယီတပ်စခန်းချထားရှိကြကာ ရွာထဲမှာ ပုံမှန်အဝင်အထွက်ပြုလုပ်နေကြပြီး ရွာသားတွေကို အပြင်ထွက်ခွင့် နှင့် အလုပ်လုပ်ခွင့်တွေ လုံးဝတားမြစ် ပိတ်ပင်နေရကြောင်း၊ သို့သော် ဦးမောင်ကြီးဟာ AA တွေရဲ့ ရိုက်နှက်တဲ့ဒဏ်ကြောင့် ကျန်းမာရေးအခြေအနေဆိုးရွားနေတဲ့အတွက် ပလက်ဝမြို့ဆေးရုံပြရန် ၁၂၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် မိသားစုအားလုံး ရွာထဲကနေခိုးပြီးထွက်လာကြကြောင်း သူကပြောဆိုပါသည်။

“AA တွေက ရွာသားတွေ ရွာပြင်ထွက်အလုပ်မလုပ်ဖို့ တားမြစ်ထားပေမဲ့ သူက AAတွေရိုက်နှက်တဲ့ ဒဏ်ရာ တွေကြောင့် ကျန်းမာရေးဆိုးရွားလာတယ်၊  ရွာနေတဲ့အချိန် (၃)(၄)ခါလောက် သတိလစ်လစ်နေတယ် ဒါကြောင့် မဖြစ်ဖြစ်အောင် သူတို့မိသားစု ခိုးပြီးထွက်ပြေးလာရတယ်၊ အခြားရွာသား(၃)ဦးကိုလည်း တပ်ဆီမှာ သတင်းပို့တယ်လို့ AA တွေကစွပ်စွဲကာ သူ့လိုမျိုး AAတွေကရိုက်နှက်ကြတယ်၊ သူရွာပြန်သွား ဖို့ဆိုတာ သူအတွက်အသက်အန္ဒရာယ်က စိုးရိမ်နေရတဲ့အတွက် သူတို့မိသားစု လောလောဆယ်မှာ ပလက်ဝမြို့ပေါ်မှာဘဲ နေရအုန်းမယ်” ဟုသူကဆိုသည်။

နောက် ရွာသားတွေကို တအိမ်ထောင်လျှင် လူတစ်ဦးနှုန်းနဲ့ မဖြစ်မနေ ကုလာတန်မြစ်ကမ်းစပ်ကနေ ရွာထဲအထိ ဆန်နှင့်အရက်ဘီယာတွေ အတင်းအကြပ်ထမ်းခိုင်းခဲ့ရကြောင်း၊ တခါတလေရွာထဲကနေ တစ်မိုင်လောက် ကွာဝေးတဲ့ တောထဲသူတို့ယာယီစခန်းအထိလည်း ဆန်နှင့်အရက်ဘီယာများ ထမ်းခိုင်း နေလေ့ရှိကြောင်း သူကဆက်ဆိုသည်။

“AA တွေက ရွာသားတွေကို တအိမ်တစ်ယောက်နှုန်းခေါ်ပြီး သူတို့ရဲ့ဆန်နဲ့ အရက်ဘီယာတွေကို အတင်းအဓမ္မထမ်းခိုင်းတယ် အခါဆိုထမ်းတုန်းကဆို အရက်နဲ့ဘီယာသက်သက်ဖာပေါင်း(၁၀၀) လောက်ထမ်း နေကြ တယ်၊ သူတို့ ကြိုက်တဲ့အချိန်မှာ ခေါ်ပြီး ထမ်းခိုင်းတယ်၊ ညလသာတဲ့အချိန်မှာလည်း ထမ်းခိုင်းကြတယ်၊ ကမ်းစပ်နဲ့ရွာက သိမ်မဝေးပေမဲ့ အတက်ကမတ်စောင့်တော့ မလွယ်ဘူး၊ သူတို့ယာယီစခန်းကတော့ ရွာကနေ(၁)နာရီလောက် သွားရတယ်၊ မိန်းကလေးတွေလည်း အရက်ဘီယာတွေထမ်းခိုင်းကြတယ်” ဟုဆိုသည်။

ကျီးလေကျေးရွာသည် ပလက်ဝမြို့မှမြောက်ဖက် ကုလာတန်မြစ်ကြောင်းအတိုင်း စက်လှေနှင့်(၂)နာရီလောက် သွားရတဲ့နေရာ ကုလတန်မြစ် ကမ်းနဘေးမှာတည်ရှိနေပြီး အိမ်ခြေစုစုပေါင်း(၂၄၀)လောက်ရှိကြောင်းနှင့် လက်ရှိတွင် AA အဖွဲ့တွေက ရွာသားတွေကို ရွာပြင်ထွက်ခွင့် တားမြစ်ပိတ်ပင်နေလျှက်ရှိကြောင်း သတင်းရရှိ ပါသည်။

CHRO
 
(ပလက်ဝမြို့ – ၂၂၊ ၀၁၊ ၂၀၂၀)
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် င/ရှားကျေးရွာက နောက်ထပ် အမျိုးသမီးငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိတဲ့အတွက် ညာဖက်ခြေသလုံးကျိုးပဲ့ကာ ပလက်ဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိသည်ဟု ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

ပလက်ဝမြို့မှမြောက်ပိုင်း မိုင်(၂၀)လောက်ကွာဝေးတဲ့ င/ရှားကျေးရွာက အဘ ဦးအောင်ဝင်း၏သမီး အသက်(၂၂) အရွယ်ရှိတဲ့ မခင်းလုံးသည် ၁၇၊ ၀၁၊ ၂၀၂၀ရက်နေ့ မနက်ပိုင်းတွင် တောင်ယာသို့ စပါးထမ်းသွားနေစဉ် မြေမြုပ်မိုင်းနင်းမိတဲ့အတွက် အခုလိုညာဖက်ခြေထောက်ကြိုးပဲ့ခြင်းဖြစ်ပြီး အဲဒီနေ့ညနေ ပိုင်းမှာ တခါတည်းပလက်ဝမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြကြောင်း သူကဆက်ဆိုသည်။

အလားတူစွာ ၀၇၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် အမေဖြစ်သူ ဒေါ်ဟွေ့တင်သည် တောထဲသွားရာကနေ မြေမြုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက်နှင့်မျက်နှာတွင် ဒက်ရာရရှိခဲ့ပြီး ဒဏ်ရာအခြေအနေပြင်းထန်တဲ့အတွက် ပလက်ဝဆေးရုံမှာ မကုသနိုင်ဘဲ စစ်တွေဆေးရုံသို့ ပို့ဆောင်က ယခုစစ်တွေဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေလျှက်ရှိကြောင်း ထိုသူကဆိုပါသည်။

၎င်းတို့မိသားစုသည် သာမန်တောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူ ဖြစ်နေသည်နှင့်အညီ ငွေကြေးအခက်အခဲရှိတဲ့အတွက် မိုင်းကြောင့်အမေဖြစ်သူ စစ်တွေဆေးရုံသို့ ဆေးဝါးကုသရာတွင်လည်း အလှုံရှင်တွေဆီက အကူအညီကိုသာအားထားရပြီး ယခု နောက်ထပ် သမီးဖြစ်သူ မိုင်းပြန်ထိတော့ ၎င်းတို့ အတွက် ငွေကြေးမှာပိုပြီး ခက်ခဲလာနေရကြောင်း သိရပါသည်။

ယနေ့အချိန်အထိ ပလက်ဝမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိတဲ့အတွက် လူ(၃)ဦးသေဆုံးပြီး (၅)ဦးထိခိုက် ဒဏ်ရာရရှိပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

For media inquiries please contact:
Salai Terah, 09255934177 (Burmese)
Salai Lian, 09450687296 (English/Burmese)

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ရဲ့ အစီရင်ခံစာ အတိုင်း တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို စစ်ဆေးပြီး တရားစွဲဆို သွားဖို့အတွက် အစီရင်ခံစာ အပြည့်အစုံကို နိုင်ငံတော်သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ ထားကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကတော့ ICOE ရဲ့ အစီရင်ခံစာကို ဝေဖန်မှုတွေရှိပါတယ်။

တပ်မတော်သားတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့မင်းကြီးရွာ (တူလာတိုလီ)နဲ့ ချွတ်ပြင်ကျေးရွာတွေက သတ်ဖြတ်မှုတွေနဲ့ ရာဇဝတ်မှုတွေအပြင် နေရပ်စွန့်ခွာ ထွက်ပြေးသွားတဲ့ မွတ်ဆလင်ကျေးရွာတွေက နေအိမ် မီးလောင်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တာကြောင့် တပ်မတော်စစ် ဥပဒေချုပ်ရုံးအနေနဲ့ စုံစမ်းစစ်ဆေး တရားစွဲဆိုတာတွေ တိုးချဲ့လုပ်နိုင်အောင် ICOE အစီရင်ခံစာ အပြည့်အစုံကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ထားကြောင်း နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ရဲ့ အစီရင်ခံစာပါ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်သွားဖို့နဲ့ အထောက်အထားတွေ ခိုင်လုံရင် တရားစွဲဆိုဖို့ သမ္မတအနေနဲ့ သဘောတူကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဘယ်လို အမှုတွေပါဝင်ပြီး ဘယ်သူတွေက ကျူးလွန်ထားလည်းဆိုတာ သိရဖို့ တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့ဝင် အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ဆက်သွယ်ပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ဒါပေမဲ့ အစီရင်ခံစာအပေါ် တပ်မတော်ဘက်က သဘောထားကို မနေ့က မေးမြန်းခဲ့ရာမှာတော့ အသေးစိတ် မဖတ်ရသေးတဲ့အတွက် ဒီအပေါ်မှာ မှတ်ချက် မပေးလိုကြောင်းနဲ့ တပ်မတော်အနေနဲ့ အရင်ပြောထားတဲ့ အတိုင်းသာ ဆောင်ရွက်သွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

အရင်က ပြောထားတာကတော့ အစီရင်ခံ ထွက်လာလို့ တပ်မတော်သားတွေက လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တယ်လို့ပါရှိရင် အရေးယူ ဆောင်ရွက်သွားမယ်ဆိုတာပါ။

ကော်မရှင်က အရေးယူဖို့ အကြံပြုချက်ကို တစ်ခုတည်း မထည့်တဲ့အပေါ် ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးမောင်မျိုးမင်းက အခုလိုပြောပါတယ်။

အစီရင်ခံစာထဲမှာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ခိုက်မှု ဖြစ်စဉ်တွေအတွင်း ARSA အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ အတူ ပူးပေါင်းပါဝင်ခဲ့သူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေက အရပ်သားတွေကို သတ်ဖြတ် တာ၊ အင်အား မမျှမတသုံးစွဲတာ၊ လုယက်မှုကျူးလွန်တာ၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေ က နေရပ်စွန့်ခွာသွားတဲ့ မွတ်ဆလင်တွေရဲ့နေအိမ်တွေကို ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတွေမှာ လူ့အသက်ပေါင်းများစွာ သေဆုံးခဲ့တဲ့ စစ်ရာဇဝတ်မှု ကျူးလွန် တာတွေ ရှိခဲ့တယ်ဆိုတာကို ကော်မရှင်အနေနဲ့ တွေ့ရှိခဲ့ကြောင်းလည်း ပါရှိပါတယ်။

ဒါပေမဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ဆောင်ရွက်ခဲ့တာမျိုး လုံးဝမရှိဘူးလို့လည်း ကော်မရှင် အစီခံစာက ဆိုထားပါတယ်။

ဒီလိုထုတ်ပြန်ချက်တွေဟာ နိုင်ငံတကာတရားရုံး ICJ မှာ ဒေါ်အောင်ဆန်းစုကြည်သွားရောက် ဖြေရှင်းစဉ်က ပြောသလိုပဲ အတူတူဖြစ်တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်ဟောင်း ဦးအေးလွင်ကတော့ အရင်အစီရင်ခံစာတွေ ထက်ပိုပြီး အပြုသဘော ဆောင်လာတဲ့အတွက် အမှန်တရားနဲ့ နီးစပ်လာတယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ လူ့အခွင့်အရေး အလေးထားသူတွေကတော့ ဒီအစီရင်ခံစာအပေါ် အားရကျေနပ်မှု ရှိမှာမဟုတ်ဘူးဆိုတာ နားလည်ပေမယ့် အရင့်အရင် အစီရင်ခံစာတွေထက်တော့ ပိုတိုးတက်မှု ရှိတယ်ဆိုတာကို ထောက်ပြတာသာဖြစ်တယ်လို့ ဦးအေးလွင်ကဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု မရှိဘူးဆိုတဲ့ ICOE ရဲ့အစီရင်ခံစာအပေါ် လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ HRW အပါအဝင် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝေဖန်ထားသလို ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာများ အသင်း(UK) ကလည်း အယုံအကြည်မရှိကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ပစ္စည်းဥစ္စာ ဖျက်ဆီးခံရမှုတွေ၊ လုယက်မှုတွေ၊ အရပ်သား တွေက ကျုးလွန်ခဲ့တဲ့ အခြားရာဇဝတ်မှုကြီးတွေကို ဆက်လက်စုံစမ်းပြီးစစ်ဆေးပြီး တရားစွဲဆိုမှုတွေ ပြုလုပ်ဖို့ အတွက်လည်း အစီရင်ခံစာ အပြည့်အစုံကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ပေးပို့ထားပြီး ဖြစ်တယ်လို့ သမ္မတရုံးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ARSA အဖွဲ့ဝင်တွေ  အပါအဝင် သူတို့နဲ့ ပူးပေါင်းပါဝင်ခဲ့သူတွေက ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုကြီးတွေ ကိုလည်း စုံစမ်းစစ်ဆေးပြီး တရားစွဲဆိုတာတွေ လုပ်ဆောင်သင့်တဲ့အတွက် ပြည်ထောင်စု ရှေ့နေချုပ်အနေနဲ့ စစ်ဥပဒေချုပ်နဲ့ လိုအပ်သလို တိုင်ပင်ဆောင်ရွက်သွားဖို့လည်း နိုင်ငံတော်သမ္မတက အကြောင်းကြားထား တယ်လို့ဆိုပါတယ်။

ICOE ရဲ့ အပြီးသတ်  အစီရင်ခံစာဟာ အကြံပြုချက် (၂၂) ချက်နဲ့ နောက်ဆက်တွဲ (၃၁)ခု အပါအဝင် စုစုပေါင်း စာမျက်နှာ (၄၆၁) မျက်နှာကျော်ပါရှိကာ ရခိုင်၊ မွတ်စလင်၊ မြို၊ သက်၊ ဒိုင်းနက် အစရှိတဲ့ တိုင်းရင်းသားတွေ၊ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၁၅၀၀ ဝန်းကျင်ကို အင်တာဗျူးပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကိုလည်း ICOE အဖွဲ့က သွားရောက် တွေ့ဆုံမေးမြန်းတာတွေရှိခဲ့ပါတယ်။

အဲဒီ အစီရင်ခံစာကို ကော်မရှင်က ဇန်နဝါရီလ ၂၀ ရက်နေ့ မနေ့က နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ICOE အဖွဲ့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ကိုယ်တိုင်ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး ဥက္ကဋ္ဌ အဖြစ် ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလို၊ အဖွဲ့ဝင်တွေအဖြစ် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့ကို တာဝန်ပေးထားတာ ဖြစ်ပါတယ်။

RFA News

(အမ်းမြို့ – ၁၄၊ ၀၁၊ ၂၀၂၀)
AA နဲ့ပတ်သက်မှုရှိသည်ဟုစွပ်စွဲခြင်းခံနေရသူရဲ့ ဇနီးသည်အား ရခိုင်ပြည်နယ် အမ်းမြို့တွင်အခြေစိုက်လျှက် ရှိသော အနောက်ပိုင်းတိုင်းစစ်ဌာလက်အောက်ခံတပ်က ဖမ်းဆီးချုပ်နှောင်ကာ ပြင်းထန်စွာ အမျိုးမျိုးညှင်းပန်း နှိပ်စက်ရာမှ ဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံတက်ခဲ့ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။
အမ်းမြို့မှ (၁၆)မိုင်လောက်ကွာဝေးတဲ့ ခမောင်းတောကျေးရွာသား အသက်(၅၁)နှစ်အရွယ် ဦးတင်ထွန်းကို တပ်မတော်က AA အဖွဲ့နဲ့ပတ်သက်နေသည်ဟုစွပ်စွဲကာ သူခရီးလွန်နေတဲ့အချိန် ၀၄၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် ၎င်းနေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် ဇနီးဖြစ်သူ အသက်(၄၄)နှစ်အရွယ် ဒေါ်မလှနှင့် သားဖြစ်သူ အသက်(၂၁)နှစ်အရွယ် မောင်ကျော်တို့ကို ဖမ်းဆီးပြီး ရွာ၏စာသင်ကျောင်းခန်းထဲတွင် ချုပ်နှောင်ထားခဲ့ကြကာ နည်းပေါင်းစုံဖြင့် ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း ဒေါ်မလှရဲ့ ပြောပြချက်ကို ကိုးကားပြီး အဆိုပါဒေသခံကပြောဆိုပါသည်။
“စစ်တပ်တွေက အမ်းမြို့ကဖြစ်တယ် ခလရ(၃၇၁)လာ ခလရ(၃၇၂)လာ အဲဒီတပ်ကတခုခုဘဲ သူ့တို့နေအိမ်ကို မနက်ပိုင်းမှာဝိုင်းပြီး ဝင်ရောက်ရှာဖွေတယ် အဲဒီအချိန်မှာ သူ့ယောင်္ကျားက ခရီးသွားနေတဲ့အချိန်ဆိုတော့ မဖမ်းလိုက်ဘူး၊ မနက်(၁၀)နာရီလောက်မှာ သူ့မိန်းမနဲ့သားကို ဖမ်းဆီးပြီး ရွာရဲ့စာသင်းကျောင်း ခန်းထဲမှာ နှစ်ဦးစလုံးကြိုးတုပ်ချုပ်နှောင်ပြီးထားတယ်၊ ညနေပိုင်း(၃)နာရီလောက်ကနေ စတင်စစ်ဆေးမေးမြန်းတယ်၊ မင်းယောင်္ကျားဘယ်မှာလဲ၊ သေနတ်ဘယ်မှာ ဖွတ်ထားသလဲ စသဖြင့် အမျိုးမျိုးစစ်ဆေးမေးမြန်းယင်း ဒေါ်မလှရဲ့ညာဖက်ခြေထောက်ရဲ့ ခြေတလုံးကျွတ်သားတွေကို ဓါးနဲ့လှီးပေးတယ်၊ ဒူးခေါင်းနှစ်ဖက်စလုံးကို တူနဲ့ထုတယ်၊ ဒူးခေါင်းပေါင်ထိပ်မှာ ဆူပွတ်နေတဲ့ရေနွေးနဲ့လောင်းတယ် နောက် အမျိုးမျိုးဆက်လက် ရိုက်နှက်ညှင်းပန်းနှိပ်စက်နေပြီးတညလုံး အဲဒီစာသင် ကျောင်းခန်းထဲမှာထားထားတယ်လို့ ပြောတယ်” ဟု အဆိုပါဒေသခံက ဒေါ်မလှကပြောသည်ဟု ပြန်လည်ပြောဆိုပါသည်။
ဒီလိုနဲ့နောက်နေ့ ၀၅၊ ၀၁၊ ၂၀၂၀ရက်နေ့တွင် စစ်သားတွေပြန်သွားကြတော့ သူမကို ကျောင်းနားအိမ်တစ်အိမ် မှာချန်ထားခဲ့ကြပြီး သူ့သားကိုတော့ အမ်းမြို့သို့ဆက်လက်ခေါင်ဆောင်သွားခဲ့ကြကြောင်းနှင့် ဒေါ်မလှရဲ့ ဒဏ်ရာတွေကပြင်းထန်တဲ့အတွက် အိမ်ရှင်တွေက အမ်းမြို့ပြည်သူ့ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြသည်ဟု သူကဆက် ပြောဆိုပါသည်။
သားဖြစ်သူမောင်ကျော်ကိုလည်း သူ့အမေနှင့်အတူ ရွာရဲ့စာသင်ခန်းမှာ ချုပ်နှောင်ထားတုန်းက သူ့အမေ လောက် ပြင်းထန်စွာညှင်းပန်းနှိပ်စက်ခြင်းမရှိပေမဲ့ ထိုးကြိတ်ရိုက်နှက်ခြင်းခံခဲ့ရကြောင်း၊ သူ့ကိုတော့ နောက်နေ့တွင် အမ်းမြို့ တပ်စခန်းသို့ဆက်လက်ခေါ်ဆောင်သွားပြီး စခန်းတွင်ဆက်လက်ထိန်းသိမ်းကာ နောက်တပတ် လောက်အကြာတွင် အမှုဖွင့်ရန် အမ်းမြို့ရဲစခန်းသို့လွဲပြောင်းပေးလိုက်ကြောင်း သူကဆိုသည်။
တပ်မတော်က ဦးတင်ထွန်းနေအိမ်အတွင်း ဝင်ရောက်ရှာဖွေတဲ့အခါမှာ မိုင်းခွဲရာမှာအသုံးပြုသော Cap (၈)လုံး ရှာဖွေတွေ့တယ်ဆိုတဲ့စွပ်စွဲချက်ဟာ လုံးဝမမှန်ကန်ကြောင်းနှင့် သူတို့မိသားစုက ကုန်စုံဆိုင်ရောင်းဝယ်ရေးနဲ့ အသက်မွေးဝန်းကျောင်းပြုတာ(၁၂) လောက်ကြာပြီဖြစ်ကြောင်း၊ သူ့အမျိုးသားကလည်း သစ်ရောင်းဝယ်ရေး အလုပ်ကိုသာရိုးသားစွာလုပ်နေကြောင်း သိရပါသည်။
စစ်သားတွေကအိမ်အတွင်းဝင်ရောက် ရှာဖွေတဲ့နောက်ပိုင်း သူတို့စုထားတဲ့ ငွေကျပ်(၁၉)သိန်း၊ ရွှေလက်စွပ်(၂)ကွင်းနှင့် ရွှေနားကပ်တစ်စုံ ပျောက်ဆုံးသွားခဲ့ကြောင်းနှင့် ဗူးထဲမှာ နှစ်သောင်းသုံးသောင်း လောက်ပါတဲ့ စုဗူးတစ်ဗူးကိုလည်း သူတို့သိမ်းယူကြသေးတယ် ဒါကိုတော့ ပြန်ပေးဖို့ သမီးငယ်က မနည်းတောင်းတော့မှ စုဗူးကိုတော့ပြန်ပေးလိုက်ကြကြောင်း သူကဆက်လက် ပြောဆိုပါသည်။
ထို့အပြင် ရောင်းတဲ့ဆိုင်ပစ္စည်းများအပါအဝင် အိမ်ထဲမှာရှိသမျှ ပစ္စည်းတွေအားလုံးကိုလည်း စစ်တပ်တွေက ဖျက်ဆီးပစ်ခဲ့ကြကြောင်းနှင့် သူတို့ဖျက်ဆီးတဲ့ ဆိုင်ပစ္စည်းတန်ဘိုးက ခန့်မှန်းချေအားဖြင့် ကာလတန်ဘိုး သိန်း(၃၀)ကျော်တန်ဘိုး ရှိမည်ဟု ခန်းမှန်းထားကြောင်း ကြားသိရပါသည်။
သို့သော် စစ်တပ်ဖက်ကတော့ နောက်နေ့တွင် ဦးတင်ထွန်းနေအိမ်မှ သက်သေခံပစ္စည်းအနေဖြင့် သိမ်းဆီးတဲ့ငွေဟုဆိုကာ ကျပ်(၈၀၀၀၀)ကို ကျေးရွာ ရပ်မိရပ်ဖတွေလက်ထဲ အပ်နှံခဲ့သည်ဟု သိရပါသည်။
ဒီလိုနဲ့ ဒေါ်မလှသည် အမ်းမြို့ပြည်သူ့ဆေးရုံတွင် (၃)ရက်လောက်နေပြီး ဆေးရုံကနေဆင်းသွားခဲ့ရပြီဖြစ်ပေမဲ့ ယခုအချိန်အထိ အနာတွေမသက်သာသေးဘဲ နာနေရသေးတဲ့အတွက် မကြာခဏဆေးရုံသို့ ပြစရာလိုအပ် နေသေးသည့်အတွက် အမ်းမြို့ပေါ်တွင်အိမ်ငှားရမ်းကာ လောလောဆယ် နေထိုင်နေရသေးကြောင်း ထိုသူက ဆိုသည်။
ဦးတင်ထွန်းကို တပ်မတော်က AA အဖွဲ့နဲ့ပတ်သက်နေသည်ဟုစွပ်စွဲခြင်းနဲ့ပတ်သက်၍ ကျေးရွာလူကြီးတွေက တော့ “သူကအသက်လည်းကြီးပြီဆိုတော့ AA အဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတာမဖြစ်နိုင်ဘူး၊ သူတို့မိသားစုက ကုန်စုံဆိုင်ရောင်းတဲ့အလုပ်နဲ့ဘဲ ရိုးရိုးသားသားနေလာတဲ့သူတွေပါ.. ဦးတင်ထွန်းက တခါတလေ သစ်အရောင်း အဝယ်လုပ်တာရှိတယ်၊ သူတို့ကကုန်စုံဆိုင်ရောင်းတယ်ဆိုတော့ လူမျိုးပေါင်းစုံသူတို့အိမ်မှာ အဝင်အထွက်ရှိ တာကတော့အမှန်ဘဲ အဲဒီလိုလူတွေအဝင်အထွက်များတယ်ဆိုပြီး AA အဖွဲ့နဲ့ပတ်သက်တယ်လို့ တဖက် သတ်စွပ်စွဲလို့ရှိယင်မှားမယ်” ဟုမှတ်ချက်ပေးကြပါသည်။
ဦးတင်ထွန်းသည် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့ကို အခုလိုစစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားတဲ့ အဖြစ်အပျက် အလုံးစုံကြားသိနေတဲ့အခါ ကြောက်ရွေ့နေရတဲ့အတွက် လောလောဆယ် အိမ်မပြန်သေးဘဲ တိမ်းရှောင် နေလျှက်ရှိကြောင်း သတင်းရရှိပါသည်။

နေ့စွဲ – ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်။

ရခိုင်ပြည်၊ မြောက်ဦးမြို့၌ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် (၂၂၃) နှစ်မြောက် ရခိုင့်အချုပ်အခြာ အာဏာ ကျဆုံးသည့်နေ့ ဝမ်းနည်းအောက်မေ့ဖွယ် အထိန်းအမှတ်အဖြစ် စာပေဟောပြောပွဲ ကျင်းပပြုလုပ် ခြင်းအား ဒေသအာဏာပိုင်များက ပိတ်ပင်တားမြစ်လိုက်သဖြင့် ဒေသခံပြည်သူများမှ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။ ထိုသို့ တောင်းဆိုမှုကို ဒေသအာဏာပိုင်များမှ အကြမ်းဖက်နှိမ်နင်း ခဲ့သည့်အတွက် ဆန္ဒပြပြည်သူ (၇) ဦးသေဆုံးကာ (၁၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သူ (၁၂) ဦးထဲမှ (၄) ဦးမှာ ဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားပြီး (၈) ဦးမှာ ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။

ဤဖြစ်ရပ်၏ နောက်ဆက်တွဲအနေဖြင့် အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား နိုင်ငံတော်ပုန်ကန်မှုပုဒ်မများဖြင့် စွပ်စွဲကာ ကြီးလေးသောပြစ်ဒဏ်များဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ နိုင်ငံရေးအင်အားစုများ၏ လူထုတွေ့ဆုံပွဲ နှင့် အခမ်းအနားများ ကျင်းပခြင်းကို အစိုးရအာဏာပိုင်များက ပိတ်ပင်တားမြစ် ကန့်သတ်မှုများ ပြုလုပ် လာခြင်းအထိ ဆိုးဝါးသောဖြစ်ရပ်များ ပေါ်ပေါက်စေခဲ့သည်။

“မြောက်ဦးလူသတ်ပွဲဟာ လူသားဖြစ်တည်မှုကိုခြိမ်းခြောက်တဲ့ရာဇဝတ်မှု Crime Against Humanity ပါပဲ” ဟု AASYC အထွေထွေအတွင်းရေးမှူး ကိုတိန်ဦးမှ ပြောသည်။

မြောက်ဦးလူသတ်ပွဲဖြစ်ရပ်သည် ပွင့်သစ်စ ဒီမိုကရေစီနယ်ပယ် (Democratic Space) ကို ဘောင်ကျဉ်း သွားစေခဲ့ကာ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသူ (Stakeholders) များအနေဖြင့် ဖြစ်စဉ်အပေါ်၌ ယုံကြည်မှုကိုပါ ယုတ်လျော့ ကျဆင်းလာစေခဲ့ပြီး ရခိုင်နိုင်ငံရေးအခင်းအကျင်း (Political Landscape) တွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များ နောက်ပြန်ဆုတ်သွားသည့် အခြေအနေသို့တိုင် ဆိုက်ရောက်သွားရန် တွန်းအားဖြစ်စေခဲ့သည်။

ယနေ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် ကျရောက်သည့် မြောက်ဦးလူသတ်ပွဲ (၂) နှစ်ပြည့်ကာလတွင်မူ ရခိုင်ပြည်အနှံ့ တိုက်ပွဲများ ကျယ်ပြန့်လာခဲ့ပြီး၊ မြောက်ဦးလူသတ်ပွဲထက် ပိုမိုဆိုးဝါးလှသည့် အနိဋ္ဌာရုံများနှင့် လည်း ရင်ဆိုင်နေကြရပါသည်။ စစ်ရေးပဋိပက္ခ ကျယ်ပြန့်လာမှုမှတဆင့် လူမှုဘေးဒုက္ခအကျပ်အတည်း ဆိုးကျိုးများသို့တိုင် တွန်းအားဖြစ်စေခဲ့သော “မြောက်ဦးလူသတ်ပွဲ” ကို ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသား နှင့် လူငယ်များအစည်းအရုံး (AASYC) မှ ကွင်းဆင်းလေ့လာ၍ တတ်စွမ်းသမျှ မှတ်တမ်းပြုစုကာ အစီရင်ခံစာတစ်စောင်အဖြစ် ထုတ်ဝေဖြန့်ချီလိုက်ပါသည်။

ဆက်သွယ်ရန်

ကိုတိန်ဦး

အထွေထွေအတွင်းရေးမှူး၊

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

ဖုန်း – +66 (0) 815956138

===========

အစီရင်ခံစာ အကျဉ်းချုပ်

၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ ည (၁ဝ) နာရီခန့်၌ မြောက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးရှေ့တွင် “စာပေဟောပြောပွဲကျင်းပခွင့်ရရှိရေး” အတွက် ပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်၍ အကြမ်းဖက် နှိမ်နင်းသည့် ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် စစ်အာဏာရှင်အစိုးရစနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုကို အကောင်အထည်ဖော် ဆောင်နေသည့်ကာလာ၌ အဆိုးရွားဆုံး ဖြစ်ရပ်ပင် ဖြစ်ပေသည်။

ဒီမိုကရေစီစနစ်သို့ အသွင်းကူးပြောင်းနေသည့်အချိန်တွင် မြန်မာအစိုးရမှ ဒီမိုကရေစီကျင့်စဉ်များကို ချိုး ဖောက်ပြီး ရခိုင်လူမျိုးများအပေါ် အကြမ်းဖက်နှိမ်နင်းခြင်းသည် ပြည်ထောင်စုပိုင်ရှင် တိုင်းရင်းသားလူမျိုး၏ အခြေခံအခွင့်အရေးဖြစ်သည့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်အား ပိတ်ပင်ခြင်း၊ တားဆီးခြင်းပင်ဖြစ်သည်။

ပြည်သူ (၇) ဦးသေဆုံးကာ (၁၂) ဦး ဒဏ်ရာရရှိခဲ့သည့် မြောက်ဦးလူသတ်ပွဲဖြစ်စဉ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းဖြင့်ဖြစ်စေ ကျူးလွန်ရာ၌ ပါဝင်ခဲ့ကြသော အစိုးရဌာနဆိုင်ရာနှင့် ရဲတပ်ဖွဲ့ဝင်များကို တရားဥပဒေအရ အရေးယူခြင်း တစုံတရာမရှိခဲ့သည့်အပြင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသူများ ကိုသာ တန်ပြန်အရေးယူ ထောင်ချခဲ့သည်။

မြောက်ဦးလူသတ်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှု ပေါ်ပေါက်လာရေးကို မျှော်မှန်း၍ ဖြစ်စဉ်ကာလနှင့် ဖြစ်စဉ်ပြီးနောက် ဆုံးရှုံးနစ်နာခံခဲ့ရသော သေဆုံးသူများ၏ မိသားစုများနှင့် ဒဏ်ရာရရှိကာ ထောင်ချခံခဲ့ရသူများ၏ လူမှုစီးပွား ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အစရှိသည့်အခြေအနေများ မည်သို့ရှိနေသည်၊ မည်သို့ မျှော်လင့်တောင့်တနေကြသည်ကို AASYC အနေဖြင့် ကွင်းဆင်းလေ့လာ၍ ဤအစီရင်ခံစာကို ရေးသားခြင်းဖြစ်သည်။

ဤအစီရင်ခံစာတွင် ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့က မြောက်ဦးလူသတ်ပွဲ ဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်စဉ်၊ ပွဲမတိုင်မီ အခမ်းအနားပြင်ဆင်ပုံ၊ ပွဲကျင်းပရေးကော်မတီများ၏ ကြိုတင်ပြင်ဆင်မှုများ၊ ပွဲကျင်းပခြင်းအား တားမြစ်ခံလိုက်ရခြင်းအပေါ် ပွဲတက်ရောက်လာသောလူထုများ၏ တုန့်ပြန်မှု အခြေအနေ၊ ဆန္ဒဖော်ထုတ်ရန်အတွက် လူစုလူဝေးများဖြစ်ပေါ်လာပုံနှင့် ဆန္ဒဖော်ထုတ်ပွဲအား ရဲတပ်ဖွဲ့မှ အကြမ်းဖက် နှိမ်နင်းမှုများကို ဆန္ဒဖော်ထုတ်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့ကြသော ပြည်သူများနှင့် ဒဏ်ရာရရှိပြီး ထောင်မှ လွတ်မြောက်လာသူများကို AASYC မှ ကွင်းဆင်းလေ့လာ၊ လူတွေ့မေးမြန်းချက်များအား ဖော်ပြထား ပါသည်။

၎င်းအပြင် အခင်းဖြစ်စဉ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများအား လူအုပ်စု ခွဲရာတွင် နိုင်ငံတကာကျင့်ထုံးကျင့်နည်းနှင့် ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ခဲ့မှုရှိ၊ မရှိကို လေ့လာ သုံးသပ်ဖော်ပြထားပါသည်။

လူထုဆန္ဒဖော်ထုတ်ရာတွင် အာဏာပိုင်များမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော မိသားစုဝင်များနှင့် ဒဏ်ရာရရှိပြီး ပြစ်ဒဏ်ချမှတ်ခံခဲ့ရသူတို့အား ကွင်းဆင်းလေ့လာ မေးမြန်ရာတွင် ဖြစ်စဉ်၏ အမှန်တရားနှင့် တရားမျှတမှု ပေါ်ပေါက်လာရေးအတွက် အစိုးရထံမှ မျှော်လင့်တောင့်တနေကြသည်ကို ဖော်ပြထားပါသည်။

အစီရင်ခံစာရယူရန်

 

ရခိုင်မြောက်ပိုင်းတိုက်ပွဲတွေကြောင့် အရပ်သားဒုက္ခသည်တွေ သိန်းဂဏန်းရှိလာပြီး အရပ်သားတွေ ဒဏ်ရာရ သေဆုံးမှုတွေ အရပ်သားတွေ ဖမ်းဆီးစစ်ဆေးခံရတာတွေပါရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် ရခိုင်ပြည်သူတွေအတွက် ငြိမ်းချမ်းရေးအလှမ်းဝေးနေပြီလား. သတင်းထာက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြထားပါတယ်။

VOA News