ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်မှ လွတ်မြောက်ပြီးနောက်ပိုင်း မည်သည့်အခြေအနေ ရှိပါသလဲ။
မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများဟာ စစ်အာဏာရှင်လက်အောက်တွင် တရားလက်လွတ်ဖမ်းဆီးခံရပြီး လူမဆန်စွာညှင်းပန်းနှိပ်စက်ခံရခဲ့သူများ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများကို တရားဝင် အသိအမှတ်ပြုဖို့ လိုအပ်သလို၊ ၎င်းတို့၏ဂုဏ်သိက္ခာကို မြှင့်တင်ပြီး ပြန်လည်ကုစားပေးလျော်မှုများကို ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ND-Burma, AAPPနှင့် AJAR တို့မှ ပူးပေါင်း စီစဉ် တင်ပြသည်။
ND-Burma မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာ အကြောင်း သတင်းထုန်ပြန်ချက်
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ အဖွဲ့အစည်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများ အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်နေခြင်းနှင့်အတူ ဖြစ်ပွားနေသည်။
ရက်စွဲ – မတ်လ (၂၇) ရက်၊ ၂၀၂၀ ပြည့်နှစ်။
လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND-Burma) မှ နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာတွင် အသေးစိတ် တွေ့ဆုံမေးမြန်းထားမှုများနှင့် အရပ်သားများ၏ ဘဝလုံခြုံမှု အားနည်းကျ ဆင်းနေမှုတို့ကို သုံးသပ်တင်ပြထားသည်။ ယခုအစီရင်ခံသည့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ ဒီဇင်ဘာလအထိ လူ့အခွင့်အရေးချိုး ဖောက်မှု ၁၀၂ ခုနှင့်အတူ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် စိုးရိမ်ဖွယ် အနေ အထားဖြင့် တိုက်ပွဲများ ဖြစ်နေသည်ကို ND-Burma အဖွဲ့ဝင်များက မှတ်တမ်းတင်ထားသည်။ ထို့အတူ မြန်မာနိုင်ငံတဝှန်းတွင် အခြခံ အခွင့်အရေးနှင့် လွတ်လပ်မှုများ သိသိသာသာ ကျဆင်းနေသည်။ လွတ်လပ်၊ တရားမျှတသည့် ဒီမိုကရေစီ မြန်မာနိုင်ငံအဖြစ် အသွင်ကူးပြောင်းမှု နှောင့်နှေးနေခြင်းမှာ စစ်တပ်က အာဏာလက်လွှတ်ရန် သဘာမတူ ခြင်းကြောင့်ဟု ND-Burma အနေဖြင့် ကောက်ချက်ချပါသည်။
မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) အကြား တင်းမာမှု မြင့်မားနေသ ဖြင့် တရားမျှတမှုကင်းမဲ့နေခြင်းနှင့် တိုင်းပြည်ရှိ တာဝန်ရှိသူများက အပြစ်ကျူးလွန်သူများ အား အပြစ်ပေး အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် ပေးထားခြင်းများ ဖြစ်ပေါ်စေသည်။ အပစ်အခတ်ရပ်စဲ ရေး သဘောတူ ချက်ရထားသော်လည်း ချိုးဖောက်ကြသဖြင့် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲများကိုထိခိုက်စေသည်။ ထို့အပြင် တိုက်ပွဲများပြင်းထန်လာသည့်အတွက် မဟာမိတ်အသစ်များ ပေါ်ထွက်လာပြီး ဖြစ်ပေါ်လျှက်ရှိ သည့်မတရားမှုများအတွက်လည်း တာဝန်ယူ၊ တာဝန်ခံမှုများ ကင်းမဲ့နေသည်။
စစ်ပွဲများ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များတွင် ဖြစ်ပွားနေပြီး
မြန်မာ့တပ်မတော်မှ လူ့အခွင့်အရေးချိုးဖောက်မှုများ အဓိကကျူးလွန်နေသည်။ အရပ်သားများမှာဒဏ်ရာ ပြင်းထန်စွာရရှိပြီး ဖြစ်ရပ်အတော်များများတွင် မြေမြှုပ်မိုင်း၊ ဖမ်းဆီးထားစဉ်ညှဉ်းပန်းနှိပ်စက်မှုနှင့် အရပ် သားများနေထိုင်သည့် နေရာများသို့ ရမ်းသမ်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် သေဆုံးကြရသည်။ ထိုမတရားမှုများကြောင့် အရပ်သားများ၏ ဘဝလုံခြုံရေးကို မတည်မငြိမ်ဖြစ်စေပြီး ပိုမို ဆိုးရွားစေသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်းရန်သာမက ဥပဒေများ ကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။ မိမိတို့၏ နောက်ဆုံး အစီရင်ခံစာတွင် မတရားမှု များအတွက် တာဝန်ရှိသူ ပြစ်မှုကျူးလွန်သူများအား တာဝန်ယူ၊ တာဝန်ခံစေမည့် အားကောင်းသည့် ယန္တရားများ ပေါ်ပေါက်လာစေရန်လည်း ND-Burma မှ အကြံပြုဖော်ပြထားသည်။
ဆက်သွယ်ရန်
လွေးပိုးစေ (TSYU)
ဖုန်း : + ၉၅ (၀) ၉၂၆၄၁၆၂၂၂၉ (မြန်မာ၊ အင်္ဂလိပ်)
ကိုတိန်ဦး (AASYC)
ဖုန်း : + ၆၆ (၀) ၈၁၅၉၅၆၁၃၈ (မြန်မာ၊ အင်္ဂလိပ်)
သတင်းထုတ်ပြန်ချက်ရယူရန်
အစီရင်ခံစာအချက်အလကပ်ပြပုံ
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာ (၂၀၁၉ ဇူလိုင်လမှ ဒီဇင်ဘာလထိ)
ND-Burma အဖွဲ့ဝင်များနှင့် ၎င်းတို့၏ လုံခြုံရေးကို ပဓာနမထားပဲ လူ့အခွင့်အရေးချိုးဖောက်မှု သက်သေ အထောက်အထားများအား ကြိုးပမ်းစုဆောင်းပေးမှု မရှိဘဲနှင့် ယခုအစီရင်ခံစာ ဖြစ်မြောက်လာမည် မဟုတ်ပါ။ ယခုအစီရင်ခံစာပါ ကျူးလွန်ခံရသူများ၏ သတိပေးချက်အရ မြန်မာပြည်ငြိမ်းချမ်းရေးရရှိရန်မှာ ဝေး ကွာနေသေးသည်။ သို့သော်လည်း ၎င်းတို့အနေဖြင့် ကြံ့ကြံ့ခံရပ်တည်ကာ အပြောင်းအလဲအတွက် မျှော် လင့်ချက်ကို လျော့ပါးစေသူများကို ဆန့်ကျင်၍ အမှန်တရားအတွက် ထုတ်ဖော်ပြောဆိုမှုက လှုံ့ဆော်မှုကို ဖြစ် စေသည်။
အစီရင်ခံစာရယူရန်
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် မတ် ၁၈
“ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမျိုးသားအဆင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ စစ်ဥပဒေချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ် မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးအောင်လှထွန်းနှင့် ဒေါက်တာဒေါ်မြလေးစိန်၊ အမြဲတမ်း အတွင်းဝန် များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အတွင်းရေး မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက “ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေ အနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR)” အရ မြန်မာနိုင်ငံက လက်ခံ ခဲ့သည့် အကြံပြုတိုက်တွန်းချက် (၁၆၆)ချက်နှင့် ပတ်သက်၍ ကဏ္ဍ (၁၂)ရပ်အပေါ် တာဝန်ခံ ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ အကောင် အထည်ဖော် ဆောင်ရွက် ပြီးစီးမှုအခြေအနေများ၊ အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီက ပြုစုတင်ပြ လာသည့် အစီရင်ခံစာ (မူကြမ်း) တို့ကို အကြံပြုသုံးသပ်နိုင်ရန်နှင့် ရှေ့ဆက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန်အတွက် အစည်းအဝေး ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။
၂၀၁၉ ခုနှစ်၊ မေလ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့သည့် “အမျိုးသားအဆင့်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး” တွင် အစည်းအဝေးဆုံးဖြတ်ချက် (၉)ချက် ချမှတ် ခဲ့ရာ ဆုံးဖြတ်ချက်များအားလုံး ဆောင်ရွက်ပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ကဏ္ဍ (၁၂)ရပ် အပေါ် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ တင်ပြချက်များ အရ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ခံ ဆောင်ရွက်နေသော “အဓိကအပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးစာချုပ်များတွင် ပါဝင်ချုပ်ဆိုရန်ကိစ္စရပ်များ” (၄၁)ချက်တွင် ဆောင်ရွက်ပြီး (၁၃)ချက်၊ ဆောင်ရွက်ဆဲ (၂၈)ချက်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တာဝန်ခံ ဆောင်ရွက်နေသော “အမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ” (၇)ချက်တွင် ဆောင်ရွက်ပြီး (၁)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကုလသမဂ္ဂ လူ့အခွင့်အရေးယန္တ ရားနှင့် ပူးပေါင်းဆောင်ရွက်ရန်ကိစ္စရပ်များ” (၄)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၂)ချက်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တာဝန်ယူဆောင်ရွက်ရသည့် “ဒီမိုကရေ စီရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ” (၁၉) ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၁၇)ချက်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကောင်းမွန်သော အုပ်ချုပ်မှုစနစ် ဖော်ဆောင်ရေး ကိစ္စနှင့် မြေသိမ်းမှုကိစ္စရပ်များ” (၁၀)ချက်တွင် ဆောင်ရွက်ပြီး (၄)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက် နေသော “ကျား/မတန်းတူရည်တူရှိမှုမြှင့်တင်ရေးကိစ္စရပ်များနှင့် ထိခိုက် ခံစားလွယ်သော အုပ်စုများ ကာကွယ်ရေးကိစ္စရပ်များ” (၁၅)ချက်တွင် ဆောင်ရွက်ပြီး (၉)ချက်၊ ဆောင်ရွက်ဆဲ (၆)ချက်နှင့် ခွဲခြားမှုမပြုရေးကိစ္စရပ်များ (၁၅)ချက်တွင် ဆောင်ရွက်ပြီး (၇)ချက်၊ ဆောင်ရွက်ဆဲ (၈)ချက်၊ ပညာရေးဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ကျန်းမာရေးနှင့် ပညာရေး ကိစ္စရပ်များ” (၁၃)ချက်တွင် ဆောင်ရွက်ပြီး (၈)ချက်၊ ဆောင်ရွက်ဆဲ (၅)ချက်၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ဘာသာပေါင်းစုံ ချစ်ကြည်ရေးကိစ္စ ရပ်များ၊ လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ငြိမ်းချမ်းစွာ စုဝေးခွင့်ကိစ္စရပ်များ” (၁၈)ချက်တွင် ဆောင်ရွက်ပြီး (၁၄)ချက်၊ ဆောင်ရွက်ဆဲ (၄)ချက်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်နေသော “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စရပ်များ” (၅)ချက်တွင် ဆောင်ရွက်ပြီး (၂)ချက်၊ ဆောင်ရွက်ဆဲ (၃)ချက်၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာနက တာဝန်ခံဆောင်ရွက်ရသည့် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ” (၁၂)ချက်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ခံ ဆောင်ရွက်နေသော “နိုင်ငံသားစိစစ်ရေးကိစ္စရပ်များ၊ ပြည်တွင်းနေရပ် စွန့်ခွာရွှေ့ပြောင်းနေရ သူများ ကိစ္စရပ်များနှင့် လူကုန်ကူးခြင်းကိစ္စရပ်များ” (၇)ချက်တို့သည် ဆောင်ရွက်ဆဲ ကိစ္စရပ် များဖြစ်ပြီး စုစုပေါင်းအကြံပြုတိုက်တွန်းချက် (၁၆၆)ချက်တွင် ဆောင်ရွက်ပြီး (၆၂)ချက်နှင့် ဆောင်ရွက်ဆဲ (၁၀၄)ချက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ဆောင်ရွက်ဆဲ အချက်များထဲမှ စဉ်ဆက် မပြတ်လုပ်ဆောင်နေရမည့်ကိစ္စရပ်များမှလွဲ၍ ကျန်ကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း ပြီးစီး အောင် အလေးထားဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ကဏ္ဍ (၁၂)ရပ်အလိုက် တာဝန်ခံ ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ တင်ပြလာမှုအပေါ် အခြေခံ၍ အစီရင်ခံစာ (မူကြမ်း) အား ရေးသားပြုစုပြီး ဖြစ်ပါကြောင်း၊ အဆိုပါအစီရင်ခံစာ(မူကြမ်း) ကို အမျိုးသားအဆင့် ကော်မတီဝင်များအားလုံးသို့ ဖြန့်ဝေပေးပြီးဖြစ်သဖြင့် အကြံပြုလိုသည့် အချက်များရှိပါက ဆွေးနွေးအကြံပြု ပေးကြစေလိုပါကြောင်း၊ အစီရင်ခံစာ (မူကြမ်း) တွင် အပိုင်း (၅)ပိုင်း ပါဝင်ကာ မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု အခြေအနေအသေးစိတ်ကို ထည့်သွင်းဖော်ပြထားပါကြောင်း။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ တင်ပြမှုအရ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂ ရက်မှ ၁၃ ရက်အထိ Universal Periodic Review (UPR) လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ကျင်းပပြုလုပ်မည်ဟု သိရှိရသည့်အတွက် UPR အစီရင်ခံစာ (မူချော) မြန်မာဘာသာကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ဒုတိယပတ်အတွင်း အပြီးသတ်ပြုစုဆောင်ရွက်ရန်နှင့် အင်္ဂလိပ်ဘာသာပြန်ဆိုမှုကိုလည်း ၂၀၂၀ ပြည့်နှစ်၊ မေလ ပထမပတ်အတွင်း အပြီးသတ် ရေးသားပြုစုနိုင်ရေး အထူးကိစ္စရပ်တစ်ခု အဖြစ်သတ်မှတ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားလို ပါကြောင်း၊ အစီရင်ခံစာ(မူချော) အား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားပြုစုပြီးချိန်တွင်လည်း UPR ဆိုင်ရာ အကြံပြု တိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မိမိတို့၏ဆောင်ရွက်ချက်များထဲမှ အထူး အလေးပေးဖော်ပြလိုသည့် ကိစ္စရပ်အသစ်များရှိပါက “အစီရင်ခံစာပြုစုရေးလုပ်ငန်း ကော်မတီ” ထံသို့ ပေးပို့ဆောင်ရွက်သွားကြရန် ပြောကြားလိုပါကြောင်း။
ယနေ့ကာလတွင် မိမိတို့နိုင်ငံအပေါ် လူ့အခွင့်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာကနည်းမျိုးစုံဖြင့် ဝိုင်းဝန်းထိုးနှက်နေသည့်အချိန်ဖြစ်သည့်အတွက် အထူးဂရုပြု ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဘက်မှ မည်သို့ပင်ဖြေရှင်းကြိုးပမ်းဆောင်ရွက်နေ သော်လည်း အချို့သောနိုင်ငံများနှင့် အဖွဲ့အစည်းများက မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများ အပေါ် အသိအမှတ်မပြုဘဲ သက်သေခိုင်လုံမှုမရှိသည့် အကြောင်းအရာများကို အခြေခံပြီး စွပ်စွဲ ပြောဆိုနေကြသည်ကိုလည်း စိတ်မကောင်းစွာတွေ့ရှိနေရပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ တကာ၏ စွပ်စွဲချက်များသည် မှန်ကန်မှုမရှိကြောင်းကို အကောင်းဆုံးသက်သေပြနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ကြိုးပမ်းဆောင်ရွက်မှသာ မိမိတို့ နိုင်ငံအပေါ် ကျရောက်လာနိုင်သည့် မလိုလားအပ်သော ဘေးအန္တရာယ်များကို ဖယ်ရှားနိုင်ပြီး ပြည်သူတို့၏ အကျိုးစီးပွားကို အကာအကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြည်တွင်း/ပြည်ပဖိအားများအပေါ် မည်မျှထိ ရင်ဆိုင်ဖြေရှင်းနေရသည်ကို ပြည်သူများသိရှိအောင် ချပြရန် လိုအပ်မှာဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့နည်းတူ ပြည်သူများ ကလည်း တစ်ဖက် တစ်လမ်းက ဝိုင်းဝန်းပူးပေါင်းကာ ကူညီဆောင်ရွက် ပေးလာအောင် စည်းရုံး ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ INGO ၊ NGO များနှင့် CSO များ၏ အားကိုလည်း ရယူဆောင်ရွက်ရန် လိုအပ်ပြီး ၎င်းတို့၏ အကြံပြုချက်များကို အလေးအနက်ထား ထည့်သွင်း စဉ်းစားသင့်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိမိတို့ရေးသားပြုစုနေသည့် အမျိုးသားအဆင့် အစီရင်ခံစာ (National Report) သည် ပိုမိုပြီးပြည့်စုံလာမည်ဟု ထင်မြင်ယူဆပါကြောင်း။
တာဝန်ခံဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းကော်မတီနှင့် ကော်မတီများ၏ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကြောင့် ယခုဆိုလျှင် National Report သည် ပီပီပြင်ပြင်ရုပ်လုံးပေါ် လာပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများကလည်း တာဝန် ယူထားသည့် ကဏ္ဍအလိုက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးနေကြသည့် အတွက် တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုပြုစု ရေးသားထားသည့် National Report ကို ကြည့်ရှုလေ့လာမည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ မရှိသည်ကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်သည့်အပြင် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံက အစွမ်းကုန် ကြိုးစားအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးသို့ တက်ရောက် လာကြသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ အစီရင်ခံစာ (မူကြမ်း) အပေါ် အကြံပြုလိုသည်များနှင့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review – UPR) ဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ အတွင်းရေးမှူး၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အမျိုးသားအဆင့် ကော်မတီ၏ ပထမအကြိမ် နှင့် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက် (၁၆၆)ချက် အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့်ကဏ္ဍ (၁၂)ရပ်နှင့် စပ်လျဉ်း၍ တာဝန်ခံဆောင်ရွက် နေသည့်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် “အစီရင်ခံစာပြုစုရေးလုပ်ငန်းကော်မတီ” ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆/၂၁ ၏ နောက်ဆက်တွဲပါ အပိုဒ်(၅)အရ မြန်မာနိုင်ငံက တင်သွင်းမည့် အမျိုးသားအဆင့်အစီရင်ခံစာ (မူကြမ်း) နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ဒေါ်သီတာဦးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့က လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၆/၂၁ ၏ နောက်ဆက်တွဲပါ အပိုဒ်(၅)အရ မြန်မာနိုင်ငံက တင်သွင်းမည့် အစီရင်ခံစာ(မူကြမ်း) နှင့် ရှေ့ဆက် ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို အကြံပြုဖြည့်စွက် ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက အကြံပြု ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြား ကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)
ပလက်ဝ၊ မင်းပြားမြို့နယ်တိုက်ပွဲကြောင့် အရပ်သားနှစ်ဦး သေဆုံး၊ ကိုးဦး ဒဏ်ရာရ
AA ကို ဒုတိယအစိုးရလို့တောင် ထင်ခဲ့တာ နောက်တော့ ရွာအားလုံး ထွက်ပြေးရတာပဲ (ရုပ်/သံ)
ဧရာဝတီ၊ မတ် ၈၊ ၂၀၂၀ ၂၀၁၅ ခုနှစ်ကတည်းက ဘင်္ဂလားနယ်စပ်နဲ့ အိန္ဒိယနယ်စပ်မှာ မြန်မာတပ်မတော်နဲ့ AA စစ်တပ် နှစ်ဘက်တိုက်ပွဲတွေကြောင့် ကုလားတန်မြစ်ပေါ်က ချင်း၊ ရခိုင်ရွာတွေဟာ ပျက်ဆီးသွားခဲ့ပြီး ချင်းပြည်နယ် ပလက်ဝမြို့ မီးဇာကျေးရွာထဲကို စစ်ရှောင်ဒုက္ခသည် ထောင်နှင့်ချီ ထွက်ပြေးလာခဲ့ကြပါတယ်။ နောက်ပိုင်းမှာ ဒုက္ခသည်တချို့ မီးဇာရွာကနေ တခြားရွာတွေကို ပြောင်းရွှေ့သွားကြပါတယ်။ အခုလက်ရှိ မီးဇာရွာမှာ စစ်ရှောင်ဒုက္ခသည်ပေါင်း ၅၀၀ ကျော် ရှိနေပါတယ်။ အင်တာဗျူး – နန်းလွင်နှင်းပွင့်၊ ငြိမ်းဇော် ရိုက်ကူး/တည်းဖြတ် – ငြိမ်းဇော်