ND Burma အကြောင်း
ကွန်ရက်၏အဖွဲ့ဝင် တို့သည် မြန်မာနိုင်ငံရှိ လူမှု အသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို စုပေါင်း အသုံးပြုကာ၊ လောလောဆယ် စည်းရုံးတိုက်တွန်း တင်ပြခြင်း နည်းလမ်းဖြင့် စစ်အစိုးရ၏ အာဏာကို စုပေါင်းစိန်ခေါ်ရန် ကြိုးစားနေ ကြပါသည်။ ထို့အပြင် နိုင်ငံရေး အသွင်ကူးပြောင်း ရေးကာလတွင် တရားမျှတမှုနှင့် တာဝန်သိမှုရှိသော လုပ်ဆောင်ချက် အစီအစဉ်များ အတွက် လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။ အပြည့်အစုံ..
Recent Posts
- လက်ဗလောမှသည် သောလွန်ရကောင်ေးမွန်သည့်စနစ်ဆီသို့
- သတင်းထုတ်ပြန်ချက် – အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ”
- သတင်းထုတ်ပြန်ချက် – “အာဏာရှင်များ ကြီးစိုးရာ အရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက် ပိုင်း စစ်အုပ်စု၏ လူ့အခွင့် အရေး ချိုးဖောက်မှုများ” ဆိုသည့် အစီရင်ခံစာအကျဉ်း
- “စစ်အာဏာသိမ်းတဲ့အကြောင်း စာအုပ်ရေးသူ အမေရိကန်လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ “

သတင်းစာဆရာကြီးဟံသာဝတီဦးဝင်တင်း ကွယ်လွန်ခြင်း (၆) နှစ်ပြည့် အပြာရောင်လှုပ်ရှားမှု
သတင်းစာဆရာကြီးဟံသာဝတီဦးဝင်တင်း ကွယ်လွန်ခြင်း (၆) နှစ်ပြည့် အပြာရောင်လှုပ်ရှားမှု
၂၀ ဧပြီလ ၂၀၂၀။
ကိုဗစ် ၁၉ ဗိုင်းရပ်ပိုးသည်ကမ္ဘာတစ်ဝှမ်းတွင် လူတစ်သန်းကျော်ကို ကူးစက်နေပြီး လူစ်သိန်းကျော် အသက်ဆုံးရှူံးရပြီး ဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါပိုးတွေ့ရှိသူ ၁၁၁ဦီးရှိနေပြီး ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အစွမ်းကုန်တိုက်ဖျက်နေသည်ကို တွေ့ရှိရပါသည်။ ကိုဗစ်ကိုတိုက်ဖျက်ရာတွင် အကျဉ်းထောင်ကို ထည့်သွင်းစဉ်းစားရန် နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အေအေပီပီအပါအဝင် အခြားသော အဖွဲ့အစည်းများမှလည်း အစိုးရအားတိုက်တွန်းခဲ့သည်။ အစိုးရဖက်မှလည်း အကျဉ်းထောင်တွင်း လူဦးရေလျှော့ချ နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသား ၁၈ ဦီးအပါအဝင် အကျဉ်းသား ၂၄၈၆၉ ဦီးကို ဧပြီလ ၁၇၊ ၂၀၂၀ တွင်လွှတ်ပေးခဲ့သည်ကိုတွေ့ရှိရသည်။
သို့သော် ယနေ့အကျဉ်းထောင်အသီးသီးတွင်နိုင်ငံရေးနှင့်ပတ်သက်ပြီး ဖမ်းဆီး ထိမ်းသိမ်းခံနေရသူပေါင်း (ထောင်ဒဏ်ချမှတ်ပြီး ၅၈ ဦး+ထောင်တွင်းမှ တရားရင်ဆိုင်၁၂၆ ဦး) ဦးရှိပြီး အကျဉ်းထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၉၄ဦး ခန့်ရှိပါတယ်။
အဲဒီထဲက အချို့ကတော့ သူတို့ရဲ့ အခွင့်အရေးတွေ အတွက် တောင်းဆိုရင်းအဖမ်းခံနေရတာပါ။ အချို့တော့ အစိုးရ နဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို ဝေဖန်တဲ့အတွက်ပါ။ အချို့ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေပါ။ လယ်သမားတွေပါ။
နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေနဲ့ လူအများက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်သွားပြီ မရှိတော့ဖူးလို့ ထင်နေကြပါတယ်။ ဒါကြောင့်မို့လို့လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရ ကို အခြားနိုင်ငံများက ဖိအားပေးမှုတွေလည်း မရှိတော့သလောက်ပါဘဲ။
အဲဒီစဉ်းစားမှုတွေကို ပြောင်းလဲနိုင်ဖို့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးတယ် ဆိုတာ ပြသနိုင်ဖို့ သူငယ်ချင်း မိတ်ဆွေများရဲ့ အကူအညီလိုအပ်ပါတယ်။
ဦးဝင်းတင် ဆိုတာ တကယ်ကို လူသိများပြီး လူလေးစားခံရတဲ့ ကြီးမြတ်တဲ့၊ ဂုဏ်ပြုထိုက်သူ တစ်ယောက်ပါ။ သူ က စစ်အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရသူပါ။ သူ ဟာ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင် ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံ ကို တောက်လျှောက်ဝတ်ဆင်သွားခဲ့သူပါ။ ဧပြီလ ၂၁ ရက်၊ ၂၀၂၀ ဆိုရင် သူကွယ်လွန်ခဲ့တာ ၆ နှစ် ရှိပါပြီ။ ဒါကြောင့် သူကွယ်လွန်ခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ အပြာရောင်အင်္ကျီဝတ်ဆင်ပြီး ကျနော်တို့နဲ့ အတူတူ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုကြရအောင်ပါ။
ကျနော်တို့နဲ့ ပူးပေါင်းပေးကြပါ။ အခုကတည်းက သူငယ်ချင်း မိတ်ဆွေများရဲ့ ဒိုင်ယာရီထဲမှာ ဧပြီလ ၂၁ ရက် ကို အပြာရောင်အင်္ကျီဝတ်ဆင်ဖို့ မှတ်သားထားပေးကြပါ။ အခြားသော သူငယ်ချင်းများကို ခင်ဗျားလို လိုက်ဝတ်ပေးဖို့ ပြောဆိုပေးပါ။ ပြီးတော့ အဲဒီ အပြာရောင် ဝတ်ဆင်ထားတာလေးကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်နဲ့ အခြား ဆိုရှယ်မီဒီယာတွေမှာ တင်ပေးပါ။ ပြီးရင် ဒီလင့်ကလေးကို အသုံးပြုဖို့လည်း မမေ့ပါနဲ့။
hashtag: #blueshirt4burma
နိုင်ငံရေးအကျဉ်းသားတွေကို မေ့လျော့နေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ ဖြစ်ကို မဖြစ်သင့်ပါဖူး။
အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုများ အတွက် အထူးကျေးဇူးတင်ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
ကျနော်တို့ ဘာပြောနိုင်မှာလဲ
ရခိုင်ပြည်နယ်တွင်းရှိ COVID-19 ရောဂါပိုး သံသယရှိလူနာများကို ရောဂါပိုး ကူးစက်ခံထားရခြင်း ရှိ၊ မရှိ စစ်ဆေးရန် တို့ဖတ်နမူနာများ သယ်ဆောင်လာသည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)၏ ယာဉ်သည် ဧပြီ ၂၀ ရက်၊ ညနေပိုင်းက မင်းပြားမြို့နယ်၊ ရာမောင်တံတားအနီးတွင် ပစ်ခတ် ခံခဲ့ရသည်။
ပစ်ခတ်ခံရမှုကြောင့် WHO မှ တရားဝင်ခန့်အပ်ထားသည့် ယာဉ်မောင်း ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် မောင်းနှင် လာသော ကားတိမ်းမှောက်ပြီး ဘယ်ဘက်တင်ပါးကို ကျည်ဖောက်ဝင်ကာ ဒဏ်ရာဖြင့် မင်းပြား ဆေးရုံတွင် ဆုံးပါးသွားသည်။
ယာဉ်အတွင်း လိုက်ပါလာသည့် WHO ၏ ကျန်းမာရေးကြီးကြပ်ဝန်ထမ်း ဦးအောင်မျိုးဦး သည်လည်း လက်မပြတ်လု နီးပါးအထိ ဒဏ်ရာ ရရှိသွားသည်။ ၎င်းကို စစ်တွေဆေးရုံသို့ ပို့ကာ ဆေးကုသပေးနေသည်ဟု သိရသည်။
ဆုံးပါးသွားသည့် ဦးပြည့်စုံဝင်းမောင် မောင်းနှင်လာသည့် WHO ပိုင် မော်တော်ယာဉ်တွင် ကမာ္ဘ့ကုလသမဂ္ဂ အဖွဲ့ (UN) အမှတ်တံဆိပ်များလည်း ကပ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ တစုံတရာ လိုက်ပါလာခြင်းမရှိဘဲ WHO ဝန်ထမ်းများ သီးသန့် သွားလာနေသည်ကို ပစ်ခတ် ခံရခြင်း ဖြစ်သည်။
WHO ယာဉ်ကို ပစ်ခတ်သူများမှာ ရက္ခိုင်စစ်တပ် (AA) ဘက်မှ ပစ်သည်ဟု တပ်မတော်နှင့် ပြန်ကြားရေး ဝန်ကြီး ဌာနဘက်မှ ပြောသော်လည်း AA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက တပ်မတော်ဘက်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တစောင် ထုတ်ထားသည်။
ပစ်ခတ်ခံရခြင်းကြောင့် ကျည်ဒဏ်ရာဖြင့် ဆုံးပါးသွားသည့် ကိုပြည့်စုံဝင်းမောင်၏ ဖခင် ဦးဌေးဝင်းမောင်ကို ဧရာဝတီအကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်မှ ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ မင်းပြားမှာ ပစ်ခတ်ခံရတဲ့ ကိုပြည့်စုံဝင်းမောင်နဲ့ ပတ်သတ်ပြီး မေးမြန်းချင်လို့ပါ။ သူနဲ့ နောက်ဆုံး အဆက်အသွယ် ရလိုက်သေးလား။
ဖြေ။ ။ ဟုတ်ကဲ့။ ကျနော်က ပြည့်စုံဝင်းမောင်ရဲ့ ဖေဖေပါ။ သားက WHO Organization ကပါ။ လေကြောင်းတွေက ပိတ်ထားတော့ ကားလမ်းက ၁ လမ်းပဲ ရှိတယ်။ အဲဒါ သူတို့ WHO က ကားနဲ့ ရန်ကုန်ကို အရေးပေါ် ဆင်းရတာတဲ့။ ဆေးပစ္စည်းတွေ သယ်လာတာလား၊ ဘာလားဆိုတာ ကျနော်တို့ကတော့ အတိအကျ မသိဘူးလေ။ ဝူဟန်ကိစ္စကြောင့်ပဲ။ ဝူဟန်ကိစ္စနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ သယ်လာလို့ သူတို့က မကွေးမှာ တညအိပ်မယ်။ နောက် နေပြည်တော် လမ်းကနေ တက်လာပြီး ရန်ကုန်ကို ဘယ်နနာရီ အရောက်မောင်းရမယ် ဆိုလားပဲ ပြောတယ်။ သူက လာတဲ့ လမ်းမှာ ဖြစ်သွားတာ။
မေး။ ။ သူတို့ ဘယ်လို ပစ်ခံရတာလဲ။ အန်ကယ်တို့ ဘယ်လို သိထားပါသလဲ။
ဖြေ။ ။ လမ်းမှာ သားမောင်းလာတဲ့ ကားနား လက်နက်ကြီး ကျတယ်တဲ့။ လက်နက်ကြီး တချက်မှန်ပြီး ကားပေါ်က ဆင်းတော့ လက်နက်ငယ်တွေ ထပ်မှန်တယ်တဲ့။ သူကတော့ ညကတည်းက မင်းပြားဆေးရုံမှာ သတိမရတော့တာ။ အခုမနက် ဆုံးသွားပြီလို့ ကျနော်တို့ကို သတင်းပေးပါတယ်။
မေး။ ။ ရခိုင်မှာ သူက တာဝန်ထမ်းဆောင်နေတာ ကြာပြီလား။
ဖြေ။ ။ တာဝန်ထမ်းဆောင်နေတာ ကြာပါပြီ။ WHO Organization မှာ သူက ယာဉ်မောင်းလေ။ ၂ နှစ်ကျော်ပါပြီ။ သူ့မှာ မိသားစုဆိုရင် အမျိုးသမီး ကျန်ခဲ့ပါတယ်။ အဖေ၊ အမေ ဖြစ်တဲ့ ကျနော်တို့ ကျန်ခဲ့တာပေါ့။
မေး။ ။ အန်ကယ်တို့နဲ့က သူပစ်ခတ်ခံရပြီး ဆေးရုံရောက်တော့ အဆက်အသွယ် ရသေးလား။
ဖြေ။ ။ ပစ်ခံရပြီးတဲ့နောက် ဘယ်လိုမှ ပြောလို့ မရတော့ဘူးလေ။ မပစ်မခံရခင် ၂ နာရီလောက်က အတွင်းကတော့ မင်းပြားမှာ ထမင်းစားတယ်တဲ့။ သူ့အမျိုးသမီးနဲ့ ဖုန်းဆက်ပြီး ပြောနေကြပါသေးတယ်။ ကျနော်နဲ့ကတော့ ဖုန်းမပြောဖြစ်ပါဘူး။
မေး။ ။ အန်ကယ်တို့ရဲ့ သား အခုလို ကျန်းမာရေးကိစ္စအတွက် တာဝန်ထမ်းဆောင်နေချိန် ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေအနေနဲ့ ဘာတွေ ပြောပြချင်တာ ရှိပါသလဲ။
ဖြေ။ ။ ကျနော်ဘယ်လိုပြောရမှန်းတောင် မသိပါဘူး။ ကျနော်တို့ ဘယ်လို ပြောရမှာလဲ။ ဘာပြောနိုင်မှာလဲ။ အခုက သဂြိုဟ်ဖို့ ကိစ္စအတွက် ဝန်ကြီးဌာနဲ့ တိုင်ပင်ပြီး ကျနော်တို့ ပြည်မြို့နယ်ကို အလောင်းကို ပို့ဖို့ ဒီမှာ အဖွဲ့အစည်း တွေနဲ့ ညှိနှိုင်းပြီး သဂြိုဟ်လို့ ရအောင် စီစဉ်ပေးမယ်လို့တော့ ပြောတယ်။ ကားနဲ့ပဲ ပြည်ကို သယ်လာမယ်လို့ သိထားသေးတယ်။ မင်းပြားကနေ ပြည်ကို တိုက်ရိုက် မသယ်လာဘူးတဲ့။ သူတို့ ရုံးကို သွားဦးမှာတဲ့။ ဆေးတွေ ဘာတွေ ထိုးဦးမှာတဲ့။
မေး။ ။ မိသားစုဝင်တွေ အနေနဲ့ ပစ်ခတ်လိုက်တဲ့ သူတွေကို ဘာပြောချင်လဲ။
ဖြေ။ ။ ပစ်တဲ့သူတွေကို ဘာပြောချင်လဲဆိုတော့ အခုချိန်မှာ ကျနော်တို့ ဘာမှ မပြောချင်တော့ဘူး။ ကိုယ့်စနက်လည်း ဖြစ်သွားမှာ စိုးတယ်။ သေချာလည်း မမြင်ရဘူး။ ကိုယ်တွေက ဘာမှ မြင်ရတာ မဟုတ်တော့ ဘယ်လိုပြောမလဲ။ အထင်ကိုလည်း မပြောရဲဘူး။
သူတို့ ပစ်သွားတော့ ကျနော်တို့သား ဆုံးရှုံးသွားတော့ ရင်ကျိုးတာပေါ့။ ကျနော်တို့ ရင်ထုမနာ ကျန်ရစ်ခဲ့တာပဲ။ ဒါပါပဲ။ ကျနော်တို့ သားကြီး တာဝန်ထမ်းဆောင်ရင်းနဲ့ ဆုံးရှုံးသွားတော့ ကျနော်တို့လည်း ခံစားရတယ်။ ကျနော်တို့ သေမလောက် ခံစားနေရတယ်။ တခုခုဖြစ်လို့ သေတာမျိုးဆို လက်ခံနိုင်သေးတယ်။ အခုက ရှေ့တန်း စစ်တပ်လည်း မဟုတ်ပဲ သေနတ်မှန် သေရတာ။
Irrawaddy
ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အပြာရောင် လှုပ်ရှားမှု လုပ်မည်
သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် အပြာရောင် အင်္ကျီဝတ် ဆင်ခြင်း လှုပ်ရှားမှု တရပ်ကို ဧပြီ ၂၁ ရက်တွင် ပြုလုပ်ကြမည် ဖြစ်ရာ ပူးပေါင်း ပါဝင်ကြရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
“သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဆိုတာ တကယ့်ကို လူသိများပြီး လူလေးစားခံရတဲ့ ကြီးမြတ်တဲ့၊ ဂုဏ်ပြု ထိုက်သူ တယောက်ပါ။ သူက စစ်အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရသူပါ။ သူဟာ လွတ်မြောက် လာပြီး ကတည်းက နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင် ဝတ်စုံ ဖြစ်တဲ့ အပြာရောင် ဝတ်စုံကို တောက်လျှောက်ဝတ်ဆင်ခဲ့သူပါ။ ဧပြီ ၂၁ ရက်ဟာ သူကွယ်လွန်ခဲ့တာ ၆ နှစ် ရှိပါပြီ။ ဒါကြောင့် သူကွယ်လွန်ခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့မှာ အပြာရောင်အကျီဝတ်စုံ ဝတ်ဆင်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက် မရှိ လွှတ်ပေးရေး တောင်း ဆိုကြရအောင်ပါ” ဟု ပါဝင်ကြရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောဆိုထားသည်။
ထို့ပြင် “ကျနော်တို့နဲ့ ပူးပေါင်းပေးကြပါ။ ဧပြီ ၂၁ ရက်ကို အပြာရောင် အကျီၤဝတ်ဆင်ဖို့ မှတ်သားထားပေးကြပါ။ အခြား သော သူငယ်ချင်းများကိုလည်း ခင်ဗျားလို လိုက်ဝတ်ပေးဖို့ ပြောဆိုပေးပါ။ အဲဒီ အပြာရောင် ဝတ်ဆင်ထားတာကို ဓာတ်ပုံ ရိုက်ပြီး ဖေ့စ်ဘုတ်နဲ့ အခြား ဆိုရှယ်မီဒီယာတွေပေါ်မှာ တင်ပေးပါ” ဟုလည်း အသင်းက တိုက်တွန်းထားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးကြောင်း ပြသနိုင်ရန် အကူအညီများ လိုအပ်ကြောင်း၊ ယနေ့ အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေးကြောင့် ဖမ်းဆီးထိန်းသိမ်း ခံနေရသူမှာ ထောင်ဒဏ်ချမှတ်ခံရပြီးသူ ၅၈ ဦး၊ ထောင်တွင်းမှ တရားရင်ဆိုင်နေရဆဲသူ ၁၂၆ ဦး ရှိပြီး၊ အကျဉ်းထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၉၄ ဦးဝန်းကျင် ရှိကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် အကျဉ်းထောင် ၅၀ နှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး အတတ်သင်စခန်းနဲ့ ကုန် ထုတ်စခန်း ၄၈ ခုတို့မှ စုစုပေါင်း အကျဉ်းသား/သူဦးရေ ၉၉၀၀၀ ကျော်ရှိသည့်အနက် လေးပုံတပုံဖြစ်သည့် ၂၄၈၆၉ ဦးအား မြန်မာနှစ်သစ်ကူး(နှစ်ဆန်းတစ်ရက်နေ့) အထိမ်းအမှတ်အနေဖြင့် သမ္မတ လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့ရာ ထိုလွတ်မြောက်သူစာရင်းတွင် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးသာ ပါဝင်ခဲ့သည်။
ဧရာ၀တီသတင်း
တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ၃ပတ်အတွင်း လူ ၃၂ ဦး သေဆုံးဟု ကုလပြော
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲ မြန်မာစစ်တပ်နဲ့ ရခိုင် လက်နက်ကိုင် AA တပ်ဖွဲ့တို့အကြား အရှိန်မြင့်တက်လာနေတဲ့လတ်တလော တိုက်ပွဲတွေကြောင့် အရပ်သား ၃၂ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ပြော ခွင့်ရ Rupert Colville က ပြောပါတယ်။
မြန်မာ စစ်တပ်က နေ့တိုင်းလိုလို လူရှိရာ နေရာတွေမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေလို့ မတ်လ ၂၃ ရက်နေ့ကစပြီး အနည်းဆုံး လူ ၃၂ ယောက် သေဆုံးပြီး ၇၂ ယောက် ဒဏ်ရာ ရကြောင်း၊ အများစုဟာ အမျိုးသမီးနဲ့ ကလေးတွေဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ နေအိမ်တွေနဲ့ ကျောင်းတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း သောကြာနေ့က ဂျီနီဗာမြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ OHCHR ပြောခွင့်ရ Rupert Colville က ပြောပါတယ်။ သေဆုံးသူ ၃၂ ဦးစလုံး အရပ်သားတွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ရခိုင်ပြည်နယ်ကနေ တိကျတဲ့ သတင်းတွေ ရဖို့ ခက်ခဲ ကြောင်း၊ ဒါကြောင့် အခု ထိခိုက် သေဆုံးမှုဟာ ပစ်မှတ်ထား တိုက်ခိုက်ခံရလို့လား၊ တိုက်ပွဲကြား ပိတ်မိလို့ သေဆုံးတာလား ဆိုတာ သဲသဲကွဲကွဲ မသိရကြောင်း လည်း သူက ပြောပါတယ်။
မြန်မာစစ်တပ်က ပြောခွင့် ဗိုလ်ချုပ် ထွန်းညီညီကတော့ အဲဒီမှာ ဖြစ်ပျက်နေတာတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားပြီး ဖြစ်လို့ ဖတ်ကြည့်နိုင်ကြောင်းနဲ့ နောက်ထပ် ပြောစရာ မရှိကြောင်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ စစ်တပ်က ငြင်းဆန်လေ့ရှိပါတယ်။
တနင်္လာနေ့က ရခိုင်ပြည်နယ်အတွင်းက ကျောက်ဆိပ်ရွာမှာ လူ ၉ ဦး သေဆုံးတယ်လို့ ဒေသခံ တာဝန်ရှိသူတွေနဲ့ ဒေသခံ တစ်ဦး က ရိုက်တာကို ပြောပြီးတဲ့နောက်မှာ အဲဒီ သတင်းဟာ မမှန်သတင်းလို့ မြန်မာ စစ်တပ်က ပြောပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်နေချိန်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားဖို့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေ အပါအဝင် နိုင်ငံအများက တောင်းဆိုထားပေမဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၅ ဦး ရှိပြီး အဲဒီအထဲ ၄ ဦး သေဆုံးခဲ့ပါတယ်။
VOA News
မြန်မာနိုင်ငံ၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကျရောက်နေသော အရပ်သားပြည်သူများအား ယခုချက်ချင်း အကာအကွယ်ပေးရန် အရပ်ဘက်လူထုအဖွဲ့အစည်းများမှ တိုက်တွန်းတောင်းဆိုခြင်း
ကပ်ရောဂါကြုံတွေ့နေရချိန် တိုင်းရင်းသားဒေသတွေဘက်မှာ ပဋိပက္ခတွေရပ်တန့်ပေးဖို့လို
စိုးထိုက်အောင်
“ဒီနေ့ဒီအချိန်ပေါ့နော် ဒီ COVID-19 ကမ္ဘာကပ်ရောဂါနဲ့ကြုံတွေ့နေရတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက အခုလက်ရှိမှာ ဆိုလို့ရှိရင် ရခိုင်ဘက်ကော၊ ဒီရှမ်းပြည်မြောက်ပိုင်းဘက်မှာကော မငြိမ်းချမ်းဘူးပေါ့နော် ဒီရက်ပိုင်းတွေဆိုတောင် ပိုတောင်ဆိုးနေသေးတယ် အခုလက်နက်ကြီးကျလို့ရခိုင်ဘက်မှာဆိုရင်အခြေအနေတော်တော်ဆိုးနေတယ်။” လို့ ဒေါ်သက်သက်အောင် ကပြောပါတယ်။
COVID-19 ကူးစက်ရောဂါအပါအဝင် အခက်အခဲအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့ အထူးသဖြင့် ထိခိုက်ရှလွယ်တဲ့ လူထုကို အကူအညီပေးဖို့အတွက် မြန်မာစစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ လက်တွဲဆောင်ရွက်နိုင်မှသာမြန်မာပြည်တွင်း ငြိမ်းချမ်းရေးရရှိနိုင်မယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်(မြန်မာနိုင်ငံ) မှယုံကြည်ပါတယ်လို့ ဧပြီလ ၁၀ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
“ Covid ရောဂါကြောင့် သေဆုံးတဲ့ဦးရေနှုန်းထက် အခုပြည်တွင်းမှာဖြစ်နေတဲ့စစ်ဘေးကြောင့်သေဆုံးတဲ့ဦးရေနှုန်းထားက ပိုပြီးမြင့်တက်နေတာကိုလဲ အမတို့တွေ့ရတယ်ပေါ့နော် ဒါဟာအင်မတန်မှ စိုးရိမ်ဖွယ်အခြေအနေဖြစ်တယ်”လို့ ဒေါ်သက်သက်အောင်ကဆက်ပြောပါတယ်။
အစိုးရစစ်တပ်အနေနဲ့ကော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ရော နိုင်ငံတကာက ထုတ်ပြန်ထားတဲ့ လူ့အခွင့်အရေးအခြေခံစည်းမျဉ်းစည်းကမ်းတွေကို လေစားလိုက်နာဖို့လိုအပ်နေတယ်လို့ဆိုပါတယ်။
COVID-19 ကူးစက်ရောဂါအားရင်ဆိုင်နေရတဲ့ အချိန် မြန်မာစစ်တပ်အနေနဲ့ကမ္ဘာလုံးဆိုင်ရာ (အကြွင်းမဲ့) အပစ်အခက်ရပ်စဲရေးကို လိုက်နာပြီး တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်စဲရမည်လို့ ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။
ဧပြီလ ၇ ရက်နေ့က တိုက်ပွဲကြောင့် ပလက်ဝမြို့နယ်မှာဆိုလျှင် အရပ်သား ၇ ဦးသေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည်တွေလည်း ရှိနေတယ်လို့ ဧပြီလ ၉ ရက်နေ့က ဧရာဝတီသတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။